People's Spring
62.4K subscribers
67.1K photos
1.18K videos
7 files
2.93K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်ကောင်စီရေယာဥ်အား ပစ်ခတ်တိုက်ခိုက်နေသော ရဲဘော်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-File Photo
20👍11👏2🥰1
နောင်ကြီးအိုင်ရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ

▪️အဆိုပါ စစ်ကြောင်းလိုက်လံတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိ

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲကင်းစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားရာ အဆိုပါ စစ်ကြောင်းအား လိုက်လံတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နောင်ကြီးအိုင်ရဲကင်းစခန်း၌ စစ်အုပ်စုဝင် အင်အား ၃၀ခန့်ရှိပြီး ဒီဇင်ဘာ ၁၀ ရက်က အင်အား ၆၀ခန့် ထပ်မံ ရောက်ရှိခဲ့သည်။

ထို့နောက် ၁၀ရက်အကြာ ဒီဇင်ဘာ ၂၀ ရက်တွင် နောင်ကြီးအိုင်ရဲစခန်းမှ စစ်အုပ်စုဝင်များသည် စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

အဆိုပါ စစ်ကြောင်းအား လိုက်လံတိုက်ခိုက်ရာ စစ်အုပ်စုဝင် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း အရာတော်(ပကဖ)အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

"ရန်သူက ၂၀ ရက်နေ့ စခန်းစွန့်ခွာသွားတာပါ။
စခန်းစွန့်ခွာစစ်ကြောင်းကို ဖြတ်တိုက်ခဲ့ပါတယ်။
ရန်သူ ၁၅ကောင်လောက် ထိခိုက်သေဆုံးနိုင်ပြီး အရာရှိတွေလည်း ပါဝင်ပါတယ်။ ရန်သူ့ရဲ့ နမခ MI-35 လေကြောင်းပစ်ကူကြောင့် စစ်ကြောင်းတခုလုံးကို အပြတ်မချေမှုန်းလိုက်ရတာပါ။"ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့နောက် စစ်ကြောင်းမှ သေဆုံးဒဏ်ရာရသူများအား ထမ်းစင်များဖြင့်သယ်ဆောင်ကာ အရာတော်မြို့ပေါ်သို့ ဆုတ်ခွာသွားကြောင်း ဒေသတွင်းပြည်သူ့ရဲဘော်များက ပြောသည်။

ဒီဇင်ဘာ ၂၃ ရက်တွင် နောင်ကြီးအိုင်ရဲကင်းစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက နယ်မြေဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
👍31👏9🥰1
👏27👍13🥰1
(နောင်ကြီးအိုင်ရဲစခန်းအား ဒေသတွင်းPDFများက နယ်မြေဝင်ရောက်ရှင်းလင်းပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Local PDF)
👍27👏10🥰1
ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)ကိုဖျက်သိမ်းကြောင်း NUGကြေညာ

︎အသင်းတွင်ဆက်လက်ပါဝင်၊လုပ်ကိုင်​နေသူများကို အကြမ်းဖက်တိုက်ဖျက်​ရေးဥပ​ဒေဖြင့် အ​ရေးယူမည်ဟုဆို

︎စစ်​ကောင်စီနှင့် ပူး​ပေါင်းလုပ်ကိုင်​နေ​ခြင်းမှာ အပြစ်ရှိ​ကြောင်းသိလာ​အောင် ယခုကဲ့သို့လုပ်၍သတိ​ပေးသင့်ဟုလုပ်ငန်းရှင်အချို့​ပြော

စောနွေဦး/People's Spring

စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်-UMFCCIကို ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်
ရေးအစိုးရ(NUG) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

UMFCCIသည် အများပြည်သူအကျိုးစီးပွားကိုဆောင်ရွက်ရသည့် စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း စစ်ကောင်စီ၏ လူအခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ကူညီခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း နှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို တိုက်ရိုက်ကျူးလွန်နေခြင်းကြောင့် ယခုလို ဖျက်သိမ်းရခြင်းဖြစ်သည်ဟု NUGကဆိုထားသည်။

ထိုအသင်းချုပ်ကို ဖွဲ့စည်းပုံနှင့်တကွ ဖျက်သိမ်းလိုက်ခြင်းလည်းဖြစ်၍ အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ အသင်းချုပ်ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေ တစွန်းတစကိုမျှ ထုတ်နုတ်သုံးစွဲခြင်းမပြုရန်လည်း တားမြစ်ကြောင်း NUGကဆိုထားသည်။

ထိုအသင်းချုပ်တွင် ဆက်လက်ပါဝင်လုပ်ကိုင်ခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေသုံးစွဲခြင်း၊ အဖွဲ့အစည်းအမည်ဖြင့် ဆက်လက်ဆောင်ရွက်သည့် လုပ်ငန်းရှင်များနှင့်ဝန်ထမ်းများကို စစ်ကောင်စီထောက်ပံ့ကူညီနေသူများအဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့်အရေးယူမည်ဟုလည်း NUGကဆိုထားသည်။

“အခုလို အင်စတီကျုးရှင်းလိုက်အရေးယူတာမျိုးကို ထောက်
ခံတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းတာကို ဟန့်တားနိုင်ဖို့လိုအပ်ပါတယ်။ ”ဟု ရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စီးပွား​ရေးလုပ်ငန်းရှင်များမှာ စစ်​ကောင်စီကို ကန့်ကွက်​ကြောင်း မကြိုက်​ကြောင်းပြသလျှင် ​​ပြောဆိုလျှင် အန္တရာယ် ရှိနိုင်၍ ကန့်ကွက်​ကြောင်း မပြသသည့်ကို နားလည်​သော်လည်း လုပ်ငန်းရှင်အချို့မှာ စစ်​ကောင်စီနှင့် ပူး​ပေါင်းလုပ်ကိုင်​နေပြီး အဆင်​ပြေ​နေ​ကြောင်း ပြသ ကြွာဝါ​နေခြင်းများမှာ ​တော်လှန်​ရေးအတွက်အ​နှောက်အယှက်ဖြစ်​ကြောင်းလုပ်ငန်းရှင်တစ်ဦးက​ပြောသည်။ထို​ကြောင့် ယခုကဲ့သို့ ​ကြေညာခြင်းကို​ထောက်ခံ​ကြောင်း ၎င်းက​ပြောသည်။

" စစ်​ကောင်စီနဲ့ ​ပေါင်းလုပ်စား​နေတဲ့လုပ်ငန်းရှင်​တွေ၊ပလူး​နေတဲ့ လုပ်ငန်းရှင်​တွေက ကျွန်​တော်အမြင်ဆိုရင် စစ်ရာဇဝတ်မှုကိုအား​ပေး​နေကြတာ​ကြောင့်သူတို့ပါ ရာဇဝတ်မှုကျူးလွန်​နေတာပါ။ပြီးရင် ဒီလုပ်ငန်းရှင်မျိုး​တွေက ပိုချမ်းသာပြီး ​တော်လှန်​ရေးအလွန်မှာ သူတို့ကပဲ နိုင်ငံစီးပွား​ရေးကို ဆက်ဦး​ဆောင်​နေမယ်ဆိုရင်ဒါက လုံးဝမဖြစ်သင့်ဘူး။ပြည်သူ​တွေကလည်း လက်ခံမှာမဟုတ်ဘူး။ဒါ​ကြောင့်
စစ်​ကောင်စီနဲ့ ပလူး​နေတာက အပြစ်ရှိတယ်လို့ သိလာ​အောင်လုပ်သင့်တယ်။ အ​ခုလို​ကြေညာသင့်တယ် "ဟုလူငယ်လုပ်ငန်းရှင်တစ်ဦးက​ပြောသည်။

UMFCCI အသင်းအပြင် စစ်​ကောင်စီနဲ့ပူး​ပေါင်းလုပ်ကိုင်​နေ​သော အခြား​သော စီးပွား​ရေးအသင်းအဖွဲ့များကိုပါညယခုကဲ့သို့​ကြေညာသင့်​ကြောင်းလည်းလုပ်ငန်းရှင်အချို့က​ပြောသည်။

UMFCCIသည် ပုဂ္ဂလိကကဏ္ဍစီးပွားရေးလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသော နိုင်ငံတော်အဆင့် စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၁၉ခုနှစ် ဗမာကုန်သည်ကြီးများအသင်းဖြင့် စတင်ထည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအသင်းချုပ်ကထုတ်ပြန်ထားသည်။
👍37👏5
👍28
စစ်ကောင်စီ ထောက်ပို့ဖြတ်တောက်ရန် တောင်ငူ - လွိုင်ကော်လမ်းပိုင်းရှိ တံတားဖျက်ဆီးခဲ့ဟု သံတောင် PDF အသိပေး

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၂)နယ်မြေ တောင်ငူ - လွိုင်ကော်ကားလမ်းပိုင်းရှိ တံတားတစ်ခုအား ဖောက်ခွဲဖျက်ဆီးခဲ့ဟု ပြည်သူ့ကာကွယ်ရေးတပ်(PDF) - သံတောင်က သတင်းထုတ်ပြန်သည်။

သံတောင်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများ၏ အဓိကထောက်ပို့လမ်းကြောင်းဖြစ်သော တောင်ငူ-လိပ်သိုလ် -လွိုင်ကော်ကားလမ်းတွင်ရှိသော ချောင်းကူးတံတား တစ်စင်းအား ယနေ့ ဒီဇင်ဘာ ၂၄ရက် နံနက် ၂နာရီခန့်တွင် ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ရုပ်သံမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်းနှင့်အတူ ထုတ်ပြန်သည်။

အဆိုပါ ဖောက်ခွဲမှုကို KNUတပ်မဟာ(၂)၊တပ်ရင်း(၅) ပူးပေါင်းတပ်ဖွဲ့(သံတောင်)မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းကိုဖြတ်တောက်ထားခြင်းဖြစ်ကြောင်း အသိပေးသည်။

ပြည်သူများအနေဖြင့်လည်း အဆိုပါ တံတား ပြန်လည်ပြုပြင်တည်ဆောက်မည့် လုပ်ငန်းများ၌ ပါဝင်ပတ်သက်ခြင်းမပြုရန် သံတောင် PDFက အသိပေးထားပြီး ပါဝင်ပတ်သက်မိပါက အသက် အန္တရာယ် တာဝန်မယူကြောင်း ထုတ်ပြန်သည်။
👍334👏2
👏26👍104😢1
(တောင်ငူ - လွိုင်ကော်ကားလမ်းပိုင်းရှိ တံတားတစ်ခုအား ဖောက်ခွဲဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - သံတောင် PDF)
👍25👏6
ကိုးကန့်နှင့် သိန္နီကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်

▪️စစ်ရှောင်အပါအဝင် အရပ်သား သုံးဦးသေ၊ ၁၀ဦးဒဏ်ရာရဟု MNDAA အသိပေး

▪️လောက်ကိုင်၌ MNDAAနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ဟု ထုတ်ပြန်

ရန်ရန်/People’s Spring

ကိုးကန့် နှင့် မူပန်(သိန္နီ)ဒေသတို့ကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ အရပ်သား သုံးဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၃ ရက် ကိုးကန့် ရှိ အိုနေရာကို စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့်အကြိမ်ပေါင်းများစွာလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက ပစ်ခတ်သည့် ဗုံးသီးသည် ကိုးကန့်ရှိအိုလုံတုံ့နေရာမှ စစ်ဘေးရှောင်ဒုက္ခ သည်များ ခိုလှုံရာသို့ ကျရောက်ပေါက်ကွဲကာ တစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ငါးဦး ဒဏ်ရာရခဲ့‌ကြောင်း ဖော်ပြသည်။

ယင်းဖြစ်စဉ်၌ အရပ်သားသေဆုံးမှု ထပ်ရှိသည်ဟို ကြားသိရသော်လည်း အတည်မပြုနိုင်သေးဟု အသိပေးသည်။

ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းတွင် မူပန်(သိန္နီ)ဒေသ ရဲစခန်းပတ်လည်အနီးတွင် စစ်ကောင်စီသည် ဂျက်လေယာဉ်ဖြင့် လာရောက် တိုက်ခိုက်ခဲံရာ အရပ်သား နှစ်ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ကိုးကန့်ဒေသ နယ်စပ် မှတ်တိုင်(၁၂၃)နေရာမှ စစ်ဘေးရှောင်နေသော အသက်(၁၆)နှစ် မိန်းကလေးတစ်ယောက် နယ်စပ်မှတ်တိုင်(၁၂၄)အနီး ထင်း(သစ်ကိုင်း) ကောက်နေစဉ် စစ်ကောင်စီထောင်ခဲ့သော မိုင်းနှင်းမိပြီး ခြေနှစ်ချောင်းထိမှန်ကာ ဒဏ်ရာပြင်းထန်ခဲ့သည်ဟု အသိပေးသည်။

ဒီဇင်ဘာ ၁၀ ရက်မှစ၍ ကိုးကန့်ဒေသ စစ်ရေးအခြေအနေမှာ အနည်းငယ်တည်ငြိမ်မှုရှိခဲ့သော်လည်း ဒီဇင်ဘာ ၁၈ ရက်တွင် စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ကိုးကန့်ဒေသနှင့် ကိုးကန့် ဘေးပတ်လည်နေရာများကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တစ်ချိန်တည်း မြေပြင်စစ်ပွဲလည်း ပြန်လည်ဖြစ်‌ပေါ်လာခဲ့ကြောင်း အသိပေးသည်။

လက်ရှိ ကိုးကန့် လောက်ကိုင်ဒေသအတွင်း ပစ်ခတ်မှုဆက်လက်ဖြစ်ပွားနေဆဲရှိပြီး စစ်ကောင်စီ၏လေကြောင်းပစ်ခတ်မှုလည်း ဆက်လက်လုပ်ဆောင်လာနေကြောင်း ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးစတင်ချိန် အောက်တိုဘာ ၂၇ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁)နယ်မြေအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၅၅သေဆုံးခဲ့ပြီး အနည်းဆုံး ၄၀ကျော်ဒဏ် ရာရရှိခဲ့ကြောင်း၊ နေအိမ်အဆောက်အအုံများ ရာချီဖျက်ဆီးခံခဲ့ရကြောင်း MNDAAက အသိပေးသည်။
👍17🤬10😡6😢42
🤬19😢42👍1
(လောက်ကိုင်မြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
😢20🤬12👍3👏1
မြောက်ဦးမြို့တိုက်ပွဲတွင် စစ်စခန်းတစ်ခု AA သိမ်းပိုက် ပြီးနယ်မြေရဲစခန်းတစ်ခုမှရဲများလက်နက်ချ

နန်းနောင့်နောင့်/People's Spring

ရက္ခိုင့်တပ်တော်AAက ယနေ့(ဒီဇင်ဘာ ၂၄ )နံနက်ပိုင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မြောက်ဦးမြို့တိုက်ပွဲတွင် သူတော်မတောင်စခန်းကို သိမ်းပိုက်နိုင်ပြီဖြစ်ပြီး မြောင်းဘွေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံသည်ဟု သတင်းရရှိသည်။

"သူတော်မတောင်စခန်းကိုရထားပြီ။ ဒီစခန်းကိုငွေတောင်ပေါက်လို့လည်း ခေါ်တယ်။ မြောက်ဦးရဲစခန်းနဲ့ မျက်နှာ
ချင်းဆိုင်ပဲ။ တောင်ပေါ်မှာ လက်နက်ကြီးတွေဆင်ထားတာ။ သိမ်းလိုက်ပါပြီ ။မြောင်းဘွေရဲစခန်းကတော့ လက်နက်ချ သွားပါတယ်"ဟု AA နှင့် နီးစပ်သည့်သတင်းရင်းမြစ်ကပြောသည်။

ရက္ခိုင့်တပ်တော်AAက ယနေ့ (ဒီဇင်ဘာလ ၂၄ရက်)နံနက် ၅ နာရီခန့်မှစ၍ မြောက်ဦးမြို့မရဲစခန်း၊ မြောင်းဘွေကျေး
ရွာရှိရဲစခန်းနှင့်သူတော်မတောင် စစ်တပ်စခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။နေ့လယ် ၁ နာရီခန့်တွင် သူတော်မတောင်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မြောင်းဘွေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များလက်နက်ချခြင်းဟု သိရသည်။ ယနေ့တိုက်ပွဲ၌ထိခိုက်သေဆုံးမှုများကို အတိအကျမသိရှိရသေးပေ။

ယနေ့ နံနက်ပိုင်းတွင် စစ်​ကောင်စီတပ်စခန်းများတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြောက်ဦးမြို့အခြေစိုက် ခမရ(၅၄၀)၊ ခမရ(၃၇၇) ၊ ခမရ(၃၇၈) တပ်ရင်း တို့မှ လက်နက်ကြီးများဖြင့် အရပ်သား နေထိုင်ရာ နေရာများကို ပစ်ခတ်ခဲ့ရာ ဒေသခံ ငါးဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများထဲမှ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းများထွက်​ပေါ်​​နေသော်လည်း People's Spring က သီးခြားအတည်မပြုနိုင်သေးပေ။

အလားတူ ​မြောက်ဦး မြို့မ ရဲစခန်း ကိုသိမ်းနိုင်​ကြောင်းသတင်းထွက်​ပေါ်​နေ​သော်လည်း People's Spring ကစီးခြားအတည်ပြုမရ​သေးပါ။

ယခုသတင်းအတွက် ဆက်သွယ်ချိန် ည‌နေ ၆နာရီခန့်၌ မြောက်ဦးမြို့၌ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။
👍42👏94