People's Spring
62.5K subscribers
66.8K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရွှေဘိုမြို့နယ် ရွာသာရွာပျူစောထီးစခန်းအား PDF သိမ်းပိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာပျူစောထီးစခန်းကို တော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ရက်) နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ ရွာသာရွာရှိ ပျူစောထီးစခန်းအား တော်လှန်ရေးတပ်ပေါင်းစုများက စခန်းသိမ်း သွားရောက်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အထိနာပြီး စခန်းစွန့်ခွာထွက်ပြေးသွားကာ နံနက် ၁၀ နာရီခွဲခန့်တွင် စခန်းအားလုံးကို စီးနင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

"အဖွဲ့ ငါးဖွဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့က တစ်ယောက်ကျတယ်။ တခြားအဖွဲ့က နှစ် ယောက်ကျတယ်။ တိုက်ပွဲက နှစ်ကြိမ်ဖြစ်တယ်။ ညလယ်ခေါင် ၁၂ နာရီကနေ ၁ နာရီခွဲလောက်က​ တစ်ကြိမ်ဖြစ်တယ်။ မနက် ၆ နာရီလောက်မှာ နောက်တစ်ခေါက်ထပ်တိုက်တယ်။ ၈ နာရီလောက်မှာရွာထဲ ဝင်နိုင်တယ်။ ၁၂ နာရီလောက် မှာ တစ်ရွာလုံးကိုသိမ်းပိုက်နိုင်ပြီး ရှင်းလင်းရေးဝင်ခဲ့နိုင်တယ်"ဟု 96 soldiers-PDFအညာဒေသတပ်ခွဲ၏ခေါင်းဆောင် ကိုဇေယျာလွင်က ပြောသည်။

စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိကြောင်း၊ ထို့အပြင် ကိုးလုံးပြောင်းချော တစ်လက်၊ အီနာဂါ ဗုံးသီး နှစ်လုံး၊ MA 2 ဗောက်တစ်ခု၊ ယူနီဖောင်းအချို့ သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

တော်လှန်ရေးအင်အားစုများမှ ကျဆုံးရဲဘော် သုံးဦး​၏ ရုပ်အလောင်းများအား ပြန်လည် သယ်ဆောင်နိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ကျန်စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် အနီးရှိ ပလိုင်းပျူစောထီးရွာအား ထွက်ပြေးသွားကြောင်း တိုက်ပွဲဝင်ရဲဘော်များထံမှ သိရသည်။

ယင်း စစ်ဆင်ရေးကို shwebo crocodile ၊‌ ရွှေဘိုပြည်သူ့လုံခြုံ‌‌ရေးတပ်ဖွဲ့ ၊မဟာမိတ်ဖြစ်သေား ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တန (၅) တပ်ပေါင်းစု 96 soldiers-PDFအညာဒေသတပ်ခွဲ၊တန၊(၂) တပ်ပေါင်းစု ဗိုလ်အလင်းရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒပယ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပျူစောထီးရွာသည် ပြည်သူနှင့်တော်လှန်ရေးအင်အားစုများအား အာဏာသိမ်းကာလတလျှောက် ဒုက္ခပေးခဲ့ပြီး တော်လှန်ရေးအင်အားစုများနှင့် မကြာခဏတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
👍42🥰6😢61😁1
42👍19🤮3🥰2
(ရွာသာပျူရွာအား တော်လှန်ရေးအင်အားစုများက စခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ-File Photo)
👏24👍13🏆6🥰3🤮2
“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

◾️စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့ မဖြစ်နိုင်တော့လို့ တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်းတိုက်ပွဲဝင်မည်ဟု NMSP ကြေညာ

စစ်ကောင်စီနဲ့ ဆက်ဆံသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို လက်မခံတဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မယ်လို့ ဒီနေ့မနက်မှာကြေညာချက်ထုတ်လိုက်ပါတယ်။ မွန်ပြည်သစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်တူညီသူတွေဟာ စစ်ကောင်စီကို တော်လှန်မယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်တာပါ။ ဒီလို တော်လှန်ရာမှာလည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမယ်လို့ ကြေညာချက်မှာထည့်သွင်းအသိပေးထားပါတယ်။ NCA စာချုပ်အရ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီနဲ့ သုံးကြိမ် တွေ့ဆုံပြီး လိုလားတဲ့ ဖက်ဒရယ်အခြေခံမှုတွေ ဆွေးနွေးခဲ့ပေမယ့် လုံးဝမရခဲ့ဘူးလို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့က ဆိုပါတယ်။

◾️AAက မင်းပြားမှာ စစ်သင်္ဘောတစ်စီးကို ထပ်မံတိုက်ခိုက် သိမ်းပိုက်

ရက္ခိုင်ပြည်နယ်အတွင်း တိုက်ပွဲများမှာ စစ်ကောင်စီတပ် သင်္ဘောလေးစီးနစ်မြုပ်အောင် တိုက်ခိုက်ထားနိုင်တဲ့ ရက္ခိုင့်တပ်တော်(AA)က မနေ့က စစ်သင်္ဘောတစ်စီးကို ထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။ မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စစ်သင်္ဘော နောက်ထပ်တစ်စီးကိုလည်း ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဓါတ်ပုံနှင့်တကွထုတ်ပြန်ပါတယ်။ ခြောက်ရက်တာကာလအတွင်း ရေကြောင်းတိုက်ပွဲများမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘောသုံးစီးနဲ့ ဇက်သင်္ဘောနှစ်စီး စုစုပေါင်း ငါးစီးကို AAက တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပါတယ်။ အခြားစစ်သင်္ဘောလေးစီးကိုလည်း ရေချလို့ မရနိုင်သည်အထိ ပျက်စီးသွား​အောင်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

◾️တောင်ကိုရီးယားမှာ ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသမီးများသွားရောက် လုပ်ကိုင်ခွင့်ရမည်

တောင်ကိုရီးယားနိုင်ငံသို့ EPSစနစ် အလုပ်သမားစေလွှတ်ရာမှာ ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသမီးများ ပါဝင်ရတော့မယ်လို့ ကိုရီးယားနိုင်ငံက ထုတ်ပြန်ဖော်ပြပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းများမှာ မီးဖိုချောင်အကူ၊ အဆောက်အဦးသန့်ရှင်းရေး၊ စားသောက်ဆိုင်၊ ဆေးရုံ၊ ဟိုတယ်နဲ့ ကွန်ဒိုများမှာ လုပ်ကိုင်ဖို့ဖြစ်တယ်လို့ ကိုရီးယားနိုင်ငံသို့အလုပ်သမားစေလွှတ်တဲ့ အလုပ်သမားအေဂျင်စီများက ပြောပါတယ်။ ဒါ့အပြင် မြန်မာအတွက် အလုပ်သမားခွဲတမ်း ၃,၃၀၀ကျော်ရှိပြီး သန့်ရှင်းရေးနဲ့ စားသောက်ဆိုင် လုပ်ငန်းများမှာ လုပ်ကိုင်ရမယ်လို့ ဆိုပါတယ်။ သွားရောက်လုပ်ကိုင်လိုသူများဟာ အခြေခံပညာအထက်တန်းအောင်မြင်ထားသူများဖြစ်ရမှာဖြစ်ပြီး အခြေခံပညာ အထက်တန်းဆောင်မြင်ပြီးမြောက်ကြောင်းလက်မှတ်တင်ပြရမယ်လို့လည်းအေဂျင်စီများထံမှ သိရပါတယ်။

◾️စစ်ကောင်စီထောက်ပို့ကားကို PDF ကြားဖြတ်တိုက်ခိုက်၊ လက်နက်ခဲယမ်းများသိမ်းယူ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ​တော်လှန်ရေးတပ်ဖွဲ့များရဲ့ တိုက်ခိုက်မှုကြောင့် စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စစ်ကူနဲ့ လက်နက်​ပေးပို့ဖို့ ထွက်လာ​တဲ့ ကားကို အမှတ်(၁)စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ကာ လက်နက်ခဲယမ်းများကို သိမ်းပိုက်လိုက်ပါတယ်။ တမူးမြို့နယ်၊ အောင်ဇေယျစစ်စခန်းမှ ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ အမှတ်(၈၉)ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့များထံသို့ ဟုမ္မလင်းမြို့ရှိ စစ်တပ်က စစ်ကူနဲ့ လက်နက်ခဲယမ်းများပေးပို့​တဲ့ လက်နက်ပို့ယာဥ်ကို မနေ့က PDFများက ကြားဖြတ်တိုက်ခိုက် သိမ်းပိုက်လိုက်တာလို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

◾️စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ပြည်တွင်းခရီးသွားလုပ်ငန်းကို စစ်ကောင်စီ တင်းကြပ်

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ခရီးသွားလုပ်ငန်းကို စောင့်ကြည့်တင်းကြပ်လိုက်ပြီး ပြည်တွင်းခရီးသွားလာရာမှာ ခရီးသွားခွင့်ကဒ်ဖြင့်သွားဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အသိပေးလာတယ်လို့ ပြည်သူအချို့က ပြောပါတယ်။ ခရီးသွားကဒ်လို့ ခေါ်တဲ့ ခရီးသွားခွင့် အထောက်အထားကဒ်ကို အခကြေးငွေယူကာ ပြုလုပ်ပေးနေတဲ့ အစီအစဉ်ကို ဒေသအများစုရှိ ရပ်ကွက်နဲ့ကျေးရွာများမှာ စတင်လုပ်ဆောင်နေတာလို့ ဆိုပါတယ်။ စစ်ကောင်စီဟာ မိုင်းအနည်းငယ်သာရှိတဲ့ မြို့ချင်းဆက်ခရီးသွားယာဥ်လိုင်းများထက် မိုင်ရာချီဝေးတဲ့ ခရီးသွားယာဥ််လိုင်းများကို အဓိကစစ်ဆေးနေတယ်လို့ သိရပါတယ်။

◾️လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးနဲ့ ရဲတပ်ရင်း(၉) အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ
👍38🤮1
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ အနောက်ပိုင်း စုပေါင်းရုံးအနီးနဲ့ ရဲတပ်ရင်း(၉)တို့ကို မနေ့ညပိုင်းက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။ မနေ့ ညပိုင်းက လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးအနီးနဲ ရဲတပ်ရင်း(၉)တို့ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ဖောက်ခွဲမှုဟာ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ မတရားဥပဒေကို အကောင်အထည်ဖော်အသက်သွင်းမှုကို အနှောင့်အယှက်ဖြစ်စေဖို့ ရည်ရွယ်ကာ တိုက်ခိုက်ခဲ့တာလို့ Dark Shadow အဖွဲ့က ဆိုပါတယ်။

◾️မြိုင်မြို့နယ်မှာ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးထက်မနည်း သေဆုံး၊ ၅ဦး အရှင်ဖမ်းမိ

မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ကျေးရွာမှ ကင်းပတ်လာတဲ့ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးထက်မနည်း သေဆုံးကာ လက်မြှောက်အညံ့ခံခဲ့တဲ့ ပျူ ၅ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့များက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မြိုင်​မြို့နယ်၊ သရက်ကန်ပျုစောထီးကျေးရွာရဲ့ တောင်ဘက် မီတာ ၁၀၀ခန့်သို့ ကင်းပတ်ထွက်လာတဲ့ အင်အား ၁၅ ဦးခန့်ပါ ပျုစောထီးများကို မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့တာပါ။ ပျူစောထီး နှစ်ဦး နေရာမှာ ပွဲချင်းပြီး သေဆုံးပြီး ၅ဦးအရှင်ဖမ်းမိခဲ့တာလို့ Earthquake People's Defence Force အဖွဲ့ တာဝန်ခံ ကိုအရှည်ကြီးက ပြောပါတယ်။
👍43🤮1
👍555👏3😁2
ပဒိုမန်းရှာလာဖန်းသည် အဖွဲ့အစည်းခက်ခဲချိန် KNU၏ ပုံရိပ်ကို မြှင့်တင်ပေးခဲ့ပြီး မျိုးဆက်သစ် ခေါင်းဆောင်များ မွေးထုတ်ပေးခဲ့ဟု အဖွဲ့တာဝန်ရှိသူပြော

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဖြစ်သူ ပဒိုမန်းရှာလာဖန်း ကျဆုံးခြင်း (၁၆)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ယနေ့ ကျင်းပခဲ့ရာ KNU အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ပဒိုမန်းရှာလာဖန်းသည် KNU အဖွဲ့ အခက်ကြုံနေချိန်အဖွဲ့၏ ပုံရိပ်မြှင့်တင်ပေးခဲ့ပြီး လူငယ်မျိုးဆက်သစ်ခေါင်းဆောင်များကို မွေးထုတ်ခဲ့ဟု အသိပေးသည်။

ပဒိုမန်းရှာလာဖန်းသည် မသမာသူများ၏ လုပ်ကြံမှုဖြင့် ၂၀၀၈ ဖေဖော်ဝါရီ ၁၄ရက်တွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ရာ ယနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်)သည် ခေါင်းဆောင်ကြီး ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း (၁၆)နှစ်ပြည့် အောက်မေ့ဖွယ်နေ့ဖြစ်ကြောင်း၊ ဤအသိမှတ်ပြုသတိရခြင်းနှင့်အတူ ပဒို၏ မမေ့ထိုက်သော တန်းဖိုးရှိ အဆိုမိန့်များကို ကိုယ်စီကိုယ်စီ နှလုံးတွင်ထည့်သွင်းထားရမည်ဖြစ်ကြောင်း KNUက ယနေ့ထုတ်ပြန်သည်။

KNU အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းကလည်း ပဒိုမန်းရှာလာဖန်း အမှတ်တရာ ဂုဏ်ပြုစကား ပြောကြားခဲ့ရာ KNU ဌာနချုပ် မာနယ်ပလောသည် ၁၉၈၈ အလွန်တွင် မြန်မာနိုင်ငံတစ်ခုလုံး၏ စစ်အာဏာရှင်ကို တော်လှန်သည့် ပင်မ ဗဟိုဖြစ်ခဲ့ကြောင်း ၊ ၁၉၉၄တွင် ရန်သူ့၏ သပ်လျှိုဖြိုခွဲမှုကြောင့် ဖြစ်လာသည့် KNU ၏ အဖွဲ့အစည်းတွင်း ပဋိပက္ခမှတဆင့် မာနယ်ပလောကို စွန့်လွှတ်လိုက်ရကြောင်း၊ ထိုသို့ ဌာနချုပ် စွန့်လွှတ်လိုက်ရချိန် KNU၏ ကျဆုံးခန်းကို မေးခွန်းထုတ်လာခြင်းများရှိကြောင်း ပြောပြသည်။

"အဲဒီ ကာလမျိုးမှာ ပဒိုမန်းရှာလာဖန်းလို ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော မဟာမိတ်တပ်ပေါင်းစု ဒီမိုကရေစီ အင်အားစုတွေရော ပြန်လည်စုစည်းခြင်းနဲ့ မှန်ကန်သည့် လုပ်ငန်းစဉ် မှန်ကန်တဲ့ စုဖွဲ့မှု၊ မှန်ကန်တဲ့ ပေါင်းသင်းဆက်ဆံမှု နဲ့ မှန်ကန်တဲ့ သူ့ရဲ့ စည်းရုံးရေးလုပ်ဆောင်ချက်တွေ အပြင် ထိရောက်တဲ့ သူ့ရဲ့ ပြောဆိုချက်တွေကြောင့် တိုင်းရင်းသားလူမျိုးလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးတွေ့ဆုံရတဲ့ အခွင့်တွေ ရလာတယ်” ဟု ပဒိုစောလှထွန်းက ပြောသည်။

ပဒိုမန်းရှာလာဖန်း၏ ဆောင်ရွက်မှုများကြောင့် KNU၏ ပုံရိပ် မြင့်တက်လာခဲ့ရသည်ဟုလည်း ပြောသည်။

"ပဒိုမန်းရှာလာဖန်းရဲ့ ဆောင်ရွက်မှုတွေကြောင့်ပဲ KNU ရင် Imageတွေ KNUရဲ့နိုင်ငံရေးရည်မှန်းချက်တွေ၊ KNU ရဲ့ရှေ့ဆက်တည်ဆောက်ချင်တဲ့ ဒီနိုင်ငံအတွက် ပုံဖော်မယ့် ဖက်ဒရယ်ပြည်ထောင်စုကြီး သွားရမယ့် လမ်းကြောင်းအတွက်လည်း အသက်ဝင်လာစေပြီးတော့ အကောင်အထည်ဖော်မှုဖြစ်လာတာလည်း တွေ့မြင်ရတာဖြစ်ပါတယ်"ဟု ပဒိုစောလှထွန်းက ပြောသည်။

KNUအတွင်း၊ ကရင့်အမျိုးသားများအတွင်း၌ တော်လှန်သည့် မျိုးချစ်လူငယ်ခေါင်းဆောင်များ ပေါ်ပေါက်လာရေးအတွက် မျိုးဆက်သစ်များကို မွေးထုတ်ပေးခဲ့သည်ဟု ပြောပြသည်။

"သူစပြီး မွေးထုတ်လာတဲ့ မျိုးဆက်သစ် လူငယ်ခေါင်းဆောင် အစီအစဉ်ကြောင့်မို့လို့ပဲ ကနေ့ အချိန်မှာ ဆိုရင်လည်း KNUကရင့်အမျိုးသားအစည်းအရုံးရဲ့ တော်လှန်ရေးကို ပခုံးပြောင်း လက်ဆင့်ပြောင်း တာဝန်ယူလာကြတဲ့ လူငယ်ခေါင်းဆောင်တွေ ပေါ်ပေါက်လာခဲ့သလို လက်ရှိမှာလည်း KNU ကရင့်အမျိုးသားအစည်းအရုံးက ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းစဉ် လုပ်ငန်းစဉ်တွေ အောက်မှာခံယူချက် ခိုင်မာစွာနဲ့ စိတ်ဓာတ်ရေးရာအရ အမျိုးသားရေးရာအရ တော်လှန်သော မျိုးချစ်စိတ်ပြည့်၀တဲ့ လူငယ်ခေါင်းဆောင်တွေ ပေါ်ထွန်းလာတာတွေ့ရမှာ ဖြစ်ပါတယ်"ဟု ပဒိုစောလှထွန်းက ပြောသည်။

အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းသည် အလွန်လေးစားထိုက်သည့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည့်အလျောက် ကရင်လူမျိုးစု တစ်ခုတည်းသာမက မြန်မာပြည်ရှိ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးအတွက် လွတ်လပ်ခွင့်နှင့် တရားမျှတမှု ရရှိရေးအတွက် စွမ်းစွမ်းတမံ တာ၀န်ထမ်းဆောင်ခဲ့ကြောင်း KNUက အသိပေးခဲ့သည်။
👍575😢3🤮1
👍4910😢7💩1