People's Spring
62.6K subscribers
66.7K photos
1.17K videos
7 files
2.9K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
😭33👍8😁3🤬21😡1
(လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသောတဲတစ်လုံးနှင့် ဗုံးဒဏ်ကြောင့် မြေကြီးကျင်း​ပေါက်သွားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ-People's Defense Comrade)
👍14😡3🔥1
နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်သတ်

နန်းနောင့်နောင့်/People's Spring

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ အသိပေး ထုတ်ပြန်သည်။

မနိုဘယ်လ်‌အေးကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်က ပဲခူးတိုင်း၊ ညောင်ခါးရှည်ဂိတ်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအနီးတွင် ပစ်သတ်ခဲ့ခြင်းဟု မိသားစုဝင်များ၏ ပြောဆိုချက် ကိုးကား၍ PPNMက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဇန်နဝါရီ ၂၉ရက်က လက်နက်များသယ်ဆောင်လာသည်ကို သတင်းရသည့်အတွက် ပဲခူးမြို့အဝင်တွင် မော်တော်ကားတစ်စီးအား စစ်ဆေးရာ နနွင်းအိတ်ဖြင့်ဝှက်သယ်လာသော စနိုက်ပါ တစ်လက်၊ အမ် (၁၆) သေနတ်တစ်လက်၊ ပစ္စတို တစ်လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂၉၀၀ တောင့်၊ ယမ်းပျော့ ၆ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိသည်ဟုစွပ်စွဲကာ မနိုဘယ်လ်အေးနှင့် အမျိုးသားတစ်ဦးအား ဖမ်းဆီးခြင်းဟု ထုတ်ပြန်ထားသည်။

ဖမ်းဆီးပြီးနောက် ရုံးထုတ်စဉ် ထွက်ပြေးရန် ကြိုးပမ်းသည်ဟိုဆိုကာ သေနတ်ဖြင့်ပစ်ခတ်ခြင်းဟု ဖော်ပြထားကြသည်။

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

၂၀၀၇က ရွှေဝါရောင်သပိတ်တွင်လည်း ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။

ကိုဗစ်ရောဂါ ကာလကလည်း လူမှုရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ပြီး စစ်တပ်က နိုင်ငံတော် အာဏာသိမ်းသည်ကို ဆန့်ကျင်ခဲ့သူလည်းဖြစ်သည်။
😢63🤬28👍131
😢131👍8💔32🤬1🤮1
“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

◾️မြေပုံမြို့ကိုပါ AA သိမ်းပိုက်ထိန်းချုပ်ထား​ကြောင်း ကြေညာ

ရက္ခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ သုံးလတာ စစ်ဆင်ရေးအတွင်း ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့များပေါ်မှ စစ်ကောင်စီရဲ့ စစ်ဘက်၊ ရဲဘက်တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်တယ်လို့ AAက ထုတ်ပြန် ကြေညာပါတယ်။ ဇန်နဝါရီဒုတိယပတ်အစမှာပဲ ပလက်ဝဒေသကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ AA ဟာ ဒီလ ပထမပတ်မှာ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီး လလယ်ပိုင်းမှာ မြေပုံကို ထပ်မံသိမ်းနိုင်ခဲ့တာလို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် AA ဟာ ပလက်ဝ မြို့နယ်အတွင်းရှိ ဆမီးမြို့၊ ​မောင်​တောမြို့နယ်အတွင်းရှိ ​တောင်ပြို(လက်ဝဲ)ကိုလည်း သိမ်းပိုက်ထားပါတယ်။ တဖက်မှာလည်း စစ်ကောင်စီဟာ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိရာ ဖေဖော်ဝါရီ ၁၄ရက်ကစလို့ ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တောမြို့များမှာ တိုက်ပွဲများ ပြင်းထန်နေကြောင်း အသိပေးပါတယ်။

◾️နိုင်ကျဉ်းဟောင်း မနိုဘယ်အေးကို စစ်ကောင်စီ ပစ်သတ်

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးကို တရာရုံးထုတ်မှာ ထွက်ပြေးတယ်ဆိုပြီး စစ်ကောင်စီတပ်က ပစ်သတ်လိုက်တယ်လို့ မိသားစုဝင်ရဲ့အတည်ပြုချက်ကိုးကားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM )က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက် က ပဲခူးတိုင်း၊ ဝေါမြို့နယ် တရားရုံးထုတ်ပြီးအပြန်မှာ ထွက်ပြေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်သတ်ခံရတာကို မိသားစုဝင် မနိုဘယ်အေးရဲ့ မောင်ဖြစ်သူကအတည်ပြုခဲ့တာပါ။ ရုံးထုတ်ပြီးအပြန် သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအရောက်မှာ ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ကာ ဝေါဆေးရုံ ပို့လိုက်တာလို့ မနိုဘယ်အေးရဲ့မောင်ဖြစ်သူ ကိုထက်မြက်က ပြောပါတယ်။ မနိုဘယ်အေးနဲ့အတူ ဖမ်းခံရတဲ့ အမျိုးသားတစ်ဦးကိုပါ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တာလို့ သိရပါတယ်။

◾️အာဏာရှင်စနစ်သက်ဆိုးရှည်စေမယ့် လုပ်ရပ်များ ရှောင်ရှားဖို့ PNLO/PNLA တိုက်တွန်း

ပအိုဝ်းလူငယ်များဟာ ယုတ်ညံ့သော လူတစ်စုအကျိုးစီးပွားကို ကာကွယ်ခြင်းနဲ့ ပအိုဝ်းလူမျိုးတို့ကို ဒုက္ခပေးနေတဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် လုပ်ရပ်များကို ရှောင်လွှဲပြီး ပအိုဝ်းအမျိုးသား အဖိနှိပ်ခံဘ၀မှ လွတ်မြောက်စေရေးအတွက် အမျိုးသား လွတ်မြောက်ရာ လမ်းလျှောက်လှမ်းမှုမှာ သမိုင်းပေးတာဝန်အဖြစ် ခံယူကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) က ထုတ်ပြန်တိုက်တွန်းလိုက်ပြီး PNLAထံ လာရောက်ပူးပေါင်းကာ တော်လှန်ရေးတာဝန်များထမ်းဆောင်ဖို့ ဖိတ်ခေါ်ပါတယ်။ စစ်ကောင်စီက လက်နက်အားကိုး မတရား ပြဌာန်းလိုက်တဲ့ စစ်မှုမထမ်း မနေရ ဥပဒေဟာ ပြည်သူအချင်းချင်း ပြန်လည်သတ်ဖြတ်ကြဖို့ လုပ်ဆောင်လိုက်ခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။ တစ်နိုင်ငံလုံး အဖိနှိပ်ခံ ပြည်သူများ ဆန့်ကျင်နေကြသကဲ့သို့ ပအိုဝ်း ပြည်သူ တစ်ရပ်လုံးနဲ့ ပအိုဝ်း လူငယ်လူရွယ်များကလည်း မတရားမှုကို ခေါင်းငုံ့မခံကြဘဲ ရဲရင့်ပြတ်သားစွာ ဆန့်ကျင်ကြဖို့ PNLO/PNLAက တိုက်တွန်းပါတယ်။

◾️ကျောက်ကြီးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံနှစ်ဦးသေဆုံး၊ ကလေးငယ်များ အပါအဝင် ၆ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျောက်ကြီး(လယ်ဒို)မြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး (၁၈)နှစ်အောက် ကလေး လေးဦးအပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNUဗဟိုက ထုတ်ပြန်ပါတယ်။ KNU တပ်မဟာ(၃)နယ်မြေ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက် တပ်ရင်းက ဖေဖော်ဝါရီ ၁၄ရက် ညပိုင်းမှာ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ကညင်ကျိုးကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ် သုံးဦး အပါအဝင် ၅ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ညပိုင်းမှာ ခမရ(၂၆၄)တပ်က လက်နက်ကြီးဖြင့် နတ်သံကွင်းမြို့နဲ့ ခင်ကန့်လန့်ရွာကိုလည်း ထပ်မံပစ်ခတ်ခဲ့ရာ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးကာ (၄၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဖော်ပြပါတယ်။

◾️ဆီဆိုင်တိုက်ပွဲ စစ်အုပ်စုနှစ်ဦးထက်မနည်း သေဆုံး
👍312🔥1
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်မြောက်ဘက်ခြမ်း တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပြည်သူ့စစ်နှစ်ဦး​ထက်မနည်းသေဆုံးပြီး စစ်​ကောင်စီတပ်ထံမှ မူးယစ်ဆေးဝါးနဲ့ ခဲယမ်းကျည်ဆံအချို့သိမ်းဆည်းရမိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက​ပြောပါတယ်။ ဖေဖော်ဝါရီ ၁၅ရက်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) လုံခြုံရေးစစ်ကြောင်းကို ချောင်းမြောင်းပစ်ခတ်တဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါများကို ပြန်လည်ရှင်းလင်းရာ ခဲယမ်းအချို့နဲ့ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ အရင်တိုက်ပွဲဖြစ်စဉ်တွေမှာလည်း စစ်ကောင်စီနဲ့ လက်အောက်ခံတပ်ဖွဲ့များထံမှ မူးယစ်ဆေးဝါး သိမ်းဆည်းရရှိတဲ့ ဖြစ်စဉ်များရှိခဲ့တယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

◾️ဘင်္ဂလားဒေ့ရှ်ထွက်​ပြေးတဲ့ စစ်သား ၃၀၀ ကျော်ကို ပြန်ပို့

နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးလာကြတဲ့ စစ်​ကောင်စီစစ်သားတွေနဲ့ တခြား အရာရှိတွေ၊ မိသားစုဝင်တွေ စုစုပေါင်း ၃၃၀ လောက်ကို ဘင်္ဂလားဒေ့ရှ်က မြန်မာဖက် ပြန်ပို့ဆောင်လိုက်ပါတယ်။ မနေ့ မနက်ပိုင်းက မြန်မာ စစ်သားတွေကို ပြန်လည် ပို့ဆောင်ပေးလိုက်တဲ့ ကိစ္စကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရှာရီဖူလ် အစ္စလာမ်က အတည်ပြုခဲ့ပါတယ်။ ကော့စ်ဘဇား ဒေသမှာရှိတဲ့ အင်နာနီရေတပ်ရဲ့ ဆိပ်ခံတံတားမှာ မြန်မာစစ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေကို စစ်​ကောင်စီရဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးအောင်ကျော်မိုးဆီ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

◾️တန့်ဆည် ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်း စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ အဘိုးအိုတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ပြည်ထောင်စုလမ်းမကြီးမှာ စစ်ကောင်စီတပ်က လေကြောင်းထပ်မံတိုက်ခိုက်ခဲ့လို့ အသက်(၇ဝ)အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ညပိုင်းက တန့်ဆည်မြို့နယ်၊ တန့်ဆည် - ကံထူးမ - ကလေးဝလမ်းပိုင်းရှိ ပန်းထိမ်ကုန်းကျေးရွာအနီးသို့ စစ်တပ်က YAK-130 ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ကျေးရွာအပြင် လယ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲပြီး အသက်(၇၀) အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အမျိုးသမီးကြီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။
👍342🔥1
👍29🔥2
ဘန်ကောက်မှာ မြန်မာလုပ်ငန်းရှင်ကို သတ်ပြီး စင်ကာပူကို တိမ်းရှောင်သွားတဲ့ ကင်မရွန်းနိူင်ငံသား ၂ ဦးကို ဖမ်းမိဖို့ ထိုင်းရဲတပ်ဖွဲ့ ကြိုးစားနေတယ်လို့ဆို

-People's Spring

ထိုင်းနိုင်ငံမှာ မြန်မာ လုပ်ငန်းရှင် တစ်ဦးကို သတ်ဖြတ်ပြီး ပြည်ပကို တိမ်းရှောင်သွားတဲ့ နိုင်ငံခြားသား နှစ်ဦးကို ခြေရာခံ ရှာဖွေနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ကင်မရွန်း နိုင်ငံသား နှစ်ဦးဟာ ဘန်ကောက်မြို့တော်မှာရှိတဲ့ ဇိမ်ခံ တိုက်ခန်း တစ်ခုမှာ လူသတ်မှု ကျူးလွန်ခဲ့တဲ့နောက် သေသူရဲ့ ဘတ်ငွေ ၅ သန်းကိုပါ ယူဆောင်ပြီး စင်ကာပူနိုင်ငံထဲ ထွက်ပြေးသွားတယ်လို့ ထိုင်း​ထောက်လှမ်း​ရေး အရာရှိတွေက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြောပါတယ်။

အစောပိုင်းက ကျူးလွန်သူ နှစ်ဦးကို စကော့တလန်သားတွေကို ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာ ကင်မရွန်း နိုင်ငံသားတွေအဖြစ် ထိုင်းရဲတပ်ဖွဲ့က ပြန်လည် ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။

သံသယ တရားခံ နှစ်ဦးကိုတော့ ဝီလျံလို့ အတိုကောက် ခေါ်ဝေါ်တဲ့ ရော်ဘင်ဆင် ဆာဟာ (၃၂ နှစ်)နဲ့ ဂျွန်လို့ အတိုကောက် ခေါ်ဝေါ်တဲ့ ဗစ်စီယို ဒါလော့ဒ် မမ်ဂိုင်ခန် (၃၆ နှစ်)တို့ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ သူတို့နှစ်ဦးဟာ ထိုင်းကို ကမ္ဘာလှည့် ခရီးသွားတွေအဖြစ် ရောက်ရှိလာပြီး ဆန်သွန်ခရိုင်က သွန်မဟာမက် ဧရိယာက တိုက်ခန်းတစ်ခုမှာ နေထိုင်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ အသက် ၅၀ ကျော်အရွယ် မြန်မာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးနဲ့အတူ ဆူခွမ်ဗစ် ဧရိယာကနေ ထွက်ခွာသွားတာကို နောက်ဆုံး တွေ့ခဲ့ရပါတယ်။ သတင်းအရ ရဲတွေက သွားရောက် စစ်ဆေးတဲ့အခါ အဆင့်မြင့် ကွန်ဒို တစ်ခုရဲ့ ၂၃ ထပ်မှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်အစောပိုင်းတုန်းက မြန်မာ အမျိုးသားကို သေဆုံးလျက်သား တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကင်မရွန်း အမျိုးသား နှစ်ဦးဟာ သူတို့ရဲ့ တိုက်ခန်းဆီ ပြန်သွားပြီး အဲဒီကနေတဆင့် တက္ကစီငှားပြီး ဒွန်မောင်းလေဆိပ်ဆီ သွားရောက်ပြီး စင်ကာပူကို ခရီးဆက်ခဲ့ကြောင်း ရဲတွေက ထောက်လှမ်း သိရှိထားပါတယ်။

အခင်းဖြစ်တဲ့ နေရာကို ရဲတွေ ရောက်သွားချိန် ​ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ မြန်မာနိုင်ငံသား လုပ်ငန်းရှင်ဟာ မျက်နှာ၊ နား၊ ဦးခေါင်းမှာ ရထားတဲ့ ဒဏ်ရာတွေကြောင့် သွေးအလိမ်းလိမ်းနဲ့ လဲကျ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

အခုအခါ ရဲတွေဟာ သံရုံးချင်း ချိတ်ဆက်ပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)ရဲ့ အကူအညီကိုပါ ရယူပြီး သံသယ တရားခံတွေကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ လူသတ်မှုရဲ့ တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်ပြီး သေဆုံးသူရဲ့ မွေးစားမိခင်ဆိုတဲ့ အမျိုးသမီးကြီးက လူသတ်သမားတွေဟာ သူ့ကို မေ့မျောသွားတဲ့ထိ လည်ပင်းညှစ်ထားခဲ့တယ်လို့လည်း ရဲတွေဆီကို စကားပြန်ကနေတဆင့် ထွက်ဆိုခဲ့ပါတယ်။

သူမသားနဲ့ လူသတ်မှု ကျူးလွန်တဲ့သူ​တွေဟာ လုပ်ငန်းအတူတွဲလုပ်သူ​တွေလို့ သူမကထွက်ဆိုပါတယ်။သေဆုံးသူဟာ​ငွေလဲလုပ်ငန်းလုပ်ကိုင်သူလို့ သတင်း​တွေက​ဖော်ပြ​ပေမယ့် သူ့ရဲ့အမည် နဲ့ အချက်အလက်အ​သေးစိပ်ကိုထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ခြင်းမရှိ​သေးပါဘူး။

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ အခင်းဖြစ်ချိန်အတွင်း သေသူ၊ မျက်မြင်သက်သေနဲ့ သံသယ တရားခံ နှစ်ဦးတို့ဟာ တိုက်ခန်းထဲမှာ အတူရှိနေခဲ့တယ်ဆိုတာ အတည်
ပြုနိုင်ကြောင်း ရဲတွေက ပြောပါတယ်။

သေဆုံးသူဟာ ဘန်ကောက်နဲ့ ရန်ကုန်၊ ဘန်ကောက်နဲ့
ဟနွိုင်းကြား ၅၂ ကြိမ်လောက် ကူးလူးသွားလာမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ရာ တိုက်ခန်းကိုတော့ သူဟာ ဖေဖော်ဝါရီ ၇ ရက်နေ့ ကတည်းက ရောက်ရှိနေခဲ့တာလို့ ရဲမှတ်တမ်းတွေမှာ ပါရှိပါတယ်။


သေဆုံးသူရဲ့ လုပ်ငန်း အခြေအနေနဲ့ တခြား အသေးစိတ် အချက်အလက်တွေကို သိရှိဖို့ ဘန်ကောက် ရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးနဲ့ ချိတ်ဆက် စုံစမ်းမှုတွေ ဆက်လက်လုပ်
ဆောင်နေတယ်လို့လည်း သိရပါတယ်။

ကိုးကာ: Bangkok Post ၊ Thai PBS
👍35👏31🔥1😱1
လူသတ်မှုဖြစ်ပွားရာကွန်ဒိုတိုက်ခန်းနှင့် ထိုင်းရဲတပ်ဖွဲ့အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-Thai PBS
19👍13
ဆင်ဘိုမြို့ကို KIA ဆက်လက်ထိန်းချုပ်ထား

ဆန်အောင်/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်ထားဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဧရာ၀တီမြစ်ကမ်းဘေးရှိ ဆင်ဘိုမြို့ကို ဖေဖော်ဝါရီ ၁၀ရက် နံနက်တွင် KIAနှင့် PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး မြို့နှင့် မိုင်အနည်းငယ်အကွာရှိ စစ်ကောင်စီ၏ ခလရ(၁၄၁) တပ်ရင်းကို ဆက်လက် တိုက်ခိုက်ခဲ့သည်။

ဆင်ဘိုတိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ခလရ(၁၄၁)တပ်ရင်းကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲငြိမ်သက်သွားသည်။

"မြို့ကို ထိန်းထားဆဲ။ တိုက်ပွဲဖြစ်တာ မရှိဘူး"ဟု စစ်ရေးသတင်းရင်းမြစ်က ယခုရက်ပိုင်းအတွင်း ပြောကြားထားသည်။

ယနေ့ နံနက်တွင် ကချင်သတင်းရင်းမြစ်အချို့က ဆင်ဘိုရှိ စစ်ကောင်စီတပ်စခန်းကို KIA/PDF ပူးပေါင်းတပ်က ဆက်လက်တိုက်ခိုက်နေကြောင်း လူမှုကွန်ရက်တွင် ရေးသားသည်။

ဆင်ဘိုမြို့ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနှင့် စစ်ရေးသတင်းရင်းမြစ် အချို့ကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။
👍398👏2🤣2