(တောင်ငူ - လွိုင်ကော်ကားလမ်းပိုင်းရှိ တံတားတစ်ခုအား ဖောက်ခွဲဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - သံတောင် PDF)
👍25👏6
ကိုးကန့်နှင့် သိန္နီကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်
▪️စစ်ရှောင်အပါအဝင် အရပ်သား သုံးဦးသေ၊ ၁၀ဦးဒဏ်ရာရဟု MNDAA အသိပေး
▪️လောက်ကိုင်၌ MNDAAနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ဟု ထုတ်ပြန်
ရန်ရန်/People’s Spring
ကိုးကန့် နှင့် မူပန်(သိန္နီ)ဒေသတို့ကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ အရပ်သား သုံးဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ ထုတ်ပြန်သည်။
ဒီဇင်ဘာ ၂၃ ရက် ကိုးကန့် ရှိ အိုနေရာကို စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့်အကြိမ်ပေါင်းများစွာလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက ပစ်ခတ်သည့် ဗုံးသီးသည် ကိုးကန့်ရှိအိုလုံတုံ့နေရာမှ စစ်ဘေးရှောင်ဒုက္ခ သည်များ ခိုလှုံရာသို့ ကျရောက်ပေါက်ကွဲကာ တစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ငါးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။
ယင်းဖြစ်စဉ်၌ အရပ်သားသေဆုံးမှု ထပ်ရှိသည်ဟို ကြားသိရသော်လည်း အတည်မပြုနိုင်သေးဟု အသိပေးသည်။
ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းတွင် မူပန်(သိန္နီ)ဒေသ ရဲစခန်းပတ်လည်အနီးတွင် စစ်ကောင်စီသည် ဂျက်လေယာဉ်ဖြင့် လာရောက် တိုက်ခိုက်ခဲံရာ အရပ်သား နှစ်ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့ပြင် ကိုးကန့်ဒေသ နယ်စပ် မှတ်တိုင်(၁၂၃)နေရာမှ စစ်ဘေးရှောင်နေသော အသက်(၁၆)နှစ် မိန်းကလေးတစ်ယောက် နယ်စပ်မှတ်တိုင်(၁၂၄)အနီး ထင်း(သစ်ကိုင်း) ကောက်နေစဉ် စစ်ကောင်စီထောင်ခဲ့သော မိုင်းနှင်းမိပြီး ခြေနှစ်ချောင်းထိမှန်ကာ ဒဏ်ရာပြင်းထန်ခဲ့သည်ဟု အသိပေးသည်။
ဒီဇင်ဘာ ၁၀ ရက်မှစ၍ ကိုးကန့်ဒေသ စစ်ရေးအခြေအနေမှာ အနည်းငယ်တည်ငြိမ်မှုရှိခဲ့သော်လည်း ဒီဇင်ဘာ ၁၈ ရက်တွင် စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ကိုးကန့်ဒေသနှင့် ကိုးကန့် ဘေးပတ်လည်နေရာများကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တစ်ချိန်တည်း မြေပြင်စစ်ပွဲလည်း ပြန်လည်ဖြစ်ပေါ်လာခဲ့ကြောင်း အသိပေးသည်။
လက်ရှိ ကိုးကန့် လောက်ကိုင်ဒေသအတွင်း ပစ်ခတ်မှုဆက်လက်ဖြစ်ပွားနေဆဲရှိပြီး စစ်ကောင်စီ၏လေကြောင်းပစ်ခတ်မှုလည်း ဆက်လက်လုပ်ဆောင်လာနေကြောင်း ထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေးစတင်ချိန် အောက်တိုဘာ ၂၇ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁)နယ်မြေအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၅၅သေဆုံးခဲ့ပြီး အနည်းဆုံး ၄၀ကျော်ဒဏ် ရာရရှိခဲ့ကြောင်း၊ နေအိမ်အဆောက်အအုံများ ရာချီဖျက်ဆီးခံခဲ့ရကြောင်း MNDAAက အသိပေးသည်။

👍17🤬10😡6😢4❤2
(လောက်ကိုင်မြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
😢20🤬12👍3👏1
မြောက်ဦးမြို့တိုက်ပွဲတွင် စစ်စခန်းတစ်ခု AA သိမ်းပိုက် ပြီးနယ်မြေရဲစခန်းတစ်ခုမှရဲများလက်နက်ချ
နန်းနောင့်နောင့်/People's Spring
ရက္ခိုင့်တပ်တော်AAက ယနေ့(ဒီဇင်ဘာ ၂၄ )နံနက်ပိုင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မြောက်ဦးမြို့တိုက်ပွဲတွင် သူတော်မတောင်စခန်းကို သိမ်းပိုက်နိုင်ပြီဖြစ်ပြီး မြောင်းဘွေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံသည်ဟု သတင်းရရှိသည်။
"သူတော်မတောင်စခန်းကိုရထားပြီ။ ဒီစခန်းကိုငွေတောင်ပေါက်လို့လည်း ခေါ်တယ်။ မြောက်ဦးရဲစခန်းနဲ့ မျက်နှာ
ချင်းဆိုင်ပဲ။ တောင်ပေါ်မှာ လက်နက်ကြီးတွေဆင်ထားတာ။ သိမ်းလိုက်ပါပြီ ။မြောင်းဘွေရဲစခန်းကတော့ လက်နက်ချ သွားပါတယ်"ဟု AA နှင့် နီးစပ်သည့်သတင်းရင်းမြစ်ကပြောသည်။
ရက္ခိုင့်တပ်တော်AAက ယနေ့ (ဒီဇင်ဘာလ ၂၄ရက်)နံနက် ၅ နာရီခန့်မှစ၍ မြောက်ဦးမြို့မရဲစခန်း၊ မြောင်းဘွေကျေး
ရွာရှိရဲစခန်းနှင့်သူတော်မတောင် စစ်တပ်စခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။နေ့လယ် ၁ နာရီခန့်တွင် သူတော်မတောင်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မြောင်းဘွေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များလက်နက်ချခြင်းဟု သိရသည်။ ယနေ့တိုက်ပွဲ၌ထိခိုက်သေဆုံးမှုများကို အတိအကျမသိရှိရသေးပေ။
ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်းများတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြောက်ဦးမြို့အခြေစိုက် ခမရ(၅၄၀)၊ ခမရ(၃၇၇) ၊ ခမရ(၃၇၈) တပ်ရင်း တို့မှ လက်နက်ကြီးများဖြင့် အရပ်သား နေထိုင်ရာ နေရာများကို ပစ်ခတ်ခဲ့ရာ ဒေသခံ ငါးဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများထဲမှ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း People's Spring က သီးခြားအတည်မပြုနိုင်သေးပေ။
အလားတူ မြောက်ဦး မြို့မ ရဲစခန်း ကိုသိမ်းနိုင်ကြောင်းသတင်းထွက်ပေါ်နေသော်လည်း People's Spring ကစီးခြားအတည်ပြုမရသေးပါ။
ယခုသတင်းအတွက် ဆက်သွယ်ချိန် ညနေ ၆နာရီခန့်၌ မြောက်ဦးမြို့၌ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။

👍42👏9❤4
မြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွားနေစဥ် / မြိုဝင်ဆိုင်းဘုတ်နှင့် မြောက်ဦးမြို့ဝန်းကျင်ကို Google Map တွင်တွေ့ရမှု။ဓါတ်ပုံ-CJ
👍34❤8👏3
ရွှေကျင်ရှိ စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်
▪️လက်နက် ၂လက်နှင့် ကျည်များရ
ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်အချို့ရရှိခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။
ရွှေကျင်နှင့် ကွင်းဆိပ်ကြားရှိ စစ်ကောင်စီ၏ ယာလာပွာ(လှည်းယပ်)တပ်စခန်းကို ဒီဇင်ဘာ ၂၂ရက် နေ့လယ်ပိုင်းတွင် KNLA ဦးစီးသည့် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တပ်စခန်းတွင် အာဏာသိမ်းစစ်ကောင်စီတပ် ခမရ−၃၅၁ စခန်းထိုင်ထားခြင်းဖြစ်ပြီး စစ်ကောင်စီထံမှ MA-1 (၁) လက်၊ MA-2 (၁) လက်၊ ကျည် ၁၂၀၀ကျော်နှင့် ဗုံးအချို့ရရှိခဲ့သည်ဟု အသိပေးထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက် အခြေအနေကို ဖော်ပြမထားပေ။
အဆိုပါ ယာလာပွာ စစ်ကောင်စီတပ်စခန်းသည် KNLA တပ်မဟာ(၃)နယ်မြေရှိ ရှေ့တန်းစခန်းတစ်ခု ဖြစ်သည်။

👍38👏3😁2❤1
(ရွှေကျင်ရှိ စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNLA)
👍32❤4👏2😁1
ရေစကြိုမြို့ထွေအုပ်ရုံး ပစ်ခတ်တိုက်ခိုက်ခံရ
ဟာနာဆန်/People's Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခန်းမအတွင်း စုဝေးနေစဥ် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့၏ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
ယမန်နေ့ (ဒီဇင်ဘာ ၂၄ ရက်) ည ၈ နာရီခွဲခန့်က ရေစကြိုမြို့ထွေအုပ်ရုံး၌ တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်သည် ရုံးအတွင်းရှိ ခန်းမဆောင်တွင် စုဝေးနေကြောင်း သတင်းရ၍ ထွေအုပ်ရုံးအနီးသို့ကပ်ကာ ပစ်မှတ်နှစ်နေရာခွဲပြီး (၄၀) မမ လက်နက်ကြီးတစ်လုံးနှင့် လက်ပစ်ဗုံးတစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့၏ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
"နှစ်ဖွဲ့ခွဲပြီး ပစ်မှတ်နှစ်ခုလုပ်တာပါ။ လုပ်တာကတော့ဒီတစ်နေရာတည်း။ (၄၀) မမတစ်ယောက်ပစ်တယ်။ လက်ပစ်ဗုံးတစ်ယောက် ကအနီးကပ်ဝင်ပစ်တယ်"ဟု ဗိုလ်မိုက်ခဲက ပြောသည်။
ပစ်မှတ်နေရာသို့ တိကျစွာရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား MBTတပ်ဖွဲ့နှင့် TPG တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ယမန်နေ့နံနက် ၉ နာရီခွဲခန့်ကလည်း ရေစကြိုမြို့ပေါ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အမှတ် (၁)ထင်းတန်းရပ်ကွက်ကို ဝင်ရောက် စစ်ဆေးခဲ့ကြောင်း မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ရက်ကလည်း ရေစကြိုထွေအုပ်ရုံးအား MBT တပ်ဖွဲ့က (၄၀) မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

👏25👍15❤4😁1
(ရေစကြိုမြို့ပေါ်ရှိ စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသော MBT တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - MBT)
👏14👍4❤1🔥1
မြို့လေးမြို့သိမ်းထားသည့် TNLAက နမ္မတူမြို့စစ်ကောင်စီတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်
▪️မူဆယ်၊ကွတ်ခိုင်၊ လားရှိုးမြို့ စစ်ကောင်စီတပ်စခန်းများကို ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့်
ဟန်နွေ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော်(TNLA)က ယနေ့နံနက်တွင် ဆက်လက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၂၄ရက် တိုက်ပွဲသတင်းဖော်ပြရာ၌ နမ္မတူမြို့ စစ်ရေးအခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီကလည်း နမ္မတူမြို့ဝန်းကျင်ရှိ နမ့်မဆောကျေးရွာ၊ ဆိုင်ခေါင်ကျေးရွာ၊ ခိုဖိတ်ကျေးရွာအနီးတဝိုက်တွင် Y12 လေယာဥ်ဖြင့် (၁၀)ကြိမ်၊ ဗုံး(၉၈)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
TNLAသည် ဒီဇင်ဘာ ၁၅ရက်မှ ၂၂ရက်အတွင်း နမ့်ဆန်၊နမ့်ခမ်း၊မန်တုံမြို့များကို ဆက်တိုက်သိမ်းပိုက်ခဲ့ရာထိုစဉ်ကလည်း စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးပစ်ကူများ ရာချီ ပြုလုပ်ခုခံခဲ့သော်လည်းမြို့များကိုလက်လွှတ်ခဲ့ရာသည်။
TNLAသည် နိုဝင်ဘာအတွင်းကလည်း မိုင်းလုံမြို့ကို သိမ်းပိုက်ထားသည်။
စစ်ကောင်စီတပ်ကနမ္မတူမြို့နယ်ရှိ ခိုဖိတ်၊ ဆိုင်ခေါင်၊ နမ့်မဆော၊ ကြူရှော၊ ဟိုနားနှင့် နားလီကျေးရွာအနီးသို့ လက်နက်ကြီးဖြင့် (၃၉)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၄ရက်တွင် Mi17 ထောက်ပို့ ရဟတ်ယာဉ်ဖြင့် လားရှိုးမြို့တွင် တစ်ကြိမ်၊ မူဆယ်မြို့တွင် တစ်ကြိမ်၊ ကွတ်ခိုင်မြို့တွင် တစ်ကြိမ် စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းများ ထပ်မံလာရောက်ပို့ချခဲ့ကြောင်း ထုတ်ပြန်သည်။
မူဆယ်မြို့နယ် နမ့်ခိုမ်ကျေးရွာအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁)ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။

👍44❤4🔥3👏3