People's Spring
62.3K subscribers
67.2K photos
1.18K videos
7 files
2.93K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
24👍8👏3🔥1🥰1
မြို့လေးမြို့သိမ်းထားသည့် TNLAက နမ္မတူမြို့စစ်ကောင်စီတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်

▪️မူဆယ်၊ကွတ်ခိုင်၊ လားရှိုးမြို့ စစ်ကောင်စီတပ်စခန်းများကို ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့်

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော်(TNLA)က ယနေ့နံနက်တွင် ဆက်လက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၄ရက် တိုက်ပွဲသတင်းဖော်ပြရာ၌ နမ္မတူမြို့ စစ်ရေးအခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီကလည်း နမ္မတူမြို့ဝန်းကျင်ရှိ နမ့်မဆောကျေးရွာ၊ ဆိုင်ခေါင်ကျေးရွာ၊ ခိုဖိတ်ကျေးရွာအနီးတဝိုက်တွင် Y12 လေယာဥ်ဖြင့် (၁၀)ကြိမ်၊ ဗုံး(၉၈)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

TNLAသည် ဒီဇင်ဘာ ၁၅ရက်မှ ၂၂ရက်အတွင်း နမ့်ဆန်၊နမ့်ခမ်း၊မန်တုံမြို့များကို ဆက်တိုက်သိမ်းပိုက်ခဲ့ရာထိုစဉ်ကလည်း စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးပစ်ကူများ ရာချီ ပြုလုပ်ခုခံခဲ့သော်လည်းမြို့များကိုလက်လွှတ်ခဲ့ရာသည်။

TNLAသည် နိုဝင်ဘာအတွင်းကလည်း မိုင်းလုံမြို့ကို သိမ်းပိုက်ထားသည်။

စစ်ကောင်စီတပ်ကနမ္မတူမြို့နယ်ရှိ ခိုဖိတ်၊ ဆိုင်ခေါင်၊ နမ့်မဆော၊ ကြူရှော၊ ဟိုနားနှင့် နားလီကျေးရွာအနီးသို့ လက်နက်ကြီးဖြင့် (၃၉)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၄ရက်တွင် Mi17 ထောက်ပို့ ရဟတ်ယာဉ်ဖြင့် လားရှိုးမြို့တွင် တစ်ကြိမ်၊ မူဆယ်မြို့တွင် တစ်ကြိမ်၊ ကွတ်ခိုင်မြို့တွင် တစ်ကြိမ် စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းများ ထပ်မံလာရောက်ပို့ချခဲ့ကြောင်း ထုတ်ပြန်သည်။

မူဆယ်မြို့နယ် နမ့်ခိုမ်ကျေးရွာအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁)ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။
👍444🔥3👏3
👍37👏43😁2
ABSDFခေါင်းဆောင်များနှင့် နိုင်ငံတကာရောက် ရဲဘော်ဟောင်းများ တွေ့ဆုံ

မိုးမိုး/People’s Spring

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ဗဟိုကော်မတီဝင်များနှင့် နိုင်ငံတကာရောက် ABSDF ရဲဘော် ဟောင်းများ တွေ့ဆုံဆွေးနွေးခဲ့‌ကြောင်း ABSDFက သတင်းထုတ်ပြန်သည်။

ABSDF ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များ၊ နိုင်ငံတကာရေးရာ ၊ မဟာမိတ်ရေးရာ တာဝန်ရှိ ဗဟိုကော်မတီဝင်များနှင့် နိုင်ငံတကာရောက် ABSDF ရဲဘော်ဟောင်းများသည် ဒီဇင်ဘာ ၂၄ ရက်တွင် Online မှတစ်ဆင့် နွေးထွေးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ရာ အကြံပြုချက်များ ၊သဘောထားများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးတိုင်ပင်ခဲ့သည်ဟု အသိပေးသည်။

ABSDFသည် အပစ်ရပ်စာချုပ် NCA လက်မှတ် ရေးထိုးခဲ့သည့်အဖွဲ့ဖြစ်သော်လည်း စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲ တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။

နွေဦးတော်လှန်ရေးကာလ၌ မျိုးဆက်သစ်များကို လေ့ကျင့်စုဖွဲ့မှုများ ပြုလုပ်ပေးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တိုက်ပွဲနှင့်လူထုတိုက်ပွဲဝင် အင်အားစုများနှင့် အတူလက်တွဲကာ တိုက်ပွဲဝင်ခဲ့ရာ တိုက်ပွဲပေါင်း ၂၈၀ ကျော်ဆင်နွှဲခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါတိုက်ပွဲများ၌ ABSDF ရဲဘော် ၂၄ဦးကျဆုံးကာ ၅၀ ဦး ဒဏ်ရာရခဲ့သည်။

ဒီဇင်ဘာအတွင်း KNU နယ်မြေ မုန်းမြို့သိမ်းတိုက်ပွဲ၊ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးမြို့သိမ်းတိုက်ပွဲများ၌ ABSDF ပါဝင်တိုက်ခိုက်ခဲ့သည်။
👍429👏2🤔1🤮1
33👍11👏4🫡3🤮1
ရေတာရှည်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ ရှစ်ဦးသေဟုဆို

ကျော်ဇော/People's Spring

ပဲခူးတိုင်း၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့နံနက် ၇ နာရီ ၄၃မိနစ်ခန့်က ရေတာရှည်နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီးသို့ စစ်တောင်းမြစ်ကမ်းအတိုင်းရောက်ရှိလာသော စစ်ကောင်စီတပ်ကို ပုဝါနီစစ်ကြောင်း ရှေ့ပြေးပွိုင့်နှင့် ပူးပေါင်းစစ်ကြောင်း ရှေ့ပြေးပွိုင့်များက ကဲလင်းဆိပ်ကျေးရွာထိပ်မှနေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"တိုက်ပွဲချိန် မိနစ် ၂၀ခန့်ကြာပါတယ်။ (စစ်ကောင်စီတပ်အင်အား)၅၃ ယောက်ပါ။ စကစ ဘက်က စစ်ကြောင်းဆုတ်ပြီး ပြန်ထိုးလာဆဲအခြေအနေပါ"ဟု ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People's Springသို့ ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ငါးဦးတိုက်ပွဲအတွင်းသေဆုံးကာ ဒဏ်ရာရသူသုံးဦးအား ပြန်သယ်သွားစဥ် လမ်း၌ထပ်မံသေဆုံးသောကြောင့် စုစုပေါင်းရှစ်ဦးသေဆုံးသည့်အပြင် အခြားဒဏ်ရာရသူများလည်းရှိရာ ဘိုတဲစုကျေးရွာမှတဆင့် တောင်သာကျေးရွာဘက်သို့ ချက်ချင်းပြန်ဆုတ်သွားကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲပြီးဆုံးချိန်၌ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်များအသုံးပြုသည့် ကျည်အချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ပုဝါနီစစ်ကြောင်းက ဖော်ပြသည်။

အထက်ပါတိုက်ပွဲကို ပုဝါနီစစ်ကြောင်းနှင့် ကီးကူစစ်ကြောင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုဘက်မှ အထိခိုက်တစ်စုံတစ်ရာ မရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိလာသော ကဲလင်းဆိပ်ကျေးရွာအပါအဝင် ရွာသာယာ၊ ရွာသစ်၊ ရှားတော၊ ဘိုတဲစု၊ ကရင်ချောင်းနှင့် စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲလေ့ရှိသော ရွှေပြည်အေးဘုရားကြီးမှတစ်ဆင့် ပိန္နဲပင်ကျေးရွာအထိ ပုဝါနီစစ်ကြောင်းနှင့် မဟာမိတ်မိတ်အဖွဲ့က ဒီဇင်ဘာ ၂၂ ရက်တွင် နယ်မြေရှင်းလင်းမှုလုပ်ဆောင်ခဲ့သေးသည်။
24👍18👏4🤣1
29👍12🤮2👏1
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဒီဇင်ဘာ ၂၄) အသီးသီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေနဲ့ အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းတို့က တောင်ယာလုပ်ငန်းခွင် ပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာသပိတ် ဆင်နွှဲခဲ့ကြပါတယ်။

အလားတူ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း တော်လှန်ပြည်သူများက "သို့ ... တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" ခေါင်းစဥ်နဲ့ သပိတ်ထွက်ရှိခဲ့ပါတယ်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာလည်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး လူသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို အလေးထားကြဖို့နဲ့ လူ့အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ လှုံ့ဆော်တဲ့အနေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို "ငါတို့ အခွင့်အရေး ငါတို့အနာဂတ်၊ အာဏာရှင်ဟူသမျှ အဆုံးသတ်" ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့ပြီး ဒေသခံအမျိုးသမီး လူငယ်တွေအပါအဝင် ပြည်သူလူထုအများအပြား ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ DDMSC ၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်
👏17👍156🤮1
31👍7🥰2🤮2👏1
တော်လှန်​ရေးအဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ ၂၄ မြို့အထိရှိလာ

-People's Spring

ဒီဇင်ဘာ ၂၄ ရက်​နေ့ခင်းပိုင်းအထိ့ People's Spring ရရှိထားတဲ့အချက်အလက်​တွေအရ ​တော်လှန်​ရေးတပ်ဖွဲ့​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၂၄ မြို့ အထိရှိလာပြီဖြစ်ပါတယ် ။​လတ်တ​လော​နောက်ဆုံးသိမ်းယူလိုက်တဲ့မြို့ဟာTNLA က ဒီဇင်ဘာ ၂၂ ရက်ညမှာအပြီးသတ်သိမ်းပိြက်နိုင်ခဲ့တဲ့ မန်တုံ(ရူ​ကော)မြို့ဖြစ်ပါတယ်။ တော်လှန်​ရေးအဖွဲ့​တွေက သိမ်းပိုက်နိုင်ပြီဖြစ်​ပေမယ့် သတင်းအချက်
အလက် မရ​သေး​တာ​ကြောင့်ဒီစာရင်းမှာ မပါ​သေးတဲ့မြို့​တွေလည်းရှိ​နေနိုင်ပါ​သေးတယ် ။အခုအခါ လွိုင်​ကော် ၊နမ္မတူ ၊ကွတ်ခိုင် ၊ ​မြောက်ဦး၊​ပေါက်​တော ၊ထီးချိုင့် စတဲ့ မြို့​တွေက စစ်​ကောင်စီတပ်ရဲ့ ​ခြေကုပ်စခန်း​တွေကို ​တော်လှန်​ရေးတပ်ဖွဲ့​တွေက တိုက်ခိုက်လျှက်ရှိပါတယ် ။
👏28👍268😁3🥰2🙏2🏆2👎1
"ဒီနေ့ဘာဖြစ်ခဲ့လဲ"

ဒီနေ့(ဒီဇင်ဘာ ၂၄ ရက်) တစ်ရက်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကိုPeople’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

︎မြို့လေးမြို့သိမ်းထားတဲ့ TNLAက နမ္မတူမြို့စစ်ကောင်စီတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော်(TNLA)က ဒီနေ့ မနက်ပိုင်းမှာ ဆက်လက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီက နမ္မတူမြို့ဝန်းကျင်ရှိ နမ့်မဆောကျေးရွာ၊ ဆိုင်ခေါင်ကျေးရွာ၊ ခိုဖိတ်ကျေးရွာအနီးတဝိုက်မှာ Y12 လေယာဥ်ဖြင့် (၁၀)ကြိမ်၊ ဗုံး(၉၈)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ TNLAဟာ ဒီဇင်ဘာ ၁၅ မှ ၂၂ ရက်အတွင်း နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံမြို့များကို ဆက်တိုက်သိမ်းပိုက်ခဲ့ရာ အဲဒီကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများ ရာချီ ပြုလုပ်ခုခံခဲ့ပေမယ့် မြို့များကိုလက်လွှတ်ခဲ့ရပါတယ်။

︎ကိုးကန့်နဲ့ သိန္နီကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၊ လောက်ကိုင်မှာ MNDAAနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်

ကိုးကန့် နဲ့ မူပန်(သိန္နီ)ဒေသတို့ကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့လို့ အရပ်သား သုံးဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကိုးကန့်တပ်မတော်(MNDAA)က ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့က စစ်ကောင်စီဟာ ဂျက်လေယာဉ်ဖြင့် အကြိမ်ပေါင်းများစွာ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ပစ်ခတ်တဲ့ ဗုံးသီးဟာ ကိုးကန့်ရှိ အိုလုံတုံ့နေရာမှ စစ်ဘေးရှောင်ဒုက္ခသည်များ ခိုလှုံရာသို့ ကျရောက်ပေါက်ကွဲကာ တစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ငါးဦး ဒဏ်ရာရခဲ့‌တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် နေ့လယ်ပိုင်းမှာ မူပန်(သိန္နီ)ဒေသ ရဲစခန်းပတ်လည်အနီး စစ်ကောင်စီဟာ ဂျက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ အရပ်သား နှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ လက်ရှိ ကိုးကန့် လောက်ကိုင်ဒေသအတွင်း ပစ်ခတ်မှုဆက်လက်ဖြစ်ပွားနေဆဲရှိပြီး စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

︎မြောက်ဦးမြို့တိုက်ပွဲ စစ်စခန်းတစ်ခုကို AA သိမ်းပိုက်

ရက္ခိုင့်တပ်တော်AAက ဒီနေ့ မနက်ပိုင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ မြောက်ဦးမြို့တိုက်ပွဲမှာ သူတော်မတောင်စခန်းကို သိမ်းပိုက်နိုင်ပြီဖြစ်ပြီး မြောင်းဘွေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ မြောက်ဦးမြို့မရဲစခန်း၊ မြောင်းဘွေကျေးရွာရှိရဲစခန်းနဲ့ သူတော်မတောင် စစ်တပ်စခန်းတို့ကို AA က ဒီနေ့ မနက်အစောပိုင်းကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ ဒီနေ့ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများကို အတိအကျမသိရှိရသေးပေ။

︎စစ်အာဏာရှင်စနစ်ကို အခုအချိန် လုံးဝဖြုတ်ချနိုင်ရမည်ဟု ယုံကြည်ချက်ပိုခိုင်မာလာဟု ညီနောင်သုံးဖွဲ့ အသိပေး

မြန်မာပြည်သူလူထုတစ်ရပ်လုံးကို ဆယ်စုနှစ်ပေါင်းများစွာ လက်နက်အားကိုးဖြင့် ဖိနှိပ်အနိုင်ကျင့်၊ မုဒိမ်းကျင့်၊ ခိုး၊ ဆိုး၊ လုယက်သတ်ဖြတ်မှုကြောင့် ပြည်သူတရပ်လုံးက မလိုလားတဲ့ စစ်ကောင်စီအား အခုထက် ပိုမိုချိနဲ့ အားလျော့သွားစေဖို့ အားလုံးဝိုင်းဝန်း တော်လှန်တိုက်ခိုက်ရမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီလို တော်လှန်တိုက်ခိုက်ရာမှာ တော်လှန်ရေးအဖွဲ့အစည်း အဟောင်း၊ အသစ်တို့သာမက မြန်မာပြည်သူလူထုတရပ်လုံးက လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တော်လှန်တိုက်ခိုက်ရမယ့်အချိန်သို့ ရောက်လာခဲ့ပြီလို့ ဖော်ပြပါတယ်။ စစ်အာဏာရှင်စနစ်ကို အရင်က မဖြုတ်ချ နိုင်ခဲ့ပေမယ့် လက်ရှိမှာ လုံးဝဖြုတ်ချနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်မှာ တစ်ရက်ပြီးတစ်ရက် ပိုမိုခိုင်မာလာစေခဲတယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီယုံကြည်ချက်ပိုမို မှန်ကန်ကြောင်း စစ်ကောင်စီ နေ့စဉ်နှင့်အမျှ စွန့်လွှတ်၊ ဆုံးရှုံးနေရသော စခန်းကြီး၊ စခန်းငယ်များက သက်သေပြနေခြင်းပင် ဖြစ်တယ်လို့ ဆိုပါတယ်။

︎NUG ပြည်ထဲရေးဝန်ကြီး စစ်တောင်းမြစ်အနောက်ကမ်း စစ်မြေပြင်မှ ရဲဘော်များအား သွားရောက် တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်ဟာ စစ်တောင်းမြစ်အနောက်ကမ်းရှိ စစ်မြေပြင်မှ စစ်ကြောင်းများထံသွားရောက်ပြီး အားပေးစကားပြောကြားခဲ့ပါတယ်။ မြေပြင်ကို ကွင်းဆင်းနေတဲ့ NUG ပြည်ထဲရေးဝန်ကြီးဟာ စစ်ဒေသတာဝန်ရှိသူများနှင့် ၂၀၂၃ စစ်ဆင်ရေးရည်မှန်ချက်များအကောင်အထည်ဖော်မှုကို သုံးသပ်ဆွေးနွေးမှုများပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။ စစ်ဆင်ရေးဖော်ဆောင်နိုင်မှုများနဲ့ တိုးတက်မှုများဟာ မဟာမိတ် KNLAရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) စစ်ကြောင်းများ​ရဲ့ အမိန့်နာခံမှု တိုက်စွမ်းရည်ပြည့်ဝမှုတို့ကြောင့် အဓိကဖြစ်ပြီး မဟာမိတ်ဆက်ဆံရေးဟာ စစ်ကောင်စီအပြီးသတ်ချေမှုန်းရေးအတွက် အဓိကကျတဲ့ အောင်နိုင်ရေးသော့ချက်ဖြစ်သလို ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်လည်း အရေးကြီးကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

︎မန်တုံ( ရူ​ကော)ရှိ ဗျူဟာစခန်းအပါအဝင် စစ်ကောင်စီစခန်းအားလုံး ချေမှုန်းနိုင်ပြီး မြို့ထိန်းချုပ်နိုင်ဟု TNLA​ကြေညာ
👍292🤮1