People's Spring
62.4K subscribers
67K photos
1.17K videos
7 files
2.92K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍3715👏6🤣2🥰1
မန်တုံ( ရူ​ကော)ရှိ ဗျူဟာစခန်းအပါအဝင် စစ်ကောင်စီစခန်းအားလုံး ချေမှုန်းနိုင်ပြီး မြို့ထိန်းချုပ်နိုင်ဟု TNLA​ကြေညာ

▪️ဟောင်ဝစ်ဇာ၂လက်အပါအဝင် လက်နက်ခဲယမ်းများစွာရ၊ မန်တုံအပါအဝင် မြို့ ၄မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု အသိပေး

▪️စစ်ကောင်စီက လေကြောင်းအကူ ၂၆၅ကြိမ်၊ ဗုံး အလုံးရေ တစ်ထောင်ကျော်သုံးပြီး စံချိန်တင်လေကြောင်း တိုက်ခိုက်ခဲ့သော်လည်း ၄ရက်အကြာတွင် မြို့ကို လက်လွှတ်ခဲ့ရ

▪️TNLA က မိုင်းလုံမြို့၊ နမ့်ဆန်မြို့ ၊ နမ့်ခမ်းမြို့ နှင့် မိုင်တုံ(ရူ​ကော)မြို့တို့ကို အလုံးစုံထိန်းချုပ်ပြီးဟုအသိ​ပေး

မောင်မောင်/People’s Spring

ရှမ်းမြောက် မန်တုံ(ရူ​ကော)မြို့ရှိ စစ်ကောင်စီ​၏ ဗျုဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ယနေ့မနက်တွင်သ တင်းထုတ်ပြန်သည်။

မန်တုံမြို့နယ် စစ်ကောင်စီတပ်စခန်းများကို ဒီဇင်ဘာ ၁၉ ရက်မှ စတင်တိုက်ခိုက်ခဲ့ရာ ၄ရက်အကြာ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းတွင် စစ်ကောင်စီ ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနှင့် စကစဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု အသိပေးသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက် ခဲယမ်းများ၊ ၁၅၅ ဟောင်ဝစ်ဇာအမြောက် (၂)လက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံ နှင့် စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

မိုင်းလုံမြို့၊ နမ့်ဆန်မြို့နှင့် နမ့်ခမ်းမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် စတုတ္ထမြောက်မြို့အဖြစ် မန်တုံမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်ဟု အသိပေးသည်။

မန်တုံရှိ စစ်ကောင်စီတပ်စခန်းများအပါအဝင် ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း ၅၈ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၆၀ ကျော်ကို TNLAက သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီထံမှ လက်နက်မျိုးစုံများစွာ ရရှိခဲ့ရာ ဟောင်ဝစ်ဇာအမြောက် ၇လက်ထက်မနည်းကို သိမ်းဆည်းနိုင်ခဲ့သည်။

ယခု သိမ်းပိုက်ခဲ့သည့် မန်တုံမြို့ စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းသည် စစ်ဗျုဟာ-၂ လက်အောက်ခံ ခလရ-၁၃၀ တပ်နှင့် တမ-၁၀၁ လက်အောက်ခံ ခလရ-၂၅၄ တို့မှ လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် တပ်ဖြစ်ကြောင်း အသိပေးသည်။

မန်တုံမြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှ Jet Fighter ဖြင့် (၄၃)ကြိမ် ၊ Y12 လေယာဉ်ဖြင့် (၁၈၃)ကြိမ်နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi35 ဖြင့် (၃၀)ကြိမ် အသုံးပြု ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူအပြင် လက်နက်ကြီး ပစ်ကူ အကြိမ်များစွာ အသုံးပြုတိုက်ခိုက်ခဲ့သည်။ မန်တုံမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် (၁၃၇)ကြိမ် ထက်မနည်း မန်တုံမြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ Mi17 ထောက်ပို့ယာ့် စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းများ (၉)ကြိမ် မန်တုံစခန်းကုန်းတွင် လာရောက် ပစ်ချထောက်ပံ့ပေးခဲ့သည်။

မန်တုံတိုက်ပွဲ ၄ရက်တာအတွင်း စစ်ကူအင်အားနှင့် လက်နက်ခဲယမ်း လေကြောင်းမှ ဖြည့်တင်းခြင်းအပါအဝင် လေကြောင်းအကူ ၂၆၅ကြိမ်၊ ဗုံးသီး ၁၀၃၈လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

တစ်ရက်ပျမ်းမျ ဗုံးကြဲတိုက်ခိုက်မှု (၂၅၉)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ရာ ၁၀၂၇စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စံချိန်တင် အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

မန်တုံတပ်စခန်းကို TNLAက တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီက အရပ်ဘက်ကို ဦးတည်တိုက်ခိုက်ခဲ့၍ မန်တုံမြို့နယ် ဒေသခံ (၁)ဦးဒဏ်ရာရရှိကာ ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ လူနေအိမ် (၁၅)လုံး ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးမီးလောင်ခဲ့သည်ဟု ထုတ်ပြန်သည်။

အရပ်သား ထိခိုက်မှုအနည်းဆုံးနှင့် မြို့ကို သိမ်းပိုက်ရရှိခဲ့ခြင်းလည်းဖြစ်သည်။
👍38👏114🤣1
(မန်တုံမြို့ရှိ စစ်ကောင်စီ ​၏ ဗျုဟာမှူးအခြေချကွပ်ကဲနေသည့် တပ်စခန်းအပါအဝင် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများအားလုံး TNLAက အလုံးစုံသိမ်းပိုက်ရရှိပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ - TNLA)
👏24👍104👎1🤣1
39👍12👏3🤣1
မြင်းခြံမြို့နယ်ရှိ ပျူစောထီးရွာအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

အင်ကြင်း/People's Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ညောင်တိုပျူစောထီးကျေးရွာအား ဒရုန်းဖြင့် ဗုံးသီးအလုံး ၂၀ကျော်ချ တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာ ၂၁ ရက် ညနေ ၃ နာရီခန့်မှ နောက်တနေ့ ၂၂ ရက် နံနက် ၃ နာရီခန့်အထိ ညောင်တိုပျူစောထီးကျေးရွာအား မြင်းခြံမြို့နယ် (ပကဖ) အပါအဝင် ဒေသတွင်း PDFများက ဒရုန်းဖြင့် ဗုံးသီး ၂၂လုံးချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ဗိုလ်တစ်ဦးနှင့် ပျူစောထီးတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း မြင်းခြံမြို့နယ် (ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

"ညောင်တိုမှာ တပ်ဆွဲထားတာတော့ကြပြီ။ ရွာခံပျူက အားကောင်းတော့ တပ်က အရင်လိုပုံမှန်မနေတော့ဘူး။"ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တိုက်ခိုက်မှုအား မြင်းခြံမြို့နယ်(ပကဖ) အဖွဲ့၊မြင်းခြံခရိုင်တပ်ရင်း (၁) 27 Revolution Force၊ ဧရာဝတီမင်းသားပြောက်ကျားတပ်၊ Urban Underground Revolution Force၊ 8 Star ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ၂၀ရက်ကလည်း မြင်းခြံမြို့နယ် ညောင်ပင်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသတွင်းPDFများက မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီးငါးလုံးချ တိုက်ခိုက်ခဲ့သေးသည်။
👏22👍21😁1
💩17👏7🤮5🖕5
(အာဏာသိမ်းကာလအစောပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြသည့်ပြည်သူများအား အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သော စစ်ကောင်စီတပ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
👏9💩9🖕4
မြောက်ဦးမြို့မရဲစခန်းကို AA စီးနင်းတိုက်ခိုက်

︎စစ်ကောင်စီလက်နက်ကြီးကြောင့်အရပ်သားငါးဦးဒဏ်ရာရ

နန်းနောင့်နောင့်/People's Spring

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့နံနက်အ​စောပိုင်းတွင် စီးနင်းတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ရင်းနှစ်ခုက မြောက်ဦးမြို့ထဲသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ရာ အရပ်သားငါးဦးထိခိုက်ဒဏ်ရာရရှိထားကြောင်း ​ဒေသခံအချို့က​ပြောသည်။

မြောက်ဦးမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်AAက ယနေ့ (ဒီဇင်ဘာလ ၂၄ရက်)နံနက် ၅ နာရီခန့်မှစ၍ စီးနင်းတိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်​ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီက မြောက်ဦးမြို့အခြေစိုက် ခမရ(၃၇၇) ၊ ခမရ(၃၇၈) တပ်ရင်း တို့မှ လက်နက်ကြီးများဖြင့် အရပ်သား နေထိုင်ရာ နေရာ များ ကို ပစ်ခတ်နေကြောင်း လည်းသိရသည်။

" အရပ်သား ငါးဦး ထိထားတယ်။ဘေးလွတ်ရာ ပို့နေပါတယ်။ အခြေအနေက တိုက်ပွဲပြင်းထန်တယ်ပဲ ပြောပါရစေ" ဟု မြောက်ဦးမြို့ခံတဦးကပြောသည်။

တိုက်ပွဲသည် ယနေ့ နံနက် ၁၀နာရီအထိ အပြင်းအထန်ဖြစ်ပွားနေဆဲဖြစ်ကြောင်း AA နှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။

ရခိုင်ပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် နို
ဝင်ဘာလ၁၃ရက်နေ့က မြောက်ဦးမြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီကရမ်းသမ်းဖြစ်ခဲ့၍ အရပ်သားသုံးဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။
👍337👏5😢2
မြောက်ဦးမြို့မ ရဲစခန်းနှင့် ​မြောက်ဦးမြို့ကို Google Map တွင်​တွေ့ရမှု ။ ဓါတ်ပုံ-CJ
👍387👏4🔥2
ကျောက်ဖြူနှင့် ပလက်၀တွင် AAနှင့် စစ်ကောင်စီ တိုက်ပွဲဆက်ဖြစ်

▪️မြောက်ဦး၊မောင်တောနှင့် ကျောက်တော်တွင် စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရ

▪️စစ်တွေရှိ တောကန်ရွာကို စစ်ကောင်စီမီးရှို့၊ ဒေသခံကုန်သည်၏ စပါးနှင့်ဆန်များ သိမ်းယူ

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့‌ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ၅၈ရက်မြောက် ဒီဇင်ဘာ ၂၃ရက် တိုက်ပွဲသတင်းထုတ်ပြန်ရာ၌ ရက္ခိုင်ဒေသနှင့် ပလက်၀ ဒေသ စစ်ရေး အခြေအနေကို အသိပေးသည်။

ကျောက်ဖြူမြို့နယ်၊ စနဲမြို့မြောက်ဘက် စနဲမြို့နှင့် အဝတောင်ကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားလာ၍ AAနှင့် မိနစ်အနည်းငယ်အကြာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၂ရက်ကလည်း စစ်ကောင်စီ ဓည၀တီ ရေတပ်စခန်းအနီး တွင် AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

AA နှင့် စစ်ကောင်စီတပ်တို့သည် ပလက်ဝမြို့အတွင်း၌လည်း ဒီဇင်ဘာ ၂၂ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာ၌ ဆက်လက်တိုက်ပွဲဖြစ်ခဲ့သည်ဟု အသိပေးသည်။

မြန်မာ-အိန္ဒိယ နယ်စပ် BP-9 ပလက်၀မြို့နယ် မြိတ်၀ရွာ တောင်ဘက် ၅ကီလိုမီတာတွင်ရှိသည့် စစ်ကောင်စီတပ်စခန်းကို AAက သိမ်းပိုက်နိုင်ရေးတိုက်ခိုက်နေခြင်းဖြစ်သည်။

မောင်တောမြို့ မြို့သူကြီးအခြေစိုက် စစ်ကောင်စီ၏ “နခခ (၅) တပ်ရင်း” မှ မောင်တောမြို့နယ်၊ ညောင်ချောင်းအုပ်စု၊ ရွှေရင်အေး ကျေးရွာအား လက်နက်ကြီးဖြင့် (၉) ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီမှ ရွှေရင်အေးကျေးရွာအား ဒရုန်းအသုံးပြုကာ Drop Bomb နှစ်လုံးဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက် ကြဲချတိုက်ခိုက်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ စကခ (၉) တပ်ရင်းမှ ကျောက်တော်မြို့နယ်၊ ပြင်လှကျေးရွာအား တမင် ရည်ရွယ်ချက်ရှိရှိ ဒရုန်းဖြင့် (၂) ကြိမ် လာရောက်၍ ဗုံး (၆)လုံးပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အသက် (၅၄)နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦး လည်ပင်း၌ ဗုံးစထိမှန်ဒဏ်ရာရရှိကာ နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီက အရပ်သားပြည်သူများနေထိုင်ရာ နေရာများသို့ ဒရုန်းဖြင့် တမင်တကာ ဗုံးကြဲချမှုများ အဆက်မပြတ် လုပ်ဆောင်နေခဲ့သောကြောင့် အဆိုပါကျေးရွာနှင့် အနီးအနားကျေးရွာများမှ ဒေသခံအချို့သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်ဟုဆိုသည်။

ကျောက်တော်မြို့နယ်၊ ပြင်လှကျေးရွာတွင်လည်း လက်နက်ကြီး နေအိမ်တစ်လုံးပေါ်၌ ကျရောက် ပေါက်ကွဲခဲ့ ရာမှ အဆိုပါနေအိမ်မှာ မီးလောင်ခဲ့ပြီး နီးစပ်ရာနေအိမ်အချို့မှာလည်း မီးကူးကာ လောင်ကျွမ်းပျက်စီးခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် စစ်တွေမြို့နယ်၊ တောကန် ကျေးရွာရှိ ဒေသခံများ၏ နေအိမ်များအား ဓာတ်ဆီလောင်း၍ တမင်တကာ မီးရှို့ဖျက်ဆီးခဲ့သည့် အပြင် ဆိပ်ကမ်းအနီး၌ရှိသည့် ဒေသခံဆန်ကုန်သည်များ၏ စပါးများနှင့် ဆန်အိတ်ပေါင်း (၈၀၀) အိတ်ခန့်၊ ဆန်ကွဲအိတ် (၁၀)ကျော်တို့အားလည်း အတင်းအဓမ္မလုယူသွားခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

တချိန်တည်း၌ပင် ၎င်းဆိပ်ကမ်းအနီးရှိ ဒေသခံများပိုင်ဆိုင်သော ဆိုင်ကယ် (၃)စီးနှင့် ဟွန်ဒါလှေ များတွင် တပ်ဆင်ထားသည့် အင်ဂျင်စက်များကိုပါ ယူသွားသည်ဟု ဆိုသည်။ထို့ပြင် ဒေသခံဘုတ်သမား နှစ်ဦးအားလည်း ဖမ်းဆီးကာ စစ်တွေအခြေစိုက် BGတပ်သို့ ခေါ်ဆောင်သွားကြောင်း အသိပေးသည်။
👍33🤬7🔥2👏2
28👍9🔥2
(ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တချို့အား ၂ဝ၁၉ ခုနှစ်က တွေ့ရစဉ်။ဓာတ်ပုံ - Arakan Army)
25👍10🔥1
တိုက်ပွဲနှင့်နီးသည့် ပြည်သူများအား ရှောင်ရှားခိုင်းပါက ခွဲခြားမှုမရှိဘဲ ပြည်သူအားလုံးကို အသိပေးဟု TNLA တုံ့ပြန်

ဝင်းမောင်/People’s Spring

တိုက်ပွဲနှင့်နီးစပ်သည့် နေရာများရှိ ပြည်သူလူထုများအား ရှောင်ပေးရန် အသိပေးရာတွင် တအာင်းလူထုကိုသာ ခွဲခြားရှောင်ခိုင်းခြင်းမဟုတ်ဘဲ တိုက်ပွဲအနီးရှိ ပြည်သူအားလုံးကို အသိပေးလေ့ရှိကြောင်း တအာင်းတပ်မတော်(TNLA) ပြန်ကြားရေးအရာရှိက ပြောသည်။

ကွတ်ခိုင်တွင် တအာင်းလူမျိုးများကိုသာ TNLA က ရွှေ့ပြောင်းရန် ပြောဆိုကြောင်း ဒေသခံကိုကိုးကားပြီး သတင်းဌာနအချို့က ဖော်ပြမှုအပေါ် TNLAက အထက်ပါအတိုင်း တုံ့ပြန်ရှင်းပြခြင်းဖြစ်သည်။

“တကယ်လို့ တိုက်ပွဲအခြေအနေအရ မဖြစ်မနေ တပ်နဲ့နီးတဲ့နေရာဆို အကုန်လုံးကို ရှောင်ခိုင်းပါတယ်။ကွက်ပြီး ခိုင်းတာမျိုးတော့မဟုတ်ဘူးပေါ့နော်။ နီးစပ်ရာမှာ တိုက်ပွဲဖြစ်မယ့်အကြောင်းဆိုရင်အားလုံးကို ကြိုတင်ပြီး အသိပေးတာမျိုးရှိတယ်"ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။

TNLA အနေဖြင့် အာဏာရှင် အမြစ်ပြတ်ရေး ဆောင်ရွက်ရာ၌ ခွဲခြားမှုမရှိ အားလုံး ပူးပေါင်း ပါဝင်ရေးကို ဖိတ်ခေါ်သည်ဟု ပြောသည်။

"ကျမတို့ဆီမှာ အဲဒီလို ခွဲခြားတာမျိုးမရှိဘူး။ ဒီတော်လှန်ရေးက အာဏာရှင်အမြစ်ပြတ်ရေးဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ အားလုံး ပူးပေါင်းပါဝင်တိုက်ခိုက်ရမယ့်အပိုင်းဖြစ်တယ်။ ကျမတို့ TNLA ဖော်ဆောင်တဲ့နေရာမှာလည်း ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။ နောက်တစ်ခုက ဒီလိုမျိုး တိုက်ပွဲဖြစ်လို့ ရှောင်ခိုင်းတယ်ဆိုရင်လည်း တအာင်းကိုပဲ ရွေးပြီး ရှောင်ခိုင်တာမျိုးမဟုတ်ဘဲ နီးစပ်ရာဝန်းကျင်တွေ အားလုံးရှောင်ပေးဖို့ ကျမတို့ အဲဒီလို သဘောထားရှိပါတယ်"ဟု TNLA ပြန်ကြားရေးအရာရှိက ပြောသည်။

လက်ရှိတွင် TNLAက မိုင်းလုံမြို့ကို နိုဝင်ဘာအတွင်းက သိမ်းပိုက်ထားပြီး နမ့်ဆန်၊ နမ့်ခမ်းနှင့် မန်တုံမြို့များကို ဒီဇင်ဘာ အတွင်းသိမ်းပိုက်ထားသည်။ တိုက်ပွဲဖြစ်ပွားရာဒေသတွင် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ စစ်ကောင်စီက ပြုလုပ်ခဲ့၍ အရပ်သားထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်။

TNLAသည် ယခုရက်ပိုင်းများအတွင်း နမ္မတူ၊ ကွတ်ခိုင်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
👍338👏8🤮2
27👍10👏7🥰2🤮1
(တအာင်းတပ်မတော်(PSLF/TNLA) ထိပ်ပိုင်းခေါင်းဆောင်များ ၂၀၂၂ ဒီဇင်ဘာနွင် နန့်ဆန်မြို့နယ်၊ ကုန်းသာရွာသို့ သွားရောက်တွေ့ဆုံခဲ့ပြီး ကျေးရွာများနှင့် စစ်ဘေးသင့် ပြည်သူများအား တွေ့ဆုံနေစဥ်၊ ဓာတ်ပုံ - news & information department)
21👏10👍7🥰1🤮1