People's Spring
62.4K subscribers
67.1K photos
1.18K videos
7 files
2.92K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
တိုက်ပွဲနှင့်နီးသည့် ပြည်သူများအား ရှောင်ရှားခိုင်းပါက ခွဲခြားမှုမရှိဘဲ ပြည်သူအားလုံးကို အသိပေးဟု TNLA တုံ့ပြန်

ဝင်းမောင်/People’s Spring

တိုက်ပွဲနှင့်နီးစပ်သည့် နေရာများရှိ ပြည်သူလူထုများအား ရှောင်ပေးရန် အသိပေးရာတွင် တအာင်းလူထုကိုသာ ခွဲခြားရှောင်ခိုင်းခြင်းမဟုတ်ဘဲ တိုက်ပွဲအနီးရှိ ပြည်သူအားလုံးကို အသိပေးလေ့ရှိကြောင်း တအာင်းတပ်မတော်(TNLA) ပြန်ကြားရေးအရာရှိက ပြောသည်။

ကွတ်ခိုင်တွင် တအာင်းလူမျိုးများကိုသာ TNLA က ရွှေ့ပြောင်းရန် ပြောဆိုကြောင်း ဒေသခံကိုကိုးကားပြီး သတင်းဌာနအချို့က ဖော်ပြမှုအပေါ် TNLAက အထက်ပါအတိုင်း တုံ့ပြန်ရှင်းပြခြင်းဖြစ်သည်။

“တကယ်လို့ တိုက်ပွဲအခြေအနေအရ မဖြစ်မနေ တပ်နဲ့နီးတဲ့နေရာဆို အကုန်လုံးကို ရှောင်ခိုင်းပါတယ်။ကွက်ပြီး ခိုင်းတာမျိုးတော့မဟုတ်ဘူးပေါ့နော်။ နီးစပ်ရာမှာ တိုက်ပွဲဖြစ်မယ့်အကြောင်းဆိုရင်အားလုံးကို ကြိုတင်ပြီး အသိပေးတာမျိုးရှိတယ်"ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။

TNLA အနေဖြင့် အာဏာရှင် အမြစ်ပြတ်ရေး ဆောင်ရွက်ရာ၌ ခွဲခြားမှုမရှိ အားလုံး ပူးပေါင်း ပါဝင်ရေးကို ဖိတ်ခေါ်သည်ဟု ပြောသည်။

"ကျမတို့ဆီမှာ အဲဒီလို ခွဲခြားတာမျိုးမရှိဘူး။ ဒီတော်လှန်ရေးက အာဏာရှင်အမြစ်ပြတ်ရေးဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ အားလုံး ပူးပေါင်းပါဝင်တိုက်ခိုက်ရမယ့်အပိုင်းဖြစ်တယ်။ ကျမတို့ TNLA ဖော်ဆောင်တဲ့နေရာမှာလည်း ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။ နောက်တစ်ခုက ဒီလိုမျိုး တိုက်ပွဲဖြစ်လို့ ရှောင်ခိုင်းတယ်ဆိုရင်လည်း တအာင်းကိုပဲ ရွေးပြီး ရှောင်ခိုင်တာမျိုးမဟုတ်ဘဲ နီးစပ်ရာဝန်းကျင်တွေ အားလုံးရှောင်ပေးဖို့ ကျမတို့ အဲဒီလို သဘောထားရှိပါတယ်"ဟု TNLA ပြန်ကြားရေးအရာရှိက ပြောသည်။

လက်ရှိတွင် TNLAက မိုင်းလုံမြို့ကို နိုဝင်ဘာအတွင်းက သိမ်းပိုက်ထားပြီး နမ့်ဆန်၊ နမ့်ခမ်းနှင့် မန်တုံမြို့များကို ဒီဇင်ဘာ အတွင်းသိမ်းပိုက်ထားသည်။ တိုက်ပွဲဖြစ်ပွားရာဒေသတွင် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ စစ်ကောင်စီက ပြုလုပ်ခဲ့၍ အရပ်သားထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်။

TNLAသည် ယခုရက်ပိုင်းများအတွင်း နမ္မတူ၊ ကွတ်ခိုင်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
👍338👏8🤮2
27👍10👏7🥰2🤮1
(တအာင်းတပ်မတော်(PSLF/TNLA) ထိပ်ပိုင်းခေါင်းဆောင်များ ၂၀၂၂ ဒီဇင်ဘာနွင် နန့်ဆန်မြို့နယ်၊ ကုန်းသာရွာသို့ သွားရောက်တွေ့ဆုံခဲ့ပြီး ကျေးရွာများနှင့် စစ်ဘေးသင့် ပြည်သူများအား တွေ့ဆုံနေစဥ်၊ ဓာတ်ပုံ - news & information department)
21👏10👍7🥰1🤮1
TNLA​၏ မန်တုံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောက်စီ​၏ ဟောင်ဝစ်ဇာ နှစ်လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားရ

မိုးမိုး/People’s Spring

ရှမ်းမြောက် မန်တုံ(ရူကော)မြို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲရာ၌ စစ်ကောင်စီတပ်ထံမှ ဟောင်ဝစ်ဇာအမြောက် ၂လက် အပါအဝင်လက်နက်ခဲယမ်းများ၊ မိုင်းများရရှိခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်ထားပြီး စစ်မြေပြင်၌ သတင်းရယူနေသည့် ဒေသအခြေစိုက် ရွှေဖီမြေက သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ၏ ဓာတ်ပုံကို ယနေ့ နေ့လယ်ပိုင်း၌ ဖော်ပြခဲ့သည်။

မန်တုံမြို့ကို TNLAက ဒီဇင်ဘာ ၁၉ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ ၄ရက်အကြာ ဒီဇင်ဘာ ၂၂ရက် ညနေပိုင်းတွင် မန်တုံ ခလရ(၁၃၀) တပ်ရင်းနေရာအပါအဝင် မြို့နယ်အတွင်းရှိ တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့သည်။

မန်တုံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု၊ အရှင်ဖမ်းဆီးရရှိမှုနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခြေအနေများကို TNLA သတင်းပြန်ကြားရေးသို့ ယနေ့မနက်တွင် မေးမြန်းရာ အသေးစိတ် စာရင်းများ မရသေးဟု ပြောသည်။

ရွှေဖီမြေ၏ မန်တုံတိုက်ပွဲလက်နက်ခဲယမ်းရရှိမှု သတင်းဖော်ပြချက်တွင် လက်နက်ငယ်အများအပြား၊ လက်နက်ကြီးများ၊ စက်သေနတ်များ၊ ဟောင်ဝစ်ဇာအမြောက်တို့ကို TNLAက သိမ်းပိုက် ရရှိထားသည့် မြင်ကွင်းနှင့် TNLA ရဲဘော်များ အောင်ပွဲခံနေမှု မြင်ကွင်းများကို တွေ့ရသည်။

TNLA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး ၅၈ရက်အတွင်း စစ်ကောင်စီထံမှ ဟောင်ဝစ်ဇာအမြောက် ၇လက်ထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး လေယာဉ်ပစ်စက်သေနတ်များ၊ စက်သေနတ်၊ လက်နက်ကြီး၊ လက်နက်ငယ်အများအပြားနှင့် ခဲယမ်း၊ ကျည်အများအပြားကို သိမ်းပိုက်ရရှိထားသည်။

ထို့ပြင် မန်တုံ၊ နမ့်ဆန်၊ နမ့်ခမ်းနှင့် မိုင်းလုံမြို့ ၄မြို့ကို အလုံးစုံထိန်းချုပ်ထားပြီးဖြစ်သည်ဟု အသိပေးထားသည်။
👍436👏6🥰1🤣1
(မန်တုံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ရွှေဖီမြေသတင်းဌာန)
👏26👍95🥰1🤣1
"မင်းအောင်လှိုင်ဟာ တရုတ်-မြန်မာနှစ်နိုင်ငံလုံး၏ဘုံရန်သူ"ဟု ကြွေးကြော်ဆန္ဒပြသည့် မုံရွာလူထုသပိတ်

သုည/People's Spring

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တစ်နေရာတွင် ယနေ့ (ဒီဇင်ဘာ ၂၄) နံနက်၌ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ဦးဆောင်၍ ပြည်သူလူထု ရာချီစုဝေးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် တိုက်ပွဲဆင်နွှဲခဲ့ကြသည်။

အဆိုပါသပိတ်ကို အရာတော်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်များနှင့် ဒေသခံ တက်ကြွလှုပ်ရှားသူ လူငယ်များလည်း ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့ကြသည်။

ပြည်သူများက "မင်းအောင်လှိုင်ဟာ တရုတ်-မြန်မာနှစ်နိုင်ငံလုံး၏ ဘုံရန်သူ" ၊ "ဆွေးနွေးပွဲအကြောင်းပြ အပါအဝင် ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စု အသက်ဆက်ရေး လုပ်ရပ်မှန်သမျှ အလိုမရှိ အလိုမရှိ"ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာအနေဖြင့် ပြည်သူလူထု ဆန္ဒကို မျက်ကွယ်ပြု လျစ်လျူရှူပြီး အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်ရေးလုပ်ရပ်များကို မပြုလုပ်ကြရန်၊ ပြည်သူလူထုကို အစစ်အမှန်ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများကိုသာ ပံ့ပိုးကူညီကြရန် တောင်းဆိုခဲ့ကြသည်။

ထို့အပြင် တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်ဆွေးနွေးပွဲအကြောင်းပြ အပါအဝင် စစ်ရှုံးနေပြီဖြစ်သည့် အကြမ်းဖက် စစ်အုပ်စု အသက်ဆက်ရေး လုပ်ရပ်မှန်သမျှကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြရန်နှင့် မြန်မာပြည်သူ လူထု အနိုင်ရရှိရေးကိုသာ လူသားချင်းစာနာစိတ် ဖြင့် ဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းနှိုးဆော်လိုက်သည်။

ဓာတ်ပုံ - မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
👍4311🤮1
👏138👍4🤮2🥰1
17👏9👍6🤮2🥰1
ဖားကန့်မြို့နယ်ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်

သုည/People's Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မှော်လှည်သပိတ်နှင့် ဆိုင်းတောင်သပိတ်အင်အားစုတို့ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ် ယနေ့ (ဒီဇင်ဘာ ၂၄) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။

သပိတ်အင်အားစုများက "စနစ်ပြောင်းဖို့အတွက် တော်လှန်ရေးတစ်ပါး အခြားမရှိ" ၊ "တော်လှန်ရေးအစသပိတ်က အသံမတိတ်ဒို့သပိတ် သပိတ်ဆင်နွှဲနွေဦးအောင်ပွဲ" ၊ "ငါတို့မှာ ငါတို့ရှိတယ် ငါတို့နိုင်ကိုနိုင်ရမယ်"၊ "ငါတို့နိုင်မှာ" စသည့် စာသားများကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲနေသော မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးများကိုလည်း ထောက်ခံကြောင်း သပိတ်အင်အားစုများက ကြွေးကြော်ခဲ့ကြသည်။

ဓာတ်ပုံ - CJ
👍17👏156🥰1🤮1
👏1710👍5🤮2🥰1
TNLA​၏ မန်တုံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောက်စီ​၏ ဟောင်ဝစ်ဇာ နှစ်လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားရ

မိုးမိုး/People’s Spring

ရှမ်းမြောက် မန်တုံ(ရူကော)မြို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲရာ၌ စစ်ကောင်စီတပ်ထံမှ ဟောင်ဝစ်ဇာအမြောက် ၂လက် အပါအဝင်လက်နက်ခဲယမ်းများ၊ မိုင်းများရရှိခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်ထားပြီး စစ်မြေပြင်၌ သတင်းရယူနေသည့် ဒေသအခြေစိုက် ရွှေဖီမြေက သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ၏ ဓာတ်ပုံကို ယနေ့ နေ့လယ်ပိုင်း၌ ဖော်ပြခဲ့သည်။

မန်တုံမြို့ကို TNLAက ဒီဇင်ဘာ ၁၉ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ ၄ရက်အကြာ ဒီဇင်ဘာ ၂၂ရက် ညနေပိုင်းတွင် မန်တုံ ခလရ(၁၃၀) တပ်ရင်းနေရာအပါအဝင် မြို့နယ်အတွင်းရှိ တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့သည်။

မန်တုံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု၊ အရှင်ဖမ်းဆီးရရှိမှုနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခြေအနေများကို TNLA သတင်းပြန်ကြားရေးသို့ ယနေ့မနက်တွင် မေးမြန်းရာ အသေးစိတ် စာရင်းများ မရသေးဟု ပြောသည်။

ရွှေဖီမြေ၏ မန်တုံတိုက်ပွဲလက်နက်ခဲယမ်းရရှိမှု သတင်းဖော်ပြချက်တွင် လက်နက်ငယ်အများအပြား၊ လက်နက်ကြီးများ၊ စက်သေနတ်များ၊ ဟောင်ဝစ်ဇာအမြောက်တို့ကို TNLAက သိမ်းပိုက် ရရှိထားသည့် မြင်ကွင်းနှင့် TNLA ရဲဘော်များ အောင်ပွဲခံနေမှု မြင်ကွင်းများကို တွေ့ရသည်။

TNLA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး ၅၈ရက်အတွင်း စစ်ကောင်စီထံမှ ဟောင်ဝစ်ဇာအမြောက် ၇လက်ထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး လေယာဉ်ပစ်စက်သေနတ်များ၊ စက်သေနတ်၊ လက်နက်ကြီး၊ လက်နက်ငယ်အများအပြားနှင့် ခဲယမ်း၊ ကျည်အများအပြားကို သိမ်းပိုက်ရရှိထားသည်။

ထို့ပြင် မန်တုံ၊ နမ့်ဆန်၊ နမ့်ခမ်းနှင့် မိုင်းလုံမြို့ ၄မြို့ကို အလုံးစုံထိန်းချုပ်ထားပြီးဖြစ်သည်ဟု အသိပေးထားသည်။
26👍13👏4🤣2🥰1
27👍8👏3🥰2🤣2
31👏7👍6🥰2🤣1