People's Spring
62.5K subscribers
66.9K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🤣13👍3🖕2🤬1
(သောင်းရင်းမြစ်ဘေးရှိ KK Park နှင့် ရွှေကုက္ကိုလ်ဒေသအား မြင်တွေ့ရစဉ်။ Nikkei Asia၊ CJ)
🤣13👍3👏1🤬1
ယင်းမာပင်၊ ဆားလင်းကြီးနဲ့ တန့်ဆည်မှာ ဗိုလ်ချုပ်မွေးနေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်းတိုင်း ယင်းမာပင်၊ ဆားလင်းကြီးနဲ့ တန့်ဆည်မြို့နယ်တို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဖေဖော်ဝါရီ ၁၃) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာမြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းနဲ့ ရွာပေါင်းစုံသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကို ကျင်းပခဲ့ကြပြီး လူထုတရပ်လုံး ဗိုလ်ချုပ်စိတ်ဓာတ် မွေးမြူကာ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ပြီး တော်လှန်တိုက်ပွဲဝင်ပေးကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။

အလားတူ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဦးဆောင်ကာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်မွေးနေ့အား ဂုဏ်ပြုသော အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပန်းချီကားကို ဆွဲကိုင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း အားမာန်သစ်လူထုသပိတ်က ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် သပိတ်မှာ လိုက်ပါဝန်းရံကြတဲ့ ပြည်သူလူထုတွေကို သခင်အောင်ဆန်းမွေးနေ့ အမှတ်တရအဖြစ် ပဲပြုတ်နဲ့ နံပြားများကို ကျွေးခဲ့ကြပါတယ်။

တန့်ဆည်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ဒေသခံပြည်သူတွေက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အနေနဲ့ "စစ်တပ်ဟာ နိုင်ငံရဲ့အစေခံ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဟုတ်" ဆိုတဲ့ ဗိုလ်ချုပ်ပြောခဲ့တဲ့ စာသားကို ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ တန့်ဆည်သပိတ်
👍354🤮1
👍4213🤮1
︎​မေးမြန်းခန်း

"စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းဘူးဆိုတဲ့စိတ်
ဓာတ်ရှိတဲ့ လူငယ်တွေကို ဘာမှခွဲခြားဆက်ဆံစရာအကြောင်းမရှိဘူး။ လေးစားမှုအပြည့်ရှိပြီးသား ဖြစ်ပါတယ်။ ဒါလေးကိုလူငယ်တွေကိုသိစေချင်ပါတယ်"

MDY-PDFပြော​ရေးဆိုခွင့်ရှိသူကို​အော်စမွန်နဲ့​မေးမြန်းခန်း

အာဏာသိမ်းစစ်​​ခေါင်း​ဆောင်အမိန့်နဲ့​ဖေ​ဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုမထမ်းမ​နေရဥပ​ဒေကိုထုတ်ပြန်ခဲ့တယ်။ပြည်သူ​တွေမုန်းတဲ့ အကြမ်းဖက်စစ်​ကောင်စီ​တပ်သားမဖြစ်ချင်တဲ့လူငယ်​တွေရဲ့ စစ်အုပ်စုကို​ဆန့်ကျင်​တော်လှန်ချင်တဲ့စိတ်ဓါတ်ကိုမီးထိုး​ပေးလိုက်သလိုဖြစ်​စေခဲ့တယ်။​တော်လှန်​ရေးအဖွဲ့​တွေဆီတာဝန်ထမ်းဖို့ဆက်သွယ်တဲ့လူငယ်​တွေအများကြီးရှိ​နေတယ်။ဒီအချိန်မှာအခြား​တော်လှန်​ရေးအဖွဲ့​တွေနည်းတူ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)
-MDY PDFကလည်းတပ်ဖွဲ့ဝင်အသစ်​တွေကိုဖိတ်​ခေါ်လိုက်ပါတယ်။အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမယ်၊
ကျန်းမာရေး (အထူး) ကောင်းမွန်သူ ဖြစ်ရမယ်တော်လှန်ရေးပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်နိုင်သူဖြစ်ရမယ်၊ တပ်ဖွဲ့မှ သတ်မှတ်ပေးထားသောနယ်မြေများတွင် လေ့ကျင်/သင်ကြား/နေထိုင်/စုဖွဲ့နိုင်သူ ဖြစ်ရမယ်၊
အဆင့်ဆင့်ကွပ်ကဲမှု သဘောတရားကို လက်ခံနိုင်သူဖြစ်ရမယ်၊ ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သိစ္စာစောင့်သိသူဖြစ်ရမယ်၊ တပ်ဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်မူဘောင်များကို လေးစားလိုက်နာသူဖြစ်ရမယ်၊မိမိအပေါ်ပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်နိုင်သူဖြစ်ရမယ် ဆိုတဲ့ အချက် ၈ ချက်နဲ့ကိုက်ညီတဲ့သူ​တွေကိုတော်လှန်ရေးရဲဘော်အသစ်များကို နွေးထွေးစွာ စောင့်ကြို​နေတယ်လို့​ကြေညာထားပါတယ်။
ဒါ​ကြောင့် MDY-PDF ပြော​ရေးဆိုခွင့်ရှိသူကို​အော်စမွန်ကိုPeople's Spring ကမေးမြန်းထားပါတယ်။

-ဒီပ၊​ဟေဇယ်/People's Spring

​မေး။စစ်​ကောင်စီပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပ​ဒေ​ကြောင့်မခံချင်လို့ ၊စစ်တပ်လက်​အောက်မဝင်နိုင်လို့ ​​တော်လှန်ချင်တဲ့ လူငယ်​တွေကို ဘယ်လိုအကြံ​ပေးချင်ပါလဲ။

​ဖြေ။စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေပြဌာန်းလိုက်တာက သူတို့ရဲ့တပ်ဖွဲ့ထဲမှာ ဘယ်လောက်တောင် အင်အားလိုအပ်ချက်ကြီးမားနေတယ်၊ ဘယ်လောက်အင်အားတွေလျော့နည်းပြီး ပြုန်းတီးနေတယ်ဆိုတဲ့ကိစ္စကို မီးမောင်းထိုးပြလိုက်သလိုတော့ ဖြစ်သွားတယ်။ အရင်ကလည်း စစ်တပ်က တပ်သားတွေစုတဲ့နေရာမှာ ထောင်ထဲမှာအကျဥ်းချခံထားတဲ့ ရာဇဝတ်သားတွေ၊တပ်ပြေးတွေ ပြန်လက်ခံပြီး အင်အားစုဆောင်းတယ်ဆိုတာတွေ တွေ့ရတယ်။ ဒီတစ်ကြိမ်မှာအဲလောက်နဲ့မလုံလောက်လို့ တစ်နိုင်ငံလုံးမှာရှိတဲ့လူငယ်တွေ စစ်ထဲမှာထည့်ဖို့ကြိုးစားလာတာ စစ်ကောက်ဖို့ကြိုးစားလာတာတွေ့ရတယ်။ ဒါတွေဟာ တော်လှန်ရေး၃နှစ်တာကာလအတွင်း စစ်ကောင်စီဘက်က ဘယ်လောက်အင်အားပြုန်းတီးနေတယ်၊ ဘယ်လောက်အင်အားလျော့နည်းနေတယ်ဆိုတာတွေကိုထင်သာမြင်သာရှိတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ စစ်မှုထမ်းဥပဒေပြဠာန်းလိုက်လို့ စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းချင်တဲ့ လူငယ်တွေအများကြီးရှိတယ်ဆိုတာကို ကျွန်တော်တို့တွေ့လိုက်ရတယ်။ ဒါကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအတွက် အများကြီး အားတက်စရာအခြေအနေဖြစ်ပါတယ်။ ကြိုဆိုရမယ့် အခြေအနေဖြစ်ပါတယ်။ ကျွန်တော်တို့ဒီဥပဒေကြောင့်ပဲ အရင်တုန်းက တော်လှန်ရေးနဲ့အလှမ်းဝေးတဲ့ ထဲထဲဝင်ဝင်မလုပ်တဲ့ ပြည်သူတွေလူငယ်တွေကိုပါ ဒီတော်လှန်ရေးအင်အားစုတွေနဲ့ ပိုနီးစပ်အောင် တွန်းပို့ပေးလိုက်သလို အခြေအနေမျိုးတော့ ဖြစ်သွားတယ်။ ဒီအခြေအနေဟာ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအတွက် အခြေအနေကောင်းတွေလို့ ပြောလို့ရပါတယ်။ ဒီလူငယ်တွေသာ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး ပူးပေါင်းတိုက်ပွဲဝင်လာမယ်ဆိုရင် ကျွန်တော်တို့တော်လှန်ရေးဟာပိုပြီးတော့မြန်လာမယ်။ ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ဟာ အမြန်ဆုံးရောက်လာမယ်လို့ ပြောရင်ရပါတယ်။

လူငယ်တွေကိုဘယ်လိုအကြံပေးချင်လဲဆိုတော့ ဒီစစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီလက်အောက်မှ စစ်မှုမထမ်းချင်ဘူးဆိုပြီး သိရတဲ့အတွက် အများကြီးဝမ်းသာတယ်။ ဂုဏ်လည်းဂုဏ်ယူပါတယ်။ ပြည်သူတွေရဲ့ဒုက္ခတွေဟာ ကျွန်တော်တို့ရဲ့ဒုက္ခလို့ပဲခံယူပါတယ်။ ကျွန်တော်တို့ MDY PDFအနေနဲ့ကော တော်လှန်ရေးအင်အားစုတွေအနေနဲ့ အတက်နိုင်ဆုံး ကူညီပေးသွားဖို့ရှိပါတယ်။ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအနေနဲ့ကလည်း လွန်ခဲ့တဲ့၃နှစ်က အခြေအနေမျိုးတော့မဟုတ်တော့ဘူးပေါ့။ ကျွန်တော်တို့ နယ်မြေစိုးမိုးမှုအတိုင်းအတာတစ်ခုထိရလာတယ်။ စစ်ရေးအတွေ့အကြုံတွေပိုကောင်းလာတယ်။ လက်နက်တပ်ဆင်မှုတွေ ပိုပြီးတော့ပြည့်စုံလာတာဖြစ်တဲ့အတွက် လက်ရှိပြည်မအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေ ကြုံတွေ့နေရတဲ့ဒုက္ခတွေ ကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားပြီးတော့ ဖြေရှင်းပေးမယ်၊ ကူညီပေးမယ်၊ ကျွန်တော်တို့နဲ့အတူလက်တွဲပြီး တိုက်ပွဲဝင်ဖို့လည်း ဖိတ်ခေါ်ပါတယ်။ ဘာမှအားမငယ်ကြပါနဲ့။ ကျွန်တော်တို့တသားတည်းရှိနေတယ်။အတက်နိုင်ဆုံးကူညီပေးသွားမယ်။

​မေး။ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် မန္တ​လေးက ရဲ​ဘော်အသစ်​တွေ ဖိတ်​ခေါ်​နေတာ​တွေ့ပါတယ် ။ MDY- PDF ဆီမှာတာဝန်ထမ်း​ဆောင်ချင်ရင် ဘာ​တွေလိုအပ်လဲ ။
👍408😁1🤮1
​ဖြေ။ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးအနေနဲ့ တပ်ဖွဲ့ဝင်အသစ်တွေစုဆောင်းနေတာမျိုးတွေ ရှိပါတယ်။ အဓိကကတော့လိုအပ်ချက်လို့ပြောမယ်ဆိုရင်တော့အသက်၁၈နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်။ ကျန်းမာရေးကောင်းမွန်တဲ့သူ ဖြစ်ရပါမယ်။ ကျွန်တော်တို့နဲ့အတူလက်တွဲပြီး တော်လှန်ရေးပြီးတဲ့အထိ အိမ်မပြန်စတမ်း လက်တွဲတိုက်ပွဲဝင်နိုင်ရမယ့်လူတွေ ဖြစ်ရပါမယ်။အဓိကအရေးကြီးတဲ့အချက်ကတော့ ဒီအချက်တွေပါပဲ။ ကျန်တာတွေကတော့လေ့ကျင့်သင်ကြားပေးလို့ရပါတယ်။ လေ့ကျင့်သင်ကြားပေးဖို့လည်း အသင့်ရှိပါတယ်။ အမြဲတမ်းလည်းကြိုဆိုနေပါတယ်။

​မေး။စစ်​ကောင်စီ​ရဲ့ စစ်မှုထမ်းဥပ​ဒေကြောင့် လူငယ်​တွေဟာ စစ်အာဏာရှင်ကို​တော်လှန်မလား ၊ ပြည်သူ​တွေရွံမုန်းတဲ့စစ်​ကောင်စီနဲ့ပူး​ပေါင်းမလား ဆိုတဲ့အ​​ခြေအ​နေ ၂ ခုထဲက တစ်ခုကို​မဖြစ်မ​နေရွေးရမယ့်အ​ခြေအ​နေဖြစ်လာတယ် ။ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်သားအ​နေနဲ့ ခံယူပြီး စစ်​ကောင်စီကို ​ဘာ​ကြောင့်တော်လှန်သင့်တယ်လဲ ဆိုတာကို ရှင်းပြ​ပေးပါလား ။

​ဖြေ။စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေအနေနဲ့စစ်ပွဲထဲကို မဖြစ်မနေဝင်ရောက်ရမယ့်အနေအထားမျိုးဖြစ်သွားတယ်။ စစ်ကောင်စီရဲ့လက်အောက်မှာ စစ်မှုထမ်းမလား၊ ဒါမှမဟုတ်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်ကောင်စီကိုဖြုတ်ချမလား ဒီနှစ်ခုပဲရွေးချယ်စရာရှိတော့တယ်။ ဒီအချိန်မှာဘာကြောင့်တော်လှန်ရေးအင်အားစုတွေကို ရွေးချယ်သင့်လဲဆိုတာကို ပြောရမယ်ဆိုရင် ဒီစစ်ကောင်စီက. အာဏာသိမ်းမှု၃နှစ်တာကာလအတွင်းမှာ အဘက်ဘက်ကယုတ်လျော့ပျက်စီးနေတယ်လို့ပြောရင်ရတယ်။ ဒီ၃နှစ်တာကာလအတွင်းမှာ CDM လုပ်သွားတဲ့စစ်သားတွေ တပ်ပြေးသွားတဲ့စစ်သားတွေ ကျဆုံးဒဏ်ရာရတဲ့အရေအတွက်တွေဟာ တော်ရုံအရေအတွက်မဟုတ်ဘူး။ တော်တော်​လေးကိုကြီးမားတဲ့အရေအတွက်ဖြစ်တယ်။ ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာဆိုရင် လူအင်အားဆုံးရှုံးမှုနဲ့ နယ်မြေဆုံးရှုံးမှုက ပိုပြီးတောင်ကြီးမားလာတာမျိုး တွေ့ရပါတယ်။ ဒါကြောင့်မို့လည်း ဒီလိုစစ်မှုထမ်းဥပဒေပြဌာန်းလာတဲ့အခြေအနေ
အထိ သူတို့ဘက်က ဆုံးဖြတ်လာတာဖြစ်တယ်။ ပြောရရင်ဒီစစ်တပ် Institution တစ်ခုလုံးက အကျဘက်ကိုတောက်လျှောက်ထိုးစိုက်နေပြီးတော့ အဘက်ဘက်က အားနည်းနေပြီလို့ပြောရရင်ရတယ်။ သူတို့နဲ့မတူဘဲ ပြောင်းပြန်အချိုးကျနေတာက တော်လှန်ရေးအင်အားစုတွေ။ စတင်စုဖွဲ့စည်ကာလနဲ့မတူတော့ဘဲနဲ့ ဒေသအသီးသီးမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေဟာ တိုက်ရည်ခိုက်ရည်တွေပိုကောင်းလာပြီး အတွေ့အကြုံတွေပိုများလာကြပြီ။ အမိန့်နာခံမှုနဲ့စစ်စည်းကမ်းကောင်းမွန်မှု၊ ကျင့်ဝတ်လိုက်နာမှုတွေပိုကောင်းလာပြီး စိုးမိုးနယ်မြေတွေ တဖြည်းဖြည်းကျယ်ပြန့်လာပြီ။ လက်နက်တပ်ဆင်မှုတွေပိုအားကောင်းလာပြီ။ ဒီအချက်တွေဟာဒွိဟဖြစ်နေတဲ့လူငယ်ထုအတွက် ရွေးချယ်မှုသဲကွဲစေတဲ့အချက်တွေဖြစ်မယ်လို့ထင်ပါတယ်။

​မေး။မိန်းက​လေး​တွေ​ရော တပ်သားသစ်လုပ်ရပါလား ။ဘယ်လိုသတ်မှတ်ချက်​တွေလိုလဲ။

​ဖြေ။အမျိုးသမီးတွေကိုလည်း တပ်ဖွဲ့ဝင် အနေနဲ့လက်ခံသွားဖို့ရှိပါတယ်။ စတင်စုဖွဲ့စဥ်ကာလကတည်းကလည်း အမျိိုးသမီးစစ်မေတွေကိုလက်ခံနိုင်ခဲ့တယ်။ MDY PDFက အမျိုးသမီးစစ်မေတွေဟာ တိုက်ခိုက်ရေးတာဝန်တွေကောတပ်ဖွဲ့လည်ပတ်စေရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍတွေမှာပါတာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ အသစ်လာချင်တဲ့အမျိုးသမီးတွေကိုလည်း တပ်ဖွဲ့ဝင်အသစ်နဲ့လက်ခံသွားဖို့ရှိပါတယ်။ ကြိုလည်းကြိုဆိုနေပါတယ်။

​မေး။မန္တ​လေးတိုင်းကမဟုတ်ပဲ တခြား​ဒေသကဆိုရင်​ရော ပူး​ပေါင်းလို့ရပါလား။

​ဖြေ။ကျွန်တော်တို့တပ်ဖွဲ့က အမည်နာမမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တ​လေး MDY PDFဆိုပေမယ့် ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်တွေက တစ်နိုင်ငံလုံးမှာရှိတဲ့ဒေသအသီးသီးက ရဲဘော်တွေဖြစ်ပါတယ်။ ဒေသပိုင်းခြားသတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဘယ်ဒေသကလာတဲ့လူငယ်တွေပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်တွေအဖြစ် လက်ခံပါတယ်။ကြိုလည်းကြိုဆိုပါတယ်။

​မေး။စစ်​မှုထမ်းဥပ​ဒေထွက်လာပြီး​တော့ အ​ကြောင်းအမျိုးမျိုး​ကြောင့်​တော်လှန်​ရေးမှာ မပါ​သေးတဲ့ လူငယ်​တွေကို ​တော်လှန်​ရေးလုပ်​နေတဲ့ ရဲ​ဘော်အချို့က ခွဲခြား​ပြောတာ၊အထင်​သေးတာမျိုး လူမှုကွန်ယက်မှာ ​ပြောဆို​ရေးသားတာမျိုး အနည်းငယ်​တွေရပါတယ် ။ ​တော်လှန်​ရေးရဲ​ဘော်​တွေအ​နေနဲ့ကလည်း ၃ နှစ်တာခရီးကြမ်းမှာအသက်​တွေ ၊ဘဝ​တွေ ၊မိသားစု​တွေ အရာအားလုံးစွန့်ပြီး နိုင်ငံသစ်အတွက် ကြိုးစားနေချိန်မှာ လူငယ်တချို့ကကြ ​ရေ​​ပေါ်ဆီလုပ်ပြီး​ပေါ့​ပေါ့​နေ​ပေါ့​ပေါ့စားတာဝန်မဲ့နေခဲ့ကြတဲအ​ပေါ် ခံစားချက်​​ကြောင့် ​ပြောဆိုမိတာမျိုးလို့ထင်ပါတယ်။ဒီဥပ​ဒေ​ကြောင့် ​ကြောက်ပြီး ဘာလုပ်ရမှန်းမသိချိန်မှာ အဲလို​ပြောဆိုမှု​တချို့က သူတို့ကိုပိုပြီးသိမ့်ငယ်​စေတယ် လို့ထင်ပါတယ် ။ အဲလိုစိုးရိမ်၊အားငယ်​ နေတဲ့ လူငယ်​တွေကိုလည်း ဘယ်လို​အကြံ​ပေးချင်ပါလဲ။

​ဖြေ။ကျွန်တော်နောက်ဆုံးပြောချင်တာကတော့ တချို့လူငယ်တွေ လူမှုကွန်ရက်ပေါ်က ပြောဆိုရေးသားမှုတွေ၊ လှောင်ပြောင်မှုတွေကြောင့်မို့ ငါတို့ဒီတော်လှန်ရေးအင်
👍403🤮1
အားစုတွေနဲ့ လက်တွဲရင်ခွဲခြားဆက်ဆံခံရမှာလား၊ နှိမ့်ချဆက်ဆံခံရမှာလား စိုးရိမ်စိတ်မျိုးရှိနေတယ်လို့ သိရတယ်။ အကယ်၍ဒီစိုးရိမ်စိတ်မျိုးရှိနေတယ်ဆိုရင်တော့ လုံးဝမစိုးရိမ်ဖို့ပြောချင်ပါတယ်။ ကျွန်တော်တို့သည်စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းဘူးဆိုတဲ့စိတ်ဓာတ်ရှိတဲ့ လူငယ်တွေကို ဘာမှခွဲခြားဆက်ဆံစရာအကြောင်းမရှိဘူး။ လေးစားမှုအပြည့်ရှိပြီးသား ဖြစ်ပါတယ်။ ဒါလေးကိုလူငယ်တွေကိုသိစေချင်ပါတယ်။ နောက်တစ်ခုက ရောက်နှင့်နေပြီးသား ရဲဘော်တွေကလည်း ခွဲခြားဆက်ဆံချင်တဲ့စိတ်လုံးဝမရှိဘူး။ တွေ့ရသလောက်ဆိုရင် အရင်တုန်းက အကြောင်း
ကြောင်းကြောင့် တော်လှန်ရေးတာဝန်တွေမထမ်းဆောင်နိုင်ခဲ့တဲ့လူငယ်တွေဟာ ဒီစစ်မှုထမ်းဥပဒေကြောင့် တော်လှန်
ရေးအင်အားစုတွေနဲ့လိုက်လာတော့မယ်ဆိုတာသိတဲ့အတွက် သူတို့ရဲ့ညီအစ်ကိုတွေ၊ သူငယ်ချင်းတွေကိုသူတို့က ပျော်ပျော်ကြီးကြိုနေတယ်၊ လာဖို့မျှော်နေတယ်လို့သိရတယ်။ ခွဲခြားဆက်ဆံဖို့၊ နှိမ်ချဖို့၊လှောင်ပြောင်ဖို့ လုံးဝမရှိပါဘူး။ ဒီစိုးရိမ်စိတ်မျိုးရှိတယ်ဆိုရင်လုံးဝမစိုးရိမ်ဖို့ပေါ့။ တော်လှန်ရေးအင်အားစုအားလုံးကိုယ်စား ပြောချင်ပါတယ်။ နီးစပ်ရာတော်လှန်ရေးအင်အားစုတွေနဲ့ ရဲရဲကြီးသာလက်တွဲကြပါ။ ကျွန်တော်တို့ MDY PDFကလည်း လက်တွဲလာမယ့်အယောက်စီတိုင်းကိုလည်း နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်။ ဒီလူငယ်တွေသာ ကျွန်တော်တို့နဲ့လက်တွဲလာမယ်ဆိုရင် စစ်ကောင်စီကိုအမြန်ဆုံး ဖြုတ်ချနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ ။
👍512🤮1🙏1
58👍4🔥4
ရှားတောမြို့ကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

︎ ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော်သေ၊ ၃၀ ဦး အရှင်မိ၊ လက်နက်မျိုးစုံ အလက် ၁၀၀ကျော်ရ

︎ကလေးငယ်များ၊ကိုယ်ဝန်​ဆောင်မိခင်နှင့်မသန်စွမ်းများ အပါအဝင် စစ်ရှောင် ၆ဦးကို သတ်သွားသည့် စစ်ကူစစ်ကြောင်းမှ စစ်ကောင်စီတပ်သား ၅၀ဦးခန့် သေဆုံးပြီး စစ်ကြောင်းပျက်

︎ကရင်နီပူး​ပေါင်းတပ်များက မယ်စဲ့၊ မော်ချီး၊ ရွာသစ် ၊
ရှား​တောမြို့များကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပြီး

ဟန်နွေ/People’s Spring

ကရင်နီပြည်နယ် ရှားတောမြို့ကို ကရင်နီတပ်မတော်(KA)၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပါဝင်သည့် ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၁၂ရက် မနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီစစ်​ရေးသတင်းရင်းမြစ်က ပြောသည်။

ရှားတောမြို့ကို ဇန်နဝါရီ ၁၅ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ​ဖေ​ဖော်ဝါရီ ၁၂ ရက်တွင် ရှားတော့မြို့ အခြေ
စိုက် ဗျူဟာစခန်းကုန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟုစစ်​ရေးသတင်းရင်းမြစ်က ပြောသည်။ ယင်းစခန်းသည် ရှားတော မြို့အဝင် စေတီကုန်း၌ တပ်စွဲထားခြင်းဖြစ်သည်။

ရှားတောမြို့သိမ်းစစ်ဆင်ရေးကို ဇန်နဝါရီ လလယ်က စတင်ခဲ့ရာ ရှားတော အနောက်ဘက် လွိုင်ကော်-ရှားတောကြား အန္တရာယ်ကွေ့ရှိ စစ်ကောင်စီ တပ်စခန်းကို ဇန်နဝါရီ လတတိယပတ်အတွင်းသိမ်းနိုင်ခဲ့သည်။ အဆိုပါ တပ်စခန်းမှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီး ရှားတောမြို့ရှိ စေတီကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီစခန်းသို့ ပူးပေါင်းသွားခြင်းဖြစ်သည်ဟု သိရသည်။

“ကျနော်တို့ဘက်က အဲဒီ စေတီကုန်းကို ဝိုင်းရံထားတဲ့ အချိန်မှာ ခမရ(၄၂၇)တပ်က သူတို့ စစ်ကူလာဖို့ ကြိုးစားတယ်။ ဒါပေမဲ့ စေတီကုန်းပဲ ကျန်တဲ့အခါ အဲဒီမှာ ကျနော်တို့ လူတွေ ၀ိုင်းရံထားပြီး ကျန်တဲ့ အင်အားတွေက စစ်ကူတပ်ကို သွားတိုက်တယ်။ တိုက်တော့ စစ်ကူက ဆင်းလာလို့ မရဘူး။သူတို့ ပြန်ခေါက်သွားတယ်။ ဖေဖော်ဝါရီလ ၄ရက်နေ့မှာ သူတို့ ရဟတ်ယာဉ် ၃စီးနဲ့ စစ်ကူလာချတယ်။ ဟိုးရှားတော မြောက်ဘက်တစ်နေရာမှာပေါ့။ အဲဒီ တပ်ကတော့ (၂၄၉) မိုင်းပြင်းက တပ်ပေါ့။ လူအင်အားကတော့ တပ်ရင်းတစ်ရင်းပေါ့ ဒါပေမဲ့ အင်အား ၆၄ယောက်ပါတယ်” ဟု ကရင်နီ သတင်းရင်းမြစ်ကပြောသည်။

အဆိုပါ စစ်ကြောင်းသည် ရှားတောဘက်သို့ ဆင်းလာစဉ် ရှားတောမြို့နယ် စုစည်းရွာက စစ်ရှောင် ၇ဦး( အမျိုးသား ၁ဦး၊ မသန်စွမ်း ၂ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၁ဦး၊ ကလေးငယ် ၃ဦး) ကို ဖမ်းခေါ်ကာ လူသားတံတိုင်းအဖြစ် အသုံးပြုပြီး ကလေးငယ်များအပါအဝင် ၆ဦးကို သတ်ဖြတ်သွားခဲ့သည်။

“ အဲဒီ စစ်ကြောင်းကလည်း ကျနော်တို့ ပူးပေါင်းတပ်က တိုက်တဲ့အခါ သူတို့ လက်နက် ၄၀လောက်ရတယ်။ ၄၀လောက်ရတယ်ဆိုတော့ ကျနော်တို့ခန့်မှန်းတာ ၄၀ လောက်ကျသွားပြီပေါ့” ဟု ကရင်နီ သတင်းရင်းမြစ်က ပြောပြသည်။

အဆိုပါစစ်ကြောင်းမှ ကျန်သည့် ၁၀ဦးကျော်သည် နှစ်ဖွဲ့ခွဲ ထွက်ပြေးရာ တစ်ဖွဲ့သည် ကရင်နီတပ်နှင့် ပြန်တိုးပြီး တိုက်ပွဲဖြစ်ပွားရာ ၄ဦးထပ်မံသေဆုံးခဲ့သည်ဟု ရှင်းပြသည်။ ယင်းတိုက်ပွဲ၌ လက်နက် ၄လက်ထပ်ရသည်ဟုသိရသည်။ ထို့ပြင် ၁ဦးသည် ကရင်နီတပ်နှင့် ပူးပေါင်းလာကြောင်း ကရင်နီ သတင်းရင်းမြစ်က ပြောသည်။

“ပူးပေါင်းလာသူတစ်ဦးရဲ့ ပြောပြချက်အရဆိုရင်သူတို့လည်း မြောက်ပိုင်းကနေ ပြန်လာတာ မကြာသေးဘူး။ အဲဒါ ဟတ်စကီးပေါ် တက်ခိုင်းပြီးမှ ရှားတော ဂွင်မှာ သွားချတာပေါ့။ အဲဒီလို အခြေအနေက” ဟု ၎င်းက ဆက်​ပြောသည်။

ထို့နောက်ပိုင်းတွင် စစ်ကောင်စီတပ်က ရှားတောသို့ လေ
ကြောင်း တိုက်ခိုက်မှုများပို၍ပြုလုပ်ခဲ့သည်ဟုသိရသည်။

“ သူတို့က ဗုံးသီးတွေနဲ့လာကြဲတယ်။ လေယာဉ်တွေနဲ့ ဂျက်ဖိုက်တာတွေနဲ့ ။ ပေါင် ၅၀၀ ဗုံးတွေလာကြဲရင်းနဲ့နောက်ဆုံးအခြေအနေက မနေ့က ပြည်ထောင်စုနေ့မှာ မနက် ၆နာရီမှာ အဲဒီ စေတီကုန်းကို တက်ပြီး ရှင်းတဲ့အချိန်မှာ အဲဒီမှာ (၄၂၈) သူ့ဗျူဟာမှူးက ဒဏ်ရာရပြီးတော့ သူကျသွားတယ်ထင်တယ်။ ကျသွားတော့ ကျန်တဲ့ စစ်သည် ၄၀လောက်က သေပြီ။ နောက်ပြီးတော့မှ အရှင် ၂၉ ဦးဖမ်းမိတယ်။ အားလုံးပေါင်း စေတီကုန်းမှာ ပုန်းအောင်းနေတဲ့ သူ့မိသားစုတွေလည်း ပါတယ် လူ ၈၀ လောက်ပေါ့။ ၈၀ လောက်မှာ ၄၀လောက်က သေတယ်။ ၂၉ဦးကဖမ်းမိတယ်။ ကျန်တာက မိသားစုတွေပေါ့” ဟု ကရင်နီ သတင်းရင်းမြစ်က ရှင်းပြသည်။

ဗျူဟာမှူးကို တောင်ကြီး အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)က တိုက်ရိုက်ညွှန်ကြားမှု ပေးခြင်းဖြစ်ပြီးခမရ( ၄၂၈) တပ်သည် လွိုင်ကော် အခြေစိုက်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံ ဖြစ်သည်။

အဆိုပါ တပ်စခန်းကုန်းကို သိမ်းနိုင်ခဲ့၍ ရှားတောမြို့တွင် စစ်ကောင်စီတပ် မရှိတော့ဘဲ ရှားတောအရှေ့ဘက် သံလွင်မြစ်ကမ်းနဘေး၌ အင်အား ၃၀ ခန့် စစ်ကောင်စီတပ်စခန်း တစ်ခုသာ ကျန်တော့သည်ဟု ပြောသည်။

စေတီကုန်းစခန်းသိမ်းတိုက်ပွဲ၌လက်နက်ကြီးလက်နက်
ငယ် မျိုးစုံ အလက်ရေ ၇၀ ကျော် ရရှိမည်ဟု သိရ သည်။

“ ဗုံးသီးတွေရောပေါ့။ ဒါပေမဲ့ ကျည်ဆံတော့မရှိတော့ဘူး သူတို့လည်း ကျည်ကုန်နေပြီလေ” ဟု ကရင်နီ သတင်းရင်းမြစ်က ပြောသည်။

စစ်ကူလာသည့် တပ်ထံမှ ရရှိသည့် လက်နက်မှာလည်း အလက် ၄၀ကျော်ရှိရာ လက်နက်မျိုးစုံ ၁၀၀ ကျော်ရရှိခဲ့ခြင်းဖြစ်သည်။

အခြား ကရင်နီသတင်းရင်းမြစ်ကလည်း ရှားတောမြို့ကို သိမ်းနိုင်ပြီဖြစ်ကြောင်း အတည်ပြုသည်။
👏38👍164🥰2🤣2
“စစ်ဖက်က ထုတ်ပြန်လိမ့်မယ်။ ရန်သူက လွတ်လမ်းတော့ မရှိဘူး။ သူတို့ နောက်ဆုံး အခြေအနေထိ ခုခံတယ်။ အကုန်ချေမှုန်းလိုက်တာလား အသေးစိတ် အခြေအနေ ကျနော် မသိရပါဘူး” ဟု ၎င်းက ပြောသည်။

ရှားတော မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က စစ်ကူပေးရန် ၂ကြိမ်ကြိုးစားခဲ့သည်ဟုလည်းပြောပြသည်။

“ပထမ ရှမ်းဘက်ကနေ လှေနဲ့။ ဖြတ်တိုက်လို့ဆုတ်ခွာသွားတယ်။ နောက်တစ်ခေါက် ဟတ်စကီးသုံးစီးနဲ့ အင်အား ၆၀
ကျော်လာချတယ်။ချေမှုန်းခံရတယ်။ ၁၃ယောက်ပဲ လွတ်သွားတယ်။ ရှမ်းဘက်ပြေးသွားတယ်”ဟု ကရင်နီ သတင်းရင်းမြစ်က ပြောပြသည်။

ရှားတောမြို့ကို ကရင်နီပူးပေါင်းတပ်က သိမ်းနိုင်ပြီဖြစ်၍ ရှားတော၊ မယ်စဲ့၊ မော်ချီး၊ ရွာသစ်မြို့များကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ ထို့ပြင် ကျန်သည့် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ ၊ လွိုင်ကော် စသည့် ကရင်နီဒေသ အများစုမှာလည်း ကရင်နီပူးပေါင်းတပ်က အဓိက ထိန်းချုပ်ထားပြီး ဘောလခဲမြို့ပေါ်နေရာနှင့် လွိုင်ကော် မြို့ပေါ် နေရာ ၌သာ စစ်ကောင်စီတပ် အဓိက ရှိနေသည်ဟု ပြောသည်။
👍584👏4🤣1
စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများထဲမှ အချို့ ။ဓါတ်ပုံ-Federal FM
47👍12👏5🤣3🏆1
👍38👏8🤮1