People's Spring
62.7K subscribers
66.6K photos
1.17K videos
7 files
2.9K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာအား တွေ့ရစဥ်(ဓာတ်ပုံ-ပေးပို့)
👏30👍8🖕2
ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာရွာ စစ်တပ်စီးနင်းပြီး လူငယ်တစ်ဦးသတ်ဖြတ်

အင်ကြင်း/People's Spring

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ အောင်ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လူငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၁၅ ရက် ည ၉ နာရီခွဲခန့်က အောင်ချမ်းသာကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းကာ နေအိမ်များအား ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေစဥ် လူငယ်အမျိုးသားတစ်ဦးက ထွက်ပြေး၍ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

"အမျိုးမျိုးကြားနေရတယ်။ မူးယစ်ဆေးဝါးဂိုဏ်းဖမ်းတယ်ဆိုတာရော၊ ထောက်ပို့ဆိုတာကော အတိအကျတော့မသိရဘူး။ တစ်ဦးတော့သေတယ်။"ဟု ပြင်ဦးလွင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ပစ်သတ်ခံရသူမှာ အသက်(၂၀)အရွယ် ကိုဝေယံ ဆိုသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် ကျေးရွာအတွင်းရှိ လူငယ်အချို့လည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်မြို့တော်ဖြစ်သော ပြင်ဦးလွင်သည် PDF များလာရောက်တိုက်ခိုက်မည်စိုးရိမ်၍ လုံခြုံရေးအထူးတင်းကြပ်ထားသော ဒေသတစ်ခုဖြစ်သည်။
😢24👍16🤬15😁3
👍24😁3👎1
(ပြင်ဦးလွင်မြို့ရှိ နာရီစင်ရှိရာနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
👍27😁2👎1
ယင်းမာပင်၊ဘုတလင်၊ကနီနှင့် မင်းကင်းမြို့နယ်တို့၌ စစ်ရေးတင်းမာနေပြီး နေရာအချို့ တိုက်ပွဲဖြစ်နေ

ရွှေပြည်စိုး/People's Spring

စစ်ကိုင်းတိုင်းအတွင်း နယ်မြေချင်းထိစပ်နေသော ယင်းမာပင်၊ဘုတလင်၊ကနီနှင့် မင်းကင်းမြို့နယ်တို့၌ စစ်ရေးတင်းမာနေပြီး နေရာအချို့တွင် တိုက်ပွဲဖြစ်ပွားနေသည်။

မင်းကင်းမြို့နယ်မှ ပျူစောထီးစခန်းများကို ဖေဖော်ဝါရီ၇ရက်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့(ဖေဖော်ဝါရီ ၁၇ရက်)နံနက်အထိ တိုက်ပွဲဆက်ဖြစ်နေသည်။

"ဒီမနက်တိုက်ပွဲမှာ ပျုရွာကို စစ်တပ်က ဗုံးမှားကြဲသွားတယ်။ ကာကွယ်ရေးရဲဘော်သုံးဦး မိုင်းထိပေမယ့် အသေးစားဒဏ်ရာပဲရတာပါ"ဟု မင်းကင်းမြို့နယ်မှ မြေပြင်စစ်ရေးသတင်းမြစ်တစ်ဦးက ပြောသည်။

မင်းကင်းမြို့နှင့်ထိစပ်နေသော ကနီမြို့တွင်လည်း ယမန်နေ့(ဖေဖော်ဝါရီ ၁၆ရက်)က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တနေကုန် လေကြောင်းမှကင်းထောက်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

"တအုံတောင်ရိုးကို ဗုံးကြဲတာ။ လူထိခိုက်မှု မရှ်ိခဲ့လို့တော်သေးတာ။ ယင်းမာပင်ကတော့ ပုလဲဘက်က ဝင်လာတဲ့ စစ်ကြောင်းရှိနေတယ်"ဟု ကနီမြို့ခံတဦးက ပြောသည်။

ကနီမြို့နှင့် ချင်းတွင်းမြစ်ခြားလျက်ရှိနေသော ဘုတလင်မြို့သို့ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၂ရက်မှ စတင်ဝင်ရောက်လာ၍ ဒေသခံများထွက်ပြေးတိမ်း ရှောင်နေကြရသည်။

အဆိုပါ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပိတ်ဆို့တိုက်ခိုက်မှုများပြုလုပ်နေသည်။

ယင်းမာပင်မြို့မှ၏ ခရိုင်တပ်ရင်း(၃၇)နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း နမခကို ‌ဖေဖော်ဝါရီလ ၁၅ရက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။သို့သော် ထိခိုက်မှုအခြေအနေကို လတ်တလော၌မသိရှိရသေးပေ။

စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသိမ်းယူထားသော ကောလင်းမြို့ကို ပြန်လည်တိုက်ခိုက်နေစဉ် တစ်ချိန်တည်း၌ စစ်ကိုင်းတိုင်းရှိမြို့နယ်အချို့ကိုလည်း စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာခြင်း ပြည်သူ့ကာကွယ်ရေးရဲဘော်ချို့က ပြောသည်။
👍43🔥1👏1
👍25🔥1
ရွှေကူမြို့နယ်တိုက်ပွဲတွင် ဖမ်းမိသောစစ်ကောင်စီတပ်သားအား ဆေးကုသပေးပြီးပြန်လွှတ်ပေး

ရဲခေါင်/People's Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ရွှေငြိမ်းချမ်းကျေးရွာအနီးတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားတစ်ဦးကို ဆေးဝါးကုသပေးပြီးနောက် လမ်းစရိတ်ပေး၍ ပြန် လွှတ်လိုက် ကြောင်း မြို့လှ K-PDF က ယနေ့ အသိပေးသည်။

စစ်ကောင်စီ​၏ ခလရ (၁၀)အထိုင်စခန်းကုန်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မြို့လှ K-PDF တပ်ရင်းတို့မှ စခန်းသိမ်းရာတွင် ခလရ(၁၀)တပ်စခန်းမှ တပ်သား ညီညီအောင် အား စစ်သုံးပန်းအဖြစ်ဒဏ်ရာများနှင့် ဖမ်းဆီးရမိခဲ့ခဲ့ခြင်းဟု ဆိုသည်။

တပ်သားညီညီအောင်အား KIAတပ်ရင်းမှ ဆေးဝါးများကုသမှု့ပေးပြီး ပုံမှန်အတိုင်းပြန် ကောင်းသွားပြီးနောက် KIA အမှတ်(၅)တပ်ရင်းမှ လမ်းစရိတ်များပေးအပ်ပြီး ယခုလ ၁၃ ရက်က လွှတ်ပေးခဲ့ကြောင်း အသိပေးသည်။

"ခလရ (၁၀)အထိုင်စခန်းကုန်းကို သိမ်းနိုင်တာက ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ၁ ရက်နေ့က။ လက်နက် ရှစ်လက်နဲ့ ခဲယမ်းတွေ သိမ်းမိခဲ့တာရှိတယ်။မြို့လှK-PDF တပ်ရင်းဘက်ကတော့ ပြည်သူ့ရဲဘော် သုံးဦးဒဏ်ရာရတယ် မစိုးရိမ်ရအခြေနေလောက်ပါပဲ"မြို့လှ K-PDF ပြောသည်။

ကချင်ပြည်နယ်၊ရွှေကူမြို့ရှိ ရွှေငြိမ်းချမ်းကျေးရွာအနီးရှိ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်သားလေးဦးထက်မနည်းသေဆုံးကြောင်း မြို့လှ K-PDFက ကနဦး ထုတ်ပြန်ထားသည်။

ခလရ(၁၀)စစ်ကောင်စီစခန်းကုန်းအပါအဝင် ခမရ (၃၈၇)စစ်တပ်အခြေစိုက် ပန်းခွန်ရံနှင့် ခလရ(၇၇)တပ်စွဲထားသော ကျောက်ကြီးကျေးရွာရှိ စခန်းများကို KIA နှင့် K-PDF က ပူးပေါင်း၍ သိမ်းပိုက်ထားသည်။
👍30🤣6🤬42
🤣19👍131
(ဆေးကုသပေးပြီးနောက် လမ်းစရိတ်ပေးပြီး ပြန်လွှတ်ပေးခဲ့သော စစ်ကောင်စီတပ်သားအား တွေ့ရစဉ်။ ဓာတ်ပုံ - K-PDF)
🤣21👍16🤮3
︎ကဗျာ

“ဘစ်ဘရားသားကို စောင့်ကြည့်ခြင်း”

▪️မြတ်

ဘစ်ဘရားသားရေ …
ခင်ဗျားများစောင့်ကြည့်နေမလားလို့
တထိတ်ထိတ်နဲ့ ရေးလိုက်တာပါပဲ။
အကြောက်တရားဆိုတာ ဖြစ်မလာသေးတာကို
တွေးပူနေတဲ့စိတ်ကို ခေါ်တာတဲ့။
သိကြားမင်းရဲ့ ခွေးသားရေ ပုရပိုက်ထဲ
ကိုယ့်နာမည်ပါသွားမှာ စိုးရိမ်သလိုမျိုးပေါ့။
တကယ်တော့ သိကြားမင်းဆိုတာ
ခင်ဗျားရော၊ ကျုပ်ပါ မြင်ဖူးတာမှ မဟုတ်တာ၊
ခေတ်သစ် စကြ၀တေးမင်းတွေက
ခွေးသားရေ ပုရပိုက်အစား
ဆိုရှယ်မီဒီယာ ပုရပိုက်တွေထွင်လာကြတော့
ခင်ဗျားနာမည်ကြီးတောင် အဲဒီပုရပိုက်ပေါ်
အပြူးသားပေါ့။

ခု ခင်ဗျားတောင် အတော်ကြောက်တတ်နေပြီ မဟုတ်လား။
တခေါက်လောက်တော့ ခင်ဗျားနဲ့ လက်ဖက်ရည်ဆိုင်လေးဘာလေးထိုင်ချင်သား။
‘ငါ့အသက်ကို မင်းအာမခံနိုင်လို့လား’
လို့တော့ လာမမေးနဲ့။
ခုခေတ်က ကိုယ့်အသက်ကိုယ်
ဖင်ခုထိုင်ထားတဲ့ခေတ်။
မသေဘဲ ကျန်တဲ့အသက်က
ကျုပ်တို့အတွက် ဘောနပ်(စ်)ပဲ။
အဲ့သလိုတွေးလိုက်တော့လည်း
ခင်ဗျားကြီးက ဘာမှမဟုတ်တော့သလိုပါပဲ။
တွေးရင်တောင်မှ အတွေးတွေကို
ဆင်ဆာလိုက်လုပ်တတ်တဲ့ မမြင်ရတဲ့
Thought Police ကြီးကို တွေး တွေးကြောက်တတ်တဲ့ 1984 အော်ဝဲလီယန်တွေကို ခေါက်ထားလိုက်တော့။
လာမယ့်နှစ်မှာ ပုရပိုက်အသစ်ရေးမယ် ။

ဘစ်ဘရားသားရေ ….
အခုကစပြီး ခင်ဗျားကိုစောင့်ကြည့်နေပြီလို့သာ
မှတ်လိုက်တော့။

( "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ​ဖော်ပြခဲ့တဲ့ ​ရေးဖွဲ့သူ မြတ် ရဲ့ 'ဘစ်ဘရားသားကို​စောင့်ကြည့်ခြင်း" ကဗျာ ကို People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။ ​အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ -
https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်း သွား​ရောက်ဖတ်ရှုနိုင်ပါတယ်။ )
👍336🤮1
👏19👍12🤮1
ဆောမြို့မှ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး
လက်နက်အတူ CDMဝင်

စောနွေဦး/People's Spring

မကွေးတိုင်း၊ ဆောမြို့မရဲစခန်းမှ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး လက်နက်အတူ ဂန့်ဂေါခရိုင် ၊အမှတ် (၃)တပ်ရင်းကို လက်နက်ခဲယမ်းများ နှင့် အတူ CDM ဝင်လာကြောင်း မကွေးတိုင်းကွပ်ကဲရေးရုံးသတင်းထုတ်ပြန်ထားသည်။

အင်အား ၈၀ကျော်ဖြင့် တပ်စွဲထားသည့် ဆောမြို့မရဲစခန်းမှ စစ်ကောင်တပ်မှ တပ်ကြပ်ကြီးသည် ဖေဖော်ဝါရီ ၁၁ ရက်က CDMဝင်ရောက်ခဲ့ပြီး ၎င်းနှင့်အတူ MA-2အမျိုးအစားသေနတ်နှင့်လက်နက်ခဲယမ်းများပါဝင်လာကြောင်း အဆိုပါကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားသည်။

“တပ်ကြပ်ကြီးတစ်ဦး အလင်းဝင်လာတော့ စစ်ကောင်စီစခန်းက ခွေးတွေက လှုပ်လှုပ်ရှားရှားဖြစ်သေးတယ်။ PDFတွေက အင်အားများတော့ သူတို့လည်း မလှုပ်သာဖူးဖြစ်သွားတာပေါ့”ဟု ဆောမြို့အခြေစိုက်ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ပုံမှန်အချိန်တွင် စခန်းမှ မြို့ထဲကိုမထွက်ရဲသည့် စစ်ကောင်စီတပ်သားများသည် ထိုနေ့က CDMဝင်လာသည့် တပ်ကြပ်
ကြီးနောက်ကို လိုက်ရန် ပြင်ဆင်မှုများကြောင့် ကာကွယ်ရေးရဲဘော်များနှင့် ဆောမြို့အတွင်း လုံခြုံယူရသည့်အခြေအနေ
များရှိသည်ဟု ဆောမြို့ခံတစ်ဦးကပြောသည်။

အဆိုပါတပ်ကြပ်ကြီးသည်စစ်​ကောင်စီ၏ လုပ်ရပ်များကို သဘောမကျသောကြောင့် CDMဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ MA-2 တစ်လက်၊ ကျည် ၆၀၀ အပါအဝင် ခဲယမ်းများယူဆောင်ခဲ့ပြီး တပ်ရင်း အမှတ် (၃)ကို အပ်နှံခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်းအား ကာကွယ်ရေးဝန်ကြိးဌာနမှ ဂုဏ်ပြုဆုငွေ ချီးမြှင့်ရန် စီစဉ်နေသည်ဟုလည်း သိရသည်။
👍445🤣1
👍49🤣2
အလင်းဝင်လာ​သော စစ်​ကောင်စီတပ်သားက လက်နက်ခဲယမ်းများ အပ်နှံစဥ်။ဓါတ်ပုံ- PDFမကွေးတိုင်းကွပ်ကဲရေးရုံး
👍396🤣1
ဝမ်းတွင်းတွင် ပျူခေါင်းဆောင်တစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

▪️သေနတ်တစ်လက်သိမ်းဆည်းရမိသော်လည်း ကော်စေ့သေနတ်ဖြစ်နေ

အင်ကြင်း/People's Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ပြည်သူ့စစ်(ခ)ပျူစောထီးသင်တန်းအတွက် လူစုပေးနေသည့် ပျူခေါင်းဆောင်တစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (ဖေဖော်ဝါရီ၁၇ ရက်)နံနက် ၈ နာရီခွဲခန့်က ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့ပေါ်ရှိ တော်ဝင်လက်ဖက်ရည်ဆိုင်တွင် ပျူခေါင်းဆောင် နန္ဒကျော်ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးခဲ့ကြောင်း Wundwin township Revolution Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

"ဒီကောင်က ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမူးရုံးကလူကြီးတွေရဲ့ လက်ပါးစေဗျ။ တော်ရုံ စစ်သား၊ ရဲက သူ့ကိုဗိုလ်လေးလို့ခေါ်ရတာ။ စခ ရခ တွေအတွက်လိုအပ်တဲ့ မူးယစ်ဆေးတွေ သူကတာဝန်ယူရှာဖွေ ပို့ပေးတာ။ တစ်မြို့နယ်လုံးကို ပျူတွေလိုက်စုပေးရတာ။ ပျူတွေကိုခေါင်းဆောင်ပြီး ရွာတွေ မြို့ပေါ်မှာ လှည့်ပါတ် ဗိုလ်ကျတာ။ပြီးရင် ဝမ်းတွင်းကဖြစ်စဉ်ကိစ္စကို မိတ္ထီလာရှမ်းတဲလေတပ်ကိုအမြဲသတင်းပို့ပေးရတာ။ စကစ ကနေ သဲတောဝမ်းတွင်းကဘယ်သူ့ကိုဖမ်းဖမ်းသူကရှေ့ဆုံးက အိမ်လိုက်ပြတယ်။
စကစအဖွဲ့ကို ဦးဆောင်ခေါ်လာတာသူက။"ဟု Wundwin township Revolution Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

၎င်းထံမှ သေနတ်တစ်လက်သိမ်းဆည်းရမိသော်လည်း အတုဖြစ်နေကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

"သေနတ်အတုကြီးပါ။ အထဲမှာကော်စေ့တွေနဲ့။"ဟု Wundwin township Revolution Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

"သဲတော-ဝမ်းတွင်းပေါ်က ပြည်သူတိုင်း
သိတဲ့ သေနတ်တကားကားနဲ့ သူ့ကိုသူ ဗိုလ်လေးဆိုပြီး လူတကာကို အနိုင်ကျင့်၊ ရွာတွေဘက်မှာ စကစအတွက် လူလိုက်စုပေးနေတဲ့ ပျူခေါင်းဆောင်နန္ဒကျော်ကို အခုမနက်မှာပဲ တော်ဝင် လက်ဖက်ရည်ဆိုင်ထဲမှာ WTRFမှ ငရဲကိုပို့ပေးလိုက်ပြီ။"ဟု Voice Of Wundwin စာမျက်နှာက ရေးသားသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ပျူအဖွဲ့ထဲသို့ ပြည်သူများအား ပို့ဆောင်ရန် စည်းရုံးနေသူများအား ပြင်းပြင်းထန်ထန် တုံပြန်သွားမည်ဖြစ်ကြောင်း Wundwin township Revolution Forceက သတိပေးထားသည်။

ဖေဖော်ဝါရီ၁၃ ရက်ကလည်း ကျောက်ဆည်မြို့နယ်တွင် စစ်မှုထမ်းဥပဒေထောက်ခံပွဲမှ ပြန်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးခေါင်းဆောင်တို့ ပစ်ခတ်ခံရပြီး ပျူခေါင်းဆောင် သေဆုံးခဲ့သေးသည်။
👏34👍13😁6🤣41🔥1😱1🍾1
👏28😁21👍81👎1
(သေဆုံးခဲ့သော ပျူခေါင်းဆောင်နှင့် ၎င်းထံမှသိမ်းဆည်းရမိသော ကော်စေ့သေနတ်အား တွေ့ရစဥ်။ ဓာတ်ပုံ - WTRF)
😁30👏12👍7🤣6😱1
NMSPဦးဆောင်မှု တစ်စုတစည်းတည်းဖြစ်စေရန်အရေးကြီး၍ ခွဲထွက်သွားသူများ ပြန်လာရေးကြိုးပမ်းမည်ဟုဆို

မောင်မောင်/People’s Spring

မွန်ပြည်သစ်ပါတီ(NMSP)၏ ဦးဆောင်မှုအခန်းကဏ္ဍ တစ်စုတစ်စည်းတည်းဖြစ်စေရန် အလွန်အရေးကြီးသောကြောင့် NMSP အနေဖြင့် သံဃာတော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များနှင့် လက်တွဲ၍ ခွဲထွက်သွားသူများအား မိခင်ပါတီထံသို့ ပြန်လာနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NMSPက ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန် ကြေညာသည်။

NMSP၏ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောတို့က NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ကို ဖွဲ့ စည်းပြီး စစ်ကောင်စီကို တိုက်ခိုက်မည်ဟု ကြေညာခဲ့သည့်အပေါ် NMSP မှ ကျန်နေသည့် အင်အားစုက ယခုကဲ့သို့ အသိပေးကြေညာချက် ဖော်ပြလာခြင်းဖြစ်သည်။

စစ်ကောင်စီအား တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီအတွင်း လက်ခံသူနှင့် လက်မခံသူစသည်ဖြင့် သဘောထားကွဲလွဲနေခဲ့ကြသည်မှာ ကြာပြီးဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရေးကို လက်ခံထားသူအရေအတွက် များပြားသဖြင့် လက်မခံသူများဘက်မှ အလျှော့ပေးခဲ့ရသည်ကို ကျေနပ်မှုမရှိခဲ့ရာ NMSP၏ (၁၁)ကြိမ်မြောက် ညီလာခံတွင်အမြင်သဘောထား ပိုကွဲလာကြောင်း၊ စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေး ခြင်းမပြုရန် သဘောထားခြင်း တိုက်ဆိုင်မှုရှိသော်လည်း စစ်ကောင်စီနှင့်အဆက်သွယ်မဖြတ်ဘဲ ဆက်လက် ဆက်ဆံနေသင့်သည်ဟု ဆိုသည့်ဘက်က အားသာသွား၍ နိုင်ဇေယျဦးဆောင်သည့် အဖွဲ့မှလက်ခံခြင်းမရှိခဲ့ကြောင်း NMSP ဗဟိုအလုပ်အမှုဆောင် ကော်မတီက ရှင်းပြသည်။

"သဘောက ချက်ချင်းထဖြစ်တာ မဟုတ်ဘူး။ဟိုးအစကတည်းကဒီအမြင် နှစ်ဖက်က ဖြစ်လာခဲ့ကြတာ။ အဲဒီတော့တစ်ဖက်နဲ့တစ်ဖက်က ညှိနှိုင်းလာခဲ့တာပေါ့။ အချိန်ပေးခဲ့ကြတာပေါ့။ ဒါပေမဲ့ နောက်ဆုံးကျတော့ အချိန်လည်း သိပ်မရှိတော့ဘူး။ ဒီအခြေအနေမှာ ဒီအခွင့်အခါကောင်း (စစ်အာဏာရှင်တိုက်ဖျက်ရေး အခွင့်အခါကောင်း)ကို လက်ဆုပ်လက်ကိုင် လုပ်ပြီးတော့မှ ထလုပ်တော့မှ ဖြစ်တော့မယ်ဆိုပြီးထလုပ်တာပါ။ ဒီလိုပဲနားလည်တယ်”ဟု NSMP သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

အမျိုးသားလွတ်မြောက်ရေးအတွက် မွန်တစ်မျိုးသားလုံးအနေဖြင့် တစ်သံတည်းထွက်ပေါ်စေရေးနှင့် မွန်ပြည်သစ်ပါတီ၏ ဦးဆောင်မှုအခန်းကဏ္ဍလည်း တစ်စုတစ်စည်းတည်းဖြစ်စေရန် အလွန်အရေးကြီး၍ ခွဲထွက်သွားသူများအား မိခင်ပါတီထံသို့ ပြန်လာနိုင်ရန် ကြိုးပမ်းဆောင်ရွက် ဒသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

NMSP ဗဟိုအလုပ်အမှုဆောင်အမည်ဖြင့် ထုတ်ပြန်သည် ခွဲထွက်သူများ ပြန်လာနိုင်ရေးကိစ္စ မှာလတ်တလော အခြေအနေတွင် မဖြစ်နိုင်သေးဟုလည်း NMSPသတင်းရင်းမြစ်က ပြောပြသည်။

NMSPအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှု သုံးကြိမ်ပြုလုပ်ခဲ့သော်လည်းမည်သည့် ရလဒ်မှမရှိဘဲ စစ်ကောင်စီ အလိုကျနေထိုင်ခဲ့ကြရ၍ မွန်အမျိုးသားနှင့်NMSPအတွက် ဂုဏ်သိက္ခာ ကျဆင်းခဲ့ရကြောင်း NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားလယ်က ပြောကြားထားသည်။

တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲ ဝင်နေသည့် အချိန်တွင် အချိန်အခါကောင်းကို အမိအရ ဆုပ်ကိုင် တော်လှန်သင့်ပြီဖြစ်ကြောင်း အမြင်သဘောထားအရ စစ်ကောင်စီကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း နိုင်ဗညားလယ်က ပြောပြသည်။
👍54😁5