မြန်မာ-အိန္ဒိယနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ရေး ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပလက်ဝမြို့နယ်၊ အိန္ဒိယနယ်စပ် BP-9 မြိတ်ဝရွာရဲ့ တောင်ဘက် (၅)ကီလိုမီတာအကွာ၊ နယ်စပ်မှတ်တိုင် BP-5 ရဲ့ အရှေ့ဘက်ရှိ ပွိင့် (၃၇၇) စခန်းကို အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ဖို့ AA က ထပ်မံ ကြိုးပမ်းနေတယ်လို့ အသိပေးပါတယ်။ စစ်ကောင်စီတပ်နဲ့ AA တို့ဟာ ရခိုင်ပြည်နယ် မောင်တောနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီိတပ်က လက်နက်ကြီးပစ်ခတ်မှုတွေ ရှိတယ်လို့ သိရပါတယ်။
▪️ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအစီရင်ခံစာပါ မြန်မာနိုင်ငံနှင့်ပတ်သက်၍ မှားယွင်းတဲ့ အချက်အလက်များကို ကန်နိုင်ငံခြားရေးဖယ်ရှား
ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအစီရင်ခံစာ(၂၀၂၂)မှာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ မှားယွင်းဖော်ပြထားတဲ့ အချက်အလက်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖယ်ရှားလိုက်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုများကို လုံးဝဖော်ပြခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDFs)၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရဲ့ အမည်များကိုသာ ဖော်ပြခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများရဲ့ ကန့်ကွက်မှုများကြောင့် ဖယ်ရှားလိုက်တာလို့ သိရပါတယ်။ အစီရင်ခံစာထွက်လာပြီးနောက် ဝေဖန်မှုတွေ ထွက်ပေါ် လာချိန်မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီအစီရင်ခံစာဟာ အမေရိကန်အစိုးရဲ့ မူဝါဒမဟုတ်ဘူးလို့ ရှင်းလင်းခဲ့ပါတယ်။
▪️KNU တပ်မဟာ(၆)မှာ စစ်ကောင်စီလက်နက်ကြီးပစ်လို့ အမျိုးသမီးတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေမှာ အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူနေ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်က စစ်ကောင်စီတပ် စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၀) တပ်ရင်းမှ (၁၂၀) မမ လက်နက်ကြီးများဖြင့် ပြည်သူလူထုနေထိုင်တဲ့ ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် တောင်ကြာအင်းကျေးရွာမှ အသက် (၄၆)နှစ်ရှိ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၁၉ ရက်ကလည်း ခလရ(၂၃၀) တပ်ရင်းမှ ပင်လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ထပ်မံပစ်ခတ်ခဲ့လို့ တောင်ကြာအင်း ကျေးရွာနေ အသက် ၇၁ နှစ်အရွယ်နဲ့ ၆၈ နှစ်အရွယ် အမျိုးသမီးနှစ်ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။
▪️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ လူငယ်အားမာန်သပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်းတို့က တော်လှန်တောင်သူများနဲ့အတူ "China: Stop Killing Myanmar People by Supporting Fascist Criminals" ဘန်နာကိုင်စွဲကာ သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့ပါတယ်။
လက်ပံတောင်းတောင်ဒေသမှာ တော်လှန်ပြည်သူများက "သို့ ... တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" ခေါင်းစဥ်နဲ့ သပိတ်ထွက်ရှိခဲ့ပါတယ်။
ဝက်လက်မြို့နယ် ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ပြည်သူတွေ စုပေါင်းကာ "သို့ .. တရုတ်အစိုးရဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" ဘန်နာ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်သပိတ်မှောက်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း "ဇေယျာတိုင်းရဲ့ ၅/" လူထုသပိတ်စစ်ကြောင်းက "သို့ တရုတ်အစိုးရဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်"၊ "တရုတ်-မြန်မာ အနာဂတ်အတွက် အဖိနှိပ်ခံ ပြည်သူများနဲ့ အတူရပ်" စာသားနဲ့ တရုတ်အစိုးရအနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းနေခြင်းကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် စကြဝတေးမင်းကြီးသပိတ်ကော်မတီဝင်များက "သို့ ... တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကိုသတ်နေတာချက်ချင်းရပ် " စာသားကိုင်ဆောင်ကာ ညသပိတ်ဆင်နွှဲခဲ့ပါတယ်။

👍28👏8❤5🔥1🥰1
စစ်အာဏာရှင်စနစ်ကို ယခုအချိန် လုံးဝဖြုတ်ချနိုင်ရမည်ဟု ယုံကြည်ချက်ပိုခိုင်မာလာဟု ညီနောင်သုံးဖွဲ့ အသိပေး
▪️စစ်ကောင်စီ ပိုမိုချိနဲ့အားလျော့စေရန် တော်လှန်ရေးအဖွဲအဟောင်း၊အသစ်များသာမက ပြည်သူတစ်ရပ်လုံး တိုက်ခိုက်ရမည့်အချိန်ရောက်လာပြီဟု ထုတ်ပြန်
မိုးမိုး/People’s Spring
မြန်မာပြည်သူလူထုတစ်ရပ်လုံးကို ဆယ်စုနှစ်ပေါင်းများစွာ လက်နက်အားကိုးဖြင့် ဖိနှိပ်အနိုင်ကျင့်၊ မုဒိမ်းကျင့်၊ ခိုး၊ ဆိုး၊ လုယက်သတ်ဖြတ်မှုကြောင့် ပြည်သူတစ်ရပ်လုံးမှ မလိုလားသော စစ်ကောင်စီအား ယခုထက် ပိုမိုချိနဲ့ အားလျော့သွားစေရန်အတွက် အားလုံးဝိုင်းဝန်း တော်လှန်တိုက်ခိုက်ရမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး ၅၈ရက်မြောက် ဒီဇင်ဘာ ၂၃ရက် စစ်ရေးအခြေအနေကိုဖော်ပြရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တော်လှန်တိုက်ခိုက်ရာတွင် တော်လှန်ရေးအဖွဲ့အစည်း အဟောင်း၊ အသစ်တို့သာမက မြန်မာပြည်သူလူထုတစ်ရပ်လုံးမှလည်း လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တော်လှန်တိုက်ခိုက်ရမည့်အချိန်သို့ ရောက်လာခဲ့ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ယခုနှစ် အောက်တိုဘာ ၂၇ရက်မှစတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်ဒေသမှ အစပြုခဲ့သော်လည်း ယခုအချိန်တွင် မြန်မာနိုင်ငံအနှံ့ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာပြီး စစ်ကောင်စီ၏အုပ်ချုပ်မှုအောက်တွင် မနေထိုင် လိုသောသူတိုင်းသည်လည်း ရရာလက်နက်၊ ရသည့်နည်းလမ်းပေါင်းစုံဖြင့် တော်လှန်တိုက်ပွဲဝင်နေကြပြီ ဖြစ်သည်ဟု ဆိုသည်။
အဆိုပါမြင်ကွင်းနှင့်အတူ ညီနောင်မဟာမိတ်သုံးဖွဲ့အပါအဝင် မြန်မာနိုင်ငံ၏ စစ်အစိုးရအဆက်ဆက်တွင် တော်လှန်ရေးအဖွဲ့အစည်းများ၏ နေ့စဉ်နှင့်အမျှ အောင်ပွဲရလဒ်များကြောင့် ပြည်သူအပေါင်းစိတ်နှလုံးရွှင်ပြုံးရသော အခိုက်အတန့်များ ဖြစ်ပေါ်စေသည်မှာ အမှန်ပင်ဖြစ်သည်ဟု ဖော်ပြသည်။
"မဖြစ်နိုင်သည်မှာမရှိ" ဟူသောစကားသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် စစ်ကောင်စီကို တော်လှန်နေကြသောသူတိုင်းအတွက် ယုံကြည်မှုခွန်အားကို ပိုမိုရရှိစေကာ စစ်အာဏာရှင်စနစ်ကို ယခင်က မဖြုတ်ချ နိုင်ခဲ့သော်လည်း ယခုအချိန်တွင် လုံးဝဖြုတ်ချနိုင်ရမည်ဟူသော ယုံကြည်ချက်မှာ တစ်ရက်ပြီးတစ်ရက် ပိုမိုခိုင်မာလာ စေခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။
ယင်းယုံကြည်ချက်ပို၍ မှန်ကန်ကြောင်း စစ်ကောင်စီ၏ နေ့စဉ်နှင့်အမျှ စွန့်လွှတ်၊ ဆုံးရှုံးနေရသော စခန်းကြီး၊ စခန်းငယ်များက သက်သေပြနေခြင်းပင် ဖြစ်သည်ဟု ဆိုသည်။
စစ်အာဏာရှင်စနစ်အား တိုက်ထုတ်ကြိုးပမ်းမှုသမိုင်းတလျှောက်တွင် ယနေ့ ဤအချိန်ကာလ၌ မြန်မာ့တပ်မတော်ဟု ခေါ်သော စစ်ကောင်စီအား အမြစ်ပြုတ်မသွားသည့်တိုင် မိမိတို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီတိုက်ပွဲဖော်ဆောင်နိုင်မှုတို့ကြောင့် ဘီလူးရုပ်ပေါ်သွားအောင် ပြုလုပ်နိုင်ခဲ့သည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ရေးအတွက်မူ ယခုထက် ဆက်လက်ကြိုးပမ်းရအုံးမည်ဖြစ်ကြောင်းလည်း ညီနောင် သုံးဖွဲ့က ထုတ်ပြန်အသိပေးခဲ့သည်။

👍54❤10👏3🥰2🤮2
မန်တုံ( ရူကော)ရှိ ဗျူဟာစခန်းအပါအဝင် စစ်ကောင်စီစခန်းအားလုံး ချေမှုန်းနိုင်ပြီး မြို့ထိန်းချုပ်နိုင်ဟု TNLAကြေညာ
▪️ဟောင်ဝစ်ဇာ၂လက်အပါအဝင် လက်နက်ခဲယမ်းများစွာရ၊ မန်တုံအပါအဝင် မြို့ ၄မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု အသိပေး
▪️စစ်ကောင်စီက လေကြောင်းအကူ ၂၆၅ကြိမ်၊ ဗုံး အလုံးရေ တစ်ထောင်ကျော်သုံးပြီး စံချိန်တင်လေကြောင်း တိုက်ခိုက်ခဲ့သော်လည်း ၄ရက်အကြာတွင် မြို့ကို လက်လွှတ်ခဲ့ရ
▪️TNLA က မိုင်းလုံမြို့၊ နမ့်ဆန်မြို့ ၊ နမ့်ခမ်းမြို့ နှင့် မိုင်တုံ(ရူကော)မြို့တို့ကို အလုံးစုံထိန်းချုပ်ပြီးဟုအသိပေး
မောင်မောင်/People’s Spring
ရှမ်းမြောက် မန်တုံ(ရူကော)မြို့ရှိ စစ်ကောင်စီ၏ ဗျုဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ယနေ့မနက်တွင်သ တင်းထုတ်ပြန်သည်။
မန်တုံမြို့နယ် စစ်ကောင်စီတပ်စခန်းများကို ဒီဇင်ဘာ ၁၉ ရက်မှ စတင်တိုက်ခိုက်ခဲ့ရာ ၄ရက်အကြာ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းတွင် စစ်ကောင်စီ ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနှင့် စကစဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု အသိပေးသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက် ခဲယမ်းများ၊ ၁၅၅ ဟောင်ဝစ်ဇာအမြောက် (၂)လက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံ နှင့် စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။
မိုင်းလုံမြို့၊ နမ့်ဆန်မြို့နှင့် နမ့်ခမ်းမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် စတုတ္ထမြောက်မြို့အဖြစ် မန်တုံမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်ဟု အသိပေးသည်။
မန်တုံရှိ စစ်ကောင်စီတပ်စခန်းများအပါအဝင် ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း ၅၈ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၆၀ ကျော်ကို TNLAက သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီထံမှ လက်နက်မျိုးစုံများစွာ ရရှိခဲ့ရာ ဟောင်ဝစ်ဇာအမြောက် ၇လက်ထက်မနည်းကို သိမ်းဆည်းနိုင်ခဲ့သည်။
ယခု သိမ်းပိုက်ခဲ့သည့် မန်တုံမြို့ စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းသည် စစ်ဗျုဟာ-၂ လက်အောက်ခံ ခလရ-၁၃၀ တပ်နှင့် တမ-၁၀၁ လက်အောက်ခံ ခလရ-၂၅၄ တို့မှ လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် တပ်ဖြစ်ကြောင်း အသိပေးသည်။
မန်တုံမြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှ Jet Fighter ဖြင့် (၄၃)ကြိမ် ၊ Y12 လေယာဉ်ဖြင့် (၁၈၃)ကြိမ်နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi35 ဖြင့် (၃၀)ကြိမ် အသုံးပြု ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူအပြင် လက်နက်ကြီး ပစ်ကူ အကြိမ်များစွာ အသုံးပြုတိုက်ခိုက်ခဲ့သည်။ မန်တုံမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် (၁၃၇)ကြိမ် ထက်မနည်း မန်တုံမြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။
ထို့အပြင် စစ်ကောင်စီတပ်မှ Mi17 ထောက်ပို့ယာ့် စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းများ (၉)ကြိမ် မန်တုံစခန်းကုန်းတွင် လာရောက် ပစ်ချထောက်ပံ့ပေးခဲ့သည်။
မန်တုံတိုက်ပွဲ ၄ရက်တာအတွင်း စစ်ကူအင်အားနှင့် လက်နက်ခဲယမ်း လေကြောင်းမှ ဖြည့်တင်းခြင်းအပါအဝင် လေကြောင်းအကူ ၂၆၅ကြိမ်၊ ဗုံးသီး ၁၀၃၈လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။
တစ်ရက်ပျမ်းမျ ဗုံးကြဲတိုက်ခိုက်မှု (၂၅၉)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ရာ ၁၀၂၇စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စံချိန်တင် အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။
မန်တုံတပ်စခန်းကို TNLAက တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီက အရပ်ဘက်ကို ဦးတည်တိုက်ခိုက်ခဲ့၍ မန်တုံမြို့နယ် ဒေသခံ (၁)ဦးဒဏ်ရာရရှိကာ ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ လူနေအိမ် (၁၅)လုံး ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးမီးလောင်ခဲ့သည်ဟု ထုတ်ပြန်သည်။
အရပ်သား ထိခိုက်မှုအနည်းဆုံးနှင့် မြို့ကို သိမ်းပိုက်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

👍38👏11❤4🤣1
(မန်တုံမြို့ရှိ စစ်ကောင်စီ ၏ ဗျုဟာမှူးအခြေချကွပ်ကဲနေသည့် တပ်စခန်းအပါအဝင် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများအားလုံး TNLAက အလုံးစုံသိမ်းပိုက်ရရှိပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ - TNLA)
👏24👍10❤4👎1🤣1
မြင်းခြံမြို့နယ်ရှိ ပျူစောထီးရွာအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်
အင်ကြင်း/People's Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ညောင်တိုပျူစောထီးကျေးရွာအား ဒရုန်းဖြင့် ဗုံးသီးအလုံး ၂၀ကျော်ချ တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ဒီဇင်ဘာ ၂၁ ရက် ညနေ ၃ နာရီခန့်မှ နောက်တနေ့ ၂၂ ရက် နံနက် ၃ နာရီခန့်အထိ ညောင်တိုပျူစောထီးကျေးရွာအား မြင်းခြံမြို့နယ် (ပကဖ) အပါအဝင် ဒေသတွင်း PDFများက ဒရုန်းဖြင့် ဗုံးသီး ၂၂လုံးချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုကြောင့် စစ်ဗိုလ်တစ်ဦးနှင့် ပျူစောထီးတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း မြင်းခြံမြို့နယ် (ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။
"ညောင်တိုမှာ တပ်ဆွဲထားတာတော့ကြပြီ။ ရွာခံပျူက အားကောင်းတော့ တပ်က အရင်လိုပုံမှန်မနေတော့ဘူး။"ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ တိုက်ခိုက်မှုအား မြင်းခြံမြို့နယ်(ပကဖ) အဖွဲ့၊မြင်းခြံခရိုင်တပ်ရင်း (၁) 27 Revolution Force၊ ဧရာဝတီမင်းသားပြောက်ကျားတပ်၊ Urban Underground Revolution Force၊ 8 Star ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ၂၀ရက်ကလည်း မြင်းခြံမြို့နယ် ညောင်ပင်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသတွင်းPDFများက မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီးငါးလုံးချ တိုက်ခိုက်ခဲ့သေးသည်။

👏22👍21😁1