People's Spring
62.6K subscribers
66.7K photos
1.17K videos
7 files
2.9K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍29🔥2
ဘန်ကောက်မှာ မြန်မာလုပ်ငန်းရှင်ကို သတ်ပြီး စင်ကာပူကို တိမ်းရှောင်သွားတဲ့ ကင်မရွန်းနိူင်ငံသား ၂ ဦးကို ဖမ်းမိဖို့ ထိုင်းရဲတပ်ဖွဲ့ ကြိုးစားနေတယ်လို့ဆို

-People's Spring

ထိုင်းနိုင်ငံမှာ မြန်မာ လုပ်ငန်းရှင် တစ်ဦးကို သတ်ဖြတ်ပြီး ပြည်ပကို တိမ်းရှောင်သွားတဲ့ နိုင်ငံခြားသား နှစ်ဦးကို ခြေရာခံ ရှာဖွေနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ကင်မရွန်း နိုင်ငံသား နှစ်ဦးဟာ ဘန်ကောက်မြို့တော်မှာရှိတဲ့ ဇိမ်ခံ တိုက်ခန်း တစ်ခုမှာ လူသတ်မှု ကျူးလွန်ခဲ့တဲ့နောက် သေသူရဲ့ ဘတ်ငွေ ၅ သန်းကိုပါ ယူဆောင်ပြီး စင်ကာပူနိုင်ငံထဲ ထွက်ပြေးသွားတယ်လို့ ထိုင်း​ထောက်လှမ်း​ရေး အရာရှိတွေက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြောပါတယ်။

အစောပိုင်းက ကျူးလွန်သူ နှစ်ဦးကို စကော့တလန်သားတွေကို ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာ ကင်မရွန်း နိုင်ငံသားတွေအဖြစ် ထိုင်းရဲတပ်ဖွဲ့က ပြန်လည် ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။

သံသယ တရားခံ နှစ်ဦးကိုတော့ ဝီလျံလို့ အတိုကောက် ခေါ်ဝေါ်တဲ့ ရော်ဘင်ဆင် ဆာဟာ (၃၂ နှစ်)နဲ့ ဂျွန်လို့ အတိုကောက် ခေါ်ဝေါ်တဲ့ ဗစ်စီယို ဒါလော့ဒ် မမ်ဂိုင်ခန် (၃၆ နှစ်)တို့ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ သူတို့နှစ်ဦးဟာ ထိုင်းကို ကမ္ဘာလှည့် ခရီးသွားတွေအဖြစ် ရောက်ရှိလာပြီး ဆန်သွန်ခရိုင်က သွန်မဟာမက် ဧရိယာက တိုက်ခန်းတစ်ခုမှာ နေထိုင်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ အသက် ၅၀ ကျော်အရွယ် မြန်မာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးနဲ့အတူ ဆူခွမ်ဗစ် ဧရိယာကနေ ထွက်ခွာသွားတာကို နောက်ဆုံး တွေ့ခဲ့ရပါတယ်။ သတင်းအရ ရဲတွေက သွားရောက် စစ်ဆေးတဲ့အခါ အဆင့်မြင့် ကွန်ဒို တစ်ခုရဲ့ ၂၃ ထပ်မှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်အစောပိုင်းတုန်းက မြန်မာ အမျိုးသားကို သေဆုံးလျက်သား တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကင်မရွန်း အမျိုးသား နှစ်ဦးဟာ သူတို့ရဲ့ တိုက်ခန်းဆီ ပြန်သွားပြီး အဲဒီကနေတဆင့် တက္ကစီငှားပြီး ဒွန်မောင်းလေဆိပ်ဆီ သွားရောက်ပြီး စင်ကာပူကို ခရီးဆက်ခဲ့ကြောင်း ရဲတွေက ထောက်လှမ်း သိရှိထားပါတယ်။

အခင်းဖြစ်တဲ့ နေရာကို ရဲတွေ ရောက်သွားချိန် ​ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ မြန်မာနိုင်ငံသား လုပ်ငန်းရှင်ဟာ မျက်နှာ၊ နား၊ ဦးခေါင်းမှာ ရထားတဲ့ ဒဏ်ရာတွေကြောင့် သွေးအလိမ်းလိမ်းနဲ့ လဲကျ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

အခုအခါ ရဲတွေဟာ သံရုံးချင်း ချိတ်ဆက်ပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)ရဲ့ အကူအညီကိုပါ ရယူပြီး သံသယ တရားခံတွေကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ လူသတ်မှုရဲ့ တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်ပြီး သေဆုံးသူရဲ့ မွေးစားမိခင်ဆိုတဲ့ အမျိုးသမီးကြီးက လူသတ်သမားတွေဟာ သူ့ကို မေ့မျောသွားတဲ့ထိ လည်ပင်းညှစ်ထားခဲ့တယ်လို့လည်း ရဲတွေဆီကို စကားပြန်ကနေတဆင့် ထွက်ဆိုခဲ့ပါတယ်။

သူမသားနဲ့ လူသတ်မှု ကျူးလွန်တဲ့သူ​တွေဟာ လုပ်ငန်းအတူတွဲလုပ်သူ​တွေလို့ သူမကထွက်ဆိုပါတယ်။သေဆုံးသူဟာ​ငွေလဲလုပ်ငန်းလုပ်ကိုင်သူလို့ သတင်း​တွေက​ဖော်ပြ​ပေမယ့် သူ့ရဲ့အမည် နဲ့ အချက်အလက်အ​သေးစိပ်ကိုထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ခြင်းမရှိ​သေးပါဘူး။

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ အခင်းဖြစ်ချိန်အတွင်း သေသူ၊ မျက်မြင်သက်သေနဲ့ သံသယ တရားခံ နှစ်ဦးတို့ဟာ တိုက်ခန်းထဲမှာ အတူရှိနေခဲ့တယ်ဆိုတာ အတည်
ပြုနိုင်ကြောင်း ရဲတွေက ပြောပါတယ်။

သေဆုံးသူဟာ ဘန်ကောက်နဲ့ ရန်ကုန်၊ ဘန်ကောက်နဲ့
ဟနွိုင်းကြား ၅၂ ကြိမ်လောက် ကူးလူးသွားလာမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ရာ တိုက်ခန်းကိုတော့ သူဟာ ဖေဖော်ဝါရီ ၇ ရက်နေ့ ကတည်းက ရောက်ရှိနေခဲ့တာလို့ ရဲမှတ်တမ်းတွေမှာ ပါရှိပါတယ်။


သေဆုံးသူရဲ့ လုပ်ငန်း အခြေအနေနဲ့ တခြား အသေးစိတ် အချက်အလက်တွေကို သိရှိဖို့ ဘန်ကောက် ရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးနဲ့ ချိတ်ဆက် စုံစမ်းမှုတွေ ဆက်လက်လုပ်
ဆောင်နေတယ်လို့လည်း သိရပါတယ်။

ကိုးကာ: Bangkok Post ၊ Thai PBS
👍35👏31🔥1😱1
လူသတ်မှုဖြစ်ပွားရာကွန်ဒိုတိုက်ခန်းနှင့် ထိုင်းရဲတပ်ဖွဲ့အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-Thai PBS
19👍13
ဆင်ဘိုမြို့ကို KIA ဆက်လက်ထိန်းချုပ်ထား

ဆန်အောင်/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်ထားဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဧရာ၀တီမြစ်ကမ်းဘေးရှိ ဆင်ဘိုမြို့ကို ဖေဖော်ဝါရီ ၁၀ရက် နံနက်တွင် KIAနှင့် PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး မြို့နှင့် မိုင်အနည်းငယ်အကွာရှိ စစ်ကောင်စီ၏ ခလရ(၁၄၁) တပ်ရင်းကို ဆက်လက် တိုက်ခိုက်ခဲ့သည်။

ဆင်ဘိုတိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ခလရ(၁၄၁)တပ်ရင်းကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲငြိမ်သက်သွားသည်။

"မြို့ကို ထိန်းထားဆဲ။ တိုက်ပွဲဖြစ်တာ မရှိဘူး"ဟု စစ်ရေးသတင်းရင်းမြစ်က ယခုရက်ပိုင်းအတွင်း ပြောကြားထားသည်။

ယနေ့ နံနက်တွင် ကချင်သတင်းရင်းမြစ်အချို့က ဆင်ဘိုရှိ စစ်ကောင်စီတပ်စခန်းကို KIA/PDF ပူးပေါင်းတပ်က ဆက်လက်တိုက်ခိုက်နေကြောင်း လူမှုကွန်ရက်တွင် ရေးသားသည်။

ဆင်ဘိုမြို့ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနှင့် စစ်ရေးသတင်းရင်းမြစ် အချို့ကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။
👍398👏2🤣2
33👍16👏2🤣1😭1
မင်းပြားမှ သိမ်းရသည့် အတွဲလိုက်ဒုံးတင်ယာဉ် ၂စီးနှင့် လက်နက်ခဲယမ်းများ၊စစ်သုံးယာဉ်များ AA ပြသ

ရှိုင်း/People’s Spring

ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားသည့်မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်းများမှ ရရှိခဲ့သည့် လက်နက်ခဲယမ်းများကို ယနေ့ ဖေဖော်ဝါရီ ၁၆ရက် ညနေပိုင်း၌ ထုတ်ဖော်ပြသခဲ့သည်။

မင်းပြားမြို့ကို ဖေဖော်ဝါရီ ပထမပတ်တွင် AAက သိမ်းပိုက်နိုင်ခဲ့ရာ အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၉) လက်အောက်ခံ နည်းဗျူဟာ(၂) ခမရ( ၃၇၉)၊ ခမရ(၃၈၀) နှင့် ခမရ(၅၄၁) တပ်ရင်းများကို အပြီးသတ် ရရှိခဲ့သည်။

အဆိုပါ တပ်ရင်းများမှ သိမ်းဆည်းရရှိခဲ့သည် လက်နက်ခဲယမ်းမီးကျောက်များကို ဖော်ပြခဲ့ရာ ပျက်စီးနေပြီဖြစ်သည့် အတွဲလိုက်ဒုံးတင်ယာဉ် ၂စီး၊ အရာရှိကိုင် လက်နက်ငယ် ၆၀ကျော်၊ အခြားလက်နက်ငယ်နှင့် လက်နက်ကြီးများစွာ၊ စစ်သုံးမော်တော်ယာဉ်များ ကိုတွေ့ရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကျောက်တော်ရှိ စစ်ကောင်စီတပ်ရင်းများမှ သိမ်းရသည့် လက်နက်များကို AAက ထုတ်ဖော်ပြသခဲ့သည်။

AAသည် ၂၀၂၃ အောက်တိုဘာ ၁၃ရက်တွင် ရက္ခိုင်ဒေသနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်ကို ထိုးစစ်ဆင်ခဲ့ရာ သုံးလအတွင်း ပလက်၀၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနှင့် မြေပုံမြို့များကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ရသေ့တောင်၊ မောင်တောနှင့် ရမ်းဗြဲအပါအဝင် ရက္ခိုင်ဒေသ၌ ကျန်နေသည့် စစ်ကောင်စီတပ်ရင်းများ၊ စခန်းများကို ထိုးစစ်ဆင်လျက်ရှိသည်။
49👍15👏2🤣1
64👍27🏆5👏3🤣1