People's Spring
62.6K subscribers
66.7K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မကွေးတိုင်း၊ ဂန့်‌ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းက ဘေးပတ်ဝန်းကျင် ကျေးရွာသုံးရွာမှ​ ဒေသခံပြည်သူ ၁၀ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အမျိုးသမီးအချို့အပါအဝင် ၁၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ​​​ဒေသခံအချို့က​ပြောပါတယ်။ အဲဒီစစ်အုပ်စုဟာ မနေ့ မနက်ပိုင်းက မြောက်ခင်ရမ်းရွာအနီး သင်တောရွာမှ ခုနစ်ဦး၊ ရွှေဘိုရွာမှ နှစ်ဦး၊ ရေသာရွာမှ တစ်ဦးကို ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။ အသတ်ခံရသူများမှာ သင်တောရွာမှ ဦးမောင်ပု၊ ဦးပြူးသာ၊ ဦးဌေးအောင်၊ ဦးမောင်နိုင်၊ ဦးဖိုးသေးနောင်၊ဦးသက်လွင်၊ ဦးဘိုသန်း၊ ရွှေဘိုရွာမှ ဦးတိုးလွင်၊ ဦးမျိုးသန့်၊ ရေသာရွာမှ ဦးဇော်လင်းမောင် တို့ဖြစ်​တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံံရသူ ၁၃ဦးရှိပြီး အမျိုးသမီးအချို့ပါဝင်တယ်လို့ သိရပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်အား လမ်းခင်းလုပ်အားပေးခြင်းနဲ့အတူ သပိတ်ထွက်ရှိခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ" စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟစ်ကြွေးသံများနဲ့ ချီတက်ခဲ့ကြပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း အခြေခံပညာအထွေထွေသပိတ်ကော်မတီက စစ်ဘေးရှောင်နေရာတစ်ခုရှိ ပြည်သူတွေကို အားပေးစကားပြောခြင်း၊ ဒေသတွင်းအခြေအနေ​တွေ အပါအဝင် တော်လှန်ရေးအခြေအနေတွေနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြဖို့ စည်းရုံးဟောပြောခဲ့ကြပါတယ်။
👍235
👍39🤮2
AA က မူဆယ် ၁၀၅ မိုင်တွင်သန့်ရှင်း​ရေးလုပ်​ပေး

-People's Spring

ရက္ခိုင့်တပ်တော် စစ်သည်တော်များ မူဆယ် ၁၀၅ မိုင်၊ ကားလမ်းမကြီးနံဘေး နှင့် ကားကြီးကွင်းအနီး ကားလမ်းဝဲယာတစ်လျှောက်၌ ​ဖေ​ဖော်ဝါရီ လဆန်းပိုင်းမှစ၍ သန့်ရှင်​ရေး​ဆောင်ရွက်ခဲ့​ကြောင်းAA ကထုတ်ပြန်သည်။

ရှမ်းမြောက်ဒေသ၌ စစ်ဘေးကြောင့် အတိဒုက္ခရောက်နေကြသော ပြည်သူလူထုများ အပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ နှင့် ခရစ်ယာန် သာသနာပြုကျောင်းများကို မိမိတို့ တတ်နိုင်သမျှ တနိုင်တပိုင် ထောက်ပံ့ကူညီလှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြသည့်နည်းတူ စစ်ဒဏ်ကြောင့် ပျက်စီးယိုယွင်းခဲ့ရသည့် အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၊ အဆောက်အအုံများ သန့်ရှင်းရေးကိစ္စရပ်များတွင်လည်း မိမိတို့သည် တစ်ဖွဲ့ချင်းအလိုက် (သို့) ညီနောင်မဟာမိတ်များနှင့် အတူတကွ ဆောင်ရွက်လျက်ရှိသည်ဟု AAက အသိ​ပေးသည်။

မူဆယ် ၁၀၅ မိုင် စစ်ကောင်စီဗျူဟာကုန်းကိုAA ဦး​ဆောင်၍ မြောက်ပိုင်းမဟာမိတ်သုံး ဖွဲ့က ၂၀၂၃ ဒီဇင်ဘာ၁၄ ရက်တွင် ထ်ုးစစ်ဆင်တ်ုက်ခိုက်ပြီး ဒီဇင်ဘာ ၁၅ ရက်ညတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။လက်နက်ခဲယမ်းများ အပါအဝင် စစ်ကောင်စီ၏ တင့်ကားနှစ်စီးကိုပါ ရရှိခဲ့ကြောင်း သိရသည်။ သို့​သော် နယ်စပ်ကုန်သွယ်​ရေးမြို့ ဖြစ်​သော မူဆယ်မြို့ကိုမူ ထ်ုးစစ်ဆင်မသိမ်းခြင်းမှာ တရုတ်နိုင်ငံ​ကြောင့် ဖြစ်နိုင်​ကြောင်း ​ဒေသခံများက​ပြောသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်​ရေးဇုန်ကို ညီ​နောင်သုံးဖွဲ့က သိမ်းပြီး​နောင် ဘာသာ​ရေး ၊ ကယ်ဆယ်​ရေး ၊လူမှု​ရေး စ​သော အ​ရေးကိစ္စများတွင် ရက္ခိုင့်တပ်​တော်က ဦး​ဆောင် လုပ်ကိုင်​ပေး​နေသည်ကို​တွေ့ရသည်။

ရက္ခိုင့်တပ်တော်က မည်သည့်နေရာ၊ မည်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ ပြည်သူများနှင့်အတူ ရပ်တည်ပြီး စာနာစိတ်အပြည့်ဖြင့် တတ်နိုင်သည်များကို စေတနာအပြည့်ထား၍ ဆောင်ရွက်လျက်ရှိပါသည်ဟုလည်း သန့်ရှင်း​ရေးလုပ်​နေ​သောပုံများ
ဖြင့် ထုတ်ပြန်ခဲ့သည်၊
👍6219🤮1
ဓါတ်ပုံ- AA InfoDesk
87👍25🥰2🤮2🤣1