People's Spring
62.6K subscribers
66.7K photos
1.17K videos
7 files
2.9K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👏44👍9🔥1
AA က မြေပုံမြို့ကိုပါကိုသိမ်းပိုက်ထိန်းချုပ်ထား​ကြောင်း ကြေညာ

︎ရသေ့တောင်၊ ရမ်းဗြဲ မြို့ပေါ်တိုက်ပွဲဖြစ်ပွားနေပြီး မောင်တောရှိ စစ်စခန်းတစ်ခုကို AA ထိုးစစ်ဆင်

︎ရက္ခိုင်ဒေသရှိ စစ်စခန်းအားလုံး တစ်ခုမှ မကျန်စေရန် တိုက်ခိုက်မည်ဟု အသိပေး

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို
ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ သုံးလတာ စစ်ဆင်ရေးအတွင်း ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့ များပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း AAက ယမန်နေ့တွင် ထုတ်ပြန် ကြေညာသည်။

AA သည် ဇန်နဝါရီ ၁၄ရက်တွင် ပလက်၀မြို့၊ဖေဖော်ဝါရီ ပထမပတ်တွင် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီးယခုဖေဖော်ဝါရီလလယ်တွင် မြေပုံကို ထပ်မံသိမ်းနိုင်ခဲ့ဟု အသိပေးလာခြင်းဖြစ်
သည်။ ထိုအပြင် AA သည် ပလက်ဝ မြို့နယ်အတွင်းရှိ ဆမီးမြို့ ၊ ​မောင်​တောမြို့နယ်အတွင်ရှိ ​တောင်ပြို (လက်ဝဲ)ကိုလည်း သိမ်းပိုက်ထားသည်။

ထို့အပြင် ရမ်းဗြဲကျွန်းပေါ် ၌ တိုက်ပွဲများမှာလည်း ခပ်စိပ်စိပ်ဖြစ်လျက်ရှိကြောင်း ဖော်ပြသည်။

ရက္ခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများ ကို တစ်ခုမျှမကျန်စေရဟူသော စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု AAက ထုတ်ပြန်သည်။

အခြားတစ်ဖက်တွင် စစ်ကောင်စီအနေဖြင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိရာ ဖေဖော်ဝါရီ ၁၄ရက်မှစ၍ ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တောမြို့များ၌ တိုက်ပွဲများ ပြင်းထန်နေကြောင်းလည်း အသိပေးသည်။

ထို့အတူ စစ်ကောင်စီ သည် စစ်ပွဲအရှုံးများကြောင့်သော်
လည်းကောင်း၊ လူမျိုးရေး အမုန်းတရားများကိုအခြေခံ
၍လည်းကောင်း၊ သွေးပျက်ကြောက်လန့်နေ၍လည်း
ကောင်း လက်နက်ကြီးများဖြင့် မြို့ရွာများကို ဦးတည်တိုက်ခိုက် လျက်ရှိသည်ဟု ဆိုသည်။

ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရမှု အများဆုံးမြို့ဖြစ်သကဲ့သို့ စစ်ကောင်စီသည် ယမန်နေ့မှစ၍ ရသေ့တောင်မြို့ပတ်ဝန်းကျင်နှင့်၎င်းအနီးအနားရှိကျေးရွာများသို့ လေ
ကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်
ခိုက်လျက် ရှိကြောင်း၊ ရသေ့တောင်မြို့သည် စစ်ကောင်စီ
၏ ဒုတိယပစ်မှတ်ထား မြို့တစ်မြို့ဖြစ်လာခဲ့ကြောင်း AAက ထုတ်ပြန်သည်။

AA ထိန်းချုပ်ထားသည့် ပလက်ဝမြို့အတွင်းသို့လည်းစစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်လာသည်ဟု အသိပေးသည်။

ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ရက္ခိုင်ပြည် မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာအနီးရှိ ဗောဓိကုန်းစခန်းအား AAက ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက စခန်း မကျရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အပြင်းအထန်ခုခံလျက်ရှိဟု ဖော်ပြသည်။

ရသေ့တောင်မြို့တွင် AA နှင့်စစ်ကောင်စီတို့အကြား တိုက်
ပွဲများ စတင်ဖြစ်ပွားနေကြောင်း အသိပေးသည်။

AA ပါဝင်သည့် ညီနောင် ၃ဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေး (၁၁၂) ရက်မြောက်နေ့ ဖေဖော်ဝါရီ ၁၅ရက် တိုက်ပွဲသတင်းများကို ထုတ်ပြန်ခဲ့ရာ

ရက္ခိုင်ဒေသရှိ လက်နက်ချအညံ့မခံသော စစ်ကောင်စီတပ်စခန်းတိုင်းကို တစ်ခုမျှမကျန် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၄ရက်က ကျောက်ဖြူမြို့နယ် ပေါက်နက်ချေကျေးရွာမှ အမျိုးသား ၉ဦးကို ဖမ်း
ဆီးသွားကြောင်း ၊ ပေါက်နက်ကြီးကမ်းနားရှိ မြစ်ပြင်ထဲတွင် စားဝတ်နေရေးအတွက် လောင်းလှေ (၃) စီးဖြင့် ငါးဖမ်းထွက်နေစဉ် စစ်ကောင်စီ၏ “ဓညဝတီရေတပ်စခန်းဌာနချုပ်” ရေတပ်သင်္ဘောက ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
👍5411🤣1
👍51🔥1
ဆီဆိုင်တိုက်ပွဲ စစ်ကောင်စီတပ် ၂ဦးထက်မနည်းသေဆုံးပြီး
ခဲယမ်း၊ ကျည်အချို့နှင့် မူးယစ်ဆေးဝါးများပါသိမ်းဆည်းရရှိဟု PNLA ​ပြော

︎မူးယစ်​ဆေးဝါးသုံးစွဲသုံးစွဲ​စေပြီး ​ရှေ့တန်းတက်ခိုင်း​သောအ​ခြေအ​နေဟု PNLA ​ပြော​ရေးဆိုခွင့်ရှိသူ​ပြော

ဝင်းမောင်/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်မြောက်ဘက်ခြမ်း တိုက်ပွဲ၌ စစ်ကောင်စီတပ်နှင့်လက်အောက်ခံပြည်သူ့စစ် ၂ ဦး​ထက်မည်းသေဆုံးပြီးစစ်​ကောင်စီတပ်ထံမှ မူးယစ်ဆေးဝါးနှင့်ခဲယမ်းကျည်ဆံအချို့သိမ်းဆည်းရမိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၊ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက​ပြောသည်။

ဖေဖော်ဝါရီ ၁၅ရက်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) လုံခြုံရေးစစ်ကြောင်းကို ချောင်း
မြောင်းပစ်ခတ်သည့် စစ်ကောင်စီနှင့်အပေါင်းအပါများအား ပြန်လည်ရှင်းလင်းရာ ခဲယမ်းအချို့နှင့် မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“(စစ်ကောင်စီလက်နက်ကိုင်)နှစ်ဦး ထက်မနည်း သေဆုံးတာတွေ့ရတယ်။ အဲဒီအလောင်းကိုတော့သူတို့ပြန်သယ်သွားတာပေါ့။အခင်းဖြစ်တဲ့နေရာမှာသူတို့ယူနီဖောင်းတွေ မူးယစ်ဆေးဝါး အထုပ်ကြီး နှစ်ထုပ်ရယ် အထုပ်သေး ၂ထုပ်ရယ် RPG အသီးတချို့ရယ်၊ ၇၉ ကျည်အချို့ရယ် သိမ်းဆည်းရမိတယ်” ဟုခွန်ရိန်းယံက ပြောသည်။

ယခင်တိုက်ပွဲဖြစ်စဉ်များအတွင်း၌လည်း စစ်ကောင်စီနှင့်လက်အောက်ခံတပ်ဖွဲ့များထံမှ မူးယစ်ဆေးဝါး သိမ်းရသည့် ဖြစ်စဉ်များရှိကြောင်း ၎င်းက ဆက်​ပြောသည်။

“အနေအထားကြည့်ရတာက အထုပ်ကြီးတွေ အထုပ်သေးတွေအများကြီးတွေ့ရတော့သူတို့ကမူးယစ်ဆေးဝါး သုံးစွဲပြီးတော့ ရှေ့တန်းတက်ခိုင်းတဲ့ ပုံစံ အနေအထား ဖြစ်နေတာပေါ့” ဟု ခွန်ရိန်းယံကပြောသည်။

PNLAသည် ဇန်နဝါရီလကုန်ပိုင်း၌ ဆီဆိုင်မြို့ကို ထိန်းချုပ်ခဲ့ရာ စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ် PNO တပ်များက မြို့ပြန်လည်ရရှိရေးထိုးစစ်ဆင်နေ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
👍44😁1
👍60🤣2
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
👍38🤣2
ဘင်္ဂလားဒေ့ရှ်ထွက်​ပြေးတဲ့စစ်သား ၃၀၀ ကျော်ကိုပြန်ပို့

-People's Spring

နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးလာကြတဲ့ စစ်​ကောင်စီ စစ်သားတွေနဲ့ တခြား အရာရှိတွေ၊ မိသားစုဝင်တွေ စုစုပေါင်း ၃၃၀ လောက်ကို ဘင်္ဂလားဒေ့ရှ်က မြန်မာဖက် ပြန်ပို့ဆောင်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းတုန်းက မြန်မာ စစ်သားတွေကို ပြန်လည် ပို့ဆောင်ပေးလိုက်တဲ့ ကိစ္စကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရှာရီဖူလ် အစ္စလာမ်က အတည်ပြုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် မနက် ၈ နာရီ ဝန်းကျင်မှာ ကော့စ်ဘဇား ဒေသမှာရှိတဲ့ အင်နာနီ ရေတပ်ရဲ့ ဆိပ်ခံတံတားမှာ မြန်မာ စစ်သားတွေနဲ့ နယ်ခြားစောင့် ရဲတွေကို စစ်​ကောင်စီရဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးအောင်ကျော်မိုးဆီ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

BGBရဲ့ အကြီးအကဲ မိုဟာမက် အက်ရှ်ရာဖူဇ်မန် ဆစ်ဒီကီကလည်း စစ်​ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်ပြီး လက်လွှဲလိုက်တဲ့ ကိစ္စကို သီးခြား အတည်ပြုခဲ့ပါတယ်။ အဲဒီ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၃၀ လောက်ဟာ သင်္ဘောတစ်စီးနဲ့ မြန်မာဖက်ခြမ်းကို ပြန်ကြတာပါ။

ရက္ခိုင့်တပ်တော် (AA)ရဲ့ ထိုးစစ်ဒဏ်ကြောင့် အာဏာသိမ်း မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၄ ရက်နေ့ကစပြီး ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲထိ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ကို BGB၊ ဘင်္ဂလားဒေ့ရှ် စစ်တပ်၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့နဲ့ တခြား အေဂျင်စီတွေက ခွဲဝေ ထိန်းသိမ်းထားပြီး ရက်ပိုင်းအကြာမှာ အခုလို ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။

မြန်မာဖက်ခြမ်း နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ခြမ်းမှာ မော်တာကျည်ဆန် ကျရောက် ပေါက်ကွဲပြီး ၂ ဦး သေဆုံးခဲ့သလို ဒဏ်ရာရရှိသူ ဒါဇင်နဲ့ချီ ရှိခဲ့တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

မြန်မာဖက်ခြမ်း နယ်စပ်တဝိုက်မှာ စစ်ရေးအခြေအနေတွေ ဆက်လက် တင်းမာနေဆဲ ဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်ကလည်း နယ်စပ် ဧရိယာတွေမှာ လုံခြုံရေး တိုးမြှင့်ပြီး တပ်လှန့် စောင့်ကြည့်နေရပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်နဲ့ ပိုင်းခြားထားတာ ဖြစ်ပါတယ်။

ကိုးကား The Hindu
👍29😁53🔥3
ဘင်္ဂလားဒေ့ရှ် ထွက်​ပြေး​သောစစ်​ကောင်စီတပ်ဖွဲ့ဝင်များကို
ဘင်္ဂလားဒေ့ရှ် က သ​ဘော်​ဖြင့်ပြန်ပို့ရန် တင်​နေစဥ်။ဓါတ်ပုံ- TTN
👍30😁20🤣54🖕3👎1🔥1
မန္တလေးတွင် စစ်ကောင်စီလက်အောက်ခံ ယာဥ်စစ်အဖွဲ့က ရပ်ကွက်များအတွင်းထိ ဖမ်းဆီးငွေညှစ်နေ

အင်ကြင်း/People's Spring

မန္တလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ယာဥ်စစ်ဆေးဖမ်းဆီးသည့်အဖွဲ့က ရပ်ကွက်များအတွင်းအထိဆင်းကာ ဖမ်းဆီးငွေညှစ်နေကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်လက်အောက်ခံ စစ်သား၊ ရဲနှင့် ယာဥ်ထိန်းများအဖွဲ့စုံပါဝင်သော ယာဥ်စစ်ဆေးရေးအဖွဲ့များသည် မြို့ပေါ်တွင်သာမက ရပ်ကွက်လမ်းကြားများအထိပါ လိုက်လံဖမ်းဆီးပြီး ငွေညှစ်နေကြောင်း မန္တလေးမြို့ခံများက ပြောသည်။

"မြောက်ပြင်ဘက်ဆို ရပ်ကွက်လမ်းကြားတွေထဲအထိ ဝင်ဖမ်းတာ။ ပိုက်ဆံမပါရင် သူတို့နဲ့ပိုင်တဲ့တစ်နေရာကိုသွားခိုင်းပြီး ပါတဲ့ဖုန်းတို့ဘာတို့ပေါင်ခိုင်းပြီး ပိုက်ဆံယူခိုင်းတာ။တအားဆိုးနေတယ်။"ဟု မန္တလေးမြောက်ပြင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အလားတူအခြားမြို့ခံတစ်ဦးကလည်း "တနေ့က ကိုယ့်ရပ်ကွက်ကြားထဲခဏရပ်ထားတာကို လိုင်စင်ပြဆိုပြီး လိုင်စင်မရှိလို့ငွေညှစ်သွားတယ်။"ဟု ပြောသည်။

ယာဥ်မောင်းလိုင်စင်နှင့် အဆိုပါယာဥ်လိုင်စင်ပြည့်စုံပါက နောက်ကြည့်မှန်၊ နံပါတ်ပြားများ ပါမပါစစ်ဆေးပြီး ဖမ်းဆီးငွေညှစ်ကာ ကျပ်သောင်းချီတောင်းရမ်းနေကြောင်း သိရသည်။

အဆိုပါ ယာဥ်စစ်ဆေးရေးအဖွဲ့သည် မန္တလေးမြို့ပေါ်တွင် တစ်ရက်လျှင် ၈ ဖွဲ့ထက်မနည်း နေရာပေါင်းစုံ၌ လှည့်လည်စစ်ဆေးငွေညှစ်နေကြောင်း သတင်းရရှိသည်။
🤬35👍16😡42
🤬56😡5👍32🖕2👎1
(မန္တလေးမြို့တွင်းတစ်နေရာတွင် စစ်ဆေးငွေညှစ်နေသော စစ်ကောင်စီတပ်လက်အောက်ခံ ရဲများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
🤬29👍11😡5🖕41👎1
︎​ဆောင်းပါး

ပညာသင်ရင် အသက်စတေးနေရတဲ့ နိုင်ငံ

-ရဲ​ခေါင်/People's Spring

ရွာအပြင်ရှိ ငါးကန်ရောက်ရှိနေသော ဦးမောင့်မြင့်တစ်ယောက် ပေါက်ကွဲသံများကြား၍ ရွာအတွင်းသို့ အပြေးပြန်လာခဲ့သည်။ ပေါက်ကွဲမှုဖြစ်ရာနေရာလှမ်းကြည့်တော့ စာသင်ကျောင်းဖြစ်နေ၍ စိုးရိမ်တကြီး အမြန်​​​​​ပြေး​လေသည်။

ပြန့်ကြဲနေသော အပိုင်းအစများကြား ပထမဆုံးတွေ့ရှိသည့် သေဆုံးနှင့်ဒဏ်ရာရ ကလေးငယ်များအား အပြင်ဆွဲထုတ်၍ ကယ်ဆယ်လိုက်ပါသည်။ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်သော ကျေးရွာစာသင်ကျောင်းတွင် ဦး​မောင်မြင့်၏ သားငယ်ဖြစ်သူလည်း ပညာသင်ကြား​​နေ၏။ထို့ကြောင့် သားငယ်​လေး​ဘေးကင်းပါ​စေဟုဆု​တောင်းမိသည်။ အပျက်အစီးများကြား ဒဏ်ရာရက​​လေးငယ်နှင့် ​သေဆုံး​နေ​သောက​လေးငယ်များကို အမြန်​ရှာ​​ဖွေရင်းသားဖြစ်သူဖြစ်​လေမလား ရင်တထိတ်ထိတ်ဖြင့် ကြည့်ရှု​နေသည်။

သို့​သော် ဦး​မောင်မြင့်ဆု​တောင်းမပြည့်ခဲ့ပါ ။

"ခေါင်းတစ်ဝက်မပါတဲ့ ကလေးတွေ။တခြား ထိထားတဲ့ကလေးတွေ သယ်ပြီးတဲ့အချိန် အပြင် ရောက်လို့ စစ်ကြည့်မှ ကျွန်တော့်သားဖြစ်နေတယ်။ကျွန်တော်တောင်မမှတ် မိတော့ဘူး။သူ့မျက်နှာက ပေနေတာ။လက်တစ်ဖက်လည်း မရှိတော့ဘူး။ခြေထောက်တစ်ဖက်လည်းမရှိတော့ဘူး ဗိုက်လဲ တစ်ဝက်ပဲကျန်တော့တာ"ဟု ဦးမောင်မြင့်က အသက် ၁၄ နှစ်အရွယ် သားဖြစ်သူကို ပြန်​တွေ့ရ​သောအ​ခြေအ​နေကို
ဆို့နင့်စွာဖြင့် ဖွင့်ဟသည်။

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိ ဒေါဆီအီနှင့် လွိုက်နန်ဖ ကျေးရွာတွင် ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားကလေးငယ်များပညာသင်ကြားနေသော စာသင်
ကျောင်းနှစ်ကျောင်းကို စစ်ကောင်စီက ဖေဖော်ဝါရီ ၅ရက် နံနက် ၁၀နာရီတွင် တိုက်လေယာဉ်နှစ်စင်းဖြင့် ပေါင် ၅၀၀ဗုံးကြဲခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်ပါ
တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် (၁၂)နှစ်မှ (၁၄)နှစ်အရွယ်အတွင်း ကလေးငယ် လေးဦးနှင့် (၃၅)ရွယ် အရပ်သားပြည်သူ တစ်ဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ရပြီး ၁၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဗုံးခိုကျင်းအတွင်း ကလေးငယ်များနှင့် ပုန်းခိုနေသော ဆရာမမှာ အပြင်သို့ထွက်လာချိန်တွင် စာသင်ကျောင်းမှာ လုံးဝပျက်စီးနေပြီဟု အဆိုပါဒေါဆီးအီကျေးရွာ စာသင်ကျောင်းမှ ကျောင်းဆရာမ တစ်ဦးက ပြောသည်။

"အဆောင်တွေအကုန်လုံးက ပျက်စီးတာကိုတွေ့တော့ ကျွန်မက မနေနိုင်တော့ဘူး။ကျွန်မကလေးတွေအကုန်သေတော့မှာပဲ ဆိုပြီး ပတ်ဝန်းကျင်မှာရှိတဲ့ မိဘတွေရော ပြီးတော့ အသံကြားပြီးတော့ လာရောက်ကြည့်ရှုပေးတဲ့ ညီအစ်ကိုမောင်နှမတွေလည်းရှိတယ်။သူတို့ကို အကူအညီတောင်းပြီးတော့မှ အဆောင်ပြိုကျတဲ့နေရာမှာ ကလေးတွေကို သွားကြည့်ပေးဖို့ ခွင့်တောင်းရတယ်"ဟု အဆိုပါ ဆရာမက ပြောသည်။

ဆရာမက ဆက်လက်၍ "စာသင်ခန်းထဲမှာ ရှစ်တန်းကလေးတွေကို စာသင်နေတဲ့အချိန်မှာ အရမ်းအော်ဟစ်ငိုနေတာကို ကြားတော့ ကျွန်မလဲမနေနိုင်လို့ အပြင်ထွက်ကြည့်မှရမယ်ဆိုပြီး ကျန်နေတဲ့ကလေးတွေကို ကျွန်မနဲ့ တခြားဆရာ၊ ဆရာမတွေရောက ခေါ်ပြီး ကျောင်းနဲ့နည်းနည်း အလှမ်းဝေးတဲ့ လေယာဥ်ဗုံးခိုကျင်းထဲ ကို ဆွဲခေါ်သွားတယ်။ဒါပေမယ့် အဲဒီအချိန်မှာ ကလေးက အရမ်းများနေတော့ တချို့ကလေးတွေကို ဆွဲခေါ်မိတယ်။တချို့ကလေးတွေတော့ အရမ်းလန့်ပြီး အော်ငိုပြီး သူ့ဟာသူ ပြေးသွားတဲ့ကလေးတွေတော့ရှိတယ်"ဟု ပြောသည်။

စာသင်ကြား​နေရင်း ဗုံးကြဲတိုက်ခိုက်အသတ်ခံရမှုမှာ ဒေါဆီအီနှင့် လွိုက်နန်ဖ ကျေးရွာတို့မှာ ပထမဆုံးမဟုတ်ပါ ။ ၂၀၂၂ စက်တင်ဘာ ၁၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ဘက် ၁၄ မိုင်အကွာ လက်ယက်ကုန်းရွာရှိစာသင်
ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ ဗုံးကြဲပြီး ​မြေပြင်မှပါစစ်​ကြောင်းထိုးစီးနင်းတိုက်ခိုက်၍ ​ကျောင်းတက်​နေ​သော က​လေးငယ် ၇ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သည်။ မြေပြင်ထိုးစစ်ကြောင့် လူကြီး ၆ ဦး သေဆုံးခဲ့ရသည်။ စစ်​ကောင်စီကမူ စာသင်​ကျောင်း၊ ဘုန်းကြီး​ကျောင်းနှင့်ရွာအတွင်း PDF များရှိ၍ တိုက်ခိုက်သည်ဟု စစ်ရာဇဝတ်မှူကျူးလွန်ခဲ့မှုအ​ပေါ် ငြင်းဆိုခဲ့သည်။

ဒေါဆီအီနှင့် လွိုက်နန်ဖ ကျေးရွာ အစုလိုက်အပြုံလိုက် လူသတ်မှူတွင်လည်း ​သေဆုံးသူများမှာ ကရင်နီတပ်ဖွဲ့ဝင်များဖြစ်သည်ဟု စစ်​ကောင်စီ လိမ်ညာခဲ့ပြန်သည်။

ယခုဖြစ်စဥ်အပါအဝင် စစ်ကောင်စီသည် အာဏာသိမ်းပြီး သုံးနှစ်အတွင်း ကရင်နီပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၂၀၃ အထိ ပြုလုပ်ခဲ့သည့်ဖြစ်ရပ်များထဲမှ တစ်ခုဖြစ်​ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု
(PKPF)၏ နောက်ဆုံးထုတ်ပြန်ထားချက်က ဆိုသည်။

စစ်​ကောင်စီသည် ကလေးငယ်များ ပညာသင်ကြားနေသော စာသင်ကျောင်းများနှင့် အရပ်သားပြည်သူများ အား အစုလိုက်၊ အပြုံလိုက်သတ် သေစေရန် တိုက်ခိုက်သတ်ဖြတ်နေမှုမှာ ကရင်နီပြည်ပင်မက နေရာအနှံ့အပြားတွင်ပါ ကျူးလွန် နေဆဲဖြစ်၏။

အထူးသဖြင့် ၎င်း(စစ်ကောင်စီ)တို့ စစ်ရှုံးနေသည့် ဒေသများတွင် လေကြောင်းအားပြု၍ စစ်ဘက်၊ အရပ်ဘက် စိစစ်ခြင်းမပြုဘဲ တိုက်ခိုက်နေခြင်းက ဆင်ခြင်တုံတရား လက်ဝယ်မရှိတော့သည်မှာ ပို၍ ထင်းရှားလာပါသည်။
😢34👍15🤬2🤮2
ပျှမ်းမျှစာရင်းအရ တစ်နှစ်လျှင် အကြိမ်ရေ ၄၀၀ ရှိ​နေပြီး တစ်ရက် တစ်ကြိမ်ထက်ပို၍ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ခြင်းပင် ။

၂၀၂၂တစ်နှစ်လုံးအတိုင်းအတာအရ စစ်ကောင်စီ၏ လေကြောင်းအသုံးပြုတိုက်ခိုက်မှု ၁၈၂ ကြိမ်ရှိခဲ့​သော်လည်း ၂၀၂၃တွင် အကြိမ်ရေ ၈၀၀ အထိရှိလာခဲ့သည်။

ယခုနှစ် ဇန်နဝါရီ တစ်လတည်းပင် က ရင်နီပြည်နယ်၌ စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှု ၂၁၉ ကြိမ်အထိပြုလုပ်ခဲ့ကြောင်း PKPFက ဆိုသည်။

ဦးမောင်မြင့်​သည် ဒေါဆီအီကျေးရွာမှဖြစ်ပြီး သားဖြစ်သူမှာ အဆိုပါရွာစာသင်ကျောင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ဦးမောင်မြင့်နည်းတူ သား၊သမီးဖြစ်သူ ကလေးငယ်များ စာသင်ကျောင်းက ပြန်အလာ အခြားမျှော်လင့်ခဲ့ရသူများလည်း ရှိခဲ့ပါသည်။

"ကျန်တဲ့ သားသမီးသုံးယောက်က ကျောင်းကနေ အိမ်ကို ပြန်ရောက်လာပေမယ့် အကြီးဆုံးသား ဖြစ်တဲ့ ခုနှစ်တန်း ကျောင်းသား(ခွန်းစန်းလှိုင်ကတော့ အိမ်ကို ပြန်မရောက်လာတော့ဘူး"ဟု ခုနစ်တန်းကျောင်းသား ခွန်းစန်းလှိုင်​၏ ဒေါ်ခရစ္စဝင်းဦးက ပြောသည်။

သားဖြစ်သူခွန်းစန်းလှိုင်က လာမယ့် ဧပြီ ၂၁ ရက်ဆိုပါက အသက်(၁၄)နှစ် ပြည့်တော့မည်ဖြစ်ပြီး စစ်​ကောင်စီ​ကြောင့် ​လူ့ဘဝတွင် အသက် ၁၃ နှစ်​ကျော်သာ​နေခဲ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီတို့က ပူးတွဲတောင်းဆိုချက် လေးချက်အဖြစ် ဖေဖော်ဝါရီ ၈ရက်ကပြုလုပ်သည့် ဒီမော့ဆိုမြို့နယ် စာသင်ကျောင်းများပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခံရမှုပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့သည်။

အဆိုပါ တောင်းဆိုချက်မှာ အရပ်သားပြည်သူများအား လေကြောင်းတိုက်ခိုက်မှုရန်မှ ကာကွယ်ရန်အတွက် No Fly Zoneအဖြစ် ကုလသမဂ္ဂအပါအဝင် အိမ်နီးနားချင်းနိုင်ငံများက ပူးပေါင်းလုပ်ဆောင်ရန်၊ စစ်ကောင်စီအား လေယာဉ်ဆီတင်ပို့ရောင်းချနေမှုအား ရပ်တန့်စေဖို့အတွက် နိုင်ငံများပူးပေါင်းဆောင်ရွက်ပြီး ကုလအပါအဝင် တစ်ကမ္ဘာလုံးကနေဝိုင်းဝန်းပိတ်ဆို့အရေးယူရန်၊ စစ်ကောင်စီ​၏ စစ်ရာဇဝတ်မှုကျူးလွန်နေမှုအတွက် သံတမန်အရေး၊ စီးပွားရေး၊လက်နက်တင်ပို့ရောင်းချမှုအပြင် တရားစွဲဆိုလုပ်ဆောင်နိုက်မှုအတွက် နိုင်ငံတကာတရားရုံးများက ဝိုင်းဝန်လုပ်ဆောင်ရန် နှင့် ပြည်သူလူထုလုံခြုံရေးအတွက် လေယာဉ်အချက်ပေးစနစ်နှင့် ဆက်သွယ်ရေးနည်းလမ်းပညာများအား အရပ်သား ပြည်သူများအား ပေးပို့အကူအညီပေးရန်တို့အား ပူးပေါင်းတောင်းဆိုကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီ၏ ရက်ဆက်စွာတိုက်ခိုက်မှုများကြောင့် အခြားကလေးသူငယ်များ​၏ စိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေပြီဟု အဆိုပါ တိုက်ခိုက်ခံရမှုဖြစ်ရပ်အား ကူညီကယ်ဆယ်ရေးပြုလုပ်ခဲ့သူ Karenni Human Right Groupကို ဦးဆောင်သူ ဦးဗညားက မှတ်ချက်ပြုသည်။

"သူတို့အချင်းချင်းချစ်ခင်ရတဲ့ အတန်းဖော်အတန်းဖက်၊ သူငယ်ချင်းတွေဆုံးရှုံးသွားကြတယ်။ကျောင်းကိုလည်းဆုံးရှုံးလိုက်ရတယ်။ထို့နည်းတူစွာပဲ ဆရာ၊ဆရာမတွေ နဲ့ မိဘတွေကလည်း သူတို့ သားတပည့်တွေ ဆုံးရှုံးခဲ့ရတယ်။ဒီဆုံးရှုံးမှုတွေက လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို တုန်လှုပ်ခဲ့စေတယ်"ဟု ဦးဗညားက ပြောသည်။

ထို့အပြင် ခေတ်အဆက်ဆက် ပြည်သူများ ပညာမတက်စေရန် လုပ်ဆောင်သည့် အာဏာသိမ်းစစ်တပ်၏ ခြေလှမ်းများအနက်မှ တစ်ခုဟုလည်း ၎င်းက ဆိုပါသည်။ ဒဏ်ရာရ​သောက​လေးငယ် အချို့မှာ အ​ပေါ်ယံဒဏ်ရာ သက်သာစပြု​နေပြီဖြစ်​သော်လည်း ​ကျောင်းတက်စာသင်ကြား​နေရင်းအချိန်မ​ရွေး ဗုံးကြဲ​သေဆုံးနိုင်သည်ဆို​သော စိတ်ဒဏ်ရာကမူ အချိန်ဘယ်​လောက်ကြမှ ကုသ​ပျောက်မည်မသိနိုင်​ပေ။

"ပညာသင်ရင် အသက်စတေးနေရတဲ့ နိုင်ငံပေါ့"ဟု
ဦးဗညားက ဖြည်းဖြည်းချင်း​ပြောပါသည်။ ။
😢32👍10🤮1