People's Spring
62.4K subscribers
67K photos
1.17K videos
7 files
2.92K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍3520🤮3🥰1
လွိုင်ကော်နှင့် ဖယ်ခုံမြို့တွင် တိုက်ပွဲပြင်းထန်နေ

▪️စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီး ပစ်ခတ်၍ ပြည်သူများနေအိမ် မီးလောင်

ရဲခေါင်/People's Spring

လွိုင်ကော်နှင့် ဖယ်ခုံမြို့တို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီ၏ လေယာဥ် အပါအဝင် လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်နေ သည်ဟု ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယခုလ ဒီဇင်ဘာ ၁၈ ရက်နောက်ပိုင်း နှစ်ဖက်ထိတွေ့မှု ရပ်နားထားသည့် လွိုင်ကော်မြို့တိုက်ပွဲမှာ ယနေ့(ဒီဇင်ဘာ ၂၃ ရက်) နံနက် ၈ နာရီခန့်ကစ၍ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

"ခလရ(၅၄)နဲ့ ခလရ(၂၅၀)က လက်နက်ကြီးနဲ့ မနက်ကတည်းက ပစ်တာ နေ့လည် ၁နာရီလောက်အထိ။Y8နဲ့ ဗုံးတွေ လာကြဲတာရှိတယ်။နောင်ယားကန်ဘက် နဲ့ မီးသတ်ကုန်းဘက်က နေအိမ်တွေအများစု မီးလောင်နေသလို ဘုန်တော်ကြီးကျောင်းတွေပါ မီးထဲပါသွားတာရှိတယ်"ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့ မကျဆုံးရေးအတွက် ကျန်ရှိနေသော ၎င်းတို့တပ်စွဲရာ နေရာတစ်ဝိုက်ရှိ နေအိမ်များအား စစ်ကောင်စီက ရည်ရွယ်ချက်ရှိစွာဖြင့် နေ့စဥ် ဗုံးကြဲခြင်း၊ မီးရှို့ခြင်းများပြုလုပ်နေခြင်းဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

"သူတို့ တပ်စွဲထားတဲ့နေရာ တစ်ဝိုက်ပတ်ပတ်လည်က အိမ်တွေ လုံး၀မီးလောင် ပြာဖြစ်သွားပါပြီး။တစ်ရက်ကို အိမ်အနည်းဆုံးအိမ်သုံးလုံးလောက်ပါတယ်။အဓိကတော့ သူတို့ဆီကိုလာတိုက်ရင် အကာအကွယ်မရနိုင်အောင် ပြင်ဆင်နေတာလို့ပြောနိုင်တယ်"ဟု လွိုင်ကော် မြို့တိုက်ပွဲ၌ ရှိနေသည့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော '၁၁၁၁ စစ်ဆင်ရေး'နှင့်အတူ လွိုင်ကော်မြို့ကို ကရင်နီပူးပေါင်းတပ်က သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေပြီး တစ်လကျော်ကြာမြင့်သည့်အချိန်တွင် မြို့၏ သုံးပုံ နှစ်ပုံကို ထိန်းချုပ်နိုင်ပြီဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)စစ်ဗျုဟာ အမှတ် (၂)ဗျူဟာမှူး အာလူးက ယမန်နေ့တွင် ပြောထားသည်။

သို့သော် လွိုင်ကော်မြို့တွင် စစ်ကောင်စီကင်းစခန်းများအပါအဝင် ၎င်းတို့တပ်စွဲထားရာနေရာ ၁၀ ခုခန့် ကျန်ရှိနေပြီး သိမ်းပိုက်နိုင်ရန်ကြိုးပမ်းနေကြောင်းလည်း သိရသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မ အခြေစိုက် ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ ၂၆၁၊ ခလရ ၊၂၅၀၊ခလရ ၅၄၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ - အမှတ် ၇)၊ထောက်ပို့နှင့်ပို့ဆောင်ရေးတပ်ခွဲ(ထပခ ၇၂၂) တို့ရှိ သည်။

ထို့အတူ ရှမ်း - ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့တွင်လည်း ယနေ့ နံနက်အစောပိုင်းကစ၍ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

"တိုက်ပွဲ ဖြစ်နေတာ မှန်တယ်။ကျန်တာ မပြောနိုင်သေးဘူး"ဟု ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက အတည်ပြုသည်။

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာ အထက်ပိုင်း၊ တောင်ပေါ်စခန်းကုန်းအမျိုးအစားဖြစ်သည့် စစ်တပ်၏ ပွိုင့်ကုန်းကို ကရင်နီပူးပေါင်းတပ်များက ဒီဇင်ဘာ ၁၁ ရက်တွင် သိမ်းပိုက်ထားသည်။

ဖယ်ခုံမြို့တွင် စစ်ကောင်စီ၏ ခမရ(၃၃၇)နှင့် ခမရ (၄၂၁)တပ်များ အခြေစိုက်ထားသည်။
👍40👏3🤬21🔥1
🤬22👍6🔥2😡2👏1
(လွိုင်ကော်မြို့ ပန်းသီရီဒေါနှင့် နောင်ယား ရပ်ကွက်များ၌ နိုဝင်ဘာ ၂၉ရက်တွင် စစ်ကောင်စီက ပေါင် ၅၀၀ဗုံးအသုံးပြုခဲ့သည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - JFK)
🤬34👍17😢2🔥1😡1
မုံရွာ၌ စစ်ကောင်စီဝန်ကြီးချုပ်နှင့်အဖွဲ့ လမ်းလျှောက်ပွဲ တိုက်ခိုက်ခံရ

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ကန်သာယာ၌ စစ်ကောင်စီခန့်ဝန်ကြီးချုပ်အပါအဝင် စစ်တပ်လက်အောက်ခံ ဝန်ထမ်းများ လမ်းလျှောက်ပွဲပြုလုပ်နေစဥ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Goldern Eagle Force – Monywa အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) နံနက် ၇နာရီခန့်က မုံရွာမြို့၊ ကန်သာယာတွင် စစ်ကောင်စီခန့် ဝန်ကြီးချုပ်အပါအဝင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများသည် လုံခြုံရေးအင်အားအများအပြားယူပြီး လမ်းလျှောက်ပွဲ ပြုလုပ်နေစဉ် မိုင်းတစ်လုံးဖောက်ခွဲကာ တိုက်ခိုက်ခဲ့ကြောင်း Goldern Eagle Force – Monywa အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝန်ကြီးချုပ်ကို ဦးတည်ဖောက်ခွဲခဲ့သော်လည်း ဂျန်မာ(မိုင်း​ဖြတ်စက်)များကြောင့် နောက်ကျ၍ ပေါက်ကွဲသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်​အောက်ဝန်ထမ်းများ အများအပြားဒဏ်ရာရရှိသွားကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

"ဝန်ကြီးချုပ်နဲ့ စကစ ထောက်ခံသူတွေစုပေါင်းပြီး လမ်းလျှောက်ကြတဲ့ လမ်းဘေးကို မိုင်းထောင်ဖောက်ခွဲခဲ့တာပါ။ မိုင်းကွဲအပြီး ချက်ချင်းပွဲပိတ်ပြီး အကုန်ပြန်ပြေးကြတယ်။"ဟု Goldern Eagle Force – Monywa အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဇနီးဖြစ်သူမှာလည်း မိုင်းပေါက်ကွဲမှုကြောက်လန့်ပြီး နှလုံး ဖောက်ပြန်ကာ ဆေးရုံတင်ထားရသည်ဟုဆိုသည်။

"အဲဘက်မှာ(ကန်သာယာဘက်မှာ)အစစ်အဆေးတွေကို အများကြီးပဲ။ ဗုံးကွဲပြီးမကြာဘူး ကားတွေတဝူးဝူး တဝေါဝေါလာတာ။မြို့တော်ခန်းမနဲ့ဘာမှမဝေးဘူး"ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

သို့သော် ထိခိုက်မှုအခြေအနေများအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တိုက်ခိုက်မှုကို Goldern Eagle Force – Monywa အဖွဲ့နှင့် မြို့ပြ UG တပ်ဖွဲ့ တစ်ဖွဲ့ တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့ပေါ်၌ စစ်ဆင်ရေးများ ပိုမိုတိုးမြှင့်လုပ်ဆောင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးရာ​တွင် သွားလာနေထိုင်ကြရန် Goldern Eagle Force – Monywa အဖွဲ့က သတိပေးထားသည်။
👍38👏14🤣52👀1
ပြီးခဲ့သည့် ဒီဇင်ဘာ၉ ရက်က မုံရွာမြို့ ကန်သာယာ၌ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ဟန်ပြလမ်းလျှောက်ပွဲ ကျင်းပနေစဥ်။ ဓာတ်ပုံ - စကစပြန်ဆက်
14👏8🤮6👍5💩2😁1
🤮2311👍6😁5💩4
မန်တုံကို TNLAသိမ်းပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် ၁၁ကြိမ်လာရောက်ပြီး ဗုံး၁၀၀ ကျော်ကြဲ တိုက်ခိုက်

▪️ရှမ်းမြောက် မြို့နယ်လေးခုရှိ စစ်ကောင်စီတပ်များက ဒေသတွင်းရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်

ဝင်းမောင်/People’s Spring

ရှမ်းမြောက်ရှိ မန်တုံမြို့ စစ်ကောင်စီတပ် ခလရ(၁၃၀) တပ်ရင်းကို တအာင်းတပ်မတော် (TNLA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် ၁၁ကြိမ်လာရောက်ကာ ဗုံးသီးများစွာ ကြဲချတိုက်ခိုက်ခဲ့သည်။

မန်တုံမြို့ အနီးတဝိုက်တွင် စစ်ကောင်စီတပ်မှ ဒီဇင်ဘာ ၂၂ရက်ည ၈နာရီကျော်တွင် Y12 လေယာဉ်ဖြင့် (၁၁)ကြိမ်၊ ဗုံး ၁၁၁လုံး လာရောက် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုသည် TNLAက မန်တုံ၌ နောက်ဆုံးကျန်နေသည့် ခလရ(၁၃၀)တပ်ရင်းကို သိမ်းပိုက်ပြီးချိန်တွင် ဖြစ်သည်။

မန်တုံတိုက်ပွဲ၌ မြေပြင်သို့ရောက်ရှိနေသည့် ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာန၏ ဖော်ပြချက်တွင် ခလရ (၁၃၀)တပ်ရင်းကို TNLAနှင့် ပူးပေါင်းတပ်ဖွဲ့ကဒီဇင်ဘာ ၂၂ရက် ညနေ ၆နာရီခွဲ၌ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။

ရွှေဖီမြေ သတင်းထောက်သည် မန်တုံ ခလရ (၁၃၀) တပ်ရင်းအတွင်း ဝင်ရောက်မှတ်တမ်းတင်ပြီး ဓာတ်ပုံများကိုယနေ့ နေ့လယ်ပိုင်း၌ ဖော်ပြခဲ့သည်။

စခန်းအသိမ်းမခံရမီကလည်း စစ်ကောင်စီက တိုက်လေယာဉ် လေယာဉ်များအသုံးပြု ပစ်ကူပေးခဲ့သည်ကို TNLAက အသိပေးထားသည်။

စစ်ကောင်စီတပ်သည် မန်တုံမြို့တွင် နားလင်းကျေးရွာ၊ မန်ဆာကျေးရာတွင် Y12 လေယာဉ်ဖြင့် လာရောက်ကင်းလှည့် ပစ်မှတ်ရှာခဲ့သည်ဟု TNLAက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီက မန်တုံကို လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားထိခိုက်မှုအချို့နှင့် နေအိမ်ပျက်စီးမှုများလည်းရှိခဲ့သည်။

နမ္မတူ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ ကွတ်ခိုင် နမ့်ဖက်ကာ၊မိုးမိတ် မြို့နယ်များရှိ စစ်ကောင်စီတပ်များကလည်း ဒေသတွင်း ကျေးရွာများနှင့် အနီးဝန်းကျင်သို့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ဟု TNLAက ထုတ်ပြန်သည်။
🤬34👍18🔥4😢1
(မန်တုံအခြေစိုက် ခလရ(၁၃၀)တပ်ရင်းအား TNLA သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေဖီမြေသတင်းဌာန)
20👍7😁2
42👍20😁2
စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း စစ်ကိုင်းနဲ့ဧရာဝတီက ပြည်သူတွေ ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကြောင်းနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဒီဇင်ဘာ ၂၃) အသီးသီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ လူငယ်အားမာန်သပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်းတို့က တော်လှန်တောင်သူများနဲ့အတူ "China: Stop Killing Myanmar People by Supporting Fascist Criminals" ဘန်နာကိုင်ဆွဲကာ သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့ပါတယ်။

အလားတူ လက်ပံတောင်းတောင်ဒေသမှာလည်း တော်လှန်ပြည်သူများက "သို့ ... တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" ခေါင်းစဥ်နဲ့ သပိတ်ထွက်ရှိခဲ့ပါတယ်။

ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်ကော်မတီဝင်တွေနဲ့ ပြည်သူတွေ စုပေါင်းကာ "သို့ .. တရုတ်အစိုးရဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" ဘန်နာ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်သပိတ်မှောက်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း "ဇေယျာတိုင်းရဲ့ ၅/" လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ကာ "သို့ တရုတ်အစိုးရဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်"၊ "တရုတ်-မြန်မာ အနာဂတ်အတွက် အဖိနှိပ်ခံ ပြည်သူများနဲ့ အတူရပ်" စာသားနဲ့ တရုတ်အစိုးရအနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းနေခြင်းကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် စကြဝတေးမင်းကြီးသပိတ်ကော်မတီဝင်များက "သို့ ... တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကိုသတ်နေတာချက်ချင်းရပ် " စာသားကိုင်ဆောင်ကာ ညသပိတ်ဆင်နွှဲခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ ဝက်လက်ဒေသသပိတ်၊ စကြာဝတေးမင်းသပိတ်
👍467🤮4
👍349🤮3🥴2
ဒီနေ့ဘာဖြစ်ခဲ့လဲ

ဒီနေ့(ဒီဇင်ဘာ ၂၃ ရက်) တစ်ရက်တာအတွင်း "ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို" People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

▪️မန်တုံကို TNLAသိမ်းပြီးနောက် စစ်ကောင်စီက လေကြောင်းမှ ဗုံး ၁၀၀ ကျော်ကြဲချ တိုက်ခိုက်

ရှမ်းမြောက်ရှိ မန်တုံမြို့ စစ်ကောင်စီတပ် ခလရ(၁၃၀) တပ်ရင်းကို တအာင်းတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် ၁၁ ကြိမ်လာရောက်ကာ ဗုံးသီးများစွာ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ မန်တုံမြို့ အနီးတဝိုက်ကို စစ်ကောင်စီတပ်က ဒီနေ့ ညပိုင်းမှာ Y12 လေယာဉ်ဖြင့် (၁၁)ကြိမ်၊ ဗုံး ၁၁၁ လုံး လာရောက် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မန်တုံတိုက်ပွဲမှာ မြေပြင်သို့ရောက်ရှိနေတဲ့ ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနက ခလရ (၁၃၀)တပ်ရင်းကို TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ ညနေပိုင်းမှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဓာတ်ပုံများနှင့်တကွ ဖော်ပြပါတယ်။

▪️လွိုင်ကော်နဲ့ ဖယ်ခုံမြို့မှာ တိုက်ပွဲပြင်းထန်နေ

လွိုင်ကော်နဲ့ ဖယ်ခုံမြို့တို့မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေယာဥ် အပါအဝင် လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု နေအိမ်များ မီးလောင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီဇင်ဘာ ၁၈ ရက်နောက်ပိုင်း နှစ်ဖက်ထိတွေ့မှုမရှိတဲ့ လွိုင်ကော်မြို့တိုက်ပွဲမှာ ဒီနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ လွိုင်ကော်မြို့ မကျဆုံးရေးအတွက် ကျန်ရှိနေတဲ့ ၎င်းတို့တပ်စွဲရာ နေရာတစ်ဝိုက်ရှိ နေအိမ်များကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ နေ့စဥ် ဗုံးကြဲခြင်း၊ မီးရှို့ခြင်းများပြုလုပ်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

▪️ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းနှစ််ခုကို PDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းယူ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးပူး‌ပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ စခန်းသိမ်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ ဇီးပင်သာ၊ နောင်ဆန်းကျင်နဲ့ တီလောင်ကျေးရွာတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ်အတွင်း ရွာချင်းဆက်နေတဲ့ ဇီးပင်သာ၊ နောင်ဆန်းကျင်နဲ့ တီလောင်ကျေးရွာအနီးရှိ စစ်ကောင်စီနဲ့ ရှမ်းနီတပ်ပူးပေါင်းတပ်ဖွဲ့ ရှေ့တန်းစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ဒီဇင်ဘာ ၁၉ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

▪️စစ်ကောင်စီရဲ့ စစ်ကိုင်းဝန်ကြီးချုပ်နဲ့အဖွဲ့ လမ်းလျှောက်ပွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ကန်သာယာမှာ စစ်ကောင်စီခန့်ဝန်ကြီးချုပ်အပါအဝင် စစ်တပ်လက်အောက်ခံ ဝန်ထမ်းများ လမ်းလျှောက်ပွဲပြုလုပ်နေစဥ် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Goldern Eagle Force – Monywa အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက မုံရွာမြို့၊ ကန်သာယာမှာ စစ်ကောင်စီခန့် ဝန်ကြီးချုပ်အပါအဝင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများဟာ လုံခြုံရေးအင်အားအများအပြားယူပြီး လမ်းလျှောက်ပွဲ ပြုလုပ်နေစဉ် မိုင်းတစ်လုံးဖောက်ခွဲကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ လက်​အောက်ဝန်ထမ်းများ အများအပြားဒဏ်ရာရရှိသွားပြီး စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဇနီးဖြစ်သူမှာလည်း မိုင်းပေါက်ကွဲမှုကြောက်လန့်ပြီး နှလုံး ဖောက်ပြန်ကာ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

▪️The Wayရုပ်ရှင်မှ ရံပုံငွေ ကျပ်သိန်း ၇၀ကို ABSDFထံ ပေးပို့ထောက်ပံ့

စစ်အာဏာရှင်တော်လှန်ရေးရုပ်ရှင်ဖြစ်တဲ့ The Way ရုပ်ရှင်ပြသခြင်းမှ ရရှိထားတဲ့ ရံပုံငွေအနက်မှ ကျပ်သိန်း ၇၀ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပေးပို့ထောက်ပံ့ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ABSDF ဟာ NUGနဲ့ စစ်ရေးအရာရော၊ နိုင်ငံရေးအရရော မဟာမိတ်အနေနဲ့ ရပ်တည်နေတာကြောင့် NUG ထံမှ ငွေကြေးနဲ့ လက်နက်ခဲယမ်းအထောက်အပံ့များ ရရှိတယ်လို့ ABSDF ပြန်ကြားရေးတာဝန်ခံရဲဘော် ပြည့်ဖြိုးကျော်က ပြောပါတယ်။ ABSDFဟာ လတ်တလောမှာ စစ်ကိုင်း၊ ကချင်၊ ကရင်၊ တနင်္သာရီ၊ ရှမ်းပြည်နယ် တိုက်ပွဲများအတွင်း တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ တိုက်ခိုက်နေပါတယ်။

▪️အိန္ဒိယ-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းကို AA စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေ
👍14👏141🔥1🥰1