People's Spring
62.6K subscribers
66.7K photos
1.17K videos
7 files
2.9K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
41👍16🤮2
ငါန်းဇွန်မြို့နယ်တွင် စစ်တပ်က ပြည်သူသုံးဦးဖမ်းဆီးပြီး ဆန်အိတ် ၂၅အိတ်နှင့် ရိက္ခာများ အဓမ္မသိမ်းဆည်း

အင်ကြင်း/People´s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ထန်းတပင် ကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူသုံးဦးကို ဖမ်းဆီးပြီး ဆန်အိတ်ပေါင်း ၂၅အိတ် အပါအဝင် ရိက္ခာများ အဓမ္မသိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၆ရက်) နေ့လယ်ပိုင်းက ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိဘာပြီး ပြည်သူသုံးဦးကို ဖမ်းဆီးခဲ့သည်။

ထို့အပြင် နေအိမ် သုံးအိမ်မှ ဆန်အိတ် ၂၅အိတ်၊ ဆီ၁၀ပိဿာဆန့် ၁၅ ပုံး ၊ အဝတ်သေတ္တာ တစ်လုံး၊ ဖုန်းသုံးလုံးနှင့် ငွေတစ်သိန်းကျပ် အဓမ္မသိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။

"အင်အားက ၂၅ ယောက်လောက်ပါတယ်။ကျား၃ဦးဖမ်းသွားတယ်။ တစ်ဦးက ၅၀အရွယ် "ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ရက်) ညနေပိုင်းကလည်း ငါန်းဇွန်မြို့နယ်၊ မြို့သာအနောက်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး လူငယ်နှစ်ဦးအားဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ငါန်းဇွန် မြို့နယ်တွင်လည်း ပျူစောထီးသင်တန်းများပေးနေပြီး သင်တန်းသားများရရှိရန် အားထုတ်နေကြောင်း သတင်းရရှိသည်။
🤬50👍13😢2😡2🔥1
👍21😡18😭3🔥1
One Championship ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးနှင့် သန့်စင်က ပြိုင်ဘက်များကို အသီးသီးအနိုင်ရ

သုည/People's Spring

One Championship က ယနေ့ (ဖေဖော်ဝါရီ ၁၆) ညပိုင်းတွင် ကျင်းပပြုလုပ်သည့် မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးနှင့် သန့်စင်တို့က ပြိုင်ဘက်ကစားသမားများကို အလဲထိုးဖြင့် အသီးသီး အနိုင်ရခဲ့သည်။

အဆိုပါ One Friday Fight 52 ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲ၏ မွေထိုင်း ဘန်တန်ဝိတ်တန်းပွဲစဥ်တွင် စိုးလင်းဦးနှင့် ဂျပန်ဖိုက်တာ မာဆာယိုရှီ၊ ကတ်ရှ်ဝိတ်တန်းပွဲစဥ်တွင် သန့်စင်နှင့် အိမ်ရှင်ထိုင်းဖိုက်တာ ဂျေဆင်းတို့ ထိုးသတ်ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးနှင့် ဂျပန်ဖိုက်တာ မာဆာယိုရှီတို့သည် ပထမနှင့် ဒုတိယအချီတွင် အပြန်အလှန် ထိုးသတ်နိုင်ခဲ့သော်လည်း တတိယအချီတွင် စိုးလင်းဦးက အသာစီးထိုးသတ်နိုင်ခဲ့ကာ ဒူးတိုက်ချက်၊ တံတောင်ရိုက်ချက်များဖြင့် ပြိုင်ဘက်ကို အလဲထိုးအနိုင်ရခဲ့သည်။

​မြန်မာ့လက်ဝှေ့ကျော် သန့်စင်သည်လည်း အိမ်ရှင်ထိုင်းဖိုက်တာ ဂျေဆင်းကို အကောင်းဆုံး ယှဥ်ပြိုင်ထိုးသတ်နိုင်ခဲ့ပြီး ဒုတိယအချီတွင် သန့်စင်က ဘယ်ဝိုက်လက်သီးထိုးချက်ဖြင့် ပြိုင်ဘက်ကို အလဲထိုးအနိုင်ရခဲ့သည်။

ထို့အပြင် စိုးလင်းဦးနှင့် သန့်စင်သည် ပြိုင်ဘက်များကို အလဲထိုးအနိုင်ရခဲ့သည့်အတွက် One Championship က အပိုဆုကြေးငွေ ထိုင်းဘတ်သုံးသိန်းခွဲစီ ပေးအပ်ခဲ့ကြောင်း ကြေညာခဲ့သည်။

ဓာတ်ပုံ - One Championship
👍36🤮1
👍41🤮1
ကောလင်းမြို့တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွား

ဇော်ရမ်း၊​အောင်​ဇေယျ /People's Spring

ကောလင်းမြို့ တွင် အဓိက​နေရာများကို စစ်​ကောင်စီတပ်က တပ်စွဲထား​သော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွား​နေ​ကြောင်း People's Spring ၏ စစ်​ရေးသတင်း ရင်းမြစ် ၅ ဦးက​ပြောသည်။

" စစ်​ေးတွေက ထွေအုပ်ရုံး၊ ဆောက်လုပ်ရေးဝင်း၊အထက(၁) လိုနေရာတွေမှာအထိုင်ချပြီး မြို့ပတ်လည်ကို တပ်ဖြန့်ထားပါတယ်။အဆောက်ဦးအမြင့်တွေ ကိုအကုန်နီးပါးနေရာယူထားပါတယ်" ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ရပ်ကွက် ၈ ရပ်ကွက် ရှိ​သော ကောလင်းမြို့ကို စစ်ကောင်စီတပ်က ​နေရာအများစုတွင်တပ်စွဲထား​သော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားကာ ၊စစ်​ကောင်စီတပ်က မြို့​ပေါ်ရှိ ​နေအိမ်အ​ဆောက်အဦးများကို မီးရှို့​နေ​ကြောင်း ​ဒေသခံ အချို့က ​ပြောသည်။

"ကောလင်းမြို့ ကို စခတွေပြန်ထိမ်းချုပ်တာမဟုတ်ပါဘူး။ ၃/၄နေရာကိုတော့ ထိန်းထားနိုင်တယ်။ ကစားကွက်ပြောင်းလိုက်တာ။ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ် မနေ့ညရော ခုကော။ မြို့ထဲမှာ မနေ့ကလည်းမီးလောင်တယ်။ ဒါလောက်ပဲ" ဟု မြို့တွင်းအခြေအနေများကိုဖော်ပြပေးနေသည့်
Kawlin infoက ယနေ့နံနက်ထုတ်ပြန်ထားသည်။

အခြားစစ်​ရေးသတင်းရင်းမြစ်တစ်ဦးကမူ ​ကောလင်းမြို့၏​နေရာအများစုတွင် စစ်​ကောင်စီတပ် တပ်စွဲထားပြီး ပြည်သူ့ ​နေအိမ်များ၊ဆန်စက်များကို ​ဖောက်ထွင်းပြီး ကန့်ဘလူဘက်သယ်​ဆောင်၍ ပျူ​စောထီးများကို ​ပေး​ဝေ​ခဲ့သည်ဟုသိရ​ကြောင်း​ပြောသည်။

"ကောလင်းစစ်ရေးအခြေအနေနဲ့ပတ်သက်လို့ကတော့ မြို့ထဲမှာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် စစ်ကောင်စီအကုန်နေရာယူသွားပြီ။ ဆန်စက်တွေလည်းမီးရှို့ပြီး ပြည်သူပိုင်ပစ္စည်းတွေလည်း ကားတွေနဲ့တိုက်ပြီးတော့ ဝန်းသိုမှာရှိတဲ့ပျူစောထီးတွေဆီ ပို့ပြီးပြီ။ ဝေတာခြမ်းတာတွေလုပ်လိုက်တယ်။ စစ်ရေးနဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့ဘက်ကအားယူပြီး ပြန်တိုက်ဖို့ ရှိမှာပါ" ဟုဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သို့​သော်တိုက်ပွဲများမှာ မြို့ အနီးဝန်းကျင် များတွင်ဆက်လက် ဖြစ်ပွား​နေ​ကြောင်းလည်း ​သိရသည်။

ယနေ့(​ဖေ​ဖော်ဝါရီ ၁၆) နံနက် ၁၁ နာရီခန့်တွင် ကောလင်းမြို့နယ် မင်းတဲကြီးရပ်ကွက်နေရာအချို့ကို စစ်ကောင်စီမြေပြင်စစ်ကြောင်းအချို့က မီးရှို့နေကြောင်းသိရသည်။

မြေပြင်တိုက်ပွဲများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကအသာစီးရရှိထားပြီး စစ်​ကောင်စီ၏ လက်နက်ကြီးနှင့်လေကြောင်းအန္တရာယ်ကို သတိထားနေကြရသည်ဟု မြေပြင်သတင်းရင်းမြစ်အချို့ကပြောသည်။

စစ်​ကောင်စီက ဝန်သိုဘက်မှာလက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ကာ မြို့ကို ဖျက်ဆီး​နေ​ကြောင်းလည်း စစ်​ရေးသတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ နိုဝင်ဘာ ၅ ရက်တွင်​ကောလင်းမြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ နိုဝင်ဘာ ၁၀ ရက်တွင် ပျူ​ခေါင်​ဆောင်သက်န်းဝတ် ဝါသဝ ၏ ပျူ​စောထီးစစ်​ကြောင်းက ​ကောလင်းမြို့ဘက်သို့စစ်​ကြောင်းထိုးလာရာ ​တော်လှန်​ရေးအဖွဲ့များက ဖြတ်တိုက်၍ ​သေဆုံးဒဏ်ရာရသူများပြီး စစ်​ကြောင်းပျက်၍ ပြန်ဆုတ်သွားခဲ့သည်။

PDF များက မြို့ကို သိမ်းပိုက်ထားပြီး သုံးလခန့်အကြာတွင်
စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ ရက် ညမှစ၍ ကန့်ဘလူမြို့နယ်၊ ဝန်းသိုမြို့နယ်တို့ဘက်မှ စစ်​ကြောင်းများစွာဖြင့် စုစု​ပေါင်းအင်အား တစ်​ထောင် ဝန်းကျင် အသုံးပြု ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ မြေပြင်စစ်ကြောင်းများထိုးလာပြီး လေကြောင်းနှင့်လက်နက်ကြီးပစ်ကူများဖြင့် ဝင်ရောက်လာသောကြောင့်ဖေဖော်ဝါရီ ၁၁ရက်တွင် မြို့တွင်းသို့ စတင်ဝင်ရောက်တပ်စွဲနိုင်ခဲ့ပြီး ထိုးစစ်ဆင်ပြီး ၁၁ ရက်အကြာ နိုဝင်ဘာ ၁၃ ရက်တွင် မြို့ ၏ ​နေရာအများစုက တပ်စွဲနိုင်ခဲ့​ကြောင်းသိရသည်။

သို့​သော်​တော်လှန်​ရေးအဖွဲ့များက စစ်​ကောင်စီသည် ​ကောလင်းမြို့ကို အလုံးစုံမထိန်းချုပ်နိုင်​သေး​ဘဲ၊တိုက်ပွဲများပြင်းထန်​နေဆဲဖြစ်​ပြီး တစ်မြို့လုံးကို တိုက်ပွဲဧရိယာသတ်မှတ်၍ တိုက်ခိုက်​နေကြောင်းပြောသည်။တိုက်ပွဲများတွင် စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်သူများပြီး အ​ရေအတွက်ကိုမူမသိရ​ပေ ။ စစ်​ကောင်စီစစ်​ကြောင်းများတွင် ​ထောင်ကျ​နေ​သောစစ်သားများ ၊ပျူ​စောထီးများစွာပါဝင်သလို ယခုတစ်ကြိမ်တိုက်ပွဲများတွင် ဒရုန်းများပိုမို အသုံးပြုလာ​ကြောင်းသိရသည်။

၁၀၂၇ စစ်ဆင်​ရေး၏ ရှမ်းပြည်နယ်​​မြောက်ပိုင်းတိုက်ပွဲများမှာ ဇန်နဝါရီ ဒုတိယပါတ်မှစ၍ ​ခေတ္တရပ်နားခဲ့ပြီး​နောက် စစ်​ကောင်စီတပ်က စစ်ကိုင်းတိုင်းကို စစ်​ရေးဖြင့်ပိုမိုဖိအား​ပေးလာခြင်းဖြစ်သည်။

စစ်​​ကောင်စီ စစ်​ကြောင်းများထိုးလာ​သော​ကြောင့် ​ဒေသခံပြည်သူများမှာ ယာယီစစ်ဘေးရှောင်စခန်းများ၌သွားရောက်နေထိုင်ကြရပြီး ရက်ကြာလာသည်နှင့်အမျှ စားဝတ်နေရေးအတွက်အခက်အခဲကြုံတွေ့နေ​ကြောင်းသိရသည်။

"အားလုံးပဲအခက်အခဲတွေရှိကြပါတယ်။တတ်နိုင်သလောက်
ကောလင်းနဲ့အတူတူရှိနေသေးပြီး အခက်အခဲတွေကိုဝိုင်းပြီးကူညီစေချင်ပါတယ်။ စစ်ဘေးရှောင်နေတဲ့အတွက် စား
သောက်ကုန်တွေ၊ ကျန်းမာရေးဆိုင်ရာပြဿနာတွေအတွက် ဆေးပစ္စည်းတွေလိုအပ်ပါတယ်" ဟု စစ်ဘေးရှောင်များအားကူညီပေးနေသူတစ်ဦးကပြောသည်။
👍734🤣3
​တော်လှန်​ရေးအဖွဲ့များက စစ်ကိုင်းတိုင်းတွင် ​ ခမ်းပါတ် ၊​ကောလင်း ၊​ရွှေပြည်​အေး ၊​မော်လူး မြို့များကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ခမ်းပါတ်နှင့် ​ရွှေပြည်​အေးမြို့တို့ကို ပြန်သိမ်းရန် ထိုးစစ်ဆင်ခဲ့​သော စစ်​ကောင်စီတပ်စစ်​ကြောင်းများမှာ တပ်ပျက်၍ ပြန်ဆုတ်​ခွာပြေးခဲ့ကြသည်။
👍52🤣2
ကောလင်းမြို့ကို စစ်​ကောင်စီတပ်က မီးရှို့၍ မီး​လောင်​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ဓါတ်ပုံ-KR
🤬68😡6🔥5👍3😁1😢1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဖေဖော်ဝါရီ ၁၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️NMSPအဖွဲ့ တော်လှန်ရေးပါဝင်လာမှု NUG ဂုဏ်ပြုကြိုဆို၊ ပါဝင်ခြင်းမရှိသေးတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ ပါဝင်လာဖို့ ဖိတ်ခေါ်

မွန်ပြည်သစ်ပါတီ(NMSP)(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ တော်လှန်ရေးမှာ ပါဝင်လာမှုကို ဂုဏ်ပြုကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနဲ့ ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ NMSP ရဲ့ထုတ်ပြန်ချက်အပေါ် ဝမ်းမြောက်စွာ ဂုဏ်ပြု ကြိုဆိုကြောင်း NUGက ဒီနေ့ အသိပေးပြီး ထုတ်ပြန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကို မွန်တော်လှန်ရေးသမိုင်းမှာ မော်ကွန်းသစ် ရေးထိုးလိုက်တဲ နေ့တနေ့အဖြစ် လေးစားစွာ မှတ်တမ်းတင်တယ်လို့ ဖော်ပြပါတယ်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ လုံးဝ ကင်းစင်ပပျောက်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အပါအဝင် တော်လှန်ရေး အင်အားစုအားလုံးနှင့် အခိုင်အမာ လက်တွဲပူးပေါင်း တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုတယ်လို့ NUGက ထုတ်ပြန်ပါတယ်။ နောက်ပြီး တော်လှန်ရေးမှာ ပါဝင်ခြင်းမရှိသေးတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအနေဖြင့်လည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် လက်ရှိအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး ပြည်သူ့နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ NUGက ထပ်မံတိုက်တွန်း ဖိတ်ခေါ်ခဲ့ပါတယ်။

◾️ဆင်ဘိုမြို့ကို KIA ဆက်လက်ထိန်းချုပ်ထား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဧရာ၀တီမြစ်ကမ်းဘေးရှိ ဆင်ဘိုမြို့ကို ဖေဖော်ဝါရီ ၁၀ရက် မနက်မှာ KIAနဲ့ PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး မြို့နှင့် မိုင်အနည်းငယ်အကွာရှိ စစ်ကောင်စီရဲ့ ခလရ(၁၄၁) တပ်ရင်းကို ဆက်လက် တိုက်ခိုက်ခဲ့ပါတယ်။ ဆင်ဘိုတိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ခလရ(၁၄၁)တပ်ရင်းကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ ပြီးခဲ့တဲ့ ရက်ပိုင်းများအတွင်း တိုက်ပွဲငြိမ်သက်သွားခဲ့ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ဆင်ဘိုရှိ စစ်ကောင်စီတပ်စခန်းကို KIA/PDF ပူးပေါင်းတပ်က ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

◾️ဟိုပုံးမြို့နယ်မှာ စစ်ကောင်စီက လမ်းများကို ဘူဒိုဇာဖြင့်ထိုးဖျက်ဆီး

ပအိုဝ်းဒေသ ဟိုပုံးမြို့နယ်မှာ စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်များက ပြည်သူပိုင်လမ်းကို ဖျက်ဆီးနေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်ပါတယ်။ ဟိုပုံးမြို့နယ် မဲနယ်တောင်ရှိ အများပြည်သူပိုင် လမ်းများကို ဘက်ဖိုးများ၊ ဘူဒိုဇာများဖြင့် ထိုးဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်များက အဲဒီလို အများပြည်သူပိုင်လမ်းကို ဖျက်ဆီးခြင်းကြောင့် ပြည်သူများ သွားလာရေးမှာ အခက်အခဲဖြစ်ခဲ့ပြီး စစ်အုပ်စု ဖျက်ဆီးခဲ့တဲ့ လမ်းကို ယာယီသွားလာနိုင်ဖို့ PNLAက ပြင်ဆင်ပေးခဲ့တယ်လို့ အသိပေးပါတယ်။

◾️ကောလင်းမြို့တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ အဓိက​နေရာများကို စစ်​ကောင်စီတပ်က တပ်စွဲထား​ပေမယ့် တိုက်ပွဲများဆက်လက်ဖြစ်ပွား​နေ​တယ်လို့ စစ်​ရေးသတင်းရင်းမြစ် ၅ ဦးက​ပြောပါတယ်။ ရပ်ကွက် ၈ ရပ်ကွက် ရှိ​တဲ့ ကောလင်းမြို့ကို စစ်ကောင်စီတပ်က ​နေရာအများစုမှာ တပ်စွဲထား​ပေမယ့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကာ စစ်​ကောင်စီတပ်က မြို့​ပေါ်ရှိ ​နေအိမ်အ​ဆောက်အဦးများကို မီးရှို့​ဖျက်ဆီးနေတယ်လို့ ​ဒေသခံ အချို့က ​ပြောပါတယ်။ စစ်​ရေးသတင်းရင်းမြစ်တစ်ဦးက ​ကောလင်းမြို့ရဲ့နေရာအများစုမှာ စစ်​ကောင်စီတပ် တပ်စွဲထားပြီး ပြည်သူ့ နေအိမ်များ၊ ဆန်စက်များကို ​ဖောက်ထွင်းပြီး ကန့်ဘလူဘက်သို့ သယ်​ဆောင်ကာ ပျူ​စောထီးများကို ​ပေး​ဝေ​ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲများမှာ မြို့အနီးဝန်းကျင်မှာ ဆက်လက်ဖြစ်ပွား​နေ​တယ်လို့ သိရပါတယ်။

◾️မင်းပြားမှ သိမ်းဆည်းရရှိတဲ့ အတွဲလိုက်ဒုံးတင်ယာဉ် နှစ်စီးနဲ့ လက်နက်ခဲယမ်းများ၊ စစ်သုံးယာဉ်များကို AA ပြသ
👍401🤮1
ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားတဲ့ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများမှ ရရှိခဲ့တဲ့ လက်နက်ခဲယမ်းများကို ဒီနေ့ ညနေပိုင်းမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ မင်းပြားမြို့ကို ဖေဖော်ဝါရီ ပထမပတ်မှာ AAက သိမ်းပိုက်နိုင်ခဲ့ရာ အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၉) လက်အောက်ခံ နည်းဗျူဟာ(၂) ခမရ( ၃၇၉)၊ ခမရ(၃၈၀)နဲ့ ခမရ(၅၄၁)တပ်ရင်းများကို အပြီးသတ် ရရှိခဲ့ပါတယ်။ အဲဒီ တပ်ရင်းများမှ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းမီးကျောက်များကို ဖော်ပြခဲ့ရာ ပျက်စီးနေပြီဖြစ်တဲ့ အတွဲလိုက်ဒုံးတင်ယာဉ်နှစ်စီး၊ အရာရှိကိုင် လက်နက်ငယ် ၆၀ကျော်၊ အခြားလက်နက်ငယ်နဲ့ လက်နက်ကြီးများစွာ၊ စစ်သုံးမော်တော်ယာဉ်များကို တွေ့ရပါတယ်။

◾️မြေပုံမြို့ကိုပါ AA သိမ်းပိုက်ထိန်းချုပ်ထား​ကြောင်း ကြေညာ

ရက္ခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ သုံးလတာ စစ်ဆင်ရေးအတွင်း ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့များပေါ်မှ စစ်ကောင်စီရဲ့ စစ်ဘက်၊ ရဲဘက်တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်တယ်လို့ AAက ထုတ်ပြန် ကြေညာပါတယ်။ ဇန်နဝါရီဒုတိယပတ်အစမှာပဲ ပလက်ဝဒေသကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ AA ဟာ ဒီလ ပထမပတ်မှာ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီး လလယ်ပိုင်းမှာ မြေပုံကို ထပ်မံသိမ်းနိုင်ခဲ့တာလို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် AA ဟာ ပလက်ဝ မြို့နယ်အတွင်းရှိ ဆမီးမြို့၊ ​မောင်​တောမြို့နယ်အတွင်းရှိ ​တောင်ပြို(လက်ဝဲ)ကိုလည်း သိမ်းပိုက်ထားပါတယ်။ တဖက်မှာလည်း စစ်ကောင်စီဟာ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိရာ ဖေဖော်ဝါရီ ၁၄ရက်ကစလို့ ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တောမြို့များမှာ တိုက်ပွဲများ ပြင်းထန်နေကြောင်း အသိပေးပါတယ်။

◾️နိုင်ကျဉ်းဟောင်း မနိုဘယ်အေးကို စစ်ကောင်စီ ပစ်သတ်

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးကို တရာရုံးထုတ်မှာ ထွက်ပြေးတယ်ဆိုပြီး စစ်ကောင်စီတပ်က ပစ်သတ်လိုက်တယ်လို့ မိသားစုဝင်ရဲ့အတည်ပြုချက်ကိုးကားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM )က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက် က ပဲခူးတိုင်း၊ ဝေါမြို့နယ် တရားရုံးထုတ်ပြီးအပြန်မှာ ထွက်ပြေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်သတ်ခံရတာကို မိသားစုဝင် မနိုဘယ်အေးရဲ့ မောင်ဖြစ်သူကအတည်ပြုခဲ့တာပါ။ ရုံးထုတ်ပြီးအပြန် သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအရောက်မှာ ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ကာ ဝေါဆေးရုံ ပို့လိုက်တာလို့ မနိုဘယ်အေးရဲ့မောင်ဖြစ်သူ ကိုထက်မြက်က ပြောပါတယ်။ မနိုဘယ်အေးနဲ့အတူ ဖမ်းခံရတဲ့ အမျိုးသားတစ်ဦးကိုပါ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တာလို့ သိရပါတယ်။

◾️အာဏာရှင်စနစ်သက်ဆိုးရှည်စေမယ့် လုပ်ရပ်များ ရှောင်ရှားဖို့ PNLO/PNLA တိုက်တွန်း

ပအိုဝ်းလူငယ်များဟာ ယုတ်ညံ့သော လူတစ်စုအကျိုးစီးပွားကို ကာကွယ်ခြင်းနဲ့ ပအိုဝ်းလူမျိုးတို့ကို ဒုက္ခပေးနေတဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် လုပ်ရပ်များကို ရှောင်လွှဲပြီး ပအိုဝ်းအမျိုးသား အဖိနှိပ်ခံဘ၀မှ လွတ်မြောက်စေရေးအတွက် အမျိုးသား လွတ်မြောက်ရာ လမ်းလျှောက်လှမ်းမှုမှာ သမိုင်းပေးတာဝန်အဖြစ် ခံယူကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) က ထုတ်ပြန်တိုက်တွန်းလိုက်ပြီး PNLAထံ လာရောက်ပူးပေါင်းကာ တော်လှန်ရေးတာဝန်များထမ်းဆောင်ဖို့ ဖိတ်ခေါ်ပါတယ်။ စစ်ကောင်စီက လက်နက်အားကိုး မတရား ပြဌာန်းလိုက်တဲ့ စစ်မှုမထမ်း မနေရ ဥပဒေဟာ ပြည်သူအချင်းချင်း ပြန်လည်သတ်ဖြတ်ကြဖို့ လုပ်ဆောင်လိုက်ခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။ တစ်နိုင်ငံလုံး အဖိနှိပ်ခံ ပြည်သူများ ဆန့်ကျင်နေကြသကဲ့သို့ ပအိုဝ်း ပြည်သူ တစ်ရပ်လုံးနဲ့ ပအိုဝ်း လူငယ်လူရွယ်များကလည်း မတရားမှုကို ခေါင်းငုံ့မခံကြဘဲ ရဲရင့်ပြတ်သားစွာ ဆန့်ကျင်ကြဖို့ PNLO/PNLAက တိုက်တွန်းပါတယ်။

◾️ကျောက်ကြီးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံနှစ်ဦးသေဆုံး၊ ကလေးငယ်များ အပါအဝင် ၆ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျောက်ကြီး(လယ်ဒို)မြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး (၁၈)နှစ်အောက် ကလေး လေးဦးအပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNUဗဟိုက ထုတ်ပြန်ပါတယ်။ KNU တပ်မဟာ(၃)နယ်မြေ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက် တပ်ရင်းက ဖေဖော်ဝါရီ ၁၄ရက် ညပိုင်းမှာ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ကညင်ကျိုးကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ် သုံးဦး အပါအဝင် ၅ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ညပိုင်းမှာ ခမရ(၂၆၄)တပ်က လက်နက်ကြီးဖြင့် နတ်သံကွင်းမြို့နဲ့ ခင်ကန့်လန့်ရွာကိုလည်း ထပ်မံပစ်ခတ်ခဲ့ရာ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးကာ (၄၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဖော်ပြပါတယ်။

◾️ဆီဆိုင်တိုက်ပွဲ စစ်အုပ်စုနှစ်ဦးထက်မနည်း သေဆုံး
👍301🤮1
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်မြောက်ဘက်ခြမ်း တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပြည်သူ့စစ်နှစ်ဦး​ထက်မနည်းသေဆုံးပြီး စစ်​ကောင်စီတပ်ထံမှ မူးယစ်ဆေးဝါးနဲ့ ခဲယမ်းကျည်ဆံအချို့သိမ်းဆည်းရမိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက​ပြောပါတယ်။ ဖေဖော်ဝါရီ ၁၅ရက်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) လုံခြုံရေးစစ်ကြောင်းကို ချောင်းမြောင်းပစ်ခတ်တဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါများကို ပြန်လည်ရှင်းလင်းရာ ခဲယမ်းအချို့နဲ့ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ အရင်တိုက်ပွဲဖြစ်စဉ်တွေမှာလည်း စစ်ကောင်စီနဲ့ လက်အောက်ခံတပ်ဖွဲ့များထံမှ မူးယစ်ဆေးဝါး သိမ်းဆည်းရရှိတဲ့ ဖြစ်စဉ်များရှိခဲ့တယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

◾️ဘင်္ဂလားဒေ့ရှ်ထွက်​ပြေးတဲ့ စစ်သား ၃၀၀ ကျော်ကို ပြန်ပို့

နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးလာကြတဲ့ စစ်​ကောင်စီစစ်သားတွေနဲ့ တခြား အရာရှိတွေ၊ မိသားစုဝင်တွေ စုစုပေါင်း ၃၃၀ လောက်ကို ဘင်္ဂလားဒေ့ရှ်က မြန်မာဖက် ပြန်ပို့ဆောင်လိုက်ပါတယ်။ မနေ့ မနက်ပိုင်းက မြန်မာ စစ်သားတွေကို ပြန်လည် ပို့ဆောင်ပေးလိုက်တဲ့ ကိစ္စကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရှာရီဖူလ် အစ္စလာမ်က အတည်ပြုခဲ့ပါတယ်။ ကော့စ်ဘဇား ဒေသမှာရှိတဲ့ အင်နာနီရေတပ်ရဲ့ ဆိပ်ခံတံတားမှာ မြန်မာစစ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေကို စစ်​ကောင်စီရဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးအောင်ကျော်မိုးဆီ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးညသပိတ် ဆင်နွှဲခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ" စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟစ်ကြွေးသံများနဲ့ ချီတက်ခဲ့ကြပါတယ်။
ဝက်လက်မြို့နယ်မှာ အခြေခံပညာကျောင်းသားသမဂ္ဂများနဲ့ ဝက်လက်ဒေသစည်းရုံးရေးရဲဘော်များက ဦးဆောင်ပြီး ကျောင်းသားပြည်သူလူထုကို စည်းရုံးစုစည်းကာ စစ်သုံးစစ်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုအဖြစ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မြင်းမူမြို့နယ်မှာ ဒေသခံလူငယ်တွေ စုပေါင်းကာ လက်နက်မဲ့လမ်းစဥ်နဲ့ လူထုတိုက်ပွဲများ မြင်းမူမြို့နယ်အတွင်း ပြန်လည်ပေါ်ပေါက်နိုင်ရေး အကြိုလှုံ့ဆော်မှုအနေနဲ့ ကျေးရွာတွေကို ဆိုင်ကယ်သပိတ်စစ်ကြောင်းအဖြစ် လှည့်လည် ချီတက်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာ စကြဝတေးမင်းကြီးသပိတ်အဖွဲ့ဝင်တွေက စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုအဖြစ် "စစ်ကောင်စီရဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့် ပြည်သူ့ထောက်ခံမှုမရသည့်အပြင် အောက်ခြေစစ်သားများ၏ အသက်များစွာစတေးနေရပြီ" စာတန်း(ဗီနိုင်း)ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က "လူထုအာဏာတည်ဆောက် လွတ်မြောက်ရေးအတွက် ဆက်လျှောက်" ဆိုတဲ့ ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံအမျိုးသမီး လူငယ်တွေ အပါအဝင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုနဲ့အတူ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
👍35🤣21
👍353👏3🤣1