People's Spring
62.3K subscribers
67.1K photos
1.18K videos
7 files
2.93K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
33👍11👏4🫡3🤮1
ရေတာရှည်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ ရှစ်ဦးသေဟုဆို

ကျော်ဇော/People's Spring

ပဲခူးတိုင်း၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့နံနက် ၇ နာရီ ၄၃မိနစ်ခန့်က ရေတာရှည်နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီးသို့ စစ်တောင်းမြစ်ကမ်းအတိုင်းရောက်ရှိလာသော စစ်ကောင်စီတပ်ကို ပုဝါနီစစ်ကြောင်း ရှေ့ပြေးပွိုင့်နှင့် ပူးပေါင်းစစ်ကြောင်း ရှေ့ပြေးပွိုင့်များက ကဲလင်းဆိပ်ကျေးရွာထိပ်မှနေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"တိုက်ပွဲချိန် မိနစ် ၂၀ခန့်ကြာပါတယ်။ (စစ်ကောင်စီတပ်အင်အား)၅၃ ယောက်ပါ။ စကစ ဘက်က စစ်ကြောင်းဆုတ်ပြီး ပြန်ထိုးလာဆဲအခြေအနေပါ"ဟု ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People's Springသို့ ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ငါးဦးတိုက်ပွဲအတွင်းသေဆုံးကာ ဒဏ်ရာရသူသုံးဦးအား ပြန်သယ်သွားစဥ် လမ်း၌ထပ်မံသေဆုံးသောကြောင့် စုစုပေါင်းရှစ်ဦးသေဆုံးသည့်အပြင် အခြားဒဏ်ရာရသူများလည်းရှိရာ ဘိုတဲစုကျေးရွာမှတဆင့် တောင်သာကျေးရွာဘက်သို့ ချက်ချင်းပြန်ဆုတ်သွားကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲပြီးဆုံးချိန်၌ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်များအသုံးပြုသည့် ကျည်အချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ပုဝါနီစစ်ကြောင်းက ဖော်ပြသည်။

အထက်ပါတိုက်ပွဲကို ပုဝါနီစစ်ကြောင်းနှင့် ကီးကူစစ်ကြောင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုဘက်မှ အထိခိုက်တစ်စုံတစ်ရာ မရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိလာသော ကဲလင်းဆိပ်ကျေးရွာအပါအဝင် ရွာသာယာ၊ ရွာသစ်၊ ရှားတော၊ ဘိုတဲစု၊ ကရင်ချောင်းနှင့် စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲလေ့ရှိသော ရွှေပြည်အေးဘုရားကြီးမှတစ်ဆင့် ပိန္နဲပင်ကျေးရွာအထိ ပုဝါနီစစ်ကြောင်းနှင့် မဟာမိတ်မိတ်အဖွဲ့က ဒီဇင်ဘာ ၂၂ ရက်တွင် နယ်မြေရှင်းလင်းမှုလုပ်ဆောင်ခဲ့သေးသည်။
24👍18👏4🤣1
29👍12🤮2👏1
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဒီဇင်ဘာ ၂၄) အသီးသီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေနဲ့ အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းတို့က တောင်ယာလုပ်ငန်းခွင် ပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာသပိတ် ဆင်နွှဲခဲ့ကြပါတယ်။

အလားတူ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း တော်လှန်ပြည်သူများက "သို့ ... တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" ခေါင်းစဥ်နဲ့ သပိတ်ထွက်ရှိခဲ့ပါတယ်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာလည်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး လူသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို အလေးထားကြဖို့နဲ့ လူ့အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ လှုံ့ဆော်တဲ့အနေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို "ငါတို့ အခွင့်အရေး ငါတို့အနာဂတ်၊ အာဏာရှင်ဟူသမျှ အဆုံးသတ်" ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့ပြီး ဒေသခံအမျိုးသမီး လူငယ်တွေအပါအဝင် ပြည်သူလူထုအများအပြား ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ DDMSC ၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်
👏17👍156🤮1
31👍7🥰2🤮2👏1
တော်လှန်​ရေးအဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ ၂၄ မြို့အထိရှိလာ

-People's Spring

ဒီဇင်ဘာ ၂၄ ရက်​နေ့ခင်းပိုင်းအထိ့ People's Spring ရရှိထားတဲ့အချက်အလက်​တွေအရ ​တော်လှန်​ရေးတပ်ဖွဲ့​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၂၄ မြို့ အထိရှိလာပြီဖြစ်ပါတယ် ။​လတ်တ​လော​နောက်ဆုံးသိမ်းယူလိုက်တဲ့မြို့ဟာTNLA က ဒီဇင်ဘာ ၂၂ ရက်ညမှာအပြီးသတ်သိမ်းပိြက်နိုင်ခဲ့တဲ့ မန်တုံ(ရူ​ကော)မြို့ဖြစ်ပါတယ်။ တော်လှန်​ရေးအဖွဲ့​တွေက သိမ်းပိုက်နိုင်ပြီဖြစ်​ပေမယ့် သတင်းအချက်
အလက် မရ​သေး​တာ​ကြောင့်ဒီစာရင်းမှာ မပါ​သေးတဲ့မြို့​တွေလည်းရှိ​နေနိုင်ပါ​သေးတယ် ။အခုအခါ လွိုင်​ကော် ၊နမ္မတူ ၊ကွတ်ခိုင် ၊ ​မြောက်ဦး၊​ပေါက်​တော ၊ထီးချိုင့် စတဲ့ မြို့​တွေက စစ်​ကောင်စီတပ်ရဲ့ ​ခြေကုပ်စခန်း​တွေကို ​တော်လှန်​ရေးတပ်ဖွဲ့​တွေက တိုက်ခိုက်လျှက်ရှိပါတယ် ။
👏28👍268😁3🥰2🙏2🏆2👎1
"ဒီနေ့ဘာဖြစ်ခဲ့လဲ"

ဒီနေ့(ဒီဇင်ဘာ ၂၄ ရက်) တစ်ရက်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကိုPeople’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

︎မြို့လေးမြို့သိမ်းထားတဲ့ TNLAက နမ္မတူမြို့စစ်ကောင်စီတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော်(TNLA)က ဒီနေ့ မနက်ပိုင်းမှာ ဆက်လက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီက နမ္မတူမြို့ဝန်းကျင်ရှိ နမ့်မဆောကျေးရွာ၊ ဆိုင်ခေါင်ကျေးရွာ၊ ခိုဖိတ်ကျေးရွာအနီးတဝိုက်မှာ Y12 လေယာဥ်ဖြင့် (၁၀)ကြိမ်၊ ဗုံး(၉၈)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ TNLAဟာ ဒီဇင်ဘာ ၁၅ မှ ၂၂ ရက်အတွင်း နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံမြို့များကို ဆက်တိုက်သိမ်းပိုက်ခဲ့ရာ အဲဒီကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများ ရာချီ ပြုလုပ်ခုခံခဲ့ပေမယ့် မြို့များကိုလက်လွှတ်ခဲ့ရပါတယ်။

︎ကိုးကန့်နဲ့ သိန္နီကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၊ လောက်ကိုင်မှာ MNDAAနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်

ကိုးကန့် နဲ့ မူပန်(သိန္နီ)ဒေသတို့ကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့လို့ အရပ်သား သုံးဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကိုးကန့်တပ်မတော်(MNDAA)က ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့က စစ်ကောင်စီဟာ ဂျက်လေယာဉ်ဖြင့် အကြိမ်ပေါင်းများစွာ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ပစ်ခတ်တဲ့ ဗုံးသီးဟာ ကိုးကန့်ရှိ အိုလုံတုံ့နေရာမှ စစ်ဘေးရှောင်ဒုက္ခသည်များ ခိုလှုံရာသို့ ကျရောက်ပေါက်ကွဲကာ တစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ငါးဦး ဒဏ်ရာရခဲ့‌တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် နေ့လယ်ပိုင်းမှာ မူပန်(သိန္နီ)ဒေသ ရဲစခန်းပတ်လည်အနီး စစ်ကောင်စီဟာ ဂျက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ အရပ်သား နှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ လက်ရှိ ကိုးကန့် လောက်ကိုင်ဒေသအတွင်း ပစ်ခတ်မှုဆက်လက်ဖြစ်ပွားနေဆဲရှိပြီး စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

︎မြောက်ဦးမြို့တိုက်ပွဲ စစ်စခန်းတစ်ခုကို AA သိမ်းပိုက်

ရက္ခိုင့်တပ်တော်AAက ဒီနေ့ မနက်ပိုင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ မြောက်ဦးမြို့တိုက်ပွဲမှာ သူတော်မတောင်စခန်းကို သိမ်းပိုက်နိုင်ပြီဖြစ်ပြီး မြောင်းဘွေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ မြောက်ဦးမြို့မရဲစခန်း၊ မြောင်းဘွေကျေးရွာရှိရဲစခန်းနဲ့ သူတော်မတောင် စစ်တပ်စခန်းတို့ကို AA က ဒီနေ့ မနက်အစောပိုင်းကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ ဒီနေ့ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများကို အတိအကျမသိရှိရသေးပေ။

︎စစ်အာဏာရှင်စနစ်ကို အခုအချိန် လုံးဝဖြုတ်ချနိုင်ရမည်ဟု ယုံကြည်ချက်ပိုခိုင်မာလာဟု ညီနောင်သုံးဖွဲ့ အသိပေး

မြန်မာပြည်သူလူထုတစ်ရပ်လုံးကို ဆယ်စုနှစ်ပေါင်းများစွာ လက်နက်အားကိုးဖြင့် ဖိနှိပ်အနိုင်ကျင့်၊ မုဒိမ်းကျင့်၊ ခိုး၊ ဆိုး၊ လုယက်သတ်ဖြတ်မှုကြောင့် ပြည်သူတရပ်လုံးက မလိုလားတဲ့ စစ်ကောင်စီအား အခုထက် ပိုမိုချိနဲ့ အားလျော့သွားစေဖို့ အားလုံးဝိုင်းဝန်း တော်လှန်တိုက်ခိုက်ရမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီလို တော်လှန်တိုက်ခိုက်ရာမှာ တော်လှန်ရေးအဖွဲ့အစည်း အဟောင်း၊ အသစ်တို့သာမက မြန်မာပြည်သူလူထုတရပ်လုံးက လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တော်လှန်တိုက်ခိုက်ရမယ့်အချိန်သို့ ရောက်လာခဲ့ပြီလို့ ဖော်ပြပါတယ်။ စစ်အာဏာရှင်စနစ်ကို အရင်က မဖြုတ်ချ နိုင်ခဲ့ပေမယ့် လက်ရှိမှာ လုံးဝဖြုတ်ချနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်မှာ တစ်ရက်ပြီးတစ်ရက် ပိုမိုခိုင်မာလာစေခဲတယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီယုံကြည်ချက်ပိုမို မှန်ကန်ကြောင်း စစ်ကောင်စီ နေ့စဉ်နှင့်အမျှ စွန့်လွှတ်၊ ဆုံးရှုံးနေရသော စခန်းကြီး၊ စခန်းငယ်များက သက်သေပြနေခြင်းပင် ဖြစ်တယ်လို့ ဆိုပါတယ်။

︎NUG ပြည်ထဲရေးဝန်ကြီး စစ်တောင်းမြစ်အနောက်ကမ်း စစ်မြေပြင်မှ ရဲဘော်များအား သွားရောက် တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်ဟာ စစ်တောင်းမြစ်အနောက်ကမ်းရှိ စစ်မြေပြင်မှ စစ်ကြောင်းများထံသွားရောက်ပြီး အားပေးစကားပြောကြားခဲ့ပါတယ်။ မြေပြင်ကို ကွင်းဆင်းနေတဲ့ NUG ပြည်ထဲရေးဝန်ကြီးဟာ စစ်ဒေသတာဝန်ရှိသူများနှင့် ၂၀၂၃ စစ်ဆင်ရေးရည်မှန်ချက်များအကောင်အထည်ဖော်မှုကို သုံးသပ်ဆွေးနွေးမှုများပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။ စစ်ဆင်ရေးဖော်ဆောင်နိုင်မှုများနဲ့ တိုးတက်မှုများဟာ မဟာမိတ် KNLAရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) စစ်ကြောင်းများ​ရဲ့ အမိန့်နာခံမှု တိုက်စွမ်းရည်ပြည့်ဝမှုတို့ကြောင့် အဓိကဖြစ်ပြီး မဟာမိတ်ဆက်ဆံရေးဟာ စစ်ကောင်စီအပြီးသတ်ချေမှုန်းရေးအတွက် အဓိကကျတဲ့ အောင်နိုင်ရေးသော့ချက်ဖြစ်သလို ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်လည်း အရေးကြီးကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

︎မန်တုံ( ရူ​ကော)ရှိ ဗျူဟာစခန်းအပါအဝင် စစ်ကောင်စီစခန်းအားလုံး ချေမှုန်းနိုင်ပြီး မြို့ထိန်းချုပ်နိုင်ဟု TNLA​ကြေညာ
👍292🤮1
ရှမ်းမြောက် မန်တုံ(ရူ​ကော)မြို့ရှိ စစ်ကောင်စီ​ရဲ့ ဗျုဟာမှူးအခြေချ ကွပ်ကဲနေတဲ့ တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ပြီလို့ ဒီနေ့ မနက်ပိုင်း သတင်းထုတ်ပြန်ပါတယ်။ တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLAက အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ရာ ရရှိခဲ့တဲ့ လက်နက်ကြီး လက်နက်ငယ်များ၊ ကျည်၊ ခဲယမ်းများကို ဒီနေ့ နေ့ခင်းမှာ ထုတ်ပြန်ပြသပါတယ်။ မန်တုံမြို့နယ် စစ်ကောင်စီတပ်စခန်းများကို ဒီဇင်ဘာ ၁၉ ရက်မှ စတင်တိုက်ခိုက်ခဲ့ရာ လေးရက်အကြာ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းမှာ စစ်ကောင်စီ ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်တဲ့ ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနဲ့ စကစဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ အသိပေးပါတယ်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းများ၊ ၁၅၅ ဟောင်ဝစ်ဇာအမြောက် (၂)လက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ TNLA ဟာ မိုင်းလုံမြို့၊ နမ့်ဆန်မြို့နဲ့ နမ့်ခမ်းမြို့တို့ကို သိမ်းပိုက်ခဲ့ပြီးနောက် စတုတ္ထမြောက်မြို့အဖြစ် မန်တုံမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

︎နောင်ကြီးအိုင်ရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် နောင်ကြီးအိုင်ရဲကင်းစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားရာ အဲဒီ စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီဇင်ဘာ ၂၀ ရက်မှာ နောင်ကြီးအိုင်ရဲစခန်းမှ စစ်အုပ်စုဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တာလို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ အဲဒီ စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်အုပ်စုဝင် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လိို့ အရာတော်(ပကဖ)အဖွဲ့ တာ၀န်ရှိသူက ရှင်းပြပါတယ်။

︎ရေတာရှည်မှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ ရှစ်ဦးသေဟုဆို

ပဲခူးတိုင်း၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် ကဲလင်းဆိပ်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လိို့ ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ရေတာရှည်နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီးသို့ စစ်တောင်းမြစ်ကမ်းအတိုင်းရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ကို ပုဝါနီစစ်ကြောင်း ရှေ့ပြေးပွိုင့်နဲ့ ပူးပေါင်းစစ်ကြောင်း ရှေ့ပြေးပွိုင့်များက စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ အဲဒီထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ငါးဦးတိုက်ပွဲအတွင်းသေဆုံးကာ ဒဏ်ရာရသူသုံးဦးကို ပြန်သယ်သွားစဥ် လမ်းမှာ ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်းရှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

︎ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)ကို ဖျက်သိမ်းကြောင်း NUG ကြေညာ

စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်-UMFCCIကို ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ကြေညာပါတယ်။ UMFCCIဟာ အများပြည်သူအကျိုးစီးပွားကို ဆောင်ရွက်ရတဲ့ စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်ပေမယ့် စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ကူညီခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း နဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို တိုက်ရိုက်ကျူးလွန်နေခြင်းကြောင့် အခုလို ဖျက်သိမ်းခဲ့တာလို့ NUGက ဆိုပါတယ်။ အဲဒီအသင်းချုပ်မှာ ဆက်လက်ပါဝင်လုပ်ကိုင်ခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ပိုင်ဆိုင်မှုနဲ့ ဘဏ္ဍာငွေသုံးစွဲခြင်း၊ အဖွဲ့အစည်းအမည်ဖြင့် ဆက်လက်ဆောင်ရွက်တဲ့ လုပ်ငန်းရှင်များနဲ့ ဝန်ထမ်းများကို စစ်ကောင်စီထောက်ပံ့ကူညီနေသူများအဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့်အရေးယူမယ်လို့ ဖော်ပြပါတယ်။

︎ရွှေကျင်ရှိ စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်အချို့ရရှိခဲ့တယ်လို့ KNLA ဗဟိုဌာနချုပ်က ဒီနေ့ညပိုင်း ထုတ်ပြန်ပါတယ်။ ရွှေကျင်နဲ့ ကွင်းဆိပ်ကြားရှိ စစ်ကောင်စီရဲ့ ယာလာပွာ(လှည်းယပ်)တပ်စခန်းကို ဒီဇင်ဘာ ၂၂ ရက် နေ့ခင်းမှာ KNLA ဦးစီးတဲ့ တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီထံမှ MA-1 (၁) လက်၊ MA-2 (၁) လက်၊ ကျည် ၁၂၀၀ကျော်နဲ့ ဗုံးအချို့ရရှိခဲ့တယ်လို့ အသိပေးပါတယ်။

︎ရေစကြိုမြို့ထွေအုပ်ရုံး ပစ်ခတ်တိုက်ခိုက်ခံရ
👍284🤮1
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခန်းမအတွင်း စုဝေးနေစဥ် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။ မနေ့ညပိုင်းက ရေစကြိုမြို့ထွေအုပ်ရုံးမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဟာ ရုံးအတွင်းရှိ ခန်းမဆောင်မှာ စုဝေးနေကြောင်း သတင်းရလို့ ထွေအုပ်ရုံးအနီးသို့ကပ်ကာ ပစ်မှတ်နှစ်နေရာခွဲပြီး (၄၀) မမ လက်နက်ကြီးတစ်လုံးနဲ့ လက်ပစ်ဗုံးတစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း ရေစကြိုမြို့ပေါ်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အမှတ် (၁)ထင်းတန်းရပ်ကွက်ကို ဝင်ရောက် စစ်ဆေးခဲ့တယ်လို့ မြို့ခံများက ပြောပါတယ်။

︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေနဲ့ အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းတို့က တောင်ယာလုပ်ငန်းခွင် ပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာသပိတ် ဆင်နွှဲခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ တော်လှန်ပြည်သူများက "သို့ ... တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" ခေါင်းစဥ်နဲ့ သပိတ်ထွက်ရှိခဲ့ပါတယ်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က "ငါတို့ အခွင့်အရေး ငါတို့အနာဂတ်၊ အာဏာရှင်ဟူသမျှ အဆုံးသတ်" ခေါင်းစဥ်နဲ့ လူသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို အလေးထားကြဖို့နဲ့ လူ့အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ လှုံ့ဆော်တဲ့အနေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
👍292🤮1
"ဒီ​နေ့ဘာဖြစ်ခဲ့လဲ"
👍26🔥10