People's Spring
62.5K subscribers
66.9K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးနှင့် ရဲတပ်ရင်း (၉) အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

▪️စစ်မှုမထမ်းမနေရ မတရားဥပဒေကို ကန့်ကွက်သည့်အနေဖြင့် တိုက်ခိုက်ခြင်းဟုဆို

သုည/People's Spring

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ အနောက်ပိုင်း စုပေါင်းရုံးအနီးနှင့် ရဲတပ်ရင်း (၉)တို့အား ယမန်နေ့ညပိုင်းတွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃) ည ၉နာရီကျော်တွင် လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးအနီး နှင့် ရဲတပ်ရင်း (၉)တို့အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Dark Shadow တပ်ဖွဲ့က ဖော်ပြထားသည်။

"ညက ၉ နာရီကျော်လောက်မှာ ဗုံးပေါက်သံ အကျယ်ကြီး နှစ်ချက်ဆက်တိုက် ကြားလိုက်ရတယ်။ နည်းပညာကျောင်းလမ်းထိပ်က ရဲတပ်ရင်း (၉)ဘက်မှာ ပေါက်တာလို့တော့ သိရတယ်။ လူထိခိုက်မှု ရှိ၊မရှိ သေချာမသိပါဘူး။ ရဲကား၊ စစ်ကားတွေတော့ အောင်ဇေယျတံတားဘက်ကနေ သွားနေတာ တွေ့လိုက်ရတယ်"ဟု လှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ယင်းဖောက်ခွဲမှုသည် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ မတရားဥပဒေကိုအကောင်အထည်ဖော်အသက်သွင်းမှုကို အနှောက်အယှက်ဖြစ်စေရန် ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Dark Shadow အဖွဲ့က ဆိုသည်။

မတရားဥပဒေ လက်မှတ်ထိုး အတည်ပြုလိုက် သည့်နေ့မှစ၍ စစ်ကောင်စီ၏ နောက်လိုက် အုပ်ကြီးများနှင့် ရဲ၊ စစ်သားများ ပူးပေါင်းကာ အပြစ်မဲ့ပြည်သူများကို ပြန်ပေးဆွဲ၍ ငွေညှစ်ခြင်းများ ပြုလုပ်နေသည့်အတွက် ယင်းနောက်လိုက် များ အားလုံးကို အမြစ်ပြတ်သည်အထိ ရှင်းလင်းကာ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားမည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း Dark Shadowက ကတိသစ္စာပြုခဲ့သည်။

လှိုင်သာယာအနောက်ပိုင်း ရဲတပ်ရင်း (၉)သည် ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၃၁ရက် နှစ်သစ်ကူးညက လှိုင်သာယာမြို့နယ် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်၊(၂)ရပ်ကွက် ရာအိမ်မှူးတစ် ဦး၏နေအိမ်၊ (၁၀)ရပ်ကွက် ရာအိမ်မှူးတစ်ဦး ၏နေအိမ်၊ဒလန် လူမိုက် ဝင်းနိုင်၏ တပည့် ပျူစောထီး၏နေအိမ် တို့နှင့် စစ်အုပ်စုတပ်စွဲထားသော ရဲတပ်ရင်း(၉)တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
👍45👏6🤣1
👍45👏9🤣1
ပုံစာ - ယမန်နေ့ညက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရသည့် လှိုင်သာယာ ရဲတပ်ရင်း(၉)အား တွေ့ရစဥ်။ (ပုံအဟောင်းအသုံးပြုထားသည်။)
👍43👏2🤣1🖕1
မြိုင်မြို့နယ်တွင် ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးထက်မနည်း သေဆုံး၊ ၅ဦး အရှင်ဖမ်းမိ

ဟာနာဆန်/People's Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာမှ ကင်းပတ်လာသော ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးထက်မနည်း သေဆုံးကာ လက်မြှောက်အညံ့ခံခဲ့သည့် ပျူ ၅ဦးအား ဖမ်းဆီးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ၁၃ ရက်) နံနက် ၇ နာရီခွဲခန့်က မြိုင်​မြို့နယ်၊ သရက်ကန်ပျုစောထီးကျေးရွာ၏တောင်ဘက် မီတာ ၁၀၀ခန့်သို့ ကင်းပတ်ထွက်လာသော အင်အား ၁၅ ဦးခန့်ပါ ပျုစောထီးများအား မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပျူစောထီး နှစ်ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးပြီး ၅ဦးအရှင်ဖမ်းမိခဲ့ကြောင်း Earthquake People's Defence Force အဖွဲ့၏ တာဝန်ခံ ကိုအရှည်ကြီးက ပြောကြားသည်။

"ရွာအစပ်မှာပဲပစ်တာ။ သူတို့ကအရင်ဆုံး လက်နက်မဲ့ ၇ယောက်ကို အရင်လွှတ်တယ်။ နောက်ထပ်မီတာ ၅၀ အကွာလောက်မှာ လက်နက်ပါတဲ့ ၈ ယောက်က လိုက်တယ်။ လက်နက်မဲ့နဲ့လမ်းရှင်းခိုင်းတာ အဲအချိန်မှာ ပစ်လိုက်တာ။ နှစ်ယောက်ကိုအသေပစ်လိုက်တယ်။ ကျန်တဲ့ ၅ ယောက်က လက်မြှောက်ပြီး အညံ့ခံတဲ့အတွက် ဖမ်းထားတယ်။ ပစ်ခတ်တဲ့အချိန် လက်နက်ပါတဲ့ ၈ယောက်က ပစ်ခတ်ပြီး ရွာထဲပြန်ဝင်ပြေးတယ်။"ဟု Earthquake People's Defence Force အဖွဲ့၏တာဝန်ခံ ကိုအရှည်ကြီးက ပြောသည်။

"ပျူကိုမှ လက်နက်ပေးမထားသေးတာ။ ခေါင်းဆောင်အချိန်းအပြောင်းလုပ်ပုံရတယ်။ ပေးပြီးသား​တွေကိုလည်း ပြန်သိမ်းထားပုံရတယ်။"ဟု မြိုင်(ပကဖ)အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့နောက် နံနက် ၁၀ နာရီခွဲခန့်တွင် ပျူစောထီးအလောင်း နှစ်လောင်းအား လာကောက်သည့် ပျူများအား ကင်းပုန်းဝပ်စောင့်၍ ထပ်မံတိုက်ခိုက်ရာ ၅ဦး ထပ်မံသေဆုံးပြီး ထိခိုက်သူအများအပြားရှိကြောင်း၊ ဘန်ကာနှင့်နီးကပ်နေ၍ လက်နက်ကောက်ယူနိုင်ခြင်းမရှိကြောင်း စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် ရဲဘော်များက ​ပြောသည်။

ထို့အပြင် ပြည်သူ့ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရန်မရှိဘဲ သရက်ကန်ပျူစောထီးကျေးရွာမှလည်း ပြန်လည်ပစ်ခတ်ခဲ့၍ ပြည်သူ့ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးကို Badassess Burma Force၊ TYK ပျောက်ကြားတပ်ဖွဲ့၊ မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း (၂)၊  Pakokku People's Defence Force ၊ Young Force UG ၊ မြိုင်ပကဖ တပ်ရင်း(၁) ခွဲ(၄)စကြာ်တပ်ဖွဲ့နှင့် Earthquake People's Defence Forceတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သရက်ကန်ပျူစောထီးကျေးရွာသည် ပျူစောထီးအားကောင်းရာ ရွာတစ်ရွာဖြစ်ပြီး အင်အား ၉၀ခန့်ရှိကြောင်း၊ စစ်ကောင်စီတပ်ကလည်း တပ်စွဲထား၍ နှစ်ဖွဲ့ပေါင်း အင်အား ၁၀၀ခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
👍525👏5💯2🤣1
👍59👏143👎1🤣1
(အရှင်ဖမ်းဆီးရမိသော ပျူ၅ဦးအား တွေ့ရစဥ်။ဓာတ်ပုံ - Earthquake PDF)
28👍9👏4🤣4💯2
မြန်မာနဲ့ နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံ ထူထောင်မယ့်ကိစ္စ အမေရိကန် ထောက်ခံတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးပြော

︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်
ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော

-People's Spring

မြန်မာနိုင်ငံနဲ့ နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံတစ်ခု ထူထောင်ရေး ထိုင်းအစိုးရရဲ့ အစီအစဉ်ကို အမေရိကန်က အားပေး ထောက်ခံခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပန်ပရီ ဘာဟစ်ဒ်ဟာ နူကာရာကို ဝါရှင်တန် မြို့တော်မှာ ဧည့်ခံ တွေ့ဆုံရင်း မြန်မာ့အရေး ထည့်သွင်း ဆွေးနွေးချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်သိုနီ ဘလင်ကန်က ထိုင်းရဲ့ အစီအစဉ်ကို ထောက်ခံကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦးဟာ ဖေဖော်ဝါရီ ၁၃ ရက် တွေ့
ဆုံမှုမှာ လုံခြုံရေး၊ စီးပွားရေး ကဏ္ဍတွေအပြင် ထိုင်းရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကြုံနေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ပါ ဆွေးနွေးခဲ့တယ်လို့ ဘန်​ကောက်ပို့စ်သတင်းဌာနက​ဖော်ပြပါတယ်။

ဆွေးနွေးမှုတွေက အများကြီး အောင်မြင်ခဲ့ကြောင်း၊ အမေရိကန်ဟာ အာဆီယံ ဒေသတွင်း အရေးကိစ္စတွေကို အလေးအနက် စိတ်ဝင်စားမှုရှိကြောင်း ပြသခဲ့သလို ဒေသတွင်းမှာ ထိုင်းရဲ့ မဟာဗျူဟာအရ အရေးပါမှုကို အသိအမှတ် ပြုထားကြောင်း ပန်ပရီက ဆိုပါတယ်။

နောက်ပြီး သူဟာ ဘလင်ကန်နဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့ပြီး နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံ ထူထောင်သွားမယ့် ထိုင်းရဲ့ စီမံကိန်းတွေကို ဘလင်ကန်က ထောက်ခံခဲ့ကြောင်း ပန်ပရီက ဆိုပါတယ်။ ဒါ့အပြင် မြန်မာ့ အကျပ်
အတည်းကို ထိတွေ့ ဖြေရှင်းနိုင်ဖို့အတွက် ထိုင်းနဲ့ အမေရိကန်ကြား အနာဂတ် ဆွေးနွေးညှိနှိုင်းမှုတွေ ထပ်ပြီး ရှိလာဦးမယ်လို့ ယုံကြည်ကြောင်းလည်း သူက မှတ်ချက် ပေးသွားခဲ့ပါတယ်။

သူက ထိုင်း-မြန်မာ နယ်စပ်မှာ ဆိုက်ဘာလုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့ အချက်တွေကိုလည်း ဘလင်ကန်နဲ့ ဆွေးနွေးခဲ့တယ်လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။

သူ့ရဲ့ အမေရိကန် ခရီးစဉ်အတွင်း ပန်ပရီဟာ အထက်လွှတ်
တော်အမတ် ခရစ္စဗန်ဟိုလန်နဲ့လည်း တွေ့ဆုံခဲ့ပြီး ထိုင်း-အမေရိကန် ဆက်ဆံရေး၊ မြန်မာနိုင်ငံ ပြဿနာအတွက် ပူး
ပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့သေးကြောင်း သိရပါတယ်။ ဟော်လန်ဟာ အမေရိကန် အထက်လွှတ်
တော်ရဲ့ အရှေ့အာရှ၊ ပစိဖိတ်နဲ့ နိုင်ငံတကာ ဆိုက်ဘာလုံ
ခြုံရေး မူဝါဒ ဆပ်ကော်မတီရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။

ထိုင်းက နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံတစ်ခု ထူထောင်ရေး အစီအစဉ်အတွက် KNU ကို​ရော ၊နှစ်​ပေါင်းများစွာနယ်စပ်မှာ လူမှုကူညီ​ရေးလုပ်လာတဲ့အဖွဲ့အစည်း​တွေကို​ရော တိုင်ပင်တာမျိုး မရှိဘူးလို့ KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက ​ပြောပါတယ် ။ အဲဒီအစားစစ်​ကောင်စီ
သြဇာခံ ကြက်​ခြေနီအသင်း ပေါင်းလုပ်မယ့်အစီအစဥ်ဟာ လုပ်နည်းလုပ်ဟန်လွဲ​နေတယ်လို့​ပြောပါတယ် ။ဒါအပြင် စစ်​ဘေး​ရှောင်​တွေတိမ်း​ရှောင်​နေတဲ့​နေရာ​တွဟာ KNU ထိန်းချုပ်မှု​အောက်မှာပဲရှိပြီး စစ်တပ်ကမြဝတီမြို့ ၊​ကောကရိတ် မြို့တို့မှာ မြို့​ပေါ်ကွက်ကွက်က​လေးမှာပဲ ရှိ​နေသလို ၊
စစ်တပ်​ကြောင့် ထွက်ရတဲ့ စစ်​ဘေး​ရှောင် ပြည်သူ​တွေ စစ်​ကောင်စီကပဲ ပြန်လည်ကယ်တင်မယ်ဆိုတဲ့ ပုံစံမျိုးပုံ​ဖော်မှာ ကို လက်ခံလို့မရဘူး လို့ ပဒို​စော​တောနီက​ပြောပါတယ် ။ ပြည်သူ​တွေကလည်းလက်ခံမှာ မဟုတ်လို့ လုပ်နည်းလုပ်ဟန်လွဲ​နေတဲ့အ​ပေါ် ပြင်ဆင်ပြီး KNU နဲ့ နယ်စပ်​ဒေသက ကူညီ​နေတဲ့အဖွဲ့​တွေနဲ့ လက်တွဲလုပ်​ဆောင်ဖို့ လိုတယ်လို့ KNU ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောထားပါတယ် ။

ကိုးကား-Bangkok Post
👍453😁2🤔2🤮1
အ​မေရီကန်နဲ့ထိုင်း နိုင်ငံခြား​ရေးဝန်ကြီး​တွေအဖွဲ့​တွေ့ဆုံ​ဆွေး​နွေး​နေကြစဥ်။ဓါတ်ပုံ-State Department
👍42😁3😱1🤮1🤨1
စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ပြည်တွင်းခရီးသွားလုပ်ငန်း စစ်ကောင်စီတင်းကြပ်

ခွာညို/People's Spring

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ခရီးသွားလုပ်ငန်းကို စောင့်ကြည့်တင်းကြပ် လိုက်ပြီး ပြည်တွင်းခရီးသွားလာရာတွင် ခရီးသွားခွင့်ကဒ်ဖြင့်သွားရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အသိပေးလာကြောင်း သတင်းရရှိသည်။

" ဒီမနက် ရပ်ကွက်ရုံးက အသိပေးလာတယ်။ ခရီးသွားမယ့်သူတွေ ခရီးသွားကဒ်လုပ်ရမယ်တဲ့။ တစ်ကဒ် ၁၅၀၀ တဲ့။ မှတ်ပုံတင်နဲ့မရတော့ဘူးလို့ပြောတယ်"ဟု ဧရာဝတီတိုင်း၊ ဇလွန်မြို့မှ ‌ဒေသခံတစ်ဦးက ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) ပြောသည်။

ခရီးသွားကဒ်ဟု ခေါ်သည့် ခရီးသွားခွင့် အထောက်အထားကဒ်ကို အခကြေးငွေယူ၍ ပြုလုပ်ပေးနေသည့်အစီအစဉ်ကို ဒေသအများစုရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စတင်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

"ခရီးသွားမယ်ဆို ရပ်ကွက်ရုံးကိုအကြောင်းကြားဖို့ အသိပေးလာတယ်။ ထောက်ခံစာလုပ်ရမယ်ပြောတယ်။ သွားမလုပ်သေးတော့အသေးစိတ်တော့မသိသေးဘူး"ဟု ပဲခူးမြို့မှဒေသခံတစ်ဦးက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီသည် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် မြို့အဝင်အထွက်ကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ခရီးသွားများက ပြောသည်။

"ကျမရန်ကုန်ကို ဝင်တာ သိပ်မစစ်ဘူး။ အထွက်တွေကို စစ်နေတယ်။ မီးသတ်တွေ၊ ရဲတွေ၊ စစ်‌ခွေးတွေ စစ်နေတာ"ဟု ဖေဖော်ဝါရီ ၁၂ရက်က ရန်ကုန်မြို့သို့ ကားဖြင့်သွားခဲ့သည့် ခရီးသည်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မိုင်းအနည်းငယ်သာရှိသည့် မြို့ချင်းဆက်ခရီးသွားယာဥ်လိုင်းများထက် မိုင်ရာချီဝေးသည့် ခရီးသွားယာဥ််လိုင်းများကို အဓိကစစ်ဆေးနေကြောင်း သတင်းရရှိသည်။

" မှတ်ပုံတင်နဲ့က မိုင်တိုတွေရတယ်။ မိုင်းရှည်ခရီးစဉ်တွေကို ဒီကောင်တွေ စောင့်ကြည့်တယ်။အချက်အလက်တောင်းတယ်" ဟု ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဂိတ်မှ ယာဉ်မောင်းတဦးကပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်‌ကောင်စီက ဖေဖော်ဝါရီ၁၀ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ညက ထုတ်ပြန်ထားသည်။

စစ်ကောင်စီထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် တရားမဝင်‌ကြောင်းနှင့်အကောင်အထည်ဖော်ရာတွင် ပါဝင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်သူများအဖြစ် သတ်မှတ်၍ အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။ပြည်သူလူထုကြုံတွေ့လာရနိုင်သည့် ဘေးဒုက္ခများလျော့နည်းစေရန်အတွက်လည်း မဟာမိတ်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
👍39🤬16😁61💩1
👍32🤬5🔥2💩1
(ရန်ကုန်မြို့ရှိ ဒဂုံဧရာအဝေးပြေးဂိတ်အတွင်းရှိ ခရီးသည်များနှင့် ယာဉ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PS)
👍21🤬5🔥2💩1
နိုင်ကျဥ်းများကို လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှုပေးရန် မကွေးလူထုသပိတ် တောင်းဆို

သုည/People's Spring

မကွေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ (ဖေဖော်ဝါရီ ၁၄)သပိတ်အင်အားစုများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စစ်ကောင်စီအနေဖြင့် အကျဥ်းထောင်အတွင်း နိုင်ငံရေး အကျဥ်းသားများကို လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှုများ ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

သပိတ်အင်အားစုများက "အသက်တွေကိုပိတ်မထားနဲ့ ဖွင့်ပေး" စာသားကို ကိုင်ဆောင်ပြီး အကျဉ်းထောင်များတွင် ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရရှိဘဲ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကိုယ်စား ပြင်ပမှပို့ဆောင်သည့် ထောင်ဝင်စာပါဆယ်တွင် နိုင်ငံခြားဆေးဝါးများလက်ခံရန်နှင့် လုံလောက်သောဆေးဝါးစောင့်ရှောက်မှုပေးရန်အတွက် တောင်းဆိုခဲ့သည်။

ထို့အပြင် အကျဥ်းထောင်အတွင်းရှိ အရေးကြီးလူနှာများကို ပြင်ပဆေးရုံများသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ရန်နှင့် ပြင်ပဆေးရုံများတွင် ရောဂါသက်သာပျောက်ကင်းသည်အထိ ကုသခွင့်ပေးရန်လည်း မေတ္တာရပ်ခံခဲ့သည်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို မုံရွာ-အမြင့်လမ်း လူထုသပိတ် ဦးဆောင်ကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ဝက်လက်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစု၊ ချောင်းဦးလူငယ်သပိတ်အင်အားစု၊ မန္တလေးသပိတ်အင်အားစု၊ AFCC နှင့် ပြည်သူများ စုပေါင်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားကွန်ရက်နှင့် အတူ ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - GSCB
👍468🔥1
👍47🔥1
တမူးမှ ထွက်ပြေးလာ​သောစစ်တပ်ထံ ​သွား​​သည့်ထောက်ပို့
ကားအား PDF ကြားဖြတ်တိုက်ခိုက်ပြီးလက်နက်ခဲယမ်းများသိမ်းယူ

ယောနသံ၊ ​စော​နွေဦး /People's Spring

တမူးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏
တိုက်ခိုက်မှုကြောင့် စခန်းစွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီစစ်ကြောင်းအား စစ်ကူနှင့်လက်နက်​ပေးပို့ရန်ထွက်လာ​သောကားကို အမှတ် (၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်
ရေးတပ်မတော်၊ တပ်ရင်း တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်
၍ လက်နက်ခဲယမ်းများကိုသိမ်းပိုက်လိုက်ခဲ့သည်။

တမူးမြို့နယ်၊ အောင်ဇေယျစစ်စခန်းမှ ဆုတ်ခွာလာသည့် စစ်ကောင်စီ၏ အမှတ် (၈၉) ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့များထံသို့ ဟုမ္မလင်းမြို့ရှိ စစ်တပ်က စစ်ကူနှင့် လက်နက်ခဲယမ်းများပေးပို့​သောလက်နက်ပို့ယာဥ်ကို ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် PDFများက ကြားဖြတ်တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။

"အောင်ဇေယျကနေ ဆုတ်လာတဲ့ စစ်ကြောင်းကို ထောက်ပို့မယ့် စစ်ကားကို ဟုမ္မလင်းက PDF တွေက ကြားဖြတ်ပြီးတိုက်တာ" ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ရွာနှင့် အောင်ဇေယျရွာကြားတနေရာ၌ တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။ ထိုတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးပြီးပစ္စတိုနှစ်လက်၊ စက်သေနတ်သုံးလက်၊ လက်နက်ငယ်ခုနစ်လက်၊ RPG ဗုံးသီး (၁၂) လုံးနှင့် ကျည်မျိုးစုံ ၁၈၀၀၀ခန့် သိမ်းဆည်းနိုင်ခဲ့ကြောင်း MOD က အသိ​ပေးထားသည်။

ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ရွာနှင့် တမူးမြို့နယ်၊ အောင်ဇေယျရွာသည် မင်းသမီးတောင်ခြားလျက် နယ်မြေခြင်းထိစပ်နေသည်။ အောင်ဇေယျစခန်းသည် စစ်ကောင်စီဗိုလ်မှူးတစ်ဦး ကွပ်ကဲသည့်စခန်းဖြစ်ပြီး ဖေဖော်ဝါရီလ ၉ရက်နှင့် ၁၀ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတမူးခရိုင်တပ်ရင်းများနှင့် မဟာမိတ်များပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

"အောင်ဇေယျ စခန်းကို သူတို့ဘက်က မစွန့်လွှတ်နိုင်ဘူးဖြစ်နေတယ်။ဒါကြောင့်မို့အလွယ်တကူ လက်မလျော့တာပါ။ ဒါကြောင့် ပြန်တိုက်ဖို့ စစ်ကူဘာပို့တာပါ။ဒါကိုဖြတ်တိုက်ပြီး ခဲယမ်းတွေယူလိုက်တာပါ။" ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးကပြောသည်။
👍51👏76🔥1
စစ်​ကောင်စီတပ်​၏ ​ထောက်ပို့ကားနှင့် PDF များသိမ်း
ဆည်းရရှိခဲ့​​သောလက်နက်ခဲယမ်းများ။
ဓါတ်ပုံ-NUG-MOD
53👍31👏5😁1
တောင်ကိုရီးယားတွင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသမီးများသွားရောက် လုပ်ကိုင်ခွင့်ရမည်

စောနွေဦး/People's Spring

တောင်ကိုရီးယားနိုင်ငံသို့ EPSစနစ် အလုပ်သမားစေလွှတ်ရာတွင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသမီးများ ပါဝင်ရတော့မည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံက ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

ဝန်ဆောင်မှုလုပ်ငန်းများတွင် မီးဖိုချောင်အကူ၊ အဆောက်အဦးသန့်ရှင်းရေး၊ စားသောက်ဆိုင်၊ဆေးရုံ၊ဟိုတယ်နှင့်ကွန်ဒိုများတွင် လုပ်ကိုင်ရန်ဖြစ်သည်ဟု ကိုရီးယားနိုင်ငံသို့အလုပ်သမားစေလွှတ်သည့် အလုပ်သမားအေဂျင်စီများထံမှသိရသည်။

ထို့အပြင် မြန်မာအတွက် အလုပ်သမားခွဲတမ်း ၃,၃၀၀ကျော်ရှိပြီး သန့်ရှင်းရေးနှင့် စားသောက်ဆိုင် လုပ်ငန်းများတွင် လုပ်ကိုင်ရမည် ဖြစ်သည်။

သွားရောက်လုပ်ကိုင်လိုသူများသည် အခြေခံပညာအထက်တန်းဆောင်မြင်ထားသူများဖြစ်ရမည်ဖြစ်ပြီး အခြေခံပညာ အထက်တန်းဆောင်မြင်ပြီးမြောက်ကြောင်းလက်မှတ်တင်ပြရမည်ရမည်ဖြစ်သည်ဟုလည်းအေဂျင်စီများထံမှ သိရသည်။

“အမျိုးသမီးတွေ ပထမဦးဆုံးခေါ်မှာဆိုတော့ စိတ်ဝင်စားမှု အရမ်းမြင့်တက်နေပါတယ်။ သွားရောက်မယ့်သူတွေအတွက်လည်း သင်တန်းတွေကိုလည်း သေချာစုံစမ်းပြီးတက်စေချင်တယ်”ဟု အလုပ်သမားပို့ဆောင်ရေးအေဂျင်စီမန်နေဂျာတစ်ဦးက ပြောသည်။

၂၀၂၄တွင် ကျင်းပမည့် အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့် စနစ်အတွက် (၁၆)ကြိမ် မြောက် စာမေးပွဲကို မတ်လ ၄ ရက်မှ ၁၀ရက် အထိ ကျင်းပမည်ဖြစ်သည်။

ကိုရီးယားနိုင်ငံက မြန်မာအလုပ်သမားများကို ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူလုပ်ငန်း၊ ဆောက်လုပ်ငန်းရေးလုပ်ငန်းများကို ယခင်က ခေါ်ယူနေခြင်းဖြစ်သည်။

ယခုနှစ်မှသာ ဝန်ဆောင်မှုလုပ်ငန်းများကို စတင်ခေါ်ယူခြင်း ဖြစ်သည်။
👍62🤔2🤮1
👍47🤮1