AA က မူဆယ် ၁၀၅ မိုင်တွင်သန့်ရှင်းရေးလုပ်ပေး
-People's Spring
ရက္ခိုင့်တပ်တော် စစ်သည်တော်များ မူဆယ် ၁၀၅ မိုင်၊ ကားလမ်းမကြီးနံဘေး နှင့် ကားကြီးကွင်းအနီး ကားလမ်းဝဲယာတစ်လျှောက်၌ ဖေဖော်ဝါရီ လဆန်းပိုင်းမှစ၍ သန့်ရှင်ရေးဆောင်ရွက်ခဲ့ကြောင်းAA ကထုတ်ပြန်သည်။
ရှမ်းမြောက်ဒေသ၌ စစ်ဘေးကြောင့် အတိဒုက္ခရောက်နေကြသော ပြည်သူလူထုများ အပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ နှင့် ခရစ်ယာန် သာသနာပြုကျောင်းများကို မိမိတို့ တတ်နိုင်သမျှ တနိုင်တပိုင် ထောက်ပံ့ကူညီလှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြသည့်နည်းတူ စစ်ဒဏ်ကြောင့် ပျက်စီးယိုယွင်းခဲ့ရသည့် အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၊ အဆောက်အအုံများ သန့်ရှင်းရေးကိစ္စရပ်များတွင်လည်း မိမိတို့သည် တစ်ဖွဲ့ချင်းအလိုက် (သို့) ညီနောင်မဟာမိတ်များနှင့် အတူတကွ ဆောင်ရွက်လျက်ရှိသည်ဟု AAက အသိပေးသည်။
မူဆယ် ၁၀၅ မိုင် စစ်ကောင်စီဗျူဟာကုန်းကိုAA ဦးဆောင်၍ မြောက်ပိုင်းမဟာမိတ်သုံး ဖွဲ့က ၂၀၂၃ ဒီဇင်ဘာ၁၄ ရက်တွင် ထ်ုးစစ်ဆင်တ်ုက်ခိုက်ပြီး ဒီဇင်ဘာ ၁၅ ရက်ညတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။လက်နက်ခဲယမ်းများ အပါအဝင် စစ်ကောင်စီ၏ တင့်ကားနှစ်စီးကိုပါ ရရှိခဲ့ကြောင်း သိရသည်။ သို့သော် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သော မူဆယ်မြို့ကိုမူ ထ်ုးစစ်ဆင်မသိမ်းခြင်းမှာ တရုတ်နိုင်ငံကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ညီနောင်သုံးဖွဲ့က သိမ်းပြီးနောင် ဘာသာရေး ၊ ကယ်ဆယ်ရေး ၊လူမှုရေး စသော အရေးကိစ္စများတွင် ရက္ခိုင့်တပ်တော်က ဦးဆောင် လုပ်ကိုင်ပေးနေသည်ကိုတွေ့ရသည်။
ရက္ခိုင့်တပ်တော်က မည်သည့်နေရာ၊ မည်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ ပြည်သူများနှင့်အတူ ရပ်တည်ပြီး စာနာစိတ်အပြည့်ဖြင့် တတ်နိုင်သည်များကို စေတနာအပြည့်ထား၍ ဆောင်ရွက်လျက်ရှိပါသည်ဟုလည်း သန့်ရှင်းရေးလုပ်နေသောပုံများ
ဖြင့် ထုတ်ပြန်ခဲ့သည်၊

👍62❤19🤮1
မင်းကင်းတိုက်ပွဲ ကြံ့ဖွံ့ အမတ်ဟောင်း ပျူခေါင်းဆောင်ဒဏ်ရာအပြင်းအထန်ရပြီး စစ်တပ်ကရဟတ်ယာဉ်ဖြင့် ကယ်ထုတ်
ရွှေပြည်စိုး/People's Spring
မင်းကင်းမြို့ ဖက်ခပ်ပျူရွာစခန်းသိမ်းတိုက်ပွဲတွင် ဦးသိန်းစိန်အစိုးရလက်ထက် လွှတ်တော်ကိုယ်စားလှယ်၊ ယခုပျူခေါင်းဆောင် ဒေါက်တာစန်းဝင်းအပါအဝင် ပျုစောထီးအဖွဲ့ဦးဆောင်သူအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး စစ်တပ်ကရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားကြောင်းသိရသည်။
မင်းကင်းနယ်၌ နာမည်ကြီးပျူရာဖြစ်သော ဖက်ခပ်ရွာကို
မင်းကင်းမြို့မှ ပြည်သူ့ကာကွယ်ရေး တပ်ရင်းများနှင့် ဒေသကာကွယ်ရေးတပ်များက ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစ
တင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲ၌ ပျူ စောထီးလေးဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သတင်းရရှိသည်။
" ဒေါက်တာစန်းဝင်းလည်း ဒဏ်ရာရသွားတယ်။ သူ့ကိုရဟတ်ယာဥ်နဲ့ကယ်ထုတ်သွားတယ်။ သူက မင်းကင်းနယ်ကအဓိကပျူခေါင်းဆောင်ပဲ" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ဖေဖော်ဝါရီ ၁၃ ရက်က ဖက်ခပ်ရွာအပြင် ကြေးတောင်ဦးပျူရွာကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ ထိုရွာမှပျူစောထီးခေါင်းဆောင်ကိုကိုကြီးဆိုသူ၏ မျက်နှာအား သေနတ်ကျည်ထိမှန်သွားပြီး မေးရိုးပြုတ်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သတင်းရရှိသည်။။
" ဒေါက်တာစန်းဝင်းရောကြေးတောင်ဦးပျူရွာက ပျူခေါင်း
ဆောင်ကိုကိုကြီးရော ရဟတ်ယာဉ်နဲ့ခေါ်သွားတာ" ဟု ဒေသခံတဦးကပြောသည်။
ဒေါက်တာစန်းဝင်းသည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၀ - ၂၀၁၅ အတွင်း မင်းကင်းမြို့နယ်မှ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ၎င်းသည် မင်းကင်းနယ်၌ နာမည်ကြီးပျူ စောထီးခေါင်းဆောင်ဖြစ်လာသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ပစ်ခတ်မှုကြောင့် ဒဏ်ရာရပြီး နောက်ဆက်တွဲအခြေအနေကိုမသိရှိရသေးပေ။
မင်းကင်းမြို့နယ်အတွင်း ဖေဖော်ဝါရီ ၇ရက်မှစ၍ စစ်ရေးတင်းမာနေသည်။ မင်းကင်းမြို့နယ်မှကံရွာကိုလည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့သည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ရက်ညနေက တိုက်ပွဲအတွင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)မှ ရဲဘော်အချို့ ဒဏ်ရာရခဲ့သည်။

👍67❤10👏6🤬1🤣1
AA က မြေပုံမြို့ကိုပါကိုသိမ်းပိုက်ထိန်းချုပ်ထားကြောင်း ကြေညာ
▪︎ရသေ့တောင်၊ ရမ်းဗြဲ မြို့ပေါ်တိုက်ပွဲဖြစ်ပွားနေပြီး မောင်တောရှိ စစ်စခန်းတစ်ခုကို AA ထိုးစစ်ဆင်
▪︎ရက္ခိုင်ဒေသရှိ စစ်စခန်းအားလုံး တစ်ခုမှ မကျန်စေရန် တိုက်ခိုက်မည်ဟု အသိပေး
ရှိုင်း/People’s Spring
ရက္ခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို
ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ သုံးလတာ စစ်ဆင်ရေးအတွင်း ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့ များပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း AAက ယမန်နေ့တွင် ထုတ်ပြန် ကြေညာသည်။
AA သည် ဇန်နဝါရီ ၁၄ရက်တွင် ပလက်၀မြို့၊ဖေဖော်ဝါရီ ပထမပတ်တွင် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီးယခုဖေဖော်ဝါရီလလယ်တွင် မြေပုံကို ထပ်မံသိမ်းနိုင်ခဲ့ဟု အသိပေးလာခြင်းဖြစ်
သည်။ ထိုအပြင် AA သည် ပလက်ဝ မြို့နယ်အတွင်းရှိ ဆမီးမြို့ ၊ မောင်တောမြို့နယ်အတွင်ရှိ တောင်ပြို (လက်ဝဲ)ကိုလည်း သိမ်းပိုက်ထားသည်။
ထို့အပြင် ရမ်းဗြဲကျွန်းပေါ် ၌ တိုက်ပွဲများမှာလည်း ခပ်စိပ်စိပ်ဖြစ်လျက်ရှိကြောင်း ဖော်ပြသည်။
ရက္ခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများ ကို တစ်ခုမျှမကျန်စေရဟူသော စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု AAက ထုတ်ပြန်သည်။
အခြားတစ်ဖက်တွင် စစ်ကောင်စီအနေဖြင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိရာ ဖေဖော်ဝါရီ ၁၄ရက်မှစ၍ ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တောမြို့များ၌ တိုက်ပွဲများ ပြင်းထန်နေကြောင်းလည်း အသိပေးသည်။
ထို့အတူ စစ်ကောင်စီ သည် စစ်ပွဲအရှုံးများကြောင့်သော်
လည်းကောင်း၊ လူမျိုးရေး အမုန်းတရားများကိုအခြေခံ
၍လည်းကောင်း၊ သွေးပျက်ကြောက်လန့်နေ၍လည်း
ကောင်း လက်နက်ကြီးများဖြင့် မြို့ရွာများကို ဦးတည်တိုက်ခိုက် လျက်ရှိသည်ဟု ဆိုသည်။
ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရမှု အများဆုံးမြို့ဖြစ်သကဲ့သို့ စစ်ကောင်စီသည် ယမန်နေ့မှစ၍ ရသေ့တောင်မြို့ပတ်ဝန်းကျင်နှင့်၎င်းအနီးအနားရှိကျေးရွာများသို့ လေ
ကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်
ခိုက်လျက် ရှိကြောင်း၊ ရသေ့တောင်မြို့သည် စစ်ကောင်စီ
၏ ဒုတိယပစ်မှတ်ထား မြို့တစ်မြို့ဖြစ်လာခဲ့ကြောင်း AAက ထုတ်ပြန်သည်။
AA ထိန်းချုပ်ထားသည့် ပလက်ဝမြို့အတွင်းသို့လည်းစစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်လာသည်ဟု အသိပေးသည်။
ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ရက္ခိုင်ပြည် မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာအနီးရှိ ဗောဓိကုန်းစခန်းအား AAက ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက စခန်း မကျရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အပြင်းအထန်ခုခံလျက်ရှိဟု ဖော်ပြသည်။
ရသေ့တောင်မြို့တွင် AA နှင့်စစ်ကောင်စီတို့အကြား တိုက်
ပွဲများ စတင်ဖြစ်ပွားနေကြောင်း အသိပေးသည်။
AA ပါဝင်သည့် ညီနောင် ၃ဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေး (၁၁၂) ရက်မြောက်နေ့ ဖေဖော်ဝါရီ ၁၅ရက် တိုက်ပွဲသတင်းများကို ထုတ်ပြန်ခဲ့ရာ
ရက္ခိုင်ဒေသရှိ လက်နက်ချအညံ့မခံသော စစ်ကောင်စီတပ်စခန်းတိုင်းကို တစ်ခုမျှမကျန် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၄ရက်က ကျောက်ဖြူမြို့နယ် ပေါက်နက်ချေကျေးရွာမှ အမျိုးသား ၉ဦးကို ဖမ်း
ဆီးသွားကြောင်း ၊ ပေါက်နက်ကြီးကမ်းနားရှိ မြစ်ပြင်ထဲတွင် စားဝတ်နေရေးအတွက် လောင်းလှေ (၃) စီးဖြင့် ငါးဖမ်းထွက်နေစဉ် စစ်ကောင်စီ၏ “ဓညဝတီရေတပ်စခန်းဌာနချုပ်” ရေတပ်သင်္ဘောက ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

👍54❤11🤣1