People's Spring
62.7K subscribers
66.6K photos
1.17K videos
7 files
2.9K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👏28😁21👍81👎1
(သေဆုံးခဲ့သော ပျူခေါင်းဆောင်နှင့် ၎င်းထံမှသိမ်းဆည်းရမိသော ကော်စေ့သေနတ်အား တွေ့ရစဥ်။ ဓာတ်ပုံ - WTRF)
😁30👏12👍7🤣6😱1
NMSPဦးဆောင်မှု တစ်စုတစည်းတည်းဖြစ်စေရန်အရေးကြီး၍ ခွဲထွက်သွားသူများ ပြန်လာရေးကြိုးပမ်းမည်ဟုဆို

မောင်မောင်/People’s Spring

မွန်ပြည်သစ်ပါတီ(NMSP)၏ ဦးဆောင်မှုအခန်းကဏ္ဍ တစ်စုတစ်စည်းတည်းဖြစ်စေရန် အလွန်အရေးကြီးသောကြောင့် NMSP အနေဖြင့် သံဃာတော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များနှင့် လက်တွဲ၍ ခွဲထွက်သွားသူများအား မိခင်ပါတီထံသို့ ပြန်လာနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NMSPက ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန် ကြေညာသည်။

NMSP၏ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောတို့က NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ကို ဖွဲ့ စည်းပြီး စစ်ကောင်စီကို တိုက်ခိုက်မည်ဟု ကြေညာခဲ့သည့်အပေါ် NMSP မှ ကျန်နေသည့် အင်အားစုက ယခုကဲ့သို့ အသိပေးကြေညာချက် ဖော်ပြလာခြင်းဖြစ်သည်။

စစ်ကောင်စီအား တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီအတွင်း လက်ခံသူနှင့် လက်မခံသူစသည်ဖြင့် သဘောထားကွဲလွဲနေခဲ့ကြသည်မှာ ကြာပြီးဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရေးကို လက်ခံထားသူအရေအတွက် များပြားသဖြင့် လက်မခံသူများဘက်မှ အလျှော့ပေးခဲ့ရသည်ကို ကျေနပ်မှုမရှိခဲ့ရာ NMSP၏ (၁၁)ကြိမ်မြောက် ညီလာခံတွင်အမြင်သဘောထား ပိုကွဲလာကြောင်း၊ စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေး ခြင်းမပြုရန် သဘောထားခြင်း တိုက်ဆိုင်မှုရှိသော်လည်း စစ်ကောင်စီနှင့်အဆက်သွယ်မဖြတ်ဘဲ ဆက်လက် ဆက်ဆံနေသင့်သည်ဟု ဆိုသည့်ဘက်က အားသာသွား၍ နိုင်ဇေယျဦးဆောင်သည့် အဖွဲ့မှလက်ခံခြင်းမရှိခဲ့ကြောင်း NMSP ဗဟိုအလုပ်အမှုဆောင် ကော်မတီက ရှင်းပြသည်။

"သဘောက ချက်ချင်းထဖြစ်တာ မဟုတ်ဘူး။ဟိုးအစကတည်းကဒီအမြင် နှစ်ဖက်က ဖြစ်လာခဲ့ကြတာ။ အဲဒီတော့တစ်ဖက်နဲ့တစ်ဖက်က ညှိနှိုင်းလာခဲ့တာပေါ့။ အချိန်ပေးခဲ့ကြတာပေါ့။ ဒါပေမဲ့ နောက်ဆုံးကျတော့ အချိန်လည်း သိပ်မရှိတော့ဘူး။ ဒီအခြေအနေမှာ ဒီအခွင့်အခါကောင်း (စစ်အာဏာရှင်တိုက်ဖျက်ရေး အခွင့်အခါကောင်း)ကို လက်ဆုပ်လက်ကိုင် လုပ်ပြီးတော့မှ ထလုပ်တော့မှ ဖြစ်တော့မယ်ဆိုပြီးထလုပ်တာပါ။ ဒီလိုပဲနားလည်တယ်”ဟု NSMP သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

အမျိုးသားလွတ်မြောက်ရေးအတွက် မွန်တစ်မျိုးသားလုံးအနေဖြင့် တစ်သံတည်းထွက်ပေါ်စေရေးနှင့် မွန်ပြည်သစ်ပါတီ၏ ဦးဆောင်မှုအခန်းကဏ္ဍလည်း တစ်စုတစ်စည်းတည်းဖြစ်စေရန် အလွန်အရေးကြီး၍ ခွဲထွက်သွားသူများအား မိခင်ပါတီထံသို့ ပြန်လာနိုင်ရန် ကြိုးပမ်းဆောင်ရွက် ဒသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

NMSP ဗဟိုအလုပ်အမှုဆောင်အမည်ဖြင့် ထုတ်ပြန်သည် ခွဲထွက်သူများ ပြန်လာနိုင်ရေးကိစ္စ မှာလတ်တလော အခြေအနေတွင် မဖြစ်နိုင်သေးဟုလည်း NMSPသတင်းရင်းမြစ်က ပြောပြသည်။

NMSPအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှု သုံးကြိမ်ပြုလုပ်ခဲ့သော်လည်းမည်သည့် ရလဒ်မှမရှိဘဲ စစ်ကောင်စီ အလိုကျနေထိုင်ခဲ့ကြရ၍ မွန်အမျိုးသားနှင့်NMSPအတွက် ဂုဏ်သိက္ခာ ကျဆင်းခဲ့ရကြောင်း NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားလယ်က ပြောကြားထားသည်။

တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲ ဝင်နေသည့် အချိန်တွင် အချိန်အခါကောင်းကို အမိအရ ဆုပ်ကိုင် တော်လှန်သင့်ပြီဖြစ်ကြောင်း အမြင်သဘောထားအရ စစ်ကောင်စီကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း နိုင်ဗညားလယ်က ပြောပြသည်။
👍54😁5
👍30🔥2
(မွန်ပြည်သစ်ပါတီ(NMSP)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - NMSP)
👍462🔥1🏆1
ရွှေကျင်မြို့နယ် ၂ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ် လေးဦးသေ

ထိုက်ထိုက်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်တပ်မဟာ(၃)နယ်မြေ ဆောထိ(ရွှေကျင်)မြို့နယ်တွင် ၂ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၃ရက်က စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်များ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးကာ ပူးပေါင်းတပ်မှ ၂ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားစဉ် ပိန်းဇလုပ် အခြေစိုက် ခလရ(၂၆၄)တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဂွင်းကုန်းကျေးရွာ၊ ပုဇွန်မြောင်း၊ အင်းဝိုင်းကျေးရွာနှင့် ညောင်ပင်ကြီးရွာဟောင်းကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဖော်ပြသည်။

ဖေဖော်ဝါရီ ၁၄ရက်တွင်လည်း စစ်ကောင်စီ၏ ခမရ-၂၀သည် ပုဇွန်မြောင်းမှနေ၍ ညောင်ပင်ကြီးကျေးရွာသို့ အင်အား ၃၀ခန့်ဖြင့် လှေဖြင့်ကူးသွားစဉ် KNLA လက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ဟု အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးကာ ပူးပေါင်းတပ်မှ ၂ဦး ဒဏ်ရရြခဲ့ကြောင်း ဖော်ပြသည်။

KNU ၏ထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ ၁ရက်မှ ၁၆ရက်နေ့အထိ ဆောထိမြို့နယ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ဆောင်မှုများကို ဖော်ပြခဲ့သည်။

စစ်ကောင်စီတပ်၏ ပိန်းဇလုပ်အခြေစိုက်တပ်စခန်း ခလရ-၂၆၄ နှင့် ခမရ−၂၀ ၏ ညောင်လေးပင် အခြေစိုက်တပ်စခန်း၊ ပုဇွန်မြောင်းတာဖြတ်၊ တော်ဝိကျေးရွာ၊ ရေကြည်ချောင်း ကျေးရွာ တို့တွင် တပ်စွဲပြီး ပြည်သူလူထုများနေထိုင်ရာကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ အလုံး ၆၀ ကျော် ရှိခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် ပြည်သူလူထုနေအိမ် (၅)လုံး နှင့် ကားတစ်စီး ပျက်စီးကာ နွား(၂)ကောင်သေဆုံးခဲ့ကြောင်း၊ ပြည်သူတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရကြောင်း ထုတ်ပြန်သည်။

အာဏာသိမ်း စစ်ကောင်စီတပ်များမှ ပြည်သူလူထုပိုင် နေအိမ်မှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ဆိုင်ကယ် (၄)စီးကို ခိုးယူဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။
👍31👏72🤣1
👍25😢12🔥1🤬1
(ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
👍23🤬8🔥1
“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

▪️မောင်တော ဗောဓိကုန်းစခန်းကို AA သိမ်းပိုက်၊ ရသေ့တောင်မြို့နယ် တိုက်ပွဲများမှာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဗောဓိကုန်းတပ်စခန်းကို မနေ့မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့​တယ်လို့ ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ဗောဓိကုန်းစခန်းကို ဖေဖော်ဝါရီ ၁၅ရက် မနက်ကတည်းက စတင်ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးအမြောက်အများ ပစ်ခတ်တိုက်ခိုက်မှုများကြားမှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တာပါ။ ရန်သူ့အလောင်း(၁၄)လောင်းအပါအဝင် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ အနီး တောင်ကြောမှာ စစ်ကောင်စီ တပ်ရဲ့ ခမရ (၅၃၆) တပ်ရင်းနဲ့ ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

▪️ဖာပွန်ခရိုင် ဒီလဝက်တိုက်ပွဲများအတွင်း အရာရှိအပါအဝင် စစ်ကောင်စီတပ် ၁၇ဦးသေဟု KNU အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင်မှာ အခု ဖေဖော်ဝါရီလဝက်အတွင်း တိုက်ပွဲပေါင်း ၄၅ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ လဝက်တိုက်ပွဲများမှာ စစ်ကောင်စီဘက်က ၁၇ဦးသေဆုံးကာ ၃၉ဦး ဒဏ်ရာရရှိခဲ့ပြီး KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)ဘက်မှ ၇ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီဘက်မှ သေဆုံးသူတွေထဲ တပ်ခွဲမှူးအဆင့် အရာရှိတစ်ဦးပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခု စခန်းစွန့် ခွာ ရုတ်သိမ်းသွားခဲ့တယ်လို့ KNU က အသိပေးပါတယ်။

▪️ဆီဆိုင်နဲ့ ဟိုပုန်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အရှင်မိ

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုဆက်လက်ပြုလုပ်ရာ မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို အရှင်မိပြီး လက်နက်အချို့ရခဲ့တယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။ စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်များမှ ချောင်းမြောင်းပစ်ခတ်ခြင်းကြောင့် မနေ့က ထိတွေ့မှုအချို့ရှိခဲ့ပြီး PNLAက နယ်မြေရှင်းလင်းရာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ PNLAက အသိပေးထားပါတယ်။ မနေ့က ဆီဆိုင်မြို့မြောက်ဘက် တနေရာမှာလည်း စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်အဖွဲ့ကို တားဆီးရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PNLAက ထုတ်ပြန်ခဲ့ပြီး တိုက်ပွဲအတွင်း (၆၀)မမပြောင်းတို တစ်လက်နဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

▪️ဆောမြို့မှ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး လက်နက်နှင့်အတူ CDMဝင်

မကွေးတိုင်း၊ ဆောမြို့မရဲစခန်းမှ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး လက်နက်နှင့်အတူ ဂန့်ဂေါခရိုင်၊ အမှတ်(၃)တပ်ရင်းကို လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်လာတယ်လို့ မကွေးတိုင်းကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အင်အား ၈၀ကျော်ဖြင့် တပ်စွဲထားတဲ့ ဆောမြို့မရဲစခန်းမှ စစ်ကောင်တပ်မှ တပ်ကြပ်ကြီးဟာ ဖေဖော်ဝါရီ ၁၁ ရက်က CDMဝင်ရောက်ခဲ့ပြီး ၎င်းနှင့်အတူ MA-2အမျိုးအစားသေနတ်နဲ့ လက်နက်ခဲယမ်းများပါဝင်လာတယ်လို့ အသိပေးပါတယ်။ ပုံမှန်အချိန်မှာ စခန်းမှ မြို့ထဲကို မထွက်ရဲတဲ့ စစ်ကောင်စီတပ်သားများဟာ အဲဒီနေ့က CDMဝင်လာတဲ့ တပ်ကြပ်
ကြီးနောက်ကို လိုက်ဖို့ ပြင်ဆင်မှုများကြောင့် ကာကွယ်ရေးရဲဘော်များနဲ့ ဆောမြို့အတွင်း လုံခြုံယူရတဲ့အခြေအနေများရှိတယ်လို့ ဆောမြို့ခံတစ်ဦးကပြောပါတယ်။

▪️စစ််ကိုင်းတိုင်းမှာ မြို့နယ်လေးခုထက်မနည်း စစ်ရေးတင်းမာ

စစ်ကိုင်းတိုင်းအတွင်း နယ်မြေချင်းထိစပ်နေတဲ့ ယင်းမာပင်၊ ဘုတလင်၊ ကနီနဲ့ မင်းကင်းမြို့နယ်တို့မှာ စစ်ရေးတင်းမာနေပြီး နေရာအချို့မှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။ မင်းကင်းမြို့နယ်မှ ပျူစောထီးစခန်းများကို ဖေဖော်ဝါရီ ၇ရက်ကစလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်ပြီး ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲဆက်ဖြစ်နေတာပါ။ မင်းကင်းမြို့နှင့်ထိစပ်နေတဲ့ ကနီမြို့မှာလည်း မနေ့က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တနေကုန် လေကြောင်းမှကင်းထောက်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ ဘုတလင်မြို့မှာလည်း မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဖေဖော်ဝါရီ ၁၂ရက်မှ စတင်ဝင်ရောက်လာတာကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ယင်းမာပင်မြို့မှ ခရိုင်တပ်ရင်း(၃၇)နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း နမခကို ‌ဖေဖော်ဝါရီ ၁၅ရက်မှာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

▪️ဝမ်းတွင်းမြို့နယ် ပျူခေါင်းဆောင်တစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် သေနတ်ဖြင့် ပစ်သတ်ခံရ
👍391🤣1
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ပြည်သူ့စစ်(ခ)ပျူစောထီးသင်တန်းအတွက် လူစုပေးနေတဲ့ ပျူခေါင်းဆောင်တစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့ပေါ်ရှိ တော်ဝင်လက်ဖက်ရည်ဆိုင်မှာ ပျူခေါင်းဆောင် နန္ဒကျော်ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးခဲ့တယ်လို့ Wundwin township Revolution Force အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ သူ့ဆီက သေနတ်တစ်လက်သိမ်းဆည်းရမိခဲ့ပေမယ့် ကော်စေ့သေနတ် ဖြစ်နေတယ်လို့ သိရပါတယ်။
👍27🤣2
IEC ကဒီးမော့ဆို -မော်ချီး-မယ်စဲ့ယာဥ်လိုင်းစတင်​ပြေးဆွဲ

ရဲခေါင်/People's Spring

ကရင်နီ​ပြည်တွင် တော်လှန်​ရေးအဖွဲ့များထိန်းချုပ်​ဒေသများတိုးလာပြီး​နောက် ဒီးမော့ဆို -မော်ချီး-မယ်စဲ့ယာဥ်လိုင်းကို
ကရင်နီပြည်ကြားကာလအုပ်ချုပ်​ရေးကောင်စီ (IEC) က စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

IEC ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန၏ သယ်ယူပို့ဆောင်ရေးဌာနခွဲမှ ယာဥ်လိုင်းပြေးဆွဲ ခြင်းဟု သိရသည်။

IEC သယ်ယူပို့ဆောင်ရေးဌာနခွဲမှ ယာဥ်လိုင်းတာဝန်ရှိသူများကိုလည်း ပူးတွဲ ထုတ်ပြန်ခဲ့ပြီး ညွှန်ကြားရေးမှူးအဖြစ် သံချောင်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် တိမ် တိုက်၊တူ့တူ
နှင့် ဦးစီးမှူးအဖြစ် ရန်ပြုံး (နိုနို့) တို့ ဖြစ်ကြောင်းသိရသည်။

ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကို ဖေဖော်ဝါရီ ၁၂ ရက်က ဖွဲ့စည်းခဲ့ပြီး ၎င်း ဌာနမှူးကြီးအဖြစ် ဦး အယ်ဖောင်းရှိုကို IEC က တာဝန်ပေးထားသည်
ဦးအယ်ဖောင်းရှို မှာ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်တွင် ကယားပြည်နယ် ဝန်ကြီးချုပ်တာဝန်ထမ်း​ဆောင်ခဲ့သူဖြစ်သည်။

ယာဥ်လိုင်းသစ်​ပြေးဆွဲမှုနှင့်ပတ်သက်၍ People's Spring က ဦးအယ်ဖောင်းရှို ကိုဆက်သွယ်​မေးမြန်းရန်ကြိုးစား​နေ​​သော်လည်း ဆက်သွယ်မရ​သေးပါ။

ကရင်နီ​ပြည်ဒေသခံတစ်ဦးက"အခုက ပထမဆုံးလုပ်တဲ့ ယာဥ်လိုင်းဆိုတော့ နေ့စဥ် ခရီးစဥ်တော့မဟုတ်သေးဘူး သိရတယ်။အဓိကတော့ကုန်စည်ပြတ်လပ်မှုရှိနိုင်တဲ့ နေရာတွေ နဲ့ ဒေသတွင်းခရီးသွားမယ့်သူတွေအတွက်အထောက် အကူဖြစ်ဖို့ မျှော်မှန်းထားတာ ဖြစ်လိမ့်မယ်"ဟု လူထုနွေဦးသို့ ပြောသည်။

IEC ကို ယမန်နှစ် ဇွန်လ ၆ ရက်က စတင် ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အကောင် အထည်ဖော်ရန်
နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် အပါအဝင်လူထု၏ ကျန်းမာရေး၊ပညာရေး၊စားနပ်
ရိက္ခာ နှင့် အခြေ ခံလိုအပ်ချက်ကို ဖြည့်ဆည်းမည်ဟု ကတိပြုထားသည်။

မြေပြင် စစ်ရေးတွင်လည်း ကရင်နီပူးပေါင်းတပ်က ဒီးမော့ဆို၊မော်ချီး၊ရွာသစ် နှင့် ရှားတောမြို့နယ်တို့ကို ထိန်းချုပ်ထားနိုင်ပြီး မယ်စဲ့မြို့ကိုမူ ယမန်နှစ်က တည်းက အလုံးစုံ သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်ဓ
👍504🤣2