People's Spring
62.6K subscribers
66.7K photos
1.17K videos
7 files
2.9K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍353👏3🤣1
👍36😢10🔥1
မအီမြို့ တွင် တိုက်ပွဲပြင်းထန်​နေ

ရွှေပြည်စိုး/People's Spring

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အတွင်းရှိ၊ မအီမြို့၌ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီး တောင်ကုတ်မှ စစ်ကူလာသော စစ်ကောင်စီယာဉ်တန်းကို ရက္ခိုင့်တပ်တော် AAက မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

"တိုက်ပွဲအရမ်းပြင်းထန်‌နေတယ်။ မအီတံတားလည်း ကျိုးသွားပါပြီ" ဟု ယ‌နေ့ည ၁၁ နာရီခွဲခန့်အခြေအ‌နေကို AAနှင့် နီးစပ်သောစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

မအီမြို့မှ စစ်ကောင်စီစခန်းများကို AAက ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းတွင် စတင်တိုက်ခိုက်ပြီး ထိုနေ့လယ်တွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်အချို့ကို စက်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့သည်။

မြေပြင်တိုက်ပွဲကို စစ်ကူလာသည့် စစ်ကောင်စီယာဥ်တန်းအား တောင်ကုတ်နှင့် မအီမြို့ကြား၌ AAက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအသေးစိတ်အခြေနေကိုမသိရှိရန်သေးပေ။

ထိုအပြင် ရခိုင်ပြည်နယ်နှင့် ပလက်ဝ​ဒေသ၌ မြို့ ၇ မြို့သိမ်းပိုက်ထိန်းချုပ်ထား​သော AA က ​ မအိမြို့နယ်အပြင် မောင်​တော၊ ရ​သေ့​တောင်၊ရမ်းဗြဲ စ​သောမြို့နယ်များတွင်လည်း စစ်​ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။
👏40👍222🔥1🕊1
This media is not supported in your browser
VIEW IN TELEGRAM
(မအိမြို့မှ စစ်​ကောင်စီဝန်ထမ်းများနှင့်မိသားစုများကို စစ်ရဟတ်ယာဥ်ဖြင့်​ရွေ့​ပြောင်း​​နေစဥ်။ရုပ်သံ-CJ)
🖕48😁20👍3
မောင်တော ဗောဓိကုန်းစခန်းကို AA သိမ်းပိုက်

︎မောင်တော နှင့် ရသေ့တောင်မြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိပြီး လက်နက်ခဲယမ်းများရရှိဟု အသိပေး

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ၊ ဗောဓိကုန်း စစ်ကောင်စီ တပ်စခန်းကို ယမန်နေ့မနက်တွင် သိမ်းပိုက်နိုင်ခဲ့​ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ဗောဓိကုန်းစခန်းကို ဖေဖော်ဝါရီ ၁၅ရက် မနက်တွင် ထိုးစစ်ဆင်ခဲ့ရာ ၂၄ နာရီ ကျော်အကြာ ဖေဖော်ဝါရီ ၁၆ရက်မနက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးအမြောက်အများ ပစ်ခတ်တိုက်ခိုက်မှုများကြားမှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရန်သူ့အလောင်း (၁၄) လောင်းအပါအဝင် လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရမိခဲ့ဟု AAက ထုတ်ပြန်သည်။အချိန်တိုအတွင်း အထိအခိုက်အနည်းဆုံး နှင့် စခန်းသိမ်းနိုင်ခဲ့သော တိုက်ပွဲဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

AAသည် ဖေဖော်ဝါရီ ပထမပတ်အတွင်းကလည်း မောင်တောမြို့ တောင်ပြို(လက်ဝဲ)နှင့် တောင်ပြို(လက်ယာ) စစ်ကောင်စီစခန်း ၂ခုကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ဘင်္ဂလားဒေ့ရှ်ဘက်သို့ထွက်ပြေးသွားသည်။

ထိုအပြင်ဖေဖော်ဝါရီလ (၁၆) ရက်တွင်ပင် မောင်တောမြို့၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် အမှတ် ၂၆၃​ခြေလျင်တပ်ရင်း(ခလရ -၂၆၃) နှင့် AA တို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ခဲ့ဟု ဖော်ပြသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၂ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည်ဟု အသိပေးသည်။ တိုက်ပွဲအတွင်း၌လည်း ရန်သူ့လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရရှိကြောင်း သိရသည်။

အလားတူ ယမန်နေ့ နေ့လည်မှာပင် ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ အနီး တောင်ကြောတွင် စစ်ကောင်စီ တပ်၏ ခမရ (၅၃၆) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၄ဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ နောက်ဆုတ်သွားကာ နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဝေးမှ အပြန်
အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ဟုလည်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်းသို့ စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆)၊ ခမရ (၅၃၇) ၊ ခမရ (၅၃၈) တပ်ရင်းသုံးရင်းစလုံးမှ လက်နက်ကြီးပစ်ကူများအပြင် ရေကြောင်း၊ လေကြောင်းမှလည်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုအပြင် ရခိုင်ပြည်နယ်နှင့် ပလက်ဝ​ဒေသ၌ မြို့ ၇ မြို့သိမ်းပိုက်ထိန်းချုပ်ထား​သော AA က ​ မောင်​တော၊ ရ​သေ့​တောင်၊ရမ်းဗြဲ စ​သောမြို့နယ်များတွင်ထိုးစစ်ဆင်တိုက်ခိုက်​နေသလို မအိမြို့ရှိစစ်တပ်စခန်းများကိုလည်းတိုက်ခိုက်​နေ
သည်။

တောင်ကုတ်မြို့နယ် အတွင်းရှိ၊ မအီမြို့၌ ​ဖေ​ဖော်ဝါရီ ၁၆ည တွင်တိုက်ပွဲပြင်းထန်နေပြီး တောင်ကုတ်မှ စစ်ကူလာသော စစ်ကောင်စီယာဉ်တန်းကို ရက္ခိုင့်တပ်တော် AAက မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

"တိုက်ပွဲအရမ်းပြင်းထန်‌နေတယ်။ မအီတံတားလည်း ကျိုးသွားပါပြီ" ဟု ယ‌နေ့မန်​နေ့ည ၁၁ နာရီခွဲခန့်တိုက်ပွဲအခြေအ‌နေကို AAနှင့် နီးစပ်သောစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

မအီမြို့မှ စစ်ကောင်စီစခန်းများကို AAက ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းမှ စတင်တိုက်ခိုက်​နေပြီး ထိုနေ့လယ်တွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်အချို့ကို စက်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့သည်။
👍47👏8🤣1
👍38👏11🔥2
ရက္ခိုင်ဒေသ၌ တိုက်ပွဲဖြစ်ပွားနေရာမြေပုံအား ပြသထားစဉ်။(AA Info Desk)
👍34👏2🔥1
ဖာပွန်ခရိုင် ယခုလဝက်တိုက်ပွဲများအတွင်းအရာရှိအပါအဝင်စစ်ကောင်စီတပ် ၁၇ဦးသေဟု KNU အသိပေး

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင်တွင် ယခု ဖေဖော်ဝါရီလဝက်အတွင်း တိုက်ပွဲပေါင်း ၄၅ကြိမ်ဖြစ်ပွားခဲပြီးစစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁ရက်မှ ဖေဖော်ဝါရီ၁၅ရက်အထိ တိုက်ပွဲ သတင်းများကို အသိပေးဖော်ပြလာခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ၁၇ဦးသေဆုံးကာ ၃၉ဦး ဒဏ်ရာရရှိခဲ့ပြီး KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)ဘက်က ၇ဦး ဒဏ်ရာရခဲ့ကြောင်းဖော်ပြသည်။ လဝက်တိုက်ပွဲများအတွင်း KNLA တပ်မဟာ(၅)ဘက်က ကျဆုံးသူမရှိဟု အသိပေးသည်။

စစ်ကောင်စီဘက်က သေဆုံးသူများတွင် တပ်ခွဲမှူးအဆင့် အရာရှိတစ်ဦးပါဝင်ကြောင်း အတည်ပြု သိရှိရသည်ဟု ထုတ်ပြန်သည်။

ယခုဖေဖော်ဝါရီအတွင်း ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း ၂ခု စခန်းစွန့် ခွာ ရုတ်သိမ်းသွားကြောင်းလည်း ဖော်ပြသည်။

KNLA တပ်မဟာ(၅)နှင့်မဟာမိတ်ပူးပေါင်းတပ်များက ဒေသတွင်းရှိစစ်ကောင်စီတပ်စခန်းများကို ဖြတ်တောက်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီ ၁၀ရက်တွင် ဖာပွန်ခရိုင် လယ်ကလေးကျိုး တပ်စခန်းနှင့် ဖေဖော်ဝါရီ ၁၁ရက် တွင် ကျူလူတပ်စခန်းသို့ စခန်းစွန့်ခွာရုတ်သိမ်းပြီး မော်ဖူးဗျူဟာစခန်းသို့ ပူးပေါင်းသွားခြင်းဖြစ်သည်ဟုဆိုသည်။မော်ဖူးဗျူဟာစခန်းကိုလည်း KNLA ပူးပေါင်းတပ်ကတိုက်ခိုက်လျက်ရှိကြောင်းလည်း တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

KNLA ပူးပေါင်းတပ်က ဖြတ်တောက်ပိတ်ဆို့ထား၍ မြေပြင်မှ ရိက္ခာပို့မရသည့် အခြေအနေတွင် စစ်ကောင်စီ ရှေ့တန်းစခန်းများ မြို့ပေါ်နှင့် ဗျူဟာစခန်းများသို့ပူးပေါင်းသည့် ဖြစ်စဉ်များ အခြား ခရိုင်၊ တပ်မဟာနယ်မြေများ၌လည်းဖြစ်ပွားလျက်ရှိသည်။
👍50🤣2
(တပ်မဟာ(၅)နယ်မြေအတွင်း စစ်ကောင်စီတပ်စွန့်ခွာသွားသော စခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU-Mutraw News)
👍22🤮1
👍554🔥1