စားလှယ်တွေနဲ့ ဆွေးနွေးတာကိုပဲ သူတို့ပဲ အသိအမှတ်ပြုခံရတယ်ဆိုတာမျိုး ပြပြပြီး ပြောနေတယ်။ အဲဒါဟာ ရှင်းရှင်းပြောရရင် ရှက်စရာကောင်းနေပြီ။ ကုလသမဂ္ဂကိုယ်စား
လှယ်တွေက သူတို့နဲ့တွေ့တယ်၊ ဆွေးနွေးတယ်ဆိုတာက မြန်မာနိုင်ငံ ထဲမှာ humanitatrian assistance လိုမျိုးပေးဖို့၊ သူတို့နဲ့တွေ့တာရှိတယ်။ အဲဒါကိုပဲ သူတို့ကို အသိ
အမှတ်ပြုသယောင်ယောင်နဲ့ သူတို့က လုပ်တာ။ အဲဒါ လုံးဝမဟုတ်ဘူးဆိုတာ ဒီဆုံးဖြတ်ချက် ပြသလိုက်တာပဲ။ သူတို့ဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အစိုးရ မဟုတ်ဘူး။
မေး - ပြည်တွင်းမှာဆိုလည်း လက်ရှိမှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထိုးစစ်ဆင်မှုတွေ ၊ စစ်ဆင်ရေးတွေကြောင့် ရှမ်းမြောက်မှာရှိတဲ့ စစ်ကောင်စီစခန်းပေါင်း ရာနှင့်ချီဆုံးရှုံးတယ်။ မြန်မာနိုင်ငံတဝှမ်းမှာလည်း ပြည်တွင်း စစ်မျက်နှာမှာ စစ်အုပ်စုက အရေးနိမ့်ကျရှုံးနေတာ တွေ့ရတယ်။ အခုလိုအချိန်မှာ ကုလသမဂ္ဂမှာ၊ နိုင်ငံတကာ မျက်နှာစာမှာ ထပ်ပြီးတော့ ကျရှုံးမှု တစ်ခု၊ ဆုံးရှုံးမှုတစ်ခုပေါ့။ ဒီအပေါ်မှာရော NUG အနေနဲ့ ဘာများ ပြောကြားလိုပါလဲ။
ဖြေ - ၂၀၂၃ နှစ်ကုန်ခါနီး မြန်မာနိုင်ငံမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက ဟန်ချက်ညီညီနဲ့ ထိုးစစ်တွေ ဆင်နွှဲပြီးတော့ အောင်ပွဲတွေ ဆင်နေကြတယ်။ စစ်အုပ်စုရဲ့ဗျူဟာအခြေစိုက် စခန်းတွေ အပါအဝင် စစ်စခန်းပေါင်း ၃၀၀ ကျော်ကို အချိန်ကာလ တစ်လကျော်ကျော် နှစ်လအတွင်းမှာ သိမ်းတယ်။ မြို့တွေ သိမ်းတယ်။ ရွာတွေ သိမ်းတယ်။ ဗျူဟာမြောက်တဲ့ မြို့တွေ သိမ်းတယ်။ အဲဒီလို အချိန်မှာ ကုလသမဂ္ဂကလည်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို အသိအမှတ်မပြုဘဲနဲ့ ကျွန်တော်တို့ သံအမတ်ကြီး၊ ပြည်သူလူထုရဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်လက်ပြီး တာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုလိုက်တာက အင်မတန်မှ ကောင်းမွန်တဲ့ လက္ခဏာ၊ စစ်အုပ်စုအတွက် အင်မတန်မှ ဆိုးရွားတဲ့ လက္ခဏာ၊ တော်လှန်ရေး အင်အားစုတွေအတွက် မင်္ဂလာရှိတဲ့ သတင်းလေးပေါ့။ အဲဒီတော့ ဒီဟာက ဒီအချိန်မှာ တော်လှန်ရေး စစ်ရေးကဏ္ဍမှာ အရှိန်အဟုန်တွေမြှင့်တင်ပြီးတဲ့အချိန်မှာ အရေးကြီးတဲ့ အချိန်မှာ မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ မြန်မာပြည်သူလူထုတွေရဲ့ တော်လှန်ရေး၊ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊ အခုအချိန်မှာဆိုရင် စစ်အုပ်စုက သူတို့ ခံနေရတာနဲ့ လူတွေကို သတ်တာ ပိုများတယ်။ လေကြောင်းက တိုက်တယ်။ အမြောက်ကြီးတွေနဲ့ ပစ်တယ်။ ရွာတွေ မြို့တွေကို မီးရှို့တယ်။ ဒီတစ်လကျော်ကာလအတွင်းမှာ စစ်ရှောင်ဒုက္ခသည် ၅ သိန်းကျော် တိုးလာတယ်။ နောက်ပြီးတော့ တော်လှန်ရေး အင်အားစုတွေ အပေါ်မှာ ဓာတုလက်နက်တွေ သုံးလာတဲ့ အထောက်အထားတွေလည်း တွေ့ရတယ်။ ကလက်စတာဗုံးလို့ခေါ်တဲ့ ပိတ်ပင်တားမြစ်ထားတဲ့ ဗုံးတွေ သုံးပြီး လူအမြောက်အများ၊အရပ်သားအမြောက်အများ သေကြေအောင် လုပ်တာတွေ ၊ ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားတွေကို သတ်တာတွေ တွေ့ရတယ်။ အဲဒီအချိန်မှာ သံအမတ်ကြီးအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂမျက်နှာစာမှာ ဒီအဖြစ်မှန်တွေကို တစ်ကမ္ဘာလုံးက သိအောင်၊ ကမ္ဘာ့ခေါင်းဆောင်တွေ သိအောင် ပြောပြခွင့်ရနိုင်တယ် ဆိုတာ တော်လှန်ရေးအတွက် အင်မတန်မှ ကောင်းမွန်တဲ့ရလဒ်တစ်ခုလို့ ပြောကြားချင်ပါတယ်။ စစ်အုပ်စုအတွက်ကတော့ ဘယ်လိုမှ အဖက်ဆယ်လို့ မရတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။
မေး - ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ပြီးတော့ ကိုယ်စားပြုခွင့်ရဖို့အတွက် ပြည်ပရောက်မြန်မာတွေရော၊ ပြည်တွင်းက သပိတ်အင်အားစုတွေ၊ ပြည်သူတွေက ‘ငါတို့ သံအမတ်၊ ငါတို့ အသံ’ လှုပ်ရှားမှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်။ ဒါတွေက အခုလို သံအမတ်ကြီး ဆက်လက်ရရှိရေးအတွက် ဘယ်လောက်အကျိုးဖြစ်ထွန်းစေခဲ့သလဲ။ ပါဝင်ခဲ့တဲ့ မြန်မာပြည်သူတွေကို ဘာများ သတင်းစကားပါးလိုပါလဲ။
ဖြေ - ဒါက အင်မတန်အရေးကြီးဆုံးအချက်ပါ။ သံအမတ်ကြီးဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံပြည်သူလူထုကို ကိုယ်
စားပြုတယ်။ မြန်မာပြည်သူလူထုရဲ့ အသံဟာ အင်မတန်အရေးကြီးပါတယ်။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေက သံအမတ်ကြီးရဲ့ credentials campaign မှာ တခဲနက် ဦးကျော်မိုးထွန်းသည်သာ ကျွန်တော်တို့၊ ကျွန်မတို့ရဲ့ ကိုယ်စားလှယ်ဖြစ်တယ်ဆိုတာကို အတိအလင်းပြောကြားတာ၊ အဲဒါဟာာ အင်မတန်မှ အရေးကြီးတဲ့အချက်ပါ။ အဲဒီအသံတွေက ဒီဆုံးဖြတ်ချက်တွေ အပေါ်မှာ ရောင်ပြန်ဟပ်စေပါတယ်။ ကျွန်တော်တို့ အမြဲပြောပါတယ်။ တိုင်းရင်းသားပြည်သူလူထုတွေရဲ့ အင်အားသည်သာ အဓိကဖြစ်တယ်။ အခုနိုင်ငံတကာမျက်နှာစာမှာရော၊ စစ်ရေးမျက်နှာစာမှာရော၊ ဒီပြည်သူလူထုရဲ့ အင်အားတွေကြောင့် အောင်ပွဲတွေရနေတာ။ အောင်ပွဲတွေ ဆက်လက်ခံပြီးတော့၊ ပိုမိုကြီးမားတဲ့ အောင်ပွဲတွေ ရပြီးတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့အတွက်ကလည်း မြန်မာပြည်သူလူထုရဲ့ အင်အားနဲ့ အမြစ်ဖြုတ်နိုင်မှာ။ အဲဒီကာလသည်လည်း ပြည်သူလူထုရဲ့ ညီ
ညွတ်မှု အင်အား၊ ဟန်ချက်ညီညီနဲ့ဆောင်ရွက်မှုကြောင့် အချိန်တိုတိုအတွင်းမှာ ဖြစ်ရပါလိမ့်မယ်လို့ ပြောကြားချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။ ။

👍35👏7🤮1
အိန္ဒိယ- မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းကို AA စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေ
▪️ကျောက်ဖြူနှင့်မောင်တောတွင် AAနှင့်စစ်ကောင်စီတိုက်ပွဲဖြစ်၊အရပ်သားများကိုဖမ်းဆီးမှု စစ်ကောင်စီဆက်လုပ်
ရှိုင်း/People’s Spring
မြန်မာ -အိန္ဒိယ နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုသိမ်းပိုက်နိုင်ရေး ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး ဒီဇင်ဘာ ၂၂ရက် တိုက်ပွဲသတင်းကို ညီနောင် ၃ဖွဲ့က အသိပေးထုတ်ပြန် ရာ၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။
ပလက်ဝမြို့နယ်၊ အိန္ဒိယနယ်စပ် BP-9 မြိတ်ဝရွာ၏ တောင်ဘက် (၅)ကီလိုမီတာအကွာ နယ်စပ်မှတ်တိုင် BP-5 ၏ အရှေ့ဘက်ရှိ ပွိင့် (၃၇၇) စခန်းအား အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ရန် အတွက် AA က ထပ်မံ ကြိုးပမ်းနေသည်ဟု အသိပေးသည်။
မောင်တောမြို့နယ်မြောက်ပိုင်း ကြောင်နဘေကျေးရွာနားတွင် လည်း ထိတွေ့မှု ဖြစ်ခဲ့ကြောင်း ၊ စစ်ကောင်စီတပ်က ကြောင်နဘေကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်သည်။
မောင်တောမြို့၊ မြို့သူကြီး ၊ နခခ (၅) တပ်ရင်းမှ လက်နက်ကြီး များဖြင့် ရမ်းကားပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မောင်တောမြို့နယ်ရှိ ဗောဓိကုန်းရွာ၏ မြောက်ဘက်တွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သည်ဟုဆိုသည်။ မောင်တောအခြေစိုက်ဗောဓိကုန်းနယ်ခြားစောင့်တပ်စခန်းမှ ကံသာယာ (အလယ်) ကျေးရွာနှင့် အနီးတဝိုက်သို့ လက်နက်ငယ်များဖြင့် ရမ်းပစ်ခတ်ခဲ့သည်ဟု အသိပေးသည်။
ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်စခန်းအနီး၌ စစ်ကောင်စီစစ်ကြောင်းတစ်ခုမှ ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားရာနယ်မြေသို့ ရုတ်ချည်း စစ်ကျွံလာ၍ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။ တိုက်ပွဲအသေးစိတ် အခြေအနေများကို ဖော်ပြမထားပေ။
ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ၏ “ကိုးတန်ကောက်နယ်ခြားစောင့်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးခန့်သည် ဒေသခံနှစ်ဦးပိုင်ဆိုင်သည့် မရိတ်သိမ်းရသေးသည့် စပါးခင်းများသို့ ဝင်ရောက်ကာ တမင်ရည်ရွယ်ချက်ရှိရှိ ဓါတ်ဆီလောင်းကာ မီးရှို့ခဲ့၍ စပါး ၂ဧကကျော် မီးလောင်ခဲ့သည်ဟု ထုတ်ပြန်သည်။
အပြစ်မဲ့အရပ်သားများအား မတရားဖိနှိပ်ဖမ်းဆီးမှုများကိုလည်း စစ်ကောင်စီက ဆက်လက်ပြုလုပ်ခဲ့ကြောင်း၊ စစ်တွေမြို့နယ်ရှိ ကိုးရီးယားဆိပ်ကမ်းသို့ ဈေးလာဝယ်သည့် အပြစ်မဲ့အရပ်သား အမျိုးသမီးသုံးဦးနှင့် အမျိုးသား ရှစ် ဦးတို့အား ပေါက်တောမြို့နယ်၊ ရဖီးချပ်တောင်အောက် မြစ်ထဲ၌ ရပ်နားထားသည့် စစ်ကောင်စီနေဗီ (၄၄၃)မှဖမ်းဆီးပြီး စစ်တွေရဲစခန်းသို့ ဖမ်းခေါ်သွားသည်ဟု ဆိုသည်။
အဆိုပါ အရပ်သားများစီးနင်းလာသည့် လှေသဗ္ဗာန်၊ ဟွန်ဒါများ၊ ဝယ်ယူလာသည့် ပစ္စည်းများကိုပါ တပါတည်း သိမ်းဆည်းသွားသည်ဟု ထုတ်ပြန်သည်။
ထို့ပြင် သံတွဲမြို့နယ် ကင်းမောကျေးရွာမှ ဒေသခံ ၁ဦးအား ဖမ်းဆီးပြီး ငပလီ ခမရ (၅၅) တပ်ရင်း၌ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဖော်ပြသည်။
တောင်ကုတ်အခြေစိုက် စစ်ကောင်စီတပ်ကလည်း တပျော့ကျေးရွာအတွင်းသို့ ဝင်ရောက်၍ ဒေသခံ (၆)ဦးအား ဖမ်းခေါ်သွားပြီး သုံးဦးသာ ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

👏31👍19🥰1🤣1
(ရက္ခိုင့်တပ်တော်(AA) စစ်သင်တန်းဆင်းပွဲတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - AA)
👏21👍11❤3🔥1
ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းနှစ််ခုကို PDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းယူ
▪️စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်
နန်းနောင့်နောင့်/People's Spring
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဇီးပင်သာ၊နောင်ဆန်းကျင်နှင့် တီလောင် ကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှ်ိသည်။
ဟုမ္မလင်းမြို့နယ်အတွင်း ရွာချင်းဆက်နေသည့် ဇီးပင်သာ၊နောင်ဆန်းကျင်နှင့်တီလောင်ကျေးရွာအနီးရှိ စစ်ကောင်စီနှင့် ရှမ်းနီတပ်ပူးပေါင်းတပ်ဖွဲ့ ရှေ့တန်းစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ဒီဇင်ဘာ ၁၉ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထို့နောက် ဒီဇင်ဘာ ၂၂ရက် နေ့လယ် ၁နာရီခန့်တွင် စစ်ကောင်စီက အဆိုပါရွာသုံးရွာအတွင်း ဗုံး သုံးလုံးကြဲချတိုက်ခိုက်သွားသည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
"စခန်းအသိမ်းခံရလို့ လေကြောင်းကနေ လာပစ်နေတာ။ ဘေးလွတ်ရာ ရှောင်နေကြရတယ်။ ဒီရက်ထဲ လေကြောင်းအန္တရာယ်ကို အထူး သတိပေးထားရတဲ့ အနေအထားပါ"ဟု ဇီးပင်သာကျေးရွာဒေသခံတစ်ဦးက ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှထိခိုက်မှုကို အတိအကျမသိရှိရသေးပေ။
သို့သော် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဟုမ္မလင်းမြို့ပေါ်ရှိ တပ်ရင်းသို့ ပူးပေါင်းသွားကြောင်းသတင်းရရှိသည်။
စစ်ကောင်စီ၏လေကြောင်းအန္တရာယ်ကိုကြောက်လန့်၍ ဒေသခံ နှစ်ထောင်ခန့်မှာ ဘေးလွတ်ရာတိမ်းရှောင်နေကြရသည်။
ယမန်နေ့က တိုက်ခိုက်မှုတွင် အရပ်သားထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ်လေးလုံးပျက်စီးခဲ့သည်။ စစ်ကောင်စီတပ်သည် ဟုမ္မလင်းမြို့နယ်အပြင် ၊ရွှေပြည်အေး၊ ဖောင်းပြင်၊ တမူးမြို့နယ်တို့ကို ဟုမ္မလင်းမှ တက်လာသော Mi-2 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် မကြာခဏဗုံးကြဲတိုက်ခိုက်နေကြောင်း ကာကွယ်ရေးရေးဘော်များကပြောသည်။
ဒီဇင်ဘာ ၂၁ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်ကလည်း ဖောင်းပြင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးလေးဦး၊ အမျိုးသားငါးဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
ဖောင်းပြင်မြို့နယ် သရောင်းနှင့်ထောမကျေးရွာအားတိုက်ခိုက် ရေးရဟတ်ယာဉ်ဖြင့် ဗုံး ၁၃လုံးအထိ ကြဲချခဲ့ခြင်းဟု သိရသည်။
ဒဏ်ရာရသူများဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ကြောင်း ဖောင်းပြင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

❤23👍21👏4🤣1
KNU တပ်မဟာ(၆)တွင် စစ်ကောင်စီလက်နက်ကြီးပစ်၍ အမျိုးသမီးတစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ
မောင်မောင်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင် အာဏာသိမ်း စစ်ကောင်စီတပ်မှ ပြည်သူနေ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၈ရက်က စစ်ကောင်စီတပ် စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၀) တပ်ရင်းမှ (၁၂၀) မမ လက်နက်ကြီးများဖြင့် ပြည်သူနေ ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် တောင်ကြာအင်းကျေးရွာမှ အသက် (၄၆)နှစ်ရှိ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း ဖော်ပြသည်။
ဒီဇင်ဘာ ၁၉ရက်တွင်လည်း ခလရ(၂၃၀) တပ်ရင်းမှ ပင်လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ထပ်မံပစ်ခတ်ခဲ့၍ တောင်ကြာအင်း ကျေးရွာနေ အမျိုးသမီးနှစ်ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။
ဒဏ်ရာရသူများမှာ အသက် (၇၁)နှစ်အရွယ်နှင့် အသက် (၆၈)နှစ်အရွယ် သက်ကြီးရွယ်အိုများဖြစ်သည်ဟု ထုတ်ပြန်သည်။
KNUနယ်မြေများတွင် စစ်ကောင်စီက လက်နက် ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်ခဲ့၍ အရပ်သားပြည်သူထိခိုက်သေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

🤬32👍3😢2🔥1😡1
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
🤬14😢5🔥3👍2
ယင်းမာပင် ဒေသခံပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်ယာသပိတ်
သုည/People's Spring
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဦးဆောင်၍ ဒေသခံပြည်သူများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်ယာသပိတ်ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်က ဆင်နွှဲခဲ့ကြသည်။
ဆန္ဒပြပြည်သူများက တောင်ယာစိုက်ပျိုးရင်း "China:Stop killing myanmar people by supporting fascist criminals" စာသားကိုင်ဆောင်ကာ "သို့ တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကို နေ့စဥ်မပြတ် ဆန္ဒပြလျက်ရှိရာ ယနေ့ ရက်ပေါင်း (၁၀၀၃) ရက်မြောက်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ

❤22👍15🤮1
ခလရ(၁၃)တပ်သိမ်းပိုက်ပြီး မန်တုံမြို့ကို TNLA ထိန်းချုပ်
▪️စစ်ကောင်စီက ၄ရက်အတွင်း လေကြောင်းပစ်ကူအကြိမ်၂၀၀ကျော် ပြုလုပ်ခုခံခဲ့သော်လည်း မြို့ကို လက်လွှတ်ခဲ့ရ
မိုးမိုး/People’s Spring
မန်တုံအခြေစိုက် ခလရ(၁၃၀)တပ်ရင်းကို တအာင်းတပ်မတော်(TNLA) တပ်များ ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း TNLA ခေါင်းဆောင်တစ်ဦးက People’s Spring သို့ အတည်ပြုထားသကဲ့သို့ ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနကလည်း ခလရ(၁၃၀)တပ်ရင်း အပါအဝင် မန်တုံမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြသည်။
ယမန်နေ့ညပိုင်းတွင် မန်တုံမြို့ ခလရ(၁၃၀) တပ်ရင်းကို သိမ်းပိုက်နိုင်ကြောင်း သတင်းအပေါ် TNLA ခေါင်းဆောင်တစ်ဦးက "တပ်စခန်းထဲတော့ ဝင်ပါပြီ ။ အားလုံးမရှင်းရသေးဘူး"ဟု ဖြေကြားခဲ့သည်။
TNLA က မန်တုံမြို့သိမ်းတိုက်ပွဲဆင်နွှဲရာ အဆိုပါ ခလရ(၁၃၀)တပ်ရင်းတစ်ခုသာ ကျန်တော့သည်ဟု TNLA သတင်းပြန်ကြားရေး အရာရှိက ပြောကြားထားသည်။
ရွှေဖီမြေ၏ ဖော်ပြချက်တွင် မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်အတူ ဖော်ပြရာ ခလရ(၁၃၀) တပ်ရင်းအတွင်း TNLA တပ်ဖွဲ့ဝင်များရောက်ရှိမှု၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သေဆုံးနေမှု၊ ခလရ(၁၃၀) တပ်ရင်း ဗဟိုကင်းနေရာ၊ စစ်ကောင်စီတပ်ပိုင် ကားများထားရှိရာ မော်တော်ယာဉ်ဌာန၊ စစ်ကောင်စီရဲအရာရှိများစီးနင်းသည့် ကား၊ စစ်ကောင်စီတပ်ရင်းအတွင်းထောင်ထားသည့် နင်းမိုင်းများ၊ ခလရ(၁၃၀) တပ်ရင်း စာကြည့်တိုက်နေရာ၊ ခလရ(၁၃၀) စက်သုံးဆီ သိုလှောင်ရုံနေရာ များကို ဓာတ်ပုံများ၌ တွေ့ရသည်။
TNLAက ယခု ဒီဇင်ဘာဒုတိယပတ်တွင် နမ့်ဆန်နှင့် နမ့်ခမ်းမြို့များကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ရာ ယခု မန်တုံကို ထပ်မံရရှိ၍ ၁၀၂၇ စစ်ဆင်ရေးအတွင်း ၃ခုမြောက် မြို့သိမ်းတိုက်ပွဲ အောင်မြင်မှုရရှိခြင်းဖြစ်သည်။
TNLA အနေဖြင့်ကွတ်ခိုင်တပ်စခန်း၊ နမ္မတူတပ်စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်လျက်ရှိသည်။
မန်တုံမြို့သိမ်းတိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် TNLA သတင်းပြန်ကြားရေးသို့ ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။
မန်တုံမြို့တွင် စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုအခြေအနေကိုမူ ယနေ့ နေ့လည်ပိုင်းတွင် TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
မန်တုံမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၅အိမ်ခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။
မန်တုံမြို့နယ်တွင် တအာင်းတပ်မတော် PSLF/TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် အရပ်သားများအားဦးတည် ပစ်ခတ်တိုက်ခိုက်မှုများစွာပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ဒီဇင်ဘာလ ၁၉ ရက်မှ ယမန်နေ့ ဒီဇင်ဘာလ ၂၂ရက်အထိ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် (၄၃)ကြိမ်၊ Y12 လေယာဉ်ဖြင့် (၁၈၃)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ (၁၃၀)တပ်စခန်းမှ လက်နက်ကြီးဖြင့် အကြိမ်(၁၃၀)ကျော် ပစ်ခတ်ခဲ့သည်ဟု အသိပေးထားသည်။

👏28👍24❤8🤣1
(မန်တုံအခြေစိုက် ခလရ(၁၃၀)တပ်ရင်းအား TNLA သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေဖီမြေသတင်းဌာန)
👏26👍10❤6🤣1