People's Spring
62.4K subscribers
67K photos
1.17K videos
7 files
2.92K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ − တအာင်းအမျိုးသမီးအဖွဲ့အစည်း
23👍14🔥2
ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအစီရင်ခံစာပါ မြန်မာနိုင်ငံနှင့်ပတ်သက်၍ မှားယွင်းဖော်ပြထားသော အချက်အလက်များကို ကန်နိုင်ငံခြားရေးဖယ်ရှား

"အမေရိကန်အစိုးရကတော့ ဒါဟာ သူတို့ရဲ့ သဘောထားကို မထင်ဟပ်ပါဘူး။ ဒါက ငှားရမ်းထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ရေးသားချက်လို့ ပြောတယ်"-ဦး​အောင်မျိုးမင်း

လီလီယန်/People’s Spring

ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအစီရင်ခံစာ(၂၀၂၂)တွင် မြန်
မာနိုင်ငံနှင့်ပတ်သက်၍ မှားယွင်းဖော်ပြထားသော အချက်
အလက်များကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက
ဖယ်ရှားလိုက်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော အထက်ပါအစီရင်ခံစာတွင် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုများကို လုံးဝဖော်ပြခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDFs)၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ အမည်များကိုသာ ဖော်ပြခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ၏ ကန့်ကွက်မှုများကြောင့် ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“တစ်ကမ္ဘာလုံးလည်း သိပါတယ်။ ဒီစစ်ကောင်စီက ချိုးဖောက်နေတာ သိတယ်။ ဒါပေမဲ့ စစ်ကောင်စီကို ထည့်သွင်းမဖော်ပြဘဲနဲ့ စစ်ကောင်စီကို တွန်းလှန်နေတဲ့ အဖွဲ့တွေကိုပဲ ဖော်ပြထားတဲ့ အရာမျိုး ဖြစ်တဲ့အတွက် ဒါက မဖြစ်သင့်ဘူးလို့ ပြောတယ်။ နောက်ပြီး သူတို့က open source က လာတဲ့ သတင်းတွေပေါ့၊ ဥပမာ မြန်မာ့အလင်းတို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာက သတင်းတွေကိုပဲ ကောက်ယူပြီးလုပ်တယ်။ အဲဒါကြောင့် သူတို့ရဲ့ သုံးသပ်ချက်က မှားယွင်းတယ်ဆိုတာ ပြောတယ်။ အမေရိကန်အစိုးရကတော့ ဒါဟာ သူတို့ရဲ့ သဘောထားကို မထင်ဟပ်ပါဘူး။ ဒါက ငှားရမ်းထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ရေးသားချက်လို့ ပြောတယ်။ ကျွန်တော်တို့က အဲဒီလောက်နဲ့မကျေနပ်ဘူး။ ဘာလို့လဲဆိုတော့ website မှာ တင်ထားတော့ အမေရိကန်အစိုးရဲ့ပေါ်လစီကို ထင်ဟပ်တဲ့သဘောမျိုးဖြစ်တဲ့အတွက် ကျွန်တော်တိုက သူတိို့ကို တိုက်တွန်းမှုတွေ တင်ပြမှုတွေ လုပ်ဆောင်ခဲ့တာ။ အခုဆိုရင် သူတို့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အခန်း၊ အပိုင်းကို ဖယ်လိုက်တာဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ရှင်းပြသည်။

အထက်ပါ အစီရင်ခံစာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုလားရာများနှင့်လေ့လာဆန်းစစ်မှုစင်တာ(Development Services Group,Inc.)က ပြုစုပေးခြင်းဖြစ်သည်။ ထို့ကြောင့် အစီရင်ခံစာပါ မှားယွင်းသောအချက်အလက်များကို ဝေဖန်ထောက်ပြချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါအစီရင်ခံစာသည် အမေရိကန်အစိုးရ၏ မူဝါဒမဟုတ်ကြောင်း ရှင်းလင်းခဲ့သည်။

အစီရင်ခံစာပါ မှားယွင်းသော အချက်အလက်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖယ်ရှားခဲ့ခြင်းအပေါ် ဝန်ကြီး ဦးအောင်မျိုးမင်းက “အရင်တုန်းကတည်းက ဒီအစီရင်ခံစာက အမေရိကန်အစိုးရဲ့ ပေါ်လစီကို မထင်ဟပ်ပါဘူးလို့ ပြောထားပါတယ်။ ဒါပေမဲ့ website မှာ ထားခြင်းကိုယ်တိိုင်က မသိတဲ့သူတွေအတွက် ထင်ယောင်ထင်မှားဖြစ်စေတာပေါ့နော်။ တကယ်အကြမ်းဖက်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီမပါဘဲနဲ့ အကြမ်းဖက်မှုကို တွန်းလှန်နေတဲ့ အဖွဲ့တွေ ပါခြင်းက သိက္ခာကျစေတယ်။ စစ်ကောင်စီကလည်းအပုတ်ချတယ်လေ။ ဒါမျိုးဖြုတ်ချတာက လုပ်သင့်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့အနေနဲ့ သုတေသနတွေ၊ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့အကြောင်းတွေကို ရေးမယ်ဆိုရင် ပါဝင်ရေးသားမယ့် သူတွေရဲ့ သမာသမတ်ကျမှု၊ သူတို့ရဲ့ သတင်းတွေပတ်သက်လို့ လေ့လာသုံးသပ်မှု၊ သတင်းတွေနဲ့ပတ်သက်တဲ့ သတင်းရရှိမှုအပိုင်းကို အထူးသတိထားသင့်တယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
25👍22🔥1
ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအစီရင်ခံစာ ၂၀၂၂
ကိုတွေ့ရစဥ်
👍24🔥12
မြောင်၊ မြင်းမူနှင့်ချောင်းဦးမြို့နယ်တို့တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်းရှိ မြောင်၊ မြင်းမူနှင့်ချောင်းဦးမြို့နယ်တို့တွင် စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခုဖြင့် စစ်ကြောင်းထိုးနေ၍ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မြောင်မြို့နယ်၊ ကျောက်ရစ်ရွာရှိ စစ်ကောင်စီစခန်း၊ မြောင်နယ်နှင့်မြင်းမူနယ်စပ် မြောင်လမ်းခွဲရှိ စစ်ကောင်စီစစ်ဆေးရေးစခန်းနှင့် ချောင်းဦးနယ် နတ်ရေကန်ကျေးရွာ စစ်ကောင်စီစခန်းများသည် ယခုရက်ပိုင်းအတွင်း ပြည်သူများအား ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

"ကျောက်ရစ်ကလည်း မနက်အစောကြီးတွေ လူလစ်တဲ့အချိန်ထွက်လာလိုက် ပြီးတာနဲ့ဝင်ပြေးသွားလိုက်ကြနဲ့ ပတ်ဝန်းကျင်ရွာတွေ မအိပ်ကြရဘူး။ မြောင်လမ်းခွဲက ကောင်တွေကလည်း ခရီးသွားပြည်သူတွေကို ဒူးထောက်ခိုင်းစစ်ဆေးနေတာတွေကလည်း ဒီရက်ထဲပိုဆိုးလာနေပါတယ်။"ဟု မြောင်နယ်အခြေစိုက် CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

ထို့အပြင် ချောင်းဦးစစ်ကြောင်းကလည်း မုံရွာမြို့ကို ကြက်သွန်သွားရောင်းသည့် တောင်သူများကိုဖမ်းဆီးပြီး စစ်ကြောင်းတလျှောက်ခေါ်ဆောင်သွားခြင်း၊ မိုင်းရှင်းခိုင်းခြင်းများ ဆယ်ရက်ကြာပြုလုပ်ခဲ့ကြောင်း၊ ပြည်သူအချို့လည်း မိုင်းထိခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက် ညမှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ယနေ့ (ဒီဇင်ဘာ၂၃ ရက်)နံနက်ပိုင်းက ရေစကြိုနယ်ဘက်မှ စစ်သင်္ဘော၂ စီးသည် မြစ်ကမ်းဘေးရှိ ကျေးရွာများ ဝင်ရောက်နေကြောင်း၊ ထို့အပြင် ကျောက်ရစ်အထိုင်စခန်းမှ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေမှုကြောင့် နနွင်းကိုင်း ၊ဆူးလေကုန်း၊ရွှေတချောင်းကျေးရွာများမှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း Youths for Community-YfC Myaung အဖွဲ့က အသိပေးထားသည်။
🤬30👍8🔥1😢1
😢28🤬4👍2🔥1
ထွက်ပြေးတိမ်းရှောင်နေရသော မြောင်နယ်ရှိပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-YFC Myaung
😢30👍8🤬3🔥1
ညနေခင်းသတင်းလွှာ

ဒီနေ့ (ဒီိဇင်ဘာ ၂၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

▪️ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းနှစ််ခုကို PDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းယူ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးပူး‌ပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ စခန်းသိမ်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ ဇီးပင်သာ၊ နောင်ဆန်းကျင်နဲ့ တီလောင်ကျေးရွာတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ်အတွင်း ရွာချင်းဆက်နေတဲ့ ဇီးပင်သာ၊ နောင်ဆန်းကျင်နဲ့ တီလောင်ကျေးရွာအနီးရှိ စစ်ကောင်စီနဲ့ ရှမ်းနီတပ်ပူးပေါင်းတပ်ဖွဲ့ ရှေ့တန်းစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ဒီဇင်ဘာ ၁၉ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

▪️မန်တုံ ခလရ(၁၃၀)တပ်စခန်းအတွင်းTNLA ဝင်ရောက်နိုင်ပြီဟု အတည်ပြု

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ စစ်ကောင်စီတပ် ခလရ(၁၃၀) ကို သိမ်းပိုက်ရရှိရေး တအာင်းတပ်မတော်(TNLA)က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မနေ့ ညပိုင်းက စခန်းအတွင်း ဝင်ရောက်နိုင်ပြီလို့ TNLA ခေါင်းဆောင်တစ်ဦးက အတည်ပြုပါတယ်။ မန်တုံမြို့သိမ်းပိုက်နိုင်ရေး TNLAက ထိုးစစ်ဆင်လျက်ရှိရာ ခလရ (၁၃၀) စခန်းတစ်ခုသာ ကျန်ရှိနေတာပါ။ အဲဒီစခန်း မကျဆုံးရေး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူအများအပြားသုံး ခုခံနေသည့်ကြားမှ TNLAက သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့က မန်တုံမြို့ အနီးတဝိုက်သို့ တိုက်လေယာဉ်ဖြင့် ၁၃ ကြိမ်၊ Y12 လေယာဉ်ဖြင့် ၄၈ကြိမ် ဗုံး ၂၅၈ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAက အသိပေးပါတယ်။

▪️အိန္ဒိယ-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းကို AA စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေ

မြန်မာ-အိန္ဒိယနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ရေး ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပလက်ဝမြို့နယ်၊ အိန္ဒိယနယ်စပ် BP-9 မြိတ်ဝရွာရဲ့ တောင်ဘက် (၅)ကီလိုမီတာအကွာ၊ နယ်စပ်မှတ်တိုင် BP-5 ရဲ့ အရှေ့ဘက်ရှိ ပွိင့် (၃၇၇) စခန်းကို အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ဖို့ AA က ထပ်မံ ကြိုးပမ်းနေတယ်လို့ အသိပေးပါတယ်။ စစ်ကောင်စီတပ်နဲ့ AA တို့ဟာ ရခိုင်ပြည်နယ် မောင်တောနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီိတပ်က လက်နက်ကြီးပစ်ခတ်မှုတွေ ရှိတယ်လို့ သိရပါတယ်။

▪️ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအစီရင်ခံစာပါ မြန်မာနိုင်ငံနှင့်ပတ်သက်၍ မှားယွင်းတဲ့ အချက်အလက်များကို ကန်နိုင်ငံခြားရေးဖယ်ရှား

ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအစီရင်ခံစာ(၂၀၂၂)မှာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ မှားယွင်းဖော်ပြထားတဲ့ အချက်အလက်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖယ်ရှားလိုက်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုများကို လုံးဝဖော်ပြခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDFs)၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရဲ့ အမည်များကိုသာ ဖော်ပြခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများရဲ့ ကန့်ကွက်မှုများကြောင့် ဖယ်ရှားလိုက်တာလို့ သိရပါတယ်။ အစီရင်ခံစာထွက်လာပြီးနောက် ဝေဖန်မှုတွေ ထွက်ပေါ် လာချိန်မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီအစီရင်ခံစာဟာ အမေရိကန်အစိုးရဲ့ မူဝါဒမဟုတ်ဘူးလို့ ရှင်းလင်းခဲ့ပါတယ်။

▪️KNU တပ်မဟာ(၆)မှာ စစ်ကောင်စီလက်နက်ကြီးပစ်လို့ အမျိုးသမီးတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေမှာ အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူနေ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်က စစ်ကောင်စီတပ် စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၀) တပ်ရင်းမှ (၁၂၀) မမ လက်နက်ကြီးများဖြင့် ပြည်သူလူထုနေထိုင်တဲ့ ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် တောင်ကြာအင်းကျေးရွာမှ အသက် (၄၆)နှစ်ရှိ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၁၉ ရက်ကလည်း ခလရ(၂၃၀) တပ်ရင်းမှ ပင်လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ထပ်မံပစ်ခတ်ခဲ့လို့ တောင်ကြာအင်း ကျေးရွာနေ အသက် ၇၁ နှစ်အရွယ်နဲ့ ၆၈ နှစ်အရွယ် အမျိုးသမီးနှစ်ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

▪️မြိုင်နယ် စစ်ကောင်စီတပ်ကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်
👍38😁1
မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားများကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် အီနာဂါဗုံးသီး ခုနစ်လုံးချကာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကို စုံစမ်းနေဆဲဖြစ်ကာ ဒရုန်းတပ်သားများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ မြိုင်(ပကဖ)အဖွဲ့က ပြောပါတယ်။

▪️မြောင်၊ မြင်းမူနဲ့ ချောင်းဦးမြို့နယ်တို့မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်းရှိ မြောင်၊ မြင်းမူနဲ့ ချောင်းဦးမြို့နယ်တို့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ခုဖြင့် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာရှိ စစ်ကောင်စီစခန်း၊ မြောင်နယ်နဲ့ မြင်းမူနယ်စပ် မြောင်လမ်းခွဲရှိ စစ်ကောင်စီစစ်ဆေးရေးစခန်းနဲ့ ချောင်းဦးနယ် နတ်ရေကန်ကျေးရွာ စစ်ကောင်စီစခန်းများဟာ အခုရက်ပိုင်းအတွင်း ပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေတယ်လို့ ဒေသခံများက ပြောပါတယ်။
👍35😁1
👍22🔥3
👏33👍128😁2
The Wayရုပ်ရှင်မှရံပုံငွေ ကျပ်သိန်း၇၀ ABSDF ထံ ပေးပို့ထောက်ပံ့

ဆလိုင်း/People's Spring

စစ်အာဏာရှင်တော်လှန်ရေးရုပ်ရှင်ဖြစ်သည့်
The Way ရုပ်ရှင်ပြသခြင်းမှ ရရှိထားသော ရံပုံငွေအနက်မှ ကျပ်သိန်း ၇၀ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ပေးပို့ထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)က ယနေ့ သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထောင်စုဝန်ကြီးချုပ်၏ စီမံခန့်ခွဲမှုဖြင့် ပေးပို့သည့် အဆိုပါ ငွေကြေးကို ယမန်နေ့ (ဒီဇင်ဘာ ၂၂ ရက်)က လက်ခံရရှိခြင်းဟု ဆိုသည်။

"ကျနော်တို့က NUGနဲ့ စစ်ရေးအရာရော၊ နိုင်ငံရေးအရရော မဟာမိတ်အနေနဲ့ ရပ်တည်နေတာဆိုတော့ ငွေကြေးအထောက်အပံ့လည်းရှိခဲ့တယ်။ လက်နက်ခဲယမ်းအထောက်အပံ့လည်းရှိခဲ့တယ် "ဟု ABSDFပြန်ကြားရေးတာဝန်ခံရဲဘော် ပြည့်ဖြိုးကျော်က ပြောသည်။

ထို့အပြင် ကူညီထောက်ပံ့ပေးသော The Way အဖွဲ့သားများနှင့်အတူ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအား ကျောင်းသားတပ်မတော်ရဲဘော်များကိုယ်စား အထူးကျေးဇူးတင်သည်ဟု ABSDF က သတင်းထုတ်ပြန်သည်။

ABSDF သည် လတ်တလော၌ စစ်ကိုင်း၊ ကချင်၊ ကရင်၊ တနင်္သာရီ၊ ရှမ်းပြည်နယ်တို့၌ တိုက်ပွဲများအတွင်း တော်လှန်ရေးအင်အားစုများနှင့်လက်တွဲ၍ တိုက်ခိုက်နေသည်။

အဆိုတော်လင်းလင်း ရိုက်ကူးထားပြီး
ဂီတရုပ်ရှင်အမျိုးအစားဖြစ်သော The Way ရုပ်ရှင်သည် Festigious နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲတွင် အကောင်းဆုံးဂီတ ရုပ်ရှင်ဆု၊ အကောင်းဆုံး ပထမကြိမ် ဒါရိုက်တာဆု နှင့်အကောင်းဆုံး သီချင်းဆုတို့ကို ရရှိထားသည်။

The Way ရုပ်ရှင်ကို နိုင်ငံတကာတွင် လှည့်လည် ပြသနေပြီး ရရှိသောရန်ပုံငွေကို စစ်အာဏာရှင် တော်လှန်ရေးအတွက်ပေးအပ်ထောက်ပံ့နေသည်။
👍4713👏1🤮1
👍3520🤮3🥰1
လွိုင်ကော်နှင့် ဖယ်ခုံမြို့တွင် တိုက်ပွဲပြင်းထန်နေ

▪️စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီး ပစ်ခတ်၍ ပြည်သူများနေအိမ် မီးလောင်

ရဲခေါင်/People's Spring

လွိုင်ကော်နှင့် ဖယ်ခုံမြို့တို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီ၏ လေယာဥ် အပါအဝင် လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်နေ သည်ဟု ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယခုလ ဒီဇင်ဘာ ၁၈ ရက်နောက်ပိုင်း နှစ်ဖက်ထိတွေ့မှု ရပ်နားထားသည့် လွိုင်ကော်မြို့တိုက်ပွဲမှာ ယနေ့(ဒီဇင်ဘာ ၂၃ ရက်) နံနက် ၈ နာရီခန့်ကစ၍ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

"ခလရ(၅၄)နဲ့ ခလရ(၂၅၀)က လက်နက်ကြီးနဲ့ မနက်ကတည်းက ပစ်တာ နေ့လည် ၁နာရီလောက်အထိ။Y8နဲ့ ဗုံးတွေ လာကြဲတာရှိတယ်။နောင်ယားကန်ဘက် နဲ့ မီးသတ်ကုန်းဘက်က နေအိမ်တွေအများစု မီးလောင်နေသလို ဘုန်တော်ကြီးကျောင်းတွေပါ မီးထဲပါသွားတာရှိတယ်"ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့ မကျဆုံးရေးအတွက် ကျန်ရှိနေသော ၎င်းတို့တပ်စွဲရာ နေရာတစ်ဝိုက်ရှိ နေအိမ်များအား စစ်ကောင်စီက ရည်ရွယ်ချက်ရှိစွာဖြင့် နေ့စဥ် ဗုံးကြဲခြင်း၊ မီးရှို့ခြင်းများပြုလုပ်နေခြင်းဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

"သူတို့ တပ်စွဲထားတဲ့နေရာ တစ်ဝိုက်ပတ်ပတ်လည်က အိမ်တွေ လုံး၀မီးလောင် ပြာဖြစ်သွားပါပြီး။တစ်ရက်ကို အိမ်အနည်းဆုံးအိမ်သုံးလုံးလောက်ပါတယ်။အဓိကတော့ သူတို့ဆီကိုလာတိုက်ရင် အကာအကွယ်မရနိုင်အောင် ပြင်ဆင်နေတာလို့ပြောနိုင်တယ်"ဟု လွိုင်ကော် မြို့တိုက်ပွဲ၌ ရှိနေသည့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော '၁၁၁၁ စစ်ဆင်ရေး'နှင့်အတူ လွိုင်ကော်မြို့ကို ကရင်နီပူးပေါင်းတပ်က သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေပြီး တစ်လကျော်ကြာမြင့်သည့်အချိန်တွင် မြို့၏ သုံးပုံ နှစ်ပုံကို ထိန်းချုပ်နိုင်ပြီဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)စစ်ဗျုဟာ အမှတ် (၂)ဗျူဟာမှူး အာလူးက ယမန်နေ့တွင် ပြောထားသည်။

သို့သော် လွိုင်ကော်မြို့တွင် စစ်ကောင်စီကင်းစခန်းများအပါအဝင် ၎င်းတို့တပ်စွဲထားရာနေရာ ၁၀ ခုခန့် ကျန်ရှိနေပြီး သိမ်းပိုက်နိုင်ရန်ကြိုးပမ်းနေကြောင်းလည်း သိရသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မ အခြေစိုက် ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ ၂၆၁၊ ခလရ ၊၂၅၀၊ခလရ ၅၄၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ - အမှတ် ၇)၊ထောက်ပို့နှင့်ပို့ဆောင်ရေးတပ်ခွဲ(ထပခ ၇၂၂) တို့ရှိ သည်။

ထို့အတူ ရှမ်း - ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့တွင်လည်း ယနေ့ နံနက်အစောပိုင်းကစ၍ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

"တိုက်ပွဲ ဖြစ်နေတာ မှန်တယ်။ကျန်တာ မပြောနိုင်သေးဘူး"ဟု ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက အတည်ပြုသည်။

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာ အထက်ပိုင်း၊ တောင်ပေါ်စခန်းကုန်းအမျိုးအစားဖြစ်သည့် စစ်တပ်၏ ပွိုင့်ကုန်းကို ကရင်နီပူးပေါင်းတပ်များက ဒီဇင်ဘာ ၁၁ ရက်တွင် သိမ်းပိုက်ထားသည်။

ဖယ်ခုံမြို့တွင် စစ်ကောင်စီ၏ ခမရ(၃၃၇)နှင့် ခမရ (၄၂၁)တပ်များ အခြေစိုက်ထားသည်။
👍40👏3🤬21🔥1
🤬22👍6🔥2😡2👏1