People's Spring
62.5K subscribers
66.9K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
︎​ဆောင်းပါး

စစ်ပွဲအရှုံးကို လူမျိုးရေးပဋိပက္ခဖြင့်
ဖုံးကွယ်ရန်ကြိုးစား​နေ​သောစစ်​ကောင်စီ

အင်ကြင်း၊ယောနသံ /People's Spring

ရခိုင်ပြည်နယ်တိုက်ပွဲများတွင် စစ်ရှုံး၍ မြို့ ၅ မြို့ နှင့် စစ်သင်္ဘောများဆုံးရှုံးပြီး​​နောက် စစ်​ကောင်စီက AAကိုယှဥ်မတိုက်နိုင်​သောအခါ လူမျိုး​ရေး ပဋိပက္ခများဖန်တီးရန်ကြိုးစားလာသည်။

၁၀၂၇ စစ်ဆင်​ရေးတွင် စစ်ရှုံးပြီး​နောက်စစ်​ကောင်စီက
ကိုးကန့်​ဒေသစစ်ပွဲမှာမျိုးနွယ်စုချင်းဖြစ်ပွား​သောပြသာနာဟုလည်း​ကောင်း ၊ ကိုးကန့်တပ် MNDAA သည် ဘုရားများကိုလိုက်လံဖျက်ဆီးသည်ဟုလည်း​ကောင်း ၊TNLA ကိုလည်း ဘုရားဌာပနာများ​ဖောက်ထွင်းသည်ဟုလည်း​ကောင်း ၊ ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံးဖွဲ့နှင့်အတူ တရုတ်စစ်သားများကပါပူး​ပေါင်းတိုက်ခိုက်​နေသည့် ပြည်ပကျူး​ကျော်စစ်ပွဲဟုလည်း​ကောင်း မျိုးစုံဇာတ်လမ်းဆင်ဝါဒဖြန့်ခဲ့​သော စစ်​အုပ်စုသည် ရခိုင်​ဒေသတိုက်ပွဲအတွက် ဇာတ်လမ်းတစ်ပုဒ်ဖန်တီး​လာကြပြန်သည်။ စစ်အုပ်စု ၊စစ်တပ် သြဇာခံ အမျိုးသား​ရေးအစွန်းအုပ်စုများ ​မကြာခဏ ဖန်တီး​လေ့ရှိသည့် လူမျိုး​ရေးပဋိပက္ခဖန်တီးရန် ကြိုးစားလာကြခြင်းဖြစ်ပါသည်။

ယခုရက်ပိုင်းတွင် စစ်​ကောင်စီနှင့် ဘာသာ​ရေးအစွန်း​ရောက်မဘသများက ရန်ကုန်နှင့် မန္တလေးမြို့ပေါ်တွင် ရခိုင်ဆန့်ကျင်ရေး စာရွက်များ မြို့အနှံ့ လိုက်ကပ်နေပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် အရှိန်မြှင့် ဖန်တီးလာကြသည်။

ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းက မန္တလေးမြို့လယ်ရှိ ၃၅ လမ်းကုန်းကျော်တံတား၊ ၄၁လမ်းကုန်စိမ်းညစျေးအပါအဝင် စျေးများ၊ လူစည်ကားရာလမ်းမများ၊ ဓာတ်တိုင်များ၌ စစ်တပ်​ထောက်ခံသူနှင့်မဘသများက ရခိုင်လူမျိုးများအား လူမျိုးရေးခွဲခြားပြီး ခြိမ်းခြောက်ထားသည့် စာရွက်စာတန်းများအား လိုက်ကပ်လာကြောင်း မန္တလေးမြို့ခံများက ပြောသည်။

အဆိုပါစာရွက်များတွင် "ပြည်သူတွေအနေနဲ့ မန္တလေးမြို့ပေါ်က ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေကို သွားရောက်ဝယ်ယူခြင်းမပြုရန် သတိပေးတားမြစ်လိုက်သည်"၊ "ရခိုင်ဆိုင်တွေမှန်သမျှ မန္တလေးမြို့ပေါ်ကထွက်သွားကြ"၊ "ရက်စက်ယုတ်မာတဲ့ AA အကြမ်းဖက်သမားတွေကို ဆန့်ကျင်သည့်အနေဖြင့် မန္တလေးမြို့ပေါ်က ရခိုင်ဆိုင်မှန်သမျှကို ဝယ်ယူစားသောက်အားပေးခြင်း ရှောင်ကျဥ်ကြပါ"၊ "လူမျိုးရေးဝါဒစွဲပြင်းထန်ပြီး အစွန်းရောက်နေတဲ့ ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေ အခုချက်ချင်းပိတ်သိမ်းပါ" အစရှိသည့်စာသားများရေးသားထားသည်။

အဆိုပါ လှုံ့​ဆော်မှုများနှင့် ပတ်သပ်၍ မန္တလေးမြို့ခံတစ်ဦးက"ဘာမှမဆိုင်ဘူး။ လူမျိုးရေးနဲ့လွှဲချနေတာ"ဟု ပြောသည်။

ထိုစာသားတိုင်း၏ အောက်ခြေ၌ မန္တလေးမြို့သူမြို့သားများဟု အလွဲသုံးစားလုပ်ကာ ပြည်သူချင်းပါ ရန်တိုက်ပေးနေသည်ဟု မန္တလေးမြို့ခံများက ပြောသည်။ မန္တ​လေးမြို့ခံပြည်သူများမှာ မည်သူမျှ ထိုသို့မလုပ်ဘဲ စစ်​ကောင်စီ စစ်မှုထမ်းဥပ​ဒေ​ကြောင့် ပြည်သူများမှာ​ပေါ်တာဆွဲခံရမည့်စိုး၍ ညပိုင်းအပြင်ထွက်သူနည်းချိန်တွင် ထိုစာများကပ်သူများမှာစစ်​ကောင်စီသာဖြစ်​ကြောင်း မြို့ခံပြည်သူများက​ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ပေါ်ရှိ လူစည်ကားရာနေရာများနှင့် ရခိုင်ရိုးရာစားသောက်ဆိုင်များ၊ လူသိများ​​သော​ဈေးဆိုင်များရှေ့တွင်လည်းအလားတူစာသားများ လိုက်လံကပ်၍ လူမျိုး​ရေး ပြသာနာဖန်တီး​နေသည်ကို​တွေ့ရသည်။

"ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ AAက စစ်တပ်ကို တိုက်တာတွေအရမ်းကိုအားကျနေတာပါ။မန်းလေးကဖြင့်။ကျမတို့ရပ်ကွက်တင်မဟုတ်ဘူး။ အနယ်နယ်က သဘောကျနေတာပါ။စာကပ်လည်းအရေးစိုက်မှာ ဟုတ်ပါဘူး" ဟု မန္တ‌လေးမြို့ခံတဦးက သူ့ခံစားချက်ကို​ပြောသည်။

စစ်အုပ်စုသည် ရခိုင်ပြည်နယ် တွင် စစ်ရှုံးပြီး မြို့ ​လေးမြို့ကို ရက်ပိုင်းအတွင်းဆုံးရှုံးခဲ့ရကာ စစ်သဘာ်များကိုပင် တိုက်ခိုက်​ချေမှုန်းခံ​နေရသည် ကို ဝန်မခံဘဲ လူမျိုး​ရေးပြသာနာများ ဖန်တီး​နေခြင်းဖြစ်သည်။ အထူးသဖြင့် ကျောက်တော်မြို့၌ ဖေဖော်ဝါရီလ ၇ ရက်နှင့်၈ရက်က ဖြစ်ပွားခဲ့သည့်ရေကြောင်းတိုက်ပွဲ၌ ​ခေတ်မီလှသည်ဟု အစဥ်တစိုက်ဝါဒ
ဖြန့်ခဲ့​သော ​ရေတပ်မှ စစ်သ​ဘော် ၃ စီးကို AAကတိုက်ခိုက်​ချေမှုန်း​ရေနစ်ခဲ့သည့်အ​ပေါ် ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ပုံရသည်။

အရှုံးကို ဝန်မခံဘဲ ​စစ်သ​ဘော်​ပေါ်မှ တိုက်ခိုက်ခံရ၍ ကမ်း​ခြေ၌ ​ရေကူး​​လာသူများကို ​ဒေသခံများက ဓါးဖြင့် ခုတ်သတ်သည်ဟုလည်း​ကောင်း ၊ က​လေးနှင့် အမျိုးသမီးများကိုပါ မချန် AA က​တိုက်ခိုက် ​ချေမှုန်းခဲ့သည်ဟုတစ်ဖုံ လုပ်ကြံဖန်တီးထား​​​သော ဇာတ်လမ်းမျိုး စုံဖြင့် လူမျိုးရေးပဋိပက္ခဖြစ်လာရန်လူမှုကွန်ယက်တွင် အင်နှင့်အားနှင့် လှုံ့​ဆော်ဝါဒဖြန့်ကြသည်။

အ​စောပိုင်းတွင် စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်များနှင့် စစ်တပ်​ထောက်ခံသူများ၏ ပစ်မှတ်မှာ​ ​ရေကူး၍ ကမ်း​ခြေ​ရောက်လာသူများကို သတ်သည်ဆိုကာ ဒေသခံပြည်သူများကိုဖြစ်သည်။ သို့​သော် ​မြေပြင် အ​ခြေအ​နေ သိ​သောပြည်သူများက တိုက်ပွဲအပြင်းအထန်ဖြစ်ပွား​နေ​သောထို​နေရာ၌ ​ဒေသခံပြည်သူများမရှိဘဲ စစ်တပ်ရန်​ကြောက်၍ အ​စောကတည်းကထွက်​ပြေး​နေကြရ​​ကြောင်း​​ရေးသားရှင်းပြကြသည်။
👍345🔥1
"​ရေမြှပ်တဲ့ သ​ဘော်က​နေပဲ ကမ်းကိုအရင်​ရောက်​အောင်ကူးကြည့်ပါဦး ။ ဒီ​လောက်​ရေစီးသန်တဲ့မြစ်ကို ​တော်ယုံ​ရေးကူးကျွမ်းကျင်တဲ့လူ အသာထား ၊မိန်းမ​တွေက​လေး​တွေကူးတယ်ဆိုတာဘယ်လိုမှ မဖြစ်နိုင်။ စစ်ဖြစ်တာနဲ့ အဲနားကရွာကလူ​တွေအကုန် ​ပြေးကြတာ ။​နေဗီလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်လို့ ။စစ်​ရေယာဥ်ကို လုံခြုံ​ရေးယူ​ပေးတဲ့ ရဟတ်
ယာဥ်​တွေပါတာကို အဲနားကရွာကလူ​တွေက ဓါးနဲ့ခုတ်နိုင်ပါ့မလား ။စဥ်းစား​ပေါ့"ဟု ​ဒေသအ​ခြေအ​နေသိ​​သောပြည်သူတစ်ဦးက​ရှင်းပြသည်။

ထို​​​​​နောက်ပိုင်းတွင် စစ်​ကောင်စီ​ဝါဒဖြန့်အ​ကောင့်များက AA တပ်ဖွဲ့ဝင်များက စစ်သင်္ဘော​ပေါ်ပါ အမျိုးသမီးနှင့်က​လေးငယ်များကိုပါ တိုက်ခိုက်​ချေမှုန်းသည်ဟု အသား​​ပေး၍ဝါဒဖြန့်​နေကြပြန်သည်။​ AA က​ကျောက်​တော်မြို့ရှိ စစ်​ကောင်စီတပ်စခန်းများကို ဇန်နဝါရီလကတည်းက အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်​သော​နေရာများတွင် ၊ စစ်ဆင်​ရေးလုပ်​သော
စစ်သင်္ဘောများ​ပေါ်တွင် က​လေးငယ်နှင့် အမျိုးသမီးများပါသည်ဆိုခြင်းမှာ မဟုတ်ဘဲ ၊တိုက်ပွဲများမပြင်းထန်ခင်ကတည်းကစစ်​ကောင်စီ မိသားစုဝင်များကို​ဘေးကင်းရာသို့ ပို့​ဆောင်​ပေး​လေ့ရှိ​ကြောင်း စစ်​ရေးအရင်းအမြစ်များက​ပြောသည်။

ထို့​ကြောင့် တိုက်ပွဲတွင် စစ်ရှုံးသည်ကို စစ်ရှုံး​ကြောင်းဝန်မခံဘဲ ဇာတ်နာ​အောင်ဇာတ်လမ်းမျိုးစုံထွင်၍ လူမျိုး​ရေးပြသာနာဖန်တီး​နေခြင်းမှာ သူရဲ​ဘော​ကြောင်​သောလုပ်ရပ်ဖြစ်​ကြောင်း အထက်ပါစစ်​ရေးရင်းမြစ်များက​ပြောသည်။

AAက ​မြောက်ဦး ၊​ကျောက်​တော် ၊မင်းပြား အပါအဝင်ရခိုင်ပြည်နယ်ရှိ စစ်​ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဟုစစ်​ကြေညာကာတိုက်ခဲ့ခြင်းဖြစ်သည်။ထို​ကြောင့်အသက်မ​သေလိုပါက လက်နက်ချ ကြရန် အကြိမ်ကြိမ်​ကြေညာပြီးထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

AAက ရေကြောင်းတိုက်ပွဲသတင်းကို ​ဖေ​ဖော်ဝါရီ ၁၁ ရက်ည ထုတ်ပြန်သည်။စစ်ကောင်စီ၏ စစ်သင်္ဘော နှစ်စီး၊ ဇက်သင်္ဘောတစ် စီးတို့အား ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး သုံးစီးစလုံးအား ရေထဲနစ်မြုပ်အောင် ​ချေမှုန်းနိုင်ခဲ့သည်ဟု ​ဖော်ပြသည်။ စစ်သင်္ဘောသုံးစီးအပြင် နောက်ထပ်အထိနာအောင် တိုက်ခိုက်ခဲ့သော စစ်သင်္ဘော လေး စီးအထိ ရှိခဲ့သည်ဟု AAက အတိအလင်းအသိ​ပေးသည်။

ထိုတိုက်ပွဲ၌ စစ်သင်္ဘောသုံးစီးစလုံးသည် ချက်ကောင်းကိုထိ၍ အထိနာခဲ့ကြောင်း၊ သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ကာနီးအချိန်တွင် လက်နက်ချ အညံ့ခံ အလံဖြူထောင်ရန် လော်စပီကာများဖြင့် သုံးကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားခဲ့ကြောင်း၊ သင်္ဘောသုံး စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန် မိနစ်၃၀ ထပ်ပေးသည့်အချိန်တွင်လည်း စစ်ကောင်စီက ဒရော့ဗုံးများဖြင့် စုပြုံပစ် လာရောက်တိုက်ခိုက်နေခဲ့သောကြောင့် AAတပ်ဖွဲ့ဝင် ဆယ်ဦး ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ရှိခဲ့သည်ဟု အသိပေးထားသည်။

"လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသောသူများမှာ အသက်ချမ်းသာခွင့် ရရှိကြမည်ဖြစ်သည်။ အမှန်တကယ်လည်း အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့အား မိမိတို့မှ ကယ်တင်ထားနိုင်ခဲ့သည်။ ဤကဲ့သို့ ကယ်တင်ရာတွင် အာရက္ခစစ်သည်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်" ဟု ထုတ်ပြန်ထားသည်။

သို့​သော် ကယ်ဆယ်ထားသူအရေအတွက်ကို AAကမထုတ်ပြန်သေးပေ။

စစ်ကောင်စီ၏‌ ရေတပ်စစ်သင်္ဘော (Navy) ၊ ဇက်သင်္ဘောများသည် ၎င်းတို့ချီတက်ရာလမ်းကြောင်း တစ်လျှောက်ရှိ မြစ်၊ ချောင်း နံဘေးရှိ ကျေးရွာများအား စစ်သင်္ဘောများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တမင်တကာရည်ရွယ်ချက်ရှိရှိ နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းများကို နှစ်ရှည်လများပြုလုပ်လာခဲ့သည့် မှတ်တမ်းများ ရှိခဲ့သည်ဟုလည်းအသိ​ပေးသည်။ ယခုအကြိမ်တ့င်လည်း ယခင်နည်းတူ ရပ်ရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် အရပ်သားပြည်သူလူထုများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများမှာ နေ့တိုင်းရှိခဲ့သည်။ ထို​ကြောင့် ​ဒေသခံပြည်သူလူထုအား နေ့စဉ် သတ်ဖြတ်နေသော စစ်ကောင်စီ၏ရေတပ်အား လက်တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်သည်ဟု ​ရေ​ကြောင်းတိုက်ပွဲ
နှင့်ပါတ်သပ်၍ တရားဝင်ထုတ်ပြန်သည်။

စစ်​ကောင်စီတပ်သည် ရက္ခိုင်ဒေသတိုက်ပွဲများတွင် ရေတပ်ကို အလေးထားအသုံးပြုပြီး တိုက်ခိုက်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်မှ စစ်တပ်၏ ရေတပ်အား အကောင်းဆုံးတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်ခြင်းဆက်လက်၍လည်း လက်နက်ချအညံ့ခံရန် ပြောကြားထားသော ရန်သူ့စစ်စခန်းများအနေဖြင့် အချိန်မီ လက်နက်ချအညံ့ခံရန် ထပ်မံအသိပေးလိုက်သည်ဟုလည်း AA က​ကြေညာထားသည်။

" ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ဖေဖော်ဝါရီလ (၈) ရက်နေ့သည် အာရက္ခ ရေပြင်ထက်တွင် ရန်သူ့သင်္ဘောများအား အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့သည်"ဟု AAကထုတ်ပြန်ထားသည်။
👏27👍17🔥1
ထိုအပြင် ​ဖေ​ဖော်ဝါစီ ၁၂ ရက် ကလည်း မင်းပြားမြို့နယ်တွင် စစ်​ကောင်စီတပ်၏ ​သဘာ်တစ်စင်းကိုထပ်မံ တိုက်ခိုက်နစ်မြှပ်ခဲ့​ကြောင်း ​ဖေ​ဖော်ဝါရီ ၁၃ တွင်ထပ်မံထုတ်ပြန်လာသည်။

စစ်​ကောင်စီက​မူ စစ်ရှုံးမှုအ​ပေါ် တစ်ခွန်းမျှမ​ပြောဘဲ လူမျိုး​ရေအဓိကရုဏ်းဖြစ်ရန်၊ စစ်ပွဲအရှုံးအ​ပေါ်အာရုံ​ပြောင်းရန် သာ လှုံ့​ဆော်စာများဖြန့်​ဝေခြင်းအလုပ်များ​နေသည်ကို​တွေ့ရသည်။

ထို​ကြောင့်စစ်ကောင်စီက ယခုရက်ပိုင်း ဇောင်းပေးဖော်ပြနေသည့် လူမျိုးရေးနှင့် ဘာသာရေးအခြေပြုဝါဒမှိုင်းကို သတိပြုရန် ပြည်သူအချင်းချင်းကသတိပေးနေကြသည်။

ရန်ကုန်မြို့မှ မြို့ပြ​ပြောက်ကျားရဲ​ဘော်တစ်ဦးက "အရင်လဲ
စစ်တပ်က ဒါမျိုး လူမျိုးရေးမှိုင်းတိုက်တာတွေ လုပ်ဖူးပါတယ်။ အခုခတ်မှာတော့ ဒါတွေလုပ်လို့ မရတော့ပါဘူး။ ပြည်သူတွေအနေနဲ့ ဒါကို မယုံဘဲ ဘုံရန်သူ စစ်ကောင်စီကိုပဲ ဆန့်ကျင်ဖို့ လိုအပ်ပါတယ်" ဟု​ပြောပါသည်။ ။
👍38👏5🔥1
ရန်ကုန်နှင့် မန္တ​လေးမြို့ရှိဓါတ်တိုင်များ ရခိုင်တိုင်းရင်းသားစာ​သောက်ဆိုင်နှင့် ​​ဈေးဆိုင်များ​ရှေ့၌ စစ်​ကောင်စီ​ထောက်ခံသူများ ၊မဘသ များကပ်ထား​သောလူမျိုး​ရေးမုန်းတီးရန် လှုံ့​ဆော်ထား​သောစာများ။ဓါတ်ပုံ-CJ
👍482
︎​မေးမြန်းခန်း

"စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းဘူးဆိုတဲ့စိတ်
ဓာတ်ရှိတဲ့ လူငယ်တွေကို ဘာမှခွဲခြားဆက်ဆံစရာအကြောင်းမရှိဘူး။ လေးစားမှုအပြည့်ရှိပြီးသား ဖြစ်ပါတယ်။ ဒါလေးကိုလူငယ်တွေကိုသိစေချင်ပါတယ်"

MDY-PDFပြော​ရေးဆိုခွင့်ရှိသူကို​အော်စမွန်နဲ့​မေးမြန်းခန်း

အာဏာသိမ်းစစ်​​ခေါင်း​ဆောင်အမိန့်နဲ့​ဖေ​ဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုမထမ်းမ​နေရဥပ​ဒေကိုထုတ်ပြန်ခဲ့တယ်။ပြည်သူ​တွေမုန်းတဲ့ အကြမ်းဖက်စစ်​ကောင်စီ​တပ်သားမဖြစ်ချင်တဲ့လူငယ်​တွေရဲ့ စစ်အုပ်စုကို​ဆန့်ကျင်​တော်လှန်ချင်တဲ့စိတ်ဓါတ်ကိုမီးထိုး​ပေးလိုက်သလိုဖြစ်​စေခဲ့တယ်။​တော်လှန်​ရေးအဖွဲ့​တွေဆီတာဝန်ထမ်းဖို့ဆက်သွယ်တဲ့လူငယ်​တွေအများကြီးရှိ​နေတယ်။ဒီအချိန်မှာအခြား​တော်လှန်​ရေးအဖွဲ့​တွေနည်းတူ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)
-MDY PDFကလည်းတပ်ဖွဲ့ဝင်အသစ်​တွေကိုဖိတ်​ခေါ်လိုက်ပါတယ်။အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမယ်၊
ကျန်းမာရေး (အထူး) ကောင်းမွန်သူ ဖြစ်ရမယ်တော်လှန်ရေးပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်နိုင်သူဖြစ်ရမယ်၊ တပ်ဖွဲ့မှ သတ်မှတ်ပေးထားသောနယ်မြေများတွင် လေ့ကျင်/သင်ကြား/နေထိုင်/စုဖွဲ့နိုင်သူ ဖြစ်ရမယ်၊
အဆင့်ဆင့်ကွပ်ကဲမှု သဘောတရားကို လက်ခံနိုင်သူဖြစ်ရမယ်၊ ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သိစ္စာစောင့်သိသူဖြစ်ရမယ်၊ တပ်ဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်မူဘောင်များကို လေးစားလိုက်နာသူဖြစ်ရမယ်၊မိမိအပေါ်ပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်နိုင်သူဖြစ်ရမယ် ဆိုတဲ့ အချက် ၈ ချက်နဲ့ကိုက်ညီတဲ့သူ​တွေကိုတော်လှန်ရေးရဲဘော်အသစ်များကို နွေးထွေးစွာ စောင့်ကြို​နေတယ်လို့​ကြေညာထားပါတယ်။
ဒါ​ကြောင့် MDY-PDF ပြော​ရေးဆိုခွင့်ရှိသူကို​အော်စမွန်ကိုPeople's Spring ကမေးမြန်းထားပါတယ်။

-ဒီပ၊​ဟေဇယ်/People's Spring

​မေး။စစ်​ကောင်စီပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပ​ဒေ​ကြောင့်မခံချင်လို့ ၊စစ်တပ်လက်​အောက်မဝင်နိုင်လို့ ​​တော်လှန်ချင်တဲ့ လူငယ်​တွေကို ဘယ်လိုအကြံ​ပေးချင်ပါလဲ။

​ဖြေ။စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေပြဌာန်းလိုက်တာက သူတို့ရဲ့တပ်ဖွဲ့ထဲမှာ ဘယ်လောက်တောင် အင်အားလိုအပ်ချက်ကြီးမားနေတယ်၊ ဘယ်လောက်အင်အားတွေလျော့နည်းပြီး ပြုန်းတီးနေတယ်ဆိုတဲ့ကိစ္စကို မီးမောင်းထိုးပြလိုက်သလိုတော့ ဖြစ်သွားတယ်။ အရင်ကလည်း စစ်တပ်က တပ်သားတွေစုတဲ့နေရာမှာ ထောင်ထဲမှာအကျဥ်းချခံထားတဲ့ ရာဇဝတ်သားတွေ၊တပ်ပြေးတွေ ပြန်လက်ခံပြီး အင်အားစုဆောင်းတယ်ဆိုတာတွေ တွေ့ရတယ်။ ဒီတစ်ကြိမ်မှာအဲလောက်နဲ့မလုံလောက်လို့ တစ်နိုင်ငံလုံးမှာရှိတဲ့လူငယ်တွေ စစ်ထဲမှာထည့်ဖို့ကြိုးစားလာတာ စစ်ကောက်ဖို့ကြိုးစားလာတာတွေ့ရတယ်။ ဒါတွေဟာ တော်လှန်ရေး၃နှစ်တာကာလအတွင်း စစ်ကောင်စီဘက်က ဘယ်လောက်အင်အားပြုန်းတီးနေတယ်၊ ဘယ်လောက်အင်အားလျော့နည်းနေတယ်ဆိုတာတွေကိုထင်သာမြင်သာရှိတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ စစ်မှုထမ်းဥပဒေပြဠာန်းလိုက်လို့ စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းချင်တဲ့ လူငယ်တွေအများကြီးရှိတယ်ဆိုတာကို ကျွန်တော်တို့တွေ့လိုက်ရတယ်။ ဒါကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအတွက် အများကြီး အားတက်စရာအခြေအနေဖြစ်ပါတယ်။ ကြိုဆိုရမယ့် အခြေအနေဖြစ်ပါတယ်။ ကျွန်တော်တို့ဒီဥပဒေကြောင့်ပဲ အရင်တုန်းက တော်လှန်ရေးနဲ့အလှမ်းဝေးတဲ့ ထဲထဲဝင်ဝင်မလုပ်တဲ့ ပြည်သူတွေလူငယ်တွေကိုပါ ဒီတော်လှန်ရေးအင်အားစုတွေနဲ့ ပိုနီးစပ်အောင် တွန်းပို့ပေးလိုက်သလို အခြေအနေမျိုးတော့ ဖြစ်သွားတယ်။ ဒီအခြေအနေဟာ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအတွက် အခြေအနေကောင်းတွေလို့ ပြောလို့ရပါတယ်။ ဒီလူငယ်တွေသာ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး ပူးပေါင်းတိုက်ပွဲဝင်လာမယ်ဆိုရင် ကျွန်တော်တို့တော်လှန်ရေးဟာပိုပြီးတော့မြန်လာမယ်။ ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ဟာ အမြန်ဆုံးရောက်လာမယ်လို့ ပြောရင်ရပါတယ်။

လူငယ်တွေကိုဘယ်လိုအကြံပေးချင်လဲဆိုတော့ ဒီစစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီလက်အောက်မှ စစ်မှုမထမ်းချင်ဘူးဆိုပြီး သိရတဲ့အတွက် အများကြီးဝမ်းသာတယ်။ ဂုဏ်လည်းဂုဏ်ယူပါတယ်။ ပြည်သူတွေရဲ့ဒုက္ခတွေဟာ ကျွန်တော်တို့ရဲ့ဒုက္ခလို့ပဲခံယူပါတယ်။ ကျွန်တော်တို့ MDY PDFအနေနဲ့ကော တော်လှန်ရေးအင်အားစုတွေအနေနဲ့ အတက်နိုင်ဆုံး ကူညီပေးသွားဖို့ရှိပါတယ်။ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအနေနဲ့ကလည်း လွန်ခဲ့တဲ့၃နှစ်က အခြေအနေမျိုးတော့မဟုတ်တော့ဘူးပေါ့။ ကျွန်တော်တို့ နယ်မြေစိုးမိုးမှုအတိုင်းအတာတစ်ခုထိရလာတယ်။ စစ်ရေးအတွေ့အကြုံတွေပိုကောင်းလာတယ်။ လက်နက်တပ်ဆင်မှုတွေ ပိုပြီးတော့ပြည့်စုံလာတာဖြစ်တဲ့အတွက် လက်ရှိပြည်မအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေ ကြုံတွေ့နေရတဲ့ဒုက္ခတွေ ကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားပြီးတော့ ဖြေရှင်းပေးမယ်၊ ကူညီပေးမယ်၊ ကျွန်တော်တို့နဲ့အတူလက်တွဲပြီး တိုက်ပွဲဝင်ဖို့လည်း ဖိတ်ခေါ်ပါတယ်။ ဘာမှအားမငယ်ကြပါနဲ့။ ကျွန်တော်တို့တသားတည်းရှိနေတယ်။အတက်နိုင်ဆုံးကူညီပေးသွားမယ်။

​မေး။ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် မန္တ​လေးက ရဲ​ဘော်အသစ်​တွေ ဖိတ်​ခေါ်​နေတာ​တွေ့ပါတယ် ။ MDY- PDF ဆီမှာတာဝန်ထမ်း​ဆောင်ချင်ရင် ဘာ​တွေလိုအပ်လဲ ။
👍40🔥1
​ဖြေ။ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးအနေနဲ့ တပ်ဖွဲ့ဝင်အသစ်တွေစုဆောင်းနေတာမျိုးတွေ ရှိပါတယ်။ အဓိကကတော့လိုအပ်ချက်လို့ပြောမယ်ဆိုရင်တော့အသက်၁၈နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်။ ကျန်းမာရေးကောင်းမွန်တဲ့သူ ဖြစ်ရပါမယ်။ ကျွန်တော်တို့နဲ့အတူလက်တွဲပြီး တော်လှန်ရေးပြီးတဲ့အထိ အိမ်မပြန်စတမ်း လက်တွဲတိုက်ပွဲဝင်နိုင်ရမယ့်လူတွေ ဖြစ်ရပါမယ်။အဓိကအရေးကြီးတဲ့အချက်ကတော့ ဒီအချက်တွေပါပဲ။ ကျန်တာတွေကတော့လေ့ကျင့်သင်ကြားပေးလို့ရပါတယ်။ လေ့ကျင့်သင်ကြားပေးဖို့လည်း အသင့်ရှိပါတယ်။ အမြဲတမ်းလည်းကြိုဆိုနေပါတယ်။

​မေး။စစ်​ကောင်စီ​ရဲ့ စစ်မှုထမ်းဥပ​ဒေကြောင့် လူငယ်​တွေဟာ စစ်အာဏာရှင်ကို​တော်လှန်မလား ၊ ပြည်သူ​တွေရွံမုန်းတဲ့စစ်​ကောင်စီနဲ့ပူး​ပေါင်းမလား ဆိုတဲ့အ​​ခြေအ​နေ ၂ ခုထဲက တစ်ခုကို​မဖြစ်မ​နေရွေးရမယ့်အ​ခြေအ​နေဖြစ်လာတယ် ။ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်သားအ​နေနဲ့ ခံယူပြီး စစ်​ကောင်စီကို ​ဘာ​ကြောင့်တော်လှန်သင့်တယ်လဲ ဆိုတာကို ရှင်းပြ​ပေးပါလား ။

​ဖြေ။စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေအနေနဲ့စစ်ပွဲထဲကို မဖြစ်မနေဝင်ရောက်ရမယ့်အနေအထားမျိုးဖြစ်သွားတယ်။ စစ်ကောင်စီရဲ့လက်အောက်မှာ စစ်မှုထမ်းမလား၊ ဒါမှမဟုတ်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်ကောင်စီကိုဖြုတ်ချမလား ဒီနှစ်ခုပဲရွေးချယ်စရာရှိတော့တယ်။ ဒီအချိန်မှာဘာကြောင့်တော်လှန်ရေးအင်အားစုတွေကို ရွေးချယ်သင့်လဲဆိုတာကို ပြောရမယ်ဆိုရင် ဒီစစ်ကောင်စီက. အာဏာသိမ်းမှု၃နှစ်တာကာလအတွင်းမှာ အဘက်ဘက်ကယုတ်လျော့ပျက်စီးနေတယ်လို့ပြောရင်ရတယ်။ ဒီ၃နှစ်တာကာလအတွင်းမှာ CDM လုပ်သွားတဲ့စစ်သားတွေ တပ်ပြေးသွားတဲ့စစ်သားတွေ ကျဆုံးဒဏ်ရာရတဲ့အရေအတွက်တွေဟာ တော်ရုံအရေအတွက်မဟုတ်ဘူး။ တော်တော်​လေးကိုကြီးမားတဲ့အရေအတွက်ဖြစ်တယ်။ ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာဆိုရင် လူအင်အားဆုံးရှုံးမှုနဲ့ နယ်မြေဆုံးရှုံးမှုက ပိုပြီးတောင်ကြီးမားလာတာမျိုး တွေ့ရပါတယ်။ ဒါကြောင့်မို့လည်း ဒီလိုစစ်မှုထမ်းဥပဒေပြဌာန်းလာတဲ့အခြေအနေ
အထိ သူတို့ဘက်က ဆုံးဖြတ်လာတာဖြစ်တယ်။ ပြောရရင်ဒီစစ်တပ် Institution တစ်ခုလုံးက အကျဘက်ကိုတောက်လျှောက်ထိုးစိုက်နေပြီးတော့ အဘက်ဘက်က အားနည်းနေပြီလို့ပြောရရင်ရတယ်။ သူတို့နဲ့မတူဘဲ ပြောင်းပြန်အချိုးကျနေတာက တော်လှန်ရေးအင်အားစုတွေ။ စတင်စုဖွဲ့စည်ကာလနဲ့မတူတော့ဘဲနဲ့ ဒေသအသီးသီးမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေဟာ တိုက်ရည်ခိုက်ရည်တွေပိုကောင်းလာပြီး အတွေ့အကြုံတွေပိုများလာကြပြီ။ အမိန့်နာခံမှုနဲ့စစ်စည်းကမ်းကောင်းမွန်မှု၊ ကျင့်ဝတ်လိုက်နာမှုတွေပိုကောင်းလာပြီး စိုးမိုးနယ်မြေတွေ တဖြည်းဖြည်းကျယ်ပြန့်လာပြီ။ လက်နက်တပ်ဆင်မှုတွေပိုအားကောင်းလာပြီ။ ဒီအချက်တွေဟာဒွိဟဖြစ်နေတဲ့လူငယ်ထုအတွက် ရွေးချယ်မှုသဲကွဲစေတဲ့အချက်တွေဖြစ်မယ်လို့ထင်ပါတယ်။

​မေး။မိန်းက​လေး​တွေ​ရော တပ်သားသစ်လုပ်ရပါလား ။ဘယ်လိုသတ်မှတ်ချက်​တွေလိုလဲ။

​ဖြေ။အမျိုးသမီးတွေကိုလည်း တပ်ဖွဲ့ဝင် အနေနဲ့လက်ခံသွားဖို့ရှိပါတယ်။ စတင်စုဖွဲ့စဥ်ကာလကတည်းကလည်း အမျိိုးသမီးစစ်မေတွေကိုလက်ခံနိုင်ခဲ့တယ်။ MDY PDFက အမျိုးသမီးစစ်မေတွေဟာ တိုက်ခိုက်ရေးတာဝန်တွေကောတပ်ဖွဲ့လည်ပတ်စေရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍတွေမှာပါတာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ အသစ်လာချင်တဲ့အမျိုးသမီးတွေကိုလည်း တပ်ဖွဲ့ဝင်အသစ်နဲ့လက်ခံသွားဖို့ရှိပါတယ်။ ကြိုလည်းကြိုဆိုနေပါတယ်။

​မေး။မန္တ​လေးတိုင်းကမဟုတ်ပဲ တခြား​ဒေသကဆိုရင်​ရော ပူး​ပေါင်းလို့ရပါလား။

​ဖြေ။ကျွန်တော်တို့တပ်ဖွဲ့က အမည်နာမမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တ​လေး MDY PDFဆိုပေမယ့် ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်တွေက တစ်နိုင်ငံလုံးမှာရှိတဲ့ဒေသအသီးသီးက ရဲဘော်တွေဖြစ်ပါတယ်။ ဒေသပိုင်းခြားသတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဘယ်ဒေသကလာတဲ့လူငယ်တွေပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်တွေအဖြစ် လက်ခံပါတယ်။ကြိုလည်းကြိုဆိုပါတယ်။

​မေး။စစ်​မှုထမ်းဥပ​ဒေထွက်လာပြီး​တော့ အ​ကြောင်းအမျိုးမျိုး​ကြောင့်​တော်လှန်​ရေးမှာ မပါ​သေးတဲ့ လူငယ်​တွေကို ​တော်လှန်​ရေးလုပ်​နေတဲ့ ရဲ​ဘော်အချို့က ခွဲခြား​ပြောတာ၊အထင်​သေးတာမျိုး လူမှုကွန်ယက်မှာ ​ပြောဆို​ရေးသားတာမျိုး အနည်းငယ်​တွေရပါတယ် ။ ​တော်လှန်​ရေးရဲ​ဘော်​တွေအ​နေနဲ့ကလည်း ၃ နှစ်တာခရီးကြမ်းမှာအသက်​တွေ ၊ဘဝ​တွေ ၊မိသားစု​တွေ အရာအားလုံးစွန့်ပြီး နိုင်ငံသစ်အတွက် ကြိုးစားနေချိန်မှာ လူငယ်တချို့ကကြ ​ရေ​​ပေါ်ဆီလုပ်ပြီး​ပေါ့​ပေါ့​နေ​ပေါ့​ပေါ့စားတာဝန်မဲ့နေခဲ့ကြတဲအ​ပေါ် ခံစားချက်​​ကြောင့် ​ပြောဆိုမိတာမျိုးလို့ထင်ပါတယ်။ဒီဥပ​ဒေ​ကြောင့် ​ကြောက်ပြီး ဘာလုပ်ရမှန်းမသိချိန်မှာ အဲလို​ပြောဆိုမှု​တချို့က သူတို့ကိုပိုပြီးသိမ့်ငယ်​စေတယ် လို့ထင်ပါတယ် ။ အဲလိုစိုးရိမ်၊အားငယ်​ နေတဲ့ လူငယ်​တွေကိုလည်း ဘယ်လို​အကြံ​ပေးချင်ပါလဲ။

​ဖြေ။ကျွန်တော်နောက်ဆုံးပြောချင်တာကတော့ တချို့လူငယ်တွေ လူမှုကွန်ရက်ပေါ်က ပြောဆိုရေးသားမှုတွေ၊ လှောင်ပြောင်မှုတွေကြောင့်မို့ ငါတို့ဒီတော်လှန်ရေးအင်
👍365🔥1
အားစုတွေနဲ့ လက်တွဲရင်ခွဲခြားဆက်ဆံခံရမှာလား၊ နှိမ့်ချဆက်ဆံခံရမှာလား စိုးရိမ်စိတ်မျိုးရှိနေတယ်လို့ သိရတယ်။ အကယ်၍ဒီစိုးရိမ်စိတ်မျိုးရှိနေတယ်ဆိုရင်တော့ လုံးဝမစိုးရိမ်ဖို့ပြောချင်ပါတယ်။ ကျွန်တော်တို့သည်စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းဘူးဆိုတဲ့စိတ်ဓာတ်ရှိတဲ့ လူငယ်တွေကို ဘာမှခွဲခြားဆက်ဆံစရာအကြောင်းမရှိဘူး။ လေးစားမှုအပြည့်ရှိပြီးသား ဖြစ်ပါတယ်။ ဒါလေးကိုလူငယ်တွေကိုသိစေချင်ပါတယ်။ နောက်တစ်ခုက ရောက်နှင့်နေပြီးသား ရဲဘော်တွေကလည်း ခွဲခြားဆက်ဆံချင်တဲ့စိတ်လုံးဝမရှိဘူး။ တွေ့ရသလောက်ဆိုရင် အရင်တုန်းက အကြောင်း
ကြောင်းကြောင့် တော်လှန်ရေးတာဝန်တွေမထမ်းဆောင်နိုင်ခဲ့တဲ့လူငယ်တွေဟာ ဒီစစ်မှုထမ်းဥပဒေကြောင့် တော်လှန်
ရေးအင်အားစုတွေနဲ့လိုက်လာတော့မယ်ဆိုတာသိတဲ့အတွက် သူတို့ရဲ့ညီအစ်ကိုတွေ၊ သူငယ်ချင်းတွေကိုသူတို့က ပျော်ပျော်ကြီးကြိုနေတယ်၊ လာဖို့မျှော်နေတယ်လို့သိရတယ်။ ခွဲခြားဆက်ဆံဖို့၊ နှိမ်ချဖို့၊လှောင်ပြောင်ဖို့ လုံးဝမရှိပါဘူး။ ဒီစိုးရိမ်စိတ်မျိုးရှိတယ်ဆိုရင်လုံးဝမစိုးရိမ်ဖို့ပေါ့။ တော်လှန်ရေးအင်အားစုအားလုံးကိုယ်စား ပြောချင်ပါတယ်။ နီးစပ်ရာတော်လှန်ရေးအင်အားစုတွေနဲ့ ရဲရဲကြီးသာလက်တွဲကြပါ။ ကျွန်တော်တို့ MDY PDFကလည်း လက်တွဲလာမယ့်အယောက်စီတိုင်းကိုလည်း နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်။ ဒီလူငယ်တွေသာ ကျွန်တော်တို့နဲ့လက်တွဲလာမယ်ဆိုရင် စစ်ကောင်စီကိုအမြန်ဆုံး ဖြုတ်ချနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ ။
👍376🔥1
👍3213🤮1
မြင်းမူနှင့် ငါန်းဇွန်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ တပ်စွဲရာနေရာကို PDFတိုက်ခိုက်

အောင်ဇေယျ/People's Spring

မြင်းမူနှင့် ငါန်းဇွန်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ တပ်စွဲရာနေရာများကို သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ရက်)နံနက် ၁၁နာရီ ၁၅မိနစ်ခန့်က ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်နေ့အဖြစ် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားရာ စီးပွားရေးဘဏ်အား လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DKPDF-MMU၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

"အနီးကပ်ဆုံး မီတာ၁၀၀ ဝန်းကျင်လောက်ပဲ။ RPG နှစ်လုံးပစ်ပြီး လက်နက်ငယ် တွေနဲ့ပစ်ခတ်ခဲ့တာပါ။"ဟု ၎င်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီး
စစ်အုပ်စုရှိရာသို့ လက်နက်ကြီးထိခိုက်မှန်ခဲ့ကာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်များထံမှ သိရသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မြို့ပေါ်ရမ်းသမ်းပစ်ခတ်ပြီး လှည့်လည်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း မြင်းမူမြို့ခံများက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို Dog Killers People's Defence Force Myinmu (DK PDF-MMU)၊ဇာမဏီ(MMU)၊မြင်းမူဖိုက်တာ(MMU)ဒေါင်းဘုရင်(MMU). D.B.B.F.MMU၊ မြင်းမူမြို့နယ် ပ.က.ဖ စသည့်မဟာမိတ်အဖွဲ့များမှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ခေါင်ဘိုရွာတွင် ပျူသင်တန်းပေးနေစဥ် ဒရုန်းများဖြင့် ၂ ရက်ဆက် ဗုံးသီးချတိုက်ခိုက်ပြီး အလင်းဝင်ရန် သတိပေးစာများပါ ကြဲချခဲ့ကြောင်းဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ဖေဖော်ဝါရီ ၉ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က မြင်းခြံခရိုင်၊ ငါးဇွန်မြို့နယ်၊ မြင်းခြံခရိုင် ခေါင်ဘိုရွာ၌ ပျူစောထီးသင်တန်းပေးနေသည့်နေရာကို ဒရုန်းများဖြင့် ဗုံးသီး ၇လုံးချ တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိကြောင်း CDSOM၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

"သင်တန်းက ဘယ်လောက်ကြာနေလဲမသိဘူး။ သင်တန်းဆင်းတာက ၈ရက်နေ့။ မစ်ရှင်လုပ်တာက သင်တန်းဆင်းပြီး ရွာစဥ်စစ်ကြောင်းလျှောက်တဲ့ ၉ရက်နေ့မှာလုပ်ခဲ့တာပါ။ မစ်ရှင်လုပ်တဲ့နေ့ ပျူနဲ့ စခအင်အားကတော့ ၄၉ ကောင်ရှိတယ်။"ဟု CDSOM၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ပြည်သူ့ဘက်သို့ ကူးပြောင်းအလင်းဝင်ရန် သတိပေးစာရွက်များကိုလည်း ကြဲချခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁ဝ ရက် နေ့လယ် ၂ နာရီခန့်တွင်လည်း ခေါင်ဘိုရွာရှိ စစ်အုပ်စုကိုပင် ဒရုန်းများဖြင့် ဗုံးသီး ၁၄ လုံးချ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးကြောင်း ငါန်းဇွန်(ပကဖ) အဖွဲ့၏ တာဝန်ခံက ပြောသည်။

သို့သော် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၉ ရက် စစ်ဆင်ရေးကို Shar Htoo Waw နည်းပညာသုံး ဒရုန်းများဖြင့် CDSOM 001 Drone Team၊ CDSOM ငါးဇွန် (တပ်ခွဲ)၊ ဒေါင်းညီနောင် ​ပျောက်ကြားတပ်ဖွဲ့၊ ငါန်းဇွန် ပကဖအဖွဲ့တို့ကလည်းကောင်း၊ ၁၀ ရက်နေ့စစ်ဆင်ရေးကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ငါန်းဇွန်- ပကဖ၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ငန်းနက် ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့တို့ကလည်းကောင်း ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်မှုထမ်းဥပဒေအသက်မသွင်းမီကတည်းက မန္တလေးတိုင်းအတွင်း ဒေသအချို့တွင် ပြည်သူ့စစ်ခေါ် ပျူသင်တန်းများ အဓမ္မဖွင့်လှစ်နေသည်။
👍41👏4🔥1
👍42👏7🔥1
(မြင်းမူမြန်မာ့စီးပွားရေးဘဏ်၌ တပ်စွဲထားသော စစ်အုပ်စုအား သွားရောက်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File Photo)
👍38👏7🔥1
စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် မဖြစ်နိုင်တော့၍ တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်း တိုက်ပွဲဝင်မည်ဟု NMSP ကြေညာ

︎"ဒီမှာရှိတဲ့ ခေါင်းဆောင်တွေ တပ်ဗိုလ်တပ်မှူးတွေ ယုံ
ကြည်ချက် တူညီတဲ့ အစုအဖွဲ့တွေ စုဖွဲ့ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ အတွက် ကျနော်တို့ အင်အားတစ်ခုအနေနဲ့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်းပါ”
-NMSP ( စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့၏ ပြောရေး
ဆိုခွင့်ရှိသူ နိုင်ဗညားလယ်

ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ပြည်သူအပေါ် သတ်ဖြတ်နှိပ်စက်မှုများ ပိုမိုပြုလုပ်လာ၍ စစ်ကောင်စီနှင့်နိုင်ငံရေးအရဆွေးနွေးအဖြေရှာရန်မဖြစ်နိုင်တော့ကြောင်း မွန်ပြည်သစ်ပါတီ(NMSP) က ယနေ့ ဖေဖော်ဝါရီ ၁၄ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမည်ဟု အသိပေးသည်။

ထိုသို့ထုတ်ပြန်ကြေညာရာ၌ NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး) အမည်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး NMSP အထွေထွေအတွင်းရေးမှူး နိုၚ်ဇေယျ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ် ဗိုလ်၊တပ်မှူး၊အကြပ်တပ်သားရဲဘော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များတို့က အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက် မှုကို ကာကွယ်ရန် စစ်ကောင်စီကို တိုက်ခိုက်မည်ဟု ဖော်ပြခဲ့သည်။

တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီအား ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစု များနှင့် ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့သည်။

NCA လက်မှတ်​ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ-NMSP
အနေဖြင့် စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးမှု ၃ကြိမ်ပြုလုပ်ခဲ့သော်လည်း မည်သည့် ရလဒ်မှ မရှိဘဲ စစ်ကောင်စီ အလို
ကျ လုပ်ဆောင်နေရမှုအပေါ် NSMP ပါတီညီလာခံတွင် ဆွေးနွေးခဲ့ကြောင်း NMSP ( စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားလယ်က ပြောပြသည်။

“အဲဒီအပေါ်မှာ ကျနော်တို့ အမျိုးသားအတွက်ရော ကျနော်တို့ ပါတီအတွက်ရောသိက္ခာတွေကျဆင်းခဲ့တယ်ပေါ့။ အဲဒီအပေါ်မှာ ဒီ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆက်လက်ဆွေး
နွေးဖို့သော်လည်းကောင်း၊ Bilateral အနေနဲ့ ဆက်ဆံဖို့သော်လည်းကောင်း ကျနော်တို့က အဆက်ဖြတ်ပြီးပြီ။ ဒီနေ့ ဒီအချိန်အခါမှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့အချိန်မှာကျနော်တို့ ပါတီ အနေနဲ့လည်း ဒီနေ့ ဒီအချိန်ခါကောင်းကို အမိအရ ဆုပ်ကိုင်ပြီးတော့တွန်းလှန် တော်လှန်သင့်ပြီဆိုတဲ့ အမြင်သဘောထား အပေါ်မှာ ကျနော်တို့ ဆွေးနွေးတော့ အဓိက အကြေအလည် ဆွေးနွေးသော်လည်း ဆုံးဖြတ်ချက်မကျဘဲ Bilateral အနေနဲ့ပဲ သွားဖို့ အများစု အနေနဲ့ ချမှတ်ခဲ့တဲ့အပေါ်မှာကျနော်တို့က လက်
မခံတဲ့ အပေါ်မှာ ဒီမှာရှိတဲ့ ခေါင်းဆောင်တွေ တပ်ဗိုလ်တပ်မှူးတွေ ယုံကြည်ချက် တူညီတဲ့ အစုအဖွဲ့တွေ စုဖွဲ့ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ အတွက် ကျနော်တို့ အင်အားတစ်ခုအနေနဲ့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်း
ပါ”ဟု နိုင်ဗညားလယ်က ပြောသည်။

မွန်ပြည်သူများ အပါအဝင် လူငယ်များ၊ ပြည်သူများအနေဖြင့် NMSP(စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့အား လူကိုယ်တိုင် ပါဝင်၍ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအားဖြင့် ကူညီပံ့ပိုးမှုများလုပ်ဆောင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

အာဏာသိမ်းစစ်တပ်သည် လက်နက်အားကိုးပြီး ပြည်
သူလူထုအပေါ် လူမဆန်စွာ ဖမ်းဆီးညှင်းဆဲ အကျဉ်းချသတ်ဖြတ်မှုများ နေ့စဥ်ကျူးလွန်နေပြီး မွန်ပြည်နယ်တွင်လည်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှု မျိုးစုံ ကြုံတွေ့နေရကြောင်း၊ အထူးသဖြင့် ကျိုက်ထို၊သထုံ၊ဘီးလင်း၊ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့မှုများ ပိုမိုပြုလုပ်လာပါသဖြင့် အကြမ်းဖက်နေသည့် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေး အဖြေရှာရန် မဖြစ်နိုင်တော့ကြောင်း ဖော်ပြသည်။

ပြည်သူများကို အကာအကွယ်ပေးရန်နှင့် မိမိတို့လိုလားသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရန်အတွက် နိုင်ငံ၏အာဏာ အဓမ္မသိမ်းယူထား သည့်စစ်တပ်၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှၚ်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသော နည်းလမ်းဟု ယုံကြည်ကြောင်း အသိပေးသည်။

ထိုယုံကြည်ချက်၊ ရပ်တည်ချက်ကို (၁၁) ကြိမ်မြောက် ပါတီညီလာခံ၌ အကျေအလည် ဆွေးနွေးခဲ့သော်လည်း လတ်တလောအခြေအနေတွင် (၂၀၁၂) ခု နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ် Bilateral Ceasefire Agreement အတိုင်း ရပ်တည်သွားပြီ စစ်ကောင်စီနှင့် ဆက်ဆံ သွားရန် ဆုံးဖြတ်ခဲ့သည်ကို လက်မခံနိုင်၍ အထွေထွေအတွင်းရေးမှူးနှင့် ဒုစစ်ဦးစီးချုပ် တို့က ယခုကဲ့သို့ NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး) စုဖွဲ့မှုဖြင့် စစ်ကောင်စီကို တိုက်ခိုက်ရန်
👍41👏73🥰1🤮1
ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

NMSPသည် ၁၉၉၅ ခုနှစ် စစ်အစိုးရလက်ထက် ၊ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရယူပြီး NLD အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

နှစ်ရှည်ကြာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော်လည်း နိုင်ငံရေးပြဿနာကို မဖြေရှင်းသည့် အပြင် NMSP တပ်စခန်းများအား သိမ်းပိုက်ခြင်းအပါအဝင် မွန်တော်
လှန်ရေးနေ့၊ မွန်အမျိုးသားနေ့ အခမ်းအနား ပြုလုပ်သည်မှအစ စစ်တပ်မှ နည်းမျိုးစုံ ဖိအားပေးခဲ့သည်ဟု ဆိုသည်။

၂၀၂၁ ခု ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းလိုက်ခြင်းသည် နိုင်ငံအတွက်များစွာ ထိခိုက်နစ်နာ စေပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းသွားရန်နှင့် ပြည်သူများ၏ဆန္ဒသဘော ထားကို အသိအမှတ်ပြုပြီး ငြိမ်းချမ်းစွာအဖြေရှာသွားကြရန် ၂၀၂၁ ခု ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ သဘောထား ထုတ်ပြန်ခဲ့သော်လည်း အာဏာသိမ်း စစ်ကောင်စီ နှင့် (၃) ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ထိုဆွေးနွေးမှုများတွင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေး ပွဲများကသာ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟူသည့် ရပ်တည်ချက်အပါအဝင် မိမိတို့ပါတီ လိုလားသည့် ဖက်ဒရယ်အခြေခံမူများကို တင်ပြဆွေးနွေးခဲ့သော်လည်း မျှော်မှန်းသည့်ရလဒ်များ လုံးဝ မရရှိခဲ့ကြောင်း NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး) က ထုတ်ပြန်ခဲ့သည်။
👍39👏87🤮2
မွန်ပြည်သစ်ပါတီ(NMSP) မှတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-NMSP
👍5318🔥1
ကျောက်ဆည်တွင် စစ်မှုထမ်းဥပဒေထောက်ခံပွဲမှ ပြန်လာသည့် အုပ်ကြီးနှင့် ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရ၊ ပျူခေါင်းဆောင် သေဆုံး

အင်ကြင်း/People's Spring

မန္တလေးတိုင်း၊ကျောက်ဆည်မြို့နယ်တွင် ပြုလုပ်သော စစ်မှုထမ်းဥပဒေထောက်ခံပွဲမှ ပြန်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးခေါင်းဆောင်တို့ ပစ်ခတ်ခံရပြီး ပျူခေါင်းဆောင်သေဆုံးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်)က ကျောက်ဆည်မြို့ပေါ်၌ ပြုလုပ်ခဲ့သော စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲမှ ပြန်လာသည့် ရွာပုလဲကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူး သန်း​ဌေးနှင့် တစ်ရွာတည်းနေ ပျူစောထီးခေါင်းဆောင် ဝင်းကိုတို့ ၂ ဦးသည် နေ့လယ် ၂ နာရီခန့်တွင် ရွာပုလဲကျေးရွာအဝင်၌ ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် အသက်(၅၃)နှစ်အရွယ် ပျူစောထီးခေါင်းဆောင် ဝင်းကိုမှာ ဦးခေါင်းနောက်စေ့၊တင်ပါးနှင့် တံကောက်ကွေးတို့တွင် ၃ ချက်ထိမှန်ပြီး သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူးမှာမူ လွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။

"အုပ်ဖိုရွာပျူခေါင်းဆောင်ဝင်းကိုနဲ့ အုပ်ချူပ်ရေးမှူး ကိုဌေးတို့ကို ကျောက်ဆည်မြို့ရှောင်လမ်း စစ်ထောက်ခံပွဲမှ ပြန်အလာမှာ စောင့်ကြိုရှင်းလင်းသုတ်သင်လိုက်တာပါ။ ပျူခေါင်းဆောင်ဝင်းကို နေရာတင်သေပြီး အုပ်ကြီး ကိုဌေး ဗိုက်မှန်ပြီး ပြည်သူကြားထဲ ပြေးထွက်သွားတယ်။"ဟု စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ဆည်၏ ရဲဘော်တစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူနှစ်ဦးသည် စစ်မှုထမ်းဥပဒေအသက်မသွင်းမီကတည်းက ကျောက်ဆည်မြို့နယ်အတွင်း စစ်ကောင်စီအတွက် ပြည်သူ့စစ်ခေါ်ပျူသင်တန်းသားများ ရရှိရေး တက်ကြွစွာ ဆောင်ရွက်ပေးနေသူများဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ဆည်၏ တာဝန်ရှိသူက ပြောသည်။

"သူတို့က စစ်သင်တန်းအတွက် မဲနှိုက်ဖို့ဦးဆောင်ပါတယ်။ စည်းရုံးရေးဆင်းပေးပါတယ်။ကျွန်တော်တို့မှာ ရန်သူနဲ့ပြည်သူနှစ်မျိုးပဲရှိပါတယ်။ ပြည်သူ့ဘက်နေမလား အာဏာရှင်အတွက်စစ်မှုထမ်းမလား ပြတ်သားဖို့လိုပြီ။ မိမိတို့ရဲ့ ဆုံးဖြတ်ချက်ကသာလျှင် မိမိတို့ကံကြမ္မာဖြစ်တယ်။ ကျွန်တော်တို့ကတော့ ရန်သူကိုရန်သူလို ဆက်ဆံမှာပဲ။"ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက ကျောက်ဆည်ခရိုင်အတွင်း၌ တစ်ရွာလျှင် ၁၀ ဦးနှုန်းဖြင့် စစ်သင်တန်းတက်ရောက်ရန် အဓမ္မဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။

သင်တန်းတက်ရောက်နေသူများနှင့် သင်တန်းတက်ရောက်ရန်ဖိအားပေးနေသူများအား ထိထိရောက်ရောက်အရေးယူသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ဆည်က ဖေဖော်ဝါရီလ ၁၁ ရက်တွင် သတိပေးခဲ့သည်။

ယမန်နေ့က ကျောက်ဆည်မြို့အပြင်၊ မန္တလေး၊ ပြင်ဦးလွင်၊ မိတ္ထီလာအစရှိသည့် မြို့နယ်များ၌ စစ်မှုထမ်းဥပဒေထောက်ခံပွဲများအား လူဦးရေရာဂဏန်းစီဖြင့် နှာခေါင်းစည်းများတပ်ကာ ပြုလုပ်ခဲ့သည်။
👍55👏126🤣1
🖕35💩6👍53👎1🤮1
👏32🥴15👍74
(ယမန်နေ့ကပြုလုပ်ခဲ့သော စစ်မှုထမ်းဥပဒေထောက်ခံပွဲနှင့် သေဆုံးပျူခေါင်းဆောင်အား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)
💩27👍15👏2
လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးနှင့် ရဲတပ်ရင်း (၉) အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

▪️စစ်မှုမထမ်းမနေရ မတရားဥပဒေကို ကန့်ကွက်သည့်အနေဖြင့် တိုက်ခိုက်ခြင်းဟုဆို

သုည/People's Spring

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ အနောက်ပိုင်း စုပေါင်းရုံးအနီးနှင့် ရဲတပ်ရင်း (၉)တို့အား ယမန်နေ့ညပိုင်းတွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃) ည ၉နာရီကျော်တွင် လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးအနီး နှင့် ရဲတပ်ရင်း (၉)တို့အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Dark Shadow တပ်ဖွဲ့က ဖော်ပြထားသည်။

"ညက ၉ နာရီကျော်လောက်မှာ ဗုံးပေါက်သံ အကျယ်ကြီး နှစ်ချက်ဆက်တိုက် ကြားလိုက်ရတယ်။ နည်းပညာကျောင်းလမ်းထိပ်က ရဲတပ်ရင်း (၉)ဘက်မှာ ပေါက်တာလို့တော့ သိရတယ်။ လူထိခိုက်မှု ရှိ၊မရှိ သေချာမသိပါဘူး။ ရဲကား၊ စစ်ကားတွေတော့ အောင်ဇေယျတံတားဘက်ကနေ သွားနေတာ တွေ့လိုက်ရတယ်"ဟု လှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ယင်းဖောက်ခွဲမှုသည် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ မတရားဥပဒေကိုအကောင်အထည်ဖော်အသက်သွင်းမှုကို အနှောက်အယှက်ဖြစ်စေရန် ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Dark Shadow အဖွဲ့က ဆိုသည်။

မတရားဥပဒေ လက်မှတ်ထိုး အတည်ပြုလိုက် သည့်နေ့မှစ၍ စစ်ကောင်စီ၏ နောက်လိုက် အုပ်ကြီးများနှင့် ရဲ၊ စစ်သားများ ပူးပေါင်းကာ အပြစ်မဲ့ပြည်သူများကို ပြန်ပေးဆွဲ၍ ငွေညှစ်ခြင်းများ ပြုလုပ်နေသည့်အတွက် ယင်းနောက်လိုက် များ အားလုံးကို အမြစ်ပြတ်သည်အထိ ရှင်းလင်းကာ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားမည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း Dark Shadowက ကတိသစ္စာပြုခဲ့သည်။

လှိုင်သာယာအနောက်ပိုင်း ရဲတပ်ရင်း (၉)သည် ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၃၁ရက် နှစ်သစ်ကူးညက လှိုင်သာယာမြို့နယ် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်၊(၂)ရပ်ကွက် ရာအိမ်မှူးတစ် ဦး၏နေအိမ်၊ (၁၀)ရပ်ကွက် ရာအိမ်မှူးတစ်ဦး ၏နေအိမ်၊ဒလန် လူမိုက် ဝင်းနိုင်၏ တပည့် ပျူစောထီး၏နေအိမ် တို့နှင့် စစ်အုပ်စုတပ်စွဲထားသော ရဲတပ်ရင်း(၉)တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
👍45👏6🤣1
👍45👏9🤣1