People's Spring
62.4K subscribers
67.1K photos
1.18K videos
7 files
2.92K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
40👍13🔥1🥰1
NUG ပြည်ထဲရေးဝန်ကြီး စစ်တောင်းမြစ်အနောက်ကမ်း စစ်မြေပြင်မှ ရဲဘော်များအား သွားရောက် တွေ့ဆုံ

▪️မဟာမိတ်ဆက်ဆံရေးသည် စစ်ကောင်စီအပြီးသတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်နိုင်ငံတည်ဆောက် ရေး အဓိကကျဟု ဝန်ကြီး ဦးလွင်ကိုလတ်ပြော

သက်ဝေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီအဖွဲဝင် ဦးလွင်ကိုလတ်သည် စစ်တောင်းမြစ်အနောက်ကမ်းရှိ စစ်မြေပြင်မှ စစ်ကြောင်းများထံသွားရောက်ပြီး အားပေးစကားပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် ကာကွယ်ရေးဝန်ကြီးဦ၏ အမှာစကားနှင့် လမ်းညွန်မှုများကိုလည်း စစ်ကြောင်းမူးများနှင့်ရဲဘော်များအား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် စစ်ဒေသတာဝန်ရှိသူများနှင့် ၂၀၂၃ စစ်ဆင်ရေးရည်မှန်ချက်များအကောင်အထည် ဖော်မှုကို သုံးသပ်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း အသိပေးသည်။

စစ်ဆင်ရေးဖော်ဆောင်နိုင်မှုများနှင့် တိုးတက်မှုများသည် မဟာမိတ် KNLA၏ ဦးဆောင်ကွပ်ကဲမှုနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) စစ်ကြောင်းများ​၏ အမိန့်နာခံမှု တိုက်စွမ်းရည်ပြည့်ဝမှုတို့ ကြောင့်အဓိကဖြစ်ကြောင်းနှင့် မဟာမိတ်ဆက်ဆံရေးသည် စစ်ကောင်စီအပြီးသတ်ချေမှုန်းရေးအတွက် အဓိကကျတဲ့ အောင်နိုင်ရေးသော့ချက်ဖြစ်သကဲ့သို့ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်လည်း အရေးကြီးကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ကြောင့် မဟာမိတ်ဆက်ဆံရေး ပိုမိုကောင်းမွန် လာရေးသည် တော်လှန်ရေးအောင်မြင်မှုနှင့်တိုက်ရိုက်အချိုးကျ၍ တာဝန်ရှိ ခေါင်းဆောင်များအကြားတွင်သာမက ကွပ်ကဲရေးမူးများကြား ရဲဘော်များအကြားမှာပါ အချင်းချင်း ယုံကြည်မှုများ တိုးတက်နေအောင်‌ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထိုနောက် ဒုစစ်ဒေသမှူးရဲဘော်တင်ဦးအပါ အဝင် စစ်ကြောင်းတာဝန်ရှိသူများနှင့် စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ NUG မှ ဖြည့်ဆည်းဆောင်ရွက်ရမည့် လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။


(ပြည်ထဲရေးဝန်ကြီး စစ်တောင်းမြစ်အနောက်ကမ်းရှိ စစ်မြေပြင်မှ စစ်ကြောင်းများနှင့် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - ပေးပို့)
👍43👏149🥰1🤣1
မန်တုံ စစ်ကောင်စီဗျူဟာကုန်းမှသိမ်းရသည့် လက်နက်
ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများကို TNLA ထုတ်ပြန်ပြသ

မိုးမိုး/People’s Spring

ရှမ်းမြောက် မန်တုံမြို့(ရူ​ကောမြို့ )ရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA က အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ရာ ရရှိခဲ့သည့် လက်နက်ကြီး လက်နက်ငယ်များ၊ ကျည်၊ ခဲယမ်းများကို ယနေ့ နေ့လည်ပိုင်းတွင် TNLAက ထုတ်ပြန်ပြသခဲ့သည်။

မန်တုံမြို့နယ် စစ်ကောင်စီတပ်စခန်းများကို ဒီဇင်ဘာ ၂၂ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

TNLAက ဖော်ပြခဲ့သည့် ဓာတ်ပုံတွင် စစ်ကောင်စီတပ်ထံမှ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးအများအပြား၊ စက်သေနတ်ကြီး များ၊ လက်နက်ငယ်များ၊ ခဲယမ်းကျည်များစွာကို တွေ့ရသည်။ ယင်းတိုက်ပွဲ၌ ဟောင်ဝစ်ဇာအမြောက် ၂လက်ရရှိကြောင်း TNLAက ထုတ်ပြန်သည်။ ဓာတ်ပုံပါ လက်နက်များကို ရေတွက်ကြည့်ရာ လက်နက်ကြီးမျိုးစုံ ၁၀လက်ထက်မနည်း၊ စက်သေနတ်အကြီး ၄လက်ထက်မနည်းအပါအဝင် စက်သေနတ်များစွာ၊ RPG ၇လက်ထက်မနည်း၊ လက်နက်ငယ်အများအပြား လက်နက်ကြီးကျည်များ၊ မိုင်းများ၊ ခဲယမ်းသေတ္တာပုံများကို တွေ့ရသည်။

မန်တုံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီး မြို့ကို TNLAက ထိန်းချုပ်ထားသည်။
30👍9👏4🥰1
ဓါတ်ပုံ-TNLA
38👍9👏6🥰1
နိုင်ငံတကာရောက် ကရင်လူမျိုးများကို KNU တွေ့ဆုံ၊ နိုင်ငံရေး၊ စစ်ရေးအခြေအနေများ ပြောပြ

ထိုက်ထိုက်/People’s Spring

နိုင်ငံတကာရောက် ကရင်အမျိုးသား ခေါင်းဆောင်များ၊ ကရင်လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ကရင်ပြည်သူများကို ကရင်အမျိုးသားအစည်းအရုံး(KNU)က တွေ့ဆုံပြီး လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို အသိပေးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

နိုင်ငံတကာရောက် ကရင်လူမျိုးများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို KNU ဗဟို ဌာနချုပ်၌ ဒီဇင်ဘာ ၂၁ရက်မှ ၂၂ရက်‌အထိ ကျင်းပခဲ့သည်ဟု ဆိုသည်။

ယခု တွေ့ဆုံမှုသည် ကရင်အမျိုးသားအစည်း အရုံး၏ လုပ်ဆောင်မှုသတင်းအခြေအနေ နိုင်ငံရေး၊စစ်ရေး ၊တိုက်ပွဲများ လက်ရှိမြေပြင်မှာဖြစ်နေသည့် အခြေအနေများကို သိစေလို၍ ဖြစ်ကြောင်း KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်ဟု ဖော်ပြသည်။

"ဒီမှာရှိတဲ့ ကရင်လူမျိုးတွေအနေနဲ့‌ကော နိုင်ငံရပ်ခြားမှာရှိနေတဲ့ကရင်လူမျိုးအနေနဲ့ကော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကချမှတ်ထားတဲ့ မူဝါဒအတိုင်း ကရင်လူမျိုးများအားလုံး မျှော်မှန်းထားတဲ့ ပန်းတိုင်ရောက်ရှိအောင် အတူတကွလက်တွဲပြီး လျှောက်လှမ်း ကြဖို့အရမ်းအရေးကြီးတယ်”ဟုလည်း ပဒိုစောလှထွန်းက ပြောကြားသည်။

အခမ်းအနားတွင် ကရင်အမျိုးသားအလံတော် အားအလေးပြုခြင်းနှင့် ကရင့်တော်လှန်ရေးအတွင်း မြင့်မြတ်စွာအသက်ပေးခဲ့ကြသည့် ရဲဘော်များ၊ ပြည်သူများနှင့် အာဇာနည်ခေါင်းဆောင် များတို့အား ဂါရဝပြု ငြိမ်သက်ခြင်း ဖြင့်စတင်ပြီး KNU ဗဟိုမှ အုပ်ချုပ်‌ရေး ဘက်ဆိုင်ရာခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ တပ်ပိုင်း ဆိုင်ရာ ခေါင်းဆောင်များ၊နိုင်ငံတကာရောက် ကရင်အမျိုးသားခေါင်းဆောင်များ၊ ကရင်လူမှုအဖွဲ့ စည်း ခေါင်းဆောင်များနှင့် ကရင်ပြည်သူများ တက်ရောက်ခဲ့ကြသည်ဟု ထုတ်ပြန်သည်။

အခမ်းအနားတွင် KNU ဗဟို အလုပ်မှုဆောင် ကော်မတီဝင်တစ်ဦး ဖြစ်သည့် ပဒို-နော်ဒါးဒါး၊ KNU တရားသူကြီးချုပ် ပဒို-နော်မြိုင်ဖိုး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ စစ်ဦးစီး(ပထမတန်း) ဗိုလ်မှူးချုပ်-စောတာမလာသော၊ KNLA တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းဖန်းလုံ့ဟိန်းတို့သည် တတ်ရောက်လာသော နိုင်ငံတကာ‌‌ရောက် ကရင်လူမျိုးများအား နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
👍383👏2
👍351👏1