ဘင်္ဂလားဒေ့ရှ်ထွက်ပြေးတဲ့စစ်သား ၃၀၀ ကျော်ကိုပြန်ပို့
-People's Spring
နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးလာကြတဲ့ စစ်ကောင်စီ စစ်သားတွေနဲ့ တခြား အရာရှိတွေ၊ မိသားစုဝင်တွေ စုစုပေါင်း ၃၃၀ လောက်ကို ဘင်္ဂလားဒေ့ရှ်က မြန်မာဖက် ပြန်ပို့ဆောင်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းတုန်းက မြန်မာ စစ်သားတွေကို ပြန်လည် ပို့ဆောင်ပေးလိုက်တဲ့ ကိစ္စကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရှာရီဖူလ် အစ္စလာမ်က အတည်ပြုခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် မနက် ၈ နာရီ ဝန်းကျင်မှာ ကော့စ်ဘဇား ဒေသမှာရှိတဲ့ အင်နာနီ ရေတပ်ရဲ့ ဆိပ်ခံတံတားမှာ မြန်မာ စစ်သားတွေနဲ့ နယ်ခြားစောင့် ရဲတွေကို စစ်ကောင်စီရဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးအောင်ကျော်မိုးဆီ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
BGBရဲ့ အကြီးအကဲ မိုဟာမက် အက်ရှ်ရာဖူဇ်မန် ဆစ်ဒီကီကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်ပြီး လက်လွှဲလိုက်တဲ့ ကိစ္စကို သီးခြား အတည်ပြုခဲ့ပါတယ်။ အဲဒီ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၃၀ လောက်ဟာ သင်္ဘောတစ်စီးနဲ့ မြန်မာဖက်ခြမ်းကို ပြန်ကြတာပါ။
ရက္ခိုင့်တပ်တော် (AA)ရဲ့ ထိုးစစ်ဒဏ်ကြောင့် အာဏာသိမ်း မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၄ ရက်နေ့ကစပြီး ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲထိ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ကို BGB၊ ဘင်္ဂလားဒေ့ရှ် စစ်တပ်၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့နဲ့ တခြား အေဂျင်စီတွေက ခွဲဝေ ထိန်းသိမ်းထားပြီး ရက်ပိုင်းအကြာမှာ အခုလို ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။
မြန်မာဖက်ခြမ်း နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ခြမ်းမှာ မော်တာကျည်ဆန် ကျရောက် ပေါက်ကွဲပြီး ၂ ဦး သေဆုံးခဲ့သလို ဒဏ်ရာရရှိသူ ဒါဇင်နဲ့ချီ ရှိခဲ့တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
မြန်မာဖက်ခြမ်း နယ်စပ်တဝိုက်မှာ စစ်ရေးအခြေအနေတွေ ဆက်လက် တင်းမာနေဆဲ ဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်ကလည်း နယ်စပ် ဧရိယာတွေမှာ လုံခြုံရေး တိုးမြှင့်ပြီး တပ်လှန့် စောင့်ကြည့်နေရပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်နဲ့ ပိုင်းခြားထားတာ ဖြစ်ပါတယ်။
ကိုးကား The Hindu

👍29😁5❤3🔥3
ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကို
ဘင်္ဂလားဒေ့ရှ် က သဘော်ဖြင့်ပြန်ပို့ရန် တင်နေစဥ်။ဓါတ်ပုံ- TTN

👍30😁20🤣5❤4🖕3👎1🔥1
မန္တလေးတွင် စစ်ကောင်စီလက်အောက်ခံ ယာဥ်စစ်အဖွဲ့က ရပ်ကွက်များအတွင်းထိ ဖမ်းဆီးငွေညှစ်နေ
အင်ကြင်း/People's Spring
မန္တလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ယာဥ်စစ်ဆေးဖမ်းဆီးသည့်အဖွဲ့က ရပ်ကွက်များအတွင်းအထိဆင်းကာ ဖမ်းဆီးငွေညှစ်နေကြောင်း မြို့ခံများက ပြောသည်။
စစ်ကောင်စီတပ်လက်အောက်ခံ စစ်သား၊ ရဲနှင့် ယာဥ်ထိန်းများအဖွဲ့စုံပါဝင်သော ယာဥ်စစ်ဆေးရေးအဖွဲ့များသည် မြို့ပေါ်တွင်သာမက ရပ်ကွက်လမ်းကြားများအထိပါ လိုက်လံဖမ်းဆီးပြီး ငွေညှစ်နေကြောင်း မန္တလေးမြို့ခံများက ပြောသည်။
"မြောက်ပြင်ဘက်ဆို ရပ်ကွက်လမ်းကြားတွေထဲအထိ ဝင်ဖမ်းတာ။ ပိုက်ဆံမပါရင် သူတို့နဲ့ပိုင်တဲ့တစ်နေရာကိုသွားခိုင်းပြီး ပါတဲ့ဖုန်းတို့ဘာတို့ပေါင်ခိုင်းပြီး ပိုက်ဆံယူခိုင်းတာ။တအားဆိုးနေတယ်။"ဟု မန္တလေးမြောက်ပြင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
အလားတူအခြားမြို့ခံတစ်ဦးကလည်း "တနေ့က ကိုယ့်ရပ်ကွက်ကြားထဲခဏရပ်ထားတာကို လိုင်စင်ပြဆိုပြီး လိုင်စင်မရှိလို့ငွေညှစ်သွားတယ်။"ဟု ပြောသည်။
ယာဥ်မောင်းလိုင်စင်နှင့် အဆိုပါယာဥ်လိုင်စင်ပြည့်စုံပါက နောက်ကြည့်မှန်၊ နံပါတ်ပြားများ ပါမပါစစ်ဆေးပြီး ဖမ်းဆီးငွေညှစ်ကာ ကျပ်သောင်းချီတောင်းရမ်းနေကြောင်း သိရသည်။
အဆိုပါ ယာဥ်စစ်ဆေးရေးအဖွဲ့သည် မန္တလေးမြို့ပေါ်တွင် တစ်ရက်လျှင် ၈ ဖွဲ့ထက်မနည်း နေရာပေါင်းစုံ၌ လှည့်လည်စစ်ဆေးငွေညှစ်နေကြောင်း သတင်းရရှိသည်။

🤬35👍16😡4❤2
(မန္တလေးမြို့တွင်းတစ်နေရာတွင် စစ်ဆေးငွေညှစ်နေသော စစ်ကောင်စီတပ်လက်အောက်ခံ ရဲများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
🤬29👍11😡5🖕4❤1👎1
▪︎ဆောင်းပါး
ပညာသင်ရင် အသက်စတေးနေရတဲ့ နိုင်ငံ
-ရဲခေါင်/People's Spring
ရွာအပြင်ရှိ ငါးကန်ရောက်ရှိနေသော ဦးမောင့်မြင့်တစ်ယောက် ပေါက်ကွဲသံများကြား၍ ရွာအတွင်းသို့ အပြေးပြန်လာခဲ့သည်။ ပေါက်ကွဲမှုဖြစ်ရာနေရာလှမ်းကြည့်တော့ စာသင်ကျောင်းဖြစ်နေ၍ စိုးရိမ်တကြီး အမြန်ပြေးလေသည်။
ပြန့်ကြဲနေသော အပိုင်းအစများကြား ပထမဆုံးတွေ့ရှိသည့် သေဆုံးနှင့်ဒဏ်ရာရ ကလေးငယ်များအား အပြင်ဆွဲထုတ်၍ ကယ်ဆယ်လိုက်ပါသည်။ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်သော ကျေးရွာစာသင်ကျောင်းတွင် ဦးမောင်မြင့်၏ သားငယ်ဖြစ်သူလည်း ပညာသင်ကြားနေ၏။ထို့ကြောင့် သားငယ်လေးဘေးကင်းပါစေဟုဆုတောင်းမိသည်။ အပျက်အစီးများကြား ဒဏ်ရာရကလေးငယ်နှင့် သေဆုံးနေသောကလေးငယ်များကို အမြန်ရှာဖွေရင်းသားဖြစ်သူဖြစ်လေမလား ရင်တထိတ်ထိတ်ဖြင့် ကြည့်ရှုနေသည်။
သို့သော် ဦးမောင်မြင့်ဆုတောင်းမပြည့်ခဲ့ပါ ။
"ခေါင်းတစ်ဝက်မပါတဲ့ ကလေးတွေ။တခြား ထိထားတဲ့ကလေးတွေ သယ်ပြီးတဲ့အချိန် အပြင် ရောက်လို့ စစ်ကြည့်မှ ကျွန်တော့်သားဖြစ်နေတယ်။ကျွန်တော်တောင်မမှတ် မိတော့ဘူး။သူ့မျက်နှာက ပေနေတာ။လက်တစ်ဖက်လည်း မရှိတော့ဘူး။ခြေထောက်တစ်ဖက်လည်းမရှိတော့ဘူး ဗိုက်လဲ တစ်ဝက်ပဲကျန်တော့တာ"ဟု ဦးမောင်မြင့်က အသက် ၁၄ နှစ်အရွယ် သားဖြစ်သူကို ပြန်တွေ့ရသောအခြေအနေကို
ဆို့နင့်စွာဖြင့် ဖွင့်ဟသည်။
ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိ ဒေါဆီအီနှင့် လွိုက်နန်ဖ ကျေးရွာတွင် ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားကလေးငယ်များပညာသင်ကြားနေသော စာသင်
ကျောင်းနှစ်ကျောင်းကို စစ်ကောင်စီက ဖေဖော်ဝါရီ ၅ရက် နံနက် ၁၀နာရီတွင် တိုက်လေယာဉ်နှစ်စင်းဖြင့် ပေါင် ၅၀၀ဗုံးကြဲခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်ပါ
တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် (၁၂)နှစ်မှ (၁၄)နှစ်အရွယ်အတွင်း ကလေးငယ် လေးဦးနှင့် (၃၅)ရွယ် အရပ်သားပြည်သူ တစ်ဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ရပြီး ၁၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဗုံးခိုကျင်းအတွင်း ကလေးငယ်များနှင့် ပုန်းခိုနေသော ဆရာမမှာ အပြင်သို့ထွက်လာချိန်တွင် စာသင်ကျောင်းမှာ လုံးဝပျက်စီးနေပြီဟု အဆိုပါဒေါဆီးအီကျေးရွာ စာသင်ကျောင်းမှ ကျောင်းဆရာမ တစ်ဦးက ပြောသည်။
"အဆောင်တွေအကုန်လုံးက ပျက်စီးတာကိုတွေ့တော့ ကျွန်မက မနေနိုင်တော့ဘူး။ကျွန်မကလေးတွေအကုန်သေတော့မှာပဲ ဆိုပြီး ပတ်ဝန်းကျင်မှာရှိတဲ့ မိဘတွေရော ပြီးတော့ အသံကြားပြီးတော့ လာရောက်ကြည့်ရှုပေးတဲ့ ညီအစ်ကိုမောင်နှမတွေလည်းရှိတယ်။သူတို့ကို အကူအညီတောင်းပြီးတော့မှ အဆောင်ပြိုကျတဲ့နေရာမှာ ကလေးတွေကို သွားကြည့်ပေးဖို့ ခွင့်တောင်းရတယ်"ဟု အဆိုပါ ဆရာမက ပြောသည်။
ဆရာမက ဆက်လက်၍ "စာသင်ခန်းထဲမှာ ရှစ်တန်းကလေးတွေကို စာသင်နေတဲ့အချိန်မှာ အရမ်းအော်ဟစ်ငိုနေတာကို ကြားတော့ ကျွန်မလဲမနေနိုင်လို့ အပြင်ထွက်ကြည့်မှရမယ်ဆိုပြီး ကျန်နေတဲ့ကလေးတွေကို ကျွန်မနဲ့ တခြားဆရာ၊ ဆရာမတွေရောက ခေါ်ပြီး ကျောင်းနဲ့နည်းနည်း အလှမ်းဝေးတဲ့ လေယာဥ်ဗုံးခိုကျင်းထဲ ကို ဆွဲခေါ်သွားတယ်။ဒါပေမယ့် အဲဒီအချိန်မှာ ကလေးက အရမ်းများနေတော့ တချို့ကလေးတွေကို ဆွဲခေါ်မိတယ်။တချို့ကလေးတွေတော့ အရမ်းလန့်ပြီး အော်ငိုပြီး သူ့ဟာသူ ပြေးသွားတဲ့ကလေးတွေတော့ရှိတယ်"ဟု ပြောသည်။
စာသင်ကြားနေရင်း ဗုံးကြဲတိုက်ခိုက်အသတ်ခံရမှုမှာ ဒေါဆီအီနှင့် လွိုက်နန်ဖ ကျေးရွာတို့မှာ ပထမဆုံးမဟုတ်ပါ ။ ၂၀၂၂ စက်တင်ဘာ ၁၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ဘက် ၁၄ မိုင်အကွာ လက်ယက်ကုန်းရွာရှိစာသင်
ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲပြီး မြေပြင်မှပါစစ်ကြောင်းထိုးစီးနင်းတိုက်ခိုက်၍ ကျောင်းတက်နေသော ကလေးငယ် ၇ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သည်။ မြေပြင်ထိုးစစ်ကြောင့် လူကြီး ၆ ဦး သေဆုံးခဲ့ရသည်။ စစ်ကောင်စီကမူ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့်ရွာအတွင်း PDF များရှိ၍ တိုက်ခိုက်သည်ဟု စစ်ရာဇဝတ်မှူကျူးလွန်ခဲ့မှုအပေါ် ငြင်းဆိုခဲ့သည်။
ဒေါဆီအီနှင့် လွိုက်နန်ဖ ကျေးရွာ အစုလိုက်အပြုံလိုက် လူသတ်မှူတွင်လည်း သေဆုံးသူများမှာ ကရင်နီတပ်ဖွဲ့ဝင်များဖြစ်သည်ဟု စစ်ကောင်စီ လိမ်ညာခဲ့ပြန်သည်။
ယခုဖြစ်စဥ်အပါအဝင် စစ်ကောင်စီသည် အာဏာသိမ်းပြီး သုံးနှစ်အတွင်း ကရင်နီပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၂၀၃ အထိ ပြုလုပ်ခဲ့သည့်ဖြစ်ရပ်များထဲမှ တစ်ခုဖြစ်ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု
(PKPF)၏ နောက်ဆုံးထုတ်ပြန်ထားချက်က ဆိုသည်။
စစ်ကောင်စီသည် ကလေးငယ်များ ပညာသင်ကြားနေသော စာသင်ကျောင်းများနှင့် အရပ်သားပြည်သူများ အား အစုလိုက်၊ အပြုံလိုက်သတ် သေစေရန် တိုက်ခိုက်သတ်ဖြတ်နေမှုမှာ ကရင်နီပြည်ပင်မက နေရာအနှံ့အပြားတွင်ပါ ကျူးလွန် နေဆဲဖြစ်၏။
အထူးသဖြင့် ၎င်း(စစ်ကောင်စီ)တို့ စစ်ရှုံးနေသည့် ဒေသများတွင် လေကြောင်းအားပြု၍ စစ်ဘက်၊ အရပ်ဘက် စိစစ်ခြင်းမပြုဘဲ တိုက်ခိုက်နေခြင်းက ဆင်ခြင်တုံတရား လက်ဝယ်မရှိတော့သည်မှာ ပို၍ ထင်းရှားလာပါသည်။

😢34👍15🤬2🤮2
ပျှမ်းမျှစာရင်းအရ တစ်နှစ်လျှင် အကြိမ်ရေ ၄၀၀ ရှိနေပြီး တစ်ရက် တစ်ကြိမ်ထက်ပို၍ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ခြင်းပင် ။
၂၀၂၂တစ်နှစ်လုံးအတိုင်းအတာအရ စစ်ကောင်စီ၏ လေကြောင်းအသုံးပြုတိုက်ခိုက်မှု ၁၈၂ ကြိမ်ရှိခဲ့သော်လည်း ၂၀၂၃တွင် အကြိမ်ရေ ၈၀၀ အထိရှိလာခဲ့သည်။
ယခုနှစ် ဇန်နဝါရီ တစ်လတည်းပင် က ရင်နီပြည်နယ်၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၂၁၉ ကြိမ်အထိပြုလုပ်ခဲ့ကြောင်း PKPFက ဆိုသည်။
ဦးမောင်မြင့်သည် ဒေါဆီအီကျေးရွာမှဖြစ်ပြီး သားဖြစ်သူမှာ အဆိုပါရွာစာသင်ကျောင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
ဦးမောင်မြင့်နည်းတူ သား၊သမီးဖြစ်သူ ကလေးငယ်များ စာသင်ကျောင်းက ပြန်အလာ အခြားမျှော်လင့်ခဲ့ရသူများလည်း ရှိခဲ့ပါသည်။
"ကျန်တဲ့ သားသမီးသုံးယောက်က ကျောင်းကနေ အိမ်ကို ပြန်ရောက်လာပေမယ့် အကြီးဆုံးသား ဖြစ်တဲ့ ခုနှစ်တန်း ကျောင်းသား(ခွန်းစန်းလှိုင်ကတော့ အိမ်ကို ပြန်မရောက်လာတော့ဘူး"ဟု ခုနစ်တန်းကျောင်းသား ခွန်းစန်းလှိုင်၏ ဒေါ်ခရစ္စဝင်းဦးက ပြောသည်။
သားဖြစ်သူခွန်းစန်းလှိုင်က လာမယ့် ဧပြီ ၂၁ ရက်ဆိုပါက အသက်(၁၄)နှစ် ပြည့်တော့မည်ဖြစ်ပြီး စစ်ကောင်စီကြောင့် လူ့ဘဝတွင် အသက် ၁၃ နှစ်ကျော်သာနေခဲ့ရသည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီတို့က ပူးတွဲတောင်းဆိုချက် လေးချက်အဖြစ် ဖေဖော်ဝါရီ ၈ရက်ကပြုလုပ်သည့် ဒီမော့ဆိုမြို့နယ် စာသင်ကျောင်းများပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခံရမှုပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့သည်။
အဆိုပါ တောင်းဆိုချက်မှာ အရပ်သားပြည်သူများအား လေကြောင်းတိုက်ခိုက်မှုရန်မှ ကာကွယ်ရန်အတွက် No Fly Zoneအဖြစ် ကုလသမဂ္ဂအပါအဝင် အိမ်နီးနားချင်းနိုင်ငံများက ပူးပေါင်းလုပ်ဆောင်ရန်၊ စစ်ကောင်စီအား လေယာဉ်ဆီတင်ပို့ရောင်းချနေမှုအား ရပ်တန့်စေဖို့အတွက် နိုင်ငံများပူးပေါင်းဆောင်ရွက်ပြီး ကုလအပါအဝင် တစ်ကမ္ဘာလုံးကနေဝိုင်းဝန်းပိတ်ဆို့အရေးယူရန်၊ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်နေမှုအတွက် သံတမန်အရေး၊ စီးပွားရေး၊လက်နက်တင်ပို့ရောင်းချမှုအပြင် တရားစွဲဆိုလုပ်ဆောင်နိုက်မှုအတွက် နိုင်ငံတကာတရားရုံးများက ဝိုင်းဝန်လုပ်ဆောင်ရန် နှင့် ပြည်သူလူထုလုံခြုံရေးအတွက် လေယာဉ်အချက်ပေးစနစ်နှင့် ဆက်သွယ်ရေးနည်းလမ်းပညာများအား အရပ်သား ပြည်သူများအား ပေးပို့အကူအညီပေးရန်တို့အား ပူးပေါင်းတောင်းဆိုကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီ၏ ရက်ဆက်စွာတိုက်ခိုက်မှုများကြောင့် အခြားကလေးသူငယ်များ၏ စိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေပြီဟု အဆိုပါ တိုက်ခိုက်ခံရမှုဖြစ်ရပ်အား ကူညီကယ်ဆယ်ရေးပြုလုပ်ခဲ့သူ Karenni Human Right Groupကို ဦးဆောင်သူ ဦးဗညားက မှတ်ချက်ပြုသည်။
"သူတို့အချင်းချင်းချစ်ခင်ရတဲ့ အတန်းဖော်အတန်းဖက်၊ သူငယ်ချင်းတွေဆုံးရှုံးသွားကြတယ်။ကျောင်းကိုလည်းဆုံးရှုံးလိုက်ရတယ်။ထို့နည်းတူစွာပဲ ဆရာ၊ဆရာမတွေ နဲ့ မိဘတွေကလည်း သူတို့ သားတပည့်တွေ ဆုံးရှုံးခဲ့ရတယ်။ဒီဆုံးရှုံးမှုတွေက လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို တုန်လှုပ်ခဲ့စေတယ်"ဟု ဦးဗညားက ပြောသည်။
ထို့အပြင် ခေတ်အဆက်ဆက် ပြည်သူများ ပညာမတက်စေရန် လုပ်ဆောင်သည့် အာဏာသိမ်းစစ်တပ်၏ ခြေလှမ်းများအနက်မှ တစ်ခုဟုလည်း ၎င်းက ဆိုပါသည်။ ဒဏ်ရာရသောကလေးငယ် အချို့မှာ အပေါ်ယံဒဏ်ရာ သက်သာစပြုနေပြီဖြစ်သော်လည်း ကျောင်းတက်စာသင်ကြားနေရင်းအချိန်မရွေး ဗုံးကြဲသေဆုံးနိုင်သည်ဆိုသော စိတ်ဒဏ်ရာကမူ အချိန်ဘယ်လောက်ကြမှ ကုသပျောက်မည်မသိနိုင်ပေ။
"ပညာသင်ရင် အသက်စတေးနေရတဲ့ နိုင်ငံပေါ့"ဟု
ဦးဗညားက ဖြည်းဖြည်းချင်းပြောပါသည်။ ။

😢32👍10🤮1
ကျောက်ကြီးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦးသေဆုံး၊ ကလေးငယ်များ အပါအဝင် ၆ဦးဒဏ်ရာရ
မောင်မောင်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ကျောက်ကြီး(လယ်ဒို)မြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက် ကြီးပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး (၁၈)နှစ်အောက်ကလေး လေးဦးအပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု KNUဗဟိုက ထုတ်ပြန်သည်။
KNU တပ်မဟာ(၃)နယ်မြေ လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီ၏ ပိန်းဇလုပ်အခြေစိုက် တပ်ရင်းက
ဖေဖော်ဝါရီ ၁၄ရက် ညပိုင်းတွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ကညင်ကျိုး ကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ် သုံးဦး အပါအဝင် ၅ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ညပိုင်း၌ ခမရ(၂၆၄)တပ်က လက်နက်ကြီးဖြင့် နတ်သံကွင်းမြို့သို့ ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ခင်ကန့်လန့်ရွာကိုလည်း ထပ်မံပစ်ခတ်ခဲ့ရာ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးကာ (၄၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးတိုက်ခိုက်မှုများအတွင်း နေအိမ်ပျက်စီးမှု အိမ်မွေးတိရိစ္ဆာန် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီအနေဖြင့် KNU နယ်မြေများရှိ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ၂၀၂၃အတွင်း အရပ်သား ၂၀၀ခန့်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။

🤬39👍4🔥2
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
🤬26🔥3👍2
ပအိုဝ်းလူငယ်များအနေဖြင့်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့်လုပ်ရပ်များ ရှောင်ရှားပြီး PNLO/PNLA ထံ လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်
ဟန်နွေ/People’s Spring
ပအိုဝ်းလူငယ်များ သည် ယုတ်ညံ့သော လူတစ်စုအကျိုး
စီးပွားကို ကာကွယ်ခြင်းနှင့် ပအိုဝ်းလူမျိုးတို့အား ဒုက္ခပေးနေသည့် အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် လုပ်ရပ်များကို ရှောင်လွှဲပြီး ပအိုဝ်းအမျိုးသား အဖိနှိပ်ခံဘ၀မှလွတ်မြောက်စေရေးအတွက် အမျိုးသား လွတ်မြောက်ရာလမ်းလျှောက်လှမ်းမှုတွင် သမိုင်းပေးတာဝန်အဖြစ် ခံယူကြရန်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) က ထုတ်ပြန်တိုက်တွန်းလိုက်ပြီး PNLAထံ လာရောက်ပူးပေါင်းကာ တော်လှန်ရေးတာဝန်များထမ်းဆောင်ရန် ဖိတ်ခေါ်သည်။
ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ကောင်စီက စစ်မှု မထမ်းမနေရ ဥပဒေပြဌာန်းပြီး စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဖွဲ့
စည်းခဲ့မှုနှင့်ပတ်သက်ပြီး PNLO/PNLAက ယခုကဲ့သို့ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီက လက်နက်အားကိုး မတရား ပြဌာန်းလိုက်သော စစ်မှုမထမ်း မနေရ ဥပဒေသည် ပြည်သူအချင်းချင်း ပြန်လည်သတ်ဖြတ်ကြရန် လုပ်ဆောင်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
တစ်နိုင်ငံလုံး အဖိနှိပ်ခံ ပြည်သူများ ဆန့်ကျင်နေကြသကဲ့သို့ ပအိုဝ်း ပြည်သူ တစ်ရပ်လုံးနှင့် ပအိုဝ်း လူငယ်လူရွယ်များကလည်းမတရားမှုကို ခေါင်းငုံမခံကြဘဲ ရဲရင့်ပြတ်သားစွာဆန့်ကျင်ကြရန် လည်း PNLO/PNLAက တိုက်တွန်းသည်။
“အာဏာရှင်စနစ်ကို လည်ပတ်စေမယ့် အာဏာရှင်တပ်ဖွဲ့ဝင် လုပ်မယ့်အစား ကိုယ့်လူမျိုးကို ကိုယ် ပြန်နှိပ်စက်မယ့်အစား အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ ပအိုဝ်းလူမျိုးမှ မဟုတ်ဘူး မည်သည့်လူမျိုးမဆို PNLAနဲ့ လာရောက်ပူးပေါင်းဖို့ PNLA မှာ တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟုလည်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
စစ်ကောင်စီသည် စစ်အာဏာရှင် ယန္တရား လည်ပတ်ရှင်သန်နိုင်ရေးအတွက်တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်သွေးခွဲနေသည်ကို အဆက်မပြတ် လှုံ့ဆော်လျက်ရှိပြီး ၄င်းတို့ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို ဖုံးဖိနိုင်ရန် အာဏာရှင်စနစ် ရေရှည် တည်တံ့ခိုင်မြဲစေရန် ၊ ဒီမိုကရေစီစနစ် ဆိတ်သုဉ်းစေရန် ရည်ရွယ်ကြောင်းကို စစ်ကောင်စီက လုပ်ဆောင်ခဲ့သော လုပ်ရပ်များက ခိုင်မာသော သာဓက သက်သေများပင်ဖြစ်ကြောင်း PNLO/PNLAက ထုတ်ပြန်သည်။

👏32👍13❤4🤮1
ပြည်ထောင်စုလမ်းမကြီး၌ စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့၍ အဘိုးအိုတစ်ဦး သေဆုံး
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးတွင် စစ်ကောင်စီတပ်က လေကြောင်းထပ်မံတိုက်ခိုက်ခဲ့၍ အသက်(၇ဝ)အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ ရက်)ည ၁၁ နာရီခွဲခန့်က တန့်ဆည်မြို့နယ်၊တန့်ဆည် - ကံထူးမ - ကလေးဝလမ်းပိုင်းရှိ ပန်းထိမ်ကုန်းကျေးရွာ အနီးသို့ စစ်တပ်က YAK-130 ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုကြောင့် ကျေးရွာအပြင် လယ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲပြီး အသက်(၇၀) အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် အမျိုးသမီးကြီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
" တနေ့ကပစ်တဲ့နေရာနဲ့ နည်းနည်းတော့ကွာတယ်။ ဒါပေမယ့် ပစ်တဲ့နေရာတွေက တန့်ဆည်နယ်ထဲမှာပဲ။"ဟု People's Defense Comrade အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၄ရက်ကလည်း တန့်ဆည်မြို့နယ်၊တန့်ဆည်-ကံထူးမ-ကလေးဝလမ်းပိုင်းပေါ်ရှိ မိုင်တိုင် (၃၈၊ ၃၉၊ ၅၁) မယ်တော်ကြီးတောင်တက်အထိ ၂ရက်ဆက်ခြောက်ကြိမ်ထက်မနည်း လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ထိခိုက် ဒဏ်ရာရပြီး ကုန်တင်ကား နှစ်စီးထက်မနည်း ပျက်စီးခဲ့ကြောင်း People's Defense Comrade အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။
ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက ကရင်နီပြည်(ကယားပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်ကလေးငယ်များ၏ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချရာ ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့သေးသည်။

🤬35👍6🔥1