(ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
👍23🤬8🔥1
“ညနေခင်းသတင်းလွှာ”
ဒီနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။
▪️မောင်တော ဗောဓိကုန်းစခန်းကို AA သိမ်းပိုက်၊ ရသေ့တောင်မြို့နယ် တိုက်ပွဲများမှာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ
ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဗောဓိကုန်းတပ်စခန်းကို မနေ့မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ဗောဓိကုန်းစခန်းကို ဖေဖော်ဝါရီ ၁၅ရက် မနက်ကတည်းက စတင်ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးအမြောက်အများ ပစ်ခတ်တိုက်ခိုက်မှုများကြားမှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တာပါ။ ရန်သူ့အလောင်း(၁၄)လောင်းအပါအဝင် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ အနီး တောင်ကြောမှာ စစ်ကောင်စီ တပ်ရဲ့ ခမရ (၅၃၆) တပ်ရင်းနဲ့ ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။
▪️ဖာပွန်ခရိုင် ဒီလဝက်တိုက်ပွဲများအတွင်း အရာရှိအပါအဝင် စစ်ကောင်စီတပ် ၁၇ဦးသေဟု KNU အသိပေး
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင်မှာ အခု ဖေဖော်ဝါရီလဝက်အတွင်း တိုက်ပွဲပေါင်း ၄၅ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ လဝက်တိုက်ပွဲများမှာ စစ်ကောင်စီဘက်က ၁၇ဦးသေဆုံးကာ ၃၉ဦး ဒဏ်ရာရရှိခဲ့ပြီး KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)ဘက်မှ ၇ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီဘက်မှ သေဆုံးသူတွေထဲ တပ်ခွဲမှူးအဆင့် အရာရှိတစ်ဦးပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခု စခန်းစွန့် ခွာ ရုတ်သိမ်းသွားခဲ့တယ်လို့ KNU က အသိပေးပါတယ်။
▪️ဆီဆိုင်နဲ့ ဟိုပုန်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အရှင်မိ
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုဆက်လက်ပြုလုပ်ရာ မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို အရှင်မိပြီး လက်နက်အချို့ရခဲ့တယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။ စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်များမှ ချောင်းမြောင်းပစ်ခတ်ခြင်းကြောင့် မနေ့က ထိတွေ့မှုအချို့ရှိခဲ့ပြီး PNLAက နယ်မြေရှင်းလင်းရာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ PNLAက အသိပေးထားပါတယ်။ မနေ့က ဆီဆိုင်မြို့မြောက်ဘက် တနေရာမှာလည်း စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်အဖွဲ့ကို တားဆီးရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PNLAက ထုတ်ပြန်ခဲ့ပြီး တိုက်ပွဲအတွင်း (၆၀)မမပြောင်းတို တစ်လက်နဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
▪️ဆောမြို့မှ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး လက်နက်နှင့်အတူ CDMဝင်
မကွေးတိုင်း၊ ဆောမြို့မရဲစခန်းမှ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး လက်နက်နှင့်အတူ ဂန့်ဂေါခရိုင်၊ အမှတ်(၃)တပ်ရင်းကို လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်လာတယ်လို့ မကွေးတိုင်းကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အင်အား ၈၀ကျော်ဖြင့် တပ်စွဲထားတဲ့ ဆောမြို့မရဲစခန်းမှ စစ်ကောင်တပ်မှ တပ်ကြပ်ကြီးဟာ ဖေဖော်ဝါရီ ၁၁ ရက်က CDMဝင်ရောက်ခဲ့ပြီး ၎င်းနှင့်အတူ MA-2အမျိုးအစားသေနတ်နဲ့ လက်နက်ခဲယမ်းများပါဝင်လာတယ်လို့ အသိပေးပါတယ်။ ပုံမှန်အချိန်မှာ စခန်းမှ မြို့ထဲကို မထွက်ရဲတဲ့ စစ်ကောင်စီတပ်သားများဟာ အဲဒီနေ့က CDMဝင်လာတဲ့ တပ်ကြပ်
ကြီးနောက်ကို လိုက်ဖို့ ပြင်ဆင်မှုများကြောင့် ကာကွယ်ရေးရဲဘော်များနဲ့ ဆောမြို့အတွင်း လုံခြုံယူရတဲ့အခြေအနေများရှိတယ်လို့ ဆောမြို့ခံတစ်ဦးကပြောပါတယ်။
▪️စစ််ကိုင်းတိုင်းမှာ မြို့နယ်လေးခုထက်မနည်း စစ်ရေးတင်းမာ
စစ်ကိုင်းတိုင်းအတွင်း နယ်မြေချင်းထိစပ်နေတဲ့ ယင်းမာပင်၊ ဘုတလင်၊ ကနီနဲ့ မင်းကင်းမြို့နယ်တို့မှာ စစ်ရေးတင်းမာနေပြီး နေရာအချို့မှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။ မင်းကင်းမြို့နယ်မှ ပျူစောထီးစခန်းများကို ဖေဖော်ဝါရီ ၇ရက်ကစလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်ပြီး ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲဆက်ဖြစ်နေတာပါ။ မင်းကင်းမြို့နှင့်ထိစပ်နေတဲ့ ကနီမြို့မှာလည်း မနေ့က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တနေကုန် လေကြောင်းမှကင်းထောက်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ ဘုတလင်မြို့မှာလည်း မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဖေဖော်ဝါရီ ၁၂ရက်မှ စတင်ဝင်ရောက်လာတာကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ယင်းမာပင်မြို့မှ ခရိုင်တပ်ရင်း(၃၇)နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း နမခကို ဖေဖော်ဝါရီ ၁၅ရက်မှာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
▪️ဝမ်းတွင်းမြို့နယ် ပျူခေါင်းဆောင်တစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် သေနတ်ဖြင့် ပစ်သတ်ခံရ

👍39❤1🤣1
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ပြည်သူ့စစ်(ခ)ပျူစောထီးသင်တန်းအတွက် လူစုပေးနေတဲ့ ပျူခေါင်းဆောင်တစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့ပေါ်ရှိ တော်ဝင်လက်ဖက်ရည်ဆိုင်မှာ ပျူခေါင်းဆောင် နန္ဒကျော်ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးခဲ့တယ်လို့ Wundwin township Revolution Force အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ သူ့ဆီက သေနတ်တစ်လက်သိမ်းဆည်းရမိခဲ့ပေမယ့် ကော်စေ့သေနတ် ဖြစ်နေတယ်လို့ သိရပါတယ်။
👍27🤣2
IEC ကဒီးမော့ဆို -မော်ချီး-မယ်စဲ့ယာဥ်လိုင်းစတင်ပြေးဆွဲ
ရဲခေါင်/People's Spring
ကရင်နီပြည်တွင် တော်လှန်ရေးအဖွဲ့များထိန်းချုပ်ဒေသများတိုးလာပြီးနောက် ဒီးမော့ဆို -မော်ချီး-မယ်စဲ့ယာဥ်လိုင်းကို
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ထုတ်ပြန်သည်။
IEC ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန၏ သယ်ယူပို့ဆောင်ရေးဌာနခွဲမှ ယာဥ်လိုင်းပြေးဆွဲ ခြင်းဟု သိရသည်။
IEC သယ်ယူပို့ဆောင်ရေးဌာနခွဲမှ ယာဥ်လိုင်းတာဝန်ရှိသူများကိုလည်း ပူးတွဲ ထုတ်ပြန်ခဲ့ပြီး ညွှန်ကြားရေးမှူးအဖြစ် သံချောင်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် တိမ် တိုက်၊တူ့တူ
နှင့် ဦးစီးမှူးအဖြစ် ရန်ပြုံး (နိုနို့) တို့ ဖြစ်ကြောင်းသိရသည်။
ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကို ဖေဖော်ဝါရီ ၁၂ ရက်က ဖွဲ့စည်းခဲ့ပြီး ၎င်း ဌာနမှူးကြီးအဖြစ် ဦး အယ်ဖောင်းရှိုကို IEC က တာဝန်ပေးထားသည်
ဦးအယ်ဖောင်းရှို မှာ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် ကယားပြည်နယ် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ယာဥ်လိုင်းသစ်ပြေးဆွဲမှုနှင့်ပတ်သက်၍ People's Spring က ဦးအယ်ဖောင်းရှို ကိုဆက်သွယ်မေးမြန်းရန်ကြိုးစားနေသော်လည်း ဆက်သွယ်မရသေးပါ။
ကရင်နီပြည်ဒေသခံတစ်ဦးက"အခုက ပထမဆုံးလုပ်တဲ့ ယာဥ်လိုင်းဆိုတော့ နေ့စဥ် ခရီးစဥ်တော့မဟုတ်သေးဘူး သိရတယ်။အဓိကတော့ကုန်စည်ပြတ်လပ်မှုရှိနိုင်တဲ့ နေရာတွေ နဲ့ ဒေသတွင်းခရီးသွားမယ့်သူတွေအတွက်အထောက် အကူဖြစ်ဖို့ မျှော်မှန်းထားတာ ဖြစ်လိမ့်မယ်"ဟု လူထုနွေဦးသို့ ပြောသည်။
IEC ကို ယမန်နှစ် ဇွန်လ ၆ ရက်က စတင် ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အကောင် အထည်ဖော်ရန်
နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် အပါအဝင်လူထု၏ ကျန်းမာရေး၊ပညာရေး၊စားနပ်
ရိက္ခာ နှင့် အခြေ ခံလိုအပ်ချက်ကို ဖြည့်ဆည်းမည်ဟု ကတိပြုထားသည်။
မြေပြင် စစ်ရေးတွင်လည်း ကရင်နီပူးပေါင်းတပ်က ဒီးမော့ဆို၊မော်ချီး၊ရွာသစ် နှင့် ရှားတောမြို့နယ်တို့ကို ထိန်းချုပ်ထားနိုင်ပြီး မယ်စဲ့မြို့ကိုမူ ယမန်နှစ်က တည်းက အလုံးစုံ သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်ဓ

👍50❤4🤣2
မံစီရှိ စစ်ကောင်စီဗျူဟာတပ်စခန်းတစ်ခုကို KIA၊ AAနှင့် KPDF ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်
▪️စစ်ကောင်စီတပ် လေကြောင်းမှ ၁၄ကြိမ်ထက်နည်း ပစ်ကူပေးတိုက်ခိုက်
ဆန်အောင်/People’s Spring
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ ဂျယ်ခမ်း(စီခန်းကြီး)တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းအဖွဲ့က ယနေ့နံနက်က စတင်ထိုးစစ်ဆင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဖေဖော်ဝါရီ ၁၇ရက် နံနက် ၆နာရီမှစ၍ ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီက လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
"ဂျယ်ခမ်း(စီခန်းကြီး)စကစ တပ်ဗျူဟာစခန်းကို KIA၊AA၊ KPDF ပူးပေါင်းတပ်ဖွဲ့က ဒီမနက် ၆နာရီက ထိုးစစ်ဆင်တိုက်ခိုက်တာ။ ဒီနေ့ဂျက်ဖိုက်တာ ဗုံးကြဲတာ ၁၄ကြိမ် ရှိသွားပြီ။ညနေ ၅နာရီခွဲအထိ တိုက်ပွဲပြင်းထန်နေဆဲပါ"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ တပ်စခန်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ(၁၅)၊ ခလရ(၁၂၁)၊ ခလရ(၂၇၆)နှင့် ခလရ(၂၂၃) တပ်များပူးပေါင်းတပ်စွဲထားခြင်းဖြစ်သည်ဟု ဆိုသည်။
KIA အနေဖြင့် ဇန်နဝါရီအတွင်းကလည်း မံစီမြို့နယ်အတွင်းရှိ မံဝိန်းကြီးစစ်ကောင်စီစခန်း၊ကိုက်ထိပ်စစ်ကောင်စီစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

👏35👍22❤5🤣1
ရှားတောမြို့အသိမ်းခံရပြီးနောက် စစ်ကောင်စီ ရှေ့တန်းစခန်း နှစ်ခုဆုတ်ခွာသွား
▪️မြန်မာ - ထိုင်းနယ်စပ်ရှိ အရေးပါသည့် စခန်း နှစ်ခုဖြစ်ပြီး ရဟတ်ယာဉ်များဖြင့် သယ်ထုတ်သွားခြင်းဟုဆို
မောင်မောင်/People’s Spring
ကရင်နီပြည်နယ် သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ စစ်ကောင်စီ၏ တပ်စခန်းနှစ်ခု ဆုတ်ခွာသွားကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က ယနေ့ ထုတ်ပြန်သည်။
ကရင်နီပြည်နယ် ၊ ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဖက် ရှိ စစ်ကောင်စီ၏ ရှေ့တန်း အထိုင်တပ်စခန်းများဖြစ်သည့် ဟွေအွန်တပ်စခန်း နှင့် ကျားပါစပ်ကြီး တပ်စခန်းတို့သည် ဖေဖော်ဝါရီ ၁၃ရက်တွင် စခန်းများကို စွန့်ခွာ သွားခြင်းဖြစ်သည်ဟု ဆိုသည်။
ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၁၂ရက် နံနက်က ရှားတောမြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ရက်တွင် စစ်ကောင်စီ ရှေ့တန်းစခန်းများ ဆုတ်ခွာသွားခြင်းဖြစ်သည်။
ရှားတောမြို့သိမ်းတိုက်ပွဲကာလ ၁လခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ အပါအဝင် ၁၆၀ ဦးကျော်ကို ချေမှုန်းနိုင်ခဲ့ကြောင်း KNDFက အသိပေးထားသည်။
စစ်ကောင်စီ၏ ဟွေပုန်းလောင်းဒေသ စိုးမိုးကုန်းတစ်ခုဖြစ်သည့် ကျားပါစပ်ကြီးစခန်းနှင့် နန့် ပန်ချောင်းဘေးတွင် အခြေပြုထားသော ဟွေအွန်တပ်စခန်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၁၀ရက်မှ ၁၃ရက်အထိ ရဟက်ယာဥ်များဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါ တပ်စခန်းများမှာ ကရင်နီ - ထိုင်းနယ်စပ်အတွက် စစ်ကောင်စီ၏ အရေးပါသောရှေ့တန်း တပ်စခန်းများဖြစ်သည်ဟု ဆိုသည်။
ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ဟွေအွန်စခန်းနေရာအား KNDF B/21 နှင့် KNPLF တို့ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ဆောင်ခဲ့ပြီး စခန်းတွင်းရှိ ဆန်အိတ်အချို့နှင့် ခဲယမ်းအချို့တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။
ထို့ပြင် ကျားပါစပ်ကြီးစခန်းနေရာအား ကရင်နီတပ်မတော်(KA)မှ ဝင်ရောက်ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

👍40👏12❤1🔥1🖕1
(စစ်ကောင်စီတပ်စွန့်ခွာသွားသော တပ်စခန်းနှစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
👍32