People's Spring
62.4K subscribers
67.1K photos
1.18K videos
7 files
2.92K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓါတ်ပုံ-TNLA
38👍9👏6🥰1
နိုင်ငံတကာရောက် ကရင်လူမျိုးများကို KNU တွေ့ဆုံ၊ နိုင်ငံရေး၊ စစ်ရေးအခြေအနေများ ပြောပြ

ထိုက်ထိုက်/People’s Spring

နိုင်ငံတကာရောက် ကရင်အမျိုးသား ခေါင်းဆောင်များ၊ ကရင်လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ကရင်ပြည်သူများကို ကရင်အမျိုးသားအစည်းအရုံး(KNU)က တွေ့ဆုံပြီး လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို အသိပေးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

နိုင်ငံတကာရောက် ကရင်လူမျိုးများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို KNU ဗဟို ဌာနချုပ်၌ ဒီဇင်ဘာ ၂၁ရက်မှ ၂၂ရက်‌အထိ ကျင်းပခဲ့သည်ဟု ဆိုသည်။

ယခု တွေ့ဆုံမှုသည် ကရင်အမျိုးသားအစည်း အရုံး၏ လုပ်ဆောင်မှုသတင်းအခြေအနေ နိုင်ငံရေး၊စစ်ရေး ၊တိုက်ပွဲများ လက်ရှိမြေပြင်မှာဖြစ်နေသည့် အခြေအနေများကို သိစေလို၍ ဖြစ်ကြောင်း KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်ဟု ဖော်ပြသည်။

"ဒီမှာရှိတဲ့ ကရင်လူမျိုးတွေအနေနဲ့‌ကော နိုင်ငံရပ်ခြားမှာရှိနေတဲ့ကရင်လူမျိုးအနေနဲ့ကော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကချမှတ်ထားတဲ့ မူဝါဒအတိုင်း ကရင်လူမျိုးများအားလုံး မျှော်မှန်းထားတဲ့ ပန်းတိုင်ရောက်ရှိအောင် အတူတကွလက်တွဲပြီး လျှောက်လှမ်း ကြဖို့အရမ်းအရေးကြီးတယ်”ဟုလည်း ပဒိုစောလှထွန်းက ပြောကြားသည်။

အခမ်းအနားတွင် ကရင်အမျိုးသားအလံတော် အားအလေးပြုခြင်းနှင့် ကရင့်တော်လှန်ရေးအတွင်း မြင့်မြတ်စွာအသက်ပေးခဲ့ကြသည့် ရဲဘော်များ၊ ပြည်သူများနှင့် အာဇာနည်ခေါင်းဆောင် များတို့အား ဂါရဝပြု ငြိမ်သက်ခြင်း ဖြင့်စတင်ပြီး KNU ဗဟိုမှ အုပ်ချုပ်‌ရေး ဘက်ဆိုင်ရာခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ တပ်ပိုင်း ဆိုင်ရာ ခေါင်းဆောင်များ၊နိုင်ငံတကာရောက် ကရင်အမျိုးသားခေါင်းဆောင်များ၊ ကရင်လူမှုအဖွဲ့ စည်း ခေါင်းဆောင်များနှင့် ကရင်ပြည်သူများ တက်ရောက်ခဲ့ကြသည်ဟု ထုတ်ပြန်သည်။

အခမ်းအနားတွင် KNU ဗဟို အလုပ်မှုဆောင် ကော်မတီဝင်တစ်ဦး ဖြစ်သည့် ပဒို-နော်ဒါးဒါး၊ KNU တရားသူကြီးချုပ် ပဒို-နော်မြိုင်ဖိုး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ စစ်ဦးစီး(ပထမတန်း) ဗိုလ်မှူးချုပ်-စောတာမလာသော၊ KNLA တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းဖန်းလုံ့ဟိန်းတို့သည် တတ်ရောက်လာသော နိုင်ငံတကာ‌‌ရောက် ကရင်လူမျိုးများအား နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
👍383👏2
👍351👏1
(နိုင်ငံတကာရောက် ကရင်အမျိုးသား ခေါင်းဆောင်များ၊ ကရင်လူမှုအဖွဲ့အစည်း ခေါင်းဆောင် များ၊ ကရင်ပြည်သူများနှင့် ပြန်လည်တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - KNU)
24👍7
ညနေခင်းသတင်းလွှာ

ဒီနေ့ (ဒီိဇင်ဘာ ၂၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

▪️စစ်အာဏာရှင်စနစ်ကို အခုအချိန် လုံးဝဖြုတ်ချနိုင်ရမည်ဟု ယုံကြည်ချက်ပိုခိုင်မာလာဟု ညီနောင်သုံးဖွဲ့ အသိပေး

မြန်မာပြည်သူလူထုတစ်ရပ်လုံးကို ဆယ်စုနှစ်ပေါင်းများစွာ လက်နက်အားကိုးဖြင့် ဖိနှိပ်အနိုင်ကျင့်၊ မုဒိမ်းကျင့်၊ ခိုး၊ ဆိုး၊ လုယက်သတ်ဖြတ်မှုကြောင့် ပြည်သူတရပ်လုံးက မလိုလားတဲ့ စစ်ကောင်စီအား အခုထက် ပိုမိုချိနဲ့ အားလျော့သွားစေဖို့ အားလုံးဝိုင်းဝန်း တော်လှန်တိုက်ခိုက်ရမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီလို တော်လှန်တိုက်ခိုက်ရာမှာ တော်လှန်ရေးအဖွဲ့အစည်း အဟောင်း၊ အသစ်တို့သာမက မြန်မာပြည်သူလူထုတရပ်လုံးက လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တော်လှန်တိုက်ခိုက်ရမယ့်အချိန်သို့ ရောက်လာခဲ့ပြီလို့ ဖော်ပြပါတယ်။ စစ်အာဏာရှင်စနစ်ကို အရင်က မဖြုတ်ချ နိုင်ခဲ့ပေမယ့် လက်ရှိမှာ လုံးဝဖြုတ်ချနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်မှာ တစ်ရက်ပြီးတစ်ရက် ပိုမိုခိုင်မာလာစေခဲတယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီယုံကြည်ချက်ပိုမို မှန်ကန်ကြောင်း စစ်ကောင်စီ နေ့စဉ်နှင့်အမျှ စွန့်လွှတ်၊ ဆုံးရှုံးနေရသော စခန်းကြီး၊ စခန်းငယ်များက သက်သေပြနေခြင်းပင် ဖြစ်တယ်လို့ ဆိုပါတယ်။

▪️NUG ပြည်ထဲရေးဝန်ကြီး စစ်တောင်းမြစ်အနောက်ကမ်း စစ်မြေပြင်မှ ရဲဘော်များအား သွားရောက် တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်ဟာ စစ်တောင်းမြစ်အနောက်ကမ်းရှိ စစ်မြေပြင်မှ စစ်ကြောင်းများထံသွားရောက်ပြီး အားပေးစကားပြောကြားခဲ့ပါတယ်။ မြေပြင်ကို ကွင်းဆင်းနေတဲ့ NUG ပြည်ထဲရေးဝန်ကြီးဟာ စစ်ဒေသတာဝန်ရှိသူများနှင့် ၂၀၂၃ စစ်ဆင်ရေးရည်မှန်ချက်များအကောင်အထည်ဖော်မှုကို သုံးသပ်ဆွေးနွေးမှုများပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။ စစ်ဆင်ရေးဖော်ဆောင်နိုင်မှုများနဲ့ တိုးတက်မှုများဟာ မဟာမိတ် KNLAရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) စစ်ကြောင်းများ​ရဲ့ အမိန့်နာခံမှု တိုက်စွမ်းရည်ပြည့်ဝမှုတို့ကြောင့် အဓိကဖြစ်ပြီး မဟာမိတ်ဆက်ဆံရေးဟာ စစ်ကောင်စီအပြီးသတ်ချေမှုန်းရေးအတွက် အဓိကကျတဲ့ အောင်နိုင်ရေးသော့ချက်ဖြစ်သလို ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်လည်း အရေးကြီးကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

▪️မန်တုံ( ရူ​ကော)ရှိ ဗျူဟာစခန်းအပါအဝင် စစ်ကောင်စီစခန်းအားလုံး ချေမှုန်းနိုင်ပြီး မြို့ထိန်းချုပ်နိုင်ဟု TNLA​ကြေညာ

ရှမ်းမြောက် မန်တုံ(ရူ​ကော)မြို့ရှိ စစ်ကောင်စီ​ရဲ့ ဗျုဟာမှူးအခြေချ ကွပ်ကဲနေတဲ့ တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ပြီလို့ ဒီနေ့ မနက်ပိုင်း သတင်းထုတ်ပြန်ပါတယ်။ တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLAက အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ရာ ရရှိခဲ့တဲ့ လက်နက်ကြီး လက်နက်ငယ်များ၊ ကျည်၊ ခဲယမ်းများကို ဒီနေ့ နေ့ခင်းမှာ ထုတ်ပြန်ပြသပါတယ်။ မန်တုံမြို့နယ် စစ်ကောင်စီတပ်စခန်းများကို ဒီဇင်ဘာ ၁၉ ရက်မှ စတင်တိုက်ခိုက်ခဲ့ရာ လေးရက်အကြာ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းမှာ စစ်ကောင်စီ ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်တဲ့ ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနဲ့ စကစဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ အသိပေးပါတယ်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းများ၊ ၁၅၅ ဟောင်ဝစ်ဇာအမြောက် (၂)လက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ TNLA ဟာ မိုင်းလုံမြို့၊ နမ့်ဆန်မြို့နဲ့ နမ့်ခမ်းမြို့တို့ကို သိမ်းပိုက်ခဲ့ပြီးနောက် စတုတ္ထမြောက်မြို့အဖြစ် မန်တုံမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

▪️မြောက်ဦးမြို့မရဲစခန်းကို AA စီးနင်းတိုက်ခိုက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က ဒီနေ့ မနက်အ​စောပိုင်းမှာ စီးနင်းတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ရင်းနှစ်ခုက မြောက်ဦးမြို့ထဲသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ရာ အရပ်သားငါးဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။ မြောက်ဦးမြို့မရဲစခန်းကို စီးနင်းတိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။

▪️ကျောက်ဖြူနဲ့ ပလက်၀မှာ AAနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်
👍1614