IEC ကဒီးမော့ဆို -မော်ချီး-မယ်စဲ့ယာဥ်လိုင်းစတင်ပြေးဆွဲ
ရဲခေါင်/People's Spring
ကရင်နီပြည်တွင် တော်လှန်ရေးအဖွဲ့များထိန်းချုပ်ဒေသများတိုးလာပြီးနောက် ဒီးမော့ဆို -မော်ချီး-မယ်စဲ့ယာဥ်လိုင်းကို
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ထုတ်ပြန်သည်။
IEC ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန၏ သယ်ယူပို့ဆောင်ရေးဌာနခွဲမှ ယာဥ်လိုင်းပြေးဆွဲ ခြင်းဟု သိရသည်။
IEC သယ်ယူပို့ဆောင်ရေးဌာနခွဲမှ ယာဥ်လိုင်းတာဝန်ရှိသူများကိုလည်း ပူးတွဲ ထုတ်ပြန်ခဲ့ပြီး ညွှန်ကြားရေးမှူးအဖြစ် သံချောင်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် တိမ် တိုက်၊တူ့တူ
နှင့် ဦးစီးမှူးအဖြစ် ရန်ပြုံး (နိုနို့) တို့ ဖြစ်ကြောင်းသိရသည်။
ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကို ဖေဖော်ဝါရီ ၁၂ ရက်က ဖွဲ့စည်းခဲ့ပြီး ၎င်း ဌာနမှူးကြီးအဖြစ် ဦး အယ်ဖောင်းရှိုကို IEC က တာဝန်ပေးထားသည်
ဦးအယ်ဖောင်းရှို မှာ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် ကယားပြည်နယ် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ယာဥ်လိုင်းသစ်ပြေးဆွဲမှုနှင့်ပတ်သက်၍ People's Spring က ဦးအယ်ဖောင်းရှို ကိုဆက်သွယ်မေးမြန်းရန်ကြိုးစားနေသော်လည်း ဆက်သွယ်မရသေးပါ။
ကရင်နီပြည်ဒေသခံတစ်ဦးက"အခုက ပထမဆုံးလုပ်တဲ့ ယာဥ်လိုင်းဆိုတော့ နေ့စဥ် ခရီးစဥ်တော့မဟုတ်သေးဘူး သိရတယ်။အဓိကတော့ကုန်စည်ပြတ်လပ်မှုရှိနိုင်တဲ့ နေရာတွေ နဲ့ ဒေသတွင်းခရီးသွားမယ့်သူတွေအတွက်အထောက် အကူဖြစ်ဖို့ မျှော်မှန်းထားတာ ဖြစ်လိမ့်မယ်"ဟု လူထုနွေဦးသို့ ပြောသည်။
IEC ကို ယမန်နှစ် ဇွန်လ ၆ ရက်က စတင် ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အကောင် အထည်ဖော်ရန်
နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် အပါအဝင်လူထု၏ ကျန်းမာရေး၊ပညာရေး၊စားနပ်
ရိက္ခာ နှင့် အခြေ ခံလိုအပ်ချက်ကို ဖြည့်ဆည်းမည်ဟု ကတိပြုထားသည်။
မြေပြင် စစ်ရေးတွင်လည်း ကရင်နီပူးပေါင်းတပ်က ဒီးမော့ဆို၊မော်ချီး၊ရွာသစ် နှင့် ရှားတောမြို့နယ်တို့ကို ထိန်းချုပ်ထားနိုင်ပြီး မယ်စဲ့မြို့ကိုမူ ယမန်နှစ်က တည်းက အလုံးစုံ သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်ဓ

👍50❤4🤣2
မံစီရှိ စစ်ကောင်စီဗျူဟာတပ်စခန်းတစ်ခုကို KIA၊ AAနှင့် KPDF ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်
▪️စစ်ကောင်စီတပ် လေကြောင်းမှ ၁၄ကြိမ်ထက်နည်း ပစ်ကူပေးတိုက်ခိုက်
ဆန်အောင်/People’s Spring
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ ဂျယ်ခမ်း(စီခန်းကြီး)တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းအဖွဲ့က ယနေ့နံနက်က စတင်ထိုးစစ်ဆင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဖေဖော်ဝါရီ ၁၇ရက် နံနက် ၆နာရီမှစ၍ ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီက လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
"ဂျယ်ခမ်း(စီခန်းကြီး)စကစ တပ်ဗျူဟာစခန်းကို KIA၊AA၊ KPDF ပူးပေါင်းတပ်ဖွဲ့က ဒီမနက် ၆နာရီက ထိုးစစ်ဆင်တိုက်ခိုက်တာ။ ဒီနေ့ဂျက်ဖိုက်တာ ဗုံးကြဲတာ ၁၄ကြိမ် ရှိသွားပြီ။ညနေ ၅နာရီခွဲအထိ တိုက်ပွဲပြင်းထန်နေဆဲပါ"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ တပ်စခန်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ(၁၅)၊ ခလရ(၁၂၁)၊ ခလရ(၂၇၆)နှင့် ခလရ(၂၂၃) တပ်များပူးပေါင်းတပ်စွဲထားခြင်းဖြစ်သည်ဟု ဆိုသည်။
KIA အနေဖြင့် ဇန်နဝါရီအတွင်းကလည်း မံစီမြို့နယ်အတွင်းရှိ မံဝိန်းကြီးစစ်ကောင်စီစခန်း၊ကိုက်ထိပ်စစ်ကောင်စီစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

👏35👍22❤5🤣1
ရှားတောမြို့အသိမ်းခံရပြီးနောက် စစ်ကောင်စီ ရှေ့တန်းစခန်း နှစ်ခုဆုတ်ခွာသွား
▪️မြန်မာ - ထိုင်းနယ်စပ်ရှိ အရေးပါသည့် စခန်း နှစ်ခုဖြစ်ပြီး ရဟတ်ယာဉ်များဖြင့် သယ်ထုတ်သွားခြင်းဟုဆို
မောင်မောင်/People’s Spring
ကရင်နီပြည်နယ် သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ စစ်ကောင်စီ၏ တပ်စခန်းနှစ်ခု ဆုတ်ခွာသွားကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က ယနေ့ ထုတ်ပြန်သည်။
ကရင်နီပြည်နယ် ၊ ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဖက် ရှိ စစ်ကောင်စီ၏ ရှေ့တန်း အထိုင်တပ်စခန်းများဖြစ်သည့် ဟွေအွန်တပ်စခန်း နှင့် ကျားပါစပ်ကြီး တပ်စခန်းတို့သည် ဖေဖော်ဝါရီ ၁၃ရက်တွင် စခန်းများကို စွန့်ခွာ သွားခြင်းဖြစ်သည်ဟု ဆိုသည်။
ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၁၂ရက် နံနက်က ရှားတောမြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ရက်တွင် စစ်ကောင်စီ ရှေ့တန်းစခန်းများ ဆုတ်ခွာသွားခြင်းဖြစ်သည်။
ရှားတောမြို့သိမ်းတိုက်ပွဲကာလ ၁လခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ အပါအဝင် ၁၆၀ ဦးကျော်ကို ချေမှုန်းနိုင်ခဲ့ကြောင်း KNDFက အသိပေးထားသည်။
စစ်ကောင်စီ၏ ဟွေပုန်းလောင်းဒေသ စိုးမိုးကုန်းတစ်ခုဖြစ်သည့် ကျားပါစပ်ကြီးစခန်းနှင့် နန့် ပန်ချောင်းဘေးတွင် အခြေပြုထားသော ဟွေအွန်တပ်စခန်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၁၀ရက်မှ ၁၃ရက်အထိ ရဟက်ယာဥ်များဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါ တပ်စခန်းများမှာ ကရင်နီ - ထိုင်းနယ်စပ်အတွက် စစ်ကောင်စီ၏ အရေးပါသောရှေ့တန်း တပ်စခန်းများဖြစ်သည်ဟု ဆိုသည်။
ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ဟွေအွန်စခန်းနေရာအား KNDF B/21 နှင့် KNPLF တို့ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ဆောင်ခဲ့ပြီး စခန်းတွင်းရှိ ဆန်အိတ်အချို့နှင့် ခဲယမ်းအချို့တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။
ထို့ပြင် ကျားပါစပ်ကြီးစခန်းနေရာအား ကရင်နီတပ်မတော်(KA)မှ ဝင်ရောက်ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

👍40👏12❤1🔥1🖕1
(စစ်ကောင်စီတပ်စွန့်ခွာသွားသော တပ်စခန်းနှစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
👍32
မတ္တရာမြို့နယ်တွင် ပိတ်မိနေသောပြည်သူများအား ကယ်ထုတ်ရန်လာသည့် PDF ရဲဘော်နှစ်ဦးသတ်ဖြတ်ခံရ
အင်ကြင်း/People's Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အောက်တောင်ကိုင်းကျေးရွာ၌ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်စဥ် ပိတ်မိနေသော ပြည်သူများကို ကယ်ထုတ်ရန်လာသည့် PDF ရဲဘော် နှစ်ဦးအား စစ်ကောင်စီတပ်က သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၅ နာရီခန့်က မတ္တရာမြို့ပေါ်နှင့် မြို့နယ်ရှိ ရွှေချောင်းကျေးရွာတို့မှ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှစ်ခုသည် အောက်တောင်ကိုင်းကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။
ထိုအချိန် ဒေသခံပြည်သူများပိတ်မိနေ၍ ကယ်ထုတ်ရန် ရောက်ရှိလာသော PDF ရဲဘော်နှစ်ဦးအား စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မတ္တရာ(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
"အောက်တောင်ကိုင်းမှာ ပြည်သူတွေပိတ်မိနေတဲ့အချိန် PDF ရဲဘော်နှစ်ဦးက သွားရောက်ကယ်ထုတ်နေတဲ့အချိန်မှာပဲ စကစတပ်နဲ့ထိပ်တိုက်တွေ့ပြီး ပစ်သတ်ခံရတဲ့အနေအထားရှိခဲ့တယ်"ဟု အထက်ပါတာဝန်ခံက ပြောသည်။
ရဲဘော်နှစ်ဦးနှင့်အတူ လက်လုပ်လေးလက် ဆုံးရှုံးခဲ့ကြောင်း၊ ၎င်းတို့၏ ရုပ် အလောင်းနှစ်လောင်းကိုလည်း ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့ကြောင်း မတ္တရာ(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့အပြင် စစ်ကောင်စီစစ်ကြောင်းက ဆောက်ချုံပေါက်ကျေးရွာရှိ နေအိမ် သုံးလုံး၊ ဟင်္သာကုန်းရွာရှိ နေအိမ် ခုနစ်လုံးကိုလည်း ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)ကလည်း မန္တလေးဆိပ်ကမ်းမှ ရေယာဥ်နှစ်စီးဖြင့် ဆန်တက်လာသော စစ်ကောင်စီတပ်သည် ဒေါင်းကျွန်းရွာရှိ နေအိမ် ငါးလုံး ၊ဒင်္ဂါးကျွန်းရွာရှိနေအိမ် ၁၀လုံး၊ ပဲမှော်စင် တစ်လုံးနှင့် တောင်သူတဲများအား မီးရှို့ဖျက်ဆီးသွားကြောင်း Wetlet Informational Network အဖွဲ့ထံမှ သိရသည်။
မတ္တရာမြို့နယ်သည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး နေအိမ်အများအပြားအား မီးရှို့ခြင်း၊ ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများအား စစ်တပ်က ကျူးလွန်လျက်ရှိသည်။

😢39😡17👍8🤬4👏2