People's Spring
62.6K subscribers
66.8K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဆီဆိုင် - ဟိုပုံးအစပ်ရှိ ကျေးရွာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၍ ပြည်သူ နှစ်ဦးသေဆုံး၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရ

ဟန်နွေ/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် အစပ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ နှစ်ဦးသေဆုံးပြီး ရှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ယနေ့ ထုတ်ပြန်သည်။

"ပဆျာႏကလိုႏ” အမည်ရှိ ကျေးရွာကို ဖေဖော်ဝါရီ ၁၄ရက်မနက် ၁၀နာရီခွဲတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၅ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သားထိခိုက်ခဲ့ခြင်းဖြစ်ဟု အသိပေးသည်။

ထိုသို့ တိုက်ခိုက်၍ ပြည်သူနှစ်ဦး ထိခိုက်သေဆုံးခဲ့ရပြီး ပြည်သူ ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရသည့်အပြင် ပြည်သူလူထုနေအိမ်များစွာ ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်သည်။

ယင်းကျေးရွာ၌ PNLA တပ်စွဲထားခြင်းမရှိသကဲ့သို့ ယင်းဒေသ၌ တိုက်ပွဲဖြစ်ပွားမှုလည်း မရှိဟု ဖော်ပြသည်။

စစ်ကောင်စီသည် PNLAက ဆီဆိုင်မြို့ကို ထိန်းချုပ်ထားပြီးနောက် မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိပြီး ဘာသာရေးအဆောက်အဦးများအပါအဝင် ပြည်သူလူထုနေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့ရသည်။

ယခုဗုံးကြဲတိုက်ခိုက်ခံရသည့် ပဆျာႏကလိုႏကျေးရွာသည် ဆီဆိုင်မြို့နှင့် မိုင် ၄၀ကျော်ကွာဝေးပြီး ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် နယ်စပ်တွင်တည်ရှိသည့် ရွာဖြစ်ကြောင်း PNLAက အသိပေးသည်။

စစ်ကောင်စီနှင့်အပေါင်းအပါများ၏ ယခုလုပ်ရပ်သည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သကဲ့သို့ ပအိုဝ်းကျေးရွာ ဒေသများကို တမင်တကာဖျက်ဆီးနေသည့် ရက်စက်ယုတ်မာသည့် လုပ်ရပ်ပင်ဖြစ်ကြောင်း ထုတ်ပြန်သည်။
😢32🤬11👍6🔥1😡1
(စစ်ကောင်စီတပ်က ပဆျာႏကလိုႏအမည်ရှိ ကျေးရွာကို ဖေဖော်ဝါရီ ၁၄ရက်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
😢27🤬6👍3🔥1
😢48😡5👍3🤬3💔3🔥1
︎​မေးမြန်းခန်း

"(စစ်​ကောင်စီ)ကျရှုံးနေတယ်။ သို့သော်လည်းပဲ ကျနော်တို့ပြည်သူလိုလားတဲ့ တန်းတူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ဖြစ်ထွန်းဖို့က ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို အားလုံးက အချိတ်အဆက်မိမိ မလုပ်နိုင်ဘူးဆိုရင် ပန်း
တိုင်က သူ့အလိုလို နီးလာမှာမဟုတ်ဘူး"

ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ(PRCF)လုပ်ငန်းကော်မတီအဖွဲ့ဝင် SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်နှင့် မေးမြန်းခန်း

ထားမြတ်/Peopel's Spring

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ အပါအဝင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက်ပါတီများ စုပေါင်းပါဝင်တဲ့ ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ(PRCF)ကို ဖွဲ့စည်းထားကြောင်း ဖေဖော်ဝါရီ ၁၁ရက်မှာ အများပြည်သူသို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းမှုဖြစ်စ ကတည်းက UNA အဖွဲ့ဝင် ပါတီအချို့ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးပြည်သူ့ကော်မတီ(PRF)ကို ဖွဲ့စည်းရန် ဆွေးနွေးခဲ့ပြီး ၂၀၂၁ မတ်လ ၁၈ရက်တွင် PRCF အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့တာလို့ ဆိုပါတယ်။ ၂၀၂၁ မတ်လအတွင်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ရေးဆွဲရာမှာ PRCF အနေနဲ့ ပါဝင်ခဲ့ကြောင်း အသိပေးထားပါတယ်။ လက်ရှိမှာ PRCFကို အဖွဲ့ဝင် အဖွဲ့အစည်း ၁၂ဖွဲ့ ဖြင့် စုဖွဲ့ထားကြောင်း ၊ PRCF အနေနဲ့ ၂၀၂၂ မတ်လမှစ၍ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ဖေဖော်ဝါရီ ၃ရက်တွင် PRCF ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ကို ဆွေးနွေးပြီး နောက်ဆုံးမူကြမ်းအဖြစ် ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြကာ အဲဒီ နောက်ဆုံးမူကြမ်းကို ဖေဖော်ဝါရီ ၁၂ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ PRCF အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းအင်အားဖြင့် စုပေါင်းပိုင်ဆိုင်သော ပြည်ထောင်စုကို ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။ PRCF အဖွဲ့ဝင် အဖွဲ့အစည်းများမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ကရင်အမျိုးသားပါတီ(KNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP)၊ ဓနုတိုင်းရင်သားလူမျိုးများ ဒီမိုကရေစီပါတီ(DNDP)၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ(DNDP) မြိုအမျိုးသားဒီမိုကရေစီပါတီ(MNDP)၊ ကယန်းအမျိုးသားပါတီ(KNP)၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ(SSKDP)၊ မွန်ရေးရာအဖွဲ့(MAA) တို့ဖြစ်ပါတယ်။ PRCF အနေနဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ အခြားအဖွဲ့တွေနဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်နေတယ်ဆိုတာနဲ့ PRCF ရဲ့ ရပ်တည်ချက် သဘောထားတွေကို အဖွဲ့ဝင် ပါတီတစ်ခုဖြစ်တဲ့ SNLD ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို PRCF လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဖြစ်တဲ့ ဦးစိုင်းလိတ်ကို People's Spring က ​ဖေ​ဖော်ဝါရီ ၁၂ ရက်မှာဆက်သွယ်မေးမြန်းထားပါတယ်။

မေး။SNLD ပါဝင်တဲ့ PRCF စုဖွဲ့မှု ဖြစ်ပေါ်လာတဲ့ အခြေအနေ ရှင်းပြပါလား။

ဖြေ။ ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းလိုက်တာနဲ့ ကျနော်တို့ အရင် UNA + ( စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်)နဲ့ မိတ်ဖက်တွေ ၊မိတ်ဆွေပါတီတွေ အကုန်စုပြီးတော့မှ ကျနော်တို့ဘာလုပ်သင့်သလဲ စပြီးဆွေးနွေးတယ်။ အဲဒီနှစ် ဖေဖော်ဝါရီလအတွင်းမှာပဲ ကျနော်တို့ လက်ရှိ UNA ပုံစံနဲ့တော့ ရပ်တည်လို့ မရလောက်တော့ဘူး။ PRCF ပုံစံမျိုးနဲ့ ထပ်ပြီး ရင်ဆိုင်ဖို့အတွက်ကို လူစုတာပေါ့ဗျာ။ ပါချင်တဲ့သူ ပါလို့ရတယ်၊ မပါဘဲ ဖယ်နေလို့ရတယ်ပေါ့ဗျာ။ အဓိကကတော့ အချက် သုံးချက်ရှိပါတယ်။ တစ်အချက်က အာဏာရှင်စနစ်ကိုဆန့်ကျင်တယ်။ နှစ်အချက်ကတော့ ဒီနိုင်ငံရေးပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆိုင်တယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ပေါ်ပေါက်ဖို့အတွက် ကြိုးပမ်းမယ်။ ဖွဲ့စည်းပုံသစ်အရ အခြေခံလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်အ၀ ရအောင် ကြိုးပမ်းဆောင်ရွက်ကြမယ်။ အဲဒီအပေါ်မှာ သဘောတူရင်ပါမယ်၊ သဘောမတူရင်လည်းဘဲ
မပါဘဲနေလို့ရတယ် ဆိုပြီး စုခေါ်လိုက်တော့မှ PRCF ဆိုတာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

မေး။ဒီစုဖွဲ့မှုက အာဏာသိမ်းမှု သုံးနှစ်လောက်ကြာမှာ အပြင်မှာ သိလာရတဲ့ အခြေအနေကို ရှင်းပြပေးပါလား။ အခက်အခဲတွေရှိလို့လား။ ဘာကြောင့်လဲ။

ဖြေ။အခက်အခဲကတော့ မျိုးစုံပါပဲ။ တချို့ပါတီတွေဆိုရင် သူတို့ ခေါင်းဆောင်တွေ အဖမ်းအဆီးခံရလို့ ထောင်ထဲက ထွက်မလာသေးလို့ အဆုံးအဖြတ်မပေးနိုင်ဘူး။ တချို့က ပါတီရပ်တည်ရေးအတွက် ပြန်လည် မှတ်ပုံတင်မယ် မတင်ဘူး ဆုံးဖြတ်ရခက်နေတာမျိုးက အစပေါ့။ တချို့ကျတော့လည်း အင်မတန်ဝေးလံတဲ့ အရပ်မှာ ရှိနေတယ်။ အဆက်အသွယ်မရ ဖြစ်နေတယ်။ ဥပမာ ကယားပြည် ကရင်နီပေါ့။ ရှမ်းမြောက်က ကိုးကန့်လိုဟာမျိုးပေါ့။ အဲဒီပါတီတွေကျ အဆက်အသွယ်ပြတ်နေလို့ သူတို့ရဲ့ သဘောထား မရမချင်း မလုပ်နိုင်သေးတာလည်းပါတယ်။ ဒါကြောင့်မို့လို့ ကြန့်ကြာတာလည်းပါတယ်။ အခြားတစ်ဖက်မှာလည်း စစ်အာဏာသိမ်းတာ ၆ လလို့
👍31🤮1
ပြောထားပြီးတော့၊ တကြိမ် နှစ်ကြိမ်ပဲတိုးမလားလို့ စောင့်ကြည့်ရင်းနဲ့ နောက်ဆုံးကျတော့လည်း ၅ကြိမ်လောက်အထိ တိုးနေတဲ့အတွက် ဒါမဖြစ်သင့်တော့ဘူးလို့ ယူဆလို့ အခုမှ ထပြီးတော့မှ ကျနော်တို့ ကြေညာရခြင်းဖြစ်ပါတယ်။

မေး။ပါဝင်တာ နိုင်ငံရေးပါတီပဲလား တခြားဘယ်လိုပုံစံမှု ရှိပါသလဲ။

ဖြေ။ကျနော်တို့ စုဖွဲ့မှုက လေးပိုင်းလောက်ရှိပါတယ်။ တစ်က နိုင်ငံရေးပါတီ၊ နှစ်က အထွေထွေသပိတ်မှာပါတဲ့လူငယ်ကျောင်းသားနဲ့ အမျိုးသမီးတွေ ပါမယ်။ နောက် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ EAOs (တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့)တွေ ပါမယ်။ နောက် အရပ်ဘက် အဖွဲ့အစည်း ( CBO, CSO )တွေပေါ့။ အဲဒါတွေနဲ့ အကုန်လုံးချိတ်ဆက်ထားတယ်။ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံမှာကို အဲဒါတွေ ပါလို့ရတယ်။ ပါခွင့်ရှိတယ်ဆိုတာ ဖော်ပြထားပြီးသားဖြစ်တယ်။ တချို့ကလည်း အဆင်သင့်မဖြစ်သေးလို့ လောလောဆယ် နိုင်ငံရေးပါတီ အနေနဲ့ပဲ ထုတ်ပြန်လိုက်ရခြင်းဖြစ်ပါတယ်။

မေး။ ပုံစံအမျိုးမျိုးနဲ့စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိတော့ ဒီအဖွဲ့တွေနဲ့ ဘယ်လိုချိတ်ဆက်သွားမလဲ။ ချိတ်ဆက်မှုတွေရောရှိပါသလား။

ဖြေ။ချိတ်ဆက်မှုက ရှိပါတယ်။ အထူးသဖြင့်ကတော့ ကျနော်တို့ရဲ့ စောစောက ပြောတဲ့ ရပ်တည်ချက်ပေါ့ ၊ အာဏာ
ရှင်စနစ်ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး။ နောက် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံပေါ်ပေါက်ရေးရယ်၊ ဒီမိုကရေစီအခွင့်အရေးနဲ့ အခြေခံလူ့အခွင့်အရေး ရရှိရေး အတွက် ဖော်ဆောင်တဲ့ အင်အားစုတွေနဲ့ ကျနော်တို့ ချိတ်ဆက်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ဇန်နဝါရီ ၃၁ရက်က NUGနဲ့ တိုင်းရင်းသားလက်
နက်ကိုင်အဖွဲ့အစည်းတွေက ဘုံသဘောထား ရပ်တည်ချက်ထုတ်ထားတော့ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ၊ ဒီအပေါ်မှာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုတဲ့ သတင်းစကား ဘာတွေပြောလိုပါသလဲ။

ဖြေ။ ။ ၃၁ရက်နေ့က ထုတ်တဲ့ NUGနဲ့ KNU၊ KNPP နောက် CNFပေါ့ ။လေးဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အခြေခံသဘောအားဖြင့် ကျနော်တို့ လက်ခံတယ်။ သဘော
တူတယ်။ လုပ်ငန်းစဉ်အားဖြင့်တော့ နည်းနည်းကွဲပြားမှာပေါ့။ ဥပမာ သူတို့က ဖက်ဒရယ်ဖွဲ့စည်းပုံမသွားခင် ကြားထဲမှာ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမယ်ဆိုတာမျိုးတွေရှိတယ်။ ဒီဥစ္စာက ကြီးမားတဲ့ အဟန့်အတားမဟုတ်ဘူး။ ကြီးမားတဲ့ ကွဲပြားချက်မဟုတ်ဘူး။ ညှိနှိုင်းဆောင်ရွက်လို့ ရတာပေါ့။ အဓိက အားဖြင့်တော့ ဒီပြည်ထောင်စုကို ရှင်းရှင်းပြောရရင်ဗျာ၊ စစ်အာဏာသိမ်းမှုအလွန်မှာ ပေါ်ပေါက်လာမယ့် ကျနော်တို့ နိုင်ငံရဲ့ အခင်း
အကျင်းဟာ နဂို ပြည်ထောင်စုပုံစံအတိုင်းပဲဆိုရင် အဆင်မပြေဘူး။ ပြည်ထောင်စု အသစ်ပုံစံမျိုးနဲ့သွားရမယ်။ တန်းတူညီမျှမှုရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်တဲ့ပြည်ထောင်
စုသစ်တစ်ခုပေါ်ပေါက်ရမယ်။ သို့သော် အစိတ်စိတ် အမွှာမွှာပြိုကွဲသွားတဲ့ အနေအထားမျိုးတော့ မရောက်စေရဘူးဆိုတဲ့ အခြေခံမူမှာတော့ ရပ်တည်ချက်ချင်းတူပါတယ်ဗျ။

မေး။ ဒီ​နေ့ယာယီသမ္မတကလည်း ပင်လုံစာချုပ်ချုပ်ဆိုတဲ့ ၇၇နှစ်မြောက်နေ့ အထိမ်းအမှတ်အခမ်းအနားမှာ ပြောတာအထူးသဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးက နေ
မသွေဖီဆိုတာပါတာပေါ့။ အဓိကတော့ စုပေါင်းပြီး ပြည်
ထောင်စုအသစ်ကို ထူထောင်ဖို့ဆိုတာပေါ့။ လက်ရှိမှာ ​​ရော အဲဒီအတွက် စိုးရိမ်စရာ အနေအထားမြင်ရပါသလား။

ဖြေ။ ပြည်ထောင်စုကို အဓိပ္ပါယ်ဖော်တဲ့နေရာမှာ ကွဲပြားမှုလေးတွေရှိလာတာပေါ့။ ဥပမာ ၁၉၄၇ ပင်လုံစာချုပ်ချုပ်တဲ့အခါ ခေါင်းဆောင်တွေရဲ့ သဘောတူညီချက်မှာ လူမျိုးအပေါ်မှာ အခြေခံတာမဟုတ်ဘူး။ ၁၉၄၇ ဖက်ဒရယ်ပုံစံမျိုးက ဒေသတွေကို အခြေပြုပြီး စုပေါင်းလာတာဖြစ်တယ်။Federated Shan States၊ ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသနဲ့ ဒီအောက်မြန်မာပြည်မလို့ခေါ်တဲ့ဒေသပေါ့ ။ဒီဒေသလေးခုရဲ့ စုပေါင်းဖွဲ့တည်မှုနဲ့ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုက လူမျိုးကို အခြေမခံဘူး။ ဥပမာ ရှမ်းပြည်ဆိုလို့ရှိရင် အဲဒီ အချိန်တုန်းက ပအိုဝ်း၊ပလောင်၊ ဓနု၊ ကချင်၊ ရှမ်း အကုန်ပါကြတာကိုး။ အဲဒီလူမျိုးတွေ ဘယ်
လောက်ပဲ ပါပါ နောက်ဆုံးကျတော့ ရှမ်းပြည်တခုလုံးကို ကိုယ်စားပြုတဲ့ဟာတွေပဲဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဒေသကို အခြေခံပြီးစုဖွဲ့လာတဲ့ ဖက်ဒရယ်အပေါ်မှာ စုပေါင်းလုပ်ဆောင်ကြမယ် တန်းတူညီမျှမှုရှိစေရမယ်လို့ ကတိက
ဝတ် ပြုခဲ့ဦးတော့ တကယ်တမ်း အကောင်အထည် မဖော်နိုင်ခဲ့တော့၊ ဒီနေ့ ဒီအချိန်မှာ လူမျိုးတော်တော်များများက အဲဒီအပေါ်မှာ အမြင်မှားပြီး လူမျိုးပေါ် အခြေခံတဲ့ ဖက်ဒရယ်စနစ် (Ethnofederalism )လို့ နားလည်မှုလွဲပြီး အယူအကောက်တွေ တိမ်းစောင်းကုန်တာပေါ့။ အဲဒီဟာက နောင်တချိန်ကျရင် ဒီပြည်ထောင်စုကြီး ၊ အာဏာရှင်စနစ်အလွန်မှာ ဒီပြည်ထောင်စုကြီးက တကွဲတပြားစီ ဖြစ်သွားနိုင်စရာ ပေါ်ပေါက်မလားလို့တောင် စိုးရိမ်စရာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီအခြေအနေမျိုးကို ကျနော်တို့က လက်သင့်မခံသင့်ဘူး၊ မဖြစ်သင့်ဘူး ယူဆလို့ ဒီနေ့ ဒီအချိန်မှာ စစ်အာ
ဏာရှင် အလွန်မှာ ဖြစ်သင့်တဲ့ ပြည်ထောင်စုပုံစံဆိုပြီး ထုတ်
ဖော်ပြောကြားရခြင်းဖြစ်ပါတယ်။
👍32🤮1
မေး။ဒီကနေ့ယာယီသမ္မတရဲ့ မိန့်ခွန်းမှာပြည်ထောင်စုအသစ်တည်ဆောက်တဲ့အခါ ပဋိပက္ခအသစ်တွေမဖြစ်စေလိုဘူးဆိုတဲ့အပေါ်မှာ အဲဒီလို ပြဿနာ အသစ်တွေ ထပ်မဖြစ်ဖို့ အင်အားစုအသီးသီးကို ဘာ​ပြောလိုပါသလဲ။

ဖြေ။အဓိကကတော့ ကျနော်တို့က အာဏာရှင်စနစ်မှန်သမျှကို လုံး၀ ပျက်သုဉ်းသွားအောင် စုပေါင်း ချေမှုန်းပစ်ရပါမယ်။ အဲဒီနောက်မှာ ကျနော်တို့ ရလိုတဲ့ ရလဒ်တစ်ခု မရသေးခင်မှာ၊ နောက် ရလဒ်ရလာတဲ့အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ စုပေါင်းညီညွတ်စွာ အတူနေထိုင်သွားကြမယ်ဆိုတဲ့ဥစ္စာကို တချိန်တည်း တပြိုင်တည်း စဉ်းစားထားဖို့လိုအပ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေတယ် ပြောပြီး ကိုယ့်ကိုယ်၌က စစ်ဝါဒကို ပြန်ထူထောင်နေတာမျိုးဆိုရင် အဆင်မပြေဘူးဆိုတာကိုပဲ နိဂုံးချုပ်ပြောလိုပါတယ်။

မေး။လက်ရှိ သုံးနှစ်အတွင်း စစ်ကောင်စီရဲ့ စစ်ရေး၊ နိုင်ငံ
ရေးမှာ သူ့အနေအထား ကိုဘယ်လိုသုံးသပ်ပါလဲ။

ဖြေ။စစ်ကောင်စီကတော့ ကျနော်တို့ အမြင်မှာ အဖက်ဖက်က ကျရှုံးနေတာပေါ့။ ကျဆုံးသွားတဲ့ အဆင့်တော့ မရောက်သေးပါဘူး။ အဖက်ဖက်မှာ သူက ဆုံးရှုံးနေတယ် ကျရှုံးနေတယ်။ သို့သော်လည်းပဲ ကျနော်တို့ပြည်သူလိုလားတဲ့ တန်း
တူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ဖြစ်
ထွန်းဖို့က ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို အားလုံးက အချိတ်
အဆက်မိမိ မလုပ်နိုင်ဘူးဆိုရင် ပန်းတိုင်က သူ့အလိုလို နီးလာမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ စုဖွဲ့မှု ဒီထက်ပိုကျစ်လျစ်ဖို့လိုအပ်တယ်။ ကျနော်တို့ သွားချင်တဲ့ ပန်းတိုင်ရဲ့အလွန်မှာ မဖြစ်သင့်မဖြစ်ထိုက်တာကို အခုကတည်းက ကြိုတင်ပြီးတော့မှ ပြင်ဆင်ထားသင့်တယ်၊ ညှိနှိုင်းထားသင့်တယ်ဆိုတာလောက်ပဲ ဖြည့်ပြောချင်ပါတယ်။

မေး။စစ်ကောင်စီ ကျရှုံးနေတယ်ဆိုတာ သုံးသပ်ကြတယ်။ တစ်ဖက်မှာလည်း NUGနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက်မှာ စစ်တပ်အာဏာ
သိမ်းမှုကို ဖယ်ရှားပြီး အာဏာလွှဲပြောင်းရေး အေးအေးချမ်းချမ်းလုပ်သွားနိုင်ဖို့ စစ်ကောင်စီအတွက် လမ်းဖွင့်ပေးထားတဲ့ အနေအထားလည်းရှိတော့ ဒီအခင်းအကျဉ်းကို စစ်ကောင်စီဘက်က လက်ခံနိုင်ဖို့ အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ဒါက ကျနော်တို့လို နိုင်ငံရေးပါတီအစုအဖွဲ့နဲ့တော့ တိုက်ရိုက်မပတ်သက်ဘူး။ သို့သော်လည်းပဲ ၃၁ရက်နေ့ ပဒိုတာဒိုမူး(KNU အထွေထွေအတွင်းရေးမှူးချုပ်)တို့ လေးဖွဲ့ (NUGနှင့် ကရင်၊ ချင်း၊ ကရင်နီအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ)ထုတ်တဲ့ စတိတ်မန့်ထဲမှာတော့ ပါပါတယ်။ ကျနော်တို့က စားပွဲဝိုင်းပေါ်မှာ မဖြစ်မနေ တစ်ရက်တော့ တွေ့ရမယ်လေ။ ဒါပေမဲ့ အဲဒီ စားပွဲဝိုင်း တွေ့ဆုံရေး ပေါ်ပေါက်ဖို့ဆိုရင် စစ်ကောင်စီဘက်ကလည်းပဲ သူ့မှာလိုက်နာရမယ့် စည်းကမ်းတွေရှိတာပေါ့။ တဖက်က ဖြစ်ချင်တာကို အကုန်
လုံးက ပွင့်ပွင့်လင်းလင်းပြောထားပြီးပြီ။ သူ့ဖက်ကလည်း ဖြစ်သင့်တာကို ပြန်ပြီးချိန်ဆဖို့လိုအပ်တာပေါ့။ တစ်ဖက်နဲ့တစ်ဖက် အပြုတ်တိုက်ဖို့ဆိုတာ တိုင်းပြည်စိစိမွှမွှကြေရုံပဲရှိမယ်၊ လူငယ်တွေရဲ့ အနာဂတ်ပျောက်ရုံပဲ ရှိမယ်။ ဆိုတော့ အဲဒီ အခြေအနေမျိုး မရောက်ခင် နှစ်ဖက်စလုံးက အနာဂတ်ကို ရည်မှန်းပြီးတော့မှ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာမျိုးကတော့ အဲဒီလမ်းကြောင်းပေါ်အောင်တော့ ကြိုးစားဖော်ဆောင်ရပါမယ်။ ။
👍45🤮1
👍40💩2
ငွေစက္ကူရိုက်နှိပ်ထုတ်ဝေသော ဝါဇီစက်ရုံရှိ စစ်တပ်အား PDF လေးဖွဲ့က ပစ်ခတ်တိုက်ခိုက်

ဟာနာဆန်/People's Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် ချောက်မြို့နယ်စပ်ရှိ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေသော ဝါဇီစက်ရုံမှ စစ်ကောင်စီတပ်အား PDF အဖွဲ့လေးဖွဲ့ခွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး Black Hawk Seikphyu Revolution Front၏ တာဝန်ရှိသူက ပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီခန့်က ငွေစက္ကူထုတ်ဝေရာ ဝါဇီစက်ရုံ (လုံခြုံရေးနှင့် သက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ- လ.န.စ)အား Short Range Missile ၂၇လုံး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး- BHSRF၏ တာဝန်ရှိသူက ပြောသည်။

ပထမခံစစ်စည်းဖြစ်သော ချိုက်​ကျေးရွာရှိ လက်နက်ကြီးစခန်းအား DROP BOMB ခြောက်လုံးဖြင့်လည်းတစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး လည်ကျင်းကျေးရွာအနီးရှိ လက်နက်ကြီးအထိုင်နှင့် ကင်းပုန်းများကိုလည်း အလစ်အငိုက်တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်​၏ ထိခိုက်ပျက်စီးမှုများရှိကြောင်း သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး- BHSRF၏ တာဝန်ရှိသူက ပြောသည်။

"ဝါဇီထဲကျပါတယ်။ ချိုက်ကျေးရွာဆိုတာ ဝါဇီစက်ရုံရဲ့ အနောက်တည့်တည့် ၂မိုင်အကွာက ရွာပါ။"ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး- BHSRF၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ Droneလက်ရုံးတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များဖြစ်ကြသော ပခုက္ကူခရိုင် အမှတ်(၈) တပ်ရင်း၊ တပ်ခွဲ (၁)တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"၁၄ရက်နေ့ ညနေ ဆိပ်ဖြူယော၀သင်္ချိုင်းမှာ ဝါဇီမှာတာ၀န်ကျတဲ့ စခ ၁၀လောင်းလာ သင်္ဂြိုလ်တယ်တဲ့။ အထိအခိုက်များလို့ Complain တက်ကြတယ်။ဝါဇီထဲမှာ ခွေးချင်းကိုက်ကုန်ကျပြီ။"ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်အုပ်စုထိခိုက်မှုအခြေအနေအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဝါဇီစက်ရုံကို ပြီးခဲ့သည့် ၂၀၂၃ကလည်း ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။
👍493👏3🤣1
👍503🔥1
(တိုက်ခိုက်ရာတွင်အသုံးပြုခဲ့သော လက်နက်များအားတွေ့ရစဥ်။ ဓာတ်ပုံ-ဒေသတွင်းတော်လှန်ရေးအင်အားစု)
👍413🔥1
︎​ဆောင်းပါး

စစ်ပွဲအရှုံးကို လူမျိုးရေးပဋိပက္ခဖြင့်
ဖုံးကွယ်ရန်ကြိုးစား​နေ​သောစစ်​ကောင်စီ

အင်ကြင်း၊ယောနသံ /People's Spring

ရခိုင်ပြည်နယ်တိုက်ပွဲများတွင် စစ်ရှုံး၍ မြို့ ၅ မြို့ နှင့် စစ်သင်္ဘောများဆုံးရှုံးပြီး​​နောက် စစ်​ကောင်စီက AAကိုယှဥ်မတိုက်နိုင်​သောအခါ လူမျိုး​ရေး ပဋိပက္ခများဖန်တီးရန်ကြိုးစားလာသည်။

၁၀၂၇ စစ်ဆင်​ရေးတွင် စစ်ရှုံးပြီး​နောက်စစ်​ကောင်စီက
ကိုးကန့်​ဒေသစစ်ပွဲမှာမျိုးနွယ်စုချင်းဖြစ်ပွား​သောပြသာနာဟုလည်း​ကောင်း ၊ ကိုးကန့်တပ် MNDAA သည် ဘုရားများကိုလိုက်လံဖျက်ဆီးသည်ဟုလည်း​ကောင်း ၊TNLA ကိုလည်း ဘုရားဌာပနာများ​ဖောက်ထွင်းသည်ဟုလည်း​ကောင်း ၊ ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံးဖွဲ့နှင့်အတူ တရုတ်စစ်သားများကပါပူး​ပေါင်းတိုက်ခိုက်​နေသည့် ပြည်ပကျူး​ကျော်စစ်ပွဲဟုလည်း​ကောင်း မျိုးစုံဇာတ်လမ်းဆင်ဝါဒဖြန့်ခဲ့​သော စစ်​အုပ်စုသည် ရခိုင်​ဒေသတိုက်ပွဲအတွက် ဇာတ်လမ်းတစ်ပုဒ်ဖန်တီး​လာကြပြန်သည်။ စစ်အုပ်စု ၊စစ်တပ် သြဇာခံ အမျိုးသား​ရေးအစွန်းအုပ်စုများ ​မကြာခဏ ဖန်တီး​လေ့ရှိသည့် လူမျိုး​ရေးပဋိပက္ခဖန်တီးရန် ကြိုးစားလာကြခြင်းဖြစ်ပါသည်။

ယခုရက်ပိုင်းတွင် စစ်​ကောင်စီနှင့် ဘာသာ​ရေးအစွန်း​ရောက်မဘသများက ရန်ကုန်နှင့် မန္တလေးမြို့ပေါ်တွင် ရခိုင်ဆန့်ကျင်ရေး စာရွက်များ မြို့အနှံ့ လိုက်ကပ်နေပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် အရှိန်မြှင့် ဖန်တီးလာကြသည်။

ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းက မန္တလေးမြို့လယ်ရှိ ၃၅ လမ်းကုန်းကျော်တံတား၊ ၄၁လမ်းကုန်စိမ်းညစျေးအပါအဝင် စျေးများ၊ လူစည်ကားရာလမ်းမများ၊ ဓာတ်တိုင်များ၌ စစ်တပ်​ထောက်ခံသူနှင့်မဘသများက ရခိုင်လူမျိုးများအား လူမျိုးရေးခွဲခြားပြီး ခြိမ်းခြောက်ထားသည့် စာရွက်စာတန်းများအား လိုက်ကပ်လာကြောင်း မန္တလေးမြို့ခံများက ပြောသည်။

အဆိုပါစာရွက်များတွင် "ပြည်သူတွေအနေနဲ့ မန္တလေးမြို့ပေါ်က ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေကို သွားရောက်ဝယ်ယူခြင်းမပြုရန် သတိပေးတားမြစ်လိုက်သည်"၊ "ရခိုင်ဆိုင်တွေမှန်သမျှ မန္တလေးမြို့ပေါ်ကထွက်သွားကြ"၊ "ရက်စက်ယုတ်မာတဲ့ AA အကြမ်းဖက်သမားတွေကို ဆန့်ကျင်သည့်အနေဖြင့် မန္တလေးမြို့ပေါ်က ရခိုင်ဆိုင်မှန်သမျှကို ဝယ်ယူစားသောက်အားပေးခြင်း ရှောင်ကျဥ်ကြပါ"၊ "လူမျိုးရေးဝါဒစွဲပြင်းထန်ပြီး အစွန်းရောက်နေတဲ့ ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေ အခုချက်ချင်းပိတ်သိမ်းပါ" အစရှိသည့်စာသားများရေးသားထားသည်။

အဆိုပါ လှုံ့​ဆော်မှုများနှင့် ပတ်သပ်၍ မန္တလေးမြို့ခံတစ်ဦးက"ဘာမှမဆိုင်ဘူး။ လူမျိုးရေးနဲ့လွှဲချနေတာ"ဟု ပြောသည်။

ထိုစာသားတိုင်း၏ အောက်ခြေ၌ မန္တလေးမြို့သူမြို့သားများဟု အလွဲသုံးစားလုပ်ကာ ပြည်သူချင်းပါ ရန်တိုက်ပေးနေသည်ဟု မန္တလေးမြို့ခံများက ပြောသည်။ မန္တ​လေးမြို့ခံပြည်သူများမှာ မည်သူမျှ ထိုသို့မလုပ်ဘဲ စစ်​ကောင်စီ စစ်မှုထမ်းဥပ​ဒေ​ကြောင့် ပြည်သူများမှာ​ပေါ်တာဆွဲခံရမည့်စိုး၍ ညပိုင်းအပြင်ထွက်သူနည်းချိန်တွင် ထိုစာများကပ်သူများမှာစစ်​ကောင်စီသာဖြစ်​ကြောင်း မြို့ခံပြည်သူများက​ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ပေါ်ရှိ လူစည်ကားရာနေရာများနှင့် ရခိုင်ရိုးရာစားသောက်ဆိုင်များ၊ လူသိများ​​သော​ဈေးဆိုင်များရှေ့တွင်လည်းအလားတူစာသားများ လိုက်လံကပ်၍ လူမျိုး​ရေး ပြသာနာဖန်တီး​နေသည်ကို​တွေ့ရသည်။

"ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ AAက စစ်တပ်ကို တိုက်တာတွေအရမ်းကိုအားကျနေတာပါ။မန်းလေးကဖြင့်။ကျမတို့ရပ်ကွက်တင်မဟုတ်ဘူး။ အနယ်နယ်က သဘောကျနေတာပါ။စာကပ်လည်းအရေးစိုက်မှာ ဟုတ်ပါဘူး" ဟု မန္တ‌လေးမြို့ခံတဦးက သူ့ခံစားချက်ကို​ပြောသည်။

စစ်အုပ်စုသည် ရခိုင်ပြည်နယ် တွင် စစ်ရှုံးပြီး မြို့ ​လေးမြို့ကို ရက်ပိုင်းအတွင်းဆုံးရှုံးခဲ့ရကာ စစ်သဘာ်များကိုပင် တိုက်ခိုက်​ချေမှုန်းခံ​နေရသည် ကို ဝန်မခံဘဲ လူမျိုး​ရေးပြသာနာများ ဖန်တီး​နေခြင်းဖြစ်သည်။ အထူးသဖြင့် ကျောက်တော်မြို့၌ ဖေဖော်ဝါရီလ ၇ ရက်နှင့်၈ရက်က ဖြစ်ပွားခဲ့သည့်ရေကြောင်းတိုက်ပွဲ၌ ​ခေတ်မီလှသည်ဟု အစဥ်တစိုက်ဝါဒ
ဖြန့်ခဲ့​သော ​ရေတပ်မှ စစ်သ​ဘော် ၃ စီးကို AAကတိုက်ခိုက်​ချေမှုန်း​ရေနစ်ခဲ့သည့်အ​ပေါ် ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ပုံရသည်။

အရှုံးကို ဝန်မခံဘဲ ​စစ်သ​ဘော်​ပေါ်မှ တိုက်ခိုက်ခံရ၍ ကမ်း​ခြေ၌ ​ရေကူး​​လာသူများကို ​ဒေသခံများက ဓါးဖြင့် ခုတ်သတ်သည်ဟုလည်း​ကောင်း ၊ က​လေးနှင့် အမျိုးသမီးများကိုပါ မချန် AA က​တိုက်ခိုက် ​ချေမှုန်းခဲ့သည်ဟုတစ်ဖုံ လုပ်ကြံဖန်တီးထား​​​သော ဇာတ်လမ်းမျိုး စုံဖြင့် လူမျိုးရေးပဋိပက္ခဖြစ်လာရန်လူမှုကွန်ယက်တွင် အင်နှင့်အားနှင့် လှုံ့​ဆော်ဝါဒဖြန့်ကြသည်။

အ​စောပိုင်းတွင် စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်များနှင့် စစ်တပ်​ထောက်ခံသူများ၏ ပစ်မှတ်မှာ​ ​ရေကူး၍ ကမ်း​ခြေ​ရောက်လာသူများကို သတ်သည်ဆိုကာ ဒေသခံပြည်သူများကိုဖြစ်သည်။ သို့​သော် ​မြေပြင် အ​ခြေအ​နေ သိ​သောပြည်သူများက တိုက်ပွဲအပြင်းအထန်ဖြစ်ပွား​နေ​သောထို​နေရာ၌ ​ဒေသခံပြည်သူများမရှိဘဲ စစ်တပ်ရန်​ကြောက်၍ အ​စောကတည်းကထွက်​ပြေး​နေကြရ​​ကြောင်း​​ရေးသားရှင်းပြကြသည်။
👍40🤮21