php?story_fbid=pfbid02MDnR78kHZrac4oE8nQcw8qGQo6PdTdqWHWMMd2Ra7EiMFBqi3qtP6iQQVKQGRHj4l&id=100083465162079&mibextid=2JQ9oc
၃။ ရန်ကုန်တိုင်းစစ်ဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်
https://lm.facebook.com/l.php?u=https%3A%2F%2Fdocs.google.com%2Fforms%2Fd%2Fe%2F1FAIpQLScreS5-RapsjBYIfVPNdue_czQpa6eEVuhLt1rexHexoK_4PQ%2Fviewform%3Ffbclid%3DIwAR364rpTo4p6O5owmDPof8R6F_vez1ZsLxCnJ5yDkX65w0DbJWBm717uwdA&h=AT0FSvR8CxFBLgD75pnBoQ7V0nO7rBBbFSYCpKkXOCNQ2P1OXICdgk_Sa4Z8sQfdtPvOoLPqzp06TvBv3IU9JG-gx-hU5BLi93ICwxPRwuixVUakeuOd7jpD-OCcVfHYakSU
၄။ PDF- MDY
https://m.facebook.com/story.php?story_fbid=pfbid02nJF7JGJmbEp2vcBhGTqgkf1E1XMD6BepeHvQYGVoE4Lkfw3ruSqJz713boaVteDRl&id=100084602090156&mibextid=2JQ9oc
၅။ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway )
https://www.facebook.com/100075665358623/posts/410611941470981/
Telegram - @pramgyinfodesk
၆။ မြိတ်ခရိုင်တပ်ရင်း(၂ )
https://www.facebook.com/100094722176106/posts/243993032101434/?app=fbl
၇။ရွှေဘိုခရိုင်တပ်ရင်း-၁၄ YeU PDF
https://www.facebook.com/mod.pdfbattalion14yeu?mibextid=2JQ9oc
၈- ရှမ်းတောင် ၁၀၀၅တပ်ရင်း
https://www.facebook.com/PDF1005?mibextid=2JQ9oc
၉- ရှမ်းတောင် ၁၀၀၈ တပ်ရင်း
https://www.facebook.com/profile.php?id=100083288321728&mibextid=2JQ9oc
၁၀- KNDF BO7
https://m.facebook.com/story.php?story_fbid=3620663934838257&id=100006840580143&mibextid=2JQ9oc
၁၁။ Homalin People's Defense Force - HPDF 124
https://www.facebook.com/permalink.php?story_fbid=pfbid0AR2ZE1amFJH5XWQAMCytMv5FXNs7jVhuP4Mk2veFQPrgfLQvbsZHSmmD4G2oa7Wzl&id=100083804347356
၁၂။ ပဲခူးခရိုင်၊အမှတ်၂တပ်ရင်း(P2-3702)
https://www.facebook.com/profile.php?id=61552261812842&mibextid=2JQ9oc
၁၃။ တောကျီးကန်းစစ်ကြောင်း
https://www.facebook.com/SevenRavensColumn?mibextid=2JQ9oc
၁၄။ ပြည်သူ့ရဲတပ်ဖွဲ့(အမျိုးသားညီညွတ်ရေးအစိုးရ)
https://www.facebook.com/peoplepolice.mm

Facebook
Log in or sign up to view
See posts, photos and more on Facebook.
❤32👍14🤮2👏1
စာသင်ကျောင်းများသည် စစ်ပုလ္လင်အတွက် ယစ်ပူဇော်ခံမဟုတ်ဟု ဆန္ဒထုတ်ဖော်
သတိုး၊သုည /People's Spring
ရန်ကုန်မြို့ရှိ စာသင်ကျောင်းများ၊ Bus ကားများပေါ်နှင့် နေရာတော်တော်များများတွင် အကြမ်းဖက်စစ် ကောင်စီ၏စာသင်ကျောင်းများအား ဗုံးကြဲတိုက်ခိုက်သည့် ဖြစ်စဉ်အကြောင်းအရာများကို ပြသ၍ အာဏာရှင်ဆန့်ကျင်ရေး လှူပ်ရှားမှုပြုလုပ်ခဲ့ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာကြီးကပြောသည်။
"အာဏာရူးစစ်ခွေးတွေ တိုင်းပြည်ပလ္လင်ပေါ်တတ်ထိုင်နေသ၍ ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေ ကလေးတွေ သေကြေပျက်ဆီးနေရမှာဖြစ်တယ်။ဒီကာလအတွင်းမှာကြည့်လိုက်ရင် အကြမ်းဖက်စစ်တပ်က စာသင်ကျောင်းတွေ ကလေးသူငယ်နဲ့ဆိုင်တဲ့နေရာတွေကို ရက်ရက်စက်စက်ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တယ်။ ကလေးတွေကို သတ်နေတာ အတိုင်းသားမြင်တွေ့နေရတယ်။ဒါကိုပြည်သူတွေ အနေနဲ့ မမေ့သင့်ပါဘူး။တစ်နေ့ကျရင် ကိုယ့်အိမ်ကသားသမီးကလည်း အကြမ်းဖက်စစ်တပ်ရဲ့လက်ထဲမှာ သေကြေသွားနိုင်ပါတယ်"ဟု ရဲဘော်ပီတာကြီးက ပြောသည်။
၎င်းကဆက်လက်၍ "ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ရင်သွေးတွေကိုကာကွယ်ဖို့ သူတို့ရဲ့ အနာဂတ် တိုင်းပြည်ရဲ့ အနာဂတ်အတွက် အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ဖို့ လိုအပ်တယ်။ ဒါတွေကို သတိပေးချင်တာဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာပိုပြီး အားစိုက်လုပ်ဆောင်ကြဖို့။
အကြမ်းဖက်စစ်တပ်က လူငယ်တွေကို သတ်လိုက်တယ်။ ဒါကို နာကျည်းမုန်းတီးနေရုံနဲ့ မပြီးလိုက်ပါနဲ့။နာကျည်း မုန်းတီးမှုတွေကို တော်လှန်ရေးခွန်အား တော်လှန်ရေး အရှိန်အဖြစ်ပြောင်းလဲပြီးတော့ ရရာနည်းလမ်းနဲ့တော်လှန်ကြပါ။ အကြမ်းဖက်စစ်တပ်ကို ထိခိုက်စေမယ့်ကမ်ပိန်း တွေ လှူပ်ရှားမှု လုပ်ဆောင်မှုတွေကို ပါဝင်ကြဖို့ ရည်ရွယ်ပြီး ဒီကာလမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ကလေးသူငယ်တွေရဲ့ဖြစ်ရပ်တွေကို ပြည်သူတွေကို ချပြပြီးတော့ အကြမ်းဖက်စစ်တပ်ကို ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပါတယ်"ဟု ပြောသည်။
ဆန္ဒထုတ်ဖော်ရာတွင် "စာသင်ကျောင်းများသည်စစ်ပုလ္လင်အတွက် ယစ်ပူဇော်ခံမဟုတ် "၊ "ငါတို့ကလေးတွေကို စစ်လေယာဉ်တွေသုံးပြီးသ-တ်နေတယ် ခင်ဗျားတို့ရပ်ကြည့်နေမှာလား " စသည့်ရုပ်ပုံများကိုင်ဆောင်ကာ လှုံ့ဆော်မှုပြုလုပ်ခြင်း နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး Stickerများကပ်ခြင်းတို့ကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
"ဒီကာလမှာအကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်ပြီဖြစ်တယ်။ဒီဥပဒေက မိဘတိုင်းရဲ့ သားသမီးတိုင်းကို အကြမ်းဖက်စစ်တပ်က လူသားဒိုင်းကာအဖြစ်အသုံးပြုပြီး ရှေ့တန်းစစ်မြေပြင်မှာ သတ်ဖြတ်ဖို့ရည်ရွယ်ထားတဲ့ လုပ်ရပ်ဖြစ်တယ်။ဒဲ့ပြောရရင် အကြမ်းဖက်စစ်တပ်က ခင်ဗျားတို့ရဲ့ အိမ်တံခါးတွေကို ခေါက်နေပြီ။ ခင်ဗျားတို့ရဲ့ ရင်သွေးတွေကို လုယူတော့မယ်။ ပြီးရင်သေတွင်းထဲပို့တော့မယ်။ ဒီလိုဖြစ်ရပ်တွေ အမြန်ဆုံးရပ်ချင်ရင် အကြမ်းဖက်စစ်တပ်ပြုတ်ကျစေမယ့် စစ်အာဏာရှင်ချုပ်ငြိမ်းစေမယ့်နည်းလမ်းတွေ လုပ်နိုင်သမျှ ပါဝင်ပေးကြပါလို့ ပြည်သူလူထုကိုတိုက်တွန်းချင်ပါတယ်။" ဟု ပီတာကြီးက ပြောသည်။
ဓာတ်ပုံ - စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

👍46❤6🥰5👏1😁1🤮1
AAက မင်းပြားတွင် စစ်သင်္ဘော ၁စီးကို ထပ်မံတိုက်ခိုက်သိမ်းပိုက်
▪︎ခြောက်ရက်အတွင် စစ်သင်္ဘော (၃) စီး နှင့် ဇက်သင်္ဘော (၂) စီးတိုက်ခိုက်ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်
▪︎ရမ်းဗြဲ၊ ပေါက်တော၊ ကျောက်ဖြူ တို့အား စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး၊ ရေတပ် တို့မှ ပစ်ခတ်၍ ထိခိုက်ပျက်စီးမှုများရှိ
ရှိုင်း/People’s Spring
ရက္ခိုင်ပြည်နယ် အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ် သင်္ဘော ၄ စီးနစ်မြုပ်အောင် တိုက်ခိုက်ထားနိုင်သည့် ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့တွင် စစ်သင်္ဘောတစ်စီးကို ထပ်မံ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း AAက ထုတ်
ပြန်သည်။
ဖေဖော်ဝါရီ ၇ရက်နှင့် ၈ရက် ကျောက်တော်မြို့နယ်အပေါက်
၀ ရွာအနီး ရေကြောင်း တိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်
သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁) စီးတို့အားAAက မီး
လောင်ပျက်စီး ရေထဲ နစ်မြုပ်သွားအောင် တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၂ရက်တွင် မင်းပြားမြို့နယ် ပုလဲပေါက်ရွာအနီးတွင်လည်း စစ်သင်္ဘော တစ်စီးကိုထပ်မံ တိုက်ခိုက်နှစ်မြှုပ်ခဲ့ကြောင်း AAက မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားသည်။
ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်နေ့)တွင်လည်း မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော နောက်ထပ် (၁) စီးကိုလည်း ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဓါတ်ပုံနှင့်တကွထုတ်ပြန်
သည်။
ထို့ကြောင့် ခြောက်ရက်တာကာလအတွင်း ရေကြောင်းတိုက်ပွဲများ၌ စစ်ကောင်စီ၏ စစ်သင်္ဘော (၃) စီး နှင့် ဇက်သင်္ဘော (၂) စီး စုစုပေါင်း (၅) စီးအား ရက္ခိုင့်တပ်တော်က တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ ခြင်းဖြစ်သည်။ထို့အပြင် အခြားသောစစ်သင်္ဘော(၄) စီးကိုလည်း ရေချ၍ မရနိုင်သည်အထိ ပျက်စီးသွားအောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြအသိပေးထားသည်။
ညီနောင်မဟာမိတ် ၃ဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေး ၁၁၀ ရက်မြောက်နေ့ ဖေဖော်ဝါရီ ၁၃ရက်တိုက်ပွဲသတင်း ဖော်ပြရာ ရက္ခိုင်ဒေသ၏ မြို့နယ်အချို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကြား ပြင်းထန်သောတိုက်ပွဲများသည် ဆက်လက်ရှိနေခဲ့ပြီး စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်နှင့်အတူ ထိုးစစ်-ခံစစ်တိုက်ပွဲများမှာလည်း ဆက်လက်ကျယ်ပြန့်လျက်ရှိကြောင်း အသိပေးသည်။
ရက္ခိုင်ဒေသတိုက်ပွဲများ၌ နေ့တိုင်းအရှုံးပေါ်နေသည့်စစ်ကောင်စီသည် ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား အငြိုးကြီးစွာဖြင့် ကြည်း၊ ရေ၊ လေ တပြိုင်နက်တည်းပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး မြို့အားဖျက်ဆီးလျက်ရှိကြောင်း ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ (၁၃) ရက် တစ်ရက်တည်းတွင်ပင် စစ်ကောင်စီသည် ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်နေရာများသို့ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် (၇) ကြိမ်ထက်မနည်း၊ Y-12 ထောက်ပို့လေယာဉ်ဖြင့်လည်း (၃၇) ကြိမ်တိုင်လာရောက်၍ အကြိမ်ပေါင်း (၁၀၀) ကျော် အပြင်းအထန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် သိမ်တောင်ဘုရားကုန်းထက်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီး (၇၆) ကြိမ်ထက်မက ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ထုတ်ပြန်သည်။
ကလိန်တောင်မြစ်၊ တိန်ချောင်းဝနှင့် သလူချောင်းဝအကြားတွင် ရပ်နားထားသည့် စစ်ကောင်စီ၏ ဇက်သင်္ဘော ပေါ်မှ လက်နက်ကြီးများဖြင့် လက်နက်ကြီး ရာချီနီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။
ထိုသို့ ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုများကြောင့် ရမ်းဗြဲမြို့ ကိုယ်ရံတောင်စေတီနှင့် အောင်ချမ်းသာစေတီအနီးပတ်ဝန်းကျင်နေရာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ရမ်းဗြဲမြို့ပေါ်ရပ်ကွက်အချို့မှ လူနေအိမ် အပါအဝင် အဆောက်အအုံတချို့မှာလည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။
ထို့အပြင်စစ်ကောင်စီ၏ Y-12 ထောက်ပို့လေယာဉ်တစ်စီးသည် ရက္ခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာနှင့် အနီးဝန်းကျင်နေရာများသို့ လေကြောင်းမှ ဗုံးအလုံးပေါင်း (၃၀) ထက်မနည်း လာရောက်ပစ်ချတိုက်ခိုက်ခဲ့ရာ ပြည်သူလူထု နေအိမ် (၄) လုံးပျက်စီးခဲ့ဟု အသိပေးသည်။
ဖေဖော်ဝါရီ ၁၂ရက်တွင်လည်း စစ်ကောင်စီက ပေါက်တောမြို့အား Y-12 ထောက်ပို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ဦး အပါအဝင် ဒေသခံအရပ်သားပြည်သူ (၉) ဦး ဒဏ်ရာရခဲ့ဟု ထုတ်ပြန်သည်။
ထိုအပြင်ဘူးသီးတောင်မြို့နယ်၊ ဝက်မကျကျေးရွာမှ အသက် (၂၈) နှစ်အရွယ် မွတ်ဆလင်အမျိုးသားတစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအခြေချတပ်စွဲခဲ့သည့် ရသေ့တောင်၊ ထီးစွဲစခန်းသို့ ဝင်၍ ပစ္စည်းအဟောင်းများ သွားယူစဉ် စစ်ကျန်မိုင်းအား နင်းမိပြီး ခြေထောက်နှစ်ဖက်လုံး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ဆိုသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်လည်း ပြည်သူလူထုအား တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများ၊ တိုက်ပွဲနှင့် ဆက်စပ်ဖူးသည့်နေရာများအား မဖြစ်မနေသွားလာရပါက စစ်
လက်နက်ပစ္စည်းအကြွင်းအကျန်များအား ကိုင်တွယ်၊ ထိတွေ့၊ ယူဆောင်ခြင်းများမပြုလုပ်ကြရန် အထူးသတိပေးမှာကြားထားကြောင်း၊ မသိနားမလည်သေးသည့် ကလေးငယ်များအားလည်း စစ်အကြွင်းအကျန်ပစ္စည်းများအား ကိုင်တွယ်ဆော့ကစားခြင်းမပြုအောင် အထူးဂရုစိုက်ကြရန်လည်း ထပ်မံမှာကြားလိုကြောင်း ထုတ်ပြန်သည်။

👏27👍19❤3😁1
ရက္ခိုင့်တပ်တော်AA က သိမ်းပိုက်ခဲ့သော စစ်သင်္ဘောနှင့် AAတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- 3BHA
👏35👍18🥰1🙏1🤣1
▪︎ဆောင်းပါး
စစ်ပွဲအရှုံးကို လူမျိုးရေးပဋိပက္ခဖြင့်
ဖုံးကွယ်ရန်ကြိုးစားနေသောစစ်ကောင်စီ
အင်ကြင်း၊ယောနသံ /People's Spring
ရခိုင်ပြည်နယ်တိုက်ပွဲများတွင် စစ်ရှုံး၍ မြို့ ၅ မြို့ နှင့် စစ်သင်္ဘောများဆုံးရှုံးပြီးနောက် စစ်ကောင်စီက AAကိုယှဥ်မတိုက်နိုင်သောအခါ လူမျိုးရေး ပဋိပက္ခများဖန်တီးရန်ကြိုးစားလာသည်။
၁၀၂၇ စစ်ဆင်ရေးတွင် စစ်ရှုံးပြီးနောက်စစ်ကောင်စီက
ကိုးကန့်ဒေသစစ်ပွဲမှာမျိုးနွယ်စုချင်းဖြစ်ပွားသောပြသာနာဟုလည်းကောင်း ၊ ကိုးကန့်တပ် MNDAA သည် ဘုရားများကိုလိုက်လံဖျက်ဆီးသည်ဟုလည်းကောင်း ၊TNLA ကိုလည်း ဘုရားဌာပနာများဖောက်ထွင်းသည်ဟုလည်းကောင်း ၊ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နှင့်အတူ တရုတ်စစ်သားများကပါပူးပေါင်းတိုက်ခိုက်နေသည့် ပြည်ပကျူးကျော်စစ်ပွဲဟုလည်းကောင်း မျိုးစုံဇာတ်လမ်းဆင်ဝါဒဖြန့်ခဲ့သော စစ်အုပ်စုသည် ရခိုင်ဒေသတိုက်ပွဲအတွက် ဇာတ်လမ်းတစ်ပုဒ်ဖန်တီးလာကြပြန်သည်။ စစ်အုပ်စု ၊စစ်တပ် သြဇာခံ အမျိုးသားရေးအစွန်းအုပ်စုများ မကြာခဏ ဖန်တီးလေ့ရှိသည့် လူမျိုးရေးပဋိပက္ခဖန်တီးရန် ကြိုးစားလာကြခြင်းဖြစ်ပါသည်။
ယခုရက်ပိုင်းတွင် စစ်ကောင်စီနှင့် ဘာသာရေးအစွန်းရောက်မဘသများက ရန်ကုန်နှင့် မန္တလေးမြို့ပေါ်တွင် ရခိုင်ဆန့်ကျင်ရေး စာရွက်များ မြို့အနှံ့ လိုက်ကပ်နေပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် အရှိန်မြှင့် ဖန်တီးလာကြသည်။
ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းက မန္တလေးမြို့လယ်ရှိ ၃၅ လမ်းကုန်းကျော်တံတား၊ ၄၁လမ်းကုန်စိမ်းညစျေးအပါအဝင် စျေးများ၊ လူစည်ကားရာလမ်းမများ၊ ဓာတ်တိုင်များ၌ စစ်တပ်ထောက်ခံသူနှင့်မဘသများက ရခိုင်လူမျိုးများအား လူမျိုးရေးခွဲခြားပြီး ခြိမ်းခြောက်ထားသည့် စာရွက်စာတန်းများအား လိုက်ကပ်လာကြောင်း မန္တလေးမြို့ခံများက ပြောသည်။
အဆိုပါစာရွက်များတွင် "ပြည်သူတွေအနေနဲ့ မန္တလေးမြို့ပေါ်က ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေကို သွားရောက်ဝယ်ယူခြင်းမပြုရန် သတိပေးတားမြစ်လိုက်သည်"၊ "ရခိုင်ဆိုင်တွေမှန်သမျှ မန္တလေးမြို့ပေါ်ကထွက်သွားကြ"၊ "ရက်စက်ယုတ်မာတဲ့ AA အကြမ်းဖက်သမားတွေကို ဆန့်ကျင်သည့်အနေဖြင့် မန္တလေးမြို့ပေါ်က ရခိုင်ဆိုင်မှန်သမျှကို ဝယ်ယူစားသောက်အားပေးခြင်း ရှောင်ကျဥ်ကြပါ"၊ "လူမျိုးရေးဝါဒစွဲပြင်းထန်ပြီး အစွန်းရောက်နေတဲ့ ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေ အခုချက်ချင်းပိတ်သိမ်းပါ" အစရှိသည့်စာသားများရေးသားထားသည်။
အဆိုပါ လှုံ့ဆော်မှုများနှင့် ပတ်သပ်၍ မန္တလေးမြို့ခံတစ်ဦးက"ဘာမှမဆိုင်ဘူး။ လူမျိုးရေးနဲ့လွှဲချနေတာ"ဟု ပြောသည်။
ထိုစာသားတိုင်း၏ အောက်ခြေ၌ မန္တလေးမြို့သူမြို့သားများဟု အလွဲသုံးစားလုပ်ကာ ပြည်သူချင်းပါ ရန်တိုက်ပေးနေသည်ဟု မန္တလေးမြို့ခံများက ပြောသည်။ မန္တလေးမြို့ခံပြည်သူများမှာ မည်သူမျှ ထိုသို့မလုပ်ဘဲ စစ်ကောင်စီ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများမှာပေါ်တာဆွဲခံရမည့်စိုး၍ ညပိုင်းအပြင်ထွက်သူနည်းချိန်တွင် ထိုစာများကပ်သူများမှာစစ်ကောင်စီသာဖြစ်ကြောင်း မြို့ခံပြည်သူများကပြောသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ပေါ်ရှိ လူစည်ကားရာနေရာများနှင့် ရခိုင်ရိုးရာစားသောက်ဆိုင်များ၊ လူသိများသောဈေးဆိုင်များရှေ့တွင်လည်းအလားတူစာသားများ လိုက်လံကပ်၍ လူမျိုးရေး ပြသာနာဖန်တီးနေသည်ကိုတွေ့ရသည်။
"ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ AAက စစ်တပ်ကို တိုက်တာတွေအရမ်းကိုအားကျနေတာပါ။မန်းလေးကဖြင့်။ကျမတို့ရပ်ကွက်တင်မဟုတ်ဘူး။ အနယ်နယ်က သဘောကျနေတာပါ။စာကပ်လည်းအရေးစိုက်မှာ ဟုတ်ပါဘူး" ဟု မန္တလေးမြို့ခံတဦးက သူ့ခံစားချက်ကိုပြောသည်။
စစ်အုပ်စုသည် ရခိုင်ပြည်နယ် တွင် စစ်ရှုံးပြီး မြို့ လေးမြို့ကို ရက်ပိုင်းအတွင်းဆုံးရှုံးခဲ့ရကာ စစ်သဘာ်များကိုပင် တိုက်ခိုက်ချေမှုန်းခံနေရသည် ကို ဝန်မခံဘဲ လူမျိုးရေးပြသာနာများ ဖန်တီးနေခြင်းဖြစ်သည်။ အထူးသဖြင့် ကျောက်တော်မြို့၌ ဖေဖော်ဝါရီလ ၇ ရက်နှင့်၈ရက်က ဖြစ်ပွားခဲ့သည့်ရေကြောင်းတိုက်ပွဲ၌ ခေတ်မီလှသည်ဟု အစဥ်တစိုက်ဝါဒ
ဖြန့်ခဲ့သော ရေတပ်မှ စစ်သဘော် ၃ စီးကို AAကတိုက်ခိုက်ချေမှုန်းရေနစ်ခဲ့သည့်အပေါ် ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ပုံရသည်။
အရှုံးကို ဝန်မခံဘဲ စစ်သဘော်ပေါ်မှ တိုက်ခိုက်ခံရ၍ ကမ်းခြေ၌ ရေကူးလာသူများကို ဒေသခံများက ဓါးဖြင့် ခုတ်သတ်သည်ဟုလည်းကောင်း ၊ ကလေးနှင့် အမျိုးသမီးများကိုပါ မချန် AA ကတိုက်ခိုက် ချေမှုန်းခဲ့သည်ဟုတစ်ဖုံ လုပ်ကြံဖန်တီးထားသော ဇာတ်လမ်းမျိုး စုံဖြင့် လူမျိုးရေးပဋိပက္ခဖြစ်လာရန်လူမှုကွန်ယက်တွင် အင်နှင့်အားနှင့် လှုံ့ဆော်ဝါဒဖြန့်ကြသည်။
အစောပိုင်းတွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်များနှင့် စစ်တပ်ထောက်ခံသူများ၏ ပစ်မှတ်မှာ ရေကူး၍ ကမ်းခြေရောက်လာသူများကို သတ်သည်ဆိုကာ ဒေသခံပြည်သူများကိုဖြစ်သည်။ သို့သော် မြေပြင် အခြေအနေ သိသောပြည်သူများက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသောထိုနေရာ၌ ဒေသခံပြည်သူများမရှိဘဲ စစ်တပ်ရန်ကြောက်၍ အစောကတည်းကထွက်ပြေးနေကြရကြောင်းရေးသားရှင်းပြကြသည်။

👍34❤5🔥1
"ရေမြှပ်တဲ့ သဘော်ကနေပဲ ကမ်းကိုအရင်ရောက်အောင်ကူးကြည့်ပါဦး ။ ဒီလောက်ရေစီးသန်တဲ့မြစ်ကို တော်ယုံရေးကူးကျွမ်းကျင်တဲ့လူ အသာထား ၊မိန်းမတွေကလေးတွေကူးတယ်ဆိုတာဘယ်လိုမှ မဖြစ်နိုင်။ စစ်ဖြစ်တာနဲ့ အဲနားကရွာကလူတွေအကုန် ပြေးကြတာ ။နေဗီလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်လို့ ။စစ်ရေယာဥ်ကို လုံခြုံရေးယူပေးတဲ့ ရဟတ်
ယာဥ်တွေပါတာကို အဲနားကရွာကလူတွေက ဓါးနဲ့ခုတ်နိုင်ပါ့မလား ။စဥ်းစားပေါ့"ဟု ဒေသအခြေအနေသိသောပြည်သူတစ်ဦးကရှင်းပြသည်။
ထိုနောက်ပိုင်းတွင် စစ်ကောင်စီဝါဒဖြန့်အကောင့်များက AA တပ်ဖွဲ့ဝင်များက စစ်သင်္ဘောပေါ်ပါ အမျိုးသမီးနှင့်ကလေးငယ်များကိုပါ တိုက်ခိုက်ချေမှုန်းသည်ဟု အသားပေး၍ဝါဒဖြန့်နေကြပြန်သည်။ AA ကကျောက်တော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဇန်နဝါရီလကတည်းက အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်သောနေရာများတွင် ၊ စစ်ဆင်ရေးလုပ်သော
စစ်သင်္ဘောများပေါ်တွင် ကလေးငယ်နှင့် အမျိုးသမီးများပါသည်ဆိုခြင်းမှာ မဟုတ်ဘဲ ၊တိုက်ပွဲများမပြင်းထန်ခင်ကတည်းကစစ်ကောင်စီ မိသားစုဝင်များကိုဘေးကင်းရာသို့ ပို့ဆောင်ပေးလေ့ရှိကြောင်း စစ်ရေးအရင်းအမြစ်များကပြောသည်။
ထို့ကြောင့် တိုက်ပွဲတွင် စစ်ရှုံးသည်ကို စစ်ရှုံးကြောင်းဝန်မခံဘဲ ဇာတ်နာအောင်ဇာတ်လမ်းမျိုးစုံထွင်၍ လူမျိုးရေးပြသာနာဖန်တီးနေခြင်းမှာ သူရဲဘောကြောင်သောလုပ်ရပ်ဖြစ်ကြောင်း အထက်ပါစစ်ရေးရင်းမြစ်များကပြောသည်။
AAက မြောက်ဦး ၊ကျောက်တော် ၊မင်းပြား အပါအဝင်ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဟုစစ်ကြေညာကာတိုက်ခဲ့ခြင်းဖြစ်သည်။ထိုကြောင့်အသက်မသေလိုပါက လက်နက်ချ ကြရန် အကြိမ်ကြိမ်ကြေညာပြီးထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
AAက ရေကြောင်းတိုက်ပွဲသတင်းကို ဖေဖော်ဝါရီ ၁၁ ရက်ည ထုတ်ပြန်သည်။စစ်ကောင်စီ၏ စစ်သင်္ဘော နှစ်စီး၊ ဇက်သင်္ဘောတစ် စီးတို့အား ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး သုံးစီးစလုံးအား ရေထဲနစ်မြုပ်အောင် ချေမှုန်းနိုင်ခဲ့သည်ဟု ဖော်ပြသည်။ စစ်သင်္ဘောသုံးစီးအပြင် နောက်ထပ်အထိနာအောင် တိုက်ခိုက်ခဲ့သော စစ်သင်္ဘော လေး စီးအထိ ရှိခဲ့သည်ဟု AAက အတိအလင်းအသိပေးသည်။
ထိုတိုက်ပွဲ၌ စစ်သင်္ဘောသုံးစီးစလုံးသည် ချက်ကောင်းကိုထိ၍ အထိနာခဲ့ကြောင်း၊ သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ကာနီးအချိန်တွင် လက်နက်ချ အညံ့ခံ အလံဖြူထောင်ရန် လော်စပီကာများဖြင့် သုံးကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားခဲ့ကြောင်း၊ သင်္ဘောသုံး စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန် မိနစ်၃၀ ထပ်ပေးသည့်အချိန်တွင်လည်း စစ်ကောင်စီက ဒရော့ဗုံးများဖြင့် စုပြုံပစ် လာရောက်တိုက်ခိုက်နေခဲ့သောကြောင့် AAတပ်ဖွဲ့ဝင် ဆယ်ဦး ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ရှိခဲ့သည်ဟု အသိပေးထားသည်။
"လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသောသူများမှာ အသက်ချမ်းသာခွင့် ရရှိကြမည်ဖြစ်သည်။ အမှန်တကယ်လည်း အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့အား မိမိတို့မှ ကယ်တင်ထားနိုင်ခဲ့သည်။ ဤကဲ့သို့ ကယ်တင်ရာတွင် အာရက္ခစစ်သည်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်" ဟု ထုတ်ပြန်ထားသည်။
သို့သော် ကယ်ဆယ်ထားသူအရေအတွက်ကို AAကမထုတ်ပြန်သေးပေ။
စစ်ကောင်စီ၏ ရေတပ်စစ်သင်္ဘော (Navy) ၊ ဇက်သင်္ဘောများသည် ၎င်းတို့ချီတက်ရာလမ်းကြောင်း တစ်လျှောက်ရှိ မြစ်၊ ချောင်း နံဘေးရှိ ကျေးရွာများအား စစ်သင်္ဘောများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တမင်တကာရည်ရွယ်ချက်ရှိရှိ နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းများကို နှစ်ရှည်လများပြုလုပ်လာခဲ့သည့် မှတ်တမ်းများ ရှိခဲ့သည်ဟုလည်းအသိပေးသည်။ ယခုအကြိမ်တ့င်လည်း ယခင်နည်းတူ ရပ်ရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် အရပ်သားပြည်သူလူထုများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများမှာ နေ့တိုင်းရှိခဲ့သည်။ ထိုကြောင့် ဒေသခံပြည်သူလူထုအား နေ့စဉ် သတ်ဖြတ်နေသော စစ်ကောင်စီ၏ရေတပ်အား လက်တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်သည်ဟု ရေကြောင်းတိုက်ပွဲ
နှင့်ပါတ်သပ်၍ တရားဝင်ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ရက္ခိုင်ဒေသတိုက်ပွဲများတွင် ရေတပ်ကို အလေးထားအသုံးပြုပြီး တိုက်ခိုက်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်မှ စစ်တပ်၏ ရေတပ်အား အကောင်းဆုံးတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်ခြင်းဆက်လက်၍လည်း လက်နက်ချအညံ့ခံရန် ပြောကြားထားသော ရန်သူ့စစ်စခန်းများအနေဖြင့် အချိန်မီ လက်နက်ချအညံ့ခံရန် ထပ်မံအသိပေးလိုက်သည်ဟုလည်း AA ကကြေညာထားသည်။
" ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ဖေဖော်ဝါရီလ (၈) ရက်နေ့သည် အာရက္ခ ရေပြင်ထက်တွင် ရန်သူ့သင်္ဘောများအား အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့သည်"ဟု AAကထုတ်ပြန်ထားသည်။

👏27👍17🔥1
ထိုအပြင် ဖေဖော်ဝါစီ ၁၂ ရက် ကလည်း မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်၏ သဘာ်တစ်စင်းကိုထပ်မံ တိုက်ခိုက်နစ်မြှပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၃ တွင်ထပ်မံထုတ်ပြန်လာသည်။
စစ်ကောင်စီကမူ စစ်ရှုံးမှုအပေါ် တစ်ခွန်းမျှမပြောဘဲ လူမျိုးရေအဓိကရုဏ်းဖြစ်ရန်၊ စစ်ပွဲအရှုံးအပေါ်အာရုံပြောင်းရန် သာ လှုံ့ဆော်စာများဖြန့်ဝေခြင်းအလုပ်များနေသည်ကိုတွေ့ရသည်။
ထိုကြောင့်စစ်ကောင်စီက ယခုရက်ပိုင်း ဇောင်းပေးဖော်ပြနေသည့် လူမျိုးရေးနှင့် ဘာသာရေးအခြေပြုဝါဒမှိုင်းကို သတိပြုရန် ပြည်သူအချင်းချင်းကသတိပေးနေကြသည်။
ရန်ကုန်မြို့မှ မြို့ပြပြောက်ကျားရဲဘော်တစ်ဦးက "အရင်လဲ
စစ်တပ်က ဒါမျိုး လူမျိုးရေးမှိုင်းတိုက်တာတွေ လုပ်ဖူးပါတယ်။ အခုခတ်မှာတော့ ဒါတွေလုပ်လို့ မရတော့ပါဘူး။ ပြည်သူတွေအနေနဲ့ ဒါကို မယုံဘဲ ဘုံရန်သူ စစ်ကောင်စီကိုပဲ ဆန့်ကျင်ဖို့ လိုအပ်ပါတယ်" ဟုပြောပါသည်။ ။

👍38👏5🔥1
▪︎မေးမြန်းခန်း
"စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းဘူးဆိုတဲ့စိတ်
ဓာတ်ရှိတဲ့ လူငယ်တွေကို ဘာမှခွဲခြားဆက်ဆံစရာအကြောင်းမရှိဘူး။ လေးစားမှုအပြည့်ရှိပြီးသား ဖြစ်ပါတယ်။ ဒါလေးကိုလူငယ်တွေကိုသိစေချင်ပါတယ်"
MDY-PDFပြောရေးဆိုခွင့်ရှိသူကိုအော်စမွန်နဲ့မေးမြန်းခန်း
အာဏာသိမ်းစစ်ခေါင်းဆောင်အမိန့်နဲ့ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုမထမ်းမနေရဥပဒေကိုထုတ်ပြန်ခဲ့တယ်။ပြည်သူတွေမုန်းတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားမဖြစ်ချင်တဲ့လူငယ်တွေရဲ့ စစ်အုပ်စုကိုဆန့်ကျင်တော်လှန်ချင်တဲ့စိတ်ဓါတ်ကိုမီးထိုးပေးလိုက်သလိုဖြစ်စေခဲ့တယ်။တော်လှန်ရေးအဖွဲ့တွေဆီတာဝန်ထမ်းဖို့ဆက်သွယ်တဲ့လူငယ်တွေအများကြီးရှိနေတယ်။ဒီအချိန်မှာအခြားတော်လှန်ရေးအဖွဲ့တွေနည်းတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)
-MDY PDFကလည်းတပ်ဖွဲ့ဝင်အသစ်တွေကိုဖိတ်ခေါ်လိုက်ပါတယ်။အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမယ်၊
ကျန်းမာရေး (အထူး) ကောင်းမွန်သူ ဖြစ်ရမယ်တော်လှန်ရေးပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်နိုင်သူဖြစ်ရမယ်၊ တပ်ဖွဲ့မှ သတ်မှတ်ပေးထားသောနယ်မြေများတွင် လေ့ကျင်/သင်ကြား/နေထိုင်/စုဖွဲ့နိုင်သူ ဖြစ်ရမယ်၊
အဆင့်ဆင့်ကွပ်ကဲမှု သဘောတရားကို လက်ခံနိုင်သူဖြစ်ရမယ်၊ ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သိစ္စာစောင့်သိသူဖြစ်ရမယ်၊ တပ်ဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်မူဘောင်များကို လေးစားလိုက်နာသူဖြစ်ရမယ်၊မိမိအပေါ်ပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်နိုင်သူဖြစ်ရမယ် ဆိုတဲ့ အချက် ၈ ချက်နဲ့ကိုက်ညီတဲ့သူတွေကိုတော်လှန်ရေးရဲဘော်အသစ်များကို နွေးထွေးစွာ စောင့်ကြိုနေတယ်လို့ကြေညာထားပါတယ်။
ဒါကြောင့် MDY-PDF ပြောရေးဆိုခွင့်ရှိသူကိုအော်စမွန်ကိုPeople's Spring ကမေးမြန်းထားပါတယ်။
-ဒီပ၊ဟေဇယ်/People's Spring
မေး။စစ်ကောင်စီပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့်မခံချင်လို့ ၊စစ်တပ်လက်အောက်မဝင်နိုင်လို့ တော်လှန်ချင်တဲ့ လူငယ်တွေကို ဘယ်လိုအကြံပေးချင်ပါလဲ။
ဖြေ။စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေပြဌာန်းလိုက်တာက သူတို့ရဲ့တပ်ဖွဲ့ထဲမှာ ဘယ်လောက်တောင် အင်အားလိုအပ်ချက်ကြီးမားနေတယ်၊ ဘယ်လောက်အင်အားတွေလျော့နည်းပြီး ပြုန်းတီးနေတယ်ဆိုတဲ့ကိစ္စကို မီးမောင်းထိုးပြလိုက်သလိုတော့ ဖြစ်သွားတယ်။ အရင်ကလည်း စစ်တပ်က တပ်သားတွေစုတဲ့နေရာမှာ ထောင်ထဲမှာအကျဥ်းချခံထားတဲ့ ရာဇဝတ်သားတွေ၊တပ်ပြေးတွေ ပြန်လက်ခံပြီး အင်အားစုဆောင်းတယ်ဆိုတာတွေ တွေ့ရတယ်။ ဒီတစ်ကြိမ်မှာအဲလောက်နဲ့မလုံလောက်လို့ တစ်နိုင်ငံလုံးမှာရှိတဲ့လူငယ်တွေ စစ်ထဲမှာထည့်ဖို့ကြိုးစားလာတာ စစ်ကောက်ဖို့ကြိုးစားလာတာတွေ့ရတယ်။ ဒါတွေဟာ တော်လှန်ရေး၃နှစ်တာကာလအတွင်း စစ်ကောင်စီဘက်က ဘယ်လောက်အင်အားပြုန်းတီးနေတယ်၊ ဘယ်လောက်အင်အားလျော့နည်းနေတယ်ဆိုတာတွေကိုထင်သာမြင်သာရှိတဲ့အချက်တွေပဲ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ စစ်မှုထမ်းဥပဒေပြဠာန်းလိုက်လို့ စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းချင်တဲ့ လူငယ်တွေအများကြီးရှိတယ်ဆိုတာကို ကျွန်တော်တို့တွေ့လိုက်ရတယ်။ ဒါကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအတွက် အများကြီး အားတက်စရာအခြေအနေဖြစ်ပါတယ်။ ကြိုဆိုရမယ့် အခြေအနေဖြစ်ပါတယ်။ ကျွန်တော်တို့ဒီဥပဒေကြောင့်ပဲ အရင်တုန်းက တော်လှန်ရေးနဲ့အလှမ်းဝေးတဲ့ ထဲထဲဝင်ဝင်မလုပ်တဲ့ ပြည်သူတွေလူငယ်တွေကိုပါ ဒီတော်လှန်ရေးအင်အားစုတွေနဲ့ ပိုနီးစပ်အောင် တွန်းပို့ပေးလိုက်သလို အခြေအနေမျိုးတော့ ဖြစ်သွားတယ်။ ဒီအခြေအနေဟာ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအတွက် အခြေအနေကောင်းတွေလို့ ပြောလို့ရပါတယ်။ ဒီလူငယ်တွေသာ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး ပူးပေါင်းတိုက်ပွဲဝင်လာမယ်ဆိုရင် ကျွန်တော်တို့တော်လှန်ရေးဟာပိုပြီးတော့မြန်လာမယ်။ ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ဟာ အမြန်ဆုံးရောက်လာမယ်လို့ ပြောရင်ရပါတယ်။
လူငယ်တွေကိုဘယ်လိုအကြံပေးချင်လဲဆိုတော့ ဒီစစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီလက်အောက်မှ စစ်မှုမထမ်းချင်ဘူးဆိုပြီး သိရတဲ့အတွက် အများကြီးဝမ်းသာတယ်။ ဂုဏ်လည်းဂုဏ်ယူပါတယ်။ ပြည်သူတွေရဲ့ဒုက္ခတွေဟာ ကျွန်တော်တို့ရဲ့ဒုက္ခလို့ပဲခံယူပါတယ်။ ကျွန်တော်တို့ MDY PDFအနေနဲ့ကော တော်လှန်ရေးအင်အားစုတွေအနေနဲ့ အတက်နိုင်ဆုံး ကူညီပေးသွားဖို့ရှိပါတယ်။ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအနေနဲ့ကလည်း လွန်ခဲ့တဲ့၃နှစ်က အခြေအနေမျိုးတော့မဟုတ်တော့ဘူးပေါ့။ ကျွန်တော်တို့ နယ်မြေစိုးမိုးမှုအတိုင်းအတာတစ်ခုထိရလာတယ်။ စစ်ရေးအတွေ့အကြုံတွေပိုကောင်းလာတယ်။ လက်နက်တပ်ဆင်မှုတွေ ပိုပြီးတော့ပြည့်စုံလာတာဖြစ်တဲ့အတွက် လက်ရှိပြည်မအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေ ကြုံတွေ့နေရတဲ့ဒုက္ခတွေ ကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားပြီးတော့ ဖြေရှင်းပေးမယ်၊ ကူညီပေးမယ်၊ ကျွန်တော်တို့နဲ့အတူလက်တွဲပြီး တိုက်ပွဲဝင်ဖို့လည်း ဖိတ်ခေါ်ပါတယ်။ ဘာမှအားမငယ်ကြပါနဲ့။ ကျွန်တော်တို့တသားတည်းရှိနေတယ်။အတက်နိုင်ဆုံးကူညီပေးသွားမယ်။
မေး။ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက ရဲဘော်အသစ်တွေ ဖိတ်ခေါ်နေတာတွေ့ပါတယ် ။ MDY- PDF ဆီမှာတာဝန်ထမ်းဆောင်ချင်ရင် ဘာတွေလိုအပ်လဲ ။

👍40🔥1
ဖြေ။ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးအနေနဲ့ တပ်ဖွဲ့ဝင်အသစ်တွေစုဆောင်းနေတာမျိုးတွေ ရှိပါတယ်။ အဓိကကတော့လိုအပ်ချက်လို့ပြောမယ်ဆိုရင်တော့အသက်၁၈နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်။ ကျန်းမာရေးကောင်းမွန်တဲ့သူ ဖြစ်ရပါမယ်။ ကျွန်တော်တို့နဲ့အတူလက်တွဲပြီး တော်လှန်ရေးပြီးတဲ့အထိ အိမ်မပြန်စတမ်း လက်တွဲတိုက်ပွဲဝင်နိုင်ရမယ့်လူတွေ ဖြစ်ရပါမယ်။အဓိကအရေးကြီးတဲ့အချက်ကတော့ ဒီအချက်တွေပါပဲ။ ကျန်တာတွေကတော့လေ့ကျင့်သင်ကြားပေးလို့ရပါတယ်။ လေ့ကျင့်သင်ကြားပေးဖို့လည်း အသင့်ရှိပါတယ်။ အမြဲတမ်းလည်းကြိုဆိုနေပါတယ်။
မေး။စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ စစ်အာဏာရှင်ကိုတော်လှန်မလား ၊ ပြည်သူတွေရွံမုန်းတဲ့စစ်ကောင်စီနဲ့ပူးပေါင်းမလား ဆိုတဲ့အခြေအနေ ၂ ခုထဲက တစ်ခုကိုမဖြစ်မနေရွေးရမယ့်အခြေအနေဖြစ်လာတယ် ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအနေနဲ့ ခံယူပြီး စစ်ကောင်စီကို ဘာကြောင့်တော်လှန်သင့်တယ်လဲ ဆိုတာကို ရှင်းပြပေးပါလား ။
ဖြေ။စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေအနေနဲ့စစ်ပွဲထဲကို မဖြစ်မနေဝင်ရောက်ရမယ့်အနေအထားမျိုးဖြစ်သွားတယ်။ စစ်ကောင်စီရဲ့လက်အောက်မှာ စစ်မှုထမ်းမလား၊ ဒါမှမဟုတ်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်ကောင်စီကိုဖြုတ်ချမလား ဒီနှစ်ခုပဲရွေးချယ်စရာရှိတော့တယ်။ ဒီအချိန်မှာဘာကြောင့်တော်လှန်ရေးအင်အားစုတွေကို ရွေးချယ်သင့်လဲဆိုတာကို ပြောရမယ်ဆိုရင် ဒီစစ်ကောင်စီက. အာဏာသိမ်းမှု၃နှစ်တာကာလအတွင်းမှာ အဘက်ဘက်ကယုတ်လျော့ပျက်စီးနေတယ်လို့ပြောရင်ရတယ်။ ဒီ၃နှစ်တာကာလအတွင်းမှာ CDM လုပ်သွားတဲ့စစ်သားတွေ တပ်ပြေးသွားတဲ့စစ်သားတွေ ကျဆုံးဒဏ်ရာရတဲ့အရေအတွက်တွေဟာ တော်ရုံအရေအတွက်မဟုတ်ဘူး။ တော်တော်လေးကိုကြီးမားတဲ့အရေအတွက်ဖြစ်တယ်။ ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာဆိုရင် လူအင်အားဆုံးရှုံးမှုနဲ့ နယ်မြေဆုံးရှုံးမှုက ပိုပြီးတောင်ကြီးမားလာတာမျိုး တွေ့ရပါတယ်။ ဒါကြောင့်မို့လည်း ဒီလိုစစ်မှုထမ်းဥပဒေပြဌာန်းလာတဲ့အခြေအနေ
အထိ သူတို့ဘက်က ဆုံးဖြတ်လာတာဖြစ်တယ်။ ပြောရရင်ဒီစစ်တပ် Institution တစ်ခုလုံးက အကျဘက်ကိုတောက်လျှောက်ထိုးစိုက်နေပြီးတော့ အဘက်ဘက်က အားနည်းနေပြီလို့ပြောရရင်ရတယ်။ သူတို့နဲ့မတူဘဲ ပြောင်းပြန်အချိုးကျနေတာက တော်လှန်ရေးအင်အားစုတွေ။ စတင်စုဖွဲ့စည်ကာလနဲ့မတူတော့ဘဲနဲ့ ဒေသအသီးသီးမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေဟာ တိုက်ရည်ခိုက်ရည်တွေပိုကောင်းလာပြီး အတွေ့အကြုံတွေပိုများလာကြပြီ။ အမိန့်နာခံမှုနဲ့စစ်စည်းကမ်းကောင်းမွန်မှု၊ ကျင့်ဝတ်လိုက်နာမှုတွေပိုကောင်းလာပြီး စိုးမိုးနယ်မြေတွေ တဖြည်းဖြည်းကျယ်ပြန့်လာပြီ။ လက်နက်တပ်ဆင်မှုတွေပိုအားကောင်းလာပြီ။ ဒီအချက်တွေဟာဒွိဟဖြစ်နေတဲ့လူငယ်ထုအတွက် ရွေးချယ်မှုသဲကွဲစေတဲ့အချက်တွေဖြစ်မယ်လို့ထင်ပါတယ်။
မေး။မိန်းကလေးတွေရော တပ်သားသစ်လုပ်ရပါလား ။ဘယ်လိုသတ်မှတ်ချက်တွေလိုလဲ။
ဖြေ။အမျိုးသမီးတွေကိုလည်း တပ်ဖွဲ့ဝင် အနေနဲ့လက်ခံသွားဖို့ရှိပါတယ်။ စတင်စုဖွဲ့စဥ်ကာလကတည်းကလည်း အမျိိုးသမီးစစ်မေတွေကိုလက်ခံနိုင်ခဲ့တယ်။ MDY PDFက အမျိုးသမီးစစ်မေတွေဟာ တိုက်ခိုက်ရေးတာဝန်တွေကောတပ်ဖွဲ့လည်ပတ်စေရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍတွေမှာပါတာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ အသစ်လာချင်တဲ့အမျိုးသမီးတွေကိုလည်း တပ်ဖွဲ့ဝင်အသစ်နဲ့လက်ခံသွားဖို့ရှိပါတယ်။ ကြိုလည်းကြိုဆိုနေပါတယ်။
မေး။မန္တလေးတိုင်းကမဟုတ်ပဲ တခြားဒေသကဆိုရင်ရော ပူးပေါင်းလို့ရပါလား။
ဖြေ။ကျွန်တော်တို့တပ်ဖွဲ့က အမည်နာမမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး MDY PDFဆိုပေမယ့် ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်တွေက တစ်နိုင်ငံလုံးမှာရှိတဲ့ဒေသအသီးသီးက ရဲဘော်တွေဖြစ်ပါတယ်။ ဒေသပိုင်းခြားသတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဘယ်ဒေသကလာတဲ့လူငယ်တွေပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်တွေအဖြစ် လက်ခံပါတယ်။ကြိုလည်းကြိုဆိုပါတယ်။
မေး။စစ်မှုထမ်းဥပဒေထွက်လာပြီးတော့ အကြောင်းအမျိုးမျိုးကြောင့်တော်လှန်ရေးမှာ မပါသေးတဲ့ လူငယ်တွေကို တော်လှန်ရေးလုပ်နေတဲ့ ရဲဘော်အချို့က ခွဲခြားပြောတာ၊အထင်သေးတာမျိုး လူမှုကွန်ယက်မှာ ပြောဆိုရေးသားတာမျိုး အနည်းငယ်တွေရပါတယ် ။ တော်လှန်ရေးရဲဘော်တွေအနေနဲ့ကလည်း ၃ နှစ်တာခရီးကြမ်းမှာအသက်တွေ ၊ဘဝတွေ ၊မိသားစုတွေ အရာအားလုံးစွန့်ပြီး နိုင်ငံသစ်အတွက် ကြိုးစားနေချိန်မှာ လူငယ်တချို့ကကြ ရေပေါ်ဆီလုပ်ပြီးပေါ့ပေါ့နေပေါ့ပေါ့စားတာဝန်မဲ့နေခဲ့ကြတဲအပေါ် ခံစားချက်ကြောင့် ပြောဆိုမိတာမျိုးလို့ထင်ပါတယ်။ဒီဥပဒေကြောင့် ကြောက်ပြီး ဘာလုပ်ရမှန်းမသိချိန်မှာ အဲလိုပြောဆိုမှုတချို့က သူတို့ကိုပိုပြီးသိမ့်ငယ်စေတယ် လို့ထင်ပါတယ် ။ အဲလိုစိုးရိမ်၊အားငယ် နေတဲ့ လူငယ်တွေကိုလည်း ဘယ်လိုအကြံပေးချင်ပါလဲ။
ဖြေ။ကျွန်တော်နောက်ဆုံးပြောချင်တာကတော့ တချို့လူငယ်တွေ လူမှုကွန်ရက်ပေါ်က ပြောဆိုရေးသားမှုတွေ၊ လှောင်ပြောင်မှုတွေကြောင့်မို့ ငါတို့ဒီတော်လှန်ရေးအင်

👍36❤5🔥1
အားစုတွေနဲ့ လက်တွဲရင်ခွဲခြားဆက်ဆံခံရမှာလား၊ နှိမ့်ချဆက်ဆံခံရမှာလား စိုးရိမ်စိတ်မျိုးရှိနေတယ်လို့ သိရတယ်။ အကယ်၍ဒီစိုးရိမ်စိတ်မျိုးရှိနေတယ်ဆိုရင်တော့ လုံးဝမစိုးရိမ်ဖို့ပြောချင်ပါတယ်။ ကျွန်တော်တို့သည်စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းဘူးဆိုတဲ့စိတ်ဓာတ်ရှိတဲ့ လူငယ်တွေကို ဘာမှခွဲခြားဆက်ဆံစရာအကြောင်းမရှိဘူး။ လေးစားမှုအပြည့်ရှိပြီးသား ဖြစ်ပါတယ်။ ဒါလေးကိုလူငယ်တွေကိုသိစေချင်ပါတယ်။ နောက်တစ်ခုက ရောက်နှင့်နေပြီးသား ရဲဘော်တွေကလည်း ခွဲခြားဆက်ဆံချင်တဲ့စိတ်လုံးဝမရှိဘူး။ တွေ့ရသလောက်ဆိုရင် အရင်တုန်းက အကြောင်း
ကြောင်းကြောင့် တော်လှန်ရေးတာဝန်တွေမထမ်းဆောင်နိုင်ခဲ့တဲ့လူငယ်တွေဟာ ဒီစစ်မှုထမ်းဥပဒေကြောင့် တော်လှန်
ရေးအင်အားစုတွေနဲ့လိုက်လာတော့မယ်ဆိုတာသိတဲ့အတွက် သူတို့ရဲ့ညီအစ်ကိုတွေ၊ သူငယ်ချင်းတွေကိုသူတို့က ပျော်ပျော်ကြီးကြိုနေတယ်၊ လာဖို့မျှော်နေတယ်လို့သိရတယ်။ ခွဲခြားဆက်ဆံဖို့၊ နှိမ်ချဖို့၊လှောင်ပြောင်ဖို့ လုံးဝမရှိပါဘူး။ ဒီစိုးရိမ်စိတ်မျိုးရှိတယ်ဆိုရင်လုံးဝမစိုးရိမ်ဖို့ပေါ့။ တော်လှန်ရေးအင်အားစုအားလုံးကိုယ်စား ပြောချင်ပါတယ်။ နီးစပ်ရာတော်လှန်ရေးအင်အားစုတွေနဲ့ ရဲရဲကြီးသာလက်တွဲကြပါ။ ကျွန်တော်တို့ MDY PDFကလည်း လက်တွဲလာမယ့်အယောက်စီတိုင်းကိုလည်း နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်။ ဒီလူငယ်တွေသာ ကျွန်တော်တို့နဲ့လက်တွဲလာမယ်ဆိုရင် စစ်ကောင်စီကိုအမြန်ဆုံး ဖြုတ်ချနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ ။

👍37❤6🔥1
မြင်းမူနှင့် ငါန်းဇွန်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ တပ်စွဲရာနေရာကို PDFတိုက်ခိုက်
အောင်ဇေယျ/People's Spring
မြင်းမူနှင့် ငါန်းဇွန်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ တပ်စွဲရာနေရာများကို သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ရက်)နံနက် ၁၁နာရီ ၁၅မိနစ်ခန့်က ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်နေ့အဖြစ် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားရာ စီးပွားရေးဘဏ်အား လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DKPDF-MMU၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
"အနီးကပ်ဆုံး မီတာ၁၀၀ ဝန်းကျင်လောက်ပဲ။ RPG နှစ်လုံးပစ်ပြီး လက်နက်ငယ် တွေနဲ့ပစ်ခတ်ခဲ့တာပါ။"ဟု ၎င်းပြန်ကြားရေးတာဝန်ခံက ပြောသည်။
အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီး
စစ်အုပ်စုရှိရာသို့ လက်နက်ကြီးထိခိုက်မှန်ခဲ့ကာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်များထံမှ သိရသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မြို့ပေါ်ရမ်းသမ်းပစ်ခတ်ပြီး လှည့်လည်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း မြင်းမူမြို့ခံများက ပြောသည်။
အဆိုပါစစ်ဆင်ရေးကို Dog Killers People's Defence Force Myinmu (DK PDF-MMU)၊ဇာမဏီ(MMU)၊မြင်းမူဖိုက်တာ(MMU)ဒေါင်းဘုရင်(MMU). D.B.B.F.MMU၊ မြင်းမူမြို့နယ် ပ.က.ဖ စသည့်မဟာမိတ်အဖွဲ့များမှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ခေါင်ဘိုရွာတွင် ပျူသင်တန်းပေးနေစဥ် ဒရုန်းများဖြင့် ၂ ရက်ဆက် ဗုံးသီးချတိုက်ခိုက်ပြီး အလင်းဝင်ရန် သတိပေးစာများပါ ကြဲချခဲ့ကြောင်းဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
ဖေဖော်ဝါရီ ၉ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က မြင်းခြံခရိုင်၊ ငါးဇွန်မြို့နယ်၊ မြင်းခြံခရိုင် ခေါင်ဘိုရွာ၌ ပျူစောထီးသင်တန်းပေးနေသည့်နေရာကို ဒရုန်းများဖြင့် ဗုံးသီး ၇လုံးချ တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိကြောင်း CDSOM၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
"သင်တန်းက ဘယ်လောက်ကြာနေလဲမသိဘူး။ သင်တန်းဆင်းတာက ၈ရက်နေ့။ မစ်ရှင်လုပ်တာက သင်တန်းဆင်းပြီး ရွာစဥ်စစ်ကြောင်းလျှောက်တဲ့ ၉ရက်နေ့မှာလုပ်ခဲ့တာပါ။ မစ်ရှင်လုပ်တဲ့နေ့ ပျူနဲ့ စခအင်အားကတော့ ၄၉ ကောင်ရှိတယ်။"ဟု CDSOM၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့အပြင် ပြည်သူ့ဘက်သို့ ကူးပြောင်းအလင်းဝင်ရန် သတိပေးစာရွက်များကိုလည်း ကြဲချခဲ့ကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီ ၁ဝ ရက် နေ့လယ် ၂ နာရီခန့်တွင်လည်း ခေါင်ဘိုရွာရှိ စစ်အုပ်စုကိုပင် ဒရုန်းများဖြင့် ဗုံးသီး ၁၄ လုံးချ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးကြောင်း ငါန်းဇွန်(ပကဖ) အဖွဲ့၏ တာဝန်ခံက ပြောသည်။
သို့သော် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဖေဖော်ဝါရီ ၉ ရက် စစ်ဆင်ရေးကို Shar Htoo Waw နည်းပညာသုံး ဒရုန်းများဖြင့် CDSOM 001 Drone Team၊ CDSOM ငါးဇွန် (တပ်ခွဲ)၊ ဒေါင်းညီနောင် ပျောက်ကြားတပ်ဖွဲ့၊ ငါန်းဇွန် ပကဖအဖွဲ့တို့ကလည်းကောင်း၊ ၁၀ ရက်နေ့စစ်ဆင်ရေးကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ငါန်းဇွန်- ပကဖ၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ငန်းနက် ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့တို့ကလည်းကောင်း ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်မှုထမ်းဥပဒေအသက်မသွင်းမီကတည်းက မန္တလေးတိုင်းအတွင်း ဒေသအချို့တွင် ပြည်သူ့စစ်ခေါ် ပျူသင်တန်းများ အဓမ္မဖွင့်လှစ်နေသည်။

👍41👏4🔥1