▪︎Photo News
လွတ်လပ်နေပြီဖြစ်တဲ့ ခရိုင်မြို့ကောလင်း
-People's Spring
စစ်ကောင်စီလက်အောက်က လွတ်မြောက်လာတာတစ်လခွဲကျော်ရှိလာပြီဖြစ်တဲ့ ကောလင်းမြို့ ရဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့မဟာမိတ် ပူးပေါင်း တပ်ဖွဲ့
တွေကကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်မှာအောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီလက်အောက်ကလွတ်မြောက်လာတဲ့ ကောလင်းမြို့ ရဲ့ မြို့မ ဈေးနဲ့ မြို့ထဲက မြင်ကွင်းနေကို ဒီဇင်ဘာတတိယပါတ်မှာ မှတ်တမ်းတင်ထားတဲ့ပုံတွေဖြစ်ပါတယ်။ အခုဆိုရင် ဈေးရောင်းသူဝယ်သူတွေ နဲ့ စည်ကားနေပြီဖြစ်သလို လျှပ်စစ်မီးနဲ့ရေကလည်းအဆင်ပြေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ဒေသခံပြည်သူတွေရဲ့မျက်နှာမှာ လွတ်လပ်ပျော်ရွှင်မှုတွေမြင်တွေ့နေပြီးတော့ ဒေသခံတွေပုံမှန်လုပ်ငန်းခွင်ဝင်နေတာကို လျှပ်တပျက် မှတ်တမ်းတင်ထားတဲ့ဓါတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဓါတ်ပုံ- အယ်လ်အမ်

❤31👍22🥰4🤣1
▪︎မြို့ပေါ်တိုက်ပွဲတွေဖြစ်လာရင် အရေးပေါ်အိတ်အတွက်
ထည့်ထားသင့်တဲ့ ပစ္စည်းတွေ
၁- သောက်ရေသန့် ၊သယ်ရလွယ်သောရေစစ် ၊ မုန့်ခြောက်၊ခေါက်ဆွဲခြောက်
၂ ။ အရေးပေါ်ဆေးဝါးများ ၊ မိသားစုထဲကျန်းမာရေးမကောင်းသူရှိပါက သောက်နေကြ ဆေးများ (ဆေးသောက်ရန် အညွှန်းစာရွက် ) ၊လက်သန့်ဆေး၊နှာခေါင်းစည်း
၃ ။ နားတွင် ပိတ်ဆို့စရာ Earplug(တိုက်ပွဲအတွင်းရောက်ပါက နားစည်ကာကွယ်ပေးရန်) ၊ဂွမ်းစ (သို့မဟုတ်) ပတ်တီးလိပ်
၄။ဖုန်း ၊အားသွင်းကြိုး ၊ Power Bank ၊ဖုန်းငွေဖြည့်ကတ် ၊ မိသားစု၊ မိတ်ဆွေရင်းများ ၊ဆက်သွယ်ရန်လိုအပ်လာနိုင်တဲ့ပုဂ္ဂိုလ် ၊ အဖွဲ့အစည်းများရဲ့ဖုန်းနံမှတ် (ဖုန်းနံမှတ် မှတ်ထား၍အန္တရာယ်ရှိနိုင်တဲ့ ပုဂ္ဂိုလ် ၊အဖွဲ့အစည်းအမည်တွေ မမှတ်ထားပါနဲ့)
၅။ ခြင်နဲ့ ပိုးမွှားအန္တရာယ်ကာကွယ်နိုင်တဲ့လူးဆေး ၊ဖြန်းဆေး
၆ ။ ဓါတ်မီး ၊ ထီး ၊မိုးကာ
၇ ။အမျိုးသမီးဖြစ်ပါက လစဥ်သုံးပစ္စည်း
၈ ။ ရေပြတ်မီးပြတ် ပါက အလေး ၊အပေါ့စွန့်ပစ်နိုင်ရန် ပလက်စတစ်အိတ်အမဲ ၊တစ်သျူး အစို ၊အခြောက်၊ ဆပ်ပြာရည်
၉ ။အတွင်းခံအပါအဝင် ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အစား ၊ ရာသီဥတုနဲ့ ဒေသအပေါ်မူတည်ပြီးတော့
အနွေထည်များ ယူသင့်
၁၀ ။မှတ်ပုံတင် ၊အိမ်ထောင်စုစာရင်း ၊ ယာဥ်မောင်းလိုင်စင် ၊စာချုပ်နဲ့ အရေးကြီးစာရွက်စာတမ်းများ (စာချုပ်စာတမ်းများကို ရေမစိုစေရန် စီမံထားရန်)
၁၁။ငွေကြေး ၊ဘဏ်စာချုပ် ၊သယ်ရလွယ်တဲ့ တန်ဖိုးကြီးပစ္စည်းတွေ (သေချာစွာထုတ်ပိုးရန်)
၁၂ ။ရေဒီယို ၊ ဝီစီ (မိသားစုနဲ့မိတ်ဆွေနဲ့အဆက်အသွယ်ပြတ်သွားရင်ဆက်သွယ်ရန်၊အလွယ်တကူလူစုရန်)
၁၃ ။ ဓါး ၊ကတ်ကြေး ၊ မီးခြစ် ၊ဖရောင်းတိုင်
၁၄။ မိသားစုဝင်များသွေးအမျိုးအစားကို အလွယ်တကူရှာရအောင်ရေးမှတ်ထားရန် (အရေးပေါ်သွေးသွင်းရန်လိုလာပါကသိစေရန်)
၁၅ ။ အရေးပေါ်တိမ်းရှောင်ရမယ့်နေရာတွေကိုလေ့လာထားပြီး လိုအပ်ရင် မြေပုံဆွဲမှတ်ထားရန် ၊ မိသားစုကွဲသွားရင် ပြန်ဆုံရန်နေရာသတ်မှတ်ထားရန်
(မှတ်ချက်-အထက်ပါစာရင်းမှာမပါပေမယ့် တစ်ဦးချင်း
၊တစ်မိသားစုချင်းလိုအပ်ချက် အရ အရေးကြီးတာ၊သယ်ရလွယ်တာတွေ အိတ်ထဲထည့်ထားသင့်ပါတယ်)
ကိုးကား-ICRC ၊ QUORA ၊NUG

❤43👍31🤣1
မန်တုံ ခလရ(၁၃၀)တပ်စခန်းအတွင်းTNLA ဝင်ရောက်နိုင်ပြီဟု အတည်ပြု
▪️ခလရ(၁၃၀)ကို ရှင်းလင်းသိမ်းပိုက်နိုင်ပါက မန်တုံမြို့ကို TNLA အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်မည်ဖြစ်
သက်ဝေ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ရှိ စစ်ကောင်စီတပ် ခလရ(၁၃၀)ကို သိမ်းပိုက်ရရှိရေး တအာင်းတပ်မတော်(TNLA)က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ညပိုင်းတွင် စခန်းအတွင်း ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း TNLA ခေါင်းဆောင် တစ်ဦးက အတည်ပြုသည်။
မန်တုံမြို့သိမ်းပိုက်နိုင်ရေး TNLAက ထိုးစစ်ဆင်လျက်ရှိရာ ခလရ (၁၃၀) စခန်းတစ်ခုသာ ကျန်နေခြင်းဖြစ်သည်။ ယင်းစခန်း မကျဆုံးရေး စစ်ကောင်စီက လေကြောင်း ၊ လက်နက်ကြီး ပစ်ကူအများအပြားသုံးခုခံနေသည့်ကြားမှ ယမန်နေ့ညတွင် TNLAက သိမ်းပိုက်နိုင်ကြောင်း သတင်းများအပေါ် TNLA ခေါင်းဆောင်က ယခုကဲ့သို့ အသိပေးခြင်းဖြစ်သည်။
"တပ်စခန်းထဲတော့ ဝင်ပါပြီ။ အားလုံးမရှင်းရသေးဘူး”ဟု TNLA ခေါင်းဆောင်တစ်ဦးက ပြောသည်။
TNLAက ယမန်နေ့ညပိုင်းတွင် မန်တုံတိုက်ပွဲ သတင်းကို ဖော်ပြထားရာ စစ်ကောင်စီက ဒီဇင်ဘာ ၂၂ရက်တွင် မန်တုံမြို့ အနီးတဝိုက်သို့ တိုက်လေယာဉ်ဖြင့် ၁၃ကြိမ်၊ Y12 လေယာဉ်ဖြင့် ၄၈ကြိမ် ဗုံး ၂၅၈ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
ထို့ပြင် မန်တုံမြို့နယ် စစ်ကောင်စီ ခလရ(၁၃၀) တပ်စခန်းမှ မန်ဖန်ကျေးရွာ၊ စစ်ရှောင်စခန်း၊ ရောကျိန်းကျေးရွာ၊ နမ္မတူလမ်းခွဲသို့ လက်နက်ကြီးဖြင့် (၃၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
ယမန်နေ့တွင် မန်တုံတပ်စခန်းသို့ လက်နက်ခဲယမ်းများ ရဟတ်ယာဉ်ဖြင့် တစ်ကြိမ် လေထီးအသုံးပြု ချပေးခဲ့သည်ဟု ဆိုသည်။
“ဒီနေ့မှစ၍ မန်တုံမြို့နာမည်သည်မူလနာမည်ဖြစ်သော ရူကော(Rukaw)နာမည်ဖြင့်စတင်သုံးသွားရန် မေတ္တာရပ်ခံအပ်သည်”ဟု TNLA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်တားဂျုတ်ဂျားက ယနေ့ နံနက်တွင် လူမှုကွန်ရက်၌ ရေးသားခဲ့သည်။
၂၀၀၅ ခုနှစ် ဧပြီ ၂၉ရက် မှသည် ၂၀၂၃ ရက်အထိ ၁၈နှစ်ကြာခဲ့သည့် ရူကောမြေအတွက် ကြေကွဲခဲ့သမျှ ဆွေးမြေ့ခဲ့သမျှ အသစ်တဖန် ပြန်လည်မွေးဖွားလာပြီဟုလည်း ဒုဥက္ကဋ္ဌက ရေးသားထားသည်။
ယမန်နေ့ မန်တုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သော နေရာများမှာ မန်တုံရဲစခန်း၊ ပြည်သူစစ်စခန်း၊ လောက်ကျယ်အနီးတဝိုက်၊ နွားသတ်ကုန်း၊ ဒုက္ခသည်စခန်းအနီးတဝိုက် နှင့် ပန်နင်ကျေးရွာလမ်းခွဲ နေရာများဖြစ်ကြောင်း၊ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များစွာ လေယာဉ်ဗုံးစ ထိမှန် ပျက်စီးခဲ့ရကြောင်း အသိပေးသည်။
TNLA အနေဖြင့် ရှမ်းမြောက်ရှိ နမ့်ဆန်နှင့် နမ့်ခမ်းမြို့များကို ဒီဇင်ဘာ တတိယပတ်အတွင်း အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ယခု ခလရ(၁၃၀) တပ်စခန်းကို ရှင်းလင်းပြီးပါက မန်တုံမြို့ကိုလည်း အလုံးစုံ သိမ်းပိုက်နိုင်မည့် အခြေအနေဖြစ်သည်။
TNLA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်တားဂျုတ်ဂျားက လည်း
“ဒီနေ့မှစ၍ မန်တုံမြို့နာမည်သည်မူလနာမည်ဖြစ်သော ရူကော(Rukaw)နာမည်ဖြင့်စတင်သုံးသွားရန် မေတ္တာရပ်ခံအပ်သည်” ဟု ယနေ့မနက်တွင် လူမှုကွန်ရက်၌ ရေးသားထားသည်။
၂၀၀၅ ခုနှစ် ဧပြီ ၂၉ရက် မှသည် ၂၀၂၃ ရက်နေ့အထိ ၁၈နှစ်ကြာခဲ့သည့် "ရူကောမြေ" အတွက် ကြေကွဲခဲ့သမျှ ဆွေးမြေ့ခဲ့သမျှ အသစ်တဖန် ပြန်လည်မွေးဖွားလာပြီဟုလည်း ဒုဥက္ကဋ္ဌက ရေးသားထားသည်။

❤42👍34👏5🤣1
မြိုင်မြို့နယ်တွင် စစ်ကောင်စီအား မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်
ဟာနာဆန်/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယမန်နေ့ (ဒီဇင်ဘာ၂၂ ရက်) နံနက် ၁၁ နာရီခန့်က မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ၌ တပ်စွဲထားသောစစ်ကောင်စီတပ်သားများကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် အီနာဂါဗုံးသီး ခုနစ်လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။
"ပစ်မှတ်နေရာတွေကို အတိအကျ ဗုံးသီးချတိုက်ခိုက်နိုင်ခဲ့တယ်။"ဟု မြိုင်(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကို စုံစမ်းနေဆဲဖြစ်ကာ ဒရုန်းတပ်သားများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို Middle Revolution Task Force(MRTF)၊မြိုင်(ပကဖ)၊Thu Rain(TR)၊DMG(ဓါးမင်းကြီး )၊နယ်မြေခံမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၁ ရက်ကလည်း ပခုက္ကူမြို့နယ် ကျပ်ထိုးရဲကင်းစခန်းအား မြိုင်(ပကဖ)၊ ကမ္မ KMPF၊ ဧရာအနောက်ပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့သေးသည်။

👍40👏13🔥1
စစ်ကောင်စီတပ်အား မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-မြိုင်(ပကဖ)
❤29👍16👏6🔥1
▪︎မေးမြန်းခန်း
"ဆုံးဖြတ်ချက်မှာ တရုတ်ရဲ့ထောက်ခံမှုလည်း အဓိက ပါတာပါပဲ။ တရုတ်ကလည်း ကျွန်တော်တို့ဘက် ရပ်လိုက်လို့ ရုရှားကလည်း မကန့်ကွက်တာပေါ့နော်"
▪︎NUGသမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောနဲ့မေးမြန်းခန်း
ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်အတွက် Credentials Committee က လက်ရှိ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်မှာ အာဏာသိမ်းစစ်ကောင်စီအတွက် ကုလသမဂ္ဂမျက်နှာစာတွင် ကိုယ်စားပြုခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ချိုးဖောက်ကျူးလွန်မှုများကို ကမ္ဘာ့နိုင်ငံများသိရှိအောင် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂစင်မြင့်မှ ဆက်လက်ပြောကြားခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် ယခင်အတိုင်း ပြည်သူများ၏ ဆန္ဒ၊ ပြည်သူများ၏ အသံကို နိုင်ငံတကာက ကြားအောင်၊ သိရှိအောင် ကုလသမဂ္ဂမှတဆင့် ဆက်လက်ပြောကြားသွားမည်ဟုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားထားသည်။ သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်ကိုယ်စားပြုခွင့်ရရှိခြင်းနှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကို People’s Spring - လူထုနွေဦးက ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
လီလီယန်/People's Spring
မေး - ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ဆက်လက်ကိုယ်စားပြုခွင့်ရတယ်လို့ Credentials Committee ရဲ့ဆုံးဖြတ်ချက်မှာ တွေ့ရတယ်။ သံအမတ်ကြီးကလည်း People’s Spring ကို အတည်ပြုပါတယ်။ ဒါနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သဘောထားနဲ့မှတ်ချက် ပေးပါလား။
ဖြေ - ဒါကသတင်းကောင်းးတစ်ခုပါပဲ။ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ ကျွန်တော်တို့ရဲ့ သံအမတ်၊ ပြည်သူလူထုရဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရဖို့ Credentials Committee က အတည်ပြုတယ်ဆိုတာက အင်မတန်မှ ကောင်းတဲ့သတင်းတစ်ခုလို့ ပထမဆုံးပြောချင်ပါတယ်။ Credentials Committee ကနေ ကန့်ကွက်မယ့်သူမရှိ၊ မဲခွဲဆုံးဖြတ်တာတောင်မဟုတ်ဘူး။ အရင်အတိုင်းပဲ မြန်မာနိုင်ငံကို ကိုယ်စားပြုတာ ဆက်လက်ထားရှိမယ်ဆိုတာမျိုး အတည်ပြုခဲ့တာပေါ။ အဲဒီမှာဆိုရင်လည်း အင်အားကြီးနိုင်ငံထဲက အမေရိကန်လိုမျိုး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံလိုမျိုး၊ ရုရှားလိုမျိုး တိုင်းပြည်တွေလည်းပါတယ်။ အဲဒီတိုင်းပြည်တွေ အကုန်လုံးက ဒီအတိုင်းပဲ ဆက်ရှိမယ်လို့ ဆုံးဖြတ်တာက အင်မတန်မှ ကောင်းမွန်တဲ့သတင်း
ကောင်းတစ်ခုပါ။ ရုရှားရော၊ တရုတ်ရောပါတာပေါ့နော်။ ဆုံးဖြတ်ချက်မှာ တရုတ်ရဲ့ထောက်ခံမှုလည်း အဓိက ပါတာပါပဲ။ တရုတ်ကလည်း ကျွန်တော်တို့ဘက် ရပ်လိုက်လို့ ရုရှားကလည်း မကန့်ကွက်တာပေါ့နော်။ ကျွန်တော်တို့ တော်လှန်ရေးအတွက်ဆိုရင်လည်း မြန်မာပြည်သူလူထုရဲ့ အသံကို ကိုယ်စားပြုပြီး ပြောနိုင်မယ့် သံအမတ်က ကုလသမဂ္ဂစင်မြင့်ပေါ်မှာ ဆက်လက်ပြီးတော့ ရှိနေတဲ့အတွက်ကြောင့် မြန်မာပြည်သူလူထုရဲ့အသံကို ပိုမိုပြီး ထိထိရောက်ရောက် ပြောကြားနိုင်မယ့် အနေအထားရှိပါတယ်လို့ သုံးသပ်ပြောကြားချင်ပါတယ်။
မေး - ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုက ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရဖို့ ကြိုးစားခဲ့တယ်လို့သိရတယ်။ ၂၀၂၁ မှာ မအောင်မြင်ခဲ့ဘူး။ ၂၀၂၂ မှာလည်း မအောင်မြင်ခဲ့ဘူး။ အခု ၂၀၂၃ မှာလည်း ဆက်လက်အရေးနိမ့်တယ်၊ကျရှုံးတယ်ဆိုတာ တွေ့ရတယ်ပေါ့နော်။ ဒါက မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရပ်တည်တဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရဲ့ သဘောထားတွေ၊ မူဝါဒတွေကိုထင်ဟပ်ပြီး ပြောကြားနေတဲ့ သံအမတ်ကြီး ကိုယ်စားပြုခွင့်ရတာက စစ်အုပ်စုအတွက် ဘယ်လောက်အထိ ထိုးနှက်ချက်ဖြစ်သွားစေလဲ။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါလဲ။
ဖြေ - စစ်အုပ်စုက နိုင်ငံတကာမှာ ဖယ်ကြဥ်ခံနေရတာ ကြာပြီပေါ့။ ဒါက ဆက်လက်ပြီး ဖယ်ကြဥ်ခံထားရတာ။ သူတို့ သုံးနှစ်ဆက်တိုက်ကြိုးစားတယ်။ သူတို့ကိုယ်စားပြုခွင့်ရဖို့အတွက် သူတို့မအောင်မြင်ဘူး။ ကျွန်တော်တို့ရဲ့ သံအမတ်ကြီးပဲ ကိုယ်စားပြုခွင့်ရတယ်။ စစ်အုပ်စုအတွက်က ရှက်စရာကောင်းတဲ့အရှုံးတစ်ခုဖြစ်လာတာပေါ့။ စစ်အုပ်စုအတွက်ကတော့ မြန်မာနိုင်ငံမှာလည်း နေရာမရှိတော့ဘူး။ နိုင်ငံတကာမှာလည်း နေရာမရှိတော့ဘူး။ အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်မရဘူး။ အားလုံးလည်း မြန်မာပြည်သူတွေ သိတယ်။ သူတို့ဟာ တရားမဝင်အာဏာသိမ်းဖို့ ကြိုးစားတဲ့ အုပ်စုတစ်ခု၊လက်နက်ကိုင်အုပ်စုတစ်ခုသာဖြစ်တယ်။ အဲဒါကို နိုင်ငံတကာကလည်း၊ ကမ္ဘာ့ကုလသမဂ္ဂလို နိုင်ငံတကာစင်မြင့်မှာ အမြင့်မားဆုံး ကုလသဂ္ဂအဖွဲ့ကြီးကလည်း မြန်မာနိုင်ငံကိုယ်စားပြုခွင့်မပေးဘူးဆိုတာ သူတို့အတွက် အင်မတန်မှ အရှက်ရစရာ၊ ထိခိုက်စရာဖြစ်ပါတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ အခွင့်ရတိုင်း ကုလသမဂ္ဂကိုယ်

👍32👏4😁1🤮1