People's Spring
62.5K subscribers
66.9K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအချို့ ။ဓါတ်ပုံ-​နေပြည်​တော်သိမ်းပိုက် ​အောင်လံစိုက်
👍53👏10😁1🤮1
👍38👏8🤮1
44👍12👏6🔥1
(ရက္ခိုင်ပြည်၊ ကျောက်တော်မြို့အတွင်းရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းများအားလုံးကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများရှေ့တွင် တွေ့ရသော ရက္ခိုင့်တပ်တော် စစ်သည်တော်များ။ဓာတ်ပုံ - AAInfoDesk)
33👍13👏7🔥1
ကျောက်တော်မြို့သိမ်းပိုက်မှု မှတ်တမ်းဓာတ်ပုံများ AA ပြသ

ရှိုင်း/People’s Spring

ရက္ခိုင့်တပ်တော်(AA)က ကျောက်တော်မြို့သိမ်းပိုက်နိုင်မှု အခြေအနေ မှတ်တမ်းဓာတ်ပုံများကို ယနေ့ ညပိုင်းတွင် ထုတ်ဖော်ပြသခဲ့သည်။

AAသည် ချင်းပြည်နယ် ပလက်၀မြို့နယ်ကို သိမ်းပိုက်ပြီးနောက် ဖေဖော်ဝါရီ ပထမပတ်တွင်  ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့များကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

AAက ဖော်ပြခဲ့သည့် ဓာတ်ပုံမှတ်တမ်းများတွင် ကျောက်တော်မြို့တွင်းရှိ စစ်ကောင်စီ၏ တပ်မ ဌာနချုပ်၊ စစ်ကောင်စီ၏ ဌာနဆိုင်ရာ ရုံးများရှေ့၌ ရက္ခိုင့်တပ်တော် စစ်သည်များ အောင်ပွဲခံနေမှု မြင်ကွင်းများကို တွေ့ရသည်။

ကျောက်တော်မြို့ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ကစ္ဆပ နဒီတံတား၊ ပုဂ္ဂလိက ဘဏ်အချို့ ၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ မြို့နယ်တရားရုံး၊  ကျောက်တော် မြို့အဝင်နေရာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးစသည့် နေရာများ၌ AA တပ်ဖွဲ့ဝင်များ ရောက်ရှိနေမှု ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။

AAသည် ကျောက်တော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ စစ်ရေယာဉ်သုံးစီးကိုလည်း တိုက်ခိုက်နှစ်မြှုပ်ခဲ့သည်။
👍46👏5🔥1
စစ်ကောင်စီတပ်နှင့် ရဲများ ထွက်ပြေးစဉ် စွန့်ပစ်ထားခဲ့သည့် လက်နက်များတွေ့ရှိပါက တစ်ပတ်အတွင်း အမြန်အပ်နှံရန် AA သတိပေး

▪️လာရောက်အပ်နှံပါက ဆုငွေချီးမြှင့်မည်၊ သတ်မှတ်ရက်ကျော်ပါက သိမ်းဆည်းဝှက်ထားသူများကို ပြင်းထန်စွာ အရေးယူမည်ဟုဆို

ရှိုင်း/People’s Spring

စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးစဉ် လက်နက်များကို စွန့်ပစ်ခြင်း၊ဝှက်ထားခြင်းများပြုလုပ်ခဲ့ရာ အဆိုပါ လက်နက်ခဲယမ်းများတွေ့ရှိပါက တစ်ပတ်အတွင်း အမြန်ဆုံးလာရောက်အပ်နှံကြရန် အထူးသတိပေး ကြောင်း ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီ ၁၃ရက်တွင် ထုတ်ပြန်ကြေညာသည်။

AAသည် ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ ဗျူဟာစခန်းကြီးများ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်၊ နယ်ခြားစောင့်တပ်စခန်းများ၊ ရဲတပ်ရင်းများ၊ ရဲစခန်းများကို တစ်ခုမကျန် တိုက်ခိုက်ချေမှုန်းသွားရန် ရည်မှန်းထားသည့်အတိုင်း ၂၀၂၃ နိုဝင်ဘာ၁၃ရက်မှစ၍ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊ ရည်မှန်းထားသည့်အတိုင်း စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများကိုလည်း တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း ဖော်ပြသည်။လက်ကျန်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

တစ်ပြိုင်နက်တည်းတွင် စစ်ရှုံးစစ်ကောင်စီ၏ စစ်သားများ၊ ရဲတပ်သားများသည် ၎င်းတို့၏ စခန်းများကို စွန့်ခွာကာ အိမ်နီးနားချင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ များအတွင်းသို့လည်းကောင်း၊ ရေကြောင်းတိုက်ပွဲအတွင်း စစ်သင်္ဘော၊ ဇက်သင်္ဘောများပေါ်မှ လည်းကောင်း အသက်လုထွက်ပြေးနေကြ ရသကဲ့သို့ ရပ်ရွာများ၌ အရပ်ဝတ်များလဲ၍လည်း နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ပြေးလျက် ရှိနေသည်ဟု ဖော်ပြသည်။

ထိုသို့ ထွက်ပြေးရာ၌ ၎င်းတို့သည် လက်နက်၊ခဲယမ်းမီးကျောက်များကို ဖျက်ဆီး၍ထားခဲ့သကဲ့သို့ ထွက်ပြေးသည့်အချိန်တွင် တစ်ကိုယ်စာယူဆောင်သွားကြသည့် လက်နက်ခဲယမ်းများကို အချိန်ကာလတစ်ခုတွင် မသယ်ဆောင်နိုင်သောကြောင့် တောတောင်၊ ချောင်းမြောင်း၊ လျှိုမြောင်တို့၌ လွှင့်ပစ်၍လည်းကောင်း၊ မြေကြီးထဲမြှုပ်နှံ၍လည်းကောင်း ထားခဲ့ကြသည်ကို ဖမ်းဆီးထားသော သုံ့ပန်းများနှင့် ရှာဖွေရရှိသော မြေပြင်ပကတိ အခြေအနေများအရ သိရှိရကြောင်း ထုတ်ပြန်သည်။

ထွက်ပြေးလွတ်မြောက်သွားသည့် ထောင်ဂဏန်းနီးပါး စစ်ပြေး၊ ရဲပြေးများမှ လွှင့်ပစ်ထားခဲ့သော လက်နက်ခဲယမ်းများကို ရက္ခိုင့်တပ်တော်မှ လိုက်လံရှာဖွေ၍ တွေ့ရှိထားသည်များလည်း ရှိသည်ဟု အသိပေးသည်။

AA တပ်ဖွဲ့ဝင်များ မရောက်ရှိသေးသော နေရာများ၌ လည်းကောင်း၊ ရှာဖွေမတွေ့သေး၍ လည်းကောင်း ကျန်ရှိနေသေးသော လက်နက်ခဲယမ်းများလည်း ရှိနေနိုင်ခြင်းကြောင့် အကယ်၍ အဆိုပါ စွန့်ပစ်ထားခဲ့သော ရန်သူ့လက်နက်ခဲယမ်းများကို မည်သူမဆို တွေ့ရှိပါက နီးစပ်ရာရက္ခိုင့်တပ်တော် စခန်းများတွင်လည်းကောင်း အာရက္ခပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများထံတွင် လည်းကောင်း အပ်နှံနိုင်သည်ဟု ထုတ်ပြန်သည်။

လက်နက် ခဲယမ်း အဆိုး၊ အကောင်းအပေါ်မူတည်ပြီး ထိုက်သင့်သော ဆုငွေများကို ချက်ချင်းချီးမြှင့်သွားမည်ဟုလည်း ဖော်ပြထားသည်။

AA ထိန်းချုပ်ရာနယ်မြေများ၌ သာမန်အရပ်သားပြည်သူများအား လက်နက်ခဲယမ်း ကိုင်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းများကို လုံးဝခွင့်ပြုမည်မဟုတ်ဟုလည်း အသိပေးသည်။

ထို့ကြောင့် လက်နက်ကိုင်ဆောင် ထားသူများအနေဖြင့် ယခုထုတ်ပြန်ချက်ထုတ်သည့်နေ့မှ တစ်ပတ်အတွင်း ဖေဖော်ဝါရီ၂၀ရက် ည ၁၂နာရီ နောက်ဆုံးထားပြီး အပ်နှံကြရန် ထုတ်ပြန်သည်။

အကယ်၍ သတ်မှတ်ထားသည့် ရက်အတွင်း လာရောက်အပ်နှံခြင်းမရှိဘဲ ဖုံးဝှက်ထားသည်များကို စစ်ဆေးတွေ့ရှိပါက ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း AAကသတိပေးထားသည်။
39👍18🤮2😁1
42👏11👍5🥰1🤮1
(ရက္ခိုင်ပြည်၊ ကျောက်တော်မြို့အတွင်းရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်ရှေ့တွင် တွေ့ရသော ရက္ခိုင့်တပ်တော် စစ်သည်တော်များ။ဓာတ်ပုံ - AAInfoDesk)
39👏7👍5🔥2
စစ်ကောင်စီတပ်နှင့် ရဲများ ထွက်ပြေးစဉ် စွန့်ပစ်ဝှက်ထားခဲ့သည့် လက်နက်များတွေ့ရှိပါက တစ်ပါတ်အတွင်း အမြန်အပ်နှံရန် AA သတိပေးထုတ်ပြန်

︎လာရောက်အပ်နှံပါက ဆုငွေချီးမြှင့်မည်၊ သတ်မှတ်ရက်ကျော်ပါက သိမ်းဆည်းဝှက်ထားသူများကို ပြင်းထန်စွာ အရေးယူမည်ဟုအသိပေး

ရှိုင်း/People’s Spring

စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးစဉ် လက်နက်များကို စွန့်ပစ်ခြင်း၊ဝှက်ထားခြင်းများပြုလုပ်ခဲ့ရာ အဆိုပါ လက်နက်ခဲယမ်းများတွေ့ရှိပါက တစ်ပတ်အတွင်း အမြန်ဆုံးလာရောက်အပ်နှံကြရန် အထူးသတိပေး ကြောင်း ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီ ၁၃ရက်တွင် ထုတ်ပြန်ကြေညာသည်။

AAသည် ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ ဗျူဟာစခန်းကြီးများ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်၊ နယ်ခြားစောင့်တပ်စခန်းများ၊ ရဲတပ်ရင်းများ၊ ရဲစခန်းများကို တစ်ခုမကျန် တိုက်ခိုက်ချေမှုန်းသွားရန် ရည်မှန်းထားသည့်အတိုင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစ၍ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊ ရည်မှန်းထားသည့်အတိုင်း စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများကိုလည်း တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း ဖော်ပြသည်။လက်ကျန်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

တစ်ပြိုင်နက်တည်းတွင် စစ်ရှုံးစစ်ကောင်စီ၏ စစ်သားများ၊ ရဲတပ်သားများသည် ၎င်းတို့၏ စခန်းများကို စွန့်ခွာကာ အိမ်နီးနားချင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ များအတွင်းသို့လည်းကောင်း၊ ရေကြောင်းတိုက်ပွဲအတွင်း စစ်သင်္ဘော၊ ဇက်သင်္ဘောများပေါ်မှ လည်းကောင်း အသက်လုထွက်ပြေးနေကြ ရသကဲ့သို့ ရပ်ရွာများ၌ အရပ်ဝတ်များလဲ၍လည်း နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ပြေးလျက် ရှိနေသည်ဟု ဖော်ပြသည်။

ထိုသို့ ထွက်ပြေးရာ၌ ၎င်းတို့သည် လက်နက်ခဲယမ်းမီးကျောက်များကို ဖျက်ဆီး၍ထားခဲ့သကဲ့သို့ ထွက်ပြေးသည့်အချိန်တွင် တစ်ကိုယ်စာယူဆောင်သွားကြသည့် လက်နက်ခဲယမ်းများကို အချိန်ကာလတစ်ခုတွင် မသယ် ဆောင်နိုင်သောကြောင့် တောတောင်၊ ချောင်းမြောင်း၊ လျှိုမြောင်တို့၌ လွှင့်ပစ်၍လည်းကောင်း၊ မြေကြီးထဲမြှုပ်နှံ၍လည်းကောင်း ထားခဲ့ကြသည်ကို ဖမ်းဆီးထားသော သုံ့ပန်းများနှင့် ရှာဖွေရရှိသော မြေပြင်ပကတိ အခြေအနေများအရ သိရှိရကြောင်း ထုတ်ပြန်သည်။

ထွက်ပြေးလွတ်မြောက်သွားသည့် ထောင်ဂဏန်းနီးပါး စစ်ပြေး၊ ရဲပြေးများမှ လွှင့်ပစ်ထားခဲ့သော လက်နက်ခဲယမ်းများကို ရက္ခိုင့်တပ်တော်မှ လိုက်လံရှာဖွေ၍ တွေ့ရှိထားသည်များလည်း ရှိသည်ဟု အသိပေးသည်။

AA တပ်ဖွဲ့ဝင်များ မရောက်ရှိသေးသော နေရာများ၌ လည်းကောင်း၊ ရှာဖွေမတွေ့သေး၍လည်းကောင်း ကျန်ရှိနေသေးသော လက်နက်ခဲယမ်းများလည်း ရှိနေနိုင်ခြင်းကြောင့် အကယ်၍ အဆိုပါ စွန့်ပစ်ထားခဲ့သော ရန်သူ့လက်နက်ခဲယမ်းများကို မည်သူမဆို တွေ့ရှိပါက နီးစပ်ရာရက္ခိုင့်တပ်တော် စခန်းများတွင်လည်းကောင်း အာရက္ခပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများထံတွင် လည်းကောင်း အပ်နှံနိုင်သည်ဟု ထုတ်ပြန်သည်။

လက်နက် ခဲယမ်း အဆိုး၊ အကောင်း အပေါ်မူတည်ပြီး ထိုက်သင့်သော ဆုငွေများကို ချက်ချင်းချီးမြှင့်သွားမည်ဟုလည်း ဖော်ပြထားသည်။

AA ထိန်းချုပ်ရာနယ်မြေများ၌ သာမန်အရပ်သားပြည်သူများအား လက်နက်ခဲယမ်း ကိုင်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းများကို လုံးဝခွင့်ပြုမည်မဟုတ်ဟုလည်း အသိပေးသည်။

ထို့ကြောင့် လက်နက်ကိုင်ဆောင် ထားသူများအနေဖြင့် ယခုထုတ်ပြန်ချက်ထုတ်သည့်နေ့မှ တစ်ပတ်အတွင်း ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ ည (၁၂) နာရီ နောက်ဆုံးထားပြီး အပ်နှံကြရန် ထုတ်ပြန်သည်။

အကယ်၍ သတ်မှတ်ထားသည့် ရက်အတွင်း လာရောက်အပ်နှံခြင်းမရှိဘဲ ဖုံးဝှက်ထားသည်များကို စစ်ဆေးတွေ့ရှိပါက ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း လည်း AAက သတိပေးထားသည်။
👍523🥰2🤮1
ပလက်ဝမြို့ရှိ စစ်​ကောင်စီရုံးများနှင့် ကြံ့ဖွံ့ပါတီရုံးတို့ကို AAတပ်ဖွဲ့ဝင်များသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-AA Infodesk
👍669🔥3
စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် လူငယ်များ PDF တပ်ရင်းများထံ ဝင်ရောက်ရန် ဆက်သွယ်မှုများလာ

▪️ပြည်သူ့စစ်ဥပဒေကန့်ကွက်ပြီး လာရောက်ခိုလှုံနိုင်ကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖိတ်ခေါ်

စောနွေဦး၊ယောနသံ/People's Spring

အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ် (PDF)များထံ ဝင်ရောက်ရန် ဆက်သွယ်လာသူ အများအပြားရှိလာကြောင်း အဆိုပါ တပ်ရင်းများက ပြောသည်။

ဖေဖော်ဝါရီ ၁၀ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းပြီးနောက်ပိုင်းတွင် လူငယ်များက တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်လာခြင်းဖြစ်သည်။

"ကျတော်တို့ဆီကို လာချင်တဲ့ လူငယ်တွေ တောက်လျောက်ဆက်သွယ်နေတာ။ မလိုလားအပ်တဲ့ ပြသနာတွေဖြစ်မှာစိုးလို့ စီစစ်နေတာတွေလုပ်နေရလိုပါ”ဟု မင်းဘူးခရိုင်၊ အမှတ်(၆) တပ်ရင်း၊တပ်ခွဲ (၃)မှ တပ်ခွဲမှူးက ပြောသည်။

လာရောက်ဆက်သွယ်သူများတွင် မင်းဘူးခရိုင်မှအပြင် အခြားဒေသမှ လူငယ်များလည်းပါဝင် လာသောကြောင့် သက်ဆိုင်ရာနယ်မြေအလိုက် တပ်ရင်းများကို ချိတ်ဆက်ပေးရသည်လည်းရှိသည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် နိုင်ငံအနှံ PDFတပ်ရင်းများကလည်း တပ်သားအသစ်ခေါ်ယူကြောင်း ထုတ်ပြန်ချက်အသီးသီးထုတ်ပြန်လျက်ရှိသည်။

ထိုသို့ ခေါ်ယူရာတွင် ရန်ကုန်တိုင်းစစ်ဌာနအပါ အဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းများ၊ ပကဖများ၊ဆေးတပ်ဖွဲ့များ၊ ဒရုန်းတပ်ဖွဲ့များလည်း ပါဝင်သည်။

“တိရစ္ဆာန်လောက်တောင် အဆင့်မရှိတဲ့ သူတွေရဲ့ အဖွဲ့ထဲဝင်မလား။ တွေးကြည့်ပါ။ သင့်ဘက်က ဆက်သွယ်မှုကို စောင့်မျှော်နေပါမယ်”ဟု ပခုက္ကူခရိုင်၊ အမှတ် (၁၄)တပ်ရင်း၊ တပ်ခွဲ (၂)ကဆိုသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ​၏ ရန်ကုန်တိုင်းစစ်ဌာန ကတပ်သားသစ်များလက်ခံ​ကြောင်း​ကြေညာပြီး ၁၂နာရီအတွင်းထောင်နှင့်ချီသော တပ်သားသစ်လျှောက်လွှာများလက်ခံရရှိ​ကြောင်း ရန်ကုန်တိုင်းစစ်ဌာန တပ်သား
သစ်ခေါ်ယူရေးကော်မတီက ယနေ့ ထုတ်ပြန်သည်။

လက်ခံရရှိထားသော လျှောက်ထားသူအချက်လက်များ လုံခြုံရေးနှင့် အချက်အလက်များ စိစစ်ခြင်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးသည်။

လျှောက်လွှာပါ အချက်အလက်များ မှန်ကန်ပြည့်စုံစွာ ထည့်
သွင်းထားခြင်းမရှိသည့် လျှောက်လွှာများ၊ သတ် မှတ်ချက်နှင့် ကိုက်ညီခြင်းမရှိသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်းလည်း ကော်မတီက ဆိုသည်။

"သတ်မှတ်ချက်တွေ ဖြည့်ရတာတော့ သိပ်ပြီး အခက်အခဲမရှိဘူး။ကိုယ်တိုင်လည်း အမှန်တကယ် လုပ်နိုင်တဲ့အတွက်၊စိတ်ပါတဲ့အတွက် မနေ့က ချက် ချင်းပဲ လျှောက်လိုက်တာ"ဟု ရန်ကုန်တိုင်းစစ်ဌာန တပ်သားသစ်အဖြစ်လျှောက်ထားသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

ထို့အပြင် ကချင်ပြည်နယ်၊ ခါကာဘိုဒေသမှ ပြည်သူများနီင့် လူငယ်များအနေဖြင့် စစ်ကောင်စီက ထုတ်ပြန်သည့် ပြည်သူ့စစ်ဥပဒေကို ကန့်ကွက်ပြီး ၎င်းတို့ထံ လာရောက်ခိုလှုံနိုင်ကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ အသိပေးဖိတ်ခေါ်လိုက်သည်။

"စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ လက်တစ်လုံးခြား ဥပဒေကို ဆန့်ကျင်သူ၊ မိဘပြည်သူ မည်သူမဆို မိမိတို့ခါကာဘိုပြည်သူ့ကာကွယ်တပ်ဖွဲ့ထံ လာရောက်ခိုလုံနိုင်သည်"ဟု ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန််သည်။

"ဒေသမှာ အခက်အခဲရှ်ိတဲ့ မိဘပြည်သူတွေ၊ လူငယ်တွေကို ဖိတ်ခေါ်ထားခြင်းပါ"ဟု ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရသော ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးချန်းဂျော်ရမ်က ပြောသည်။

အသက် (၁၈)နှစ်မှ (၃၅)နှစ်မပြည့်သေးသော အမျိုးသားများနှင့်အသက် (၁၈)နှစ်မှ (၂၇)နှစ်မပြည့်သေးသော အမျိုးသမီးများ ၂ နှစ်အထိ တာဝန်ထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်‌ကောင်စီက ဖေဖော်ဝါရီ ၁၀ရက် တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ဥပဒေကို စိတ်ပျက်ကြောင်း ပြည်သူလူထုက ဝေဖန်နေပြီး စစ်ကောင်စီ၏ ယုတ်မာရက်စက်မှုကို သတိကြီးကြီးထားကြရန်လည်း တော်လှန်ရေးအင်အားစုများက သတိပေးနေသည်။

ထို့အပြင် စစ်ကောင်စီ၏ လူသစ်စုဆောင်းမှုကိုလက်မခံဘဲ ပြည်သူ့ကာကွယ်ရေးရဲဘော်အဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်ရန် ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းနေကြသည်။

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပူတာအိုခရိုင်တွင် အခြေပြုကာ ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူး၊ပန်နန်းဒင်၊ ဆော့လော်၊ ဝိုင်းမော်နှင့် ဆွမ်ပရာဘွမ်မြို့နယ်တို့တွင် စစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

စစ်အာဏာရှင်ဖြုတ်ချပြီး အုပ်ချုပ်ရေးအာဏာအား ပြည်သူများထံအပ်နှံသွားမည်ဟု ဦးချန်းဂျော်ရမ်က ပြောကြားထားသည်။

တပ်သားသစ်များဖိတ်ခေါ်သည့်တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များစာရင်းကို ဖော်ပြလိုက်သည်။


၁။ မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်း၊ တပ်ခွဲ (၃)

https://m.facebook.com/story.php?story_fbid=pfbid0nRnEBUHP5jhdigSVzb86LqpUzzanvoVFm6BYb67nPN3FvDMCPZkW9128zDBRpgX8l&id=100087761588266&mibextid=2JQ9oc

၂။ ပခုက္ကူခရိုင်၊ အမှတ်(၁၄) တပ်ရင်း၊ တပ်ခွဲ (၂)

https://m.facebook.com/story.
33👍26👏1🤣1
php?story_fbid=pfbid02MDnR78kHZrac4oE8nQcw8qGQo6PdTdqWHWMMd2Ra7EiMFBqi3qtP6iQQVKQGRHj4l&id=100083465162079&mibextid=2JQ9oc

၃။ ရန်ကုန်တိုင်းစစ်ဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်

https://lm.facebook.com/l.php?u=https%3A%2F%2Fdocs.google.com%2Fforms%2Fd%2Fe%2F1FAIpQLScreS5-RapsjBYIfVPNdue_czQpa6eEVuhLt1rexHexoK_4PQ%2Fviewform%3Ffbclid%3DIwAR364rpTo4p6O5owmDPof8R6F_vez1ZsLxCnJ5yDkX65w0DbJWBm717uwdA&h=AT0FSvR8CxFBLgD75pnBoQ7V0nO7rBBbFSYCpKkXOCNQ2P1OXICdgk_Sa4Z8sQfdtPvOoLPqzp06TvBv3IU9JG-gx-hU5BLi93ICwxPRwuixVUakeuOd7jpD-OCcVfHYakSU


၄။ PDF- MDY

https://m.facebook.com/story.php?story_fbid=pfbid02nJF7JGJmbEp2vcBhGTqgkf1E1XMD6BepeHvQYGVoE4Lkfw3ruSqJz713boaVteDRl&id=100084602090156&mibextid=2JQ9oc

၅။ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway )

https://www.facebook.com/100075665358623/posts/410611941470981/

Telegram - @pramgyinfodesk
၆။ မြိတ်ခရိုင်တပ်ရင်း(၂ )

https://www.facebook.com/100094722176106/posts/243993032101434/?app=fbl

၇။ရွှေဘိုခရိုင်တပ်ရင်း-၁၄ YeU PDF

https://www.facebook.com/mod.pdfbattalion14yeu?mibextid=2JQ9oc


၈- ရှမ်းတောင် ၁၀၀၅တပ်ရင်း

https://www.facebook.com/PDF1005?mibextid=2JQ9oc


၉- ရှမ်းတောင် ၁၀၀၈ တပ်ရင်း

https://www.facebook.com/profile.php?id=100083288321728&mibextid=2JQ9oc

၁၀- KNDF BO7

https://m.facebook.com/story.php?story_fbid=3620663934838257&id=100006840580143&mibextid=2JQ9oc

၁၁။ Homalin People's Defense Force - HPDF 124

https://www.facebook.com/permalink.php?story_fbid=pfbid0AR2ZE1amFJH5XWQAMCytMv5FXNs7jVhuP4Mk2veFQPrgfLQvbsZHSmmD4G2oa7Wzl&id=100083804347356

၁၂။ ပဲခူးခရိုင်၊အမှတ်၂တပ်ရင်း(P2-3702)

https://www.facebook.com/profile.php?id=61552261812842&mibextid=2JQ9oc


၁၃။ တောကျီးကန်းစစ်ကြောင်း

https://www.facebook.com/SevenRavensColumn?mibextid=2JQ9oc

၁၄။ ပြည်သူ့ရဲတပ်ဖွဲ့(အမျိုးသားညီညွတ်ရေးအစိုးရ)

https://www.facebook.com/peoplepolice.mm
32👍14🤮2👏1