ရက္ခိုင်ဒေသ၌ တိုက်ပွဲဖြစ်ပွားနေရာမြေပုံအား ပြသထားစဉ်။(AA Info Desk)
👍34👏2🔥1
ဖာပွန်ခရိုင် ယခုလဝက်တိုက်ပွဲများအတွင်းအရာရှိအပါအဝင်စစ်ကောင်စီတပ် ၁၇ဦးသေဟု KNU အသိပေး
ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင်တွင် ယခု ဖေဖော်ဝါရီလဝက်အတွင်း တိုက်ပွဲပေါင်း ၄၅ကြိမ်ဖြစ်ပွားခဲပြီးစစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁ရက်မှ ဖေဖော်ဝါရီ၁၅ရက်အထိ တိုက်ပွဲ သတင်းများကို အသိပေးဖော်ပြလာခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ၁၇ဦးသေဆုံးကာ ၃၉ဦး ဒဏ်ရာရရှိခဲ့ပြီး KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)ဘက်က ၇ဦး ဒဏ်ရာရခဲ့ကြောင်းဖော်ပြသည်။ လဝက်တိုက်ပွဲများအတွင်း KNLA တပ်မဟာ(၅)ဘက်က ကျဆုံးသူမရှိဟု အသိပေးသည်။
စစ်ကောင်စီဘက်က သေဆုံးသူများတွင် တပ်ခွဲမှူးအဆင့် အရာရှိတစ်ဦးပါဝင်ကြောင်း အတည်ပြု သိရှိရသည်ဟု ထုတ်ပြန်သည်။
ယခုဖေဖော်ဝါရီအတွင်း ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း ၂ခု စခန်းစွန့် ခွာ ရုတ်သိမ်းသွားကြောင်းလည်း ဖော်ပြသည်။
KNLA တပ်မဟာ(၅)နှင့်မဟာမိတ်ပူးပေါင်းတပ်များက ဒေသတွင်းရှိစစ်ကောင်စီတပ်စခန်းများကို ဖြတ်တောက်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီ ၁၀ရက်တွင် ဖာပွန်ခရိုင် လယ်ကလေးကျိုး တပ်စခန်းနှင့် ဖေဖော်ဝါရီ ၁၁ရက် တွင် ကျူလူတပ်စခန်းသို့ စခန်းစွန့်ခွာရုတ်သိမ်းပြီး မော်ဖူးဗျူဟာစခန်းသို့ ပူးပေါင်းသွားခြင်းဖြစ်သည်ဟုဆိုသည်။မော်ဖူးဗျူဟာစခန်းကိုလည်း KNLA ပူးပေါင်းတပ်ကတိုက်ခိုက်လျက်ရှိကြောင်းလည်း တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။
KNLA ပူးပေါင်းတပ်က ဖြတ်တောက်ပိတ်ဆို့ထား၍ မြေပြင်မှ ရိက္ခာပို့မရသည့် အခြေအနေတွင် စစ်ကောင်စီ ရှေ့တန်းစခန်းများ မြို့ပေါ်နှင့် ဗျူဟာစခန်းများသို့ပူးပေါင်းသည့် ဖြစ်စဉ်များ အခြား ခရိုင်၊ တပ်မဟာနယ်မြေများ၌လည်းဖြစ်ပွားလျက်ရှိသည်။

👍50🤣2
(တပ်မဟာ(၅)နယ်မြေအတွင်း စစ်ကောင်စီတပ်စွန့်ခွာသွားသော စခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU-Mutraw News)
👍22🤮1
မြိုင်မြို့နယ်တွင် စစ်တပ်စွန့်ပစ်ထားသည့် စစ်သားသုံးဦးရုပ်အလောင်းကို ပကဖ ကောင်းမွန်စွာ သင်္ဂြိုလ်ပေး
ဟာနာဆန်/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က စွန့်ပစ်ထားသွားသည့် စစ်သား သုံးဦး၏ ရုပ်အလောင်းကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့သည်။
ကန်နီပျူစောထီးကျေးရွာသို့ ရိက္ခာပို့သောစစ်ကြောင်းကို မြိုင်(ပကဖ)အပါအဝင် တပ်ရင်းတပ်စုများက ဖေဖော်ဝါရီ ၇ ရက်မှစတင်ကာ တိုက်ခိုက်ခဲ့ပြီး အထိအခိုက်များရှိခဲ့သည်။
စစ်သား ရုပ်အလောင်းသုံးလောင်းမှာ အဆိုပါစစ်ကြောင်းမှဖြစ်ပြီး စစ်တပ်က အထိနာ၍ နောက်ပြန်ဆုတ်ရာတွင် မြှပ်နှံခြင်းမရှိဘဲ သေဆုံးခဲ့သည့်နေရာတွင် ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ)အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
"ပုပ်စော်တွေလည်းနံနေပြီ။ ကျွန်တော်တို့ သေချာသင်္ဂြိုလ်ပေးခဲ့ပါတယ်။စစ်ကြောင်းကတော့ မြိုင်မြို့ပေါ်ပြန်ရောက်သွားပြီ။"ဟု မြိုင်(ပကဖ)အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် လူကျင့်ဝတ်၊ စစ်ကျင့်ဝတ်မှုများနှင့်အညီ ကောင်းမွန်စွာသင်္ဂြိုလ်ပေးကာ အမျှအတန်းပေးဝေခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးသည်။
အဆိုပါ စစ်ကြောင်းထံမှ RPG အဖူး နှစ်ဖူး ၊ RPGပို့ယမ်း တစ်ခုအပါအဝင်စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ထံမှ သိရသည်။

👏29👍16🤣2
စစ်သား ရုပ်အလောင်းသုံးလောင်းအား သင်္ဂြိုလ်ပေးနေစဥ်။ ဓာတ်ပုံ - မြိုင်(ပကဖ)
👍27😁11🤣6👏4👌3
ဆီဆိုင်နှင့် ဟိုပုန်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အရှင်မိ
လက်နက်ကြီး၊ လက်နက်ငယ်အချို့ရဟု PNLAပြော
ထားမြတ်/People’s Spring
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုဆက်လက်ပြုလုပ်ရာ ယမန်နေ့(ဖေဖော်ဝါရီ ၁၆ရက်)တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို အရှင်မိပြီး လက်နက်အချို့ရသည်ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များမှ ချောင်းမြောင်းပစ်ခတ်ခြင်းကြောင့် ယမန်နေ့တွင် ထိတွေ့မှုအချို့ရှိခဲ့ပြီး PNLAက နယ်မြေရှင်းလင်းရာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း PNLAက အသိပေးထားသည်။
"မနေ့ကတော့ တစ်ဦးထပ်မိထားပါတယ် လက်နက် တလက်နဲ့ပါ။ သူတို့ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပါတယ်။ တိုက်ပွဲမှာ ဖမ်းမိရင်တော့ သုံ့ပန့်လိုထားပါတယ်။ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့သူတွေကိုတော့ ဆုကြေးနဲ့တကွ လုံခြုံတဲ့နေရာကို ပို့ပေးပါတယ်"ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသည့် အလုပ်မျိုး ကိုယ့်မျိုးဆက်အနာဂတ်ကို ပြန်လည်သတ်ဖြတ်နေသည့် အလုပ်မျိုး ဆက်မလုပ်ဘဲ ပြည်သူနှင့်အတူ ပူးပေါင်းအလင်းဝင်ရန် PNLA ပြောရေးဆိုခွင့်ရှိသူက ဖိတ်ခေါ်ခဲ့သည်။
ယမန်နေ့တွင် ဆီဆိုင်မြို့မြောက်ဘက် တနေရာတွင်လည်း စစ်ကြောင်းထိုးရန် ကြိုးပမ်းနေသည့် စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်အဖွဲ့အား တားဆီးရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PNLAက ထုတ်ပြန်ခဲ့ပြီး တိုက်ပွဲအတွင်း (၆၀)မမပြောင်းတို တစ်လက်နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြသည်။
ထို့အပြင် စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်အဖွဲ့များသည် ယမန်နေ့ညတွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ကျေးရွာများအား လက်နက်ကြီး အချက် ၄၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

👍46👏2🔥1
(ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနှင့် လက်နက်ခဲယမ်းအချို့။ ဓာတ်ပုံ - PNLA)
👏32👍12🤣1
▪︎အတွေးအမြင်ဆောင်းပါး
"ချစ်ရဲဘော်များသို့ ပေးစာ"
-ရေဆန် (ခေါ်) ပဒိုမန်းရှာလားဖန်း
ဒီစာမှာတော့ တော်လှန်ရေးခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့ အခြေခံအားဖြင့် ဘာတွေ လိုအပ်ပါသလဲ၊ တော်လှန်ရေး ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဘယ်ပေတံနဲ့ တိုင်းတာမလဲဆိုတဲ့ပြဿနာကို ဆွေးနွေးသုံးသပ်ကြည့်လိုပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ကရင်လူ့အဖွဲ့အစည်းမှာ ခေါင်းဆောင်ကောင်းအများအပြားလိုနေလို့ပါပဲ။ အထူးသဖြင့်ကရင့်တော်လှန်ရေးကြီးအတွက် ခေါင်းဆောင်ကောင်းတွေ အထောင်အသောင်း လိုအပ်နေလို့ပါပဲ။
သာမန်ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ တော်လှန်ရေး လှုပ်ရှားမှုတစ်ရပ်ကို ဦးဆောင်မှု ပေးနိုင်စွမ်းတဲ့ တော် လှန်ရေး ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ သာပြီးတောင် ခက်ခဲပါတယ်။ အထူးသဖြင့် အဆုံးအဖြတ်သဘောဆောင်တဲ့ သမိုင်း ကာလတစ်ခုမှာ တော်လှန်ရေးကို ဦးစီးခေါင်းဆောင်နိုင်စွမ်းရှိတဲ့ တော် လှန်ရေးခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ အခက်ခဲဆုံးပါပဲ။ တော်လှန်ရေးတစ်ရပ်မှာ ဒီလိုခေါင်းဆောင်မှုမျိုး ရရှိထားပြီဆိုရင် လည်း အလွန်တန်ဖိုး ရှိပါတယ်။ များသောအားဖြင့် လူတွေဟာ တန်ဖိုး ကြီးမားလှတဲ့ တော်လှန်ရေး ခေါင်းဆောင်ကောင်းတစ်ယောက်ကို လက်လွတ် ဆုံးရှုံးသွားပြီး နောက်မှသာ ဒီခေါင်းဆောင်ကောင်းရဲ့တန်ဖိုး ကြီးမားမှုကို သိကြပါတယ်။
ကရင့်တော်လှန်ရေးခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ သမိုင်းဖြစ်စဉ်ကို သေသေချာချာ ကြည့်ရင် ဒီအချက်ကိုမြင်နိုင်တယ်။ ကျွန်တော်တို့ဟာတော်လှန်ရေးကြီး ရှည်ကြာလာလေလေ၊ တော်လှန်ရေး အခက်အခဲများနဲ့ ကြုံရလေလေ၊ စောဘဦးကြီးရဲ့ အခြေခံမူတွေ စောဘဦးကြီးရဲ့ဂုဏ်ကျေးဇူးတွေ တန်ဖိုးကြီးမားမှုတွေကို ပိုပြီး သိမြင် လာလေလေပါပဲ။ ပွင့်လင်းဖြောင့်မတ်ခြင်းနှင့် သစ္စာစောင့်သိမှုဟာ တော်လှန်ရေးသမား တစ်ယောက်၊ တော်လှန်ရေးခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ မုချရှိရမည့် အရည် အချင်းတွေပါပဲ။
သမိုင်းမှာတွေ့ရတဲ့ တော်လှန်ရေးခေါင်းဆောင်ကောင်းတွေဟာ ဒီ အရည် အချင်းမျိုး ကိုယ်စီရှိကြတယ်။ ဒီအခြေခံအရည်အချင်း မရှိဘူးဆိုရင် ဘယ်လောက်ပဲ ပညာတတ်တတ်၊ ဘယ်အကြောင်းကြောင့်ပဲ တော်လှန်ရေးခေါင်းဆောင်ဖြစ်နေနေ၊ တော်လှန်ရေးကို ဆုံးခန်းတိုင်ခေါင်းဆောင်နိုင်မှာ မဟုတ်ဘူး။ ပြည်သူအပေါ်၊ မိမိ အမျိုး သားများအပေါ်၊ မိမိ ရဲဘော်ရဲဘက်များအပေါ်၊ ပွင့်လင်းဖြောင့်မတ်ခြင်းနဲ့ သစ္စာရှိခြင်း တို့ဟာ တော်လှန်ရေးခေါင်းဆောင်ကောင်းတို့ရဲ့ ထူးခြားချက်နဲ့ ဂုဏ်အရည်အသွေး တို့ပဲ ဖြစ်တယ်။
ဒုတိယအချက်ကတော့ ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း ပါပဲ။ ပဓာနမထားဘဲ ကိုယ်ကျိုးစွန့် အနစ်နာခံလေ့ရှိပါတယ်။ သူတို့ဟာ မိမိအမျိုးသားအကျိုး၊ မိမိပြည်သူ များရဲ့အကျိုး၊ မိမိတော်လှန်ရေးရဲ့အကျိုးကို ဦးထိပ်ပန်ဆင်လေ့ ရှိပါတယ်။ တော်လှန် ရေး အကျိုးနဲ့ ပတ်သက်လာရင် မိမိတို့ အသက်ကိုပင် စွန့်ရဲသူများဖြစ်ပါတယ်။
တတိယအချက်ကတော့ တော်လှန်ရေး ခေါင်းဆောင်ကောင်းတွေဟာ သူတို့ ရဲ့ ပြည်သူ၊ သူတို့ရဲ့အမျိုးသား၊ သူတို့ရဲ့ရဲဘော်ရဲဘက်တွေအပေါ်မှာ အထူးပင် ချစ်ခင် လေးစားကြတယ်။ တန်ဖိုးထားကြတယ်။ သူတို့ဘဝမှာ ပြည်သူသာအမိ၊ ပြည်သူသာ အဖဖြစ်တယ်။ တော်လှန်ရေးသာအမိ တော်လှန်ရေးသာအဖ ဖြစ်တယ်။ မိမိ ပြည်သူ၊ မိမိအမျိုးသား၊ မိမိတော်လှန်ရေးကို မွန်မြတ်စွာ အလုပ်အကျွေးပြုတတ်ကြတယ်။ ဒီ အချက်ကြောင့်လည်း သူတို့ရဲ့ဦးဆောင်မှုနောက်ကို ပြည်သူတွေ ရဲဘော်တွေက လိုက် ပါကြတာပါပဲ။
စတုတ္ထအချက်ကတော့ တက်တက်ကြွကြွ ဆည်းပူးလေ့လာခြင်းနှင့် တက် တက်ကြွကြွ အလုပ်လုပ်တတ်ခြင်းပါပဲ။ တော်လှန်ရေးကို လျှမ်းလျှမ်းတောက်ဦးဆောင် ပေးနိုင်သူများဟာ ကြားစရာတွေ၊ သင်စရာတွေ၊ မြင်စရာတွေဆီမှာပဲဖြစ်ဖြစ်၊ စာအုပ် စာပေများမှာဖြစ်ဖြစ်၊ လက်တွေ့အလုပ်ထဲမှာဖြစ်ဖြစ်၊ စိတ်ထားနှိမ့်နှိမ့်ချချနဲ့ လေ့လာ ဆည်းပူးလေ့ရှိကြတယ်။ ဝီရိယရှိစွာ လေ့လာဆည်းပူးလေ့ရှိပါတယ်။ လေ့လာရင်း လုပ်၊ လုပ်ရင်းလေ့လာလေ့ရှိတယ်။ အသက်ပါပါ လေ့လာဆည်းပူးလေ့ရှိပါတယ်။ တစ်နည်းအားဖြင့် သဘောတရားရေးနဲ့ လက်တွေ့ကို ပေါင်းစပ်လေ့ရှိတယ်။ အကန်း နဲ့ တူတဲ့ သဘောတရားရေးမပါတဲ့ လက်တွေ့သက်သက်မျိုး၊ အမြုံနဲ့တူတဲ့ လက်တွေ့ မပါတဲ့ သဘောတရားရေး သက်သက်မျိုးကို ဆန့်ကျင်လေ့ရှိတယ်။ ဒီလို အသက် ပါပါ ဆည်းပူးလေ့လာရင်း လက်တွေ့အသုံးချနိုင်ကြလို့ သူတို့ဟာ လက်တွေ့လုပ်ငန်း တာဝန်များကို အခြေအနေနဲ့အညီ ချမှတ်ကျင့်သုံးနိုင်ကြတယ်။ လေ့လာမှုကောင်းလို့ ဉာဏ်ပညာအရာမှာ၊ ဆင်ခြင်တုံတရားအရာမှာ ရန်သူထက် သာလွန်ကြပါတယ်။ တချို့ တော်လှန်ရေးခေါင်းဆောင်များဟာ ဒီလို ဉာဏ်ပညာကြီးမားကြလို့ သူတို့ရဲ့ရန်သူတွေ ကတောင် လေးစားချီးကျူးကြရတဲ့အထိ အလွန်ကြီးကျယ် ခန့်ညားသူတွေဖြစ်ကြ တယ်။
ပဉ္စမအချက်ကတော့ သူရသတ္တိနဲ့ ယုံကြည်စိတ်ရှိခြင်းပဲ။ တော်လှန်ရေး ခေါင်းဆောင်ကောင်းတွေဟာ အမှန်တရားနှင့် တရားမျှတမှုကိုလည်းကောင်း၊ မိမိ အမျိုးသားနှင့် မိမိပြည်သူတွေကိုလည်းကောင်း၊ မိမိကိုယ်ကိုယ်လည်းကောင်း၊ မိမိတော် လှန်ရေး လှုပ်ရှားမှုကိုလည်းကောင်း၊ ထူးထူးခြားခြား ယုံကြည်စိတ် ရှိကြတယ်။ ဒီလို ယုံကြည်စိတ်ကို အခြေပြုပြီး ထူးထူးခြားခြားကို သူရသတ္တိတွေရှိကြပါတယ်။ မိမိကိုယ်တိုင်ရဲ့ အမှားတွေ၊ ချို့ယွင်းမှုတွေ၊ ချို့တဲ့

👍46🤮1👌1
အားနည်းချက်တွေကို တွေ့ရှိရရင် သတ္တိ ရှိရှိ ပြုပြင်ရဲကြသူတွေ ဖြစ်တယ်။ သူတို့ဟာ အမှန်တရားတွေ၊ ပြည်သူတွေ၊ မိမိ အမျိုးသား တော်လှန်ရေးတွေနဲ့ပတ်သက်လာရင် သူတို့ရဲ့ဦးခေါင်းတွေမှာ သွေးချင်းချင်းနီနေသည့် တိုင်အောင် ဘယ်သောခါမှ ဦးညွှတ်လေ့မရှိဘူး။ အထူးသဖြင့် တော်လှန်ရေးရဲ့ အခက် ခဲဆုံး၊ အကြမ်းတမ်းဆုံး ကာလများမှာ ပြည်သူတွေရဲ့ ရှေ့ဆုံးတန်းက မားမားမတ်မတ် ရပ်တည်ပြီး ဦးဆောင်မှုတာဝန်တွေကို မမှိတ်မသုန် ထမ်းဆောင်လေ့ရှိကြပါတယ်။
ဆဋ္ဌမ အချက်ကတော့ စည်းကမ်းနဲ့ စည်းစနစ်ရှိခြင်းပါပဲ။ ၁၉ ရာစုခေတ် အစကနေ ယနေ့အထိ နှစ်၂ဝဝ ခန့် အတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ အထူးချွန်ဆုံးသော တော်လှန်ရေးခေါင်းဆောင်များဟာ သူတို့ရဲ့နေထိုင်မှု၊ သူတို့ရဲ့လုပ်ငန်းလုပ်ဆောင်မှု တွေကိုကြည့်ရင် စည်းကမ်းနဲ့ စည်းစနစ်ကြီးသူများ ဖြစ်ကြပါတယ်။ သူတို့ရဲ့ နေထိုင် ဆောင်ရွက်ချက်တွေဟာ အမှုမဲ့ အမှတ်မဲ့ မဟုတ်ဘူး။ ပေါ့ပေါ့ပျက်ပျက် မဟုတ်ဘူး။ အပေါ်ယံကြော မဟုတ်ဘူး။ နေချင်သလိုနေ၊ ပြောချင်သလိုပြော၊ လုပ်ချင်သလိုလုပ် သူများဟာ တော်လှန်ရေးခေါင်းဆောင်ကောင်း ဖြစ်မလာနိုင်ဘူး။ မိမိချမှတ်တဲ့ လမ်းစဉ် အတိုင်းလုပ်မှ၊ စည်းကမ်းအတိုင်းလုပ်မှ၊ အများဆုံးဖြတ်ချက်အပေါ်လုပ်မှ၊ အများ တကာရဲ့ လေးစား ယုံကြည် အားကိုးမှုကို ခံရတဲ့ တော်လှန်ရေး ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာနိုင်မှာ ဖြစ်တယ်။
သတ္တမအချက်ကတော့ တာဝန်ခံမှုပါပဲ။ တော်လှန်ရေးခေါင်းဆောင်ကောင်း တွေဟာ မိမိအဖွဲ့အစည်း မိမိပြည်သူ၊ မိမိအမျိုးသား၊ မိမိလမ်းစဉ်နှင့် လုပ်ငန်းစဉ်တွေ ကို တာဝန်ခံလေ့ရှိကြတယ်။ မိမိချို့ယွင်းချက်နဲ့ အားနည်းချက်တွေ အမှားတွေကို ရဲဝံ့စွာ တာဝန်ခံကြတယ်။ ဒီအမှားတွေ ချို့ယွင်းအားနည်းချက်တွေကို ရိုးရိုးသားသား ပြုပြင်တတ်ကြတယ်။
ရဲဘော်တို့...
သာမာန် အရပ်သားတစ်ယောက်ကနေ တော်လှန်ရေးသမားတစ်ယောက် ဖြစ်လာဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး။ တော်လှန်ရေးခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာဖို့ဆိုတာ သာလို့တောင် လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး။ ကြီးမားတဲ့ စွန့်လွှတ်မှုတွေ၊ ပေးဆပ်မှုတွေကို လုပ်ကြရတယ်။ လေ့လာမှုနဲ့ လက်တွေ့အတွေ့အကြုံ လိုတယ်။ သစ္စာရှိမှု၊ သတ္တိရှိမှု၊ စည်းစနစ်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ခံမှုတွေ လိုတယ်။ ဒါတွေရှိမှ စမ်းသပ်စိန်ခေါ်မှုမျိုးစုံကို ခံနိုင်ရည်ရှိတဲ့ တော်လှန်ရေး ခေါင်းဆောင်တွေ ဖြစ်လာနိုင်တယ်။
ကရင်အမျိုးသားများဟာ လူမျိုးတစ်မျိုးအဖြစ် လုံခြုံစွာရပ်တည်နိုင်ဖို့ အခြား အမျိုးသားများနည်းတူ နိုင်ငံရေးအရ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရှိဖို့ လိုအပ်တယ်။ ဒီအခွင့်အရေးကို ရရှိဖို့ရာ တော်လှန်ရေးဆိုတဲ့ ကာလတစ်ခုကို အခြားအမျိုးသားများ နည်းတူ မလွဲမသွေ ဖြတ်သန်းနေကြရတယ်။ သမိုင်းမှာ တော်လှန်ရေးဆိုတာကို မဖြတ်သန်းဘဲ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ကို လွယ်လွယ်ကူကူရခဲ့တဲ့ သာဓကမျိုး မရှိဘူး။ ကမ္ဘာကိုစိုးမိုးခဲ့ကြတဲ့ အင်္ဂလိပ်လူမျိုးတွေတောင် ၁၆ရာစုက Glorious Revolution ဆိုတဲ့ တော်လှန်ရေးကာလကို ဖြတ်သန်းခဲ့ရတယ်။ လောလောဆယ် ပြိုင်ဘက် မရှိ၊ တစ်ခုတည်း ကျန်ရှိနေတဲ့ ကမ္ဘာ့ဗိုလ် အမေရိကန်ပြည်ထောင်စုတောင် ၁၇၇၆ ခုနှစ်က အမေရိကန်တော်လှန်ရေး American Revolution ဆိုတာကို ဆင်နွှဲ ခဲ့ရတယ်။ UN ရဲ့လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ပြင်သစ်လည်း ၁၉ရာစု အတွင်း မှာ ပြင်သစ်တော်လှန်ရေးဆိုတာကို လုပ်ခဲ့ရတယ်။ အာရှ၊ အာဖရိကနှင့် လက်တင် အမေရိကတိုက်မှာရှိတဲ့ နိုင်ငံအားလုံးက လွတ်လပ်တဲ့နိုင်ငံများဟာ တော်လှန်ရေးကို လုပ်ခဲ့ကြ၊ လုပ်နေကြရပါတယ်။
တော်လှန်ရေးဆင်နွှဲကြရာမှာ၊ တော်လှန်ရေးဆိုတဲ့ ထူးခြားတဲ့သမိုင်းကာလ တစ်ခုကို ဖြတ်သန်းကြရာမှာ တော်လှန်ရေးခေါင်းဆောင်ကောင်းတွေ လိုအပ်ပါတယ်။ သူတို့ဟာစိတ်ဓာတ်အရ၊ တွေးခေါ်မှုအရ၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ အလံကိုင်တွေ ဖြစ်ကြတယ်။ ဆရာမြသန်းတင့်ရဲ့ စကားနဲ့ဆိုရင် သူတို့ဟာ ဓားတောင်တွေကို ကျော် ပြီး မီးပင်လယ်ကို တွေဝေခြင်း အလျှင်းမရှိ၊ ဖြတ်ရဲကြသူတွေ ဖြစ်တယ်။ တော်လှန်တဲ့ စာရေးဆရာကြီးဗန်းမော်တင်အောင်ရဲ့ စကားနဲ့ဆိုရင် သူတို့ဟာ မုန်တိုင်းထဲက လူတွေ ဖြစ်တယ်။ ကရင့်တော်လှန်ရေးခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ စကားနဲ့ဆိုရင် Surrender is out of Question သူတို့ရဲ့ခေါင်းထဲမှာ၊ အဘိဓမ္မာထဲမှာ လက်နက်ချ အညံ့ခံရေး ဆိုတဲ့စာလုံး လုံးဝ မရှိသူတွေ ဖြစ်တယ်။
❝
ရဲဘော်တို့ ...
တော်လှန်ရေး ခေါင်းဆောင်ကောင်းဆိုတာ ရေစုန်မှာ လှေကြုံ လိုက်ပါလာ တဲ့သူတွေ မဟုတ်။ ရေစီးကို ဆန်တက်ရဲကြတဲ့သူတွေသာ ဖြစ်တယ်။ တိုက်စစ်မှာ ရှေ့ဆုံးတန်းက နေတတ်ကြသလို ခံစစ်မှာလည်း သံမဏိကတုတ်ကြီးတွေ ဖြစ်တတ် ကြတယ်။ လက်ရှိ ကရင့်တော်လှန်ရေးရဲ့ ဂန္တ၀င်
တိုက်ပွဲကာလမှာ ကရင်ပြည်သူတွေ ရဲ့အကျိုးကို ကြည်ဖြူစွာထမ်းဆောင်ကြမည့် သံမဏိသူရဲကောင်း အထောင်အသောင်း လိုအပ်နေတယ်။ ကရင့်တော်လှန်ရေးသမိုင်းရဲ့လိုအပ်ချက်ကို ဘယ်ပုံဘယ်နည်း ဖြည့် ကြမလဲ။ ရဲဘော်တို့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ကြ။ အဖြေပေးကြ။
-ရေဆန်

❤34👍8🤮1
(ပဒိုမန်းရှာလာဖန်းက 'ရေဆန်' ကလောင်အမည်နဲ့
သနူးထူးဂျာနယ် မှာ ၂ဝဝ၂ခုနှစ်က ရေးသားခဲ့တဲ့
"ချစ်ရဲဘော်များသို့ ပေးစာ အမှတ် (၁၁)ကို မိသားစုရဲ့ ခွင့်ပြုချက်နဲ့ People's Spring သတင်းဌာနကဖော်ပြပေးလိုက်ပါတယ် ။ KNU အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း
ပဒိုမန်းရှာလားဖန်း ဟာ 'ရေဆန်' ၊ 'တော်လှန်ရေးရဲဘော်
တစ်ဦး '၊ 'ဇိုယာဖန်း' ၊ 'ဆာလားကပေါ' စတဲ့ကလောင်တွေနဲ့ ဆောင်းပါး ၊ကဗျာတွေ ရေသားခဲ့ပါတယ် ။ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုမန်းရှာလားဖန်း ဟာ ၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက်မှာ မသမာသူတွေရဲ့ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရပါတယ် )

👍33🤮2