People's Spring
62.5K subscribers
67K photos
1.17K videos
7 files
2.92K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
42👍11👏2🤮2
ခလရ(၁၃)တပ်သိမ်းပိုက်ပြီး မန်တုံမြို့ကို TNLA ထိန်းချုပ်

▪️စစ်ကောင်စီက ၄ရက်အတွင်း လေကြောင်းပစ်ကူအကြိမ်၂၀၀ကျော် ပြုလုပ်ခုခံခဲ့သော်လည်း မြို့ကို လက်လွှတ်ခဲ့ရ

မိုးမိုး/People’s Spring

မန်တုံအခြေစိုက် ခလရ(၁၃၀)တပ်ရင်းကို တအာင်းတပ်မတော်(TNLA) တပ်များ ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း TNLA ခေါင်းဆောင်တစ်ဦးက People’s Spring သို့ အတည်ပြုထားသကဲ့သို့ ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနကလည်း ခလရ(၁၃၀)တပ်ရင်း အပါအဝင် မန်တုံမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြသည်။

ယမန်နေ့ညပိုင်းတွင် မန်တုံမြို့ ခလရ(၁၃၀) တပ်ရင်းကို သိမ်းပိုက်နိုင်ကြောင်း သတင်းအပေါ် TNLA ခေါင်းဆောင်တစ်ဦးက "တပ်စခန်းထဲတော့ ဝင်ပါပြီ ။ အားလုံးမရှင်းရသေးဘူး"ဟု ဖြေကြားခဲ့သည်။

TNLA က မန်တုံမြို့သိမ်းတိုက်ပွဲဆင်နွှဲရာ အဆိုပါ ခလရ(၁၃၀)တပ်ရင်းတစ်ခုသာ ကျန်တော့သည်ဟု TNLA သတင်းပြန်ကြားရေး အရာရှိက ပြောကြားထားသည်။

ရွှေဖီမြေ၏ ဖော်ပြချက်တွင် မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်အတူ ဖော်ပြရာ ခလရ(၁၃၀) တပ်ရင်းအတွင်း TNLA တပ်ဖွဲ့ဝင်များရောက်ရှိမှု၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သေဆုံးနေမှု၊ ခလရ(၁၃၀) တပ်ရင်း ဗဟိုကင်းနေရာ၊ စစ်ကောင်စီတပ်ပိုင် ကားများထားရှိရာ မော်တော်ယာဉ်ဌာန၊ စစ်ကောင်စီရဲအရာရှိများစီးနင်းသည့် ကား၊ စစ်ကောင်စီတပ်ရင်းအတွင်းထောင်ထားသည့် နင်းမိုင်းများ၊ ခလရ(၁၃၀) တပ်ရင်း စာကြည့်တိုက်နေရာ၊ ခလရ(၁၃၀) စက်သုံးဆီ သိုလှောင်ရုံနေရာ များကို ဓာတ်ပုံများ၌ တွေ့ရသည်။

TNLAက ယခု ဒီဇင်ဘာဒုတိယပတ်တွင် နမ့်ဆန်နှင့် နမ့်ခမ်းမြို့များကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ရာ ယခု မန်တုံကို ထပ်မံရရှိ၍ ၁၀၂၇ စစ်ဆင်ရေးအတွင်း ၃ခုမြောက် မြို့သိမ်းတိုက်ပွဲ အောင်မြင်မှုရရှိခြင်းဖြစ်သည်။

TNLA အနေဖြင့်ကွတ်ခိုင်တပ်စခန်း၊ နမ္မတူတပ်စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်လျက်ရှိသည်။

မန်တုံမြို့သိမ်းတိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် TNLA သတင်းပြန်ကြားရေးသို့ ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။

မန်တုံမြို့တွင် စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုအခြေအနေကိုမူ ယနေ့ နေ့လည်ပိုင်းတွင် TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

မန်တုံမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၅အိမ်ခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

မန်တုံမြို့နယ်တွင် တအာင်းတပ်မတော် PSLF/TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် အရပ်သားများအားဦးတည် ပစ်ခတ်တိုက်ခိုက်မှုများစွာပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်မှ ယမန်နေ့ ဒီဇင်ဘာလ ၂၂ရက်အထိ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် (၄၃)ကြိမ်၊ Y12 လေယာဉ်ဖြင့် (၁၈၃)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ (၁၃၀)တပ်စခန်းမှ လက်နက်ကြီးဖြင့် အကြိမ်(၁၃၀)ကျော် ပစ်ခတ်ခဲ့သည်ဟု အသိပေးထားသည်။
👏28👍248🤣1
(မန်တုံအခြေစိုက် ခလရ(၁၃၀)တပ်ရင်းအား TNLA သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေဖီမြေသတင်းဌာန)
👏26👍106🤣1
29👍14🤣3👏2
26👍12👏4🤣2
နန်းတွင်းရှိစစ်ဌာနချုပ် ဒုံးနဲ့ပစ်ခတ်ရပြီး မန္တလေးမှာ အဖမ်းအဆီးကြမ်းနေ

People's Spring

မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဆီ ရှော့တိုက်ဒုံးနဲ့ဦးတည်ပစ်ခတ်ခံရပြီးနောက် မန္တလေးမြို့တွင်းမှာ စစ်ကောင်စီတပ်က လူငယ်အချို့ကို ဖမ်းဆီးတာတွေရှိတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရပြီးနောက်ရက် ဒီဇင်ဘာလ ၂၂ ရက် တစ်ရက်တည်းမှာတင် မဟာအောင်မြေနဲ့ ချမ်းမြသာစည်မြို့နယ်တွေမှာ လူငယ် ၅ ဦး ပိတ်ဆို့ဖမ်းဆီးခံခဲ့ရပါတယ်။

မဟာအောင်မြေမြို့နယ် ၄၁ လမ်းနဲ့ ၈၆ လမ်းထောင့်မှာ မနေ့ မနက်ပိုင်း ၁၀ နာရီခန့်က ဆိုင်ကယ်စီး လူငယ် ၂ဦး ကို အသင့်စောင့်ဆိုင်းနေတဲ့ စစ်တပ်နဲ့ ရဲအဖွဲ့ က ဖမ်းခေါ်သွားပါတယ်။

"စစ်သားတွေကော အရပ်ဝတ်တွေကောစောင့်ပြီး သူတို့ကားပေါ် ဆွဲခေါ်ပြီးတင်သွားတာ"လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

နေ့ခင်းပိုင်း ၁ နာရီ ဝန်းကျင်မှာလည်း ချမ်းမြသာစည် မြို့နယ် ၆၂ လမ်း ၊ ၁၀၁ လမ်းနဲ့ ၁၀၂ လမ်းကြား မှာ အိမ်စီးကားပေါ်က လူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဆွဲချပြီး ဖမ်းဆီးခဲ့တယ်လို့စုံစမ်းသိရပါတယ်။


နန်းတွင်းက တိုင်းစစ်ဌာနချုပ်တိုက်ခိုက်ခံရတဲ့ရက်ကစပြီး ကျုံးဘေးပတ်လည်နဲ့ မြို့တွင်းတွေမှာ စစ်ကောင်စီဟာ စစ်ဆေးမှုပိုတင်းကြပ်လာပြီး အရပ်ဝတ်တွေနဲ့ပါ စောင့်ကြည့်တာမျိုး ရှိတယ်လို့ မြို့ခံအချို့က ပြောပြပါတယ်။

ဒီဇင်ဘာလ ၂၁ ရက် မနက် ၂ နာရီခွဲခန့်က မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီ ရှော့တိုက်ဒုံး ၆ လုံးနဲ့ပစ်ခတ်ခဲ့တယ်လို့ တိုက်ခိုက်မှုကိုစီမံတဲ့ Brave Warriors for Myanmar (BWM) အဖွဲ့က ကြေညာခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီရှော့တိုက်ဒုံးတွေဟာ စစ်ဌာနချုပ်ကိုထိမှန်တာမရှိဘဲ နန်းတွင်း အရှေ့ခြမ်း မှာရှိတဲ့ ပုသိမ်ကြီးမြို့နယ်ထဲက စက်ရိပ် ( မြောက်) ရွာ မြေကွက်လပ်ထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သတင်းထုတ်ထားပါတယ်။

မြေကွက်လပ်ထဲကျရောက်ပေါက်ကွဲလို့ လူနဲ့ အဆောက်အဦး ထိခိုက်မှုမရှိဘူးလို့လည်းစစ်ကောင်စီက ဆိုပါတယ်။

ဒါပေမယ့် တိုင်းစစ်ဌာနချုပ် ပစ်မှတ်ထားတိုက်ခိုက်ခံရပြီးနောက်ရက်မှာ မန္တလေးတိုင်းအတွင်းက ပျုစောထီးလို့ လူသိများတဲ့ ပြည်သူ့စစ်တွေကို စစ်ကောင်စီတိုင်းမှူးက နန်းတွင်း တိုင်းစစ်ဌာနချုပ်ထဲ ခေါ်ယူတွေ့ဆုံတာရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းကလည်း အလယ်တိုင်းပိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ နန်းတွင်းနဲ့အနီးဆုံးမှာရှိတဲ့ ကျုံးတောင်ဘက်ခြမ်းက ချမ်းအေးသာစံမြို့နယ် ၊စိတ္တရမဟီရပ်ကွက် က လူမရှိတဲ့ နေအိမ်ပေါ် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲတာမျိုးရှိထားပါတယ်။

အလယ်တိုင်းစစ်ဌာနချုပ်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း ၊မကွေးတိုင်း တောင်ပိုင်းဒေသတွေနဲ့ဆက်စပ်နေတဲ့ ဒေသတွေမှာ စစ်ရေးလှုပ်ရှားတာဝန်ယူဖို့ ဖွဲ့စည်းထားတာလို့သိရပါတယ်။
👍32🤬132😢2🤣2🥰1
မန္တလေးမြို့တွင်း ပြီးခဲ့တဲ့လပိုင်းက ဖမ်းဆီးမှုပြုလုပ်နေပုံကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေမှာဖော်ပြပုံ
🤣29🤬11👍3💩2🔥1