People's Spring
62.6K subscribers
66.7K photos
1.17K videos
7 files
2.9K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
64👍27🏆5👏3🤣1
ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီက လမ်းများကို ဘူဒိုဇာဖြင့်ထိုး ဖျက်ဆီး

မိုးမိုး/People’s Spring

ပအိုဝ်းဒေသ ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များက ပြည်သူပိုင်လမ်းအား ဖျက်ဆီးနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။

ဟိုပုံးမြို့နယ် မဲနယ်တောင်ရှိ အများပြည်သူပိုင် လမ်းများကို ဘက်ဖိုးများ ဘူဒိုဇာများဖြင့်ထိုးဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း PNLAက ယနေ့ ဖေဖော်ဝါရီ ၁၆ရက်တွင် ထုတ်ပြန်သည်။

"စကစ နဲ့ ပြည်သူ့စစ်ရဲ့ပုံစံအတိုင်း အလုံးစုံဖျက်ဆီးရေးဆိုတဲ့အတိုင်း ဖျက်ဆီးသွားတာဖြစ်ပါတယ်။ ပြီးတော့ ပအိုဝ်းဒေသက ပြည်သူလူထုကို ခက်ခဲအောင်လုပ်တာလည်းဖြစ်တယ်။ နောက်ဆုံး ကျွန်တော်တို့လုံခြုံရေးလှုပ်ရှားရာမှာ ခက်ခဲအောင် လမ်းကိုဖျက်ဆီးတာလည်းဖြစ်တယ်။ ပြောရရင်တော့ စစ်အာရှင်တွေရဲ့ အကျင့်အတိုင်း ဖျက်ဆီးလိုက်တာဖြစ်ပါတယ်"ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များက ယင်းကဲ့သို့ အများပြည်သူပိုင်လမ်းကို ဖျက်ဆီးခြင်းကြောင့် ပြည်သူများ သွားလာရေးတွင်အခက်အခဲဖြစ်ခဲ့ဟု PNLAက ထုတ်ပြန်သည်။

စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်များ ဖျက်ဆီးခဲ့သည့် လမ်းကို ယာယီသွားလာနိုင်ရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ပြင်ဆင်ပေးခဲ့သည်ဟုလည်း အသိပေးသည်။

စစ်ကောင်စီသည် ကချင်၊ ကရင်၊ မွန် ၊ရှမ်းမြောက်နှင့် ရက္ခိုင်အပါအဝင် ၎င်းတို့ စစ်ရေးအရ အထိနာသည့် ဒေသများ၌ လမ်းများကို ဖျက်ဆီးခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။
🤬45👍8😡52😁1😢1
🖕32🤬13👍5😡2🔥1
(စစ်ကောင်စီက လမ်းပိုင်းအား ဘူဒိုဇာဖြင့်ထိုး ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
🤬25👍2👏2😭2🔥1
NMSPအဖွဲ့ တော်လှန်ရေးပါဝင်လာမှု NUG ဂုဏ်ပြုကြိုဆို

▪️တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိသေးသော တိုင်းရင်းသားတော်လှန်ရေး အင်အားစုများလည်း ပါဝင်လာရန် ဖိတ်ခေါ်

ထားမြတ်/People’s Spring

စစ်ကောင်စီနှင့်ထိတွေ့ဆက်ဆံမှုများလုပ်ဆောင်ခဲ့သည့် မွန်ပြည်သစ်ပါတီ(NMSP)(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ တော်လှန်ရေးတွင်ပါဝင်လာမှုအား ဂုဏ်ပြုကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ယနေ့ ထုတ်ပြန်ကြေညာသည်။

NMSP အထွေထွေအတွင်းရေးမှူးနိုင်ဇေယျနှင့်ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထောအပါအဝင် အဖွဲ့အတွင်း သဘောထားတူညီသည့် အင်အားစုများ စုပေါင်းပြီး NMSP(စစ်အာဏာရှင်တိုက်ဖျက်ရေး)အမည်ဖြင့် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ရန် ဖေဖော်ဝါရီ ၁၄ရက်တွင် ကြေညာခဲ့သည်။

အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီအား ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ကထုတ်ပြန်ခဲ့ရာ ယင်းသို့ထုတ်ပြန်မှုအပေါ် ဝမ်းမြောက်စွာ ဂုဏ်ပြု ကြိုဆိုကြောင်း NUGက ယနေ့ အသိပေးခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့အား မွန်တော်လှန်ရေးသမိုင်းတွင် မော်ကွန်းသစ် ရေးထိုးလိုက်သည့် နေ့တနေ့အဖြစ် လေးစားစွာ မှတ်တမ်းတင်သည်ဟု ဖော်ပြသည်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ လုံးဝ ကင်းစင်ပပျောက်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အပါအဝင် တော်လှန်ရေး အင်အားစုအားလုံးနှင့် အခိုင်အမာ လက်တွဲပူးပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုသည်ဟုလည်း NUGက ထုတ်ပြန်သည်။

တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိသေးသော တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအနေဖြင့်လည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် တို့အတွက် လက်ရှိအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး ပြည်သူ့နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန် NUGက ထပ်မံတိုက်တွန်း ဖိတ်ခေါ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၂ရက်က ကျင်းပသည့် (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား (ပင်လုံစာချုပ်ချုပ်ဆိုခြင်းနှစ်ပတ်လည်နေ့)တွင် NUG ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခဲ့ရာ မွန်နှင့် ရှမ်း လက်နက်ကိုင်အဖွဲ့များ၏ ပါဝင်အားဖြည့်မှုကို လိုလားကြောင်း ဖိတ်ခေါ်ခဲ့သည်။

"ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တစ်တပ်တစ် အား ပါဝင်အားဖြည့်မှုကို ကျနော်တို့ အလေးအနက်ထား ကြိုးစားဖို့လိုပါတယ်။ ဒါ့အပြင် မွန်ပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အားဖြည့်မှုကိုလည်း အထူးလိုလားစွာ ကြိုဆိုကြောင်း တင်ပြချင်ပါတယ်"ဟု ယာယီသမ္မတက ပြောဆိုခဲ့ခြင်းဖြစ်သည်။

မွန်ပြည်ကာကွယ်ရေးတပ်(MSDF)ကလည်း ၎င်းတို့ အနေဖြင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) နိုင်ငံရေး၊ စစ်ရေး ဦးဆောင်အဖွဲ့နှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့၏ ရဲဝင့်ပြတ်သားပြီး မှန်ကန်သည့် ရပ်တည်မှု အပေါ်၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)မှ လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူကြောင်း၊

အကြမ်းဖက်စစ်ကောင်စီနှင့် စစ်အာဏာရှင် (အာဏာရှင်စနစ် အမျိုးမျိုး) ချေမှုန်း ပျက်သုဉ်းရေး အတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့နှင့် အတူတကွ လက်တွဲပြီး အောင်ပွဲ ရသည့်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ခဲ့သည်။
👍60👏93🤮1
👍5812🏆3🤮1
(မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍42🤮2😭1
စစ်ကိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းမှာ သပိတ် အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ် အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေ ဒီနေ့ (ဖေဖော်ဝါရီ ၁၇) အသီးသီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးညသပိတ် ဆင်နွှဲခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ" စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟစ်ကြွေးသံများနဲ့ ချီတက်ခဲ့ကြပါတယ်။

ဝက်လက်မြို့နယ်မှာလည်း အခြေခံပညာကျောင်းသားသမဂ္ဂများနဲ့ ဝက်လက်ဒေသစည်းရုံးရေးရဲဘော်များက ဦးဆောင်ပြီး ကျောင်းသားပြည်သူလူထုကို စည်းရုံးစုစည်းကာ စစ်သုံးစစ်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုအဖြစ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

မြင်းမူမြို့နယ်မှာလည်း ဒေသခံလူငယ်တွေ စုပေါင်းကာ လက်နက်မဲ့လမ်းစဥ်နဲ့ လူထုတိုက်ပွဲများ မြင်းမူမြို့နယ်အတွင်း ပြန်လည်ပေါ်ပေါက်နိုင်ရေး အကြိုလှုံဆော်မှုအနေနဲ့ ကျေးရွာတွေကို ဆိုင်ကယ်သပိတ်စစ်ကြောင်းအဖြစ် လှည့်လည် ချီတက်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာလည်း စကြဝတေးမင်းကြီးသပိတ်အဖွဲ့ဝင်တွေက စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုအဖြစ် "စစ်ကောင်စီရဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့် ပြည်သူ့ထောက်ခံမှုမရသည့်အပြင် အောက်ခြေစစ်သားများ၏ အသက်များစွာစတေးနေရပြီ" စာတန်း (ဗီနိုင်း)အားကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ လည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) မှ ဦးဆောင်ပြီး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို "လူထုအာဏာတည်ဆောက် လွတ်မြောက်ရေးအတွက် ဆက်လျှောက်" ဆိုတဲ့ ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံအမျိုးသမီး လူငယ်တွေ အပါအဝင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုနဲ့အတူ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ DDMSC ၊ လက်ပံတောင်းသပိတ်၊ စကြဝတြေးမင်းကြီးသပိတ်
32👍12🤮1
41👍16🤮2
ငါန်းဇွန်မြို့နယ်တွင် စစ်တပ်က ပြည်သူသုံးဦးဖမ်းဆီးပြီး ဆန်အိတ် ၂၅အိတ်နှင့် ရိက္ခာများ အဓမ္မသိမ်းဆည်း

အင်ကြင်း/People´s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ထန်းတပင် ကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူသုံးဦးကို ဖမ်းဆီးပြီး ဆန်အိတ်ပေါင်း ၂၅အိတ် အပါအဝင် ရိက္ခာများ အဓမ္မသိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၆ရက်) နေ့လယ်ပိုင်းက ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိဘာပြီး ပြည်သူသုံးဦးကို ဖမ်းဆီးခဲ့သည်။

ထို့အပြင် နေအိမ် သုံးအိမ်မှ ဆန်အိတ် ၂၅အိတ်၊ ဆီ၁၀ပိဿာဆန့် ၁၅ ပုံး ၊ အဝတ်သေတ္တာ တစ်လုံး၊ ဖုန်းသုံးလုံးနှင့် ငွေတစ်သိန်းကျပ် အဓမ္မသိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။

"အင်အားက ၂၅ ယောက်လောက်ပါတယ်။ကျား၃ဦးဖမ်းသွားတယ်။ တစ်ဦးက ၅၀အရွယ် "ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ရက်) ညနေပိုင်းကလည်း ငါန်းဇွန်မြို့နယ်၊ မြို့သာအနောက်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး လူငယ်နှစ်ဦးအားဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ငါန်းဇွန် မြို့နယ်တွင်လည်း ပျူစောထီးသင်တန်းများပေးနေပြီး သင်တန်းသားများရရှိရန် အားထုတ်နေကြောင်း သတင်းရရှိသည်။
🤬50👍13😢2😡2🔥1
👍21😡18😭3🔥1
One Championship ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးနှင့် သန့်စင်က ပြိုင်ဘက်များကို အသီးသီးအနိုင်ရ

သုည/People's Spring

One Championship က ယနေ့ (ဖေဖော်ဝါရီ ၁၆) ညပိုင်းတွင် ကျင်းပပြုလုပ်သည့် မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးနှင့် သန့်စင်တို့က ပြိုင်ဘက်ကစားသမားများကို အလဲထိုးဖြင့် အသီးသီး အနိုင်ရခဲ့သည်။

အဆိုပါ One Friday Fight 52 ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲ၏ မွေထိုင်း ဘန်တန်ဝိတ်တန်းပွဲစဥ်တွင် စိုးလင်းဦးနှင့် ဂျပန်ဖိုက်တာ မာဆာယိုရှီ၊ ကတ်ရှ်ဝိတ်တန်းပွဲစဥ်တွင် သန့်စင်နှင့် အိမ်ရှင်ထိုင်းဖိုက်တာ ဂျေဆင်းတို့ ထိုးသတ်ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးနှင့် ဂျပန်ဖိုက်တာ မာဆာယိုရှီတို့သည် ပထမနှင့် ဒုတိယအချီတွင် အပြန်အလှန် ထိုးသတ်နိုင်ခဲ့သော်လည်း တတိယအချီတွင် စိုးလင်းဦးက အသာစီးထိုးသတ်နိုင်ခဲ့ကာ ဒူးတိုက်ချက်၊ တံတောင်ရိုက်ချက်များဖြင့် ပြိုင်ဘက်ကို အလဲထိုးအနိုင်ရခဲ့သည်။

​မြန်မာ့လက်ဝှေ့ကျော် သန့်စင်သည်လည်း အိမ်ရှင်ထိုင်းဖိုက်တာ ဂျေဆင်းကို အကောင်းဆုံး ယှဥ်ပြိုင်ထိုးသတ်နိုင်ခဲ့ပြီး ဒုတိယအချီတွင် သန့်စင်က ဘယ်ဝိုက်လက်သီးထိုးချက်ဖြင့် ပြိုင်ဘက်ကို အလဲထိုးအနိုင်ရခဲ့သည်။

ထို့အပြင် စိုးလင်းဦးနှင့် သန့်စင်သည် ပြိုင်ဘက်များကို အလဲထိုးအနိုင်ရခဲ့သည့်အတွက် One Championship က အပိုဆုကြေးငွေ ထိုင်းဘတ်သုံးသိန်းခွဲစီ ပေးအပ်ခဲ့ကြောင်း ကြေညာခဲ့သည်။

ဓာတ်ပုံ - One Championship
👍36🤮1
👍41🤮1