People's Spring
62.6K subscribers
66.8K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍5225🤮1
︎​ဆောင်းပါး

ပညာသင်ရင် အသက်စတေးနေရတဲ့ နိုင်ငံ

-ရဲ​ခေါင်/People's Spring

ရွာအပြင်ရှိ ငါးကန်ရောက်ရှိနေသော ဦးမောင့်မြင့်တစ်ယောက် ပေါက်ကွဲသံများကြား၍ ရွာအတွင်းသို့ အပြေးပြန်လာခဲ့သည်။ ပေါက်ကွဲမှုဖြစ်ရာနေရာလှမ်းကြည့်တော့ စာသင်ကျောင်းဖြစ်နေ၍ စိုးရိမ်တကြီး အမြန်​​​​​ပြေး​လေသည်။

ပြန့်ကြဲနေသော အပိုင်းအစများကြား ပထမဆုံးတွေ့ရှိသည့် သေဆုံးနှင့်ဒဏ်ရာရ ကလေးငယ်များအား အပြင်ဆွဲထုတ်၍ ကယ်ဆယ်လိုက်ပါသည်။ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်သော ကျေးရွာစာသင်ကျောင်းတွင် ဦး​မောင်မြင့်၏ သားငယ်ဖြစ်သူလည်း ပညာသင်ကြား​​နေ၏။ထို့ကြောင့် သားငယ်​လေး​ဘေးကင်းပါ​စေဟုဆု​တောင်းမိသည်။ အပျက်အစီးများကြား ဒဏ်ရာရက​​လေးငယ်နှင့် ​သေဆုံး​နေ​သောက​လေးငယ်များကို အမြန်​ရှာ​​ဖွေရင်းသားဖြစ်သူဖြစ်​လေမလား ရင်တထိတ်ထိတ်ဖြင့် ကြည့်ရှု​နေသည်။

သို့​သော် ဦး​မောင်မြင့်ဆု​တောင်းမပြည့်ခဲ့ပါ ။

"ခေါင်းတစ်ဝက်မပါတဲ့ ကလေးတွေ။တခြား ထိထားတဲ့ကလေးတွေ သယ်ပြီးတဲ့အချိန် အပြင် ရောက်လို့ စစ်ကြည့်မှ ကျွန်တော့်သားဖြစ်နေတယ်။ကျွန်တော်တောင်မမှတ် မိတော့ဘူး။သူ့မျက်နှာက ပေနေတာ။လက်တစ်ဖက်လည်း မရှိတော့ဘူး။ခြေထောက်တစ်ဖက်လည်းမရှိတော့ဘူး ဗိုက်လဲ တစ်ဝက်ပဲကျန်တော့တာ"ဟု ဦးမောင်မြင့်က အသက် ၁၄ နှစ်အရွယ် သားဖြစ်သူကို ပြန်​တွေ့ရ​သောအ​ခြေအ​နေကို
ဆို့နင့်စွာဖြင့် ဖွင့်ဟသည်။

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိ ဒေါဆီအီနှင့် လွိုက်နန်ဖ ကျေးရွာတွင် ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားကလေးငယ်များပညာသင်ကြားနေသော စာသင်
ကျောင်းနှစ်ကျောင်းကို စစ်ကောင်စီက ဖေဖော်ဝါရီ ၅ရက် နံနက် ၁၀နာရီတွင် တိုက်လေယာဉ်နှစ်စင်းဖြင့် ပေါင် ၅၀၀ဗုံးကြဲခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်ပါ
တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် (၁၂)နှစ်မှ (၁၄)နှစ်အရွယ်အတွင်း ကလေးငယ် လေးဦးနှင့် (၃၅)ရွယ် အရပ်သားပြည်သူ တစ်ဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ရပြီး ၁၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဗုံးခိုကျင်းအတွင်း ကလေးငယ်များနှင့် ပုန်းခိုနေသော ဆရာမမှာ အပြင်သို့ထွက်လာချိန်တွင် စာသင်ကျောင်းမှာ လုံးဝပျက်စီးနေပြီဟု အဆိုပါဒေါဆီးအီကျေးရွာ စာသင်ကျောင်းမှ ကျောင်းဆရာမ တစ်ဦးက ပြောသည်။

"အဆောင်တွေအကုန်လုံးက ပျက်စီးတာကိုတွေ့တော့ ကျွန်မက မနေနိုင်တော့ဘူး။ကျွန်မကလေးတွေအကုန်သေတော့မှာပဲ ဆိုပြီး ပတ်ဝန်းကျင်မှာရှိတဲ့ မိဘတွေရော ပြီးတော့ အသံကြားပြီးတော့ လာရောက်ကြည့်ရှုပေးတဲ့ ညီအစ်ကိုမောင်နှမတွေလည်းရှိတယ်။သူတို့ကို အကူအညီတောင်းပြီးတော့မှ အဆောင်ပြိုကျတဲ့နေရာမှာ ကလေးတွေကို သွားကြည့်ပေးဖို့ ခွင့်တောင်းရတယ်"ဟု အဆိုပါ ဆရာမက ပြောသည်။

ဆရာမက ဆက်လက်၍ "စာသင်ခန်းထဲမှာ ရှစ်တန်းကလေးတွေကို စာသင်နေတဲ့အချိန်မှာ အရမ်းအော်ဟစ်ငိုနေတာကို ကြားတော့ ကျွန်မလဲမနေနိုင်လို့ အပြင်ထွက်ကြည့်မှရမယ်ဆိုပြီး ကျန်နေတဲ့ကလေးတွေကို ကျွန်မနဲ့ တခြားဆရာ၊ ဆရာမတွေရောက ခေါ်ပြီး ကျောင်းနဲ့နည်းနည်း အလှမ်းဝေးတဲ့ လေယာဥ်ဗုံးခိုကျင်းထဲ ကို ဆွဲခေါ်သွားတယ်။ဒါပေမယ့် အဲဒီအချိန်မှာ ကလေးက အရမ်းများနေတော့ တချို့ကလေးတွေကို ဆွဲခေါ်မိတယ်။တချို့ကလေးတွေတော့ အရမ်းလန့်ပြီး အော်ငိုပြီး သူ့ဟာသူ ပြေးသွားတဲ့ကလေးတွေတော့ရှိတယ်"ဟု ပြောသည်။

စာသင်ကြား​နေရင်း ဗုံးကြဲတိုက်ခိုက်အသတ်ခံရမှုမှာ ဒေါဆီအီနှင့် လွိုက်နန်ဖ ကျေးရွာတို့မှာ ပထမဆုံးမဟုတ်ပါ ။ ၂၀၂၂ စက်တင်ဘာ ၁၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ဘက် ၁၄ မိုင်အကွာ လက်ယက်ကုန်းရွာရှိစာသင်
ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ ဗုံးကြဲပြီး ​မြေပြင်မှပါစစ်​ကြောင်းထိုးစီးနင်းတိုက်ခိုက်၍ ​ကျောင်းတက်​နေ​သော က​လေးငယ် ၇ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သည်။ မြေပြင်ထိုးစစ်ကြောင့် လူကြီး ၆ ဦး သေဆုံးခဲ့ရသည်။ စစ်​ကောင်စီကမူ စာသင်​ကျောင်း၊ ဘုန်းကြီး​ကျောင်းနှင့်ရွာအတွင်း PDF များရှိ၍ တိုက်ခိုက်သည်ဟု စစ်ရာဇဝတ်မှူကျူးလွန်ခဲ့မှုအ​ပေါ် ငြင်းဆိုခဲ့သည်။

ဒေါဆီအီနှင့် လွိုက်နန်ဖ ကျေးရွာ အစုလိုက်အပြုံလိုက် လူသတ်မှူတွင်လည်း ​သေဆုံးသူများမှာ ကရင်နီတပ်ဖွဲ့ဝင်များဖြစ်သည်ဟု စစ်​ကောင်စီ လိမ်ညာခဲ့ပြန်သည်။

ယခုဖြစ်စဥ်အပါအဝင် စစ်ကောင်စီသည် အာဏာသိမ်းပြီး သုံးနှစ်အတွင်း ကရင်နီပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၂၀၃ အထိ ပြုလုပ်ခဲ့သည့်ဖြစ်ရပ်များထဲမှ တစ်ခုဖြစ်​ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု
(PKPF)၏ နောက်ဆုံးထုတ်ပြန်ထားချက်က ဆိုသည်။

စစ်​ကောင်စီသည် ကလေးငယ်များ ပညာသင်ကြားနေသော စာသင်ကျောင်းများနှင့် အရပ်သားပြည်သူများ အား အစုလိုက်၊ အပြုံလိုက်သတ် သေစေရန် တိုက်ခိုက်သတ်ဖြတ်နေမှုမှာ ကရင်နီပြည်ပင်မက နေရာအနှံ့အပြားတွင်ပါ ကျူးလွန် နေဆဲဖြစ်၏။

အထူးသဖြင့် ၎င်း(စစ်ကောင်စီ)တို့ စစ်ရှုံးနေသည့် ဒေသများတွင် လေကြောင်းအားပြု၍ စစ်ဘက်၊ အရပ်ဘက် စိစစ်ခြင်းမပြုဘဲ တိုက်ခိုက်နေခြင်းက ဆင်ခြင်တုံတရား လက်ဝယ်မရှိတော့သည်မှာ ပို၍ ထင်းရှားလာပါသည်။
👍26😢8🤮3
ပျှမ်းမျှစာရင်းအရ တစ်နှစ်လျှင် အကြိမ်ရေ ၄၀၀ ရှိ​နေပြီး တစ်ရက် တစ်ကြိမ်ထက်ပို၍ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ခြင်းပင် ။

၂၀၂၂တစ်နှစ်လုံးအတိုင်းအတာအရ စစ်ကောင်စီ၏ လေကြောင်းအသုံးပြုတိုက်ခိုက်မှု ၁၈၂ ကြိမ်ရှိခဲ့​သော်လည်း ၂၀၂၃တွင် အကြိမ်ရေ ၈၀၀ အထိရှိလာခဲ့သည်။

ယခုနှစ် ဇန်နဝါရီ တစ်လတည်းပင် က ရင်နီပြည်နယ်၌ စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှု ၂၁၉ ကြိမ်အထိပြုလုပ်ခဲ့ကြောင်း PKPFက ဆိုသည်။

ဦးမောင်မြင့်​သည် ဒေါဆီအီကျေးရွာမှဖြစ်ပြီး သားဖြစ်သူမှာ အဆိုပါရွာစာသင်ကျောင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ဦးမောင်မြင့်နည်းတူ သား၊သမီးဖြစ်သူ ကလေးငယ်များ စာသင်ကျောင်းက ပြန်အလာ အခြားမျှော်လင့်ခဲ့ရသူများလည်း ရှိခဲ့ပါသည်။

"ကျန်တဲ့ သားသမီးသုံးယောက်က ကျောင်းကနေ အိမ်ကို ပြန်ရောက်လာပေမယ့် အကြီးဆုံးသား ဖြစ်တဲ့ ခုနှစ်တန်း ကျောင်းသား(ခွန်းစန်းလှိုင်ကတော့ အိမ်ကို ပြန်မရောက်လာတော့ဘူး"ဟု ခုနစ်တန်းကျောင်းသား ခွန်းစန်းလှိုင်​၏ ဒေါ်ခရစ္စဝင်းဦးက ပြောသည်။

သားဖြစ်သူခွန်းစန်းလှိုင်က လာမယ့် ဧပြီ ၂၁ ရက်ဆိုပါက အသက်(၁၄)နှစ် ပြည့်တော့မည်ဖြစ်ပြီး စစ်​ကောင်စီ​ကြောင့် ​လူ့ဘဝတွင် အသက် ၁၃ နှစ်​ကျော်သာ​နေခဲ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီတို့က ပူးတွဲတောင်းဆိုချက် လေးချက်အဖြစ် ဖေဖော်ဝါရီ ၈ရက်ကပြုလုပ်သည့် ဒီမော့ဆိုမြို့နယ် စာသင်ကျောင်းများပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခံရမှုပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့သည်။

အဆိုပါ တောင်းဆိုချက်မှာ အရပ်သားပြည်သူများအား လေကြောင်းတိုက်ခိုက်မှုရန်မှ ကာကွယ်ရန်အတွက် No Fly Zoneအဖြစ် ကုလသမဂ္ဂအပါအဝင် အိမ်နီးနားချင်းနိုင်ငံများက ပူးပေါင်းလုပ်ဆောင်ရန်၊ စစ်ကောင်စီအား လေယာဉ်ဆီတင်ပို့ရောင်းချနေမှုအား ရပ်တန့်စေဖို့အတွက် နိုင်ငံများပူးပေါင်းဆောင်ရွက်ပြီး ကုလအပါအဝင် တစ်ကမ္ဘာလုံးကနေဝိုင်းဝန်းပိတ်ဆို့အရေးယူရန်၊ စစ်ကောင်စီ​၏ စစ်ရာဇဝတ်မှုကျူးလွန်နေမှုအတွက် သံတမန်အရေး၊ စီးပွားရေး၊လက်နက်တင်ပို့ရောင်းချမှုအပြင် တရားစွဲဆိုလုပ်ဆောင်နိုက်မှုအတွက် နိုင်ငံတကာတရားရုံးများက ဝိုင်းဝန်လုပ်ဆောင်ရန် နှင့် ပြည်သူလူထုလုံခြုံရေးအတွက် လေယာဉ်အချက်ပေးစနစ်နှင့် ဆက်သွယ်ရေးနည်းလမ်းပညာများအား အရပ်သား ပြည်သူများအား ပေးပို့အကူအညီပေးရန်တို့အား ပူးပေါင်းတောင်းဆိုကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီ၏ ရက်ဆက်စွာတိုက်ခိုက်မှုများကြောင့် အခြားကလေးသူငယ်များ​၏ စိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေပြီဟု အဆိုပါ တိုက်ခိုက်ခံရမှုဖြစ်ရပ်အား ကူညီကယ်ဆယ်ရေးပြုလုပ်ခဲ့သူ Karenni Human Right Groupကို ဦးဆောင်သူ ဦးဗညားက မှတ်ချက်ပြုသည်။

"သူတို့အချင်းချင်းချစ်ခင်ရတဲ့ အတန်းဖော်အတန်းဖက်၊ သူငယ်ချင်းတွေဆုံးရှုံးသွားကြတယ်။ကျောင်းကိုလည်းဆုံးရှုံးလိုက်ရတယ်။ထို့နည်းတူစွာပဲ ဆရာ၊ဆရာမတွေ နဲ့ မိဘတွေကလည်း သူတို့ သားတပည့်တွေ ဆုံးရှုံးခဲ့ရတယ်။ဒီဆုံးရှုံးမှုတွေက လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို တုန်လှုပ်ခဲ့စေတယ်"ဟု ဦးဗညားက ပြောသည်။

ထို့အပြင် ခေတ်အဆက်ဆက် ပြည်သူများ ပညာမတက်စေရန် လုပ်ဆောင်သည့် အာဏာသိမ်းစစ်တပ်၏ ခြေလှမ်းများအနက်မှ တစ်ခုဟုလည်း ၎င်းက ဆိုပါသည်။ ဒဏ်ရာရ​သောက​လေးငယ် အချို့မှာ အ​ပေါ်ယံဒဏ်ရာ သက်သာစပြု​နေပြီဖြစ်​သော်လည်း ​ကျောင်းတက်စာသင်ကြား​နေရင်းအချိန်မ​ရွေး ဗုံးကြဲ​သေဆုံးနိုင်သည်ဆို​သော စိတ်ဒဏ်ရာကမူ အချိန်ဘယ်​လောက်ကြမှ ကုသ​ပျောက်မည်မသိနိုင်​ပေ။

"ပညာသင်ရင် အသက်စတေးနေရတဲ့ နိုင်ငံပေါ့"ဟု
ဦးဗညားက ဖြည်းဖြည်းချင်း​ပြောပါသည်။ ။
😢28👍91🤮1
👍16😢13🔥1
MDFတပ်စခန်းမှ လက်နက်ခဲယမ်းအချို့နှင့် ကား တစ်စီးသိမ်းရဟု CDF မာရာထုတ်ပြန်

ထိုက်ထိုက်/People’s Spring

မာရာနယ်မြေကာကွယ်ရေးတပ်(MDF) တပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော်(CNA) ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မာရာတို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့နှင့် ကား တစ်စီးသိမ်းရခဲ့သည်ဟု CDF မာရာက သတင်းထုတ်ပြန်သည်။

မာရာတပ်ဖွဲ့ နှစ်ခုအကြား ယခင်ကတည်းကတိုက်ပွဲဖြစ်ပွားမှုနှင့် ပြဿနာအချို့ဖြစ်ပေါ်ခဲ့ရာ ဇန်နဝါရီလအတွင်း၌ CDF မာရာတပ်ဖွဲ့ဝင် နှစ်ဦးအား MDFကဖမ်းဆီးခဲ့သည့်အပြင် ယင်းတပ်ဖွဲ့ဝင်များလွတ်မြောက်ရေးသွားရောက်ညှိနှိုင်းသည့် CDF မာရာဗျူဟာမှူးနှင့် တပ်ခွဲမှူးတို့ကို MDFကထပ်မံဖမ်းဆီးခဲ့ရာ နှစ်ဖက်အကြားပိုမိုတင်းမာခဲ့သည်။

တိုက်ပွဲမဖြစ်ရေးအတွက်ညှိနှိုင်းရန် ဇန်နဝါရီ နောက်ဆုံးပတ်တွင် မာရာလူငယ်များအသင်းဌာနချုပ်က ကြိုးပမ်းခဲ့သော်လည်း MDFတပ်ဖွဲ့က CDF မာရာ၏ ယာယီစခန်းတစ်ခုကိုပစ်ခတ်ခဲ့ရာ CDF မာရာတပ်သားတစ်ဦးနှင့် CNA တပ်သားတစ်ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်။

အဆိုပါ ဖြစ်စဉ်ပြီးနောက် CNA ၊ CDF မာရာ အပါအဝင် ချင်းပူးပေါင်းတပ်ဖွဲ့က MDF တပ်စခန်းအား ဖေဖော်ဝါရီ ၂ရက်မှ စတင်တိုက်ခိုက်ခဲ့ရာဖေဖော်ဝါရီ ၅ရက်တွင် MDF စခန်းကိုသိမ်းပိုက်မီးရှို့ခဲ့ကြောင်း CDF မာရာက ထုတ်ပြန်သည်။

တိုက်ပွဲတွင် MDFဖက်မှ ထိခိုက်မှုများရှိပြီး၊ ဒဏ်ရာရသူများလည်းရှိ‌ကြောင်း၊ MDF တပ်ဖွဲ့များ၏ လက်နက်ခဲယမ်းတချို့၊‌မော်တော်ယာဉ် တစ်စီး၊ ဆေးဝါးအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

MDF တပ်ဖွဲ့များဘေးလွတ်ရာသို့တိမ်းရှောင်သွားကြောင်း၊MDF တပ်ဖွဲ့မှ ပြန်လည်တုံ့ပြန်လာပါက မရာဒေသတွင် တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး ခရီးသွားပြည်သူများသတိထားကြရန်အသိပေးထားသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး MDFက လတ်တလောတွင် သတင်းထုတ်ပြန်မှုမရှိသော်လည်း MDF ပါဝင်သည့် ချင်းညီနောင် အဖွဲ့က ဖေဖော်ဝါရီ ၃ရက်တွင် ကြေညာချက်ထုတ် ပြန်ခဲ့ရာ မာရာညီအကို အချင်းချင်း ကြားဖြစ်ပွားနေသည့် ကိစ္စတွင် တခြားအဖွဲ့များမှ လက်နက်အင်အားဖြင့် ဝင်ရောက်ပါဝင်စွက်ဖက်ခြင်းထက် စားပွဲဝိုင်းတွင်ကူညီ ညှိနှိုင်းဖြေရှင်းပေးရန်လိုလားကြောင်း ဖော်ပြထားသည်။

စစ်အာဏာရှင်ကို တော်လှန်သောချင်းညီအကိုအချင်းချင်းကြားပြဿနာကို လက်နက်ဖြင့် ဖြေရှင်းခြင်းသည် အဖြေမဟုတ်ကြောင်း ဖော်ပြပြီး အကယ်၍ မာရာမျိုးနွယ်စု ပြဿနာတွင် CNA နှင့် အခြား CDFများဆက်လက် ပါဝင်နေပါက လက်မခံကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။

ဝင်ရောက်စွပ်ဖက်မှု ဆက်လုပ်ပါက MDFနှင့်အတူ ပူးပေါင်းလုပ်ဆောင်မှုများ စတင်မည်ဟု ကြေညာခဲ့သည်။ ချင်းညီနောင်တွင် PDF ဇိုလဲန်း၊ CNO/CNDF၊ CDF မင်းတပ် နှင့် MDF တို့ပါဝင်သည်။

မာရာတပ်ဖွဲ့နှစ်ခုဖြစ်သော CDF မာရာနှင့် MDF တို့သည် ချင်းပြည်နယ် မရာနယ်မြေအတွင်း မှ တပ်ဆုတ်ဖယ်ရှားပေးရန် အပြန်အလှန် စာထုတ်မှုများ လုပ်ဆောင်ခဲ့သည်။ မာရာဒေသသည် ချင်းပြည်နယ် ထန်တလန်၊ မတူပီနှင့် ပလက်ဝမြို့နယ်များ အတွင်းရှိ ဒေသအချို့ကိုစုပေါင်းသတ်မှတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
👍374😢3🔥1
👍333🔥1😭1
(MDF တပ်စခန်းမှ သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - File Photo)
👍13🔥1
စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်းနှင့် မကွေးတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီနေ့ (ဖေဖော်ဝါရီ ၁၅) အသီးသီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်အား လမ်းခင်းလုပ်အားပေးခြင်းနဲ့အတူ သပိတ်ထွက်ရှိခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ" စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟစ်ကြွေးသံများနဲ့ ချီတက်ခဲ့ကြပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း အခြေခံပညာအထွေထွေသပိတ်ကော်မတီက စစ်ဘေးရှောင်နေရာတစ်ခုရှိ ပြည်သူတွေကို အားပေးစကားပြောခြင်း ၊ ဒေသတွင်းအခြေအနေ​တွေ အပါအဝင် တော်လှန်ရေးအခြေအနေတွေနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန်လည်း စည်းရုံးဟောပြောခဲ့ကြပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ BEGSC ၊ လက်ပံတောင်းသပိတ်
28👍13🤮1
42👍13🤮2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဖေဖော်ဝါရီ ၁၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ရှားတောမြို့သိမ်းတိုက်ပွဲ အရာရှိကြီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ကျော်​သေဆုံး

ကရင်နီပြည်နယ်၊ ရှားတောမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ အရာရှိများ အပါအဝင် ၁၆၀ ဦးကျော် ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၁၅၀ ခန့် သိမ်းနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ပါတယ်။ ရှားတောမြို့နဲ့ ပတ်ဝန်းကျင်ကို အခိုင်အမာတပ်ချကာ ပြည်သူလူထုများကို တိုက်ခိုက် ဖမ်းဆီးခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့တဲ့ စစ်ကောင်စီရဲ့ စခန်းကုန်းများနဲ့ ဗျူဟာကုန်းများကို ကရင်နီတပ်မတော်(KA)၊ KNDF နဲ့ Loikaw PDF တို့ ပူးပေါင်းပြီး တစ်လခန့်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁၂ရက်မှာ ရှားတောမြို့ကို အပြီးသတ်သိမ်းနိုင်ခဲ့တာပါ။ ရှားတောတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ(၄၂၈)၊ (၂၄၉)နဲ့ ထောက်ပို့တပ်၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့များအားလုံးကို တိုက်ခိုက်ခဲ့ရပြီး ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း(၁၆၀)ကျော်ကို ချေမှုန်းသုတ်သင်နိုင်ကာ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်ငယ်(၁၂၈)လက်၊ လက်နက်ကြီးအစုံ(၁၈)လက်၊ Smoke Gun (၃)လက်၊ Jammer Gun (၁)လက်နဲ့ ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ထုတ်ပြန်ပါတယ်။

◾️ရက္ခိုင်ပြည်နယ် နယ်ခြားစောင့်စခန်းများနဲ့ ရဲစခန်းအချို့ကို သိမ်းပိုက်ရရှိထားဟု AA ထုတ်ပြန်

ရက္ခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနဲ့ ပေါက်တောမြို့များရှိ စစ်ကောင်စီရဲ့တပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA)က တစ်ခုမကျန်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဟာ ရသေ့တောင်မြို့ပတ်ဝန်းကျင်သို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံစစ်ကို စတင်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောမြို့များရှိ နယ်ခြားစောင့်တပ်စခန်းပေါင်းမြောက်မြားစွာတို့ကို သာမက ရမ်းဗြဲမြို့နဲ့ အခြားသောမြို့အချို့မှ ရဲစခန်းတချို့ကိုလည်း သိမ်းပိုက်ရရှိထားတယ်လို AAက ထုတ်ပြန်ပါတယ်။ လက်နက်ချအညံ့မခံတဲ့ စစ်​ကောင်စီတပ်စခန်းအချို့ကိုလည်း AAက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှု၊ အခြေစိုက်တပ်စခန်းများမှ လက်နက်ကြီးတိုက်ခိုက်မှုနဲ့ ရေတပ်သင်္ဘောများမှ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပစ်ခတ်မှုများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

◾️လူငယ်လူရွယ်များ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးမှာ ပူးပေါင်းပါဝင်ကြဖို့ CNF တိုက်တွန်း

စစ်မှုမထမ်းမနေရဥပဒေနှင့် အကျုံးဝင်နေသူ လူငယ်လူရွယ်များအနေဖြင့် စစ်အာဏာရှင်စနစ် ဖြုတ်ချရေးမှာ ပူးပေါင်းပါဝင်လာကြဖို့ တိုက်တွန်းနှိုးဆော်တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၀ရက်မှာ ကျရောက်မယ့် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ ကြေညာချက်ကို CNFက ဒီနေ့ ကြိုတင်ထုတ်ပြန်ရာမှာ အာဏာသိမ်းစစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းမှုနှင့်ပတ်သက်တဲ့ အချက်ကို ဖော်ပြရာ လူငယ်များကို အဲဒီလို ထည့်သွင်းတိုက်တွန်းနှိုးဆော်ခဲ့တာပါ။ စစ်ကောင်စီကို အပြတ်ချေမှုန်းမှသာ ပြည်သူ့ဘဝ လုံခြုံမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကြဖို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောထားပါတယ်။ စစ်ကောင်စီဟာ (၃)နှစ်တာ နွေဦးတော်လှန်ရေးမှာ အင်အားပြုန်းတီးမှုများပြားလွန်းခြင်း၊ စစ်သား မစုဆောင်းနိုင်တော့ခြင်း စတဲ့ စစ်ရေး အကြပ်အတည်းများကြောင့် စစ်မှုမထမ်းမနေရစနစ်ကို ပြန်လည် အသက်သွင်းလာခဲ့ကာ အဲဒီလုပ်ရပ်ဟ စစ်ရေးမှာ ပြည်သူကို လူသားဒိုင်းအဖြစ် အသုံးပြုနိုင်ဖို့ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းပင်ဖြစ်တယ်လို့ CNFက ထုတ်ပြန်ပါတယ်။

◾️ဆီဆိုင် - ဟိုပုံးအစပ်ရှိ ကျေးရွာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်လို့ ပြည်သူ နှစ်ဦးသေဆုံး၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရ

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ် အစပ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ နှစ်ဦးသေဆုံးပြီး ရှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ‘ပဆျာႏကလိုႏ’အမည်ရှိ ကျေးရွာကို မနေ့ မနက်ပိုင်းက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၅ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သားထိခိုက်ခဲ့တာလို့ အသိပေးပါတယ်။ အဲဒီတိုက်ခိုက်လို့ ပြည်သူနှစ်ဦး ထိခိုက်သေဆုံးခဲ့ရပြီး ပြည်သူ ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရတဲ့အပြင် ပြည်သူလူထုနေအိမ်များစွာ ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီကျေးရွာမှာ PNLA တပ်စွဲထားခြင်းမရှိသကဲ့သို့ ယင်းဒေသမှာ တိုက်ပွဲဖြစ်ပွားမှုလည်း မရှိဘူးလို့ ဖော်ပြပါတယ်။
👍261😁1
◾️ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတဲ့ ဝါဇီစက်ရုံရှိ စစ်တပ်ကို PDF လေးဖွဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ ချောက်မြို့နယ်စပ်ရှိ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတဲ့ ဝါဇီစက်ရုံမှ စစ်ကောင်စီတပ်ကို PDF အဖွဲ့လေးဖွဲ့ခွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး Black Hawk Seikphyu Revolution Frontရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းက ငွေစက္ကူထုတ်ဝေရာ ဝါဇီစက်ရုံ (လုံခြုံရေးနှင့် သက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ- လ.န.စ)ကို Short Range Missile ၂၇လုံး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်​ရဲ့ ထိခိုက်ပျက်စီးမှုများရှိတယ်လို့ သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး- BHSRF တာဝန်ရှိသူက ပြောပါတယ်။

◾️နတ်မောက်ရှိ စစ်ကောင်စီ လက်နက်စက်ရုံ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီ​ရဲ့ ပင်မစစ်လက်နက်ပစ္စည်းစက်ရုံ(ပပန-နတ်မောက်)စစ်ဆေရေးဂိတ်ကို မဟာမိတ်တပ်များနှင့်အတူ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ ညပိုင်းက နတ်မောက်မြို့နယ်၊ ရွာမွန်​ကျေးရွာရှိ ပပန-နတ်မောက် စစ်ဆေးရေးဂိတ်ကို ကိုက်(၂၀၀)ခန့်အကွာထိချဥ်းကပ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်း (၉၀၂) တပ်ရင်း၊ နတ်မောက်ပြည်သူ့ကာ ကွယ်ရေးတပ်နဲ့ OPRF - PLA တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် ပပန-နတ်မောက် စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်တယ်လို့ အခြေအနေအတိအကျကို မသိရသေးဟု OPRF-PLA က အသိပေးထားပါတယ်။

◾️KNU တပ်မဟာ(၅)နဲ့ ပူးပေါင်းတပ် ဖြတ်တောက်ပိတ်ဆို့မှုကြောင့် စစ်ကောင်စီစခန်း နှစ်ခု စွန့်ခွာရုတ်သိမ်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း နှစ်ခု စွန့်ခွာရုတ်သိမ်းသွားတယ်လို့ တပ်မဟာ(၅)က အသိပေး ထုတ်ပြန်ပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ ပူးပေါင်း မဟာမိတ်တပ်တို့က စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းများကို အချိန်ကြာမြင့်စွာ နေ့စဉ်ဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့ခဲ့ရာ ဖေဖော်ဝါရီ ၁၀ရက်နဲ့ ၁၁ရက်မှာ ရှေ့တန်းစခန်းနှစ်ခု ရုပ်သိမ်းသွားတာလို့ ဖော်ပြပါတယ်။ ရုတ်သိမ်းသွားတဲ့စခန်းနှစ်ခုဟာ မော်ဖူးဗျူဟာစခန်းကို ပူးပေါင်းခဲ့ပြီး အဲဒီမော်ဖူးစခန်းကို KNLA တပ်မဟာ ၅ နဲ့ ပူးပေါင်းတပ်က အပြင်းအထန်ဝိုင်းဝန်းတိုက်ခိုက် ပိတ်ဆို့နေတယ်လို့ အသိပေးပါတယ်။

◾️ရေကူးထွက်ပြေးတဲ့ စစ်သားများကို AA တပ်ဖွဲ့ဝင်များ ကယ်တင်​တဲ့ရုပ်သံဖိုင် ထွက်​ပေါ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ရေကြောင်းတိုက်ပွဲမှာ ရက္ခိုင့်တပ်တော် AAက ပစ်ခတ်နစ်မြှုပ်ခဲ့တဲ့ စစ်သင်္ဘောမှ ရေကူးထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA တပ်ဖွဲ့ဝင်များက စက်လှေဖြင့် လိုက်လံကယ်တင်နေတဲ့ ရုပ်သံဖိုင် ဒီနေ့ ထွက်ပေါ်လာပါတယ်။ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ဖေဖော်ဝါရီ ၇ရက်နဲ့ ၈ရက်က ဖြစ်ပွားခဲ့တဲ့ ရေကြောင်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော နှစ်စီး၊ ဇက်သင်္ဘောတစ်စီးကို ရက္ခိုင့်တပ်​တော်က တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရေကူးထွက်ပြေးခဲ့တာပါ။ ဒဏ်ရာများရထားပြီး ရေထဲမှာ မနစ်မြုပ်အောင် ကူးခတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စက်လှေတစ်စီးဖြင့် လိုက်လံကယ်တင်နေတာကို ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။

◾️ပြည်သူလူထုနဲ့ လူငယ်များကို အကာအကွယ်ပေးနိုင်ရေး လိုအပ်တဲ့လုပ်ငန်းစဉ်၊ အစီအမံများ အမြန်ဆုံး ဖော်ဆောင်သွားမယ်လို့ NUCC ထုတ်ပြန်

ပြည်သူလူထုနဲ့ လူငယ်များကို အကာအကွယ်ပေးနိုင်ဖို့ လိုအပ်တဲ့လုပ်ငန်းစဉ်၊ အစီအမံများကို အမြန်ဆုံး ဖော်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်အုပ်စုက ပြဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး NUCC က အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ပြည်သူလူထုနဲ လူငယ်များအတွက် လိုအပ်တဲ့လုပ်ငန်းစဥ်၊ အစီအမံများကို အမြန်ဆုံးဖော်ဆောင်သွားမယ်လို့ ဖော်ပြပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခြင်းဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်သော ကျောင်းသား၊လူငယ်များအား စစ်မြေပြင်သို့ အတင်းအကျပ် တွန်းပို့ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ကြံစည်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ဗြောင်ကျကျ ကျူးလွန်ခြင်းဖြစ်တယ်လို့ NUCC က ဆိုပါတယ်။ ဒါ့အပြင် စစ်အုပ်စုက ကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာက ထိရောက်စွာ ဟန့်တား အရေးယူနိုင်ခြင်းမရှိသောကြောင့် အခုလို ပိုမိုပြင်းထန်သောရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လာတာလို့ ဖော်ပြပါတယ်။

◾️မြောက်ခင်ရန်းရွာမှ စစ်အုပ်စုက​ ဒေသခံပြည်သူ ၁၀ ဦးကို သတ်ဖြတ်၊ ၁၃ ဦးကို ဖမ်းဆီးထား
👍31😁1
မကွေးတိုင်း၊ ဂန့်‌ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းက ဘေးပတ်ဝန်းကျင် ကျေးရွာသုံးရွာမှ​ ဒေသခံပြည်သူ ၁၀ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အမျိုးသမီးအချို့အပါအဝင် ၁၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ​​​ဒေသခံအချို့က​ပြောပါတယ်။ အဲဒီစစ်အုပ်စုဟာ မနေ့ မနက်ပိုင်းက မြောက်ခင်ရမ်းရွာအနီး သင်တောရွာမှ ခုနစ်ဦး၊ ရွှေဘိုရွာမှ နှစ်ဦး၊ ရေသာရွာမှ တစ်ဦးကို ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။ အသတ်ခံရသူများမှာ သင်တောရွာမှ ဦးမောင်ပု၊ ဦးပြူးသာ၊ ဦးဌေးအောင်၊ ဦးမောင်နိုင်၊ ဦးဖိုးသေးနောင်၊ဦးသက်လွင်၊ ဦးဘိုသန်း၊ ရွှေဘိုရွာမှ ဦးတိုးလွင်၊ ဦးမျိုးသန့်၊ ရေသာရွာမှ ဦးဇော်လင်းမောင် တို့ဖြစ်​တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံံရသူ ၁၃ဦးရှိပြီး အမျိုးသမီးအချို့ပါဝင်တယ်လို့ သိရပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်အား လမ်းခင်းလုပ်အားပေးခြင်းနဲ့အတူ သပိတ်ထွက်ရှိခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ" စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟစ်ကြွေးသံများနဲ့ ချီတက်ခဲ့ကြပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း အခြေခံပညာအထွေထွေသပိတ်ကော်မတီက စစ်ဘေးရှောင်နေရာတစ်ခုရှိ ပြည်သူတွေကို အားပေးစကားပြောခြင်း၊ ဒေသတွင်းအခြေအနေ​တွေ အပါအဝင် တော်လှန်ရေးအခြေအနေတွေနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြဖို့ စည်းရုံးဟောပြောခဲ့ကြပါတယ်။
👍235