စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအချို့ ။ဓါတ်ပုံ-နေပြည်တော်သိမ်းပိုက် အောင်လံစိုက်
👍53👏10😁1🤮1
(ရက္ခိုင်ပြည်၊ ကျောက်တော်မြို့အတွင်းရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းများအားလုံးကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများရှေ့တွင် တွေ့ရသော ရက္ခိုင့်တပ်တော် စစ်သည်တော်များ။ဓာတ်ပုံ - AAInfoDesk)
❤33👍13👏7🔥1
ကျောက်တော်မြို့သိမ်းပိုက်မှု မှတ်တမ်းဓာတ်ပုံများ AA ပြသ
ရှိုင်း/People’s Spring
ရက္ခိုင့်တပ်တော်(AA)က ကျောက်တော်မြို့သိမ်းပိုက်နိုင်မှု အခြေအနေ မှတ်တမ်းဓာတ်ပုံများကို ယနေ့ ညပိုင်းတွင် ထုတ်ဖော်ပြသခဲ့သည်။
AAသည် ချင်းပြည်နယ် ပလက်၀မြို့နယ်ကို သိမ်းပိုက်ပြီးနောက် ဖေဖော်ဝါရီ ပထမပတ်တွင် ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့များကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
AAက ဖော်ပြခဲ့သည့် ဓာတ်ပုံမှတ်တမ်းများတွင် ကျောက်တော်မြို့တွင်းရှိ စစ်ကောင်စီ၏ တပ်မ ဌာနချုပ်၊ စစ်ကောင်စီ၏ ဌာနဆိုင်ရာ ရုံးများရှေ့၌ ရက္ခိုင့်တပ်တော် စစ်သည်များ အောင်ပွဲခံနေမှု မြင်ကွင်းများကို တွေ့ရသည်။
ကျောက်တော်မြို့ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ကစ္ဆပ နဒီတံတား၊ ပုဂ္ဂလိက ဘဏ်အချို့ ၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ မြို့နယ်တရားရုံး၊ ကျောက်တော် မြို့အဝင်နေရာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးစသည့် နေရာများ၌ AA တပ်ဖွဲ့ဝင်များ ရောက်ရှိနေမှု ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
AAသည် ကျောက်တော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ စစ်ရေယာဉ်သုံးစီးကိုလည်း တိုက်ခိုက်နှစ်မြှုပ်ခဲ့သည်။

👍46👏5🔥1
စစ်ကောင်စီတပ်နှင့် ရဲများ ထွက်ပြေးစဉ် စွန့်ပစ်ထားခဲ့သည့် လက်နက်များတွေ့ရှိပါက တစ်ပတ်အတွင်း အမြန်အပ်နှံရန် AA သတိပေး
▪️လာရောက်အပ်နှံပါက ဆုငွေချီးမြှင့်မည်၊ သတ်မှတ်ရက်ကျော်ပါက သိမ်းဆည်းဝှက်ထားသူများကို ပြင်းထန်စွာ အရေးယူမည်ဟုဆို
ရှိုင်း/People’s Spring
စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးစဉ် လက်နက်များကို စွန့်ပစ်ခြင်း၊ဝှက်ထားခြင်းများပြုလုပ်ခဲ့ရာ အဆိုပါ လက်နက်ခဲယမ်းများတွေ့ရှိပါက တစ်ပတ်အတွင်း အမြန်ဆုံးလာရောက်အပ်နှံကြရန် အထူးသတိပေး ကြောင်း ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီ ၁၃ရက်တွင် ထုတ်ပြန်ကြေညာသည်။
AAသည် ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ ဗျူဟာစခန်းကြီးများ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်၊ နယ်ခြားစောင့်တပ်စခန်းများ၊ ရဲတပ်ရင်းများ၊ ရဲစခန်းများကို တစ်ခုမကျန် တိုက်ခိုက်ချေမှုန်းသွားရန် ရည်မှန်းထားသည့်အတိုင်း ၂၀၂၃ နိုဝင်ဘာ၁၃ရက်မှစ၍ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊ ရည်မှန်းထားသည့်အတိုင်း စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများကိုလည်း တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း ဖော်ပြသည်။လက်ကျန်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။
တစ်ပြိုင်နက်တည်းတွင် စစ်ရှုံးစစ်ကောင်စီ၏ စစ်သားများ၊ ရဲတပ်သားများသည် ၎င်းတို့၏ စခန်းများကို စွန့်ခွာကာ အိမ်နီးနားချင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ များအတွင်းသို့လည်းကောင်း၊ ရေကြောင်းတိုက်ပွဲအတွင်း စစ်သင်္ဘော၊ ဇက်သင်္ဘောများပေါ်မှ လည်းကောင်း အသက်လုထွက်ပြေးနေကြ ရသကဲ့သို့ ရပ်ရွာများ၌ အရပ်ဝတ်များလဲ၍လည်း နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ပြေးလျက် ရှိနေသည်ဟု ဖော်ပြသည်။
ထိုသို့ ထွက်ပြေးရာ၌ ၎င်းတို့သည် လက်နက်၊ခဲယမ်းမီးကျောက်များကို ဖျက်ဆီး၍ထားခဲ့သကဲ့သို့ ထွက်ပြေးသည့်အချိန်တွင် တစ်ကိုယ်စာယူဆောင်သွားကြသည့် လက်နက်ခဲယမ်းများကို အချိန်ကာလတစ်ခုတွင် မသယ်ဆောင်နိုင်သောကြောင့် တောတောင်၊ ချောင်းမြောင်း၊ လျှိုမြောင်တို့၌ လွှင့်ပစ်၍လည်းကောင်း၊ မြေကြီးထဲမြှုပ်နှံ၍လည်းကောင်း ထားခဲ့ကြသည်ကို ဖမ်းဆီးထားသော သုံ့ပန်းများနှင့် ရှာဖွေရရှိသော မြေပြင်ပကတိ အခြေအနေများအရ သိရှိရကြောင်း ထုတ်ပြန်သည်။
ထွက်ပြေးလွတ်မြောက်သွားသည့် ထောင်ဂဏန်းနီးပါး စစ်ပြေး၊ ရဲပြေးများမှ လွှင့်ပစ်ထားခဲ့သော လက်နက်ခဲယမ်းများကို ရက္ခိုင့်တပ်တော်မှ လိုက်လံရှာဖွေ၍ တွေ့ရှိထားသည်များလည်း ရှိသည်ဟု အသိပေးသည်။
AA တပ်ဖွဲ့ဝင်များ မရောက်ရှိသေးသော နေရာများ၌ လည်းကောင်း၊ ရှာဖွေမတွေ့သေး၍ လည်းကောင်း ကျန်ရှိနေသေးသော လက်နက်ခဲယမ်းများလည်း ရှိနေနိုင်ခြင်းကြောင့် အကယ်၍ အဆိုပါ စွန့်ပစ်ထားခဲ့သော ရန်သူ့လက်နက်ခဲယမ်းများကို မည်သူမဆို တွေ့ရှိပါက နီးစပ်ရာရက္ခိုင့်တပ်တော် စခန်းများတွင်လည်းကောင်း အာရက္ခပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများထံတွင် လည်းကောင်း အပ်နှံနိုင်သည်ဟု ထုတ်ပြန်သည်။
လက်နက် ခဲယမ်း အဆိုး၊ အကောင်းအပေါ်မူတည်ပြီး ထိုက်သင့်သော ဆုငွေများကို ချက်ချင်းချီးမြှင့်သွားမည်ဟုလည်း ဖော်ပြထားသည်။
AA ထိန်းချုပ်ရာနယ်မြေများ၌ သာမန်အရပ်သားပြည်သူများအား လက်နက်ခဲယမ်း ကိုင်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းများကို လုံးဝခွင့်ပြုမည်မဟုတ်ဟုလည်း အသိပေးသည်။
ထို့ကြောင့် လက်နက်ကိုင်ဆောင် ထားသူများအနေဖြင့် ယခုထုတ်ပြန်ချက်ထုတ်သည့်နေ့မှ တစ်ပတ်အတွင်း ဖေဖော်ဝါရီ၂၀ရက် ည ၁၂နာရီ နောက်ဆုံးထားပြီး အပ်နှံကြရန် ထုတ်ပြန်သည်။
အကယ်၍ သတ်မှတ်ထားသည့် ရက်အတွင်း လာရောက်အပ်နှံခြင်းမရှိဘဲ ဖုံးဝှက်ထားသည်များကို စစ်ဆေးတွေ့ရှိပါက ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း AAကသတိပေးထားသည်။

❤39👍18🤮2😁1