People's Spring
62.5K subscribers
67K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
︎Photo News

လွတ်လပ်​နေပြီဖြစ်တဲ့ ခရိုင်မြို့​ကောလင်း

-People's Spring

စစ်​ကောင်စီလက်​အောက်က လွတ်​မြောက်လာတာတစ်လခွဲ​ကျော်ရှိလာပြီဖြစ်တဲ့ ​ကောလင်းမြို့ ရဲ့ မြင်ကွင်း​တွေဖြစ်ပါတယ်။ အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့မဟာမိတ် ပူးပေါင်း တပ်ဖွဲ့
​တွေကကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်မှာအောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့တာဖြစ်ပါတယ်။စစ်​ကောင်စီလက်​အောက်ကလွတ်​မြောက်လာတဲ့ ​ကောလင်းမြို့ ရဲ့ မြို့မ ​ဈေးနဲ့ မြို့ထဲက မြင်ကွင်း​နေကို ဒီဇင်ဘာတတိယပါတ်မှာ မှတ်တမ်းတင်ထားတဲ့ပုံ​တွေဖြစ်ပါတယ်။ အခုဆိုရင် ​ဈေး​ရောင်းသူဝယ်သူ​တွေ နဲ့ စည်ကား​နေပြီဖြစ်သလို လျှပ်စစ်မီးနဲ့​ရေကလည်းအဆင်​ပြေတယ်လို့​ဒေသခံ​တွေဆီကသိရပါတယ်။​ဒေသခံ​ပြည်သူတွေရဲ့မျက်နှာမှာ လွတ်လပ်​ပျော်ရွှင်မှု​တွေမြင်​​တွေ့​နေပြီး​တော့ ​ဒေသခံတွေ​ပုံမှန်လုပ်ငန်းခွင်ဝင်​နေတာကို လျှပ်တပျက် မှတ်တမ်းတင်ထားတဲ့ဓါတ်ပုံ​တွေကို ​ဖော်ပြ​ပေးလိုက်ပါတယ်။

ဓါတ်ပုံ- အယ်လ်အမ်
31👍22🥰4🤣1
41👍21🥰4🤣2
︎မြို့​ပေါ်တိုက်ပွဲ​တွေဖြစ်လာရင် ​ အ​ရေး​ပေါ်အိတ်အတွက်
ထည့်ထားသင့်တဲ့ ပစ္စည်း​တွေ

၁- ​သောက်​ရေသန့် ၊သယ်ရလွယ်​သော​ရေစစ် ၊ မုန့်​ခြောက်၊​ခေါက်ဆွဲ​ခြောက်

၂ ။ အ​ရေး​ပေါ်​ဆေးဝါးများ ၊ မိသားစုထဲကျန်းမာ​ရေးမ​ကောင်းသူရှိပါက ​သောက်​နေကြ ​ဆေးများ (​ဆေး​သောက်ရန် အညွှန်းစာရွက် ) ၊လက်သန့်​ဆေး၊နှာ​ခေါင်းစည်း

၃ ။ နားတွင် ပိတ်ဆို့စရာ Earplug(တိုက်ပွဲအတွင်း​​​ရောက်ပါက နားစည်ကာကွယ်​ပေးရန်) ၊ဂွမ်းစ (သို့မဟုတ်) ပတ်တီးလိပ်

၄။ဖုန်း ၊အားသွင်းကြိုး ၊ Power Bank ၊ဖုန်း​ငွေဖြည့်ကတ် ၊ မိသားစု၊ မိတ်​ဆွေရင်းများ ၊ဆက်သွယ်ရန်လိုအပ်လာနိုင်​တဲ့ပုဂ္ဂိုလ် ၊ အဖွဲ့အစည်းများရဲ့ဖုန်းနံမှတ် (ဖုန်းနံမှတ် မှတ်ထား၍အန္တရာယ်ရှိနိုင်တဲ့ ပုဂ္ဂိုလ် ၊အဖွဲ့အစည်းအမည်​တွေ မမှတ်ထားပါနဲ့)

၅။ ခြင်နဲ့ ပိုးမွှားအန္တရာယ်ကာကွယ်နိုင်တဲ့လူး​ဆေး ၊ဖြန်း​ဆေး

၆ ။​ ဓါတ်မီး ၊ ထီး ၊မိုးကာ

၇ ။အမျိုးသမီးဖြစ်ပါက လစဥ်သုံးပစ္စည်း

၈ ။ ရေပြတ်မီးပြတ် ပါက အ​လေး ၊အ​ပေါ့စွန့်ပစ်နိုင်ရန် ပလက်စတစ်အိတ်အမဲ ၊တစ်သျူး အစို ၊အ​ခြောက်၊ ဆပ်ပြာရည်

၉ ။အတွင်းခံအပါအဝင် ​ပေါ့ပါးလွတ်လပ်​တဲ့ အဝတ်အစား ၊ ရာသီဥတုနဲ့ ​ဒေသအ​ပေါ်မူတည်ပြီး​တော့
အ​နွေထည်များ ယူသင့်

၁၀ ။မှတ်ပုံတင် ၊အိမ်​ထောင်စုစာရင်း ၊ ယာဥ်​မောင်းလိုင်စင် ၊စာချုပ်နဲ့ အ​ရေးကြီးစာရွက်စာတမ်းများ (စာချုပ်စာတမ်းများကို ​ရေမစို​စေရန် စီမံထားရန်)

၁၁။​ငွေ​ကြေး ၊ဘဏ်စာချုပ် ၊သယ်ရလွယ်တဲ့ တန်ဖိုးကြီးပစ္စည်း​တွေ (​သေချာစွာထုတ်ပိုးရန်)

၁၂ ။​ရေဒီယို ၊ ဝီစီ (မိသားစုနဲ့မိတ်​ဆွေနဲ့အဆက်အသွယ်ပြတ်သွားရင်ဆက်သွယ်ရန်၊အလွယ်တကူလူစုရန်)

၁၃ ။ ဓါး ၊ကတ်​ကြေး ၊ မီးခြစ် ၊ဖ​ရောင်းတိုင်

၁၄။​ မိသားစုဝင်များသွေးအမျိုးအစားကို အလွယ်တကူရှာရ​အောင်ရေးမှတ်ထားရန် (အ​ရေး​ပေါ်​သွေးသွင်းရန်လိုလာပါကသိ​စေရန်)

၁၅ ။ အ​ရေး​ပေါ်တိမ်း​ရှောင်ရမယ့်​နေရာ​တွေကိုလေ့လာထားပြီး လိုအပ်ရင် ​မြေပုံဆွဲမှတ်ထားရန် ၊ ​ မိသားစုကွဲသွားရင် ပြန်ဆုံရန်​နေရာ​သတ်မှတ်ထားရန်

(မှတ်ချက်-အ​ထက်ပါစာရင်းမှာမပါ​​ပေမယ့် တစ်ဦးချင်း
၊တစ်မိသားစုချင်းလိုအပ်ချက် အရ အ​ရေး​ကြီးတာ၊သယ်ရလွယ်တာ​တွေ အိတ်ထဲထည့်ထားသင့်ပါတယ်)

ကိုးကား-ICRC ၊ QUORA ၊NUG
43👍31🤣1
41👍22🤣1
မန်တုံ ခလရ(၁၃၀)တပ်စခန်းအတွင်းTNLA ဝင်ရောက်နိုင်ပြီဟု အတည်ပြု

▪️ခလရ(၁၃၀)ကို ရှင်းလင်းသိမ်းပိုက်နိုင်ပါက မန်တုံမြို့ကို TNLA အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်မည်ဖြစ်

သက်ဝေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ရှိ စစ်ကောင်စီတပ် ခလရ(၁၃၀)ကို သိမ်းပိုက်ရရှိရေး တအာင်းတပ်မတော်(TNLA)က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ညပိုင်းတွင် စခန်းအတွင်း ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း TNLA ခေါင်းဆောင် တစ်ဦးက အတည်ပြုသည်။

မန်တုံမြို့သိမ်းပိုက်နိုင်ရေး TNLAက ထိုးစစ်ဆင်လျက်ရှိရာ ခလရ (၁၃၀) စခန်းတစ်ခုသာ ကျန်နေခြင်းဖြစ်သည်။ ယင်းစခန်း မကျဆုံးရေး စစ်ကောင်စီက လေကြောင်း ၊ လက်နက်ကြီး ပစ်ကူအများအပြားသုံးခုခံနေသည့်ကြားမှ ယမန်နေ့ညတွင် TNLAက သိမ်းပိုက်နိုင်ကြောင်း သတင်းများအပေါ် TNLA ခေါင်းဆောင်က ယခုကဲ့သို့ အသိပေးခြင်းဖြစ်သည်။

"တပ်စခန်းထဲတော့ ဝင်ပါပြီ။ အားလုံးမရှင်းရသေးဘူး”ဟု TNLA ခေါင်းဆောင်တစ်ဦးက ပြောသည်။

TNLAက ယမန်နေ့ညပိုင်းတွင် မန်တုံတိုက်ပွဲ သတင်းကို ဖော်ပြထားရာ စစ်ကောင်စီက ဒီဇင်ဘာ ၂၂ရက်တွင် မန်တုံမြို့ အနီးတဝိုက်သို့ တိုက်လေယာဉ်ဖြင့် ၁၃ကြိမ်၊ Y12 လေယာဉ်ဖြင့် ၄၈ကြိမ် ဗုံး ၂၅၈ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ထို့ပြင် မန်တုံမြို့နယ် စစ်ကောင်စီ ခလရ(၁၃၀) တပ်စခန်းမှ မန်ဖန်ကျေးရွာ၊ စစ်ရှောင်စခန်း၊ ရောကျိန်းကျေးရွာ၊ နမ္မတူလမ်းခွဲသို့ လက်နက်ကြီးဖြင့် (၃၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ယမန်နေ့တွင် မန်တုံတပ်စခန်းသို့ လက်နက်ခဲယမ်းများ ရဟတ်ယာဉ်ဖြင့် တစ်ကြိမ် လေထီးအသုံးပြု ချပေးခဲ့သည်ဟု ဆိုသည်။

“ဒီနေ့မှစ၍ မန်တုံမြို့နာမည်သည်မူလနာမည်ဖြစ်သော ရူကော(Rukaw)နာမည်ဖြင့်စတင်သုံးသွားရန် မေတ္တာရပ်ခံအပ်သည်”ဟု TNLA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်တားဂျုတ်ဂျားက ယနေ့ နံနက်တွင် လူမှုကွန်ရက်၌ ရေးသားခဲ့သည်။

၂၀၀၅ ခုနှစ် ဧပြီ ၂၉ရက် မှသည် ၂၀၂၃ ရက်အထိ ၁၈နှစ်ကြာခဲ့သည့် ရူကောမြေအတွက် ကြေကွဲခဲ့သမျှ ဆွေးမြေ့ခဲ့သမျှ အသစ်တဖန် ပြန်လည်မွေးဖွားလာပြီဟုလည်း ဒုဥက္ကဋ္ဌက ရေးသားထားသည်။

ယမန်နေ့ မန်တုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သော နေရာများမှာ မန်တုံရဲစခန်း၊ ပြည်သူစစ်စခန်း၊ လောက်ကျယ်အနီးတဝိုက်၊ နွားသတ်ကုန်း၊ ဒုက္ခသည်စခန်းအနီးတဝိုက် နှင့် ပန်နင်ကျေးရွာလမ်းခွဲ နေရာများဖြစ်ကြောင်း၊ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များစွာ လေယာဉ်ဗုံးစ ထိမှန် ပျက်စီးခဲ့ရကြောင်း အသိပေးသည်။

TNLA အနေဖြင့် ရှမ်းမြောက်ရှိ နမ့်ဆန်နှင့် နမ့်ခမ်းမြို့များကို ဒီဇင်ဘာ တတိယပတ်အတွင်း အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ယခု ခလရ(၁၃၀) တပ်စခန်းကို ရှင်းလင်းပြီးပါက မန်တုံမြို့ကိုလည်း အလုံးစုံ သိမ်းပိုက်နိုင်မည့် အခြေအနေဖြစ်သည်။

TNLA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်တားဂျုတ်ဂျားက လည်း
“ဒီနေ့မှစ၍ မန်တုံမြို့နာမည်သည်မူလနာမည်ဖြစ်သော ရူကော(Rukaw)နာမည်ဖြင့်စတင်သုံးသွားရန် မေတ္တာရပ်ခံအပ်သည်” ဟု ယနေ့မနက်တွင် လူမှုကွန်ရက်၌ ရေးသားထားသည်။

၂၀၀၅ ခုနှစ် ဧပြီ ၂၉ရက် မှသည် ၂၀၂၃ ရက်နေ့အထိ ၁၈နှစ်ကြာခဲ့သည့် "ရူကောမြေ" အတွက် ကြေကွဲခဲ့သမျှ ဆွေးမြေ့ခဲ့သမျှ အသစ်တဖန် ပြန်လည်မွေးဖွားလာပြီဟုလည်း ဒုဥက္ကဋ္ဌက ရေးသားထားသည်။
42👍34👏5🤣1
36👍22🤣1