အမေရီကန်နဲ့ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေအဖွဲ့တွေ့ဆုံဆွေးနွေးနေကြစဥ်။ဓါတ်ပုံ-State Department
👍42😁3😱1🤮1🤨1
စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ပြည်တွင်းခရီးသွားလုပ်ငန်း စစ်ကောင်စီတင်းကြပ်
ခွာညို/People's Spring
စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ခရီးသွားလုပ်ငန်းကို စောင့်ကြည့်တင်းကြပ် လိုက်ပြီး ပြည်တွင်းခရီးသွားလာရာတွင် ခရီးသွားခွင့်ကဒ်ဖြင့်သွားရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အသိပေးလာကြောင်း သတင်းရရှိသည်။
" ဒီမနက် ရပ်ကွက်ရုံးက အသိပေးလာတယ်။ ခရီးသွားမယ့်သူတွေ ခရီးသွားကဒ်လုပ်ရမယ်တဲ့။ တစ်ကဒ် ၁၅၀၀ တဲ့။ မှတ်ပုံတင်နဲ့မရတော့ဘူးလို့ပြောတယ်"ဟု ဧရာဝတီတိုင်း၊ ဇလွန်မြို့မှ ဒေသခံတစ်ဦးက ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) ပြောသည်။
ခရီးသွားကဒ်ဟု ခေါ်သည့် ခရီးသွားခွင့် အထောက်အထားကဒ်ကို အခကြေးငွေယူ၍ ပြုလုပ်ပေးနေသည့်အစီအစဉ်ကို ဒေသအများစုရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စတင်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
"ခရီးသွားမယ်ဆို ရပ်ကွက်ရုံးကိုအကြောင်းကြားဖို့ အသိပေးလာတယ်။ ထောက်ခံစာလုပ်ရမယ်ပြောတယ်။ သွားမလုပ်သေးတော့အသေးစိတ်တော့မသိသေးဘူး"ဟု ပဲခူးမြို့မှဒေသခံတစ်ဦးက ပြောသည်။
လတ်တလောတွင် စစ်ကောင်စီသည် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် မြို့အဝင်အထွက်ကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ခရီးသွားများက ပြောသည်။
"ကျမရန်ကုန်ကို ဝင်တာ သိပ်မစစ်ဘူး။ အထွက်တွေကို စစ်နေတယ်။ မီးသတ်တွေ၊ ရဲတွေ၊ စစ်ခွေးတွေ စစ်နေတာ"ဟု ဖေဖော်ဝါရီ ၁၂ရက်က ရန်ကုန်မြို့သို့ ကားဖြင့်သွားခဲ့သည့် ခရီးသည်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် မိုင်းအနည်းငယ်သာရှိသည့် မြို့ချင်းဆက်ခရီးသွားယာဥ်လိုင်းများထက် မိုင်ရာချီဝေးသည့် ခရီးသွားယာဥ််လိုင်းများကို အဓိကစစ်ဆေးနေကြောင်း သတင်းရရှိသည်။
" မှတ်ပုံတင်နဲ့က မိုင်တိုတွေရတယ်။ မိုင်းရှည်ခရီးစဉ်တွေကို ဒီကောင်တွေ စောင့်ကြည့်တယ်။အချက်အလက်တောင်းတယ်" ဟု ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဂိတ်မှ ယာဉ်မောင်းတဦးကပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ၁၀ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ညက ထုတ်ပြန်ထားသည်။
စစ်ကောင်စီထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် တရားမဝင်ကြောင်းနှင့်အကောင်အထည်ဖော်ရာတွင် ပါဝင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်သူများအဖြစ် သတ်မှတ်၍ အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။ပြည်သူလူထုကြုံတွေ့လာရနိုင်သည့် ဘေးဒုက္ခများလျော့နည်းစေရန်အတွက်လည်း မဟာမိတ်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

👍39🤬16😁6❤1💩1
(ရန်ကုန်မြို့ရှိ ဒဂုံဧရာအဝေးပြေးဂိတ်အတွင်းရှိ ခရီးသည်များနှင့် ယာဉ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PS)
👍21🤬5🔥2💩1
နိုင်ကျဥ်းများကို လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှုပေးရန် မကွေးလူထုသပိတ် တောင်းဆို
သုည/People's Spring
မကွေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ (ဖေဖော်ဝါရီ ၁၄)သပိတ်အင်အားစုများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စစ်ကောင်စီအနေဖြင့် အကျဥ်းထောင်အတွင်း နိုင်ငံရေး အကျဥ်းသားများကို လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှုများ ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
သပိတ်အင်အားစုများက "အသက်တွေကိုပိတ်မထားနဲ့ ဖွင့်ပေး" စာသားကို ကိုင်ဆောင်ပြီး အကျဉ်းထောင်များတွင် ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရရှိဘဲ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကိုယ်စား ပြင်ပမှပို့ဆောင်သည့် ထောင်ဝင်စာပါဆယ်တွင် နိုင်ငံခြားဆေးဝါးများလက်ခံရန်နှင့် လုံလောက်သောဆေးဝါးစောင့်ရှောက်မှုပေးရန်အတွက် တောင်းဆိုခဲ့သည်။
ထို့အပြင် အကျဥ်းထောင်အတွင်းရှိ အရေးကြီးလူနှာများကို ပြင်ပဆေးရုံများသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ရန်နှင့် ပြင်ပဆေးရုံများတွင် ရောဂါသက်သာပျောက်ကင်းသည်အထိ ကုသခွင့်ပေးရန်လည်း မေတ္တာရပ်ခံခဲ့သည်။
ယင်းဆန္ဒပြလှုပ်ရှားမှုကို မုံရွာ-အမြင့်လမ်း လူထုသပိတ် ဦးဆောင်ကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ဝက်လက်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစု၊ ချောင်းဦးလူငယ်သပိတ်အင်အားစု၊ မန္တလေးသပိတ်အင်အားစု၊ AFCC နှင့် ပြည်သူများ စုပေါင်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားကွန်ရက်နှင့် အတူ ပြုလုပ်ခဲ့ကြသည်။
ဓာတ်ပုံ - GSCB

👍46❤8🔥1
တမူးမှ ထွက်ပြေးလာသောစစ်တပ်ထံ သွားသည့်ထောက်ပို့
ကားအား PDF ကြားဖြတ်တိုက်ခိုက်ပြီးလက်နက်ခဲယမ်းများသိမ်းယူ
ယောနသံ၊ စောနွေဦး /People's Spring
တမူးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏
တိုက်ခိုက်မှုကြောင့် စခန်းစွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီစစ်ကြောင်းအား စစ်ကူနှင့်လက်နက်ပေးပို့ရန်ထွက်လာသောကားကို အမှတ် (၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်
ရေးတပ်မတော်၊ တပ်ရင်း တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်
၍ လက်နက်ခဲယမ်းများကိုသိမ်းပိုက်လိုက်ခဲ့သည်။
တမူးမြို့နယ်၊ အောင်ဇေယျစစ်စခန်းမှ ဆုတ်ခွာလာသည့် စစ်ကောင်စီ၏ အမှတ် (၈၉) ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့များထံသို့ ဟုမ္မလင်းမြို့ရှိ စစ်တပ်က စစ်ကူနှင့် လက်နက်ခဲယမ်းများပေးပို့သောလက်နက်ပို့ယာဥ်ကို ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် PDFများက ကြားဖြတ်တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။
"အောင်ဇေယျကနေ ဆုတ်လာတဲ့ စစ်ကြောင်းကို ထောက်ပို့မယ့် စစ်ကားကို ဟုမ္မလင်းက PDF တွေက ကြားဖြတ်ပြီးတိုက်တာ" ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ရွာနှင့် အောင်ဇေယျရွာကြားတနေရာ၌ တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။ ထိုတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးပြီးပစ္စတိုနှစ်လက်၊ စက်သေနတ်သုံးလက်၊ လက်နက်ငယ်ခုနစ်လက်၊ RPG ဗုံးသီး (၁၂) လုံးနှင့် ကျည်မျိုးစုံ ၁၈၀၀၀ခန့် သိမ်းဆည်းနိုင်ခဲ့ကြောင်း MOD က အသိပေးထားသည်။
ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ရွာနှင့် တမူးမြို့နယ်၊ အောင်ဇေယျရွာသည် မင်းသမီးတောင်ခြားလျက် နယ်မြေခြင်းထိစပ်နေသည်။ အောင်ဇေယျစခန်းသည် စစ်ကောင်စီဗိုလ်မှူးတစ်ဦး ကွပ်ကဲသည့်စခန်းဖြစ်ပြီး ဖေဖော်ဝါရီလ ၉ရက်နှင့် ၁၀ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတမူးခရိုင်တပ်ရင်းများနှင့် မဟာမိတ်များပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
"အောင်ဇေယျ စခန်းကို သူတို့ဘက်က မစွန့်လွှတ်နိုင်ဘူးဖြစ်နေတယ်။ဒါကြောင့်မို့အလွယ်တကူ လက်မလျော့တာပါ။ ဒါကြောင့် ပြန်တိုက်ဖို့ စစ်ကူဘာပို့တာပါ။ဒါကိုဖြတ်တိုက်ပြီး ခဲယမ်းတွေယူလိုက်တာပါ။" ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးကပြောသည်။

👍51👏7❤6🔥1
စစ်ကောင်စီတပ်၏ ထောက်ပို့ကားနှင့် PDF များသိမ်း
ဆည်းရရှိခဲ့သောလက်နက်ခဲယမ်းများ။
ဓါတ်ပုံ-NUG-MOD
ဆည်းရရှိခဲ့သောလက်နက်ခဲယမ်းများ။
ဓါတ်ပုံ-NUG-MOD
❤53👍31👏5😁1
တောင်ကိုရီးယားတွင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသမီးများသွားရောက် လုပ်ကိုင်ခွင့်ရမည်
စောနွေဦး/People's Spring
တောင်ကိုရီးယားနိုင်ငံသို့ EPSစနစ် အလုပ်သမားစေလွှတ်ရာတွင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသမီးများ ပါဝင်ရတော့မည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံက ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။
ဝန်ဆောင်မှုလုပ်ငန်းများတွင် မီးဖိုချောင်အကူ၊ အဆောက်အဦးသန့်ရှင်းရေး၊ စားသောက်ဆိုင်၊ဆေးရုံ၊ဟိုတယ်နှင့်ကွန်ဒိုများတွင် လုပ်ကိုင်ရန်ဖြစ်သည်ဟု ကိုရီးယားနိုင်ငံသို့အလုပ်သမားစေလွှတ်သည့် အလုပ်သမားအေဂျင်စီများထံမှသိရသည်။
ထို့အပြင် မြန်မာအတွက် အလုပ်သမားခွဲတမ်း ၃,၃၀၀ကျော်ရှိပြီး သန့်ရှင်းရေးနှင့် စားသောက်ဆိုင် လုပ်ငန်းများတွင် လုပ်ကိုင်ရမည် ဖြစ်သည်။
သွားရောက်လုပ်ကိုင်လိုသူများသည် အခြေခံပညာအထက်တန်းဆောင်မြင်ထားသူများဖြစ်ရမည်ဖြစ်ပြီး အခြေခံပညာ အထက်တန်းဆောင်မြင်ပြီးမြောက်ကြောင်းလက်မှတ်တင်ပြရမည်ရမည်ဖြစ်သည်ဟုလည်းအေဂျင်စီများထံမှ သိရသည်။
“အမျိုးသမီးတွေ ပထမဦးဆုံးခေါ်မှာဆိုတော့ စိတ်ဝင်စားမှု အရမ်းမြင့်တက်နေပါတယ်။ သွားရောက်မယ့်သူတွေအတွက်လည်း သင်တန်းတွေကိုလည်း သေချာစုံစမ်းပြီးတက်စေချင်တယ်”ဟု အလုပ်သမားပို့ဆောင်ရေးအေဂျင်စီမန်နေဂျာတစ်ဦးက ပြောသည်။
၂၀၂၄တွင် ကျင်းပမည့် အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့် စနစ်အတွက် (၁၆)ကြိမ် မြောက် စာမေးပွဲကို မတ်လ ၄ ရက်မှ ၁၀ရက် အထိ ကျင်းပမည်ဖြစ်သည်။
ကိုရီးယားနိုင်ငံက မြန်မာအလုပ်သမားများကို ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူလုပ်ငန်း၊ ဆောက်လုပ်ငန်းရေးလုပ်ငန်းများကို ယခင်က ခေါ်ယူနေခြင်းဖြစ်သည်။
ယခုနှစ်မှသာ ဝန်ဆောင်မှုလုပ်ငန်းများကို စတင်ခေါ်ယူခြင်း ဖြစ်သည်။

👍62🤔2🤮1
မြိတ်ထောင်မှ နိုင်ငံရေးအကျဉ်းသားများကို
ကော့သောင်းထောင်သို့ ရုတ်တရက်ပြောင်းရွှေ့
ယောနသံ/People's Spring
မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ကော့သောင်းအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေနေပြီး ယနေ့ညနေအထိ ထပ်မံခေါ်ထုတ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။
မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၁၀၀ခန့်ကို ယနေ့နံနက်ပိုင်းက ခေါ်ထုတ်၍ ရေကြောင်းမှတစ်ဆင့် ကော့သောင်းအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေနေခြင်းဖြစ်သည်။
"လက်ရှိ မြိတ်အကျဉ်းထောင်တွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားလျှက်ရှိပြီး ယနေ့နေ့ခင်းပိုင်းနှင့် ညနေပိုင်းတွင် အသုတ်လိုက် ပြောင်းရွေ့မည်ဟု သိရှိရသည်" ဟု PPNMက သတင်းထုတ်ပြန်ထားသည်။
နိုင်ငံရေးအကျဉ်းသားများအားထောင်ပြောင်းရွေ့ရာတွင်
စစ်ကောင်စီကမိသားစုဝင်များအားအသိမပေးခဲ့ကြောင်းသိရသည်။
"ဘယ်သူ့ကိုမှအသိမပေးဘူး။ သတင်းသဲ့သဲ့ကြားလို့ လိုက်မေးတော့မှာသိရတာ။ ဘာဆက်လုပ်ရမယ်မှန်း မသိတော့ဘူးဖြစ်နေတယ်" ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦး၏
မိသားစုဝင်ကပြောသည်။
လက်ရှိတွင် မြိတ်အကျဉ်းထောင်၌အကျဥ်းသားအခွင့်အရေး
ချိုးဖောက်မှုများစွာရှိနေသည်ဟုစုံစမ်းသိရှိရသည်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း မရရှိကြောင်း အဆိုပါထောင်မှ ၂၀၂၃ ခုနှစ်တွင်လွတ်ငြိမ်းဖြင့်ပြန်လည်လွတ်မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်စက်တင်ဘာလမှစတင်၍ ထောင်ဝင်စာတွေ့ခွင့်ကို စစ်ကောင်စီကပြန်လည်ခွင့်ပြုပေးခဲ့သည်ဟုဆိုသော်လည်း ထောင်ဝင်စာတွေ့ခွင့်မရသည့် နိုင်ငံရေးအကျဉ်းသားများရှိနေကြောင်း သိရသည်။

👍22🤬19😢7🔥2❤1
စစ်ကောင်စီက မင်းတပ်မြို့ ခလရ (၂၇၄) တပ်ရင်းသို့လေကြောင်းမှ လေထီးဖြင့် ရိက္ခာခဲယမ်းထုပ်များချ
▪︎“အရင်က ပခုက္ကူကနေပဲ ပို့ရတာ ယာဉ်တန်းနဲ့။ အခုက လူအင်အားနည်းလာတာလည်း ပါမယ်။ တခါမှ အခုလို လေကြောင်းနဲ့ မပို့ဖူးဘူး” ဒေသခံတစ်ဦး
ဟန်နွေ၊စောနွေဦး /People’s Spring
ချင်းပြည်နယ် မင်းတပ်မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ(၂၇၄)သို့ စစ်ကောင်စီတပ်က ရိက္ခာ ခဲယမ်း ဖြည့်တင်းရာ၌ မြေပြင်မှ ပို့ဆောင်နိုင်ခြင်းမရှိတော့ဘဲ လေယာဉ်အသုံးပြု လေထီးဖြင့် ပို့ဆောင်နေကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၄ရက် )မနက် ၉နာရီကျော်အချိန်တွင် စစ်ကောင်စီက မင်းတပ် ၂၇၄ တပ်ရင်းသို့ ကုန်တင်လေယာဉ်မှ လေထီးဖြင့် ရိက္ခာထုပ်များ လာရောက်ပစ်ချသွားခြင်းဖြစ်သည်။
“လက်နက်ခဲယမ်းရိက္ခာတွေ။ ၁၀ထုပ်လောက်ရှိမယ်။ အရင်က ပခုက္ကူကနေပဲ ပို့ရတာ ယာဉ်တန်းနဲ့။ အခုက လူအင်
အားနည်းလာတာလည်း ပါမယ်။ တခါမှအခုလိုလေကြောင်း
နဲ့ မပို့ဖူးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
အခြားမင်းတပ်မြို့ခံတစ်ဦးကလည်း“စစ်ကောင်စီက ကုန်တင်လေယာဉ်နဲ့ လေးကြိမ်လောက် ချပေးသွားတယ်။”ဟုပြောသည်။
ချင်းပြည်နယ်အတွင်း တော်လှန်ရေးတပ်သားများက ထိုးစစ်အရှိန်မြင့်နေချိန်တွင် မင်းတပ်မြို့ကို ချင်းပြည်ကာကွယ်ရေးတပ်များ(CDF)က မကြာခင်တိုက်ခိုက်သိမ်းပိုက်တော့မည် သတင်းများကြောင့် ယခုလို လက်နက်ခဲယမ်းများဖြည့်တင်းနေခြင်းဖြစ်သည်ဟု CDFရဲဘော်တစ်ဦးကပြောသည်။
ကုန်တင်လေယာဉ်ဖြင့် ၄ကြိမ် လာရောက်ပစ်ချရာ အချို့အထုပ်များသည် ၂မိုင် ကန်ကြီးဥယာဉ် ဘက် နှင့် ၃ မိုင်ကြားတို့တွင်ကျပြီး ၂၇၄ တပ်ရင်းထဲရှိ ထင်းရှူးပင်များတွင် အထုပ်အချို့ တင်နေသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်များက လုံခြုံရေးယူ တပ်ဖြန့်ထား၍ ပြည်သူများ သတိထား၍ သွားလာကြရန်လည်း ဒေသခံက အချင်းချင်းသတိပေးနေကြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမင်းတပ်၊ မတူပီ ရှိ စစ်ကောင်စီတပ်များသို့ ယာဉ်တန်းများဖြင့် ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းခဲ့ရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်များကလမ်းတလျှောက် ကြားဖြတ်၍အကြိမ်ကြိမ်တိုက်ခိုက်သဖြင် ယခင်က အချိန်တိုတွင်း သွားရောက်နိုင်သည့် ခရီးများကို လချီ ၍ ကြာခဲ့သည်။
လက်ရှိတွင် တော်လှန်ရေးတပ် ပိုမိုအားကောင်းလာသည့် အခြေအနေတွင် စစ်ကောင်စီယာဉ်တန်းများ သွားလာရန် ပိုမိုခက်ခဲနေပြီဟုလည်း ဒေသခံက ပြောပြသည်။

👍45❤6👏3
စစ်ကောင်စီက လေထီးဖြင့် အထုပ်များချနေစဥ်။
ဓါတ်ပုံ- HKL Mindat
ဓါတ်ပုံ- HKL Mindat
👍35👎7❤5🖕3😁2
ရွှေဘိုမြို့နယ် ရွာသာရွာပျူစောထီးစခန်းအား PDF သိမ်းပိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာပျူစောထီးစခန်းကို တော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ရက်) နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ ရွာသာရွာရှိ ပျူစောထီးစခန်းအား တော်လှန်ရေးတပ်ပေါင်းစုများက စခန်းသိမ်း သွားရောက်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အထိနာပြီး စခန်းစွန့်ခွာထွက်ပြေးသွားကာ နံနက် ၁၀ နာရီခွဲခန့်တွင် စခန်းအားလုံးကို စီးနင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
"အဖွဲ့ ငါးဖွဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့က တစ်ယောက်ကျတယ်။ တခြားအဖွဲ့က နှစ် ယောက်ကျတယ်။ တိုက်ပွဲက နှစ်ကြိမ်ဖြစ်တယ်။ ညလယ်ခေါင် ၁၂ နာရီကနေ ၁ နာရီခွဲလောက်က တစ်ကြိမ်ဖြစ်တယ်။ မနက် ၆ နာရီလောက်မှာ နောက်တစ်ခေါက်ထပ်တိုက်တယ်။ ၈ နာရီလောက်မှာရွာထဲ ဝင်နိုင်တယ်။ ၁၂ နာရီလောက် မှာ တစ်ရွာလုံးကိုသိမ်းပိုက်နိုင်ပြီး ရှင်းလင်းရေးဝင်ခဲ့နိုင်တယ်"ဟု 96 soldiers-PDFအညာဒေသတပ်ခွဲ၏ခေါင်းဆောင် ကိုဇေယျာလွင်က ပြောသည်။
စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိကြောင်း၊ ထို့အပြင် ကိုးလုံးပြောင်းချော တစ်လက်၊ အီနာဂါ ဗုံးသီး နှစ်လုံး၊ MA 2 ဗောက်တစ်ခု၊ ယူနီဖောင်းအချို့ သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
တော်လှန်ရေးအင်အားစုများမှ ကျဆုံးရဲဘော် သုံးဦး၏ ရုပ်အလောင်းများအား ပြန်လည် သယ်ဆောင်နိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
ကျန်စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် အနီးရှိ ပလိုင်းပျူစောထီးရွာအား ထွက်ပြေးသွားကြောင်း တိုက်ပွဲဝင်ရဲဘော်များထံမှ သိရသည်။
ယင်း စစ်ဆင်ရေးကို shwebo crocodile ၊ ရွှေဘိုပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊မဟာမိတ်ဖြစ်သေား ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တန (၅) တပ်ပေါင်းစု 96 soldiers-PDFအညာဒေသတပ်ခွဲ၊တန၊(၂) တပ်ပေါင်းစု ဗိုလ်အလင်းရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒပယ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပျူစောထီးရွာသည် ပြည်သူနှင့်တော်လှန်ရေးအင်အားစုများအား အာဏာသိမ်းကာလတလျှောက် ဒုက္ခပေးခဲ့ပြီး တော်လှန်ရေးအင်အားစုများနှင့် မကြာခဏတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

👍42🥰6😢6❤1😁1