ပေါက်ခေါင်းတွင် လူသတ်မှုလာစုံစမ်းသည့် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ
ကျော်ဇော/People's Spring
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် လူသတ်မှုလာရောက်စုံစမ်းသည့် စစ်ကောင်စီတပ်ယာဥ် တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁(PPDF)မှ ဆက်သွယ်ရေးနှင့် ပြန်ကြား ရေးတာဝန်ခံက ပြောသည်။
ပေါက်ခေါင်းမြို့နယ် တောင်လည်ကျေးရွာဘက်မှညောင်ဝန်းကားလမ်းသို့ ဆိုင်ကယ်သုံးစီး၊ Probox ကားတစ်စီးဖြင့် ရှေ့ပွိုင့်အနေနှင့်ထွက်လာသော စစ်ကောင်စီယာဥ်တန်းကို
တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၅)တောဘုရင်အဖွဲ့နှင့် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ(၃)တပ်စု(၂)တို့မှ ယ မန်နေ့ နံနက် ၉ နာရီခန့်တွင် ပတ်လည်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားရာ သေဆုံးရုပ်အလောင်းနှင့် ဒဏ်ရာရသူများကို ပြန်လည်သယ်ဆောင်၍ တောင်လည် ကျေးရွာဘက်သို့ ပြန်ဆုတ်သွားကြောင်း တပ်ရင်း ၃၆၀၁ မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
"ပေါက်ခေါင်းကနေပြီးတော့မှ စကစ တွေကလာတာ။ ညောင်ဝန်းမှာလူသတ်မှုရှိလို့ဆိုပြီးလာပြီးတော့ စစ်တာဆေးတာ လုပ်တာ။ ကျနော်တို့က သတင်းကြိုရလို့ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက် လိုက်တာပါ"ဟု ၎င်းက ဆက်ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက် မှစစ်ရေးအရှိန်မြှင့်တင်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်စစ် သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပျုစောထီးများနှင့် အတူတကွနေထိုင်ခြင်းမပြုဘဲ ရှောင်ရှားသွားလာနေထိုင်ကြရန် တိုက်တွန်းထားသည်။
ထို့အပြင် အကြိမ်ကြိမ်အသိပေးသည့်ကြားမှ လိုက်နာခြင်းမပြုဘဲ သွားလာနေထိုင်မိ၍ အန္တရာယ်တစုံတရာဖြစ်ပေါ်လာပါက မိမိတာဝန်သာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံးဝလုံးဝတာဝန်ယူဖြေရှင်းသွားမည်မဟုတ်ကြောင်း အသိပေးထားသည်။
ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ ပေါ်လံကြီးကျေးရွာတွင် အထိုင်ချတပ်ဆွဲထားသော အင်အား ၃၀ကျော်ရှိ စစ် ကောင်စီတပ်ကို ပြည်ခရိုင်တပ်ရင်း ၃၆၀၁ (PPDF)၊ တပ်ခွဲ(၅)တောဘုရင်အ ဖွဲ့နှင့် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ(၄)TPDF အဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။
တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ရာ အင်အားထပ်တိုး၍ ပေါ်လံကြီး၌ ဆက်လက်တပ်ဆွဲထားကြောင်း စုံစမ်းသိရသည်။

👍54❤4👏4🔥1
စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာအား တွေ့ရစဥ်(ဓာတ်ပုံ-ပေးပို့)
👏30👍8🖕2
ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာရွာ စစ်တပ်စီးနင်းပြီး လူငယ်တစ်ဦးသတ်ဖြတ်
အင်ကြင်း/People's Spring
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ အောင်ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လူငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီလ ၁၅ ရက် ည ၉ နာရီခွဲခန့်က အောင်ချမ်းသာကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းကာ နေအိမ်များအား ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေစဥ် လူငယ်အမျိုးသားတစ်ဦးက ထွက်ပြေး၍ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
"အမျိုးမျိုးကြားနေရတယ်။ မူးယစ်ဆေးဝါးဂိုဏ်းဖမ်းတယ်ဆိုတာရော၊ ထောက်ပို့ဆိုတာကော အတိအကျတော့မသိရဘူး။ တစ်ဦးတော့သေတယ်။"ဟု ပြင်ဦးလွင်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ပစ်သတ်ခံရသူမှာ အသက်(၂၀)အရွယ် ကိုဝေယံ ဆိုသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် ကျေးရွာအတွင်းရှိ လူငယ်အချို့လည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
စစ်တပ်မြို့တော်ဖြစ်သော ပြင်ဦးလွင်သည် PDF များလာရောက်တိုက်ခိုက်မည်စိုးရိမ်၍ လုံခြုံရေးအထူးတင်းကြပ်ထားသော ဒေသတစ်ခုဖြစ်သည်။

😢24👍16🤬15😁3
ယင်းမာပင်၊ဘုတလင်၊ကနီနှင့် မင်းကင်းမြို့နယ်တို့၌ စစ်ရေးတင်းမာနေပြီး နေရာအချို့ တိုက်ပွဲဖြစ်နေ
ရွှေပြည်စိုး/People's Spring
စစ်ကိုင်းတိုင်းအတွင်း နယ်မြေချင်းထိစပ်နေသော ယင်းမာပင်၊ဘုတလင်၊ကနီနှင့် မင်းကင်းမြို့နယ်တို့၌ စစ်ရေးတင်းမာနေပြီး နေရာအချို့တွင် တိုက်ပွဲဖြစ်ပွားနေသည်။
မင်းကင်းမြို့နယ်မှ ပျူစောထီးစခန်းများကို ဖေဖော်ဝါရီ၇ရက်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့(ဖေဖော်ဝါရီ ၁၇ရက်)နံနက်အထိ တိုက်ပွဲဆက်ဖြစ်နေသည်။
"ဒီမနက်တိုက်ပွဲမှာ ပျုရွာကို စစ်တပ်က ဗုံးမှားကြဲသွားတယ်။ ကာကွယ်ရေးရဲဘော်သုံးဦး မိုင်းထိပေမယ့် အသေးစားဒဏ်ရာပဲရတာပါ"ဟု မင်းကင်းမြို့နယ်မှ မြေပြင်စစ်ရေးသတင်းမြစ်တစ်ဦးက ပြောသည်။
မင်းကင်းမြို့နှင့်ထိစပ်နေသော ကနီမြို့တွင်လည်း ယမန်နေ့(ဖေဖော်ဝါရီ ၁၆ရက်)က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တနေကုန် လေကြောင်းမှကင်းထောက်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။
"တအုံတောင်ရိုးကို ဗုံးကြဲတာ။ လူထိခိုက်မှု မရှ်ိခဲ့လို့တော်သေးတာ။ ယင်းမာပင်ကတော့ ပုလဲဘက်က ဝင်လာတဲ့ စစ်ကြောင်းရှိနေတယ်"ဟု ကနီမြို့ခံတဦးက ပြောသည်။
ကနီမြို့နှင့် ချင်းတွင်းမြစ်ခြားလျက်ရှိနေသော ဘုတလင်မြို့သို့ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၂ရက်မှ စတင်ဝင်ရောက်လာ၍ ဒေသခံများထွက်ပြေးတိမ်း ရှောင်နေကြရသည်။
အဆိုပါ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပိတ်ဆို့တိုက်ခိုက်မှုများပြုလုပ်နေသည်။
ယင်းမာပင်မြို့မှ၏ ခရိုင်တပ်ရင်း(၃၇)နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း နမခကို ဖေဖော်ဝါရီလ ၁၅ရက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။သို့သော် ထိခိုက်မှုအခြေအနေကို လတ်တလော၌မသိရှိရသေးပေ။
စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသိမ်းယူထားသော ကောလင်းမြို့ကို ပြန်လည်တိုက်ခိုက်နေစဉ် တစ်ချိန်တည်း၌ စစ်ကိုင်းတိုင်းရှိမြို့နယ်အချို့ကိုလည်း စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာခြင်း ပြည်သူ့ကာကွယ်ရေးရဲဘော်ချို့က ပြောသည်။

👍43🔥1👏1
ရွှေကူမြို့နယ်တိုက်ပွဲတွင် ဖမ်းမိသောစစ်ကောင်စီတပ်သားအား ဆေးကုသပေးပြီးပြန်လွှတ်ပေး
ရဲခေါင်/People's Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ရွှေငြိမ်းချမ်းကျေးရွာအနီးတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားတစ်ဦးကို ဆေးဝါးကုသပေးပြီးနောက် လမ်းစရိတ်ပေး၍ ပြန် လွှတ်လိုက် ကြောင်း မြို့လှ K-PDF က ယနေ့ အသိပေးသည်။
စစ်ကောင်စီ၏ ခလရ (၁၀)အထိုင်စခန်းကုန်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မြို့လှ K-PDF တပ်ရင်းတို့မှ စခန်းသိမ်းရာတွင် ခလရ(၁၀)တပ်စခန်းမှ တပ်သား ညီညီအောင် အား စစ်သုံးပန်းအဖြစ်ဒဏ်ရာများနှင့် ဖမ်းဆီးရမိခဲ့ခဲ့ခြင်းဟု ဆိုသည်။
တပ်သားညီညီအောင်အား KIAတပ်ရင်းမှ ဆေးဝါးများကုသမှု့ပေးပြီး ပုံမှန်အတိုင်းပြန် ကောင်းသွားပြီးနောက် KIA အမှတ်(၅)တပ်ရင်းမှ လမ်းစရိတ်များပေးအပ်ပြီး ယခုလ ၁၃ ရက်က လွှတ်ပေးခဲ့ကြောင်း အသိပေးသည်။
"ခလရ (၁၀)အထိုင်စခန်းကုန်းကို သိမ်းနိုင်တာက ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ၁ ရက်နေ့က။ လက်နက် ရှစ်လက်နဲ့ ခဲယမ်းတွေ သိမ်းမိခဲ့တာရှိတယ်။မြို့လှK-PDF တပ်ရင်းဘက်ကတော့ ပြည်သူ့ရဲဘော် သုံးဦးဒဏ်ရာရတယ် မစိုးရိမ်ရအခြေနေလောက်ပါပဲ"မြို့လှ K-PDF ပြောသည်။
ကချင်ပြည်နယ်၊ရွှေကူမြို့ရှိ ရွှေငြိမ်းချမ်းကျေးရွာအနီးရှိ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်သားလေးဦးထက်မနည်းသေဆုံးကြောင်း မြို့လှ K-PDFက ကနဦး ထုတ်ပြန်ထားသည်။
ခလရ(၁၀)စစ်ကောင်စီစခန်းကုန်းအပါအဝင် ခမရ (၃၈၇)စစ်တပ်အခြေစိုက် ပန်းခွန်ရံနှင့် ခလရ(၇၇)တပ်စွဲထားသော ကျောက်ကြီးကျေးရွာရှိ စခန်းများကို KIA နှင့် K-PDF က ပူးပေါင်း၍ သိမ်းပိုက်ထားသည်။

👍30🤣6🤬4❤2
(ဆေးကုသပေးပြီးနောက် လမ်းစရိတ်ပေးပြီး ပြန်လွှတ်ပေးခဲ့သော စစ်ကောင်စီတပ်သားအား တွေ့ရစဉ်။ ဓာတ်ပုံ - K-PDF)
🤣21👍16🤮3
▪︎ကဗျာ
“ဘစ်ဘရားသားကို စောင့်ကြည့်ခြင်း”
▪️မြတ်
ဘစ်ဘရားသားရေ …
ခင်ဗျားများစောင့်ကြည့်နေမလားလို့
တထိတ်ထိတ်နဲ့ ရေးလိုက်တာပါပဲ။
အကြောက်တရားဆိုတာ ဖြစ်မလာသေးတာကို
တွေးပူနေတဲ့စိတ်ကို ခေါ်တာတဲ့။
သိကြားမင်းရဲ့ ခွေးသားရေ ပုရပိုက်ထဲ
ကိုယ့်နာမည်ပါသွားမှာ စိုးရိမ်သလိုမျိုးပေါ့။
တကယ်တော့ သိကြားမင်းဆိုတာ
ခင်ဗျားရော၊ ကျုပ်ပါ မြင်ဖူးတာမှ မဟုတ်တာ၊
ခေတ်သစ် စကြ၀တေးမင်းတွေက
ခွေးသားရေ ပုရပိုက်အစား
ဆိုရှယ်မီဒီယာ ပုရပိုက်တွေထွင်လာကြတော့
ခင်ဗျားနာမည်ကြီးတောင် အဲဒီပုရပိုက်ပေါ်
အပြူးသားပေါ့။
ခု ခင်ဗျားတောင် အတော်ကြောက်တတ်နေပြီ မဟုတ်လား။
တခေါက်လောက်တော့ ခင်ဗျားနဲ့ လက်ဖက်ရည်ဆိုင်လေးဘာလေးထိုင်ချင်သား။
‘ငါ့အသက်ကို မင်းအာမခံနိုင်လို့လား’
လို့တော့ လာမမေးနဲ့။
ခုခေတ်က ကိုယ့်အသက်ကိုယ်
ဖင်ခုထိုင်ထားတဲ့ခေတ်။
မသေဘဲ ကျန်တဲ့အသက်က
ကျုပ်တို့အတွက် ဘောနပ်(စ်)ပဲ။
အဲ့သလိုတွေးလိုက်တော့လည်း
ခင်ဗျားကြီးက ဘာမှမဟုတ်တော့သလိုပါပဲ။
တွေးရင်တောင်မှ အတွေးတွေကို
ဆင်ဆာလိုက်လုပ်တတ်တဲ့ မမြင်ရတဲ့
Thought Police ကြီးကို တွေး တွေးကြောက်တတ်တဲ့ 1984 အော်ဝဲလီယန်တွေကို ခေါက်ထားလိုက်တော့။
လာမယ့်နှစ်မှာ ပုရပိုက်အသစ်ရေးမယ် ။
ဘစ်ဘရားသားရေ ….
အခုကစပြီး ခင်ဗျားကိုစောင့်ကြည့်နေပြီလို့သာ
မှတ်လိုက်တော့။
( "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ရေးဖွဲ့သူ မြတ် ရဲ့ 'ဘစ်ဘရားသားကိုစောင့်ကြည့်ခြင်း" ကဗျာ ကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။ အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ -
https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။ )

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,240 likes · 450 talking about this. News & media website
👍33❤6🤮1
ဆောမြို့မှ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး
လက်နက်အတူ CDMဝင်
စောနွေဦး/People's Spring
မကွေးတိုင်း၊ ဆောမြို့မရဲစခန်းမှ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး လက်နက်အတူ ဂန့်ဂေါခရိုင် ၊အမှတ် (၃)တပ်ရင်းကို လက်နက်ခဲယမ်းများ နှင့် အတူ CDM ဝင်လာကြောင်း မကွေးတိုင်းကွပ်ကဲရေးရုံးသတင်းထုတ်ပြန်ထားသည်။
အင်အား ၈၀ကျော်ဖြင့် တပ်စွဲထားသည့် ဆောမြို့မရဲစခန်းမှ စစ်ကောင်တပ်မှ တပ်ကြပ်ကြီးသည် ဖေဖော်ဝါရီ ၁၁ ရက်က CDMဝင်ရောက်ခဲ့ပြီး ၎င်းနှင့်အတူ MA-2အမျိုးအစားသေနတ်နှင့်လက်နက်ခဲယမ်းများပါဝင်လာကြောင်း အဆိုပါကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားသည်။
“တပ်ကြပ်ကြီးတစ်ဦး အလင်းဝင်လာတော့ စစ်ကောင်စီစခန်းက ခွေးတွေက လှုပ်လှုပ်ရှားရှားဖြစ်သေးတယ်။ PDFတွေက အင်အားများတော့ သူတို့လည်း မလှုပ်သာဖူးဖြစ်သွားတာပေါ့”ဟု ဆောမြို့အခြေစိုက်ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
ပုံမှန်အချိန်တွင် စခန်းမှ မြို့ထဲကိုမထွက်ရဲသည့် စစ်ကောင်စီတပ်သားများသည် ထိုနေ့က CDMဝင်လာသည့် တပ်ကြပ်
ကြီးနောက်ကို လိုက်ရန် ပြင်ဆင်မှုများကြောင့် ကာကွယ်ရေးရဲဘော်များနှင့် ဆောမြို့အတွင်း လုံခြုံယူရသည့်အခြေအနေ
များရှိသည်ဟု ဆောမြို့ခံတစ်ဦးကပြောသည်။
အဆိုပါတပ်ကြပ်ကြီးသည်စစ်ကောင်စီ၏ လုပ်ရပ်များကို သဘောမကျသောကြောင့် CDMဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ MA-2 တစ်လက်၊ ကျည် ၆၀၀ အပါအဝင် ခဲယမ်းများယူဆောင်ခဲ့ပြီး တပ်ရင်း အမှတ် (၃)ကို အပ်နှံခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၎င်းအား ကာကွယ်ရေးဝန်ကြိးဌာနမှ ဂုဏ်ပြုဆုငွေ ချီးမြှင့်ရန် စီစဉ်နေသည်ဟုလည်း သိရသည်။

👍44❤5🤣1
အလင်းဝင်လာသော စစ်ကောင်စီတပ်သားက လက်နက်ခဲယမ်းများ အပ်နှံစဥ်။ဓါတ်ပုံ- PDFမကွေးတိုင်းကွပ်ကဲရေးရုံး
👍39❤6🤣1
ဝမ်းတွင်းတွင် ပျူခေါင်းဆောင်တစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ
▪️သေနတ်တစ်လက်သိမ်းဆည်းရမိသော်လည်း ကော်စေ့သေနတ်ဖြစ်နေ
အင်ကြင်း/People's Spring
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ပြည်သူ့စစ်(ခ)ပျူစောထီးသင်တန်းအတွက် လူစုပေးနေသည့် ပျူခေါင်းဆောင်တစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (ဖေဖော်ဝါရီ၁၇ ရက်)နံနက် ၈ နာရီခွဲခန့်က ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့ပေါ်ရှိ တော်ဝင်လက်ဖက်ရည်ဆိုင်တွင် ပျူခေါင်းဆောင် နန္ဒကျော်ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးခဲ့ကြောင်း Wundwin township Revolution Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
"ဒီကောင်က ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမူးရုံးကလူကြီးတွေရဲ့ လက်ပါးစေဗျ။ တော်ရုံ စစ်သား၊ ရဲက သူ့ကိုဗိုလ်လေးလို့ခေါ်ရတာ။ စခ ရခ တွေအတွက်လိုအပ်တဲ့ မူးယစ်ဆေးတွေ သူကတာဝန်ယူရှာဖွေ ပို့ပေးတာ။ တစ်မြို့နယ်လုံးကို ပျူတွေလိုက်စုပေးရတာ။ ပျူတွေကိုခေါင်းဆောင်ပြီး ရွာတွေ မြို့ပေါ်မှာ လှည့်ပါတ် ဗိုလ်ကျတာ။ပြီးရင် ဝမ်းတွင်းကဖြစ်စဉ်ကိစ္စကို မိတ္ထီလာရှမ်းတဲလေတပ်ကိုအမြဲသတင်းပို့ပေးရတာ။ စကစ ကနေ သဲတောဝမ်းတွင်းကဘယ်သူ့ကိုဖမ်းဖမ်းသူကရှေ့ဆုံးက အိမ်လိုက်ပြတယ်။
စကစအဖွဲ့ကို ဦးဆောင်ခေါ်လာတာသူက။"ဟု Wundwin township Revolution Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
၎င်းထံမှ သေနတ်တစ်လက်သိမ်းဆည်းရမိသော်လည်း အတုဖြစ်နေကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။
"သေနတ်အတုကြီးပါ။ အထဲမှာကော်စေ့တွေနဲ့။"ဟု Wundwin township Revolution Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
"သဲတော-ဝမ်းတွင်းပေါ်က ပြည်သူတိုင်း
သိတဲ့ သေနတ်တကားကားနဲ့ သူ့ကိုသူ ဗိုလ်လေးဆိုပြီး လူတကာကို အနိုင်ကျင့်၊ ရွာတွေဘက်မှာ စကစအတွက် လူလိုက်စုပေးနေတဲ့ ပျူခေါင်းဆောင်နန္ဒကျော်ကို အခုမနက်မှာပဲ တော်ဝင် လက်ဖက်ရည်ဆိုင်ထဲမှာ WTRFမှ ငရဲကိုပို့ပေးလိုက်ပြီ။"ဟု Voice Of Wundwin စာမျက်နှာက ရေးသားသည်။
ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ပျူအဖွဲ့ထဲသို့ ပြည်သူများအား ပို့ဆောင်ရန် စည်းရုံးနေသူများအား ပြင်းပြင်းထန်ထန် တုံပြန်သွားမည်ဖြစ်ကြောင်း Wundwin township Revolution Forceက သတိပေးထားသည်။
ဖေဖော်ဝါရီ၁၃ ရက်ကလည်း ကျောက်ဆည်မြို့နယ်တွင် စစ်မှုထမ်းဥပဒေထောက်ခံပွဲမှ ပြန်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးခေါင်းဆောင်တို့ ပစ်ခတ်ခံရပြီး ပျူခေါင်းဆောင် သေဆုံးခဲ့သေးသည်။

👏34👍13😁6🤣4❤1🔥1😱1🍾1