People's Spring
62.3K subscribers
67.2K photos
1.18K videos
7 files
2.93K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခန်းမအတွင်း စုဝေးနေစဥ် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။ မနေ့ညပိုင်းက ရေစကြိုမြို့ထွေအုပ်ရုံးမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဟာ ရုံးအတွင်းရှိ ခန်းမဆောင်မှာ စုဝေးနေကြောင်း သတင်းရလို့ ထွေအုပ်ရုံးအနီးသို့ကပ်ကာ ပစ်မှတ်နှစ်နေရာခွဲပြီး (၄၀) မမ လက်နက်ကြီးတစ်လုံးနဲ့ လက်ပစ်ဗုံးတစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း ရေစကြိုမြို့ပေါ်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အမှတ် (၁)ထင်းတန်းရပ်ကွက်ကို ဝင်ရောက် စစ်ဆေးခဲ့တယ်လို့ မြို့ခံများက ပြောပါတယ်။

︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေနဲ့ အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းတို့က တောင်ယာလုပ်ငန်းခွင် ပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာသပိတ် ဆင်နွှဲခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ တော်လှန်ပြည်သူများက "သို့ ... တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" ခေါင်းစဥ်နဲ့ သပိတ်ထွက်ရှိခဲ့ပါတယ်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က "ငါတို့ အခွင့်အရေး ငါတို့အနာဂတ်၊ အာဏာရှင်ဟူသမျှ အဆုံးသတ်" ခေါင်းစဥ်နဲ့ လူသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို အလေးထားကြဖို့နဲ့ လူ့အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ လှုံ့ဆော်တဲ့အနေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
👍292🤮1
"ဒီ​နေ့ဘာဖြစ်ခဲ့လဲ"
👍26🔥10
စစ်ကောင်စီကျင်းပတဲ့ ခရစ္စမတ်နှင့် နယူးရီးယားပွဲတွေ
မသွားကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

သတိုး / People's Spring

အကြမ်းဖက်စစ်ကောင်စီအလိုကျပြုလုပ်သည့် ခရစ္စမတ် နှင့် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများကို မသွားရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းသည်။

"ဒီဇင်ဘာလထဲမှာခရစ္စတ်ပွဲတော်တွေ နယူးရီးယား Countdown ပွဲတွေကို စစ်တပ်ရဲ့ စီစဉ်ပေးမှုတွေ ပံ့ပိုးကူညီမှုတွေနဲ့ အကြီးအကျယ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေသိရတယ်။ ဒီဟာတွေနောက်ခံအနေနဲ့ ရန်ကုန်မှာ ဒီဇင်ဘာ နှစ်ပတ်အတွင်း ကလေးအပါအဝင်လူငယ်ပိုင်းတွေ ဖမ်းဆီးခံရတာငါးဆယ်ကျော်နေပါပြီ။ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်အများစုကလည်း ညဘက်လမ်းမတွေပေါ်မှာ သွားလာတဲ့လူငယ်တွေကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီးတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ဧည့်စာရင်းဝင်စစ်တဲ့ပုံစံနဲ့မသင်္ကာသူတွေကိုဖမ်းဆီးတဲ့ပုံစံဖြစ်ပါတယ်။ တချို့လူငယ်တွေရဲ့သတင်းတွေပျောက်သွားတယ်။ တချို့လူငယ်တွေကျတော့ပိုက်ဆံနဲ့ အိမ်ကိုလာရွေးခိုင်းပြီး စစ်တပ်ကိုပိုက်ဆံပေးပြီးထွက်လာရတဲ့လူတွေရှိတယ်။ အထူးစိုးရိမ်တာက ခရစ္စမတ်ပွဲတော်တွေနဲ့ နယူးရီးယား Countdown ပွဲတွေမှာ စစ်တပ်ကလူငယ်တွေကို Target ထားဖမ်းဆီးတာတွေ ငွေညှစ်တာတွေ နောက်ဆုံးအဖမ်းခံရတဲ့လူငယ်တွေကို ပေါ်တာဆွဲပြီး စစ်ထဲထည့်တာတွေဖြစ်လာနိုင်ပါတယ်။ဒါတွေကိုပြည်သူတွေသတိကြီးကြီးထားဖို့လိုပါတယ်။" ဟုစမ်းချောင်းမြို့နယ်ပြည်သူ့ကာ
ကွယ်ရေးတပ်ဖွဲ့ မှ ရဲဘော်ပီတာကြီးကပြောသည်။

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများ ၌ ခရစ္စမတ် နှင့် နယူးရီးယားဈေးရောင်းပွဲ နှင့် ဖျော်‌ဖြေရေးများပြုလုပ်နေသလို စစ်ကောင်စီကလည်း ပြည်သူ့ရင်ပြင်၌ ဈေးရောင်းပွဲတော်ပြုလုပ်လျက်ရှိသည်။

ထို့ပြင် ဘား ၊ ကလပ် များတွင်လည်း ခရစ္စမတ် နှင့် နှစ်သစ်ကူးဖျော်ဖြေပွဲများပြုလုပ်ရန် ကြော်ငြာထားသလို ရန်ကုန် နယူးရီးယား Countdown ပွဲကိုလည်း သုဝဏ္ဏဘူမိ Event Park ၌ ပြုလုပ်မည်ဟု ကြေညာထားသည်ကိုတွေ့ရသည်။

"တော်လှန်ရေးရေချိန်ကအရမ်းကောင်းနေတယ်။ စစ်တပ်ကအထိနာနေတယ်။ စစ်တပ်ရဲ့စစ်သားလိုအပ်ချက်ရှိနေတာကိုသတိထားသင့်ပါတယ်။တော်လှန်ရေးအားကောင်းလာတာနဲ့အမျှစစ်တပ်ရဲ့ မြို့ပြနေပြည်သူတွေအပေါ်ဖိနှိပ်မှုများပြားလာတယ်။ ဒီဖိနှိပ်မှုကနေလွတ်ချင်ရင် တော်လှန်
ရေးမှာ တစိတ်တဒေသပါဝင်ပေးပါ။အာရုံစိုက်ပေးကြပါ။ မြေပေါ်မြေအောက်တော်လှန်ရေးအဖွဲ့အစည်းအားလုံးကဘက်ပေါင်းစုံကနေ အိမ်ပြန်နိုင်ဖို့ကြိုးစားနေပါတယ်။ တော်လှန်ရေးလမ်းခရီးက အတိုင်းအတာတစ်ခုအထိရောက်နေပါပြီ။ မကြာခင်အိမ်ပြန်ရတော့မှာပါ" ဟု ရဲဘော်ပီတာကြီးကပြောသည်။

စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်မှုများပြုလုပ်နေသည့် ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ၏ ပြောရေးဆိုခွင့်ရှိ
သူ Vivienne ကလည်း ခရစ္စမတ် နှင့်နယူးရီးယား ပျော်ပွဲရွှင်ပွဲများကို ရှောင်စေလိုကြောင်းသတိပေးသည်။

"အပျော်လွန်ရင် ပျက်တတ်တဲ့သဘောတရားရှိပါတယ်။ ပြည်သူတွေကို တတ်နိုင်သမျှ မထိခိုက်စေချင်လို့ အထူးသတိပေးပါတယ်။ " ဟု ၎င်းကပြောသည်။

ထို့အတူ မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ ၂ မှ တာဝန်ရှိသူကလည်း "ပြည်သူတွေမသွားကြဖို့ အပျော်အပါးတွေလျှော့ဖို့ပဲပြောချင်ပါတယ်" ဟု ပြောသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုများရှိသော်လည်း မြို့ပြတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများပြုလုပ်နေသည့် ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းဥက္ကဌကလည်း တော်လှန်ရေးပြုလုပ်နေသူများကို ကိုယ်ချင်းစာသည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများကိုသွားရောက်ပျော်ပါးသည့် ပုံရိပ်များကို လူမှုကွန်ရက်၌ မတင်ရန် မေတ္တာရပ်ခံသည်။

"ရန်ကုန်မှာ ဒီလိုပွဲတွေ‌ဆို ကျွန်တော်တို့လူငယ်တွေလည်း ကဲခဲ့ကြတာချည်းပါပဲ။ ဒီလိုကဲခဲ့ကြတဲ့ လူငယ်တွေထဲက တစ်ချို့တစ်ဝက်ကမြို့ပြပြောက်ကျားတွေ ဖြစ်သွားတယ်။ တချို့က ပြည်သူ့ကာကွယ်ရေးတပ်မတော် တချို့က သပိတ်အင်အားစုတွေဖြစ်သွားတယ်။ ဒီထဲမှာမပါဝင်သူတွေသာ ကဲလို့ရတယ်။အခုကာလမဟုတ်ရင်တော့ ကျွန်တော်တို့လည်းအတူတူပါဝင်ချင်တာပေါ့ဗျာ။ တိုင်းရေးပြည်ရေး အခြေ
အနေနဲ့ တစ်ဖက်ကရှိနေတဲ့ လူငယ်တွေရဲ့ပုံရိပ်တွေကို စာနာသောအားဖြင့် ပွဲလမ်းသဘင်မှာ ပျော်ရွှင်မှုနေတဲ့ ပုံရိပ်တွေ ဗီဒီယိုတွေမတင်ကြဖို့တိုက်တွန်းလိုပါတယ်။ ကျွန်တော်
တို့ကိုလည်း ကိုယ်ချင်းစာတဲ့အနေနဲ့ပါ" ဟု အထက်ပါဥက္ကဌကပြောသည်။
👍498🤮1
စစ်ကောင်စီက ​လောင်းကစားပွဲများအပါအဝင် ​ပျော်ပွဲရွှင်ပွဲမျိုးစုံပြုလုပ်ကြရန် အဓိက တွန်းအား​ပေး​နေခြင်းဖြစ်သည်။
ဓါတ်ပုံ-YNYCD
13👍8💩6🤮4
ဘ​ရော်နီကာ နာမည်ကြီးထိုင်းလက်​ဝှေ့မယ်ကို ၁ မိနစ်အတွင်းအနိုင်ယူပြီး ၂ နှစ်ဆက်ချန်ပီယံဘွဲ့ယူ

-​​နေ့သစ်/People's Spring

ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ ၂၀၂၃ Thai Fight Queen's Cup ဗိုလ်လုပွဲမှာ နာမည်ကြီးထိုင်းလက်ဝှေ့မယ်Phayasingha ကို ဒီက​နေ့(ဒီဇင်ဘာ ၂၄ )ညမှာယှဥ်ပြိုင်တဲ့ဗိုလ်လုပွဲမှာ ပထမအချီ တစ်မိနစ်အတွင်းမှာပဲ အလဲထိုးအနိုင်ယူပြီး ချန်ပီယံဘွဲ့ကိုကာကွယ်နိုင်ခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဘရော်နီကာ ၂၀၂၂ Thai Fight Queen's Cup ရဲ့ ချန်ပီယံလည်းဖြစ်တာ​ကြောင့် ၂ နှစ်ဆက် ချန်ပီယံဖြစ်လာပါတယ်။ဒါအပြင် ဒီနိုင်ပွဲကြောင့် Thai Fight မွေထိုင်းပြိုင်ပွဲမှာ ၁၆ပွဲဆက်နိုင်ပွဲရခဲ့တာဖြစ်သလို ၊​မွေထိုင်း ပြိုင်ပွဲစုံမှာ ၂၅ ပွဲ နိုင် ၊ ၁၇ ပွဲ သ​ရေ ၊ ၂ ပွဲရှုံးမှတ်တမ်းပိုင်ဆိုင်သွားပါတယ် ။

ထိုင်းနာမည်ကြီး လက်​ဝှေ့မယ် Phayasinghaဟာ ဘ​ရော်နီကာထက် တစ်နှစ်ငယ်ပြီး အသက် ၂၆ နှစ်ဖြစ်​ပေမယ့် ​မွေထိုင်းပြိုင်ပွဲစုံမှာ ၅၈ ပွဲနိုင် ၊ ၅ ပွဲသ​ရေ ၊ ၈ ပွဲရှုံး မှတ်တမ်းပိုင်ဆိုင်ပါတယ် ။

သူတို့ ၂ ဦးဟာ အရင်နှစ်က ပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာယှဥ်ပြိုင်ထိုးသတ်ခဲ့ဖူး​သေးပြီး ဘ​ရော်နီကာကပဲ အမှတ်နဲ့အနိုင်ရခဲ့တာပါ။ ဒုတိယအကြိမ် ဗိုလ်လုပွဲ ​တွေ့ဆုံမှုဟာ ဘ​ရော်နီကာက Phayasingha ဟာအ​ကြောက်အလန့်မရှိတဲ့ပြိုင်ဘက်ဖြစ်ပြီး အကြိတ်အနယ်ယှဥ်ပြိုင်ရပြီး တံ​တောင်းနဲ့ ပွဲသိမ်းမယ်လို့ ပွဲကြိုမှာ​ပြောထားပါတယ်။

တစ်ကယ်ယှဥ်ပြိုင်တဲ့ အခါ စက္ကန့်ပိုင်းအတွင်းမှာပဲ ဘ​ရော်နီကာရဲ့​ခြေကန်ချက်​ Phayasingha ​ရဲ့​မေးကို ​ကျကျနနထိသွားပြီး မူး​ဝေသွားတာ​ကြောင့် ဒိုင်က အမှတ်စဥ်​ရေ​ပေးပြီးပြန်ထိုးတာမှာ ဘ​ရော်နီကာက လက်သီး ၊​ခြေကန်ချက် ၊တံ​တောင်း တွဲလုံး​တွေနဲ့ ပွဲကိုအမြန်သိမ်းပြီး ၂ ထပ်ကွမ်းချန်ပီယံဖြစ်လာပါတယ် ။

ဘ​ရော်နီကာဟာ အာဏာသိမ်းစစ်​ကောင်စီကို ဆန်ကျင်တဲ့ဆန္ဒပြပွဲ​တွေမှာ တက်ကြွစွာပါဝင်ခဲ့သလို စစ်​ဘေး​ရှောင်​တွေကိုလည်း ကူညီခဲ့တာ​ကြောင့် အမျိုးသားညီညွတ်​ရေးအစိုးရက ဂုဏ်ပြုထားတဲ့ လက်​ဝှေ့မယ်ဖြစ်ပါတယ်။
33👍18👏13🤮1
Thai Fight Queen's Cup ဗိုလ်လုပွဲမှာ ဘ​ရောနီကာနဲ့ Phayasingha တို့ယှဥ်ပြိုင်စဥွ်။ဓါတ်ပုံ-Thai Fight
49👍23👏4🤮1
Media is too big
VIEW IN TELEGRAM
ရုပ်သံ-Thai Fight
👍4620👏9🔥2