People's Spring
62.7K subscribers
66.6K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
IEC ကဒီးမော့ဆို -မော်ချီး-မယ်စဲ့ယာဥ်လိုင်းစတင်​ပြေးဆွဲ

ရဲခေါင်/People's Spring

ကရင်နီ​ပြည်တွင် တော်လှန်​ရေးအဖွဲ့များထိန်းချုပ်​ဒေသများတိုးလာပြီး​နောက် ဒီးမော့ဆို -မော်ချီး-မယ်စဲ့ယာဥ်လိုင်းကို
ကရင်နီပြည်ကြားကာလအုပ်ချုပ်​ရေးကောင်စီ (IEC) က စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

IEC ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန၏ သယ်ယူပို့ဆောင်ရေးဌာနခွဲမှ ယာဥ်လိုင်းပြေးဆွဲ ခြင်းဟု သိရသည်။

IEC သယ်ယူပို့ဆောင်ရေးဌာနခွဲမှ ယာဥ်လိုင်းတာဝန်ရှိသူများကိုလည်း ပူးတွဲ ထုတ်ပြန်ခဲ့ပြီး ညွှန်ကြားရေးမှူးအဖြစ် သံချောင်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် တိမ် တိုက်၊တူ့တူ
နှင့် ဦးစီးမှူးအဖြစ် ရန်ပြုံး (နိုနို့) တို့ ဖြစ်ကြောင်းသိရသည်။

ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကို ဖေဖော်ဝါရီ ၁၂ ရက်က ဖွဲ့စည်းခဲ့ပြီး ၎င်း ဌာနမှူးကြီးအဖြစ် ဦး အယ်ဖောင်းရှိုကို IEC က တာဝန်ပေးထားသည်
ဦးအယ်ဖောင်းရှို မှာ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်တွင် ကယားပြည်နယ် ဝန်ကြီးချုပ်တာဝန်ထမ်း​ဆောင်ခဲ့သူဖြစ်သည်။

ယာဥ်လိုင်းသစ်​ပြေးဆွဲမှုနှင့်ပတ်သက်၍ People's Spring က ဦးအယ်ဖောင်းရှို ကိုဆက်သွယ်​မေးမြန်းရန်ကြိုးစား​နေ​​သော်လည်း ဆက်သွယ်မရ​သေးပါ။

ကရင်နီ​ပြည်ဒေသခံတစ်ဦးက"အခုက ပထမဆုံးလုပ်တဲ့ ယာဥ်လိုင်းဆိုတော့ နေ့စဥ် ခရီးစဥ်တော့မဟုတ်သေးဘူး သိရတယ်။အဓိကတော့ကုန်စည်ပြတ်လပ်မှုရှိနိုင်တဲ့ နေရာတွေ နဲ့ ဒေသတွင်းခရီးသွားမယ့်သူတွေအတွက်အထောက် အကူဖြစ်ဖို့ မျှော်မှန်းထားတာ ဖြစ်လိမ့်မယ်"ဟု လူထုနွေဦးသို့ ပြောသည်။

IEC ကို ယမန်နှစ် ဇွန်လ ၆ ရက်က စတင် ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အကောင် အထည်ဖော်ရန်
နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် အပါအဝင်လူထု၏ ကျန်းမာရေး၊ပညာရေး၊စားနပ်
ရိက္ခာ နှင့် အခြေ ခံလိုအပ်ချက်ကို ဖြည့်ဆည်းမည်ဟု ကတိပြုထားသည်။

မြေပြင် စစ်ရေးတွင်လည်း ကရင်နီပူးပေါင်းတပ်က ဒီးမော့ဆို၊မော်ချီး၊ရွာသစ် နှင့် ရှားတောမြို့နယ်တို့ကို ထိန်းချုပ်ထားနိုင်ပြီး မယ်စဲ့မြို့ကိုမူ ယမန်နှစ်က တည်းက အလုံးစုံ သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်ဓ
👍504🤣2
ဒီး​မော့ဆို -​မော်ချီ-မယ်စဲ့ မြို့များကို Google Map တွငိ​တွေ့ရမှု
👍44👏7🔥1
မံစီရှိ စစ်ကောင်စီဗျူဟာတပ်စခန်းတစ်ခုကို KIA၊ AAနှင့် KPDF ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်

▪️စစ်ကောင်စီတပ် လေကြောင်းမှ ၁၄ကြိမ်ထက်နည်း ပစ်ကူပေးတိုက်ခိုက်

ဆန်အောင်/People’s Spring

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ ဂျယ်ခမ်း(စီခန်းကြီး)တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းအဖွဲ့က ယနေ့နံနက်က စတင်ထိုးစစ်ဆင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၁၇ရက် နံနက် ၆နာရီမှစ၍ ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီက လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

"ဂျယ်ခမ်း(စီခန်းကြီး)စကစ တပ်ဗျူဟာစခန်းကို KIA၊AA၊ KPDF ပူးပေါင်းတပ်ဖွဲ့က ဒီမနက် ၆နာရီက ထိုးစစ်ဆင်တိုက်ခိုက်တာ။ ဒီနေ့ဂျက်ဖိုက်တာ ဗုံးကြဲတာ ၁၄ကြိမ် ရှိသွားပြီ။ညနေ ၅နာရီခွဲအထိ တိုက်ပွဲပြင်းထန်နေဆဲပါ"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တပ်စခန်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ(၁၅)၊ ခလရ(၁၂၁)၊ ခလရ(၂၇၆)နှင့် ခလရ(၂၂၃) တပ်များပူးပေါင်းတပ်စွဲထားခြင်းဖြစ်သည်ဟု ဆိုသည်။

KIA အနေဖြင့် ဇန်နဝါရီအတွင်းကလည်း မံစီမြို့နယ်အတွင်းရှိ မံဝိန်းကြီးစစ်ကောင်စီစခန်း၊ကိုက်ထိပ်စစ်ကောင်စီစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
👏35👍225🤣1
👍49🔥1
ရှားတောမြို့အသိမ်းခံရပြီးနောက် စစ်ကောင်စီ ရှေ့တန်းစခန်း နှစ်ခုဆုတ်ခွာသွား

▪️မြန်မာ - ထိုင်းနယ်စပ်ရှိ အရေးပါသည့် စခန်း နှစ်ခုဖြစ်ပြီး ရဟတ်ယာဉ်များဖြင့် သယ်ထုတ်သွားခြင်းဟုဆို

မောင်မောင်/People’s Spring

ကရင်နီပြည်နယ် သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ စစ်ကောင်စီ၏ တပ်စခန်းနှစ်ခု ဆုတ်ခွာသွားကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က ယနေ့ ထုတ်ပြန်သည်။

ကရင်နီပြည်နယ် ၊ ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဖက် ရှိ စစ်ကောင်စီ၏ ရှေ့တန်း အထိုင်တပ်စခန်းများဖြစ်သည့် ဟွေအွန်တပ်စခန်း နှင့် ကျားပါစပ်ကြီး တပ်စခန်းတို့သည် ဖေဖော်ဝါရီ ၁၃ရက်တွင် စခန်းများကို စွန့်ခွာ သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၁၂ရက် နံနက်က ရှားတောမြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ရက်တွင် စစ်ကောင်စီ ရှေ့တန်းစခန်းများ ဆုတ်ခွာသွားခြင်းဖြစ်သည်။

ရှားတောမြို့သိမ်းတိုက်ပွဲကာလ ၁လခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ အပါအဝင် ၁၆၀ ဦးကျော်ကို ချေမှုန်းနိုင်ခဲ့ကြောင်း KNDFက အသိပေးထားသည်။

စစ်ကောင်စီ၏ ဟွေပုန်းလောင်းဒေသ စိုးမိုးကုန်းတစ်ခုဖြစ်သည့် ကျားပါစပ်ကြီးစခန်းနှင့် နန့် ပန်ချောင်းဘေးတွင် အခြေပြုထားသော ဟွေအွန်တပ်စခန်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၁၀ရက်မှ ၁၃ရက်အထိ ရဟက်ယာဥ်များဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ တပ်စခန်းများမှာ ကရင်နီ - ထိုင်းနယ်စပ်အတွက် စစ်ကောင်စီ၏ အရေးပါသောရှေ့တန်း တပ်စခန်းများဖြစ်သည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ဟွေအွန်စခန်းနေရာအား KNDF B/21 နှင့် KNPLF တို့ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ဆောင်ခဲ့ပြီး စခန်းတွင်းရှိ ဆန်အိတ်အချို့နှင့် ခဲယမ်းအချို့တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

ထို့ပြင် ကျားပါစပ်ကြီးစခန်းနေရာအား ကရင်နီတပ်မတော်(KA)မှ ဝင်ရောက်ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။
👍40👏121🔥1🖕1
(စစ်ကောင်စီတပ်စွန့်ခွာသွားသော တပ်စခန်းနှစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
👍32
👍45🤣2🖕2👏1
မတ္တရာမြို့နယ်တွင် ပိတ်မိနေသောပြည်သူများအား ကယ်ထုတ်ရန်လာသည့် PDF ရဲဘော်နှစ်ဦးသတ်ဖြတ်ခံရ

အင်ကြင်း/People's Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အောက်တောင်ကိုင်းကျေးရွာ၌ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်စဥ် ပိတ်မိနေသော ပြည်သူများကို ကယ်ထုတ်ရန်လာသည့် PDF ရဲဘော် နှစ်ဦးအား စစ်ကောင်စီတပ်က သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၅ နာရီခန့်က မတ္တရာမြို့ပေါ်နှင့် မြို့နယ်ရှိ ရွှေချောင်းကျေးရွာတို့မှ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှစ်ခုသည် အောက်တောင်ကိုင်းကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။

ထိုအချိန် ဒေသခံပြည်သူများပိတ်မိနေ၍ ကယ်ထုတ်ရန် ရောက်ရှိလာသော PDF ရဲဘော်နှစ်ဦးအား စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မတ္တရာ(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

"အောက်တောင်ကိုင်းမှာ ပြည်သူတွေပိတ်မိနေတဲ့အချိန် PDF ရဲဘော်နှစ်ဦးက သွားရောက်ကယ်ထုတ်နေတဲ့အချိန်မှာပဲ စကစတပ်နဲ့ထိပ်တိုက်တွေ့ပြီး ပစ်သတ်ခံရတဲ့အနေအထားရှိခဲ့တယ်"ဟု အထက်ပါတာဝန်ခံက ပြောသည်။

ရဲဘော်နှစ်ဦးနှင့်အတူ လက်လုပ်လေးလက် ဆုံးရှုံးခဲ့ကြောင်း၊ ၎င်းတို့၏ ရုပ် အလောင်းနှစ်လောင်းကိုလည်း ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့ကြောင်း မတ္တရာ(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းက ဆောက်ချုံပေါက်ကျေးရွာရှိ နေအိမ် သုံးလုံး၊ ဟင်္သာကုန်းရွာရှိ နေအိမ် ခုနစ်လုံးကိုလည်း ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)ကလည်း မန္တလေးဆိပ်ကမ်းမှ ရေယာဥ်နှစ်စီးဖြင့် ဆန်တက်လာသော စစ်ကောင်စီတပ်သည် ဒေါင်းကျွန်းရွာရှိ နေအိမ် ငါးလုံး ၊ဒင်္ဂါးကျွန်းရွာရှိနေအိမ် ၁၀လုံး၊ ပဲမှော်စင် တစ်လုံးနှင့် တောင်သူတဲများအား မီးရှို့ဖျက်ဆီးသွားကြောင်း Wetlet Informational Network အဖွဲ့ထံမှ သိရသည်။

မတ္တရာမြို့နယ်သည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး နေအိမ်အများအပြားအား မီးရှို့ခြင်း၊ ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများအား စစ်တပ်က ကျူးလွန်လျက်ရှိသည်။
😢39😡17👍8🤬4👏2
😡43🤬7😢4👍3👏3
(ဒေါင်းကျွန်းနှင့် ဒင်္ဂါးကျွန်းရွာရှိ နေအိမ်များအား စစ်တပ်က မီးရှို့ဖျက်​ဆီးသွားစဥ်။ ဓာတ်ပုံ-Wetlet Informational Network)
😡43👏3👍2🤬1😢1
︎ဝတ်တုတို

"အဝေးက တောင်တန်းတွေ"

▪️ဆောလျန်

အိမ်နံဘေးက ကုန်းကလေးပေါ်ကို မီးမီး ရောက်သွားတဲ့အချိန်မှာ မမငယ်က ရှိနှင့်နေပြီ။ မမငယ်ကို အိမ်အပေါ်ထပ် မီးမီးတို့အခန်းကနေ လှမ်းတွေ့ကတည်းက ပျော်ပြီး ပြေးဆင်းလာခဲ့တာပဲ။ ‘မမငယ်ရေ’ လို့ ပြေးရင်း အော်ခေါ်လာတယ်။

မမငယ်ကတော့ မီးမီးအသံကို မကြားပါဘူး။ ဒီနေရာကို အရင်ရောက်နေတိုင်း မီးမီး တွေ့နေကျလို ဟိုးအဝေးကြီးက တောင်တန်းတွေကို ငေးကြည့်နေတယ်။ ဟိုတရက်တုန်းကလိုပဲ မမငယ် ငိုနေသလား။ နောက်ကျောကနေ မီးမီး ခြောက်လိုက်တဲ့အခါ ကိုယ်လေး တုန်နေအောင် လန့်သွားပြီး ငိုနေတဲ့ မျက်နှာနဲ့ လှည့်ကြည့်လိုက်ဦးမလား။

*

တောင်တန်းတွေဘက်ကို လက်ညှိုးထိုးပြရင်း မမငယ် ပြောတတ်တဲ့စကားကို မီးမီး မှတ်မိပါတယ်။ ‘ဟောဟိုတောင်တန်းတွေက ကရင်ပြည်နယ်ဘက်က မီးမီးရဲ့။ အဲဒီတောင်တန်းတွေ ရှိတဲ့နေရာက မမငယ်တို့ မီးမီးတို့အိမ်လေ’ တဲ့။ ‘မီးမီးတို့အိမ်မှာ တောင်တန်းတွေ မရှိပါဘူး မမငယ်ကလည်း’ လို့ မီးမီး ပြန်ပြောခဲ့ဖူးတယ်။

မီးမီးတို့အိမ်ရှိတဲ့ ရန်ကုန်မှာ တကယ်ပဲ တောင်တန်းတွေမရှိဘူး။ တိုက်ခန်းအမြင့်ကြီးတွေ ရှိတယ်။ ကားတွေအများကြီးရှိတယ်။ ကားသေးသေးလေးတွေရော မီးမီးသဘောကျတဲ့ ဘတ်စ်ကားတွေပါ ရှိတယ်။ မီးမီးတို့ကျောင်း ရှိတယ်။ မီးမီးသူငယ်ချင်းတွေ ရှိတယ်။ ပြီးတော့ ဘွားဘွားတို့၊ မမတို့လည်း ရှိတယ်။ တောင်တန်းတွေတော့ မရှိဘူးလေ။

တောင်တန်းတွေကို မီးမီး စမြင်ဖူးတာ အခု မမငယ်တို့နေတဲ့ မဲဆောက်ဆိုတဲ့မြို့ကို ရောက်လာတုန်းကပဲ။ အဝေးပြေးဘတ်စ်ကားပေါ်မှာ တလမ်းလုံး အိပ်ပြီး လိုက်လာတာမို့ မနက်လင်းတဲ့အချိန်ကျမှ တောင်တန်းတွေကို မီးမီး တွေ့တော့တယ်။ ကားဂိတ်ကနေ မေမေငှားခဲ့တဲ့ တက္ကစီ ဖြတ်လာတဲ့ လမ်းတလျှောက်လုံးမှာ တောင်တန်းတွေကို မီးမီးတွေ့ရတယ်။ သစ်ပင်တွေအများကြီး တွေ့တယ်။ မြက်ပင်ရှည်တွေလည်း တွေ့တယ်။

လမ်းမှာတုန်းက ဘတ်စ်ကားပေါ် ညအိပ်ရမယ်ဆိုတာကို မကြိုက်လို့ မေမေ့ကို ဂျီကျလိုက်သေးတဲ့ မီးမီးဟာ အသစ်အဆန်းတွေ မြင်ရတဲ့ခဏမှာပဲ ပျော်သွားခဲ့တယ်။ ‘ဘိုင့်ဘိုင် သစ်ပင်ရေ၊ ဘိုင့်ဘိုင် မြက်တွေရေ’ လို့ မီးမီး ပြောလိုက်တယ်။ နောက်ထပ် အပျော်ဆုံးအချိန်ကတော့ မီးမီးတို့ နေရတဲ့အိမ်မှာ မမငယ်ကို စတွေ့ခဲ့တာပဲ။ မမငယ်က အိမ်အောက်ထပ်က အခန်းတခုမှာနေတယ်။

မမငယ်ကို တွေ့တွေ့ချင်း မီးမီးတို့နဲ့ စကားပြောတာ အတူတူပဲလို့ မီးမီး မသိသေးဘူး။ မီးမီး မပြောတတ်သေးတဲ့ ထိုင်းစကားဆိုတာမျိုးတွေ ပြောမှာပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ မမငယ်က ‘သမီးနာမည် ဘယ်လိုခေါ်သလဲ’ လို့ မေးလိုက်တော့ ဒီမမ ဗမာစကား ပြောတတ်တာပဲလို့ မီးမီး အံ့ဩသွားတယ်။

မမငယ်ဟာ မီးမီးတို့လိုပဲ မြန်မာနိုင်ငံကနေ ရောက်လာတာလို့ မေမေက ပြောပြတယ်။ ဒါပေမဲ့ မီးမီးတို့လိုတော့ လေယာဉ်ပျံကြီးစီးပြီး ရောက်လာတာ မဟုတ်ဘူး၊ ဟိုးအဝေးကနေ တောတွေတောင်တွေကို ဖြတ်လာခဲ့တာတဲ့။ လမ်းမှာ လူဆိုးတွေ မဖမ်းအောင်လည်း တိတ်တိတ်လေး နေခဲ့ရတယ်တဲ့။ မေမေနဲ့ မီးမီးလည်း လူဆိုးတွေမဖမ်းအောင် အိမ်ကနေ တိတ်တိတ်လေး ပြေးခဲ့ဖူးတာ မီးမီး မှတ်မိတယ်။ မမငယ်ဟာ မီးမီးတို့လိုပဲလို့ မေမေပြောပြတာကို လက်ခံသွားတယ်။

စတွေ့တဲ့နေ့ကတည်းက မမငယ်ဟာ မီးမီးရဲ့ကစားဖော် ဖြစ်လာတယ်။ မမငယ်က မေမေ့ထက် ကိုးနှစ်လောက်ပဲ ငယ်တယ်ဆိုတာ မီးမီး မသိဘူး။ ရန်ကုန် က ဘွားဘွားအိမ်မှာ ကျန်ရစ်ခဲ့တဲ့ ဝမ်းကွဲမမနဲ့ အသက်သိပ်မကွာဘူးလို့ ထင်နေတယ်။ နောက်ရက်တွေမှာ မေမေ အလုပ်မအားတိုင်း မမငယ်အခန်းကို မီးမီး ကူးသွားတော့တာပဲ။

‘မမငယ်ရေ ကစားရအောင်လေ’ လို့ မီးမီးခေါ်ရင် မေမေက အားနာတယ်တဲ့။ ‘ရပါတယ် အမရယ်၊ ညီမက ရောက်တာ သိပ်မကြာသေးလို့ နေသားမကျသေးတာနဲ့ စိတ်လည်း နည်းနည်းကျနေတာနဲ့ အတော်ပါပဲ၊ ပြီးတော့ ကလေးလည်း ချစ်တယ်၊ မီးမီးကလည်း ချစ်စရာကောင်းတယ် လေ’ လို့ မေမေ့ကို ပြန်ပြောတယ်။ မီးမီးဟာ သူ့ကို ချစ်စရာကောင်းတယ်လို့ ပြောလိုက်တဲ့ မမငယ်ကို ပိုသဘောကျသွားတယ်။

“မီးမီးတို့ ဒီမှာပဲ အကြာကြီး နေလို့မရဘူးလား မေမေ” လို့ မေမေ့ကို မေးကြည့်ရတယ်။ မီးမီးတို့နေရတဲ့ မြို့ကြီးမှာ . . . မီးမီး‌ ကျောင်းတက်ရမယ်ဆိုတဲ့ နေရာမှာ မမငယ် မရှိဘူး။ အိမ်နားမှာလည်း မီးမီးလိုစကားမျိုး ပြောတတ်တဲ့ ရွယ်တူ ကစားဖော်တွေ မရှိဘူး။ ‘နောက်တော့ သူငယ်ချင်းတွေ ရလာမှာပေါ့’ လို့ မေမေက ပြောပြန်တယ်။ အဲဒီ ‘နောက်’ ဆိုတာ ဘယ်တော့လဲ။

‘နောက်ကျရင် အိမ်ပြန်မှာပေါ့’ လို့ မေမေပြောဖူးပေမယ့် မီးမီးတို့ ရန်ကုန်အိမ်ကို ပြန်မရောက်တော့တာ ကြာပဲ ကြာလှပြီ။

“မရဘူးလေ မီးမီးရဲ့၊ မီးမီးကို မေမေ ကျောင်းအပ်ထားပြီလေ၊ နောက်လဆိုရင် ကျောင်းတက်ရတော့မှာ၊ အလုပ်ရှိလို့ မေမေ ဒီကို ခဏလာရတာ မီးမီး သိတယ်လေ”
“မီးမီးက ရန်ကုန်မှာပဲ ကျောင်းနေချင်တာ”

မေမေ ဘာလို့ မျက်နှာမကောင်းဖြစ်သွားသလဲ မီးမီး မသိဘူး။ ‘ရန်ကုန် ပြန်ချင်တယ်၊ ဘွားဘွားကို သတိရတယ်၊ မမနဲ့ ဆော့ချင်တယ်’ စသဖြင့် မီးမီး တခုခု ပြောလိုက်ရင် မေမေ့မျက်နှာဟာ အဲဒီလို ဖြစ်နေကျပဲ။ မီးမီး ငယ်တုန်းက ဆုံးသွားတယ်ဆိုတဲ့ ဖေဖေ့အကြောင်း မေးလိုက်တဲ့အချိန်နဲ့တောင် မတူဘူး။ သက်ပြင်းချမယ်၊ ပြီးရင် မီးမီးမျက်နှာကို မကြည့်ဘဲနဲ့ ‘အဲဒီလို မပြောစမ်းနဲ့ မီးမီးရယ်’ လို့ မေမေပြောတတ်တယ်။ မေမေရော မီးမီးလို ရန်ကုန်မပြန်ချင်ဘူးလား။

*
😢13👍5🤮52
‘မမငယ်ရေ’

ပထမတော့ မမငယ် လန့်သွားအောင် ပုခုံးကိုပုတ်ပြီး ခြောက်လိုက်မယ်လို့ မီးမီး တွေးပေမယ့် မလုပ်ဖြစ်ဘူး။ အသံကျယ်ကျယ်ပဲ ထပ်ခေါ်လိုက်တယ်။ ဒီတခါတော့ မမငယ်က ကြားသွားတယ်။ နောက်ကို လှည့်ကြည့်တယ်။ ဟင် . . . မမငယ် ငိုနေပြန်ပြီ။

“မီးမီး လာ”

မမငယ်က မျက်ရည်တွေကို ပွတ်သုတ်ပစ်တယ်။ မီးမီးကို လက်ကမ်းခေါ်တယ်။ မမငယ်လိုပဲ မီးမီးက မြေကြီးပေါ် ထိုင်ချလိုက်တယ်။

“မမငယ် ဘာလို့ ငိုနေတာလဲဟင်”
“မငိုပါဘူး မီးမီးရဲ့”
“မမငယ်ကလည်း မေမေ့လိုပဲ ငိုနေပြီးရင် မငိုဘူးလို့ပဲ ပြောတယ်”

မမငယ်က ရယ်လိုက်တယ်။ မျက်လုံးအောက်မှာ ကျန်နေသေးတဲ့ မျက်ရည်တွေကို ထပ်ပြီး သုတ်ပစ်တယ်။ ပြီးတော့ မီးမီး မျက်နှာကို တည့်တည့်ကြည့်ရင်း ‘ကဲ မငိုတော့ဘူး တွေ့လား’ တဲ့။ မေမေ့လိုပဲနော် . . .။

“မီးမီး တွေ့ပါတယ်”
“တအား မငိုပါဘူး မီးမီးရဲ့။ ခဏလေး မျက်ရည်နည်းနည်းလေးပဲ ကျတာပါ”
“ဘာလို့လဲဟင်”
“မမ အမေကို သတိရလို့ပါ မီးမီးရယ်။ အမေ နေမကောင်းဘူးတဲ့”
"အိမ်မှာလား"
“အင်း အိမ်မှာပေါ့”

မမငယ်က သူ့အိမ်ကို လိုက်ရှာနေတာလားမသိ။ တောင်တန်းတွေဘက်ကို ကြည့်နေပြန်တယ်။ မီးမီးကတော့ ရှုခင်းလှတာကိုပဲ တွေ့တယ်။ တောင်တန်းတွေက အပြာရောင်။ ဟိုးအနောက်က တိမ်တွေရယ် ကောင်းကင်ရယ်က လိမ္မော်ရောင်၊ ငွေရောင်။ မီးမီး ကြီးလာလို့ ပန်းချီကောင်းကောင်း ဆွဲတတ်ရင် အဲဒီလို သိပ်လှတဲ့ ကောင်းကင်ပုံ ဆွဲချင်တယ်။ ခုတော့ မီးမီးက ဒီလောက်လည်း မဆွဲတတ်သေးပါဘူး။ မီးမီး ဆွဲတဲ့ပုံတိုင်းမှာတော့ မေမေပါတယ်၊ မီးမီး ပါတယ်၊ မီးမီးရဲ့ ရန်ကုန်အိမ်ပါတယ်၊ မမလည်း ပါတယ်။ မမအကြောင်း စဉ်းစားလိုက်ရင် ဘွားဘွားမသိအောင် ခေါက်ဆွဲခြောက်တွေ ခိုးပြုတ်စားရင်း စပ်တာရော ပျော်တာရော ပေါင်းပြီး ညီအစ်မနှစ်ယောက် တခစ်ခစ် ရယ်ရတာကို အမြဲ သတိရနေတယ်။ မေမေ ဗွီဒီယိုကောလ် တခါတလေ ခေါ်ပေးရင် တော့ မမနဲ့ စကားပြောရပါတယ်။ ဒါပေမဲ့ အပြင်မှာ အတူရှိရတာလောက် မီးမီး မပျော်ဘူး။

“မမငယ် အိမ်ပြန်လို့ရတာပဲ။ အဲဒီတောင်တန်းတွေနားမှာဆို နီးနီးလေးပဲ”
“မရဘူး မီးမီးရဲ့ တောင်တန်းတွေက ဒီလို မြင်နေရတော့သာ နီးတာ၊ တကယ်တမ်းသွားရင် အဝေးကြီး”
“မမငယ် လမ်းမသိလို့လား”
မမငယ်က သက်ပြင်းချလိုက်တယ်။ မေမေ့လိုပဲ . . .။
“လမ်းသိပြီး ပြန်လို့မရတော့တဲ့ အိမ်တွေလည်းရှိတယ် မီးမီးရဲ့”

မီးမီး နားမလည်ဘူး။ ဒါပေမဲ့ မေမေနဲ့ စကားပြောသလိုပဲ နားမလည်တာအကုန်လုံး ပြန်မမေးဘူး။ လက်ထဲမှာပါလာတဲ့ အာလူးကြော်ထုပ်ကို မမငယ်ကို ဖောက်ခိုင်းပြီး တကျွတ်ကျွတ် ဝါးနေတယ်။ မမငယ်လက်ထဲကို အာလူးကြော် ထည့်ပေးလိုက်ပေမယ့် မီးမီးကိုပဲ ပြန်ခွံ့ပေးတယ်။ ရန်ကုန်အိမ်က မမဆိုရင် တော့ မီးမီးလက်ထဲကနေ တထုပ်လုံးကို လုလိုက်မှာ။ ပြီးတာနဲ့ မီးမီး ဘယ်လောက်ပဲ အော်အော်၊ အိမ်ထဲမှာ မမက ပတ်ပြေးနေမှာ။ ဘွားဘွား ငေါက် တော့မှ မီးမီးလက်ထဲကို အထုပ် ပြန်ရောက်တော့မှာ။ ပြီးရင်လည်း အဲဒီ အာလူးကြော်ထုပ်ကို မီးမီးတယောက်တည်း စားတာမဟုတ်ပါဘူး။ မမကို တဝက် လောက်တော့ ပြန်ကျွေးသေးတာပါ။ အဲဒီအခါကျရင် လုရတာ၊ ငြင်းရတာတွေကို မီးမီးတို့ သတိမရတော့ဘူး။ မမနဲ့ အာလူးကြော် အတူစားရင်း အော်အော် ရယ်ကြပြန်ရော။ အိမ်မှာတုန်းကပေါ့ . . .။

“မီးမီး ငါးနှစ် ပြန်ဖြစ်ချင်တယ်”
“ဘာလို့ တနှစ်ခွဲကြီးများတောင် ပြန်ငယ်ချင်တာတုံး မီးမီးရဲ့”
“ငါးနှစ် ပြန်ဖြစ်ရင် မီးမီးက အိမ်မှာ . . . ရန်ကုန်မှာလေ”

မမငယ်ဟာ မီးမီးမျက်နှာကို အကြာကြီးပဲ ငေးနေတယ်။ မျက်လုံးထဲမှာ အရည်လေး လက်သွားတယ်။ ခဏပဲ။ ပြီးတော့ တောင်တန်းတွေဘက်ကို ကြည့်နေပြန်ရော။

‘မမငယ် ငိုနေတာလား’ လို့တော့ မီးမီး မမေးပါဘူး။ မေးရင်လည်း ‘မငိုပါဘူး’ လို့ ဖြေမှာပဲဆိုတာ မီးမီး သိတယ်လေ။

( "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ​ဆော်လျန်ရဲ့ "အဝေးက တောင်တန်းတွေ" ဝတ္တုတို
ကို People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။ ​အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ -
https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်း သွား​ရောက်ဖတ်ရှုနိုင်ပါတယ်။)
👍343🤮2
🔥12😢10👍3🤣1