People's Spring
62.3K subscribers
67.1K photos
1.18K videos
7 files
2.93K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွား​နေစဥ် / မြိုဝင်ဆိုင်းဘုတ်နှင့် ​မြောက်ဦးမြို့ဝန်းကျင်ကို Google Map တွင်​တွေ့ရမှု။ဓါတ်ပုံ-CJ
👍348👏3
ရွှေကျင်ရှိ စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်

▪️လက်နက် ၂လက်နှင့် ကျည်များရ

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်အချို့ရရှိခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။

ရွှေကျင်နှင့် ကွင်းဆိပ်ကြားရှိ စစ်ကောင်စီ၏ ယာလာပွာ(လှည်းယပ်)တပ်စခန်းကို ဒီဇင်ဘာ ၂၂ရက် နေ့လယ်ပိုင်းတွင် KNLA ဦးစီးသည့် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တပ်စခန်းတွင် အာဏာသိမ်းစစ်ကောင်စီတပ် ခမရ−၃၅၁ စခန်းထိုင်ထားခြင်းဖြစ်ပြီး စစ်ကောင်စီထံမှ MA-1 (၁) လက်၊ MA-2 (၁) လက်၊ ကျည် ၁၂၀၀ကျော်နှင့် ဗုံးအချို့ရရှိခဲ့သည်ဟု အသိပေးထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက် အခြေအနေကို ဖော်ပြမထားပေ။

အဆိုပါ ယာလာပွာ စစ်ကောင်စီတပ်စခန်းသည် KNLA တပ်မဟာ(၃)နယ်မြေရှိ ရှေ့တန်းစခန်းတစ်ခု ဖြစ်သည်။
👍38👏3😁21
👍366👏4😁2
(ရွှေကျင်ရှိ စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNLA)
👍324👏2😁1
ရေစကြိုမြို့ထွေအုပ်ရုံး ပစ်ခတ်တိုက်ခိုက်ခံရ

ဟာနာဆန်/People's Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခန်းမအတွင်း စုဝေးနေစဥ် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့၏ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ ၂၄ ရက်) ည ၈ နာရီခွဲခန့်က ရေစကြိုမြို့ထွေအုပ်ရုံး၌ တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်သည် ရုံးအတွင်းရှိ ခန်းမဆောင်တွင် စုဝေးနေကြောင်း သတင်းရ၍ ထွေအုပ်ရုံးအနီးသို့ကပ်ကာ ပစ်မှတ်နှစ်နေရာခွဲပြီး (၄၀) မမ လက်နက်ကြီးတစ်လုံးနှင့် လက်ပစ်ဗုံးတစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့၏ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

"နှစ်ဖွဲ့ခွဲပြီး ပစ်မှတ်နှစ်ခုလုပ်တာပါ။ လုပ်တာကတော့ဒီတစ်နေရာတည်း။ (၄၀) မမတစ်ယောက်ပစ်တယ်။ လက်ပစ်ဗုံးတစ်ယောက် ကအနီးကပ်ဝင်ပစ်တယ်"ဟု ဗိုလ်မိုက်ခဲက ပြောသည်။

ပစ်မှတ်နေရာသို့ တိကျစွာရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား MBTတပ်ဖွဲ့နှင့် TPG တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ယမန်နေ့နံနက် ၉ နာရီခွဲခန့်ကလည်း ရေစကြိုမြို့ပေါ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အမှတ် (၁)ထင်းတန်းရပ်ကွက်ကို ဝင်ရောက် စစ်ဆေးခဲ့ကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ရက်ကလည်း ရေစကြိုထွေအုပ်ရုံးအား MBT တပ်ဖွဲ့က (၄၀) မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
👏25👍154😁1
(ရေစကြိုမြို့ပေါ်ရှိ စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသော MBT တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - MBT)
👏14👍41🔥1
24👍8👏3🔥1🥰1
မြို့လေးမြို့သိမ်းထားသည့် TNLAက နမ္မတူမြို့စစ်ကောင်စီတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်

▪️မူဆယ်၊ကွတ်ခိုင်၊ လားရှိုးမြို့ စစ်ကောင်စီတပ်စခန်းများကို ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့်

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော်(TNLA)က ယနေ့နံနက်တွင် ဆက်လက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၄ရက် တိုက်ပွဲသတင်းဖော်ပြရာ၌ နမ္မတူမြို့ စစ်ရေးအခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီကလည်း နမ္မတူမြို့ဝန်းကျင်ရှိ နမ့်မဆောကျေးရွာ၊ ဆိုင်ခေါင်ကျေးရွာ၊ ခိုဖိတ်ကျေးရွာအနီးတဝိုက်တွင် Y12 လေယာဥ်ဖြင့် (၁၀)ကြိမ်၊ ဗုံး(၉၈)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

TNLAသည် ဒီဇင်ဘာ ၁၅ရက်မှ ၂၂ရက်အတွင်း နမ့်ဆန်၊နမ့်ခမ်း၊မန်တုံမြို့များကို ဆက်တိုက်သိမ်းပိုက်ခဲ့ရာထိုစဉ်ကလည်း စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးပစ်ကူများ ရာချီ ပြုလုပ်ခုခံခဲ့သော်လည်းမြို့များကိုလက်လွှတ်ခဲ့ရာသည်။

TNLAသည် နိုဝင်ဘာအတွင်းကလည်း မိုင်းလုံမြို့ကို သိမ်းပိုက်ထားသည်။

စစ်ကောင်စီတပ်ကနမ္မတူမြို့နယ်ရှိ ခိုဖိတ်၊ ဆိုင်ခေါင်၊ နမ့်မဆော၊ ကြူရှော၊ ဟိုနားနှင့် နားလီကျေးရွာအနီးသို့ လက်နက်ကြီးဖြင့် (၃၉)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၄ရက်တွင် Mi17 ထောက်ပို့ ရဟတ်ယာဉ်ဖြင့် လားရှိုးမြို့တွင် တစ်ကြိမ်၊ မူဆယ်မြို့တွင် တစ်ကြိမ်၊ ကွတ်ခိုင်မြို့တွင် တစ်ကြိမ် စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းများ ထပ်မံလာရောက်ပို့ချခဲ့ကြောင်း ထုတ်ပြန်သည်။

မူဆယ်မြို့နယ် နမ့်ခိုမ်ကျေးရွာအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁)ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။
👍444🔥3👏3
👍37👏43😁2
ABSDFခေါင်းဆောင်များနှင့် နိုင်ငံတကာရောက် ရဲဘော်ဟောင်းများ တွေ့ဆုံ

မိုးမိုး/People’s Spring

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ဗဟိုကော်မတီဝင်များနှင့် နိုင်ငံတကာရောက် ABSDF ရဲဘော် ဟောင်းများ တွေ့ဆုံဆွေးနွေးခဲ့‌ကြောင်း ABSDFက သတင်းထုတ်ပြန်သည်။

ABSDF ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များ၊ နိုင်ငံတကာရေးရာ ၊ မဟာမိတ်ရေးရာ တာဝန်ရှိ ဗဟိုကော်မတီဝင်များနှင့် နိုင်ငံတကာရောက် ABSDF ရဲဘော်ဟောင်းများသည် ဒီဇင်ဘာ ၂၄ ရက်တွင် Online မှတစ်ဆင့် နွေးထွေးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ရာ အကြံပြုချက်များ ၊သဘောထားများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးတိုင်ပင်ခဲ့သည်ဟု အသိပေးသည်။

ABSDFသည် အပစ်ရပ်စာချုပ် NCA လက်မှတ် ရေးထိုးခဲ့သည့်အဖွဲ့ဖြစ်သော်လည်း စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲ တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။

နွေဦးတော်လှန်ရေးကာလ၌ မျိုးဆက်သစ်များကို လေ့ကျင့်စုဖွဲ့မှုများ ပြုလုပ်ပေးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တိုက်ပွဲနှင့်လူထုတိုက်ပွဲဝင် အင်အားစုများနှင့် အတူလက်တွဲကာ တိုက်ပွဲဝင်ခဲ့ရာ တိုက်ပွဲပေါင်း ၂၈၀ ကျော်ဆင်နွှဲခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါတိုက်ပွဲများ၌ ABSDF ရဲဘော် ၂၄ဦးကျဆုံးကာ ၅၀ ဦး ဒဏ်ရာရခဲ့သည်။

ဒီဇင်ဘာအတွင်း KNU နယ်မြေ မုန်းမြို့သိမ်းတိုက်ပွဲ၊ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးမြို့သိမ်းတိုက်ပွဲများ၌ ABSDF ပါဝင်တိုက်ခိုက်ခဲ့သည်။
👍429👏2🤔1🤮1
33👍11👏4🫡3🤮1
ရေတာရှည်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ ရှစ်ဦးသေဟုဆို

ကျော်ဇော/People's Spring

ပဲခူးတိုင်း၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့နံနက် ၇ နာရီ ၄၃မိနစ်ခန့်က ရေတာရှည်နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီးသို့ စစ်တောင်းမြစ်ကမ်းအတိုင်းရောက်ရှိလာသော စစ်ကောင်စီတပ်ကို ပုဝါနီစစ်ကြောင်း ရှေ့ပြေးပွိုင့်နှင့် ပူးပေါင်းစစ်ကြောင်း ရှေ့ပြေးပွိုင့်များက ကဲလင်းဆိပ်ကျေးရွာထိပ်မှနေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"တိုက်ပွဲချိန် မိနစ် ၂၀ခန့်ကြာပါတယ်။ (စစ်ကောင်စီတပ်အင်အား)၅၃ ယောက်ပါ။ စကစ ဘက်က စစ်ကြောင်းဆုတ်ပြီး ပြန်ထိုးလာဆဲအခြေအနေပါ"ဟု ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People's Springသို့ ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ငါးဦးတိုက်ပွဲအတွင်းသေဆုံးကာ ဒဏ်ရာရသူသုံးဦးအား ပြန်သယ်သွားစဥ် လမ်း၌ထပ်မံသေဆုံးသောကြောင့် စုစုပေါင်းရှစ်ဦးသေဆုံးသည့်အပြင် အခြားဒဏ်ရာရသူများလည်းရှိရာ ဘိုတဲစုကျေးရွာမှတဆင့် တောင်သာကျေးရွာဘက်သို့ ချက်ချင်းပြန်ဆုတ်သွားကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲပြီးဆုံးချိန်၌ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်များအသုံးပြုသည့် ကျည်အချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ပုဝါနီစစ်ကြောင်းက ဖော်ပြသည်။

အထက်ပါတိုက်ပွဲကို ပုဝါနီစစ်ကြောင်းနှင့် ကီးကူစစ်ကြောင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုဘက်မှ အထိခိုက်တစ်စုံတစ်ရာ မရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိလာသော ကဲလင်းဆိပ်ကျေးရွာအပါအဝင် ရွာသာယာ၊ ရွာသစ်၊ ရှားတော၊ ဘိုတဲစု၊ ကရင်ချောင်းနှင့် စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲလေ့ရှိသော ရွှေပြည်အေးဘုရားကြီးမှတစ်ဆင့် ပိန္နဲပင်ကျေးရွာအထိ ပုဝါနီစစ်ကြောင်းနှင့် မဟာမိတ်မိတ်အဖွဲ့က ဒီဇင်ဘာ ၂၂ ရက်တွင် နယ်မြေရှင်းလင်းမှုလုပ်ဆောင်ခဲ့သေးသည်။
24👍18👏4🤣1
29👍12🤮2👏1
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဒီဇင်ဘာ ၂၄) အသီးသီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေနဲ့ အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းတို့က တောင်ယာလုပ်ငန်းခွင် ပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာသပိတ် ဆင်နွှဲခဲ့ကြပါတယ်။

အလားတူ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း တော်လှန်ပြည်သူများက "သို့ ... တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" ခေါင်းစဥ်နဲ့ သပိတ်ထွက်ရှိခဲ့ပါတယ်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာလည်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး လူသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို အလေးထားကြဖို့နဲ့ လူ့အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ လှုံ့ဆော်တဲ့အနေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို "ငါတို့ အခွင့်အရေး ငါတို့အနာဂတ်၊ အာဏာရှင်ဟူသမျှ အဆုံးသတ်" ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့ပြီး ဒေသခံအမျိုးသမီး လူငယ်တွေအပါအဝင် ပြည်သူလူထုအများအပြား ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ DDMSC ၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်
👏17👍156🤮1