(စစ်ကောင်စီတပ်က ပဆျာႏကလိုႏအမည်ရှိ ကျေးရွာကို ဖေဖော်ဝါရီ ၁၄ရက်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
😢27🤬6👍3🔥1
▪︎မေးမြန်းခန်း
"(စစ်ကောင်စီ)ကျရှုံးနေတယ်။ သို့သော်လည်းပဲ ကျနော်တို့ပြည်သူလိုလားတဲ့ တန်းတူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ဖြစ်ထွန်းဖို့က ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို အားလုံးက အချိတ်အဆက်မိမိ မလုပ်နိုင်ဘူးဆိုရင် ပန်း
တိုင်က သူ့အလိုလို နီးလာမှာမဟုတ်ဘူး"
ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ(PRCF)လုပ်ငန်းကော်မတီအဖွဲ့ဝင် SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်နှင့် မေးမြန်းခန်း
ထားမြတ်/Peopel's Spring
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ အပါအဝင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက်ပါတီများ စုပေါင်းပါဝင်တဲ့ ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ(PRCF)ကို ဖွဲ့စည်းထားကြောင်း ဖေဖော်ဝါရီ ၁၁ရက်မှာ အများပြည်သူသို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းမှုဖြစ်စ ကတည်းက UNA အဖွဲ့ဝင် ပါတီအချို့ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးပြည်သူ့ကော်မတီ(PRF)ကို ဖွဲ့စည်းရန် ဆွေးနွေးခဲ့ပြီး ၂၀၂၁ မတ်လ ၁၈ရက်တွင် PRCF အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့တာလို့ ဆိုပါတယ်။ ၂၀၂၁ မတ်လအတွင်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ရေးဆွဲရာမှာ PRCF အနေနဲ့ ပါဝင်ခဲ့ကြောင်း အသိပေးထားပါတယ်။ လက်ရှိမှာ PRCFကို အဖွဲ့ဝင် အဖွဲ့အစည်း ၁၂ဖွဲ့ ဖြင့် စုဖွဲ့ထားကြောင်း ၊ PRCF အနေနဲ့ ၂၀၂၂ မတ်လမှစ၍ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ဖေဖော်ဝါရီ ၃ရက်တွင် PRCF ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ကို ဆွေးနွေးပြီး နောက်ဆုံးမူကြမ်းအဖြစ် ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြကာ အဲဒီ နောက်ဆုံးမူကြမ်းကို ဖေဖော်ဝါရီ ၁၂ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ PRCF အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းအင်အားဖြင့် စုပေါင်းပိုင်ဆိုင်သော ပြည်ထောင်စုကို ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။ PRCF အဖွဲ့ဝင် အဖွဲ့အစည်းများမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ကရင်အမျိုးသားပါတီ(KNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP)၊ ဓနုတိုင်းရင်သားလူမျိုးများ ဒီမိုကရေစီပါတီ(DNDP)၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ(DNDP) မြိုအမျိုးသားဒီမိုကရေစီပါတီ(MNDP)၊ ကယန်းအမျိုးသားပါတီ(KNP)၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ(SSKDP)၊ မွန်ရေးရာအဖွဲ့(MAA) တို့ဖြစ်ပါတယ်။ PRCF အနေနဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ အခြားအဖွဲ့တွေနဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်နေတယ်ဆိုတာနဲ့ PRCF ရဲ့ ရပ်တည်ချက် သဘောထားတွေကို အဖွဲ့ဝင် ပါတီတစ်ခုဖြစ်တဲ့ SNLD ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို PRCF လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဖြစ်တဲ့ ဦးစိုင်းလိတ်ကို People's Spring က ဖေဖော်ဝါရီ ၁၂ ရက်မှာဆက်သွယ်မေးမြန်းထားပါတယ်။
မေး။SNLD ပါဝင်တဲ့ PRCF စုဖွဲ့မှု ဖြစ်ပေါ်လာတဲ့ အခြေအနေ ရှင်းပြပါလား။
ဖြေ။ ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းလိုက်တာနဲ့ ကျနော်တို့ အရင် UNA + ( စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်)နဲ့ မိတ်ဖက်တွေ ၊မိတ်ဆွေပါတီတွေ အကုန်စုပြီးတော့မှ ကျနော်တို့ဘာလုပ်သင့်သလဲ စပြီးဆွေးနွေးတယ်။ အဲဒီနှစ် ဖေဖော်ဝါရီလအတွင်းမှာပဲ ကျနော်တို့ လက်ရှိ UNA ပုံစံနဲ့တော့ ရပ်တည်လို့ မရလောက်တော့ဘူး။ PRCF ပုံစံမျိုးနဲ့ ထပ်ပြီး ရင်ဆိုင်ဖို့အတွက်ကို လူစုတာပေါ့ဗျာ။ ပါချင်တဲ့သူ ပါလို့ရတယ်၊ မပါဘဲ ဖယ်နေလို့ရတယ်ပေါ့ဗျာ။ အဓိကကတော့ အချက် သုံးချက်ရှိပါတယ်။ တစ်အချက်က အာဏာရှင်စနစ်ကိုဆန့်ကျင်တယ်။ နှစ်အချက်ကတော့ ဒီနိုင်ငံရေးပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆိုင်တယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ပေါ်ပေါက်ဖို့အတွက် ကြိုးပမ်းမယ်။ ဖွဲ့စည်းပုံသစ်အရ အခြေခံလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်အ၀ ရအောင် ကြိုးပမ်းဆောင်ရွက်ကြမယ်။ အဲဒီအပေါ်မှာ သဘောတူရင်ပါမယ်၊ သဘောမတူရင်လည်းဘဲ
မပါဘဲနေလို့ရတယ် ဆိုပြီး စုခေါ်လိုက်တော့မှ PRCF ဆိုတာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
မေး။ဒီစုဖွဲ့မှုက အာဏာသိမ်းမှု သုံးနှစ်လောက်ကြာမှာ အပြင်မှာ သိလာရတဲ့ အခြေအနေကို ရှင်းပြပေးပါလား။ အခက်အခဲတွေရှိလို့လား။ ဘာကြောင့်လဲ။
ဖြေ။အခက်အခဲကတော့ မျိုးစုံပါပဲ။ တချို့ပါတီတွေဆိုရင် သူတို့ ခေါင်းဆောင်တွေ အဖမ်းအဆီးခံရလို့ ထောင်ထဲက ထွက်မလာသေးလို့ အဆုံးအဖြတ်မပေးနိုင်ဘူး။ တချို့က ပါတီရပ်တည်ရေးအတွက် ပြန်လည် မှတ်ပုံတင်မယ် မတင်ဘူး ဆုံးဖြတ်ရခက်နေတာမျိုးက အစပေါ့။ တချို့ကျတော့လည်း အင်မတန်ဝေးလံတဲ့ အရပ်မှာ ရှိနေတယ်။ အဆက်အသွယ်မရ ဖြစ်နေတယ်။ ဥပမာ ကယားပြည် ကရင်နီပေါ့။ ရှမ်းမြောက်က ကိုးကန့်လိုဟာမျိုးပေါ့။ အဲဒီပါတီတွေကျ အဆက်အသွယ်ပြတ်နေလို့ သူတို့ရဲ့ သဘောထား မရမချင်း မလုပ်နိုင်သေးတာလည်းပါတယ်။ ဒါကြောင့်မို့လို့ ကြန့်ကြာတာလည်းပါတယ်။ အခြားတစ်ဖက်မှာလည်း စစ်အာဏာသိမ်းတာ ၆ လလို့

👍31🤮1
ပြောထားပြီးတော့၊ တကြိမ် နှစ်ကြိမ်ပဲတိုးမလားလို့ စောင့်ကြည့်ရင်းနဲ့ နောက်ဆုံးကျတော့လည်း ၅ကြိမ်လောက်အထိ တိုးနေတဲ့အတွက် ဒါမဖြစ်သင့်တော့ဘူးလို့ ယူဆလို့ အခုမှ ထပြီးတော့မှ ကျနော်တို့ ကြေညာရခြင်းဖြစ်ပါတယ်။
မေး။ပါဝင်တာ နိုင်ငံရေးပါတီပဲလား တခြားဘယ်လိုပုံစံမှု ရှိပါသလဲ။
ဖြေ။ကျနော်တို့ စုဖွဲ့မှုက လေးပိုင်းလောက်ရှိပါတယ်။ တစ်က နိုင်ငံရေးပါတီ၊ နှစ်က အထွေထွေသပိတ်မှာပါတဲ့လူငယ်ကျောင်းသားနဲ့ အမျိုးသမီးတွေ ပါမယ်။ နောက် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ EAOs (တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့)တွေ ပါမယ်။ နောက် အရပ်ဘက် အဖွဲ့အစည်း ( CBO, CSO )တွေပေါ့။ အဲဒါတွေနဲ့ အကုန်လုံးချိတ်ဆက်ထားတယ်။ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံမှာကို အဲဒါတွေ ပါလို့ရတယ်။ ပါခွင့်ရှိတယ်ဆိုတာ ဖော်ပြထားပြီးသားဖြစ်တယ်။ တချို့ကလည်း အဆင်သင့်မဖြစ်သေးလို့ လောလောဆယ် နိုင်ငံရေးပါတီ အနေနဲ့ပဲ ထုတ်ပြန်လိုက်ရခြင်းဖြစ်ပါတယ်။
မေး။ ပုံစံအမျိုးမျိုးနဲ့စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိတော့ ဒီအဖွဲ့တွေနဲ့ ဘယ်လိုချိတ်ဆက်သွားမလဲ။ ချိတ်ဆက်မှုတွေရောရှိပါသလား။
ဖြေ။ချိတ်ဆက်မှုက ရှိပါတယ်။ အထူးသဖြင့်ကတော့ ကျနော်တို့ရဲ့ စောစောက ပြောတဲ့ ရပ်တည်ချက်ပေါ့ ၊ အာဏာ
ရှင်စနစ်ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး။ နောက် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံပေါ်ပေါက်ရေးရယ်၊ ဒီမိုကရေစီအခွင့်အရေးနဲ့ အခြေခံလူ့အခွင့်အရေး ရရှိရေး အတွက် ဖော်ဆောင်တဲ့ အင်အားစုတွေနဲ့ ကျနော်တို့ ချိတ်ဆက်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ဇန်နဝါရီ ၃၁ရက်က NUGနဲ့ တိုင်းရင်းသားလက်
နက်ကိုင်အဖွဲ့အစည်းတွေက ဘုံသဘောထား ရပ်တည်ချက်ထုတ်ထားတော့ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ၊ ဒီအပေါ်မှာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုတဲ့ သတင်းစကား ဘာတွေပြောလိုပါသလဲ။
ဖြေ။ ။ ၃၁ရက်နေ့က ထုတ်တဲ့ NUGနဲ့ KNU၊ KNPP နောက် CNFပေါ့ ။လေးဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အခြေခံသဘောအားဖြင့် ကျနော်တို့ လက်ခံတယ်။ သဘော
တူတယ်။ လုပ်ငန်းစဉ်အားဖြင့်တော့ နည်းနည်းကွဲပြားမှာပေါ့။ ဥပမာ သူတို့က ဖက်ဒရယ်ဖွဲ့စည်းပုံမသွားခင် ကြားထဲမှာ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမယ်ဆိုတာမျိုးတွေရှိတယ်။ ဒီဥစ္စာက ကြီးမားတဲ့ အဟန့်အတားမဟုတ်ဘူး။ ကြီးမားတဲ့ ကွဲပြားချက်မဟုတ်ဘူး။ ညှိနှိုင်းဆောင်ရွက်လို့ ရတာပေါ့။ အဓိက အားဖြင့်တော့ ဒီပြည်ထောင်စုကို ရှင်းရှင်းပြောရရင်ဗျာ၊ စစ်အာဏာသိမ်းမှုအလွန်မှာ ပေါ်ပေါက်လာမယ့် ကျနော်တို့ နိုင်ငံရဲ့ အခင်း
အကျင်းဟာ နဂို ပြည်ထောင်စုပုံစံအတိုင်းပဲဆိုရင် အဆင်မပြေဘူး။ ပြည်ထောင်စု အသစ်ပုံစံမျိုးနဲ့သွားရမယ်။ တန်းတူညီမျှမှုရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်တဲ့ပြည်ထောင်
စုသစ်တစ်ခုပေါ်ပေါက်ရမယ်။ သို့သော် အစိတ်စိတ် အမွှာမွှာပြိုကွဲသွားတဲ့ အနေအထားမျိုးတော့ မရောက်စေရဘူးဆိုတဲ့ အခြေခံမူမှာတော့ ရပ်တည်ချက်ချင်းတူပါတယ်ဗျ။
မေး။ ဒီနေ့ယာယီသမ္မတကလည်း ပင်လုံစာချုပ်ချုပ်ဆိုတဲ့ ၇၇နှစ်မြောက်နေ့ အထိမ်းအမှတ်အခမ်းအနားမှာ ပြောတာအထူးသဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးက နေ
မသွေဖီဆိုတာပါတာပေါ့။ အဓိကတော့ စုပေါင်းပြီး ပြည်
ထောင်စုအသစ်ကို ထူထောင်ဖို့ဆိုတာပေါ့။ လက်ရှိမှာ ရော အဲဒီအတွက် စိုးရိမ်စရာ အနေအထားမြင်ရပါသလား။
ဖြေ။ ပြည်ထောင်စုကို အဓိပ္ပါယ်ဖော်တဲ့နေရာမှာ ကွဲပြားမှုလေးတွေရှိလာတာပေါ့။ ဥပမာ ၁၉၄၇ ပင်လုံစာချုပ်ချုပ်တဲ့အခါ ခေါင်းဆောင်တွေရဲ့ သဘောတူညီချက်မှာ လူမျိုးအပေါ်မှာ အခြေခံတာမဟုတ်ဘူး။ ၁၉၄၇ ဖက်ဒရယ်ပုံစံမျိုးက ဒေသတွေကို အခြေပြုပြီး စုပေါင်းလာတာဖြစ်တယ်။Federated Shan States၊ ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသနဲ့ ဒီအောက်မြန်မာပြည်မလို့ခေါ်တဲ့ဒေသပေါ့ ။ဒီဒေသလေးခုရဲ့ စုပေါင်းဖွဲ့တည်မှုနဲ့ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုက လူမျိုးကို အခြေမခံဘူး။ ဥပမာ ရှမ်းပြည်ဆိုလို့ရှိရင် အဲဒီ အချိန်တုန်းက ပအိုဝ်း၊ပလောင်၊ ဓနု၊ ကချင်၊ ရှမ်း အကုန်ပါကြတာကိုး။ အဲဒီလူမျိုးတွေ ဘယ်
လောက်ပဲ ပါပါ နောက်ဆုံးကျတော့ ရှမ်းပြည်တခုလုံးကို ကိုယ်စားပြုတဲ့ဟာတွေပဲဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဒေသကို အခြေခံပြီးစုဖွဲ့လာတဲ့ ဖက်ဒရယ်အပေါ်မှာ စုပေါင်းလုပ်ဆောင်ကြမယ် တန်းတူညီမျှမှုရှိစေရမယ်လို့ ကတိက
ဝတ် ပြုခဲ့ဦးတော့ တကယ်တမ်း အကောင်အထည် မဖော်နိုင်ခဲ့တော့၊ ဒီနေ့ ဒီအချိန်မှာ လူမျိုးတော်တော်များများက အဲဒီအပေါ်မှာ အမြင်မှားပြီး လူမျိုးပေါ် အခြေခံတဲ့ ဖက်ဒရယ်စနစ် (Ethnofederalism )လို့ နားလည်မှုလွဲပြီး အယူအကောက်တွေ တိမ်းစောင်းကုန်တာပေါ့။ အဲဒီဟာက နောင်တချိန်ကျရင် ဒီပြည်ထောင်စုကြီး ၊ အာဏာရှင်စနစ်အလွန်မှာ ဒီပြည်ထောင်စုကြီးက တကွဲတပြားစီ ဖြစ်သွားနိုင်စရာ ပေါ်ပေါက်မလားလို့တောင် စိုးရိမ်စရာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီအခြေအနေမျိုးကို ကျနော်တို့က လက်သင့်မခံသင့်ဘူး၊ မဖြစ်သင့်ဘူး ယူဆလို့ ဒီနေ့ ဒီအချိန်မှာ စစ်အာ
ဏာရှင် အလွန်မှာ ဖြစ်သင့်တဲ့ ပြည်ထောင်စုပုံစံဆိုပြီး ထုတ်
ဖော်ပြောကြားရခြင်းဖြစ်ပါတယ်။

👍32🤮1
မေး။ဒီကနေ့ယာယီသမ္မတရဲ့ မိန့်ခွန်းမှာပြည်ထောင်စုအသစ်တည်ဆောက်တဲ့အခါ ပဋိပက္ခအသစ်တွေမဖြစ်စေလိုဘူးဆိုတဲ့အပေါ်မှာ အဲဒီလို ပြဿနာ အသစ်တွေ ထပ်မဖြစ်ဖို့ အင်အားစုအသီးသီးကို ဘာပြောလိုပါသလဲ။
ဖြေ။အဓိကကတော့ ကျနော်တို့က အာဏာရှင်စနစ်မှန်သမျှကို လုံး၀ ပျက်သုဉ်းသွားအောင် စုပေါင်း ချေမှုန်းပစ်ရပါမယ်။ အဲဒီနောက်မှာ ကျနော်တို့ ရလိုတဲ့ ရလဒ်တစ်ခု မရသေးခင်မှာ၊ နောက် ရလဒ်ရလာတဲ့အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ စုပေါင်းညီညွတ်စွာ အတူနေထိုင်သွားကြမယ်ဆိုတဲ့ဥစ္စာကို တချိန်တည်း တပြိုင်တည်း စဉ်းစားထားဖို့လိုအပ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေတယ် ပြောပြီး ကိုယ့်ကိုယ်၌က စစ်ဝါဒကို ပြန်ထူထောင်နေတာမျိုးဆိုရင် အဆင်မပြေဘူးဆိုတာကိုပဲ နိဂုံးချုပ်ပြောလိုပါတယ်။
မေး။လက်ရှိ သုံးနှစ်အတွင်း စစ်ကောင်စီရဲ့ စစ်ရေး၊ နိုင်ငံ
ရေးမှာ သူ့အနေအထား ကိုဘယ်လိုသုံးသပ်ပါလဲ။
ဖြေ။စစ်ကောင်စီကတော့ ကျနော်တို့ အမြင်မှာ အဖက်ဖက်က ကျရှုံးနေတာပေါ့။ ကျဆုံးသွားတဲ့ အဆင့်တော့ မရောက်သေးပါဘူး။ အဖက်ဖက်မှာ သူက ဆုံးရှုံးနေတယ် ကျရှုံးနေတယ်။ သို့သော်လည်းပဲ ကျနော်တို့ပြည်သူလိုလားတဲ့ တန်း
တူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ဖြစ်
ထွန်းဖို့က ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို အားလုံးက အချိတ်
အဆက်မိမိ မလုပ်နိုင်ဘူးဆိုရင် ပန်းတိုင်က သူ့အလိုလို နီးလာမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ စုဖွဲ့မှု ဒီထက်ပိုကျစ်လျစ်ဖို့လိုအပ်တယ်။ ကျနော်တို့ သွားချင်တဲ့ ပန်းတိုင်ရဲ့အလွန်မှာ မဖြစ်သင့်မဖြစ်ထိုက်တာကို အခုကတည်းက ကြိုတင်ပြီးတော့မှ ပြင်ဆင်ထားသင့်တယ်၊ ညှိနှိုင်းထားသင့်တယ်ဆိုတာလောက်ပဲ ဖြည့်ပြောချင်ပါတယ်။
မေး။စစ်ကောင်စီ ကျရှုံးနေတယ်ဆိုတာ သုံးသပ်ကြတယ်။ တစ်ဖက်မှာလည်း NUGနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက်မှာ စစ်တပ်အာဏာ
သိမ်းမှုကို ဖယ်ရှားပြီး အာဏာလွှဲပြောင်းရေး အေးအေးချမ်းချမ်းလုပ်သွားနိုင်ဖို့ စစ်ကောင်စီအတွက် လမ်းဖွင့်ပေးထားတဲ့ အနေအထားလည်းရှိတော့ ဒီအခင်းအကျဉ်းကို စစ်ကောင်စီဘက်က လက်ခံနိုင်ဖို့ အပေါ် ဘယ်လိုမြင်လဲ။
ဖြေ။ဒါက ကျနော်တို့လို နိုင်ငံရေးပါတီအစုအဖွဲ့နဲ့တော့ တိုက်ရိုက်မပတ်သက်ဘူး။ သို့သော်လည်းပဲ ၃၁ရက်နေ့ ပဒိုတာဒိုမူး(KNU အထွေထွေအတွင်းရေးမှူးချုပ်)တို့ လေးဖွဲ့ (NUGနှင့် ကရင်၊ ချင်း၊ ကရင်နီအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ)ထုတ်တဲ့ စတိတ်မန့်ထဲမှာတော့ ပါပါတယ်။ ကျနော်တို့က စားပွဲဝိုင်းပေါ်မှာ မဖြစ်မနေ တစ်ရက်တော့ တွေ့ရမယ်လေ။ ဒါပေမဲ့ အဲဒီ စားပွဲဝိုင်း တွေ့ဆုံရေး ပေါ်ပေါက်ဖို့ဆိုရင် စစ်ကောင်စီဘက်ကလည်းပဲ သူ့မှာလိုက်နာရမယ့် စည်းကမ်းတွေရှိတာပေါ့။ တဖက်က ဖြစ်ချင်တာကို အကုန်
လုံးက ပွင့်ပွင့်လင်းလင်းပြောထားပြီးပြီ။ သူ့ဖက်ကလည်း ဖြစ်သင့်တာကို ပြန်ပြီးချိန်ဆဖို့လိုအပ်တာပေါ့။ တစ်ဖက်နဲ့တစ်ဖက် အပြုတ်တိုက်ဖို့ဆိုတာ တိုင်းပြည်စိစိမွှမွှကြေရုံပဲရှိမယ်၊ လူငယ်တွေရဲ့ အနာဂတ်ပျောက်ရုံပဲ ရှိမယ်။ ဆိုတော့ အဲဒီ အခြေအနေမျိုး မရောက်ခင် နှစ်ဖက်စလုံးက အနာဂတ်ကို ရည်မှန်းပြီးတော့မှ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာမျိုးကတော့ အဲဒီလမ်းကြောင်းပေါ်အောင်တော့ ကြိုးစားဖော်ဆောင်ရပါမယ်။ ။

👍45🤮1
ငွေစက္ကူရိုက်နှိပ်ထုတ်ဝေသော ဝါဇီစက်ရုံရှိ စစ်တပ်အား PDF လေးဖွဲ့က ပစ်ခတ်တိုက်ခိုက်
ဟာနာဆန်/People's Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် ချောက်မြို့နယ်စပ်ရှိ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေသော ဝါဇီစက်ရုံမှ စစ်ကောင်စီတပ်အား PDF အဖွဲ့လေးဖွဲ့ခွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး Black Hawk Seikphyu Revolution Front၏ တာဝန်ရှိသူက ပြောသည်။
ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီခန့်က ငွေစက္ကူထုတ်ဝေရာ ဝါဇီစက်ရုံ (လုံခြုံရေးနှင့် သက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ- လ.န.စ)အား Short Range Missile ၂၇လုံး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး- BHSRF၏ တာဝန်ရှိသူက ပြောသည်။
ပထမခံစစ်စည်းဖြစ်သော ချိုက်ကျေးရွာရှိ လက်နက်ကြီးစခန်းအား DROP BOMB ခြောက်လုံးဖြင့်လည်းတစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး လည်ကျင်းကျေးရွာအနီးရှိ လက်နက်ကြီးအထိုင်နှင့် ကင်းပုန်းများကိုလည်း အလစ်အငိုက်တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်၏ ထိခိုက်ပျက်စီးမှုများရှိကြောင်း သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး- BHSRF၏ တာဝန်ရှိသူက ပြောသည်။
"ဝါဇီထဲကျပါတယ်။ ချိုက်ကျေးရွာဆိုတာ ဝါဇီစက်ရုံရဲ့ အနောက်တည့်တည့် ၂မိုင်အကွာက ရွာပါ။"ဟု ၎င်းတာဝန်ရှိသူက ပြောသည်။
အဆိုပါ စစ်ဆင်ရေးအား သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး- BHSRF၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ Droneလက်ရုံးတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များဖြစ်ကြသော ပခုက္ကူခရိုင် အမှတ်(၈) တပ်ရင်း၊ တပ်ခွဲ (၁)တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
"၁၄ရက်နေ့ ညနေ ဆိပ်ဖြူယော၀သင်္ချိုင်းမှာ ဝါဇီမှာတာ၀န်ကျတဲ့ စခ ၁၀လောင်းလာ သင်္ဂြိုလ်တယ်တဲ့။ အထိအခိုက်များလို့ Complain တက်ကြတယ်။ဝါဇီထဲမှာ ခွေးချင်းကိုက်ကုန်ကျပြီ။"ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်အုပ်စုထိခိုက်မှုအခြေအနေအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဝါဇီစက်ရုံကို ပြီးခဲ့သည့် ၂၀၂၃ကလည်း ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။

👍49❤3👏3🤣1
(တိုက်ခိုက်ရာတွင်အသုံးပြုခဲ့သော လက်နက်များအားတွေ့ရစဥ်။ ဓာတ်ပုံ-ဒေသတွင်းတော်လှန်ရေးအင်အားစု)
👍41❤3🔥1
▪︎ဆောင်းပါး
စစ်ပွဲအရှုံးကို လူမျိုးရေးပဋိပက္ခဖြင့်
ဖုံးကွယ်ရန်ကြိုးစားနေသောစစ်ကောင်စီ
အင်ကြင်း၊ယောနသံ /People's Spring
ရခိုင်ပြည်နယ်တိုက်ပွဲများတွင် စစ်ရှုံး၍ မြို့ ၅ မြို့ နှင့် စစ်သင်္ဘောများဆုံးရှုံးပြီးနောက် စစ်ကောင်စီက AAကိုယှဥ်မတိုက်နိုင်သောအခါ လူမျိုးရေး ပဋိပက္ခများဖန်တီးရန်ကြိုးစားလာသည်။
၁၀၂၇ စစ်ဆင်ရေးတွင် စစ်ရှုံးပြီးနောက်စစ်ကောင်စီက
ကိုးကန့်ဒေသစစ်ပွဲမှာမျိုးနွယ်စုချင်းဖြစ်ပွားသောပြသာနာဟုလည်းကောင်း ၊ ကိုးကန့်တပ် MNDAA သည် ဘုရားများကိုလိုက်လံဖျက်ဆီးသည်ဟုလည်းကောင်း ၊TNLA ကိုလည်း ဘုရားဌာပနာများဖောက်ထွင်းသည်ဟုလည်းကောင်း ၊ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နှင့်အတူ တရုတ်စစ်သားများကပါပူးပေါင်းတိုက်ခိုက်နေသည့် ပြည်ပကျူးကျော်စစ်ပွဲဟုလည်းကောင်း မျိုးစုံဇာတ်လမ်းဆင်ဝါဒဖြန့်ခဲ့သော စစ်အုပ်စုသည် ရခိုင်ဒေသတိုက်ပွဲအတွက် ဇာတ်လမ်းတစ်ပုဒ်ဖန်တီးလာကြပြန်သည်။ စစ်အုပ်စု ၊စစ်တပ် သြဇာခံ အမျိုးသားရေးအစွန်းအုပ်စုများ မကြာခဏ ဖန်တီးလေ့ရှိသည့် လူမျိုးရေးပဋိပက္ခဖန်တီးရန် ကြိုးစားလာကြခြင်းဖြစ်ပါသည်။
ယခုရက်ပိုင်းတွင် စစ်ကောင်စီနှင့် ဘာသာရေးအစွန်းရောက်မဘသများက ရန်ကုန်နှင့် မန္တလေးမြို့ပေါ်တွင် ရခိုင်ဆန့်ကျင်ရေး စာရွက်များ မြို့အနှံ့ လိုက်ကပ်နေပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် အရှိန်မြှင့် ဖန်တီးလာကြသည်။
ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းက မန္တလေးမြို့လယ်ရှိ ၃၅ လမ်းကုန်းကျော်တံတား၊ ၄၁လမ်းကုန်စိမ်းညစျေးအပါအဝင် စျေးများ၊ လူစည်ကားရာလမ်းမများ၊ ဓာတ်တိုင်များ၌ စစ်တပ်ထောက်ခံသူနှင့်မဘသများက ရခိုင်လူမျိုးများအား လူမျိုးရေးခွဲခြားပြီး ခြိမ်းခြောက်ထားသည့် စာရွက်စာတန်းများအား လိုက်ကပ်လာကြောင်း မန္တလေးမြို့ခံများက ပြောသည်။
အဆိုပါစာရွက်များတွင် "ပြည်သူတွေအနေနဲ့ မန္တလေးမြို့ပေါ်က ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေကို သွားရောက်ဝယ်ယူခြင်းမပြုရန် သတိပေးတားမြစ်လိုက်သည်"၊ "ရခိုင်ဆိုင်တွေမှန်သမျှ မန္တလေးမြို့ပေါ်ကထွက်သွားကြ"၊ "ရက်စက်ယုတ်မာတဲ့ AA အကြမ်းဖက်သမားတွေကို ဆန့်ကျင်သည့်အနေဖြင့် မန္တလေးမြို့ပေါ်က ရခိုင်ဆိုင်မှန်သမျှကို ဝယ်ယူစားသောက်အားပေးခြင်း ရှောင်ကျဥ်ကြပါ"၊ "လူမျိုးရေးဝါဒစွဲပြင်းထန်ပြီး အစွန်းရောက်နေတဲ့ ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေ အခုချက်ချင်းပိတ်သိမ်းပါ" အစရှိသည့်စာသားများရေးသားထားသည်။
အဆိုပါ လှုံ့ဆော်မှုများနှင့် ပတ်သပ်၍ မန္တလေးမြို့ခံတစ်ဦးက"ဘာမှမဆိုင်ဘူး။ လူမျိုးရေးနဲ့လွှဲချနေတာ"ဟု ပြောသည်။
ထိုစာသားတိုင်း၏ အောက်ခြေ၌ မန္တလေးမြို့သူမြို့သားများဟု အလွဲသုံးစားလုပ်ကာ ပြည်သူချင်းပါ ရန်တိုက်ပေးနေသည်ဟု မန္တလေးမြို့ခံများက ပြောသည်။ မန္တလေးမြို့ခံပြည်သူများမှာ မည်သူမျှ ထိုသို့မလုပ်ဘဲ စစ်ကောင်စီ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများမှာပေါ်တာဆွဲခံရမည့်စိုး၍ ညပိုင်းအပြင်ထွက်သူနည်းချိန်တွင် ထိုစာများကပ်သူများမှာစစ်ကောင်စီသာဖြစ်ကြောင်း မြို့ခံပြည်သူများကပြောသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ပေါ်ရှိ လူစည်ကားရာနေရာများနှင့် ရခိုင်ရိုးရာစားသောက်ဆိုင်များ၊ လူသိများသောဈေးဆိုင်များရှေ့တွင်လည်းအလားတူစာသားများ လိုက်လံကပ်၍ လူမျိုးရေး ပြသာနာဖန်တီးနေသည်ကိုတွေ့ရသည်။
"ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ AAက စစ်တပ်ကို တိုက်တာတွေအရမ်းကိုအားကျနေတာပါ။မန်းလေးကဖြင့်။ကျမတို့ရပ်ကွက်တင်မဟုတ်ဘူး။ အနယ်နယ်က သဘောကျနေတာပါ။စာကပ်လည်းအရေးစိုက်မှာ ဟုတ်ပါဘူး" ဟု မန္တလေးမြို့ခံတဦးက သူ့ခံစားချက်ကိုပြောသည်။
စစ်အုပ်စုသည် ရခိုင်ပြည်နယ် တွင် စစ်ရှုံးပြီး မြို့ လေးမြို့ကို ရက်ပိုင်းအတွင်းဆုံးရှုံးခဲ့ရကာ စစ်သဘာ်များကိုပင် တိုက်ခိုက်ချေမှုန်းခံနေရသည် ကို ဝန်မခံဘဲ လူမျိုးရေးပြသာနာများ ဖန်တီးနေခြင်းဖြစ်သည်။ အထူးသဖြင့် ကျောက်တော်မြို့၌ ဖေဖော်ဝါရီလ ၇ ရက်နှင့်၈ရက်က ဖြစ်ပွားခဲ့သည့်ရေကြောင်းတိုက်ပွဲ၌ ခေတ်မီလှသည်ဟု အစဥ်တစိုက်ဝါဒ
ဖြန့်ခဲ့သော ရေတပ်မှ စစ်သဘော် ၃ စီးကို AAကတိုက်ခိုက်ချေမှုန်းရေနစ်ခဲ့သည့်အပေါ် ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ပုံရသည်။
အရှုံးကို ဝန်မခံဘဲ စစ်သဘော်ပေါ်မှ တိုက်ခိုက်ခံရ၍ ကမ်းခြေ၌ ရေကူးလာသူများကို ဒေသခံများက ဓါးဖြင့် ခုတ်သတ်သည်ဟုလည်းကောင်း ၊ ကလေးနှင့် အမျိုးသမီးများကိုပါ မချန် AA ကတိုက်ခိုက် ချေမှုန်းခဲ့သည်ဟုတစ်ဖုံ လုပ်ကြံဖန်တီးထားသော ဇာတ်လမ်းမျိုး စုံဖြင့် လူမျိုးရေးပဋိပက္ခဖြစ်လာရန်လူမှုကွန်ယက်တွင် အင်နှင့်အားနှင့် လှုံ့ဆော်ဝါဒဖြန့်ကြသည်။
အစောပိုင်းတွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်များနှင့် စစ်တပ်ထောက်ခံသူများ၏ ပစ်မှတ်မှာ ရေကူး၍ ကမ်းခြေရောက်လာသူများကို သတ်သည်ဆိုကာ ဒေသခံပြည်သူများကိုဖြစ်သည်။ သို့သော် မြေပြင် အခြေအနေ သိသောပြည်သူများက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသောထိုနေရာ၌ ဒေသခံပြည်သူများမရှိဘဲ စစ်တပ်ရန်ကြောက်၍ အစောကတည်းကထွက်ပြေးနေကြရကြောင်းရေးသားရှင်းပြကြသည်။

👍40🤮2❤1
"ရေမြှပ်တဲ့ သဘော်ကနေပဲ ကမ်းကိုအရင်ရောက်အောင်ကူးကြည့်ပါဦး ။ ဒီလောက်ရေစီးသန်တဲ့မြစ်ကို တော်ယုံရေးကူးကျွမ်းကျင်တဲ့လူ အသာထား ၊မိန်းမတွေကလေးတွေကူးတယ်ဆိုတာဘယ်လိုမှ မဖြစ်နိုင်။ စစ်ဖြစ်တာနဲ့ အဲနားကရွာကလူတွေအကုန် ပြေးကြတာ ။နေဗီလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်လို့ ။စစ်ရေယာဥ်ကို လုံခြုံရေးယူပေးတဲ့ ရဟတ်
ယာဥ်တွေပါတာကို အဲနားကရွာကလူတွေက ဓါးနဲ့ခုတ်နိုင်ပါ့မလား ။စဥ်းစားပေါ့"ဟု ဒေသအခြေအနေသိသောပြည်သူတစ်ဦးကရှင်းပြသည်။
ထိုနောက်ပိုင်းတွင် စစ်ကောင်စီဝါဒဖြန့်အကောင့်များက AA တပ်ဖွဲ့ဝင်များက စစ်သင်္ဘောပေါ်ပါ အမျိုးသမီးနှင့်ကလေးငယ်များကိုပါ တိုက်ခိုက်ချေမှုန်းသည်ဟု အသားပေး၍ဝါဒဖြန့်နေကြပြန်သည်။ AA ကကျောက်တော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဇန်နဝါရီလကတည်းက အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်သောနေရာများတွင် ၊ စစ်ဆင်ရေးလုပ်သော
စစ်သင်္ဘောများပေါ်တွင် ကလေးငယ်နှင့် အမျိုးသမီးများပါသည်ဆိုခြင်းမှာ မဟုတ်ဘဲ ၊တိုက်ပွဲများမပြင်းထန်ခင်ကတည်းကစစ်ကောင်စီ မိသားစုဝင်များကိုဘေးကင်းရာသို့ ပို့ဆောင်ပေးလေ့ရှိကြောင်း စစ်ရေးအရင်းအမြစ်များကပြောသည်။
ထို့ကြောင့် တိုက်ပွဲတွင် စစ်ရှုံးသည်ကို စစ်ရှုံးကြောင်းဝန်မခံဘဲ ဇာတ်နာအောင်ဇာတ်လမ်းမျိုးစုံထွင်၍ လူမျိုးရေးပြသာနာဖန်တီးနေခြင်းမှာ သူရဲဘောကြောင်သောလုပ်ရပ်ဖြစ်ကြောင်း အထက်ပါစစ်ရေးရင်းမြစ်များကပြောသည်။
AAက မြောက်ဦး ၊ကျောက်တော် ၊မင်းပြား အပါအဝင်ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဟုစစ်ကြေညာကာတိုက်ခဲ့ခြင်းဖြစ်သည်။ထိုကြောင့်အသက်မသေလိုပါက လက်နက်ချ ကြရန် အကြိမ်ကြိမ်ကြေညာပြီးထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
AAက ရေကြောင်းတိုက်ပွဲသတင်းကို ဖေဖော်ဝါရီ ၁၁ ရက်ည ထုတ်ပြန်သည်။စစ်ကောင်စီ၏ စစ်သင်္ဘော နှစ်စီး၊ ဇက်သင်္ဘောတစ် စီးတို့အား ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး သုံးစီးစလုံးအား ရေထဲနစ်မြုပ်အောင် ချေမှုန်းနိုင်ခဲ့သည်ဟု ဖော်ပြသည်။ စစ်သင်္ဘောသုံးစီးအပြင် နောက်ထပ်အထိနာအောင် တိုက်ခိုက်ခဲ့သော စစ်သင်္ဘော လေး စီးအထိ ရှိခဲ့သည်ဟု AAက အတိအလင်းအသိပေးသည်။
ထိုတိုက်ပွဲ၌ စစ်သင်္ဘောသုံးစီးစလုံးသည် ချက်ကောင်းကိုထိ၍ အထိနာခဲ့ကြောင်း၊ သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ကာနီးအချိန်တွင် လက်နက်ချ အညံ့ခံ အလံဖြူထောင်ရန် လော်စပီကာများဖြင့် သုံးကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားခဲ့ကြောင်း၊ သင်္ဘောသုံး စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန် မိနစ်၃၀ ထပ်ပေးသည့်အချိန်တွင်လည်း စစ်ကောင်စီက ဒရော့ဗုံးများဖြင့် စုပြုံပစ် လာရောက်တိုက်ခိုက်နေခဲ့သောကြောင့် AAတပ်ဖွဲ့ဝင် ဆယ်ဦး ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ရှိခဲ့သည်ဟု အသိပေးထားသည်။
"လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသောသူများမှာ အသက်ချမ်းသာခွင့် ရရှိကြမည်ဖြစ်သည်။ အမှန်တကယ်လည်း အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့အား မိမိတို့မှ ကယ်တင်ထားနိုင်ခဲ့သည်။ ဤကဲ့သို့ ကယ်တင်ရာတွင် အာရက္ခစစ်သည်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်" ဟု ထုတ်ပြန်ထားသည်။
သို့သော် ကယ်ဆယ်ထားသူအရေအတွက်ကို AAကမထုတ်ပြန်သေးပေ။
စစ်ကောင်စီ၏ ရေတပ်စစ်သင်္ဘော (Navy) ၊ ဇက်သင်္ဘောများသည် ၎င်းတို့ချီတက်ရာလမ်းကြောင်း တစ်လျှောက်ရှိ မြစ်၊ ချောင်း နံဘေးရှိ ကျေးရွာများအား စစ်သင်္ဘောများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တမင်တကာရည်ရွယ်ချက်ရှိရှိ နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းများကို နှစ်ရှည်လများပြုလုပ်လာခဲ့သည့် မှတ်တမ်းများ ရှိခဲ့သည်ဟုလည်းအသိပေးသည်။ ယခုအကြိမ်တ့င်လည်း ယခင်နည်းတူ ရပ်ရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် အရပ်သားပြည်သူလူထုများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများမှာ နေ့တိုင်းရှိခဲ့သည်။ ထိုကြောင့် ဒေသခံပြည်သူလူထုအား နေ့စဉ် သတ်ဖြတ်နေသော စစ်ကောင်စီ၏ရေတပ်အား လက်တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်သည်ဟု ရေကြောင်းတိုက်ပွဲ
နှင့်ပါတ်သပ်၍ တရားဝင်ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ရက္ခိုင်ဒေသတိုက်ပွဲများတွင် ရေတပ်ကို အလေးထားအသုံးပြုပြီး တိုက်ခိုက်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်မှ စစ်တပ်၏ ရေတပ်အား အကောင်းဆုံးတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်ခြင်းဆက်လက်၍လည်း လက်နက်ချအညံ့ခံရန် ပြောကြားထားသော ရန်သူ့စစ်စခန်းများအနေဖြင့် အချိန်မီ လက်နက်ချအညံ့ခံရန် ထပ်မံအသိပေးလိုက်သည်ဟုလည်း AA ကကြေညာထားသည်။
" ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ဖေဖော်ဝါရီလ (၈) ရက်နေ့သည် အာရက္ခ ရေပြင်ထက်တွင် ရန်သူ့သင်္ဘောများအား အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့သည်"ဟု AAကထုတ်ပြန်ထားသည်။

👍45❤2🤮2🥰1
ထိုအပြင် ဖေဖော်ဝါစီ ၁၂ ရက် ကလည်း မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်၏ သဘာ်တစ်စင်းကိုထပ်မံ တိုက်ခိုက်နစ်မြှပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၃ တွင်ထပ်မံထုတ်ပြန်လာသည်။
စစ်ကောင်စီကမူ စစ်ရှုံးမှုအပေါ် တစ်ခွန်းမျှမပြောဘဲ လူမျိုးရေအဓိကရုဏ်းဖြစ်ရန်၊ စစ်ပွဲအရှုံးအပေါ်အာရုံပြောင်းရန် သာ လှုံ့ဆော်စာများဖြန့်ဝေခြင်းအလုပ်များနေသည်ကိုတွေ့ရသည်။
ထိုကြောင့်စစ်ကောင်စီက ယခုရက်ပိုင်း ဇောင်းပေးဖော်ပြနေသည့် လူမျိုးရေးနှင့် ဘာသာရေးအခြေပြုဝါဒမှိုင်းကို သတိပြုရန် ပြည်သူအချင်းချင်းကသတိပေးနေကြသည်။
ဖေဖော်ဝါရီ ၁၅ ရက်တွင်မူ စစ်သဘော်နစ်မြှပ်၍ ကုလာတန်မြစ်အတွင်း ရေကူးနေကြသော စစ်ကောင်စီတပ်သားများကို AA တပ်ဖွဲ့ဝင်များက စက်လှေဖြင့် လိုက်လံဆယ်ယူနေသောရုပ်သံဖိုင်များ ရခိုင်ပြည်သူ အချို့၏ ဖေစ်ဘွခ်များမှတစ်ဆင့် ပြန့်နှံလာသည်။ ကုလာတန်မြစ်အတွင်းရေကူးနေသူများကို စက်လှေဖြင့် လိုက်ဆည်နေသောရုပ်သံမှတ်တမ်းများက ယခုဖြစ်စဥ်တွင်မည်သူက လိမ်ညာ၍ ၊မည်သူက အမှန်ပြောသည်ကို ထင်ရှားစေသည်။AA က နစ်မြှပ်စစ်သဘော်များမှ စစ်ကောင်စီတပ်သားမည်မျှကို ကယ်တင်ခဲ့ကြောင်းသတင်းမထုတ်ပြန်သော်လည်း ရုပ်သံမှတ်တမ်းတွင် ရေနစ်ရာမှကယ်တင်ထားသူ ဆယ်ဂဏန်းရှိသည်ကိုတွေ့ရ၏ ။ ရခိုင်စစ်ရေးသတင်းအမြစ်အဆိုအရ AA တပ်ဖွဲ့ဝင်များကယ်တင်ခဲ့သူများတွင် စစ်ကောင်စီတပ်မှ အရာရှိအချို့ပင် ပါဝင်ကြောင်းသိရသည်။
ရန်ကုန်မြို့မှ မြို့ပြပြောက်ကျားရဲဘော်တစ်ဦးက "အရင်လဲ
စစ်တပ်က ဒါမျိုး လူမျိုးရေးမှိုင်းတိုက်တာတွေ လုပ်ဖူးပါတယ်။ အခုခတ်မှာတော့ ဒါတွေလုပ်လို့ မရတော့ပါဘူး။ ပြည်သူတွေအနေနဲ့ ဒါကို မယုံဘဲ ဘုံရန်သူ စစ်ကောင်စီကိုပဲ ဆန့်ကျင်ဖို့ လိုအပ်ပါတယ်" ဟုပြောပါသည်။ ။

👍45🤮2
YDF ရဲဘော်နှစ်ဦးအပါအဝင် ပြည်သူများ သတ်ဖြတ်မှုကို နိုင်ငံတကာက အရေးယူပေးရန် ဂျပန်ရောက်မြန်မာများ တောင်းဆို
သုည/People's Spring
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ YDF ရဲဘော် နှစ်ဦး အပါအဝင် ပြည်သူများကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်မှုကို နိုင်ငံတကာက အရေးယူပေးရန် ယနေ့ (ဖေဖော်ဝါရီ ၁၅) တောင်းဆို ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြမြန်မာများက ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှ PDF ရဲဘော်နှစ်ဦးကို မီးရှို့သတ်ဖြတ်မှု အပါအဝင် မြန်မာပြည်သူများအပေါ် အာဏာသိမ်းစစ်ကောင်စီ၏ မတရား အကြမ်းဖက် သတ်ဖြတ်မှုကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက အရေးယူပေးရန်အတွက် တောင်းဆိုခဲ့ကြသည်။
ထို့အပြင် လက်ရှိ မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် အခြေအနေများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဆီ ပေးပို့သည့် တောင်းဆိုစာကိုလည်း ဂျပန်ကုလသမဂ္ဂရုံးထံ ပေးပို့ခဲ့သည်။
ဓာတ်ပုံ - CJ

👍52❤1🤮1