People's Spring
62.4K subscribers
67.1K photos
1.18K videos
7 files
2.92K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
17👏9👍6🤮2🥰1
ဖားကန့်မြို့နယ်ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်

သုည/People's Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မှော်လှည်သပိတ်နှင့် ဆိုင်းတောင်သပိတ်အင်အားစုတို့ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ် ယနေ့ (ဒီဇင်ဘာ ၂၄) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။

သပိတ်အင်အားစုများက "စနစ်ပြောင်းဖို့အတွက် တော်လှန်ရေးတစ်ပါး အခြားမရှိ" ၊ "တော်လှန်ရေးအစသပိတ်က အသံမတိတ်ဒို့သပိတ် သပိတ်ဆင်နွှဲနွေဦးအောင်ပွဲ" ၊ "ငါတို့မှာ ငါတို့ရှိတယ် ငါတို့နိုင်ကိုနိုင်ရမယ်"၊ "ငါတို့နိုင်မှာ" စသည့် စာသားများကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲနေသော မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးများကိုလည်း ထောက်ခံကြောင်း သပိတ်အင်အားစုများက ကြွေးကြော်ခဲ့ကြသည်။

ဓာတ်ပုံ - CJ
👍17👏156🥰1🤮1
👏1710👍5🤮2🥰1
TNLA​၏ မန်တုံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောက်စီ​၏ ဟောင်ဝစ်ဇာ နှစ်လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားရ

မိုးမိုး/People’s Spring

ရှမ်းမြောက် မန်တုံ(ရူကော)မြို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲရာ၌ စစ်ကောင်စီတပ်ထံမှ ဟောင်ဝစ်ဇာအမြောက် ၂လက် အပါအဝင်လက်နက်ခဲယမ်းများ၊ မိုင်းများရရှိခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်ထားပြီး စစ်မြေပြင်၌ သတင်းရယူနေသည့် ဒေသအခြေစိုက် ရွှေဖီမြေက သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ၏ ဓာတ်ပုံကို ယနေ့ နေ့လယ်ပိုင်း၌ ဖော်ပြခဲ့သည်။

မန်တုံမြို့ကို TNLAက ဒီဇင်ဘာ ၁၉ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ ၄ရက်အကြာ ဒီဇင်ဘာ ၂၂ရက် ညနေပိုင်းတွင် မန်တုံ ခလရ(၁၃၀) တပ်ရင်းနေရာအပါအဝင် မြို့နယ်အတွင်းရှိ တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့သည်။

မန်တုံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု၊ အရှင်ဖမ်းဆီးရရှိမှုနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခြေအနေများကို TNLA သတင်းပြန်ကြားရေးသို့ ယနေ့မနက်တွင် မေးမြန်းရာ အသေးစိတ် စာရင်းများ မရသေးဟု ပြောသည်။

ရွှေဖီမြေ၏ မန်တုံတိုက်ပွဲလက်နက်ခဲယမ်းရရှိမှု သတင်းဖော်ပြချက်တွင် လက်နက်ငယ်အများအပြား၊ လက်နက်ကြီးများ၊ စက်သေနတ်များ၊ ဟောင်ဝစ်ဇာအမြောက်တို့ကို TNLAက သိမ်းပိုက် ရရှိထားသည့် မြင်ကွင်းနှင့် TNLA ရဲဘော်များ အောင်ပွဲခံနေမှု မြင်ကွင်းများကို တွေ့ရသည်။

TNLA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး ၅၈ရက်အတွင်း စစ်ကောင်စီထံမှ ဟောင်ဝစ်ဇာအမြောက် ၇လက်ထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး လေယာဉ်ပစ်စက်သေနတ်များ၊ စက်သေနတ်၊ လက်နက်ကြီး၊ လက်နက်ငယ်အများအပြားနှင့် ခဲယမ်း၊ ကျည်အများအပြားကို သိမ်းပိုက်ရရှိထားသည်။

ထို့ပြင် မန်တုံ၊ နမ့်ဆန်၊ နမ့်ခမ်းနှင့် မိုင်းလုံမြို့ ၄မြို့ကို အလုံးစုံထိန်းချုပ်ထားပြီးဖြစ်သည်ဟု အသိပေးထားသည်။
26👍13👏4🤣2🥰1
27👍8👏3🥰2🤣2
31👏7👍6🥰2🤣1
(မန်တုံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ရွှေဖီမြေသတင်းဌာန)
27👏6👍4🥰2🤣1
︎Photo News

"သံလွင်ငြိမ်းချမ်း​ရေးဥယျာဥ် ၅ ကြိမ်​မြောက်ညီလာခံ​အောင်မြင်စွာပြုလုပ်"

-People's Spring

သံလွင်ငြိမ်းချမ်းရေးဥယျာဉ် (SPP) ရဲ့ ၅ ကြိမ်မြောက် အထွေထွေညီလာခံကို SPP ရဲ့ အုပ်ချုပ်မှုကော်မတီ ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းနဲ့အတူ အောင်မြင်စွာကျင်းပခဲ့ပါတယ် ။ ငြိမ်းချမ်းရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖန်တီး ဖို့၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ နဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်း​တွေ ခိုင်မာစေဖို့ သန္နိဋ္ဌာန်နဲ့ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်မှ ပြည်သူ​တွေဟာသူတို့ရဲ့ ၎င်းလုပ်ဆောင်ချက်​တွေကို ပြန်လည်သုံးသပ်ဖို့အတွက် ဒီဇင်ဘာလ ၁၈ ရက်က​နေ ၂၁ ရက်အထိ ထပ်မံစုရုံးစည်း​ဝေးခဲ့ကြပါတယ် ။ကော်မတီ နဲ့ အနာဂတ် ​ဆောင်ရွက်မယ့် အစီအစဉ်​တွေ​ဝိုင်းဝန်း​ရေးဆွဲခဲ့ကြပါတယ်။ စစ်​ကောင်စီတပ်ရဲ့ တိုက်ခိုက်မှု၊ ဗုံးကြဲမှုနဲ့ အကြမ်းဖက်မှု​တွေကြောင့် သံလွင်ငြိမ်းချမ်းရေး ပန်းခြံမှ ပြည်သူ​တွေဟာ နောက်ပြန်ဆုတ်မှာမဟုတ်ပါဘူး။ ​ဒေသခံတိုင်းရင်းသား​တွေရဲ့ဘိုးဘွားနယ်မြေ​တွေ ၊ ဇီဝမျိုးစုံမျိုးကွဲ​တွေ ၊လူသားနဲ့ သဘာဝတို့ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့ ရိုးရာအလေ့အထ​တွေကို ကာကွယ်ဖို့အတွက် ၎င်းတို့လုပ်ဆောင်ရမည့်အရာများကို ဆက်လက်လုပ်ဆောင်ကြမယ်လို့ သံဓိဌာန်ချခဲ့ကြပါတယ် ။

သံလွင်ငြိမ်းချမ်း​ရေးဥယျာဥ်ကိုကရင်ပြည်နယ်၊ မု​တြော်ခရိုင်အတွင်းက မြို့နယ် ၃ မြို့နယ်၊​ကျေးရွာပေါင်း ၂၃ ရွာ က ကိုယ်စားလှယ် ၃၀၀ ​ကျော်နဲ့ လွန်ခဲ့တဲ့ ၅ နှစ်က ဖွဲ့စည်းခဲ့တာပါ။​တောရိုင်းတိရစ္ဆာန်​တွေ၊သစ်​တောလုပ်ငန်း ၊ ကာကွယ်​စောင့်​ရှောက်ထားတဲ့ဧရိယာ​တွေကာကွယ်ဖို့နဲ့ အသက်​မွေးလုပ်ငန်း​တွေ ဖွံ့ဖြိုးပြီး​တော့ ပိုမိုငြိမ်းချမ်းပြီးသဘာဝနဲ့ လိုက်​လျောညီ​ထွေတဲ့​နေရာတစ်ခုဖြစ်လာရည်ရွယ်တည်​ထောင်ခဲ့တာပါ။ ဥယျာဉ်ကို ဒေသခံကရင်ပြည်သူ​တွေက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်မှာ တရားဝင် စတင်တည်ထောင်ခဲ့ပြီး​တော ကော် ၁၆၈ ခု၊ ဒေသနေပြည်သူ အစုအဖွဲ့ပိုင်သစ်တော ၃၄ ခု၊ ထိန်းသိမ်းထားတဲ့ သစ်တော ၈ ခု ၊ ဘေးမဲ့တော ၃ ခု ပါဝင်ပြီး​တော့ ဥယျာဥ်ဟာ ဟက်တာ​ပေါင်း ၅၅၀,၀၀၀ နီးပါး( ဧက​ပေါင်း ၁.၄ သန်းနီးပါး) ကျယ်ပြန့်ပါတယ် ။
👍279🔥1
ဓါတ်ပုံ-သံလွင်ငြိမ်းချမ်း​ရေးဥယျာဥ်
👍2313🔥1