ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားတဲ့ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများမှ ရရှိခဲ့တဲ့ လက်နက်ခဲယမ်းများကို ဒီနေ့ ညနေပိုင်းမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ မင်းပြားမြို့ကို ဖေဖော်ဝါရီ ပထမပတ်မှာ AAက သိမ်းပိုက်နိုင်ခဲ့ရာ အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၉) လက်အောက်ခံ နည်းဗျူဟာ(၂) ခမရ( ၃၇၉)၊ ခမရ(၃၈၀)နဲ့ ခမရ(၅၄၁)တပ်ရင်းများကို အပြီးသတ် ရရှိခဲ့ပါတယ်။ အဲဒီ တပ်ရင်းများမှ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းမီးကျောက်များကို ဖော်ပြခဲ့ရာ ပျက်စီးနေပြီဖြစ်တဲ့ အတွဲလိုက်ဒုံးတင်ယာဉ်နှစ်စီး၊ အရာရှိကိုင် လက်နက်ငယ် ၆၀ကျော်၊ အခြားလက်နက်ငယ်နဲ့ လက်နက်ကြီးများစွာ၊ စစ်သုံးမော်တော်ယာဉ်များကို တွေ့ရပါတယ်။
◾️မြေပုံမြို့ကိုပါ AA သိမ်းပိုက်ထိန်းချုပ်ထားကြောင်း ကြေညာ
ရက္ခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ သုံးလတာ စစ်ဆင်ရေးအတွင်း ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့များပေါ်မှ စစ်ကောင်စီရဲ့ စစ်ဘက်၊ ရဲဘက်တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်တယ်လို့ AAက ထုတ်ပြန် ကြေညာပါတယ်။ ဇန်နဝါရီဒုတိယပတ်အစမှာပဲ ပလက်ဝဒေသကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ AA ဟာ ဒီလ ပထမပတ်မှာ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီး လလယ်ပိုင်းမှာ မြေပုံကို ထပ်မံသိမ်းနိုင်ခဲ့တာလို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် AA ဟာ ပလက်ဝ မြို့နယ်အတွင်းရှိ ဆမီးမြို့၊ မောင်တောမြို့နယ်အတွင်းရှိ တောင်ပြို(လက်ဝဲ)ကိုလည်း သိမ်းပိုက်ထားပါတယ်။ တဖက်မှာလည်း စစ်ကောင်စီဟာ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိရာ ဖေဖော်ဝါရီ ၁၄ရက်ကစလို့ ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တောမြို့များမှာ တိုက်ပွဲများ ပြင်းထန်နေကြောင်း အသိပေးပါတယ်။
◾️နိုင်ကျဉ်းဟောင်း မနိုဘယ်အေးကို စစ်ကောင်စီ ပစ်သတ်
နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးကို တရာရုံးထုတ်မှာ ထွက်ပြေးတယ်ဆိုပြီး စစ်ကောင်စီတပ်က ပစ်သတ်လိုက်တယ်လို့ မိသားစုဝင်ရဲ့အတည်ပြုချက်ကိုးကားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM )က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက် က ပဲခူးတိုင်း၊ ဝေါမြို့နယ် တရားရုံးထုတ်ပြီးအပြန်မှာ ထွက်ပြေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်သတ်ခံရတာကို မိသားစုဝင် မနိုဘယ်အေးရဲ့ မောင်ဖြစ်သူကအတည်ပြုခဲ့တာပါ။ ရုံးထုတ်ပြီးအပြန် သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအရောက်မှာ ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ကာ ဝေါဆေးရုံ ပို့လိုက်တာလို့ မနိုဘယ်အေးရဲ့မောင်ဖြစ်သူ ကိုထက်မြက်က ပြောပါတယ်။ မနိုဘယ်အေးနဲ့အတူ ဖမ်းခံရတဲ့ အမျိုးသားတစ်ဦးကိုပါ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တာလို့ သိရပါတယ်။
◾️အာဏာရှင်စနစ်သက်ဆိုးရှည်စေမယ့် လုပ်ရပ်များ ရှောင်ရှားဖို့ PNLO/PNLA တိုက်တွန်း
ပအိုဝ်းလူငယ်များဟာ ယုတ်ညံ့သော လူတစ်စုအကျိုးစီးပွားကို ကာကွယ်ခြင်းနဲ့ ပအိုဝ်းလူမျိုးတို့ကို ဒုက္ခပေးနေတဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် လုပ်ရပ်များကို ရှောင်လွှဲပြီး ပအိုဝ်းအမျိုးသား အဖိနှိပ်ခံဘ၀မှ လွတ်မြောက်စေရေးအတွက် အမျိုးသား လွတ်မြောက်ရာ လမ်းလျှောက်လှမ်းမှုမှာ သမိုင်းပေးတာဝန်အဖြစ် ခံယူကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) က ထုတ်ပြန်တိုက်တွန်းလိုက်ပြီး PNLAထံ လာရောက်ပူးပေါင်းကာ တော်လှန်ရေးတာဝန်များထမ်းဆောင်ဖို့ ဖိတ်ခေါ်ပါတယ်။ စစ်ကောင်စီက လက်နက်အားကိုး မတရား ပြဌာန်းလိုက်တဲ့ စစ်မှုမထမ်း မနေရ ဥပဒေဟာ ပြည်သူအချင်းချင်း ပြန်လည်သတ်ဖြတ်ကြဖို့ လုပ်ဆောင်လိုက်ခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။ တစ်နိုင်ငံလုံး အဖိနှိပ်ခံ ပြည်သူများ ဆန့်ကျင်နေကြသကဲ့သို့ ပအိုဝ်း ပြည်သူ တစ်ရပ်လုံးနဲ့ ပအိုဝ်း လူငယ်လူရွယ်များကလည်း မတရားမှုကို ခေါင်းငုံ့မခံကြဘဲ ရဲရင့်ပြတ်သားစွာ ဆန့်ကျင်ကြဖို့ PNLO/PNLAက တိုက်တွန်းပါတယ်။
◾️ကျောက်ကြီးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံနှစ်ဦးသေဆုံး၊ ကလေးငယ်များ အပါအဝင် ၆ဦးဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) ကျောက်ကြီး(လယ်ဒို)မြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး (၁၈)နှစ်အောက် ကလေး လေးဦးအပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNUဗဟိုက ထုတ်ပြန်ပါတယ်။ KNU တပ်မဟာ(၃)နယ်မြေ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက် တပ်ရင်းက ဖေဖော်ဝါရီ ၁၄ရက် ညပိုင်းမှာ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ကညင်ကျိုးကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ် သုံးဦး အပါအဝင် ၅ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ညပိုင်းမှာ ခမရ(၂၆၄)တပ်က လက်နက်ကြီးဖြင့် နတ်သံကွင်းမြို့နဲ့ ခင်ကန့်လန့်ရွာကိုလည်း ထပ်မံပစ်ခတ်ခဲ့ရာ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးကာ (၄၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဖော်ပြပါတယ်။
◾️ဆီဆိုင်တိုက်ပွဲ စစ်အုပ်စုနှစ်ဦးထက်မနည်း သေဆုံး

👍30❤1🤮1
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်မြောက်ဘက်ခြမ်း တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပြည်သူ့စစ်နှစ်ဦးထက်မနည်းသေဆုံးပြီး စစ်ကောင်စီတပ်ထံမှ မူးယစ်ဆေးဝါးနဲ့ ခဲယမ်းကျည်ဆံအချို့သိမ်းဆည်းရမိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောပါတယ်။ ဖေဖော်ဝါရီ ၁၅ရက်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) လုံခြုံရေးစစ်ကြောင်းကို ချောင်းမြောင်းပစ်ခတ်တဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါများကို ပြန်လည်ရှင်းလင်းရာ ခဲယမ်းအချို့နဲ့ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ အရင်တိုက်ပွဲဖြစ်စဉ်တွေမှာလည်း စစ်ကောင်စီနဲ့ လက်အောက်ခံတပ်ဖွဲ့များထံမှ မူးယစ်ဆေးဝါး သိမ်းဆည်းရရှိတဲ့ ဖြစ်စဉ်များရှိခဲ့တယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
◾️ဘင်္ဂလားဒေ့ရှ်ထွက်ပြေးတဲ့ စစ်သား ၃၀၀ ကျော်ကို ပြန်ပို့
နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးလာကြတဲ့ စစ်ကောင်စီစစ်သားတွေနဲ့ တခြား အရာရှိတွေ၊ မိသားစုဝင်တွေ စုစုပေါင်း ၃၃၀ လောက်ကို ဘင်္ဂလားဒေ့ရှ်က မြန်မာဖက် ပြန်ပို့ဆောင်လိုက်ပါတယ်။ မနေ့ မနက်ပိုင်းက မြန်မာ စစ်သားတွေကို ပြန်လည် ပို့ဆောင်ပေးလိုက်တဲ့ ကိစ္စကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရှာရီဖူလ် အစ္စလာမ်က အတည်ပြုခဲ့ပါတယ်။ ကော့စ်ဘဇား ဒေသမှာရှိတဲ့ အင်နာနီရေတပ်ရဲ့ ဆိပ်ခံတံတားမှာ မြန်မာစစ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေကို စစ်ကောင်စီရဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးအောင်ကျော်မိုးဆီ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးညသပိတ် ဆင်နွှဲခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ" စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟစ်ကြွေးသံများနဲ့ ချီတက်ခဲ့ကြပါတယ်။
ဝက်လက်မြို့နယ်မှာ အခြေခံပညာကျောင်းသားသမဂ္ဂများနဲ့ ဝက်လက်ဒေသစည်းရုံးရေးရဲဘော်များက ဦးဆောင်ပြီး ကျောင်းသားပြည်သူလူထုကို စည်းရုံးစုစည်းကာ စစ်သုံးစစ်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုအဖြစ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မြင်းမူမြို့နယ်မှာ ဒေသခံလူငယ်တွေ စုပေါင်းကာ လက်နက်မဲ့လမ်းစဥ်နဲ့ လူထုတိုက်ပွဲများ မြင်းမူမြို့နယ်အတွင်း ပြန်လည်ပေါ်ပေါက်နိုင်ရေး အကြိုလှုံ့ဆော်မှုအနေနဲ့ ကျေးရွာတွေကို ဆိုင်ကယ်သပိတ်စစ်ကြောင်းအဖြစ် လှည့်လည် ချီတက်ခဲ့ကြပါတယ်။
ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာ စကြဝတေးမင်းကြီးသပိတ်အဖွဲ့ဝင်တွေက စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုအဖြစ် "စစ်ကောင်စီရဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့် ပြည်သူ့ထောက်ခံမှုမရသည့်အပြင် အောက်ခြေစစ်သားများ၏ အသက်များစွာစတေးနေရပြီ" စာတန်း(ဗီနိုင်း)ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က "လူထုအာဏာတည်ဆောက် လွတ်မြောက်ရေးအတွက် ဆက်လျှောက်" ဆိုတဲ့ ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံအမျိုးသမီး လူငယ်တွေ အပါအဝင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုနဲ့အတူ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

👍35🤣2❤1
မအီမြို့ တွင် တိုက်ပွဲပြင်းထန်နေ
ရွှေပြည်စိုး/People's Spring
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အတွင်းရှိ၊ မအီမြို့၌ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီး တောင်ကုတ်မှ စစ်ကူလာသော စစ်ကောင်စီယာဉ်တန်းကို ရက္ခိုင့်တပ်တော် AAက မိုင်းခွဲတိုက်ခိုက်ခဲ့သည်။
"တိုက်ပွဲအရမ်းပြင်းထန်နေတယ်။ မအီတံတားလည်း ကျိုးသွားပါပြီ" ဟု ယနေ့ည ၁၁ နာရီခွဲခန့်အခြေအနေကို AAနှင့် နီးစပ်သောစစ်ရေးသတင်းရင်းမြစ်ကပြောသည်။
မအီမြို့မှ စစ်ကောင်စီစခန်းများကို AAက ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းတွင် စတင်တိုက်ခိုက်ပြီး ထိုနေ့လယ်တွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်အချို့ကို စက်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့သည်။
မြေပြင်တိုက်ပွဲကို စစ်ကူလာသည့် စစ်ကောင်စီယာဥ်တန်းအား တောင်ကုတ်နှင့် မအီမြို့ကြား၌ AAက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအသေးစိတ်အခြေနေကိုမသိရှိရန်သေးပေ။
ထိုအပြင် ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသ၌ မြို့ ၇ မြို့သိမ်းပိုက်ထိန်းချုပ်ထားသော AA က မအိမြို့နယ်အပြင် မောင်တော၊ ရသေ့တောင်၊ရမ်းဗြဲ စသောမြို့နယ်များတွင်လည်း စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

👏40👍22❤2🔥1🕊1
This media is not supported in your browser
VIEW IN TELEGRAM
(မအိမြို့မှ စစ်ကောင်စီဝန်ထမ်းများနှင့်မိသားစုများကို စစ်ရဟတ်ယာဥ်ဖြင့်ရွေ့ပြောင်းနေစဥ်။ရုပ်သံ-CJ)
🖕48😁20👍3