People's Spring
62.5K subscribers
66.9K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် မဖြစ်နိုင်တော့၍ တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်း တိုက်ပွဲဝင်မည်ဟု NMSP ကြေညာ

︎"ဒီမှာရှိတဲ့ ခေါင်းဆောင်တွေ တပ်ဗိုလ်တပ်မှူးတွေ ယုံ
ကြည်ချက် တူညီတဲ့ အစုအဖွဲ့တွေ စုဖွဲ့ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ အတွက် ကျနော်တို့ အင်အားတစ်ခုအနေနဲ့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်းပါ”
-NMSP ( စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့၏ ပြောရေး
ဆိုခွင့်ရှိသူ နိုင်ဗညားလယ်

ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ပြည်သူအပေါ် သတ်ဖြတ်နှိပ်စက်မှုများ ပိုမိုပြုလုပ်လာ၍ စစ်ကောင်စီနှင့်နိုင်ငံရေးအရဆွေးနွေးအဖြေရှာရန်မဖြစ်နိုင်တော့ကြောင်း မွန်ပြည်သစ်ပါတီ(NMSP) က ယနေ့ ဖေဖော်ဝါရီ ၁၄ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမည်ဟု အသိပေးသည်။

ထိုသို့ထုတ်ပြန်ကြေညာရာ၌ NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး) အမည်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး NMSP အထွေထွေအတွင်းရေးမှူး နိုၚ်ဇေယျ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ် ဗိုလ်၊တပ်မှူး၊အကြပ်တပ်သားရဲဘော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များတို့က အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက် မှုကို ကာကွယ်ရန် စစ်ကောင်စီကို တိုက်ခိုက်မည်ဟု ဖော်ပြခဲ့သည်။

တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီအား ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစု များနှင့် ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့သည်။

NCA လက်မှတ်​ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ-NMSP
အနေဖြင့် စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးမှု ၃ကြိမ်ပြုလုပ်ခဲ့သော်လည်း မည်သည့် ရလဒ်မှ မရှိဘဲ စစ်ကောင်စီ အလို
ကျ လုပ်ဆောင်နေရမှုအပေါ် NSMP ပါတီညီလာခံတွင် ဆွေးနွေးခဲ့ကြောင်း NMSP ( စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားလယ်က ပြောပြသည်။

“အဲဒီအပေါ်မှာ ကျနော်တို့ အမျိုးသားအတွက်ရော ကျနော်တို့ ပါတီအတွက်ရောသိက္ခာတွေကျဆင်းခဲ့တယ်ပေါ့။ အဲဒီအပေါ်မှာ ဒီ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆက်လက်ဆွေး
နွေးဖို့သော်လည်းကောင်း၊ Bilateral အနေနဲ့ ဆက်ဆံဖို့သော်လည်းကောင်း ကျနော်တို့က အဆက်ဖြတ်ပြီးပြီ။ ဒီနေ့ ဒီအချိန်အခါမှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့အချိန်မှာကျနော်တို့ ပါတီ အနေနဲ့လည်း ဒီနေ့ ဒီအချိန်ခါကောင်းကို အမိအရ ဆုပ်ကိုင်ပြီးတော့တွန်းလှန် တော်လှန်သင့်ပြီဆိုတဲ့ အမြင်သဘောထား အပေါ်မှာ ကျနော်တို့ ဆွေးနွေးတော့ အဓိက အကြေအလည် ဆွေးနွေးသော်လည်း ဆုံးဖြတ်ချက်မကျဘဲ Bilateral အနေနဲ့ပဲ သွားဖို့ အများစု အနေနဲ့ ချမှတ်ခဲ့တဲ့အပေါ်မှာကျနော်တို့က လက်
မခံတဲ့ အပေါ်မှာ ဒီမှာရှိတဲ့ ခေါင်းဆောင်တွေ တပ်ဗိုလ်တပ်မှူးတွေ ယုံကြည်ချက် တူညီတဲ့ အစုအဖွဲ့တွေ စုဖွဲ့ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ အတွက် ကျနော်တို့ အင်အားတစ်ခုအနေနဲ့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်း
ပါ”ဟု နိုင်ဗညားလယ်က ပြောသည်။

မွန်ပြည်သူများ အပါအဝင် လူငယ်များ၊ ပြည်သူများအနေဖြင့် NMSP(စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့အား လူကိုယ်တိုင် ပါဝင်၍ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအားဖြင့် ကူညီပံ့ပိုးမှုများလုပ်ဆောင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

အာဏာသိမ်းစစ်တပ်သည် လက်နက်အားကိုးပြီး ပြည်
သူလူထုအပေါ် လူမဆန်စွာ ဖမ်းဆီးညှင်းဆဲ အကျဉ်းချသတ်ဖြတ်မှုများ နေ့စဥ်ကျူးလွန်နေပြီး မွန်ပြည်နယ်တွင်လည်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှု မျိုးစုံ ကြုံတွေ့နေရကြောင်း၊ အထူးသဖြင့် ကျိုက်ထို၊သထုံ၊ဘီးလင်း၊ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့မှုများ ပိုမိုပြုလုပ်လာပါသဖြင့် အကြမ်းဖက်နေသည့် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေး အဖြေရှာရန် မဖြစ်နိုင်တော့ကြောင်း ဖော်ပြသည်။

ပြည်သူများကို အကာအကွယ်ပေးရန်နှင့် မိမိတို့လိုလားသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရန်အတွက် နိုင်ငံ၏အာဏာ အဓမ္မသိမ်းယူထား သည့်စစ်တပ်၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှၚ်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသော နည်းလမ်းဟု ယုံကြည်ကြောင်း အသိပေးသည်။

ထိုယုံကြည်ချက်၊ ရပ်တည်ချက်ကို (၁၁) ကြိမ်မြောက် ပါတီညီလာခံ၌ အကျေအလည် ဆွေးနွေးခဲ့သော်လည်း လတ်တလောအခြေအနေတွင် (၂၀၁၂) ခု နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ် Bilateral Ceasefire Agreement အတိုင်း ရပ်တည်သွားပြီ စစ်ကောင်စီနှင့် ဆက်ဆံ သွားရန် ဆုံးဖြတ်ခဲ့သည်ကို လက်မခံနိုင်၍ အထွေထွေအတွင်းရေးမှူးနှင့် ဒုစစ်ဦးစီးချုပ် တို့က ယခုကဲ့သို့ NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး) စုဖွဲ့မှုဖြင့် စစ်ကောင်စီကို တိုက်ခိုက်ရန်
👍41👏73🥰1🤮1
ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

NMSPသည် ၁၉၉၅ ခုနှစ် စစ်အစိုးရလက်ထက် ၊ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရယူပြီး NLD အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

နှစ်ရှည်ကြာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော်လည်း နိုင်ငံရေးပြဿနာကို မဖြေရှင်းသည့် အပြင် NMSP တပ်စခန်းများအား သိမ်းပိုက်ခြင်းအပါအဝင် မွန်တော်
လှန်ရေးနေ့၊ မွန်အမျိုးသားနေ့ အခမ်းအနား ပြုလုပ်သည်မှအစ စစ်တပ်မှ နည်းမျိုးစုံ ဖိအားပေးခဲ့သည်ဟု ဆိုသည်။

၂၀၂၁ ခု ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းလိုက်ခြင်းသည် နိုင်ငံအတွက်များစွာ ထိခိုက်နစ်နာ စေပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းသွားရန်နှင့် ပြည်သူများ၏ဆန္ဒသဘော ထားကို အသိအမှတ်ပြုပြီး ငြိမ်းချမ်းစွာအဖြေရှာသွားကြရန် ၂၀၂၁ ခု ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ သဘောထား ထုတ်ပြန်ခဲ့သော်လည်း အာဏာသိမ်း စစ်ကောင်စီ နှင့် (၃) ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ထိုဆွေးနွေးမှုများတွင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေး ပွဲများကသာ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟူသည့် ရပ်တည်ချက်အပါအဝင် မိမိတို့ပါတီ လိုလားသည့် ဖက်ဒရယ်အခြေခံမူများကို တင်ပြဆွေးနွေးခဲ့သော်လည်း မျှော်မှန်းသည့်ရလဒ်များ လုံးဝ မရရှိခဲ့ကြောင်း NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး) က ထုတ်ပြန်ခဲ့သည်။
👍39👏87🤮2
မွန်ပြည်သစ်ပါတီ(NMSP) မှတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-NMSP
👍5318🔥1
ကျောက်ဆည်တွင် စစ်မှုထမ်းဥပဒေထောက်ခံပွဲမှ ပြန်လာသည့် အုပ်ကြီးနှင့် ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရ၊ ပျူခေါင်းဆောင် သေဆုံး

အင်ကြင်း/People's Spring

မန္တလေးတိုင်း၊ကျောက်ဆည်မြို့နယ်တွင် ပြုလုပ်သော စစ်မှုထမ်းဥပဒေထောက်ခံပွဲမှ ပြန်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးခေါင်းဆောင်တို့ ပစ်ခတ်ခံရပြီး ပျူခေါင်းဆောင်သေဆုံးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်)က ကျောက်ဆည်မြို့ပေါ်၌ ပြုလုပ်ခဲ့သော စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲမှ ပြန်လာသည့် ရွာပုလဲကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူး သန်း​ဌေးနှင့် တစ်ရွာတည်းနေ ပျူစောထီးခေါင်းဆောင် ဝင်းကိုတို့ ၂ ဦးသည် နေ့လယ် ၂ နာရီခန့်တွင် ရွာပုလဲကျေးရွာအဝင်၌ ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် အသက်(၅၃)နှစ်အရွယ် ပျူစောထီးခေါင်းဆောင် ဝင်းကိုမှာ ဦးခေါင်းနောက်စေ့၊တင်ပါးနှင့် တံကောက်ကွေးတို့တွင် ၃ ချက်ထိမှန်ပြီး သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူးမှာမူ လွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။

"အုပ်ဖိုရွာပျူခေါင်းဆောင်ဝင်းကိုနဲ့ အုပ်ချူပ်ရေးမှူး ကိုဌေးတို့ကို ကျောက်ဆည်မြို့ရှောင်လမ်း စစ်ထောက်ခံပွဲမှ ပြန်အလာမှာ စောင့်ကြိုရှင်းလင်းသုတ်သင်လိုက်တာပါ။ ပျူခေါင်းဆောင်ဝင်းကို နေရာတင်သေပြီး အုပ်ကြီး ကိုဌေး ဗိုက်မှန်ပြီး ပြည်သူကြားထဲ ပြေးထွက်သွားတယ်။"ဟု စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ဆည်၏ ရဲဘော်တစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူနှစ်ဦးသည် စစ်မှုထမ်းဥပဒေအသက်မသွင်းမီကတည်းက ကျောက်ဆည်မြို့နယ်အတွင်း စစ်ကောင်စီအတွက် ပြည်သူ့စစ်ခေါ်ပျူသင်တန်းသားများ ရရှိရေး တက်ကြွစွာ ဆောင်ရွက်ပေးနေသူများဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ဆည်၏ တာဝန်ရှိသူက ပြောသည်။

"သူတို့က စစ်သင်တန်းအတွက် မဲနှိုက်ဖို့ဦးဆောင်ပါတယ်။ စည်းရုံးရေးဆင်းပေးပါတယ်။ကျွန်တော်တို့မှာ ရန်သူနဲ့ပြည်သူနှစ်မျိုးပဲရှိပါတယ်။ ပြည်သူ့ဘက်နေမလား အာဏာရှင်အတွက်စစ်မှုထမ်းမလား ပြတ်သားဖို့လိုပြီ။ မိမိတို့ရဲ့ ဆုံးဖြတ်ချက်ကသာလျှင် မိမိတို့ကံကြမ္မာဖြစ်တယ်။ ကျွန်တော်တို့ကတော့ ရန်သူကိုရန်သူလို ဆက်ဆံမှာပဲ။"ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက ကျောက်ဆည်ခရိုင်အတွင်း၌ တစ်ရွာလျှင် ၁၀ ဦးနှုန်းဖြင့် စစ်သင်တန်းတက်ရောက်ရန် အဓမ္မဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။

သင်တန်းတက်ရောက်နေသူများနှင့် သင်တန်းတက်ရောက်ရန်ဖိအားပေးနေသူများအား ထိထိရောက်ရောက်အရေးယူသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ဆည်က ဖေဖော်ဝါရီလ ၁၁ ရက်တွင် သတိပေးခဲ့သည်။

ယမန်နေ့က ကျောက်ဆည်မြို့အပြင်၊ မန္တလေး၊ ပြင်ဦးလွင်၊ မိတ္ထီလာအစရှိသည့် မြို့နယ်များ၌ စစ်မှုထမ်းဥပဒေထောက်ခံပွဲများအား လူဦးရေရာဂဏန်းစီဖြင့် နှာခေါင်းစည်းများတပ်ကာ ပြုလုပ်ခဲ့သည်။
👍55👏126🤣1
🖕35💩6👍53👎1🤮1
👏32🥴15👍74
(ယမန်နေ့ကပြုလုပ်ခဲ့သော စစ်မှုထမ်းဥပဒေထောက်ခံပွဲနှင့် သေဆုံးပျူခေါင်းဆောင်အား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)
💩27👍15👏2
လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးနှင့် ရဲတပ်ရင်း (၉) အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

▪️စစ်မှုမထမ်းမနေရ မတရားဥပဒေကို ကန့်ကွက်သည့်အနေဖြင့် တိုက်ခိုက်ခြင်းဟုဆို

သုည/People's Spring

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ အနောက်ပိုင်း စုပေါင်းရုံးအနီးနှင့် ရဲတပ်ရင်း (၉)တို့အား ယမန်နေ့ညပိုင်းတွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃) ည ၉နာရီကျော်တွင် လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးအနီး နှင့် ရဲတပ်ရင်း (၉)တို့အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Dark Shadow တပ်ဖွဲ့က ဖော်ပြထားသည်။

"ညက ၉ နာရီကျော်လောက်မှာ ဗုံးပေါက်သံ အကျယ်ကြီး နှစ်ချက်ဆက်တိုက် ကြားလိုက်ရတယ်။ နည်းပညာကျောင်းလမ်းထိပ်က ရဲတပ်ရင်း (၉)ဘက်မှာ ပေါက်တာလို့တော့ သိရတယ်။ လူထိခိုက်မှု ရှိ၊မရှိ သေချာမသိပါဘူး။ ရဲကား၊ စစ်ကားတွေတော့ အောင်ဇေယျတံတားဘက်ကနေ သွားနေတာ တွေ့လိုက်ရတယ်"ဟု လှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ယင်းဖောက်ခွဲမှုသည် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ မတရားဥပဒေကိုအကောင်အထည်ဖော်အသက်သွင်းမှုကို အနှောက်အယှက်ဖြစ်စေရန် ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Dark Shadow အဖွဲ့က ဆိုသည်။

မတရားဥပဒေ လက်မှတ်ထိုး အတည်ပြုလိုက် သည့်နေ့မှစ၍ စစ်ကောင်စီ၏ နောက်လိုက် အုပ်ကြီးများနှင့် ရဲ၊ စစ်သားများ ပူးပေါင်းကာ အပြစ်မဲ့ပြည်သူများကို ပြန်ပေးဆွဲ၍ ငွေညှစ်ခြင်းများ ပြုလုပ်နေသည့်အတွက် ယင်းနောက်လိုက် များ အားလုံးကို အမြစ်ပြတ်သည်အထိ ရှင်းလင်းကာ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားမည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း Dark Shadowက ကတိသစ္စာပြုခဲ့သည်။

လှိုင်သာယာအနောက်ပိုင်း ရဲတပ်ရင်း (၉)သည် ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၃၁ရက် နှစ်သစ်ကူးညက လှိုင်သာယာမြို့နယ် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်၊(၂)ရပ်ကွက် ရာအိမ်မှူးတစ် ဦး၏နေအိမ်၊ (၁၀)ရပ်ကွက် ရာအိမ်မှူးတစ်ဦး ၏နေအိမ်၊ဒလန် လူမိုက် ဝင်းနိုင်၏ တပည့် ပျူစောထီး၏နေအိမ် တို့နှင့် စစ်အုပ်စုတပ်စွဲထားသော ရဲတပ်ရင်း(၉)တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
👍45👏6🤣1
👍45👏9🤣1
ပုံစာ - ယမန်နေ့ညက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရသည့် လှိုင်သာယာ ရဲတပ်ရင်း(၉)အား တွေ့ရစဥ်။ (ပုံအဟောင်းအသုံးပြုထားသည်။)
👍43👏2🤣1🖕1
မြိုင်မြို့နယ်တွင် ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးထက်မနည်း သေဆုံး၊ ၅ဦး အရှင်ဖမ်းမိ

ဟာနာဆန်/People's Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာမှ ကင်းပတ်လာသော ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးထက်မနည်း သေဆုံးကာ လက်မြှောက်အညံ့ခံခဲ့သည့် ပျူ ၅ဦးအား ဖမ်းဆီးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ၁၃ ရက်) နံနက် ၇ နာရီခွဲခန့်က မြိုင်​မြို့နယ်၊ သရက်ကန်ပျုစောထီးကျေးရွာ၏တောင်ဘက် မီတာ ၁၀၀ခန့်သို့ ကင်းပတ်ထွက်လာသော အင်အား ၁၅ ဦးခန့်ပါ ပျုစောထီးများအား မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပျူစောထီး နှစ်ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးပြီး ၅ဦးအရှင်ဖမ်းမိခဲ့ကြောင်း Earthquake People's Defence Force အဖွဲ့၏ တာဝန်ခံ ကိုအရှည်ကြီးက ပြောကြားသည်။

"ရွာအစပ်မှာပဲပစ်တာ။ သူတို့ကအရင်ဆုံး လက်နက်မဲ့ ၇ယောက်ကို အရင်လွှတ်တယ်။ နောက်ထပ်မီတာ ၅၀ အကွာလောက်မှာ လက်နက်ပါတဲ့ ၈ ယောက်က လိုက်တယ်။ လက်နက်မဲ့နဲ့လမ်းရှင်းခိုင်းတာ အဲအချိန်မှာ ပစ်လိုက်တာ။ နှစ်ယောက်ကိုအသေပစ်လိုက်တယ်။ ကျန်တဲ့ ၅ ယောက်က လက်မြှောက်ပြီး အညံ့ခံတဲ့အတွက် ဖမ်းထားတယ်။ ပစ်ခတ်တဲ့အချိန် လက်နက်ပါတဲ့ ၈ယောက်က ပစ်ခတ်ပြီး ရွာထဲပြန်ဝင်ပြေးတယ်။"ဟု Earthquake People's Defence Force အဖွဲ့၏တာဝန်ခံ ကိုအရှည်ကြီးက ပြောသည်။

"ပျူကိုမှ လက်နက်ပေးမထားသေးတာ။ ခေါင်းဆောင်အချိန်းအပြောင်းလုပ်ပုံရတယ်။ ပေးပြီးသား​တွေကိုလည်း ပြန်သိမ်းထားပုံရတယ်။"ဟု မြိုင်(ပကဖ)အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့နောက် နံနက် ၁၀ နာရီခွဲခန့်တွင် ပျူစောထီးအလောင်း နှစ်လောင်းအား လာကောက်သည့် ပျူများအား ကင်းပုန်းဝပ်စောင့်၍ ထပ်မံတိုက်ခိုက်ရာ ၅ဦး ထပ်မံသေဆုံးပြီး ထိခိုက်သူအများအပြားရှိကြောင်း၊ ဘန်ကာနှင့်နီးကပ်နေ၍ လက်နက်ကောက်ယူနိုင်ခြင်းမရှိကြောင်း စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် ရဲဘော်များက ​ပြောသည်။

ထို့အပြင် ပြည်သူ့ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရန်မရှိဘဲ သရက်ကန်ပျူစောထီးကျေးရွာမှလည်း ပြန်လည်ပစ်ခတ်ခဲ့၍ ပြည်သူ့ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးကို Badassess Burma Force၊ TYK ပျောက်ကြားတပ်ဖွဲ့၊ မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း (၂)၊  Pakokku People's Defence Force ၊ Young Force UG ၊ မြိုင်ပကဖ တပ်ရင်း(၁) ခွဲ(၄)စကြာ်တပ်ဖွဲ့နှင့် Earthquake People's Defence Forceတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သရက်ကန်ပျူစောထီးကျေးရွာသည် ပျူစောထီးအားကောင်းရာ ရွာတစ်ရွာဖြစ်ပြီး အင်အား ၉၀ခန့်ရှိကြောင်း၊ စစ်ကောင်စီတပ်ကလည်း တပ်စွဲထား၍ နှစ်ဖွဲ့ပေါင်း အင်အား ၁၀၀ခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
👍525👏5💯2🤣1
👍59👏143👎1🤣1
(အရှင်ဖမ်းဆီးရမိသော ပျူ၅ဦးအား တွေ့ရစဥ်။ဓာတ်ပုံ - Earthquake PDF)
28👍9👏4🤣4💯2
မြန်မာနဲ့ နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံ ထူထောင်မယ့်ကိစ္စ အမေရိကန် ထောက်ခံတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးပြော

︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်
ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော

-People's Spring

မြန်မာနိုင်ငံနဲ့ နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံတစ်ခု ထူထောင်ရေး ထိုင်းအစိုးရရဲ့ အစီအစဉ်ကို အမေရိကန်က အားပေး ထောက်ခံခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပန်ပရီ ဘာဟစ်ဒ်ဟာ နူကာရာကို ဝါရှင်တန် မြို့တော်မှာ ဧည့်ခံ တွေ့ဆုံရင်း မြန်မာ့အရေး ထည့်သွင်း ဆွေးနွေးချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်သိုနီ ဘလင်ကန်က ထိုင်းရဲ့ အစီအစဉ်ကို ထောက်ခံကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦးဟာ ဖေဖော်ဝါရီ ၁၃ ရက် တွေ့
ဆုံမှုမှာ လုံခြုံရေး၊ စီးပွားရေး ကဏ္ဍတွေအပြင် ထိုင်းရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကြုံနေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ပါ ဆွေးနွေးခဲ့တယ်လို့ ဘန်​ကောက်ပို့စ်သတင်းဌာနက​ဖော်ပြပါတယ်။

ဆွေးနွေးမှုတွေက အများကြီး အောင်မြင်ခဲ့ကြောင်း၊ အမေရိကန်ဟာ အာဆီယံ ဒေသတွင်း အရေးကိစ္စတွေကို အလေးအနက် စိတ်ဝင်စားမှုရှိကြောင်း ပြသခဲ့သလို ဒေသတွင်းမှာ ထိုင်းရဲ့ မဟာဗျူဟာအရ အရေးပါမှုကို အသိအမှတ် ပြုထားကြောင်း ပန်ပရီက ဆိုပါတယ်။

နောက်ပြီး သူဟာ ဘလင်ကန်နဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့ပြီး နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံ ထူထောင်သွားမယ့် ထိုင်းရဲ့ စီမံကိန်းတွေကို ဘလင်ကန်က ထောက်ခံခဲ့ကြောင်း ပန်ပရီက ဆိုပါတယ်။ ဒါ့အပြင် မြန်မာ့ အကျပ်
အတည်းကို ထိတွေ့ ဖြေရှင်းနိုင်ဖို့အတွက် ထိုင်းနဲ့ အမေရိကန်ကြား အနာဂတ် ဆွေးနွေးညှိနှိုင်းမှုတွေ ထပ်ပြီး ရှိလာဦးမယ်လို့ ယုံကြည်ကြောင်းလည်း သူက မှတ်ချက် ပေးသွားခဲ့ပါတယ်။

သူက ထိုင်း-မြန်မာ နယ်စပ်မှာ ဆိုက်ဘာလုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့ အချက်တွေကိုလည်း ဘလင်ကန်နဲ့ ဆွေးနွေးခဲ့တယ်လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။

သူ့ရဲ့ အမေရိကန် ခရီးစဉ်အတွင်း ပန်ပရီဟာ အထက်လွှတ်
တော်အမတ် ခရစ္စဗန်ဟိုလန်နဲ့လည်း တွေ့ဆုံခဲ့ပြီး ထိုင်း-အမေရိကန် ဆက်ဆံရေး၊ မြန်မာနိုင်ငံ ပြဿနာအတွက် ပူး
ပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့သေးကြောင်း သိရပါတယ်။ ဟော်လန်ဟာ အမေရိကန် အထက်လွှတ်
တော်ရဲ့ အရှေ့အာရှ၊ ပစိဖိတ်နဲ့ နိုင်ငံတကာ ဆိုက်ဘာလုံ
ခြုံရေး မူဝါဒ ဆပ်ကော်မတီရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။

ထိုင်းက နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံတစ်ခု ထူထောင်ရေး အစီအစဉ်အတွက် KNU ကို​ရော ၊နှစ်​ပေါင်းများစွာနယ်စပ်မှာ လူမှုကူညီ​ရေးလုပ်လာတဲ့အဖွဲ့အစည်း​တွေကို​ရော တိုင်ပင်တာမျိုး မရှိဘူးလို့ KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက ​ပြောပါတယ် ။ အဲဒီအစားစစ်​ကောင်စီ
သြဇာခံ ကြက်​ခြေနီအသင်း ပေါင်းလုပ်မယ့်အစီအစဥ်ဟာ လုပ်နည်းလုပ်ဟန်လွဲ​နေတယ်လို့​ပြောပါတယ် ။ဒါအပြင် စစ်​ဘေး​ရှောင်​တွေတိမ်း​ရှောင်​နေတဲ့​နေရာ​တွဟာ KNU ထိန်းချုပ်မှု​အောက်မှာပဲရှိပြီး စစ်တပ်ကမြဝတီမြို့ ၊​ကောကရိတ် မြို့တို့မှာ မြို့​ပေါ်ကွက်ကွက်က​လေးမှာပဲ ရှိ​နေသလို ၊
စစ်တပ်​ကြောင့် ထွက်ရတဲ့ စစ်​ဘေး​ရှောင် ပြည်သူ​တွေ စစ်​ကောင်စီကပဲ ပြန်လည်ကယ်တင်မယ်ဆိုတဲ့ ပုံစံမျိုးပုံ​ဖော်မှာ ကို လက်ခံလို့မရဘူး လို့ ပဒို​စော​တောနီက​ပြောပါတယ် ။ ပြည်သူ​တွေကလည်းလက်ခံမှာ မဟုတ်လို့ လုပ်နည်းလုပ်ဟန်လွဲ​နေတဲ့အ​ပေါ် ပြင်ဆင်ပြီး KNU နဲ့ နယ်စပ်​ဒေသက ကူညီ​နေတဲ့အဖွဲ့​တွေနဲ့ လက်တွဲလုပ်​ဆောင်ဖို့ လိုတယ်လို့ KNU ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောထားပါတယ် ။

ကိုးကား-Bangkok Post
👍453😁2🤔2🤮1
အ​မေရီကန်နဲ့ထိုင်း နိုင်ငံခြား​ရေးဝန်ကြီး​တွေအဖွဲ့​တွေ့ဆုံ​ဆွေး​နွေး​နေကြစဥ်။ဓါတ်ပုံ-State Department
👍42😁3😱1🤮1🤨1
စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ပြည်တွင်းခရီးသွားလုပ်ငန်း စစ်ကောင်စီတင်းကြပ်

ခွာညို/People's Spring

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ခရီးသွားလုပ်ငန်းကို စောင့်ကြည့်တင်းကြပ် လိုက်ပြီး ပြည်တွင်းခရီးသွားလာရာတွင် ခရီးသွားခွင့်ကဒ်ဖြင့်သွားရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အသိပေးလာကြောင်း သတင်းရရှိသည်။

" ဒီမနက် ရပ်ကွက်ရုံးက အသိပေးလာတယ်။ ခရီးသွားမယ့်သူတွေ ခရီးသွားကဒ်လုပ်ရမယ်တဲ့။ တစ်ကဒ် ၁၅၀၀ တဲ့။ မှတ်ပုံတင်နဲ့မရတော့ဘူးလို့ပြောတယ်"ဟု ဧရာဝတီတိုင်း၊ ဇလွန်မြို့မှ ‌ဒေသခံတစ်ဦးက ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) ပြောသည်။

ခရီးသွားကဒ်ဟု ခေါ်သည့် ခရီးသွားခွင့် အထောက်အထားကဒ်ကို အခကြေးငွေယူ၍ ပြုလုပ်ပေးနေသည့်အစီအစဉ်ကို ဒေသအများစုရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စတင်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

"ခရီးသွားမယ်ဆို ရပ်ကွက်ရုံးကိုအကြောင်းကြားဖို့ အသိပေးလာတယ်။ ထောက်ခံစာလုပ်ရမယ်ပြောတယ်။ သွားမလုပ်သေးတော့အသေးစိတ်တော့မသိသေးဘူး"ဟု ပဲခူးမြို့မှဒေသခံတစ်ဦးက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီသည် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် မြို့အဝင်အထွက်ကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ခရီးသွားများက ပြောသည်။

"ကျမရန်ကုန်ကို ဝင်တာ သိပ်မစစ်ဘူး။ အထွက်တွေကို စစ်နေတယ်။ မီးသတ်တွေ၊ ရဲတွေ၊ စစ်‌ခွေးတွေ စစ်နေတာ"ဟု ဖေဖော်ဝါရီ ၁၂ရက်က ရန်ကုန်မြို့သို့ ကားဖြင့်သွားခဲ့သည့် ခရီးသည်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မိုင်းအနည်းငယ်သာရှိသည့် မြို့ချင်းဆက်ခရီးသွားယာဥ်လိုင်းများထက် မိုင်ရာချီဝေးသည့် ခရီးသွားယာဥ််လိုင်းများကို အဓိကစစ်ဆေးနေကြောင်း သတင်းရရှိသည်။

" မှတ်ပုံတင်နဲ့က မိုင်တိုတွေရတယ်။ မိုင်းရှည်ခရီးစဉ်တွေကို ဒီကောင်တွေ စောင့်ကြည့်တယ်။အချက်အလက်တောင်းတယ်" ဟု ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဂိတ်မှ ယာဉ်မောင်းတဦးကပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်‌ကောင်စီက ဖေဖော်ဝါရီ၁၀ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ညက ထုတ်ပြန်ထားသည်။

စစ်ကောင်စီထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် တရားမဝင်‌ကြောင်းနှင့်အကောင်အထည်ဖော်ရာတွင် ပါဝင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်သူများအဖြစ် သတ်မှတ်၍ အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။ပြည်သူလူထုကြုံတွေ့လာရနိုင်သည့် ဘေးဒုက္ခများလျော့နည်းစေရန်အတွက်လည်း မဟာမိတ်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
👍39🤬16😁61💩1
👍32🤬5🔥2💩1
(ရန်ကုန်မြို့ရှိ ဒဂုံဧရာအဝေးပြေးဂိတ်အတွင်းရှိ ခရီးသည်များနှင့် ယာဉ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PS)
👍21🤬5🔥2💩1
နိုင်ကျဥ်းများကို လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှုပေးရန် မကွေးလူထုသပိတ် တောင်းဆို

သုည/People's Spring

မကွေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ (ဖေဖော်ဝါရီ ၁၄)သပိတ်အင်အားစုများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စစ်ကောင်စီအနေဖြင့် အကျဥ်းထောင်အတွင်း နိုင်ငံရေး အကျဥ်းသားများကို လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှုများ ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

သပိတ်အင်အားစုများက "အသက်တွေကိုပိတ်မထားနဲ့ ဖွင့်ပေး" စာသားကို ကိုင်ဆောင်ပြီး အကျဉ်းထောင်များတွင် ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရရှိဘဲ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကိုယ်စား ပြင်ပမှပို့ဆောင်သည့် ထောင်ဝင်စာပါဆယ်တွင် နိုင်ငံခြားဆေးဝါးများလက်ခံရန်နှင့် လုံလောက်သောဆေးဝါးစောင့်ရှောက်မှုပေးရန်အတွက် တောင်းဆိုခဲ့သည်။

ထို့အပြင် အကျဥ်းထောင်အတွင်းရှိ အရေးကြီးလူနှာများကို ပြင်ပဆေးရုံများသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ရန်နှင့် ပြင်ပဆေးရုံများတွင် ရောဂါသက်သာပျောက်ကင်းသည်အထိ ကုသခွင့်ပေးရန်လည်း မေတ္တာရပ်ခံခဲ့သည်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို မုံရွာ-အမြင့်လမ်း လူထုသပိတ် ဦးဆောင်ကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ဝက်လက်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစု၊ ချောင်းဦးလူငယ်သပိတ်အင်အားစု၊ မန္တလေးသပိတ်အင်အားစု၊ AFCC နှင့် ပြည်သူများ စုပေါင်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားကွန်ရက်နှင့် အတူ ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - GSCB
👍468🔥1