ပျှမ်းမျှစာရင်းအရ တစ်နှစ်လျှင် အကြိမ်ရေ ၄၀၀ ရှိနေပြီး တစ်ရက် တစ်ကြိမ်ထက်ပို၍ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ခြင်းပင် ။
၂၀၂၂တစ်နှစ်လုံးအတိုင်းအတာအရ စစ်ကောင်စီ၏ လေကြောင်းအသုံးပြုတိုက်ခိုက်မှု ၁၈၂ ကြိမ်ရှိခဲ့သော်လည်း ၂၀၂၃တွင် အကြိမ်ရေ ၈၀၀ အထိရှိလာခဲ့သည်။
ယခုနှစ် ဇန်နဝါရီ တစ်လတည်းပင် က ရင်နီပြည်နယ်၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၂၁၉ ကြိမ်အထိပြုလုပ်ခဲ့ကြောင်း PKPFက ဆိုသည်။
ဦးမောင်မြင့်သည် ဒေါဆီအီကျေးရွာမှဖြစ်ပြီး သားဖြစ်သူမှာ အဆိုပါရွာစာသင်ကျောင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
ဦးမောင်မြင့်နည်းတူ သား၊သမီးဖြစ်သူ ကလေးငယ်များ စာသင်ကျောင်းက ပြန်အလာ အခြားမျှော်လင့်ခဲ့ရသူများလည်း ရှိခဲ့ပါသည်။
"ကျန်တဲ့ သားသမီးသုံးယောက်က ကျောင်းကနေ အိမ်ကို ပြန်ရောက်လာပေမယ့် အကြီးဆုံးသား ဖြစ်တဲ့ ခုနှစ်တန်း ကျောင်းသား(ခွန်းစန်းလှိုင်ကတော့ အိမ်ကို ပြန်မရောက်လာတော့ဘူး"ဟု ခုနစ်တန်းကျောင်းသား ခွန်းစန်းလှိုင်၏ ဒေါ်ခရစ္စဝင်းဦးက ပြောသည်။
သားဖြစ်သူခွန်းစန်းလှိုင်က လာမယ့် ဧပြီ ၂၁ ရက်ဆိုပါက အသက်(၁၄)နှစ် ပြည့်တော့မည်ဖြစ်ပြီး စစ်ကောင်စီကြောင့် လူ့ဘဝတွင် အသက် ၁၃ နှစ်ကျော်သာနေခဲ့ရသည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီတို့က ပူးတွဲတောင်းဆိုချက် လေးချက်အဖြစ် ဖေဖော်ဝါရီ ၈ရက်ကပြုလုပ်သည့် ဒီမော့ဆိုမြို့နယ် စာသင်ကျောင်းများပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခံရမှုပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့သည်။
အဆိုပါ တောင်းဆိုချက်မှာ အရပ်သားပြည်သူများအား လေကြောင်းတိုက်ခိုက်မှုရန်မှ ကာကွယ်ရန်အတွက် No Fly Zoneအဖြစ် ကုလသမဂ္ဂအပါအဝင် အိမ်နီးနားချင်းနိုင်ငံများက ပူးပေါင်းလုပ်ဆောင်ရန်၊ စစ်ကောင်စီအား လေယာဉ်ဆီတင်ပို့ရောင်းချနေမှုအား ရပ်တန့်စေဖို့အတွက် နိုင်ငံများပူးပေါင်းဆောင်ရွက်ပြီး ကုလအပါအဝင် တစ်ကမ္ဘာလုံးကနေဝိုင်းဝန်းပိတ်ဆို့အရေးယူရန်၊ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်နေမှုအတွက် သံတမန်အရေး၊ စီးပွားရေး၊လက်နက်တင်ပို့ရောင်းချမှုအပြင် တရားစွဲဆိုလုပ်ဆောင်နိုက်မှုအတွက် နိုင်ငံတကာတရားရုံးများက ဝိုင်းဝန်လုပ်ဆောင်ရန် နှင့် ပြည်သူလူထုလုံခြုံရေးအတွက် လေယာဉ်အချက်ပေးစနစ်နှင့် ဆက်သွယ်ရေးနည်းလမ်းပညာများအား အရပ်သား ပြည်သူများအား ပေးပို့အကူအညီပေးရန်တို့အား ပူးပေါင်းတောင်းဆိုကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီ၏ ရက်ဆက်စွာတိုက်ခိုက်မှုများကြောင့် အခြားကလေးသူငယ်များ၏ စိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေပြီဟု အဆိုပါ တိုက်ခိုက်ခံရမှုဖြစ်ရပ်အား ကူညီကယ်ဆယ်ရေးပြုလုပ်ခဲ့သူ Karenni Human Right Groupကို ဦးဆောင်သူ ဦးဗညားက မှတ်ချက်ပြုသည်။
"သူတို့အချင်းချင်းချစ်ခင်ရတဲ့ အတန်းဖော်အတန်းဖက်၊ သူငယ်ချင်းတွေဆုံးရှုံးသွားကြတယ်။ကျောင်းကိုလည်းဆုံးရှုံးလိုက်ရတယ်။ထို့နည်းတူစွာပဲ ဆရာ၊ဆရာမတွေ နဲ့ မိဘတွေကလည်း သူတို့ သားတပည့်တွေ ဆုံးရှုံးခဲ့ရတယ်။ဒီဆုံးရှုံးမှုတွေက လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို တုန်လှုပ်ခဲ့စေတယ်"ဟု ဦးဗညားက ပြောသည်။
ထို့အပြင် ခေတ်အဆက်ဆက် ပြည်သူများ ပညာမတက်စေရန် လုပ်ဆောင်သည့် အာဏာသိမ်းစစ်တပ်၏ ခြေလှမ်းများအနက်မှ တစ်ခုဟုလည်း ၎င်းက ဆိုပါသည်။ ဒဏ်ရာရသောကလေးငယ် အချို့မှာ အပေါ်ယံဒဏ်ရာ သက်သာစပြုနေပြီဖြစ်သော်လည်း ကျောင်းတက်စာသင်ကြားနေရင်းအချိန်မရွေး ဗုံးကြဲသေဆုံးနိုင်သည်ဆိုသော စိတ်ဒဏ်ရာကမူ အချိန်ဘယ်လောက်ကြမှ ကုသပျောက်မည်မသိနိုင်ပေ။
"ပညာသင်ရင် အသက်စတေးနေရတဲ့ နိုင်ငံပေါ့"ဟု
ဦးဗညားက ဖြည်းဖြည်းချင်းပြောပါသည်။ ။

😢32👍10🤮1
ကျောက်ကြီးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦးသေဆုံး၊ ကလေးငယ်များ အပါအဝင် ၆ဦးဒဏ်ရာရ
မောင်မောင်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ကျောက်ကြီး(လယ်ဒို)မြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက် ကြီးပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး (၁၈)နှစ်အောက်ကလေး လေးဦးအပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု KNUဗဟိုက ထုတ်ပြန်သည်။
KNU တပ်မဟာ(၃)နယ်မြေ လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီ၏ ပိန်းဇလုပ်အခြေစိုက် တပ်ရင်းက
ဖေဖော်ဝါရီ ၁၄ရက် ညပိုင်းတွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ကညင်ကျိုး ကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ် သုံးဦး အပါအဝင် ၅ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ညပိုင်း၌ ခမရ(၂၆၄)တပ်က လက်နက်ကြီးဖြင့် နတ်သံကွင်းမြို့သို့ ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ခင်ကန့်လန့်ရွာကိုလည်း ထပ်မံပစ်ခတ်ခဲ့ရာ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးကာ (၄၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးတိုက်ခိုက်မှုများအတွင်း နေအိမ်ပျက်စီးမှု အိမ်မွေးတိရိစ္ဆာန် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီအနေဖြင့် KNU နယ်မြေများရှိ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ၂၀၂၃အတွင်း အရပ်သား ၂၀၀ခန့်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။

🤬39👍4🔥2
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
🤬26🔥3👍2
ပအိုဝ်းလူငယ်များအနေဖြင့်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့်လုပ်ရပ်များ ရှောင်ရှားပြီး PNLO/PNLA ထံ လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်
ဟန်နွေ/People’s Spring
ပအိုဝ်းလူငယ်များ သည် ယုတ်ညံ့သော လူတစ်စုအကျိုး
စီးပွားကို ကာကွယ်ခြင်းနှင့် ပအိုဝ်းလူမျိုးတို့အား ဒုက္ခပေးနေသည့် အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် လုပ်ရပ်များကို ရှောင်လွှဲပြီး ပအိုဝ်းအမျိုးသား အဖိနှိပ်ခံဘ၀မှလွတ်မြောက်စေရေးအတွက် အမျိုးသား လွတ်မြောက်ရာလမ်းလျှောက်လှမ်းမှုတွင် သမိုင်းပေးတာဝန်အဖြစ် ခံယူကြရန်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) က ထုတ်ပြန်တိုက်တွန်းလိုက်ပြီး PNLAထံ လာရောက်ပူးပေါင်းကာ တော်လှန်ရေးတာဝန်များထမ်းဆောင်ရန် ဖိတ်ခေါ်သည်။
ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ကောင်စီက စစ်မှု မထမ်းမနေရ ဥပဒေပြဌာန်းပြီး စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဖွဲ့
စည်းခဲ့မှုနှင့်ပတ်သက်ပြီး PNLO/PNLAက ယခုကဲ့သို့ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီက လက်နက်အားကိုး မတရား ပြဌာန်းလိုက်သော စစ်မှုမထမ်း မနေရ ဥပဒေသည် ပြည်သူအချင်းချင်း ပြန်လည်သတ်ဖြတ်ကြရန် လုပ်ဆောင်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
တစ်နိုင်ငံလုံး အဖိနှိပ်ခံ ပြည်သူများ ဆန့်ကျင်နေကြသကဲ့သို့ ပအိုဝ်း ပြည်သူ တစ်ရပ်လုံးနှင့် ပအိုဝ်း လူငယ်လူရွယ်များကလည်းမတရားမှုကို ခေါင်းငုံမခံကြဘဲ ရဲရင့်ပြတ်သားစွာဆန့်ကျင်ကြရန် လည်း PNLO/PNLAက တိုက်တွန်းသည်။
“အာဏာရှင်စနစ်ကို လည်ပတ်စေမယ့် အာဏာရှင်တပ်ဖွဲ့ဝင် လုပ်မယ့်အစား ကိုယ့်လူမျိုးကို ကိုယ် ပြန်နှိပ်စက်မယ့်အစား အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ ပအိုဝ်းလူမျိုးမှ မဟုတ်ဘူး မည်သည့်လူမျိုးမဆို PNLAနဲ့ လာရောက်ပူးပေါင်းဖို့ PNLA မှာ တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟုလည်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
စစ်ကောင်စီသည် စစ်အာဏာရှင် ယန္တရား လည်ပတ်ရှင်သန်နိုင်ရေးအတွက်တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်သွေးခွဲနေသည်ကို အဆက်မပြတ် လှုံ့ဆော်လျက်ရှိပြီး ၄င်းတို့ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို ဖုံးဖိနိုင်ရန် အာဏာရှင်စနစ် ရေရှည် တည်တံ့ခိုင်မြဲစေရန် ၊ ဒီမိုကရေစီစနစ် ဆိတ်သုဉ်းစေရန် ရည်ရွယ်ကြောင်းကို စစ်ကောင်စီက လုပ်ဆောင်ခဲ့သော လုပ်ရပ်များက ခိုင်မာသော သာဓက သက်သေများပင်ဖြစ်ကြောင်း PNLO/PNLAက ထုတ်ပြန်သည်။

👏32👍13❤4🤮1
ပြည်ထောင်စုလမ်းမကြီး၌ စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့၍ အဘိုးအိုတစ်ဦး သေဆုံး
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးတွင် စစ်ကောင်စီတပ်က လေကြောင်းထပ်မံတိုက်ခိုက်ခဲ့၍ အသက်(၇ဝ)အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ ရက်)ည ၁၁ နာရီခွဲခန့်က တန့်ဆည်မြို့နယ်၊တန့်ဆည် - ကံထူးမ - ကလေးဝလမ်းပိုင်းရှိ ပန်းထိမ်ကုန်းကျေးရွာ အနီးသို့ စစ်တပ်က YAK-130 ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုကြောင့် ကျေးရွာအပြင် လယ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲပြီး အသက်(၇၀) အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် အမျိုးသမီးကြီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
" တနေ့ကပစ်တဲ့နေရာနဲ့ နည်းနည်းတော့ကွာတယ်။ ဒါပေမယ့် ပစ်တဲ့နေရာတွေက တန့်ဆည်နယ်ထဲမှာပဲ။"ဟု People's Defense Comrade အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၄ရက်ကလည်း တန့်ဆည်မြို့နယ်၊တန့်ဆည်-ကံထူးမ-ကလေးဝလမ်းပိုင်းပေါ်ရှိ မိုင်တိုင် (၃၈၊ ၃၉၊ ၅၁) မယ်တော်ကြီးတောင်တက်အထိ ၂ရက်ဆက်ခြောက်ကြိမ်ထက်မနည်း လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ထိခိုက် ဒဏ်ရာရပြီး ကုန်တင်ကား နှစ်စီးထက်မနည်း ပျက်စီးခဲ့ကြောင်း People's Defense Comrade အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။
ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက ကရင်နီပြည်(ကယားပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်ကလေးငယ်များ၏ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချရာ ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့သေးသည်။

🤬35👍6🔥1
(လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသောတဲတစ်လုံးနှင့် ဗုံးဒဏ်ကြောင့် မြေကြီးကျင်းပေါက်သွားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ-People's Defense Comrade)
👍14😡3🔥1
နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်သတ်
နန်းနောင့်နောင့်/People's Spring
နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ အသိပေး ထုတ်ပြန်သည်။
မနိုဘယ်လ်အေးကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်က ပဲခူးတိုင်း၊ ညောင်ခါးရှည်ဂိတ်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအနီးတွင် ပစ်သတ်ခဲ့ခြင်းဟု မိသားစုဝင်များ၏ ပြောဆိုချက် ကိုးကား၍ PPNMက ထုတ်ပြန်ထားသည်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဇန်နဝါရီ ၂၉ရက်က လက်နက်များသယ်ဆောင်လာသည်ကို သတင်းရသည့်အတွက် ပဲခူးမြို့အဝင်တွင် မော်တော်ကားတစ်စီးအား စစ်ဆေးရာ နနွင်းအိတ်ဖြင့်ဝှက်သယ်လာသော စနိုက်ပါ တစ်လက်၊ အမ် (၁၆) သေနတ်တစ်လက်၊ ပစ္စတို တစ်လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂၉၀၀ တောင့်၊ ယမ်းပျော့ ၆ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိသည်ဟုစွပ်စွဲကာ မနိုဘယ်လ်အေးနှင့် အမျိုးသားတစ်ဦးအား ဖမ်းဆီးခြင်းဟု ထုတ်ပြန်ထားသည်။
ဖမ်းဆီးပြီးနောက် ရုံးထုတ်စဉ် ထွက်ပြေးရန် ကြိုးပမ်းသည်ဟိုဆိုကာ သေနတ်ဖြင့်ပစ်ခတ်ခြင်းဟု ဖော်ပြထားကြသည်။
မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။
၂၀၀၇က ရွှေဝါရောင်သပိတ်တွင်လည်း ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။
ကိုဗစ်ရောဂါ ကာလကလည်း လူမှုရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ပြီး စစ်တပ်က နိုင်ငံတော် အာဏာသိမ်းသည်ကို ဆန့်ကျင်ခဲ့သူလည်းဖြစ်သည်။

😢63🤬28👍13❤1
“ညနေခင်းသတင်းလွှာ”
ဒီနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။
◾️မြေပုံမြို့ကိုပါ AA သိမ်းပိုက်ထိန်းချုပ်ထားကြောင်း ကြေညာ
ရက္ခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ သုံးလတာ စစ်ဆင်ရေးအတွင်း ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့များပေါ်မှ စစ်ကောင်စီရဲ့ စစ်ဘက်၊ ရဲဘက်တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်တယ်လို့ AAက ထုတ်ပြန် ကြေညာပါတယ်။ ဇန်နဝါရီဒုတိယပတ်အစမှာပဲ ပလက်ဝဒေသကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ AA ဟာ ဒီလ ပထမပတ်မှာ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီး လလယ်ပိုင်းမှာ မြေပုံကို ထပ်မံသိမ်းနိုင်ခဲ့တာလို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် AA ဟာ ပလက်ဝ မြို့နယ်အတွင်းရှိ ဆမီးမြို့၊ မောင်တောမြို့နယ်အတွင်းရှိ တောင်ပြို(လက်ဝဲ)ကိုလည်း သိမ်းပိုက်ထားပါတယ်။ တဖက်မှာလည်း စစ်ကောင်စီဟာ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိရာ ဖေဖော်ဝါရီ ၁၄ရက်ကစလို့ ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တောမြို့များမှာ တိုက်ပွဲများ ပြင်းထန်နေကြောင်း အသိပေးပါတယ်။
◾️နိုင်ကျဉ်းဟောင်း မနိုဘယ်အေးကို စစ်ကောင်စီ ပစ်သတ်
နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးကို တရာရုံးထုတ်မှာ ထွက်ပြေးတယ်ဆိုပြီး စစ်ကောင်စီတပ်က ပစ်သတ်လိုက်တယ်လို့ မိသားစုဝင်ရဲ့အတည်ပြုချက်ကိုးကားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM )က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက် က ပဲခူးတိုင်း၊ ဝေါမြို့နယ် တရားရုံးထုတ်ပြီးအပြန်မှာ ထွက်ပြေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်သတ်ခံရတာကို မိသားစုဝင် မနိုဘယ်အေးရဲ့ မောင်ဖြစ်သူကအတည်ပြုခဲ့တာပါ။ ရုံးထုတ်ပြီးအပြန် သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအရောက်မှာ ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ကာ ဝေါဆေးရုံ ပို့လိုက်တာလို့ မနိုဘယ်အေးရဲ့မောင်ဖြစ်သူ ကိုထက်မြက်က ပြောပါတယ်။ မနိုဘယ်အေးနဲ့အတူ ဖမ်းခံရတဲ့ အမျိုးသားတစ်ဦးကိုပါ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တာလို့ သိရပါတယ်။
◾️အာဏာရှင်စနစ်သက်ဆိုးရှည်စေမယ့် လုပ်ရပ်များ ရှောင်ရှားဖို့ PNLO/PNLA တိုက်တွန်း
ပအိုဝ်းလူငယ်များဟာ ယုတ်ညံ့သော လူတစ်စုအကျိုးစီးပွားကို ကာကွယ်ခြင်းနဲ့ ပအိုဝ်းလူမျိုးတို့ကို ဒုက္ခပေးနေတဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် လုပ်ရပ်များကို ရှောင်လွှဲပြီး ပအိုဝ်းအမျိုးသား အဖိနှိပ်ခံဘ၀မှ လွတ်မြောက်စေရေးအတွက် အမျိုးသား လွတ်မြောက်ရာ လမ်းလျှောက်လှမ်းမှုမှာ သမိုင်းပေးတာဝန်အဖြစ် ခံယူကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) က ထုတ်ပြန်တိုက်တွန်းလိုက်ပြီး PNLAထံ လာရောက်ပူးပေါင်းကာ တော်လှန်ရေးတာဝန်များထမ်းဆောင်ဖို့ ဖိတ်ခေါ်ပါတယ်။ စစ်ကောင်စီက လက်နက်အားကိုး မတရား ပြဌာန်းလိုက်တဲ့ စစ်မှုမထမ်း မနေရ ဥပဒေဟာ ပြည်သူအချင်းချင်း ပြန်လည်သတ်ဖြတ်ကြဖို့ လုပ်ဆောင်လိုက်ခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။ တစ်နိုင်ငံလုံး အဖိနှိပ်ခံ ပြည်သူများ ဆန့်ကျင်နေကြသကဲ့သို့ ပအိုဝ်း ပြည်သူ တစ်ရပ်လုံးနဲ့ ပအိုဝ်း လူငယ်လူရွယ်များကလည်း မတရားမှုကို ခေါင်းငုံ့မခံကြဘဲ ရဲရင့်ပြတ်သားစွာ ဆန့်ကျင်ကြဖို့ PNLO/PNLAက တိုက်တွန်းပါတယ်။
◾️ကျောက်ကြီးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံနှစ်ဦးသေဆုံး၊ ကလေးငယ်များ အပါအဝင် ၆ဦးဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) ကျောက်ကြီး(လယ်ဒို)မြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး (၁၈)နှစ်အောက် ကလေး လေးဦးအပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNUဗဟိုက ထုတ်ပြန်ပါတယ်။ KNU တပ်မဟာ(၃)နယ်မြေ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက် တပ်ရင်းက ဖေဖော်ဝါရီ ၁၄ရက် ညပိုင်းမှာ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ကညင်ကျိုးကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ် သုံးဦး အပါအဝင် ၅ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ညပိုင်းမှာ ခမရ(၂၆၄)တပ်က လက်နက်ကြီးဖြင့် နတ်သံကွင်းမြို့နဲ့ ခင်ကန့်လန့်ရွာကိုလည်း ထပ်မံပစ်ခတ်ခဲ့ရာ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးကာ (၄၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဖော်ပြပါတယ်။
◾️ဆီဆိုင်တိုက်ပွဲ စစ်အုပ်စုနှစ်ဦးထက်မနည်း သေဆုံး

👍31❤2🔥1
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်မြောက်ဘက်ခြမ်း တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပြည်သူ့စစ်နှစ်ဦးထက်မနည်းသေဆုံးပြီး စစ်ကောင်စီတပ်ထံမှ မူးယစ်ဆေးဝါးနဲ့ ခဲယမ်းကျည်ဆံအချို့သိမ်းဆည်းရမိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောပါတယ်။ ဖေဖော်ဝါရီ ၁၅ရက်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) လုံခြုံရေးစစ်ကြောင်းကို ချောင်းမြောင်းပစ်ခတ်တဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါများကို ပြန်လည်ရှင်းလင်းရာ ခဲယမ်းအချို့နဲ့ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ အရင်တိုက်ပွဲဖြစ်စဉ်တွေမှာလည်း စစ်ကောင်စီနဲ့ လက်အောက်ခံတပ်ဖွဲ့များထံမှ မူးယစ်ဆေးဝါး သိမ်းဆည်းရရှိတဲ့ ဖြစ်စဉ်များရှိခဲ့တယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
◾️ဘင်္ဂလားဒေ့ရှ်ထွက်ပြေးတဲ့ စစ်သား ၃၀၀ ကျော်ကို ပြန်ပို့
နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးလာကြတဲ့ စစ်ကောင်စီစစ်သားတွေနဲ့ တခြား အရာရှိတွေ၊ မိသားစုဝင်တွေ စုစုပေါင်း ၃၃၀ လောက်ကို ဘင်္ဂလားဒေ့ရှ်က မြန်မာဖက် ပြန်ပို့ဆောင်လိုက်ပါတယ်။ မနေ့ မနက်ပိုင်းက မြန်မာ စစ်သားတွေကို ပြန်လည် ပို့ဆောင်ပေးလိုက်တဲ့ ကိစ္စကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရှာရီဖူလ် အစ္စလာမ်က အတည်ပြုခဲ့ပါတယ်။ ကော့စ်ဘဇား ဒေသမှာရှိတဲ့ အင်နာနီရေတပ်ရဲ့ ဆိပ်ခံတံတားမှာ မြန်မာစစ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေကို စစ်ကောင်စီရဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးအောင်ကျော်မိုးဆီ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
◾️တန့်ဆည် ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်း စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ အဘိုးအိုတစ်ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ပြည်ထောင်စုလမ်းမကြီးမှာ စစ်ကောင်စီတပ်က လေကြောင်းထပ်မံတိုက်ခိုက်ခဲ့လို့ အသက်(၇ဝ)အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ညပိုင်းက တန့်ဆည်မြို့နယ်၊ တန့်ဆည် - ကံထူးမ - ကလေးဝလမ်းပိုင်းရှိ ပန်းထိမ်ကုန်းကျေးရွာအနီးသို့ စစ်တပ်က YAK-130 ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ကျေးရွာအပြင် လယ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲပြီး အသက်(၇၀) အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အမျိုးသမီးကြီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

👍34❤2🔥1