ရက္ခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ကျောက်ဖြူမြို့နယ်၊ စနဲမြို့မြောက်ဘက် စနဲမြို့နဲ့ အဝတောင်ကျေးရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၂၂ ရက်ကလည်း စစ်ကောင်စီ ဓည၀တီ ရေတပ်စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ပလက်ဝမြို့နယ်မှာ တိုက်ပွဲဆက်ခဲ့သလို မြန်မာ-အိန္ဒိယ နယ်စပ် BP-9 ပလက်၀မြို့နယ် မြိတ်၀ရွာ တောင်ဘက် ၅ ကီလိုမီတာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို AAက သိမ်းပိုက်နိုင်ရေးတိုက်ခိုက်နေပါတယ်။
▪️မြင်းခြံမြို့နယ်ရှိ ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ညောင်တိုပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးသီးအလုံး ၂၀ ကျော်ကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးတယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းမှ ၂၂ ရက် မနက်အစောပိုင်းအထိ ညောင်တိုပျူစောထီးကျေးရွာကို မြင်းခြံမြို့နယ်(ပကဖ)အပါအဝင် ဒေသတွင်း PDFများက ဒရုန်းဖြင့် ဗုံးသီး ၂၂ လုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ဗိုလ်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ မြင်းခြံမြို့နယ် (ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

👍31❤1
မတ္တရာတွင် PDF ကင်းစခန်းနှင့် ကျေးရွာများ စီးနင်းမီးရှို့လာသည့် စစ်ရေယာဥ်အား PDFများ တိုက်ခိုက်
အင်ကြင်း/People's Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ကင်းစခန်းနှင့် ကျေးရွာများအား စီးနင်း မီးရှို့ဖျက်ဆီးပြီးနောက် ထွက်ခွာလာသည့် စစ်ကောင်စီတပ်ရေယာဥ်အား တိုက်ခိုက်ရာ အများအပြားသေဆုံးကြောင်း Generation Z Power - GZP ( Mandalay)၊ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂ဝ ရက် နံနက် ၄နာရီခန့်က မတ္တရာမြို့နယ်၊ ဒေါင်းကျွန်းကျေးရွာ၊ အနောက်ခြမ်းကျေးရွာများနှင့် PDFအဖွဲ့ ကင်းစခန်းအား မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာလာသော အင်အား ၇၀ခန့်ပါ သံခွန်ရေယာဥ်ကို နေ့လယ် ၁နာရီ ၁၅မိနစ်ခန့်တွင် GZP Mandalay၊ ပုသိမ်ကြီးပကဖ၊ မတ္တရာ (ပကဖ)၊ မန္တလေးခရိုင် တပ်ရင်း (၃၊ ၄) ၊ ပြင်ဦးလွင်ခရိုင်တပ်ရင်း (၁)၊ BRAတို့နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က မန္တလေးရေကြောင်းရုံးမှ ရဲမှူးသူရအောင်ဆိုသူအပါအဝင် ၁၆ဦးသေဆုံးပြီး ၈ ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း GZP ( Mandalay) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ကျွန်တော်တို့ တော်လှန်ရေးအင်းအားစု ရှေ့ကင်းစခန်းကို မနက်၄နာရီကျော်က ဝင်ရောက်လာတာ အင်အားအများအပြားနဲ့။ ဒါပေမဲ့ကျွန်တော်တို့ ပစ္စည်းအချို့နဲ့ တဲတွေတော့ မီးရှို့ခံလိုက်ရတယ်။ နေ့ခင်း ၁နာရီကျော်မှာ တော်လှန်ရေးအင်းအားစုတွေနဲ့ စနစ်တကျပြန်လည်တိုက်ခိုက်ခဲ့တာ။ တိုက်တဲ့နေရာကလည်း မီးရှို့တဲ့နေရာကပဲ ပြန်တိုက်တာဆိုတော့ စကစတွေ အေးဆေးပုံစံနဲ့ ကပ်လာတဲ့အချိန် ဖြတ်တိုက်လိုက်တာပါ။"ဟု GZP ( Mandalay) ၏ တာဝန်ရှိသူက ပြောသည်။
ထိုဖြစ်စဥ်တွင် စစ်ကောင်စီရေယာဥ်အား အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကို GZP (Mandalay)က ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့အပြင် မတ္တရာမြို့နယ် အရှေ့ခြမ်းတွင်လည်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ နိုဝင်ဘာအတွင်းကတည်းက တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံပြည်သူများကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

❤18👍13👏4
စစ်ကောင်စီရေယာဥ်အား ပစ်ခတ်တိုက်ခိုက်နေသော ရဲဘော်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-File Photo
❤20👍11👏2🥰1
နောင်ကြီးအိုင်ရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ
▪️အဆိုပါ စစ်ကြောင်းလိုက်လံတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိ
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲကင်းစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားရာ အဆိုပါ စစ်ကြောင်းအား လိုက်လံတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နောင်ကြီးအိုင်ရဲကင်းစခန်း၌ စစ်အုပ်စုဝင် အင်အား ၃၀ခန့်ရှိပြီး ဒီဇင်ဘာ ၁၀ ရက်က အင်အား ၆၀ခန့် ထပ်မံ ရောက်ရှိခဲ့သည်။
ထို့နောက် ၁၀ရက်အကြာ ဒီဇင်ဘာ ၂၀ ရက်တွင် နောင်ကြီးအိုင်ရဲစခန်းမှ စစ်အုပ်စုဝင်များသည် စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
အဆိုပါ စစ်ကြောင်းအား လိုက်လံတိုက်ခိုက်ရာ စစ်အုပ်စုဝင် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း အရာတော်(ပကဖ)အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
"ရန်သူက ၂၀ ရက်နေ့ စခန်းစွန့်ခွာသွားတာပါ။
စခန်းစွန့်ခွာစစ်ကြောင်းကို ဖြတ်တိုက်ခဲ့ပါတယ်။
ရန်သူ ၁၅ကောင်လောက် ထိခိုက်သေဆုံးနိုင်ပြီး အရာရှိတွေလည်း ပါဝင်ပါတယ်။ ရန်သူ့ရဲ့ နမခ MI-35 လေကြောင်းပစ်ကူကြောင့် စစ်ကြောင်းတခုလုံးကို အပြတ်မချေမှုန်းလိုက်ရတာပါ။"ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ထို့နောက် စစ်ကြောင်းမှ သေဆုံးဒဏ်ရာရသူများအား ထမ်းစင်များဖြင့်သယ်ဆောင်ကာ အရာတော်မြို့ပေါ်သို့ ဆုတ်ခွာသွားကြောင်း ဒေသတွင်းပြည်သူ့ရဲဘော်များက ပြောသည်။
ဒီဇင်ဘာ ၂၃ ရက်တွင် နောင်ကြီးအိုင်ရဲကင်းစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက နယ်မြေဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

👍31👏9🥰1
(နောင်ကြီးအိုင်ရဲစခန်းအား ဒေသတွင်းPDFများက နယ်မြေဝင်ရောက်ရှင်းလင်းပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Local PDF)
👍27👏10🥰1
ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)ကိုဖျက်သိမ်းကြောင်း NUGကြေညာ
▪︎အသင်းတွင်ဆက်လက်ပါဝင်၊လုပ်ကိုင်နေသူများကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည်ဟုဆို
▪︎စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင်နေခြင်းမှာ အပြစ်ရှိကြောင်းသိလာအောင် ယခုကဲ့သို့လုပ်၍သတိပေးသင့်ဟုလုပ်ငန်းရှင်အချို့ပြော
စောနွေဦး/People's Spring
စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်-UMFCCIကို ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်
ရေးအစိုးရ(NUG) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
UMFCCIသည် အများပြည်သူအကျိုးစီးပွားကိုဆောင်ရွက်ရသည့် စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း စစ်ကောင်စီ၏ လူအခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ကူညီခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း နှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို တိုက်ရိုက်ကျူးလွန်နေခြင်းကြောင့် ယခုလို ဖျက်သိမ်းရခြင်းဖြစ်သည်ဟု NUGကဆိုထားသည်။
ထိုအသင်းချုပ်ကို ဖွဲ့စည်းပုံနှင့်တကွ ဖျက်သိမ်းလိုက်ခြင်းလည်းဖြစ်၍ အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ အသင်းချုပ်ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေ တစွန်းတစကိုမျှ ထုတ်နုတ်သုံးစွဲခြင်းမပြုရန်လည်း တားမြစ်ကြောင်း NUGကဆိုထားသည်။
ထိုအသင်းချုပ်တွင် ဆက်လက်ပါဝင်လုပ်ကိုင်ခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေသုံးစွဲခြင်း၊ အဖွဲ့အစည်းအမည်ဖြင့် ဆက်လက်ဆောင်ရွက်သည့် လုပ်ငန်းရှင်များနှင့်ဝန်ထမ်းများကို စစ်ကောင်စီထောက်ပံ့ကူညီနေသူများအဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့်အရေးယူမည်ဟုလည်း NUGကဆိုထားသည်။
“အခုလို အင်စတီကျုးရှင်းလိုက်အရေးယူတာမျိုးကို ထောက်
ခံတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းတာကို ဟန့်တားနိုင်ဖို့လိုအပ်ပါတယ်။ ”ဟု ရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
စီးပွားရေးလုပ်ငန်းရှင်များမှာ စစ်ကောင်စီကို ကန့်ကွက်ကြောင်း မကြိုက်ကြောင်းပြသလျှင် ပြောဆိုလျှင် အန္တရာယ် ရှိနိုင်၍ ကန့်ကွက်ကြောင်း မပြသသည့်ကို နားလည်သော်လည်း လုပ်ငန်းရှင်အချို့မှာ စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင်နေပြီး အဆင်ပြေနေကြောင်း ပြသ ကြွာဝါနေခြင်းများမှာ တော်လှန်ရေးအတွက်အနှောက်အယှက်ဖြစ်ကြောင်းလုပ်ငန်းရှင်တစ်ဦးကပြောသည်။ထိုကြောင့် ယခုကဲ့သို့ ကြေညာခြင်းကိုထောက်ခံကြောင်း ၎င်းကပြောသည်။
" စစ်ကောင်စီနဲ့ ပေါင်းလုပ်စားနေတဲ့လုပ်ငန်းရှင်တွေ၊ပလူးနေတဲ့ လုပ်ငန်းရှင်တွေက ကျွန်တော်အမြင်ဆိုရင် စစ်ရာဇဝတ်မှုကိုအားပေးနေကြတာကြောင့်သူတို့ပါ ရာဇဝတ်မှုကျူးလွန်နေတာပါ။ပြီးရင် ဒီလုပ်ငန်းရှင်မျိုးတွေက ပိုချမ်းသာပြီး တော်လှန်ရေးအလွန်မှာ သူတို့ကပဲ နိုင်ငံစီးပွားရေးကို ဆက်ဦးဆောင်နေမယ်ဆိုရင်ဒါက လုံးဝမဖြစ်သင့်ဘူး။ပြည်သူတွေကလည်း လက်ခံမှာမဟုတ်ဘူး။ဒါကြောင့်
စစ်ကောင်စီနဲ့ ပလူးနေတာက အပြစ်ရှိတယ်လို့ သိလာအောင်လုပ်သင့်တယ်။ အခုလိုကြေညာသင့်တယ် "ဟုလူငယ်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
UMFCCI အသင်းအပြင် စစ်ကောင်စီနဲ့ပူးပေါင်းလုပ်ကိုင်နေသော အခြားသော စီးပွားရေးအသင်းအဖွဲ့များကိုပါညယခုကဲ့သို့ကြေညာသင့်ကြောင်းလည်းလုပ်ငန်းရှင်အချို့ကပြောသည်။
UMFCCIသည် ပုဂ္ဂလိကကဏ္ဍစီးပွားရေးလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသော နိုင်ငံတော်အဆင့် စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၁၉ခုနှစ် ဗမာကုန်သည်ကြီးများအသင်းဖြင့် စတင်ထည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအသင်းချုပ်ကထုတ်ပြန်ထားသည်။

👍37👏5