စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ
သုည/People's Spring
စစ်ကိုင်းနှင့် မကွေးတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီနေ့ (ဖေဖော်ဝါရီ ၁၅) အသီးသီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်အား လမ်းခင်းလုပ်အားပေးခြင်းနဲ့အတူ သပိတ်ထွက်ရှိခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ" စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟစ်ကြွေးသံများနဲ့ ချီတက်ခဲ့ကြပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း အခြေခံပညာအထွေထွေသပိတ်ကော်မတီက စစ်ဘေးရှောင်နေရာတစ်ခုရှိ ပြည်သူတွေကို အားပေးစကားပြောခြင်း ၊ ဒေသတွင်းအခြေအနေတွေ အပါအဝင် တော်လှန်ရေးအခြေအနေတွေနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန်လည်း စည်းရုံးဟောပြောခဲ့ကြပါတယ်။
ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ BEGSC ၊ လက်ပံတောင်းသပိတ်

❤28👍13🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဖေဖော်ဝါရီ ၁၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ရှားတောမြို့သိမ်းတိုက်ပွဲ အရာရှိကြီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ကျော်သေဆုံး
ကရင်နီပြည်နယ်၊ ရှားတောမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ အရာရှိများ အပါအဝင် ၁၆၀ ဦးကျော် ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၁၅၀ ခန့် သိမ်းနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ပါတယ်။ ရှားတောမြို့နဲ့ ပတ်ဝန်းကျင်ကို အခိုင်အမာတပ်ချကာ ပြည်သူလူထုများကို တိုက်ခိုက် ဖမ်းဆီးခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့တဲ့ စစ်ကောင်စီရဲ့ စခန်းကုန်းများနဲ့ ဗျူဟာကုန်းများကို ကရင်နီတပ်မတော်(KA)၊ KNDF နဲ့ Loikaw PDF တို့ ပူးပေါင်းပြီး တစ်လခန့်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁၂ရက်မှာ ရှားတောမြို့ကို အပြီးသတ်သိမ်းနိုင်ခဲ့တာပါ။ ရှားတောတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ(၄၂၈)၊ (၂၄၉)နဲ့ ထောက်ပို့တပ်၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့များအားလုံးကို တိုက်ခိုက်ခဲ့ရပြီး ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း(၁၆၀)ကျော်ကို ချေမှုန်းသုတ်သင်နိုင်ကာ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်ငယ်(၁၂၈)လက်၊ လက်နက်ကြီးအစုံ(၁၈)လက်၊ Smoke Gun (၃)လက်၊ Jammer Gun (၁)လက်နဲ့ ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ထုတ်ပြန်ပါတယ်။
◾️ရက္ခိုင်ပြည်နယ် နယ်ခြားစောင့်စခန်းများနဲ့ ရဲစခန်းအချို့ကို သိမ်းပိုက်ရရှိထားဟု AA ထုတ်ပြန်
ရက္ခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနဲ့ ပေါက်တောမြို့များရှိ စစ်ကောင်စီရဲ့တပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA)က တစ်ခုမကျန်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဟာ ရသေ့တောင်မြို့ပတ်ဝန်းကျင်သို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံစစ်ကို စတင်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောမြို့များရှိ နယ်ခြားစောင့်တပ်စခန်းပေါင်းမြောက်မြားစွာတို့ကို သာမက ရမ်းဗြဲမြို့နဲ့ အခြားသောမြို့အချို့မှ ရဲစခန်းတချို့ကိုလည်း သိမ်းပိုက်ရရှိထားတယ်လို AAက ထုတ်ပြန်ပါတယ်။ လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း AAက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှု၊ အခြေစိုက်တပ်စခန်းများမှ လက်နက်ကြီးတိုက်ခိုက်မှုနဲ့ ရေတပ်သင်္ဘောများမှ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပစ်ခတ်မှုများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
◾️လူငယ်လူရွယ်များ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးမှာ ပူးပေါင်းပါဝင်ကြဖို့ CNF တိုက်တွန်း
စစ်မှုမထမ်းမနေရဥပဒေနှင့် အကျုံးဝင်နေသူ လူငယ်လူရွယ်များအနေဖြင့် စစ်အာဏာရှင်စနစ် ဖြုတ်ချရေးမှာ ပူးပေါင်းပါဝင်လာကြဖို့ တိုက်တွန်းနှိုးဆော်တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၀ရက်မှာ ကျရောက်မယ့် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ ကြေညာချက်ကို CNFက ဒီနေ့ ကြိုတင်ထုတ်ပြန်ရာမှာ အာဏာသိမ်းစစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းမှုနှင့်ပတ်သက်တဲ့ အချက်ကို ဖော်ပြရာ လူငယ်များကို အဲဒီလို ထည့်သွင်းတိုက်တွန်းနှိုးဆော်ခဲ့တာပါ။ စစ်ကောင်စီကို အပြတ်ချေမှုန်းမှသာ ပြည်သူ့ဘဝ လုံခြုံမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကြဖို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောထားပါတယ်။ စစ်ကောင်စီဟာ (၃)နှစ်တာ နွေဦးတော်လှန်ရေးမှာ အင်အားပြုန်းတီးမှုများပြားလွန်းခြင်း၊ စစ်သား မစုဆောင်းနိုင်တော့ခြင်း စတဲ့ စစ်ရေး အကြပ်အတည်းများကြောင့် စစ်မှုမထမ်းမနေရစနစ်ကို ပြန်လည် အသက်သွင်းလာခဲ့ကာ အဲဒီလုပ်ရပ်ဟ စစ်ရေးမှာ ပြည်သူကို လူသားဒိုင်းအဖြစ် အသုံးပြုနိုင်ဖို့ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းပင်ဖြစ်တယ်လို့ CNFက ထုတ်ပြန်ပါတယ်။
◾️ဆီဆိုင် - ဟိုပုံးအစပ်ရှိ ကျေးရွာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်လို့ ပြည်သူ နှစ်ဦးသေဆုံး၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရ
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ် အစပ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ နှစ်ဦးသေဆုံးပြီး ရှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ‘ပဆျာႏကလိုႏ’အမည်ရှိ ကျေးရွာကို မနေ့ မနက်ပိုင်းက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၅ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သားထိခိုက်ခဲ့တာလို့ အသိပေးပါတယ်။ အဲဒီတိုက်ခိုက်လို့ ပြည်သူနှစ်ဦး ထိခိုက်သေဆုံးခဲ့ရပြီး ပြည်သူ ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရတဲ့အပြင် ပြည်သူလူထုနေအိမ်များစွာ ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီကျေးရွာမှာ PNLA တပ်စွဲထားခြင်းမရှိသကဲ့သို့ ယင်းဒေသမှာ တိုက်ပွဲဖြစ်ပွားမှုလည်း မရှိဘူးလို့ ဖော်ပြပါတယ်။

👍26❤1😁1
◾️ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတဲ့ ဝါဇီစက်ရုံရှိ စစ်တပ်ကို PDF လေးဖွဲ့ ပစ်ခတ်တိုက်ခိုက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ ချောက်မြို့နယ်စပ်ရှိ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတဲ့ ဝါဇီစက်ရုံမှ စစ်ကောင်စီတပ်ကို PDF အဖွဲ့လေးဖွဲ့ခွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး Black Hawk Seikphyu Revolution Frontရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းက ငွေစက္ကူထုတ်ဝေရာ ဝါဇီစက်ရုံ (လုံခြုံရေးနှင့် သက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ- လ.န.စ)ကို Short Range Missile ၂၇လုံး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ရဲ့ ထိခိုက်ပျက်စီးမှုများရှိတယ်လို့ သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး- BHSRF တာဝန်ရှိသူက ပြောပါတယ်။
◾️နတ်မောက်ရှိ စစ်ကောင်စီ လက်နက်စက်ရုံ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ပင်မစစ်လက်နက်ပစ္စည်းစက်ရုံ(ပပန-နတ်မောက်)စစ်ဆေရေးဂိတ်ကို မဟာမိတ်တပ်များနှင့်အတူ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ ညပိုင်းက နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာရှိ ပပန-နတ်မောက် စစ်ဆေးရေးဂိတ်ကို ကိုက်(၂၀၀)ခန့်အကွာထိချဥ်းကပ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်း (၉၀၂) တပ်ရင်း၊ နတ်မောက်ပြည်သူ့ကာ ကွယ်ရေးတပ်နဲ့ OPRF - PLA တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် ပပန-နတ်မောက် စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်တယ်လို့ အခြေအနေအတိအကျကို မသိရသေးဟု OPRF-PLA က အသိပေးထားပါတယ်။
◾️KNU တပ်မဟာ(၅)နဲ့ ပူးပေါင်းတပ် ဖြတ်တောက်ပိတ်ဆို့မှုကြောင့် စစ်ကောင်စီစခန်း နှစ်ခု စွန့်ခွာရုတ်သိမ်း
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း နှစ်ခု စွန့်ခွာရုတ်သိမ်းသွားတယ်လို့ တပ်မဟာ(၅)က အသိပေး ထုတ်ပြန်ပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ ပူးပေါင်း မဟာမိတ်တပ်တို့က စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းများကို အချိန်ကြာမြင့်စွာ နေ့စဉ်ဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့ခဲ့ရာ ဖေဖော်ဝါရီ ၁၀ရက်နဲ့ ၁၁ရက်မှာ ရှေ့တန်းစခန်းနှစ်ခု ရုပ်သိမ်းသွားတာလို့ ဖော်ပြပါတယ်။ ရုတ်သိမ်းသွားတဲ့စခန်းနှစ်ခုဟာ မော်ဖူးဗျူဟာစခန်းကို ပူးပေါင်းခဲ့ပြီး အဲဒီမော်ဖူးစခန်းကို KNLA တပ်မဟာ ၅ နဲ့ ပူးပေါင်းတပ်က အပြင်းအထန်ဝိုင်းဝန်းတိုက်ခိုက် ပိတ်ဆို့နေတယ်လို့ အသိပေးပါတယ်။
◾️ရေကူးထွက်ပြေးတဲ့ စစ်သားများကို AA တပ်ဖွဲ့ဝင်များ ကယ်တင်တဲ့ရုပ်သံဖိုင် ထွက်ပေါ်
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ရေကြောင်းတိုက်ပွဲမှာ ရက္ခိုင့်တပ်တော် AAက ပစ်ခတ်နစ်မြှုပ်ခဲ့တဲ့ စစ်သင်္ဘောမှ ရေကူးထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA တပ်ဖွဲ့ဝင်များက စက်လှေဖြင့် လိုက်လံကယ်တင်နေတဲ့ ရုပ်သံဖိုင် ဒီနေ့ ထွက်ပေါ်လာပါတယ်။ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ဖေဖော်ဝါရီ ၇ရက်နဲ့ ၈ရက်က ဖြစ်ပွားခဲ့တဲ့ ရေကြောင်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော နှစ်စီး၊ ဇက်သင်္ဘောတစ်စီးကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရေကူးထွက်ပြေးခဲ့တာပါ။ ဒဏ်ရာများရထားပြီး ရေထဲမှာ မနစ်မြုပ်အောင် ကူးခတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စက်လှေတစ်စီးဖြင့် လိုက်လံကယ်တင်နေတာကို ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။
◾️ပြည်သူလူထုနဲ့ လူငယ်များကို အကာအကွယ်ပေးနိုင်ရေး လိုအပ်တဲ့လုပ်ငန်းစဉ်၊ အစီအမံများ အမြန်ဆုံး ဖော်ဆောင်သွားမယ်လို့ NUCC ထုတ်ပြန်
ပြည်သူလူထုနဲ့ လူငယ်များကို အကာအကွယ်ပေးနိုင်ဖို့ လိုအပ်တဲ့လုပ်ငန်းစဉ်၊ အစီအမံများကို အမြန်ဆုံး ဖော်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်အုပ်စုက ပြဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး NUCC က အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ပြည်သူလူထုနဲ လူငယ်များအတွက် လိုအပ်တဲ့လုပ်ငန်းစဥ်၊ အစီအမံများကို အမြန်ဆုံးဖော်ဆောင်သွားမယ်လို့ ဖော်ပြပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခြင်းဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်သော ကျောင်းသား၊လူငယ်များအား စစ်မြေပြင်သို့ အတင်းအကျပ် တွန်းပို့ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ကြံစည်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ဗြောင်ကျကျ ကျူးလွန်ခြင်းဖြစ်တယ်လို့ NUCC က ဆိုပါတယ်။ ဒါ့အပြင် စစ်အုပ်စုက ကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာက ထိရောက်စွာ ဟန့်တား အရေးယူနိုင်ခြင်းမရှိသောကြောင့် အခုလို ပိုမိုပြင်းထန်သောရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လာတာလို့ ဖော်ပြပါတယ်။
◾️မြောက်ခင်ရန်းရွာမှ စစ်အုပ်စုက ဒေသခံပြည်သူ ၁၀ ဦးကို သတ်ဖြတ်၊ ၁၃ ဦးကို ဖမ်းဆီးထား

👍31😁1
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းက ဘေးပတ်ဝန်းကျင် ကျေးရွာသုံးရွာမှ ဒေသခံပြည်သူ ၁၀ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အမျိုးသမီးအချို့အပါအဝင် ၁၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ အဲဒီစစ်အုပ်စုဟာ မနေ့ မနက်ပိုင်းက မြောက်ခင်ရမ်းရွာအနီး သင်တောရွာမှ ခုနစ်ဦး၊ ရွှေဘိုရွာမှ နှစ်ဦး၊ ရေသာရွာမှ တစ်ဦးကို ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။ အသတ်ခံရသူများမှာ သင်တောရွာမှ ဦးမောင်ပု၊ ဦးပြူးသာ၊ ဦးဌေးအောင်၊ ဦးမောင်နိုင်၊ ဦးဖိုးသေးနောင်၊ဦးသက်လွင်၊ ဦးဘိုသန်း၊ ရွှေဘိုရွာမှ ဦးတိုးလွင်၊ ဦးမျိုးသန့်၊ ရေသာရွာမှ ဦးဇော်လင်းမောင် တို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံံရသူ ၁၃ဦးရှိပြီး အမျိုးသမီးအချို့ပါဝင်တယ်လို့ သိရပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်အား လမ်းခင်းလုပ်အားပေးခြင်းနဲ့အတူ သပိတ်ထွက်ရှိခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ" စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟစ်ကြွေးသံများနဲ့ ချီတက်ခဲ့ကြပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း အခြေခံပညာအထွေထွေသပိတ်ကော်မတီက စစ်ဘေးရှောင်နေရာတစ်ခုရှိ ပြည်သူတွေကို အားပေးစကားပြောခြင်း၊ ဒေသတွင်းအခြေအနေတွေ အပါအဝင် တော်လှန်ရေးအခြေအနေတွေနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြဖို့ စည်းရုံးဟောပြောခဲ့ကြပါတယ်။

👍23❤5